သတင်းများ

Aston Martin နဲ့ Apple တို့ပေါင်းပြီးထုတ်လိုက်တဲ့ မျိုးဆက်သစ် ဖျော်ဖြေအသိပေးစနစ်

Aston Martin  ဆိုတာ  တကယ့်ကို ဇိမ်ခံကားတွေထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီ တစ်ခုပါ။ အလားတူပဲ Apple ဆို တာကလည်း နည်းပညာပိုင်းမှာ နာမည် ကျော်ကြားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခု သူတို့နှစ်ဦးပေါင်းပြီး ထုတ်လုပ်လိုက်တဲ့အရာကတော့ CarPlay Ultra ပါပဲ။ အဲဒါကဘာလဲဆိုရင် မျိုးဆက်သစ်ဖျော်ဖြေ အသိပေးစနစ်ပဲဖြစ်ပါတယ်။

ဒီစနစ်က Apple ကအရင်ကြေညာထားတဲ့အတိုင်းပဲ တပ်ဆင်မယ့်ယာဉ်ရဲ့ စနစ်တွေနဲ့ အတွင်းကျကျကို ချိတ်ဆက်ထားပါတယ်။သူ့မှာ စနစ်ရဲ့မျက်နှာပြင် ကိုကိုယ့်စိတ်ကြိုက်ထားနိုင်ရုံသာမကဘဲ ဖျော်ဖြေရေး ဖန်သားပြင်ကိုလည်း စိတ် ကြိုက်ပြုပြင်နိုင်မှာပါ။

သူ့မှာ ကားရဲ့အသံပိုင်းစနစ်၊ အပူအအေးစနစ်တို့ကို အပြည့်အဝချိန်ညှိနိုင်တဲ့ အပြင် ကားရဲ့လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့ တခြားလုပ်ဆောင်ချက်တွေကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။

လက်ရှိမှာတော့ ကီယာ၊ ဟွန်ဒေး၊ ပေါ်ရှေးနဲ့ ဂျန်နီဆစ်တို့က ဒီစနစ်ကို တပ်ဆင်လိုတယ်လို့ Apple က ဆိုပါတယ်။ လတ်တလောဆိုရင် Aston Martin ကား တချို့မှာပဲရဦးမှာပါ။

နည်းပညာသတင်း

Source: https://myawady.net.mm/

အာကာသမှာ အသုံးပြုနိုင်ဖို့ထွက်ပေါ်လာမယ့် အကြမ်းခံ နျူကလီးယားဘက်ထရီ

Zeno Power ဆိုတာ အကြမ်းခံနိုင်တဲ့ နျူကလီးယား ဘက်ထရီများကို ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် သူတို့ကုမ္ပဏီက ပိုမိုအဆင့်မြင့်မားတဲ့ နျူကလီးယားဘက်ထရီများကိုထုတ်လုပ်နိုင်ဖို့အတွက် နောက်ထပ်အမေရိကန် ဒေါ်လာသန်း ၅၀ ကို ထပ်မံရင်းနှီးမြှုပ်နှံလိုက်ပါပြီ။ အခုလိုရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်လိုက်တဲ့ အတွက် သူတို့က နျူကလီးယား ဘက်ထရီထုတ်လုပ်မှုကို အရှိန်မြှင့်တင်နိုင်မယ်ဆိုပြီး ယုံကြည်ထားပါတယ်။ ဒါ့အပြင် သူတို့ရဲ့ဘက်ထရီတွေကို ၂၀၂၇ ခုနှစ်မှာ ထုတ်လုပ်နိုင်မယ်လို့ပြောထားပါတယ်။

Zen Power ရဲ့နျူကလီးယားဘက်ထရီဆိုတာ ရေဒီယိုအိုင်ဆိုတုပ်ဓာတ်အားပေးစနစ်တစ်မျိုးပါပဲ။ သူကအိုင်းယွန်းဓာတ်ပြုပြီးထွက်လာတဲ့အပူကို အပူလျှပ်စစ်ဂျင်နရေတာတွေအသုံးပြုပြီး အသုံးပြုနိုင်တဲ့ လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်ပေးတာမျိုးဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဒီစနစ်က Strontium-90 ဒါမှမဟုတ် Plutonium-238 ကိုအသုံးပြုပါတယ်။

