ဟိုက်ဒရိုဂျင်-လျှပ်စစ်စွမ်းအင်သုံး ကုန်တင်လေယာဉ်များအသုံးပြုလာမယ့် ဗြိတိန်နိုင်ငံ

News Image

  • ဟိုက်ဒရိုဂျင်-လျှပ်စစ်စွမ်းအင်သုံး ကုန်တင်လေယာဉ်များအသုံးပြုလာမယ့် ဗြိတိန်နိုင်ငံ

ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လေယာဉ်များကို ထုတ်လုပ်နေတဲ့ ZeroAvia ကုမ္ပဏီက ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိတဲ့လေယာဉ်တွေကိုစီးပွားဖြစ်အသုံးပြုနိုင်ဖို့အတွက်ခြေတစ်လှမ်းနီးစပ်လာပြီလို့ဆိုနိုင်ပါတယ်။ အကြောင်းရင်းကတော့ လေကြောင်းမှကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ ကမ္ဘာ့ပထမဆုံးသော ဟိုက် ဒရိုဂျင်- လျှပ်စစ်စွမ်းအင်သုံး ကုန်တင်လေယာဉ်များကိုအသုံးပြုလာနိုင်တော့မှာဖြစ်တဲ့ အတွက်ပါပဲ။

အဲဒီလေယာဉ်ကို ပထမဆုံးအသုံးပြုမယ့်နိုင်ငံ ကဗြိတိန်နိုင်ငံပါ။ ZeroAvia ကုမ္ပဏီနဲ့ လေကြောင်း ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ RVL Aviation တို့ ပူးပေါင်းပြီး ဒီလေယာဉ်ကိုပွဲဦးထွက်ထုတ်ဖော်ပြသသွားမှာဖြစ်ပါတယ်။ လေယာဉ်တည်ဆောက်မှုကိုတော့ ပုံစံအသစ်ပေါ်မှာတည်ဆောက်ထားတာမျိုး မဟုတ်ဘဲ သမားရိုးကျ Cessna Grand Caravans လေယာဉ်ကို ZeroAvia ရဲ့ ZA600 အမျိုးအစား ဟိုက်ဒရိုဂျင်-လျှပ်စစ်စွမ်းအင်သုံးအင်ဂျင်ထည့်ပေးထားတာဖြစ်ပါတယ်။

ဒီလေယာဉ်မှာအသုံးပြုမယ့်နည်းပညာကိုဖန်တီးလာတာက နှစ်ပေါင်းများစွာကြာနေပါပြီ။ Zero-Avia က ဒီနည်းပညာကို Dornier 228 လေယာဉ်မှာ အမျိုးမျိုးစမ်းသပ်မှုတွေလုပ်ဆောင်ခဲ့ပြီးပါပြီ။ သူတို့အနေနဲ့ ဒီနည်းပညာကိုတီထွင်ရခြင်းရဲ့အဓိကပန်းတိုင်ကိုက လေယာဉ်အသစ်များကိုတည်ဆောက်မယ့်အစား ရှိပြီးသားလေယာဉ်အဟောင်းတွေကိုပဲ ဒီနည်းပညာတွေတပ်ဆင်ပေးနိုင်ဖို့ကို အဓိကထားတာဖြစ်ပါတယ်။ အခုလိုမျိုးလုပ်ဆောင်ရတဲ့နည်းလမ်းက အချိန်တိုအတွင်းတပ်ဆင်နိုင်တယ်။ ကုန်ကျစရိတ်လည်းသက်သာနိုင်တယ်။ ပြီးတော့ လေယာဉ်မောင်းသူများအတွက်လည်း ပိုပြီးလိုက်လျောညီထွေရှိစေပါတယ်။

လက်ရှိအချိန်မှာတော့ ဟိုက်ဒရိုဂျင်-လျှပ်စစ်စွမ်း အင်သုံးကုန်တင်လေယာဉ်ပျံသန်းမယ့်အစီအစဉ်က အထမမြောက်သေးပါဘူး။ ZA600 အမျိုးအစားအင်ဂျင်ကို တာဝန်ရှိသူများကအတည်ပြုပေးရဦးမှာဖြစ်ပါတယ်။                              

Ref: IEK.H

Source: https://myawady.net.mm/