သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ RT TV Channel နှင့် Krasnaya Zvezda သတင်းစာတို့၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြား

နေပြည်တော် မေ ၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ RT TV Channel နှင့် Krasnaya Zvezda သတင်းစာတို့၏ တွေ့ဆုံမေးမြန်းမှုများအား မော်စကိုမြို့၊ Ararat Park ဟိုတယ်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများကို ဖြေကြားသည်။

ထို့သို့ တွေ့ဆုံမေးမြန်းရာတွင် RT TV Channel မှ အယ်ဒီတာချုပ်နှင့် Krasnaya Zvezda သတင်းစာမှ အထူးသတင်းထောက်တို့၏ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုနှင့် နိုင်ငံတကာမှ ကယ်ဆယ်ရေးနှင့်အကူအညီပေးရေးဆိုင်ရာများကို ကူညီဆောင်ရွက်ပေးခဲ့မှု၊ လူသားချင်းစာနာထောက်ထားမှု ဆက်ဆံရေးအပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အခြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားဆိုင်ရာ သမိုင်းကြောင်းအပေါ် ထင်မြင်ချက်များ၊ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြတပ်ဖွဲ့တစ်ဖွဲ့အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ယခုစစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်မည့်အပေါ် သဘောထားအမြင်၊ အာဆီယံဒေသအတွင်း မြန်မာနိုင်ငံ၏အခန်းကဏ္ဍ စသည်တို့နှင့် အခြားသိရှိလိုသည်များအားမေးမြန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် မေးမြန်းဖြေကြားမှုအပြည့်အစုံအား ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

တွေ့ဆုံမေးမြန်းမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား သတင်းဌာနများမှ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ Krasnaya Zvezda သတင်းစာ၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်တံဆိပ်နှင့် စာအုပ်တို့ကို ဂါရဝပြုပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Source: MOI

RMIT မှအင်ဂျင်နီယာများက ရေပြတ်လပ်မှုအတွက်အသုံးဝင်မည့် စမတ်ရေမြှုပ်ကိုတီထွင်

ဆစ်ဒနီ၊ တီထွင်ဆန်းသစ်မှု

ဩစတြေးလျနိုင်ငံ တော်ဝင်မဲဘုန်းနည်းပညာတက္ကသိုလ် (RMIT)မှ အင်ဂျင်နီယာများက ရေပြတ်လပ်မှုအတွက်အသုံးဝင်မည့် စမတ်ရေမြှုပ်တစ်မျိုးကိုတီထွင်လိုက်ကြောင်း အဆိုပါတက္ကသိုလ်က မေလ ၈ ရက်တွင်ထုတ်ပြန်ကြေညာသည်။

အဆိုပါစမတ်ရေမြှုပ်သည် သာမန်ရေမြှုပ်ကဲ့သို့သောပစ္စည်းတစ်ခုဖြစ်ပြီး ၎င်း၏ လုပ်ဆောင်ချက်မှာ လေထုထဲမှရေကိုဖမ်းယူကာ နေရောင်ခြည်စွမ်းအင်ကိုအသုံးပြုခြင်းဖြင့် ရေကိုပြန်လည်ထုတ်ပေးခြင်း ဖြစ်သည်။

ထိုစမတ်ရေမြှုပ်သည် သစ်သားအခြေခံကုန်ကြမ်းပစ္စည်းကိုအဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး ခြောက်သွေ့သောရာသီဥတု၌ပင် လေထုထဲမှရေငွေ့များကို ကောင်းစွာစုပ်ယူနိုင်စွမ်းရှိကာ နေရောင်ခြည်ရရှိရုံဖြင့်ပင် ထိုရေငွေ့များမှနေ၍ ရေကိုပြန်လည်ထုတ်ပေးနိုင်စွမ်းရှိကြောင်း RMIT တက္ကသိုလ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်တွေ့စမ်းသပ်မှုများအရ အဆိုပါရေမြှုပ်တစ်ဂရမ်က ရေ ၂ မီလီလီတာကိုထုတ်ပေးနိုင်ကြောင်းတွေ့ရှိရပြီး အဖုံးတစ်ခု၊ အအေးပေးစနစ်တစ်ခုနှင့် နေရောင်ခြည်စနစ်တစ်ခုတို့ပါဝင်သည့် ရေခွက်တစ်ခွက်စာရှိရေမြှုပ်စနစ်တစ်ခုက ရေပမာဏ ၁၅ မီလီလီတာကိုထုတ်ပေးနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။