ဒီနည်းပညာက အခုမှပေါ်လာတာမျိုး မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက NASA ရဲ့ အာကာသအတွင်းစွမ်းအင်ပေးပင်မစနစ်ဖြစ်ပါတယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ Voya-ger အာကာသယဉ်တွေမှာ အခု စနစ်ကိုတပ်ဆင်အသုံးပြုခဲ့တာပါ။

ဒါကြောင့် ဒီအာကာသယာဉ်တွေက  လူတွေ ဖန်တီးဖူးတဲ့စက်တွေထဲမှာ အဝေးဆုံးကိုရောက်ရှိဖူးတဲ့စက်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ဒီလိုမျိုး ဘက်ထရီစနစ်တွေမှာ ဘယ်လိုမျိုးကွင်း ဆက်တုံ့ပြန်မှုမှ မရှိတဲ့အပြင် လှုပ်ရှားရတဲ့ အစိတ်အပိုင်းတွေလည်း မပါတဲ့အတွက် တော်ရုံမပျက်စီးပါဘူး။

မက္ကဆီကို TikTok Cele မိန်းမချောလေး ပစ်သတ်ခံရ

မက္ကဆီကိုမှ TikTok နာမည်ကြီးဖြစ်သူ မိန်းမချောလေး Valeria Marquez (အသက် ၂၃ နှစ်) သည် မက္ကဆီကိုနိုင်ငံ ၊ Zapopan မြို့ရှိ သူမ၏ အလှပြင်ဆိုင်တွင် TikTok တိုက်ရိုက်လွှင့်နေစဉ် လူတစ်ယောက်က ပါဆယ်ပို့ရန် သူမ၏ ဆိုင်တံခါးဝသို့ ရောက်ရှိလာခဲ့ပါသည်။ သူမက လာရောက်ပေးပို့သည့် အထုတ်ငယ်ကို လက်ခံရရှိပြီးနောက် အထုပ်ဖြန့်ရင်း “ဒီမှာ ချစ်စရာ ဝက်ပေါက်စလေးပါ!” ဟု ပျော်ရွှင်စွာ ပြောဆိုကာ ပလပ်စတစ်ဝက်ရုပ်ကို ဖွင့်ပြလိုက်ပြီး သူမ၏ ရွှေရောင်ဆံပင်ကို ခါယမ်း၍ ပြုံးပြနေချိန်မှာပင် တစ်စုံတစ်ယောက်က သူမကို ရုတ်တရက် ပစ်ခတ်လိုက်ရာ စားပွဲပေါ် သွေးများယိုစီးလျက် သေဆုံးသွားခဲ့ပါသည်။

သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဆက်လက်ရှိနေပြီး တစ်စုံတစ်ယောက် က ဖုန်းကိုကောက်ယူလိုက်သည့်အထိ မြင်တွေ့လိုက်ရပါသည်။ ပစ်ခတ်သူ အမျိုးသားမှာ ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး Jalisco ပြည်နယ် ရှေ့နေချုပ်ရုံးက အဆိုပါအမှုဖြစ်စဉ်ကို အမျိုးသမီးများကို တမင်ပစ်မှတ်ထားသတ်ဖြတ်မှု (femicide) အဖြစ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

Instagram follower ၁၀၀,၀၀၀ ကျော်ရှိသည့် မိန်းမချောလေး Marquez ၏ သေဆုံးမှုမှာ လူသတ်မှုနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မြင့်မားနေသော မက္ကဆီကိုနိုင်ငံရှိ လူမှုအလွှာစုံကို လှုပ်ခတ်စေခဲ့ပါသည်။ မက္ကဆီကိုတွင် နေ့စဉ် အမျိုးသမီး ၁၀ ဦးခန့် အကြမ်းဖက် သတ်ဖြတ်ခံနေရပြီး၊ Marquez ၏ အမှုသည် လူမှုမီဒီယာအသုံးပြုသူများအကြား အထူးစိုးရိမ်မှုဖြစ်စေခဲ့ပါသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

မာလိန်မှူးမပါတဲ့ ကမ္ဘာ့ပထမဆုံးအဝေးထိန်းသင်္ဘောစနစ်ကို ပထမဆုံးစမ်းသပ်လာတဲ့ ဒိန်းမတ်

