အာကာသမှာ အသုံးပြုနိုင်ဖို့ထွက်ပေါ်လာမယ့် အကြမ်းခံ နျူကလီးယားဘက်ထရီ

News Image

  • အာကာသမှာ အသုံးပြုနိုင်ဖို့ထွက်ပေါ်လာမယ့် အကြမ်းခံ နျူကလီးယားဘက်ထရီ

Zeno Power ဆိုတာ အကြမ်းခံနိုင်တဲ့ နျူကလီးယား ဘက်ထရီများကို ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် သူတို့ကုမ္ပဏီက ပိုမိုအဆင့်မြင့်မားတဲ့ နျူကလီးယားဘက်ထရီများကိုထုတ်လုပ်နိုင်ဖို့အတွက် နောက်ထပ်အမေရိကန် ဒေါ်လာသန်း ၅၀ ကို ထပ်မံရင်းနှီးမြှုပ်နှံလိုက်ပါပြီ။ အခုလိုရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်လိုက်တဲ့ အတွက် သူတို့က နျူကလီးယား ဘက်ထရီထုတ်လုပ်မှုကို အရှိန်မြှင့်တင်နိုင်မယ်ဆိုပြီး ယုံကြည်ထားပါတယ်။ ဒါ့အပြင် သူတို့ရဲ့ဘက်ထရီတွေကို ၂၀၂၇ ခုနှစ်မှာ ထုတ်လုပ်နိုင်မယ်လို့ပြောထားပါတယ်။

Zen Power ရဲ့နျူကလီးယားဘက်ထရီဆိုတာ ရေဒီယိုအိုင်ဆိုတုပ်ဓာတ်အားပေးစနစ်တစ်မျိုးပါပဲ။ သူကအိုင်းယွန်းဓာတ်ပြုပြီးထွက်လာတဲ့အပူကို အပူလျှပ်စစ်ဂျင်နရေတာတွေအသုံးပြုပြီး အသုံးပြုနိုင်တဲ့ လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်ပေးတာမျိုးဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဒီစနစ်က Strontium-90 ဒါမှမဟုတ် Plutonium-238 ကိုအသုံးပြုပါတယ်။

ဒီနည်းပညာက အခုမှပေါ်လာတာမျိုး မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက NASA ရဲ့ အာကာသအတွင်းစွမ်းအင်ပေးပင်မစနစ်ဖြစ်ပါတယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ Voya-ger အာကာသယဉ်တွေမှာ အခု စနစ်ကိုတပ်ဆင်အသုံးပြုခဲ့တာပါ။

ဒါကြောင့် ဒီအာကာသယာဉ်တွေက  လူတွေ ဖန်တီးဖူးတဲ့စက်တွေထဲမှာ အဝေးဆုံးကိုရောက်ရှိဖူးတဲ့စက်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ဒီလိုမျိုး ဘက်ထရီစနစ်တွေမှာ ဘယ်လိုမျိုးကွင်း ဆက်တုံ့ပြန်မှုမှ မရှိတဲ့အပြင် လှုပ်ရှားရတဲ့ အစိတ်အပိုင်းတွေလည်း မပါတဲ့အတွက် တော်ရုံမပျက်စီးပါဘူး။

Source: https://myawady.net.mm/