သမားရိုးကျအားဖြင့် ရေများမရရှိနိုင်သည့် ဘေးအန္တရာယ်ကျရောက်နေသော နေရာများ၌ အဆိုပါစမတ်ရေမြှုပ်များက အဖိုးတန်ကာအသုံးဝင်စေမည်ဖြစ်ကြောင်းသိရသည်။

Source: https://myawady.net.mm/

Ref: RT

နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး စိန်တုံးကြီး ရုရှားတွင် တူးဖော် ရရှိ

ရုရှားစိန်တူးဖော်ရေးကုမ္ပဏီ Alrosa သည် ရုရှားနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံးဖြစ်သည့် ရတနာတန်းဝင် စိန်တုံးကြီးတစ်တုံးကို မေလ ၈ ရက်တွင် တူးဖော်ရရှိကြောင်း သတင်းထုတ်ပြန်လိုက်ပါသည်။

ပယင်းရောင် (amber-colored) ရှိပြီး ၄၆၈.၃၀ ကာရတ် (၅၆x၅၄x၂၂ မီလီမီတာ) အရွယ်အစားရှိသည့် အဆိုပါစိန်တုံးကြီးကို ယာကုတ်တီးယား ဒေသတွင် မေလ ၈ ရက်တွင် တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။

Alrosa ၏ အမှုဆောင်အရာရှိချုပ် Pavel Marinychev က ရုရှား သမိုင်းကြောင်းတစ်လျှောက် တူးဖော်ရရှိသော စိန်များအနက် ယခု စိန်တုံးကြီးမှာ အကြီးဆုံးနှင့် အရည်အသွေးအကောင်းဆုံး ဖြစ်ပါကြောင်း၊ ထိုစိန်တုံးကို နာဇီဂျာမနီကို အောင်ပွဲခံသည့် မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနေ့ နှစ် ၈၀ ပြည့်နေ့ကာလတွင် တွေ့ရှိခဲ့ခြင်းမှာ အထူး အဓိပ္ပာယ်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယခုကဲ့သို့ အရေးပါလှသော ဖြစ်ရပ်ကို ဂုဏ်ပြုသောအားဖြင့် စိန်ကို ထူးထူးခြားခြား အမည် ပေးရန် ဆုံးဖြတ်ထားပါကြောင်း ပြောကြားခဲ့ပါသည်။

ရုရှားအစိုးရသည် Alrosa ၏ ရှယ်ယာ ၃၃.၀၃% ကို ပိုင်ဆိုင်ထားပြီး Sakha Republic (ယာကုတ်တီးယား) က ၂၅% နှင့် ကုမ္ပဏီလုပ်ငန်း လည်ပတ်ရာ ဒေသအာဏာပိုင်များက ၈% ပိုင်ဆိုင်ကြသည်။ ကုမ္ပဏီ၏ ရှယ်ယာ ၃၄% ခန့်ကို လွတ်လပ်စွာ ရောင်းချနေပါသည်။

ကိုးကား- TASS

Photo: Rough-polished.expert

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဂျပန်စွန့်ဦးတီထွင်ကုမ္ပဏီ၏ လဆင်းယာဉ် လပတ်လမ်းကြောင်းအတွင်း ဝင်ရောက်