ဒိန်းမတ်နိုင်ငံကလည်း ကမ္ဘာ့ပထမဆုံးဖြစ်တဲ့ အဝေးထိန်းသင်္ဘောစနစ်ကို ပထမဆုံးစမ်းသပ်မှုတွေ လုပ်ဆောင်လာပါပြီ။ အဲဒီစနစ်က မာလိန်မှူးတွေအနေနဲ့ သင်္ဘောပေါ်ကိုယ်တိုင် လိုက်ပါစရာမလိုဘဲ ကမ်းပေါ်မှနေ၍ အချိန်နဲ့တစ်ပြေးညီရရှိတဲ့အချက်အလက်များကိုအသုံးပြုပြီးသင်္ဘောကို မောင်းနှင်နိုင်စေမယ့်စနစ်တစ်မျိုးဖြစ်ပါတယ်။

ဒီအစီအစဉ်ကို DanPilot ဆိုတဲ့ကုမ္ပဏီနဲ့ ရေကြောင်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Danelec တို့က ပူးတွဲအကောင်အထည်ဖော်တာဖြစ်ပါတယ်။ အခုဆိုရင် သူတို့အနေနဲ့ ဒိန်းမတ်အရေးပေါ်စီမံခန့် ခွဲရေးအေဂျင်စီကနေ သူတို့ရဲ့စနစ်ကိုလက်တွေ့စမ်းသပ်ဖို့အတွက် ခွင့်ပြုမိန့်ရရှိထားပါတယ်။ ဒါ့အပြင် ဒီအစီအစဉ်က ကမ္ဘာ့ရေကြောင်းသွားလာမှုလုပ်ငန်းကြီးတစ်ခုလုံးအတွက် အလှည့်အပြောင်းတစ်ခုဖြစ် လာနိုင်ပါတယ်။

ဒီစနစ်ကိုအသုံးပြုတဲ့အခါ မာလိန်မှူးက ကမ်းပေါ်မှာရှိတဲ့ ထိန်းချုပ်ရေးစင်တာမှာထိုင်ပြီး သင်္ဘောဆီကနေ အချိန်နဲ့တစ်ပြေးညီရရှိတဲ့ အချက်အလက်များအပေါ်အခြေခံကာ သင်္ဘောကိုအဝေးထိန်းစနစ်နဲ့ထိန်းချုပ်မောင်းနှင်စေမှာဖြစ်ပါတယ်။ ဒီလိုမျိုးမောင်းနှင်ရတဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်ရှိမှုတွေကိုလျှော့ချနိုင်မယ်။ စွမ်းဆောင်ရည်ကိုတိုးတက်စေမယ်။ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့ကျစေမယ်။ အထူးသဖြင့် သင်္ဘောလမ်းကြောင်း ကျပ်တဲ့နေရာတွေနဲ့ သင်္ဘောပေါ်တက်ဖို့ခက်ခဲတဲ့ အခြေအနေမျိုးတွေမှာ ဒီစနစ်ကတော်တော်လေးကို အသုံးဝင်စေမှာပါ။

အခုစမ်းသပ်မယ့်အစီအစဉ်က ၁၈ လကြာမြင့် မှာဖြစ်ပါတယ်။ ဒီအတောအတွင်း ဒိန်းမတ်ရေပြင် ထဲမှာပဲ အဲဒီစနစ်နဲ့သင်္ဘောကိုစမ်းသပ်မောင်းနှင်မှု ပေါင်း ၅၀ အထိလုပ်ဆောင်သွားမှာပါ။ ဒါပေမဲ့ရေစူး ၁၃ မီတာရှိတဲ့ သင်္ဘောတွေနဲ့ပဲ အဓိကထားစမ်း သပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။       