တိုကျိုအခြေစိုက် စွန့်ဦးတီထွင်ကုမ္ပဏီတစ်ခုသည် ၎င်း၏ လဆင်းယာဉ်ကို လပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာပို့ဆောင်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါသည်။

ispace ကုမ္ပဏီက ဗုဒ္ဓဟူးနေ့ (မေ ၇) တွင် အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါလဆင်းယာဉ်ကို ဇန်နဝါရီလအတွင်းက အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီက အင်္ဂါနေ့ (မေ ၆) UTC စံတော်ချိန် ၂၁း၀၀ နာရီ မတိုင်မီ ၉ မိနစ် ခန့်တွင် ယာဉ်၏ ပင်မတွန်းအားပေးစက်ကိုသုံး၍ လပတ်လမ်းကြောင်း အတွင်းဝင်ရောက်မှုလုပ်ငန်းစဉ် ပြီးမြောက်ခဲ့ကြောင်း ဆိုသည်။

လမျက်နှာပြင်အထက် ကီလိုမီတာ ၁၀၀ ခန့်မှ အမြင့်ကို တဖြည်းဖြည်းလျှော့ချရန် ကုမ္ပဏီက စီစဉ်ထားပြီး ဇွန်လ ၅ ရက်နေ့ UTC စံတော်ချိန် ၁၉:၂၄ နာရီတွင် ဆင်းသက်ရန် ကြိုးပမ်းမည် ဖြစ်သည်။

ဤသည်မှာ ၂၀၂၃ ခုနှစ်တွင် ispace ၏ ပထမဆုံးကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် လပေါ်သို့ ဆင်းသက်ရန် ကြိုးပမ်းမှုဖြစ်ပါသည်။ အောင်မြင်ခဲ့ပါက ispace သည် ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် ပထမဆုံး ဂျပန်ပုဂ္ဂလိကကုမ္ပဏီ ဖြစ်လာမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ပုဂ္ဂလိကအာကာသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီများ၏ မောင်းသူမဲ့လဆင်းသက်မှု အောင်မြင်ပြီးနောက် ispace ၏ ကြိုးပမ်းမှုထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

ispace ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Hakamada Takeshi က ဆင်းသက်မှုအောင်မြင်ရေး သေချာစေရန် ဂရုတစိုက် လုပ်ဆောင်မှုများနှင့် စေ့စပ်သော ပြင်ဆင်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိ

နေပြည်တော် မေ ၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒေါက်တာ ဘရွှေနှင့် ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှသည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko နှင့် BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ Ms. Anna Nesterova တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ ဘနူကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Andrey Rudenko နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးတို့က လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။

ထိုသို့ ကြိုဆိုနှုတ်ဆက်ရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့မှလည်း လျှောက်လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ခြံရံ၍ နိုင်ငံတော်အဆင့် ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

ထရမ့်က ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အောင်ပွဲများအတွက် အမျိုးသားအားလပ်ရက်အဖြစ် သတ်မှတ်ပေးရန် အဆိုပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာ စစ်အောင်ပွဲများကို အမှတ်တရအဖြစ် အမျိုးသားအားလပ်ရက်သတ်မှတ်ရန် အစီအစဉ်များ ကြေညာခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က စတင်တင်ပြခဲ့သော ထိုအဆိုပြုချက်သည် “မိမိတို့၏အောင်ပွဲများကို ပြန်လည်ဂုဏ်ပြုရန်” ထရမ့်၏ တိုက်တွန်းချက် ၏ အစိတ်အပိုင်းဖြစ်သော်လည်း၊ အမေရိကန်သည် ဒုတိယကမ္ဘာစစ်ကို အနိုင်ရခဲ့သည်ဟူသော ၎င်း၏အဆိုကို ရုရှားက “အဓိပ္ပာယ်မရှိသော စကား” ဟု ပယ်ချခဲ့သည်။

တနင်္လာနေ့ (မေ ၅) တွင် Truth Social တွင် တင်ခဲ့သော ပို့စ်တစ်ခုတွင်၊ ထရမ့်က အမေရိကသည် “ကမ္ဘာစစ်နှစ်ခုကို အနိုင်ရခဲ့သော်လည်း မိမိ တို့သည် မည်သည့်အခါမျှ ဂုဏ်ယူခြင်းမပြုခဲ့ကြ” ဟု ဆိုကာ၊ ကမ္ဘာ တစ်ဝှမ်းရှိ အခြားမဟာမိတ်နိုင်ငံများသည် “ဒုတိယကမ္ဘာစစ်အောင်ပွဲကို ကျင်းပကြသည်မှာ မိမိတို့၏ အောင်မြင်မှုကြောင့်ဖြစ်သည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