Ref: IE K.H

ပေကျင်း၊ နည်းပညာ 

တရုတ်နိုင်ငံသည် အာကာသအတွင်း ကမ္ဘာ့ပထမဆုံးသော ထိပ်တန်းကွန်ပျူတာစနစ်ကိုတည်ဆောက်ရန် ဂြိုဟ်တုများကိုလွှတ်တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယခုလွှတ်တင်သော ဂြိုဟ်တုများသည် ထိပ်တန်းကွန်ပျူတာစနစ်အတွက် ပထမအသုတ်ဖြစ်သည်။ အသိဉာဏ်မြင့်မားသောတွက်ချက်မှု စနစ်များနှင့် ဂြိုဟ်တုအချင်းချင်းဆက်သွယ်ရေးကွန်ရက်များပါဝင်သည့် ဂြိုဟ် တု ၁၂ လုံးကို Long March 2D ဒုံးပျံဖြင့် တင်ဆောင်၍ မေလ ၁၄ ရက်မွန်းလွဲပိုင်း တွင်လွှတ်တင်လိုက်ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာတစ်စောင်က ဖော်ပြ ထားသည်။ အဆိုပါထိပ်တန်းကွန်ပျူတာစနစ်ကို အပိုင်းသုံးပိုင်းဖြင့်တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းသို့တည်ဆောက်မှုပြီးစီးပါက ထိုစနစ်သည် မြေပြင်ရှိထိပ်တန်းကွန်ပျူ တာများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည် ဖြစ်ကာ လိုချင်သည့်အချက်အလက်များ ကို အချိန်နှင့်တစ်ပြေးညီထုတ်ပေးနိုင် မည်ဖြစ်ကြောင်းနှင့် ၎င်း၏လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းသည် တစ်စက္ကန့်လျှင် လုပ်ငန်းလုပ်ဆောင်နိုင်မှုပေါင်း ၁ ကွင်တီ လီယံအထိရှိကြောင်း သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။ အာကာသအတွင်း အချက်အလက် ဆိုင်ရာဗဟိုဌာနများကို တည်ဆောက်ရာတွင် လည်ပတ်ရန်လိုအပ်သောစွမ်းအင် ကို နေရောင်ခြည်မှရယူကာ အပူကိုလည်း အာကာသအတွင်းသို့စွန့်ထုတ်နိုင်သဖြင့် စွမ်းအင်လိုအပ်ချက်နှင့် ကာဗွန်ဓာတ်ငွေ့ ထွက်ရှိမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

Ref: SCMP

အိန္ဒိယပိုင် ဧရိယာ စတုရန်း ကီလိုမီတာ ၂၀၀,၀၀၀ ကို ရေနံနှင့် သဘာဝ ဓာတ်ငွေ့တူးဖော်ရန် ရုရှားအား ကမ်းလှမ်း

အိန္ဒိယနိုင်ငံသည် စတုရန်းကီလိုမီတာ ၂၀၀,၀၀၀ ကျယ်ဝန်းသော မြေနေရာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရန်အတွက် ရုရှားနိုင်ငံအား ကမ်းလှမ်းထားကြောင်း အိန္ဒိယနိုင်ငံ ရေနံနှင့်သဘာဝဓာတ်ငွေ့ဝန်ကြီး Hardeep Singh Puri က ပြောကြားလိုက်ပါသည်။

မိမိတို့အနေဖြင့် အနည်အနှစ်များစုပုံရာ မြေအနိမ့်ပိုင်း စတုရန်းကီလို မီတာ ၂၀၀,၀၀၀ ကို တူးဖော်ခွင့်ပြုမည်ဖြစ်ပါကြောင်း၊ ထိုနေရာများမှာ ရုရှားအတွက် အပြည့်အဝရှိနေပါကြောင်း၊ ကုမ္ပဏီအားလုံးအတွက် လမ်းဖွင့်ထားပါကြောင်း၊ မိမိတို့ဘက်က ချိတ်ဆက်ပေးရန်သာ လိုအပ် ပါကြောင်း ဝန်ကြီးက ရှင်းပြထားပါသည်။

နိုင်ငံနှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက် ဆွေးနွေးမှုများ၏ အရေးပါမှုကိုလည်း ၎င်းက အလေးထားပြောကြားခဲ့သည်။ ကုမ္ပဏီများအကြား ပိုမိုပူးပေါင်းဆောင်ရွက်မှုများ၊ ဆွေးနွေးမှုများဖြစ်ပေါ်စေရန် မိမိတို့ အမြဲတိုက်တွန်းပါသည်။ ဆွေးနွေးမှုများမှတစ်ဆင့် ကိုယ်စားလှယ်အဖွဲ့များ လာရောက်ပြီး စိတ်ဝင်စားမှုအသစ်များဖြစ်ပေါ်ကာ လူများ ပါဝင်လာကြမည်ဖြစ်ပါသည် ဟု Puri က ဆက်လက် ပြောကြားထားပါသည်။