ထို့နောက် ၎င်းက “အဆိုပါအောင်ပွဲသည် မိမိတို့ကြောင့်သာ ဖြစ်နိုင်ခဲ့သည်” ဟု ထပ်လောင်းပြောကြားကာ “အမေရိကန်မရှိပါက၊ အခြားနိုင်ငံများက ထိုစစ်ပွဲကို အနိုင်ရခဲ့မည်ဖြစ်ပြီး၊ ကမ္ဘာကြီးသည် လုံးဝကွဲပြားနေမည်” ဟု ရှင်းပြခဲ့သည်။

ထရမ့်က “၁၉၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခြင်းဖြင့် အမှတ်အသားပြုသော ပထမကမ္ဘာစစ်အောင်ပွဲနှင့်၁၉၄၅ ခုနှစ်၊ မေလ ၈ ရက်တွင်ကျရောက်သော ဒုတိယကမ္ဘာစစ်အောင်ပွဲများကို ဂုဏ်ပြုသည့်အနေဖြင့် အမျိုးသားအားလပ်ရက်တစ်ရက် သတ်မှတ်မည်” ဟု ကြေညာခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ထရမ့်က အမေရိကန်သည် “ဒုတိယကမ္ဘာစစ် အောင်ပွဲအတွက် အခြားမည်သည့်နိုင်ငံထက်မဆို ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်” ဟု ပြောကြားခဲ့ပြီး၊ “စစ်အင်အား၊ သတ္တိနှင့် စစ်ရေးကျွမ်းကျင်မှုတွင် အမေရိကန်နှင့် နှိုင်းယှဉ်နိုင်သူ မရှိခဲ့” ဟု ပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အမေရိကန်ရေတပ်သည် ပင်လယ်နီတွင် တိုက်လေယာဉ်တစ်စီး ထပ်မံ ဆုံးရှုံး

အမေရိကန်ရေတပ်သည် ယီမင်ရှိ ဟူသီသောင်းကျန်းသူများကို တိုက်ခိုက်ရန် စစ်ဆင်ရေးများ တိုးချဲ့ခဲ့ပြီးနောက် F/A-18 Super Hornet တိုက်လေယာဉ်တစ်စီး ထပ်မံဆုံးရှုံးရကြောင်းသိရှိရသည်။ ယခု ဆုံးရှုံးမှု သည် USS Harry S. Truman သင်္ဘောမှ လွန်ခဲ့သော တစ်ပတ်အတွင်း ဖြစ်ပွားခဲ့သည့် ဒုတိယမြောက် ဖြစ်ရပ်ဖြစ်ပြီး ယီမင်စစ်ဆင်ရေးများ စတင်ကတည်းက တတိယမြောက် ဆုံးရှုံးမှုလည်း ဖြစ်သည်။

အဆိုပါလေယာဉ်သည် သင်္ဘောပေါ်သို့ ဆင်းသက်ရန် ကြိုးစားစဉ် အရေးပေါ်ဆင်းသက်မှုစနစ် ချို့ယွင်းမှုကြောင့် ပင်လယ်ထဲသို့ ကျဆင်းသွားခဲ့ပြီး လေယာဉ်မှူးနှင့် လက်နက်စနစ်အရာရှိတို့သည် အရေးပေါ် ခုန်ထွက်ခဲ့ရသည်ဟု CNN သတင်းဌာနက အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက “အရေးပေါ် ဆင်းသက်မှုစနစ် ချို့ယွင်းမှုကြောင့် လေယာဉ်သည် ပင်လယ်ထဲသို့ ကျရောက်သွားခဲ့ပြီး လေယာဉ်မှူးနှစ်ဦးစလုံး ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ကာ Helicopter Sea Combat Squadron 11 မှ ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့ကြောင်း၊ ၎င်းတို့အား ဆေးစစ်ပြီးနောက် အနည်းငယ်သာ ဒဏ်ရာရကြောင်း အတည်ပြုနိုင်ခဲ့ပြီး လေယာဉ်ပြေးလမ်းပေါ်ရှိ အခြားဝန်ထမ်းများ ထိခိုက်မှုမရှိပါ” ဟု USNI News သို့ ပြောကြားခဲ့သည်။