ကိုးကား- TASS

Photo: AnewZ

ဟိုက်ဒရိုဂျင်-လျှပ်စစ်စွမ်းအင်သုံး ကုန်တင်လေယာဉ်များအသုံးပြုလာမယ့် ဗြိတိန်နိုင်ငံ

ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လေယာဉ်များကို ထုတ်လုပ်နေတဲ့ ZeroAvia ကုမ္ပဏီက ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိတဲ့လေယာဉ်တွေကိုစီးပွားဖြစ်အသုံးပြုနိုင်ဖို့အတွက်ခြေတစ်လှမ်းနီးစပ်လာပြီလို့ဆိုနိုင်ပါတယ်။ အကြောင်းရင်းကတော့ လေကြောင်းမှကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ ကမ္ဘာ့ပထမဆုံးသော ဟိုက် ဒရိုဂျင်- လျှပ်စစ်စွမ်းအင်သုံး ကုန်တင်လေယာဉ်များကိုအသုံးပြုလာနိုင်တော့မှာဖြစ်တဲ့ အတွက်ပါပဲ။

အဲဒီလေယာဉ်ကို ပထမဆုံးအသုံးပြုမယ့်နိုင်ငံ ကဗြိတိန်နိုင်ငံပါ။ ZeroAvia ကုမ္ပဏီနဲ့ လေကြောင်း ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ RVL Aviation တို့ ပူးပေါင်းပြီး ဒီလေယာဉ်ကိုပွဲဦးထွက်ထုတ်ဖော်ပြသသွားမှာဖြစ်ပါတယ်။ လေယာဉ်တည်ဆောက်မှုကိုတော့ ပုံစံအသစ်ပေါ်မှာတည်ဆောက်ထားတာမျိုး မဟုတ်ဘဲ သမားရိုးကျ Cessna Grand Caravans လေယာဉ်ကို ZeroAvia ရဲ့ ZA600 အမျိုးအစား ဟိုက်ဒရိုဂျင်-လျှပ်စစ်စွမ်းအင်သုံးအင်ဂျင်ထည့်ပေးထားတာဖြစ်ပါတယ်။

ဒီလေယာဉ်မှာအသုံးပြုမယ့်နည်းပညာကိုဖန်တီးလာတာက နှစ်ပေါင်းများစွာကြာနေပါပြီ။ Zero-Avia က ဒီနည်းပညာကို Dornier 228 လေယာဉ်မှာ အမျိုးမျိုးစမ်းသပ်မှုတွေလုပ်ဆောင်ခဲ့ပြီးပါပြီ။ သူတို့အနေနဲ့ ဒီနည်းပညာကိုတီထွင်ရခြင်းရဲ့အဓိကပန်းတိုင်ကိုက လေယာဉ်အသစ်များကိုတည်ဆောက်မယ့်အစား ရှိပြီးသားလေယာဉ်အဟောင်းတွေကိုပဲ ဒီနည်းပညာတွေတပ်ဆင်ပေးနိုင်ဖို့ကို အဓိကထားတာဖြစ်ပါတယ်။ အခုလိုမျိုးလုပ်ဆောင်ရတဲ့နည်းလမ်းက အချိန်တိုအတွင်းတပ်ဆင်နိုင်တယ်။ ကုန်ကျစရိတ်လည်းသက်သာနိုင်တယ်။ ပြီးတော့ လေယာဉ်မောင်းသူများအတွက်လည်း ပိုပြီးလိုက်လျောညီထွေရှိစေပါတယ်။

လက်ရှိအချိန်မှာတော့ ဟိုက်ဒရိုဂျင်-လျှပ်စစ်စွမ်း အင်သုံးကုန်တင်လေယာဉ်ပျံသန်းမယ့်အစီအစဉ်က အထမမြောက်သေးပါဘူး။ ZA600 အမျိုးအစားအင်ဂျင်ကို တာဝန်ရှိသူများကအတည်ပြုပေးရဦးမှာဖြစ်ပါတယ်။                              