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ မိမိသဘောဆန္ဒအလျောက် ထွက်ခွာမည်ဆိုပါက ဒေါ်လာ ၁၀၀၀ ပေးမည်ဟုဆို

အမေရိကန်အစိုးရသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံအတွင်းမှ ဆန္ဒအလျောက်ထွက်ခွာပါက ဒေါ်လာ ၁,၀၀၀ ထောက်ပံ့ကြေးနှင့် လေယာဉ်လက်မှတ် အခမဲ့ပေးဆောင်မည်ဖြစ်ကြောင်း အမိမြေ လုံခြုံရေးဌာန (DHS) က တနင်္လာနေ့ (မေ ၅) တွင် ထုတ်ပြန်ခဲ့ပါသည်။ 

DHS ၏ မူဝါဒအရ သတ်မှတ်ချက်ပြည့်မီသူများကို CBP Home App မှတစ်ဆင့် ထွက်ခွာလိုကြောင်း လျှောက်ထားခွင့်ပြုပါသည်။ ပါဝင်သူများကို ချုပ်နှောင်ခြင်းပြုလုပ်မည် မဟုတ်ဘဲ ၎င်းတို့၏ ဆန္ဒအလျောက် ထွက်ခွာကြောင်း အတည်ပြုပြီးနောက် ဘဏ္ဍာရေးထောက်ပံ့မှုများ ရရှိမည်ဖြစ် ပါသည်။ 

သမ္မတ ဒေါ်နယ်ထရမ့်သည် အစီအစဉ်၏ အကျိုးကျေးဇူးများကို အလေးပေးပြောကြားခဲ့ပြီး အချို့သော ပါဝင်သူများသည် အနာဂတ်တွင် တရားဝင် ပြန်လာရန် အရည်အချင်းပြည့်မီနိုင်သည်ဟု ဖော်ပြခဲ့ပါသည်။ “၎င်းတို့နှင့် လက်တွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် အလုပ်ဖြင့် ပြန်လာနိုင်ပါသည်။ ၎င်းတို့သည် လူကောင်းများဖြစ်ပါက မိမိတို့နိုင်ငံက ပြန်လက်ခံမည်ဖြစ်ပါသည်။ မိမိတို့ လိုအပ်သည့်သူများ၊ မိမိတို့နိုင်ငံကို ချစ်မြတ်နိုးသော ဝီရိယရှိသည့် ပုဂ္ဂိုလ်များအတွက် အမေရိကားက လက်ခံနေမှာပါ” ဟု မေ ၅ (တနင်္လာနေ့)က အိမ်ဖြူတော်တွင် ပြုလုပ်သည့်အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ပါသည်။

ကိုးကား-Myanmar National Post

လကမ္ဘာနှင့် အင်္ဂါဂြိုဟ်တို့စံပြပုံစံငယ်များအား 3D ပုံစံဖြင့် အတိကျဆုံးဖန်တီးနိုင်မည့် စီမံကိန်းကို ရုရှားသိပ္ပံပညာရှင်များစတင်

လကမ္ဘာနှင့် အင်္ဂါဂြိုဟ်တို့စံပြပုံစံငယ်များအား 3D ပုံစံဖြင့် အတိကျဆုံးဖန်တီးနိုင်မည့် စီမံကိန်းတစ်ရပ်ကို ရုရှားသိပ္ပံပညာရှင်များက စတင်လိုက်ပြီဖြစ်သည်။

ရုရှားအာကာသနည်းပညာနှင့် ဝန်ဆောင်မှုစင်တာမှ ပညာရှင်များသည် အဆိုပါစီမံကိန်းကို အသုံးချသင်္ချာပညာ၊ M.V. Keldysh RAS သုတေသနစင်တာနှင့် ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း၍ဖော်ဆောင်မည်ဖြစ်သည်။