Ref: IEK.H

ဩစတြေးလျမြောက်ပိုင်းတွင် အပူပိုင်းဒေသရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၃၁ ဦးအထိ မြင့်တက်လာ

ဩစတေးလျမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုတို့နှင့်ဆက်စပ်သော အပူပိုင်းဒေသရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၃၁ ဦးအထိ ရှိလာခဲ့သည်။

၂၀၂၅ ခုနှစ်တွင် ဘက်တီးရီးယားကြောင့်ဖြစ်ပွားသောကူးစက်ရောဂါ melioidosis ကြောင့် ၃၁ ဦး သေဆုံးခဲ့သည်ဟု ကွင်းစလန်ပြည်နယ်ကျန်းမာရေးဌာန၏နောက်ဆုံးထုတ်ပြန်ချက်အရ ဩစတြေးလျရုပ်သံလွှင့်အေဘီစီက ထုတ်လွှင့် ဖော်ပြခဲ့သည်။

လွန်ခဲ့သောသီတင်းပတ်က ကွင်းစလန်ပြည်နယ်မြောက်ပိုင်း အပူပိုင်းဒေသရှိ တောင်းစ်ဗီလီ ကမ်းရိုးတန်းမြို့မှ လူတစ်ဦးသည် melioidosis ဖြင့်သေဆုံးခဲ့သည်ဟု သိရသည်။

၂၀၂၅ ခုနှစ်အတွင်း ထိုရောဂါဖြစ်ပွားမှုစုစုပေါင်း ၂၂၁ ဦးရှိလာရာ ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက  ၁၆၃ ဦး ပိုမိုများလာကြောင်း ဖော်ပြထားသည်။

Melioidosis သည် ဩစတေးလျမြောက်ပိုင်းနှင့် အရှေ့တောင်အာရှရှိ မြေဆီလွှာနှင့် မြေအောက်ရေများတွင် တွေ့ရသော ဘက်တီးရီးယားများနှင့်ထိတွေ့မှုမှတစ်ဆင့်ကူးစက်ပျံ့နှံ့သော ရှားပါးသည့်အပူပိုင်းဒေသရောဂါတစ်မျိုးဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းပြီးနောက်တွင် ထိုဘက်တီးရီးယားပိုးများသည် လေထဲသို့ရောက်ရှိသွားနိုင်သည်ဟု သိရသည်။

ကွင်းစလန်ပြည်နယ်ကျန်းမာရေးဌာနက ရွှံ့ရေ၊ ရွှံမြေတို့နှင့်ထိတွေ့မိသောအခါ အကာအကွယ်ဖိနပ်၊ လက်အိတ်များနှင့် နှာခေါင်းစည်းများ ဝတ်ဆင်ရန်နှင့် ချောင်းဆိုးခြင်း၊ ဖျားနာခြင်းနှင့် အသက်ရှူခက်ခဲခြင်းလက္ခဏာများအတွက် သတိပြုကြရန် အကြံပြုပြောကြားထားသည်။

Source: Myanmar Digital News

လပေါ်သုတေသနစခန်းအတွက် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် တရုတ်နှင့်ရုရှား လက်မှတ်ထိုး

ပေကျင်း၊ နည်းပညာ

တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့က လပေါ်တွင် နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရန် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရသည်။

လပေါ်တွင်တည်ဆောက်မည့် သုတေသနစခန်းအား လျှပ်စစ်ဓာတ်အားပေးရန် ရည်ရွယ်၍ အဆိုပါ နျူကလီးယားဓာတ် အားပေးစက်ရုံကိုတည်ဆောက်သွားမည် ဖြစ်ပြီး ၂၀၃၆ ခုနှစ်အရောက်တွင်လုပ်ငန်းလည်ပတ်နိုင်ရန်လုပ်ဆောင်သွားမည်ဟု တာဝန်ရှိသူများက မေလ ၁၄ ရက်တွင် ပြောသည်။

တရုတ်အမျိုးသားအာကာသအာဏာပိုင်အဖွဲ့နှင့် ရုရှားအာကာသအေဂျင်စီဖြစ်သည့် Roscosmosတို့က ထိုသဘောတူညီချက်ကို ပြီးခဲ့သည့်သီတင်းပတ်တွင် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့က ၂၀၃၀ ပြည့်နှစ်အလွန်တွင် လ၏တောင်ဝင်ရိုးစွန်း၌ အမြဲတမ်း သုတေသနစခန်းတစ်ခုကိုတည်ဆောက်ကာ လူသားများနေထိုင်နိုင်ရေးအတွက် သုတေသနများ လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 ဝန်ထမ်း ၆,၀၀၀ ခန့် မိုက်ခရိုဆော့ အလုပ်ဖြုတ်မည်

မိုက်ခရိုဆော့ကုမ္ပဏီကြီးက ၎င်း၏ စုစုပေါင်းဝန်ထမ်းအင်အား၏ ၃ ရာခိုင်နှုန်း နီးပါးကို အလုပ်ဖြုတ်မည်ဟု ကြေညာလိုက်သည်။

အလုပ်လက်မဲ့ဖြစ်မည့် ဝန်ထမ်းအင်အားစုစုပေါင်းကို ထုတ်ဖော်မပြောသော်လည်း၊ အလုပ်သမား ၆,၀၀၀ ခန့် ပါဝင်မည်ဖြစ်သည်။ မိုက်ခရိုဆော့တွင် ပြီးခဲ့သည့် ဇွန်လ အထိ အချိန်ပြည့်အလုပ်သမား စုစုပေါင်း ၂၂၈,၀၀၀ ဦး ရှိခဲ့ပြီး၊ ၎င်းတို့၏ ၅၅% မှာ အမေရိကန်ပြည်ထောင်စုတွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည်။

အဆင့်အသီးသီးတွင် အလုပ်ဖြုတ်မည့်ဝန်ထမ်းများရှိမည်ဖြစ်သော်လည်း အထူးသဖြင့် စီမံခန့်ခွဲမှုအဆင့်များကို လျှော့ချရန် အာရုံစိုက်မည်ဟု မိုက်ခရိုဆော့မှ တာဝန်ရှိသူများကပြောကြားခဲ့သည်။ အလုပ်ဖြုတ်သိမ်းမှုအကြောင်း အသိပေးစာများကို အင်္ဂါနေ့က ပေးပို့ခဲ့သည်။

“ပြောင်းလဲနေသော ဈေးကွက်တွင် ကုမ္ပဏီအား အောင်မြင်စွာ ဆက်လက်ရပ်တည်နိုင်ရန်အတွက် လိုအပ်သည့် ပြောင်းလဲမှုများကို ဆက်လက်အကောင်အထည်ဖော်သွားမည်” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုက်ခရိုဆော့သည် AI နည်းပညာနှင့် Azure Cloud-Computing စီမံကိန်းများအတွက် ဒေတာစင်တာများတည်ဆောက်ရန် ငွေကြေးပမာဏများစွာအကုန်အကျခံနေရသည့်အတွက် လတ်တလောနှစ်များအတွင်း ကုန်ကျစရိတ်များကို ထိန်းချုပ်ရန် ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ဝန်ထမ်းများကို အလုပ်ဖြုတ်ပစ်သော်လည်း ယခုဘဏ္ဍာရေးနှစ်တွင် ဆာဗာလုပ်ငန်းများအတွက် ဒေါ်လာ ၈၀ ဘီလီယံခန့် အကုန်အကျခံသုံးစွဲသွားမည်ဟု မိုက်ခရိုဆော့က ပြောကြားထားသည်။

အခြားနည်းပညာကုမ္ပဏီများကလည်း ယခုနှစ်အတွင်း လူအင်အားလျှော့ချမှုများ ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ Meta ကုမ္ပဏီကြီးကလည်း ဇန်နဝါရီလတွင် စွမ်းဆောင်ရည်အပေါ်အခြေခံ၍ ဝန်ထမ်း ၅ ရာခိုင်နှုန်းခန့်ကို ထုတ်ပယ်မည်ဖြစ်ပြီး ထိုနေရာများအတွက် အသစ်ခန့်အပ်မည်ဟု ပြောကြားခဲ့သည်။ Salesforce Inc. ကုမ္ပဏီကလည်း  AI နည်းပညာကို အဓိကထားသည့် နေရာအသစ်များအတွက် ဝန်ထမ်း ၁,၀၀၀ ကျော်ကို လျှော့ချမည်ဟုပြောကြားခဲ့သည်။

Source: Popular Myanmar