သိပ္ပံပညာရှင်များသည် အဆိုပါစီမံကိန်းအား ပြည်တွင်းဖြစ်အဆင့်မြင့်နည်းပညာများ၊ ပလပ်ဇမာ ဒုံးပျံအင်ဂျင်များ၊ လမ်းကြောင်းပြစနစ်များ၊ ရုပ်သံကြည်လင်မှုရှိသော အလင်းနှင့် အီလက်ထရွန်နစ်စနစ်သုံးကင်မရာများ၊ 3D ပုံစံဖော်ထုတ်ရေးပရိုဂရမ်များအပြင် အခြားအဆင့်မြင့်နည်းပညာများအပေါ် အခြေခံ၍ အကောင်အထည်ဖော်ဆောင်မည်ဖြစ်သည်။

ရုရှားပညာရှင်များက ဖော်ဆောင်မည့် အဆိုပါစီမံကိန်းသည် ရုရှားသိပ္ပံပညာရှင်များ၏ ကျွမ်းကျင်မှုကို ပိုမိုတိုးတက်စေသည့်အပြင် ပြည်တွင်းဖြစ် အာကာသနည်းပညာများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်း တွန်းအားဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

လကမ္ဘာနှင့် အင်္ဂါဂြိုဟ်တို့စံပြပုံစံငယ်များအား 3D ပုံစံဖြင့် အတိကျဆုံးဖန်တီးနိုင်မည့်   စီမံကိန်းကိုဖော်ဆောင်ရာတွင် အသုံးပြုရန်လိုအပ်သည့် ဂြိုဟ်တုများကို ရုရှားအာကာသအဖွဲ့ ကြီးဖြစ်သည့် Roscosmos က အကူအညီပေးအပ်မည်ဖြစ်သည်။

ဝေလနိုင်ငံ၏ အကြီးဆုံးသဘာဝရေကန် ဘာလာရေကန်တွင် အန္တရာယ်ရှိသော ရေညှိများကြောင့် သတိပေးချက်ထုတ်ပြန်

ကာဒစ်    မေ ၅

ဝေလနိုင်ငံ၏ အကြီးဆုံးသဘာဝရေကန် ဘာလာရေကန်တွင် အန္တရာယ်ရှိသော ရေညှိများကြောင့် ဂွိုင်နက်ကောင်တီအာဏာပိုင်များက ရေညှိသတိပေးချက် ထုတ်ပြန်ထားကြောင်း ယနေ့သတင်းများအရ သိရသည်။

အာရစ် အမျိုးသားဥယျာဉ်အတွင်းရှိ ဂွိုင်နက်ကောင်တီရှိ ဘာလာရေကန်၏ အစိတ်အပိုင်းများတွင် အန္တရာယ်ရှိသော ရေညှိများတွေ့ရှိပြီးနောက် ရေကန်သို့ လည်ပတ်သည့်အခါ အထူးသတိထားရန် သတိပေးချက်ထုတ်ပြန်ထားပြီး ရေကန်အတွင်းမှ ရေညှိများနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန် အာဏာပိုင်များက ပြည်သူများကို သတိပေးထားကြောင်း သိရသည်။

အဆိုပါ ရေကန်အတွင်းမှ ရေညှိများသည် တိရစ္ဆာန်များအတွက် အလွန်အန္တရာယ်များနိုင်ပြီး ၎င်းရေကန်မှတစ်ဆင့် အနီးရှိရေကန်များ၊ စမ်းချောင်းများအတွင်း စီးဆင်းပါက ပို၍ အန္တရာယ်များကြောင်း၊ အဆိုပါ ရေညှိများနှင့် တိုက်ရိုက်ထိတွေ့မိပါက အရေပြားနီမြန်းခြင်း၊ ပျို့အန်ခြင်း၊ မျက်စိယားယံခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ကြွက်သားများ သို့မဟုတ် အဆစ်အမြစ်နာကျင်ခြင်းများကို ဖြစ်စေနိုင်ကြောင်း ဆေးဝါးကျွမ်းကျင် ပညာရှင်များက ပြောကြားထားကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ 