သတင်းများ

အသံလှိုင်းအသုံးပြုပြီး အဝတ်များ ဖန်တီးနိုင်မယ့် နည်းပညာကို ပညာရှင်များ တီထွင်

အခုဆိုရင် အဝတ်များကို ဖန်တီးချုပ်လုပ်မှုနည်းပညာက ခေတ်သစ်တစ်ခုကို ရောက်လာပြီလို့ဆိုနိုင်ပါတယ်။ ဒီနေရာမှာတော့ အထည်တွေ ချုပ်လုပ်ဖို့အတွက် လျှပ်စစ်စွမ်းအင်ကို အသုံးပြုစရာမလိုဘဲ အသံလှိုင်းကိုသာ အသုံးပြုရမှာဖြစ်တယ်လို့ ဇူးရစ်တက္ကသိုလ်မှ သုတေသနပညာရှင်များကပြောပါတယ်။

သုတေသနပညာရှင်များက  စမတ်တီရှပ်နဲ့ လက်အိတ်တစ်မျိုးကို  တီထွင်လိုက်ပါတယ်။ အဲဒီတီရှပ်က ဝတ်ဆင်ထားသူရဲ့ အသက်ရှူနှုန်းကို တိုင်းတာနိုင်ပါတယ်။ လက်အိတ်ကကျတော့ လက်ရဲ့လှုပ်ရှားမှုကို ကွန်ပျူတာအတွက် အမိန့်ပေးစေခိုင်းမှုအဖြစ် ပြောင်းလဲပေးစေနိုင်ပါတယ်။

ပညာရှင်များတီထွင်လိုက်တဲ့ စမတ်အာရုံခံကိရိယာများက ဖိုက်ဘာကြိုးမျှင်တွေကနေတစ်ဆင့်  ထုတ်လွှင့်တဲ့အသံ လှိုင်းတွေကိုအသုံးပြုပြီး ထိတွေ့မှု၊ ဖိအားပေးမှုနဲ့ လှုပ်ရှားမှုတို့ကို ထောက်လှမ်းသိရှိတာဖြစ်ပါတယ်။

ပညာရှင်များက ပေါင်းစပ်ဖိုက်ဘာကြိုးမျှင်များကို တီရှပ်ရဲ့ ချည်ထည်ထဲမှာထည့်သွင်းထားပါတယ်။ အဲဒီကြိုးမျှင်တစ်ခုစီမှာ အသံလှိုင်းများကို ထုတ်လွှတ်တဲ့ဘက်အခြမ်းမှာ ထရန်စမစ်တာ တစ်လုံးစီတပ်ဆင်ထားပြီး အခြားသော တစ်ဖက်မှာကျတော့ အသံလှိုင်းအတွင်း ပြောင်းလဲမှုများကိုသိရှိနိုင်မယ့် လက်ခံစက်များကိုတပ်ဆင်ကာ ဖန်တီးထားတာဖြစ်တယ်လို့ဆိုပါတယ်။         

Source: https://myawady.net.mm/

အစိုးရရုံးများအနေဖြင့် ပြည်တွင်းဖြစ် EV များ ဝယ်ယူရန် တရုတ်ညွှန်ကြား

ဝန်ကြီးဌာနများ အပါအဝင် အစိုးရရုံးများအနေဖြင့် ပြည်တွင်းဖြစ် EV များကိုသာ ပိုမိုဝယ်ယူရန် တရုတ်အစိုးရကညွှန် ကြားလိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာနတစ်ခုက မေလ ၁၈ ရက်တွင် ဖော်ပြထားသည်။

အချိန်ကာလနှင့် အရေအတွက်တို့ကိုမူ အတိအကျပြောထားခြင်း မရှိသော်လည်း အစိုးရက ပြည်တွင်းဖြစ် EV ကားများကို ပိုမိုထောက်ခံမှုပြသသည့်အနေဖြင့် ယခုညွှန်ကြားချက်ကို ထုတ်ပြန်လာခြင်းဖြစ်သောကြောင့် အခြားသူများကလည်း ပြည်တွင်းဖြစ် EV များကို ပိုမိုဝယ်ယူလာနိုင်ဖွယ်ရှိကြောင်း တရုတ်ခရီးသည်တင်ကားအဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး ကွီတုန်းရှူ ကပြောထားသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အစိုးရရုံးအဖွဲ့များ အနေဖြင့် ယွမ် ၁၈၀၀၀၀ အောက်ရှိ EV ကားများကို ဝယ်ယူရန်နှင့် နှစ်စဉ်ဝယ်ယူမှုအားသည် တစ်နှစ်တာလုံး ရောင်းအား၏ ၃၀ ရာခိုင်နှုန်းရှိရမည်ဖြစ်ကြောင်း အစိုးရရုံးများ အုပ်ချုပ်မှုအဖွဲ့နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ထားကြောင်း သိရသည်။

ICC မှ နုတ်ထွက်မည့် ဥပဒေကြမ်း ဟန်ဂေရီ ပါလီမန် အတည်ပြု

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) မှ ဟန်ဂေရီနိုင်ငံ နုတ်ထွက်ရန် ဥပဒေကြမ်းကို အတည်ပြုမဲခွဲခဲ့ကြောင်း ပါလီမန်၏ တိုက်ရိုက် ထုတ်လွှင့်မှုတွင် ဖော်ပြထားပါသည်။

လွှတ်တော်အမတ် ၃ ပုံ ၂ ပုံကျော်က ယင်းဥပဒေကြမ်းကို ထောက်ခံမဲပေးခဲ့ကြပါသည်။ ယင်းဆုံးဖြတ်ချက်မတိုင်မီ ဧပြီလကုန်က ယင်းကိစ္စနှင့်ပတ်သက်၍ ပါလီမန်အတွင်း အပြင်းအထန် အငြင်းပွားမှုများ ဖြစ်ခဲ့ကြပါသည်။ ထိုအချိန်က အာဏာရ Fidesz-Hungarian Civic Union ပါတီနှင့် ခေတ္တ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီတို့က ဥပဒေကြမ်းကို ထောက်ခံခဲ့ပြီး ဆန့်ကျင်ဘက် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက ကန့်ကွက်ခဲ့ပါသည်။

ဥပဒေကြမ်းကို ပါလီမန်သို့ တင်ပြရာတွင် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Péter Szijjártó က “ICC သည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်းတွင် လွန်စွာ နိုင်ငံရေးသြဇာသက်ရောက်လာပြီး နိုင်ငံများက အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများတွင် ၎င်းတို့၏ရည်မှန်းချက်များအောင်မြင်ရန် အသုံးပြုလာကြသည်” ဟု ပြောကြားခဲ့ပါသည်။ ထို့ပြင် ဟန်ဂေရီအစိုးရအနေဖြင့် နိုင်ငံတကာဥပဒေအဖွဲ့အစည်းများတွင် နိုင်ငံရေးနှင့် ပထဝီနိုင်ငံရေးကိစ္စများပါဝင်သင့်ဟု ယုံကြည်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဇွန်လကုန်မှာ ပထမဆုံး တာဝန်ထမ်းဆောင်တော့မယ့် တရုတ်ရဲ့ ဒရုန်းသယ်ယာဉ်

ကျိုထျန်းဆိုတာ တရုတ်လိုဆိုရင် ကောင်းကင်ပြင်ကြီးလို့ အဓိပ္ပာယ်ရပါတယ်။ ဒီနေရာမှာတော့ ကျိုထျန်းဆိုတာ ဒရုန်းများရဲ့ မိခင်ကြီးလို့ခေါ်ဆိုရမှာပါ။  ဘာကြောင့်လဲဆိုရင် အဲဒီဒရုန်းများရဲ့မိခင်ကြီးက ဒရုန်းငယ်လေးတွေကို သယ်ဆောင်ပြီး သတ်မှတ်နေရာအရောက်မှာ အဲဒီဒရုန်းတွေကို ပစ်လွှတ်နိုင်မယ့်စွမ်းဆောင်ရည်ကြောင့်ဖြစ်ပါတယ်။

ကျိုထျန်းလို့ နာမည်ပေးထားတဲ့ အမြင့်ပျံတာဝေးမောင်းသူမဲ့လေယာဉ်တစ်မျိုးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက    တရုတ်နိုင်ငံ ကျူဟိုင်းမြို့မှာလုပ်တဲ့လေကြောင်းပြပွဲမှာ ထုတ်ဖော်ပြသခဲ့တာ တွေ့ရပါတယ်။သူက အမြင့်ပေ ၅၀၀၀၀ ကနေပြီး မိုင်ပေါင်း ၄၃၅၀ အထိပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ ဂျက်အင်ဂျင် စွမ်းရည်သုံးဒရုန်းများရဲ့မိခင်ကြီးက ခဲယမ်းနဲ့ဒရုန်း အလေးချိန်စုစုပေါင်း ၆ တန်အထိကိုတင်ဆောင်နိုင်ပါသေးတယ်။ သူ့ရဲ့ပျံတက်ချိန်အမြင့်ဆုံး အလေးချိန် ကတော့ ၁၆ တန်အထိရှိပါတယ်။ တောင်ပံအလျား က ၂၅ မီတာရှိတဲ့အပြင် လက်ရှိကမ္ဘာတစ်ဝန်းအသုံးပြုနေတဲ့ တာလတ်ပစ်လေကြောင်းရန် ကာကွယ်ရေး စနစ်အများအပြားရဲ့ အပေါ်ကနေ ပျံသန်းနိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ကြီးမားလှတဲ့ ကိုယ်ထည်ကြောင့်လည်း အသေခံဒရုန်းများအပါအဝင် ဒရုန်းအစင်းရေပေါင်း ၁၀၀ အထိကိုတင်ဆောင်နိုင်ကာ သူ့ရဲ့ဝမ်းဗိုက်တစ်ဖက်တစ်ချက်စီကနေ အဲဒီဒရုန်းတွေကို ပစ်လွှတ်နိုင်မှာဖြစ်ပါတယ်။

တကယ်လို့သာ  အဲဒီဒရုန်းကို လက်တွေ့အသုံးပြုလိုက်မယ်ဆိုရင် ကျိုထျန်းက  တရုတ်တပ်မတော်ရဲ့ ဒရုန်းစွမ်းရည်ကို ပိုမိုတိုးတက်စေမှာအမှန်ပါပဲ။ အဲဒီထဲမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတဲ့ အကြီးစားဒရုန်းတွေလည်း ပါဝင်ဦးမှာဖြစ်တဲ့အတွက် ရန်သူရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကောင်းစွာထိုးဖောက်ဝင်ရောက်ကာ စစ်ရေးရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လေယာဉ်တောင်ပံအောက်က လက်နက်ချိတ်ဆွဲနိုင်တဲ့ နေရာရှစ်ခုမှာ အကြီးစားလက်နက်တွေကို တပ်ဆင်နိုင်မှာဖြစ်ပြီး ကင်းထောက်ခြင်း၊ ထောက် လှမ်းရေးလုပ်ငန်းနဲ့  အီလက်ထရွန်နစ် စစ်ဆင်ရေး တာဝန်များကိုပါ ပူးတွဲထမ်းဆောင်နိုင်မှာပါ။

အခုဆိုရင် ကျိုထျန်းအနေနဲ့ သူ့ရဲ့ပထမဆုံးသော စစ်ဆင်ရေးတာဝန်ကို ဇွန်လကုန်ပိုင်းမှာ စတင်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။ ဒါဟာ ဒရုန်းများရဲ့မိခင်ကြီးကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှာ ဖြန့်ကြက်အသုံးမပြုမီ လုပ်ဆောင်မယ့် အမျိုးမျိုးသော စမ်းသပ်မှုများအနက် ပထမဆုံးသော စမ်းသပ်မှုလည်းဖြစ်ပါတယ်။

ခေတ်သစ်စစ်ပွဲနဲ့ အချိုးမညီစစ်ပွဲတွေမှာ ဒရုန်းများ ရဲ့စွမ်းဆောင်ရည်က အင်မတန်အရေးကြီးလာတာကြောင့် တရုတ်နိုင်ငံအနေနဲ့ နောက်ဆုံးပေါ်နည်း ပညာနဲ့အတူ ပိုမိုတီထွင်ဆန်းသစ်မှုရှိတဲ့ ဒရုန်းတွေ ကို ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိုးတက်ထုတ်လုပ် လာနေခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ CH-7 လိုမျိုးကိုယ်ပျောက် တိုက်ခိုက်ရေးဒရုန်းနဲ့ Wing Loong-X လိုမျိုး ရေငုပ်သင်္ဘောဖျက် ဒရုန်းများကဲ့သို့ အဆင့်မြင့်မားလှတဲ့ဒရုန်း များစွာရှိပါတယ်။ အခုတော့ကျိုထျန်း သည်လည်း အဲဒီလိုအဆင့်မြင့်ဒရုန်းများစာရင်းမှာ ဝင်သွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။   ။

နည်းပညာ

အရှေ့တောင်အာရှဒေသ တစ်ဝိုက်ရှိ ဆိပ်ကမ်းများ ပိုမို စည်ကားလာဖွယ်ရှိ

အရှေ့တောင်အာရှဒေသရှိ ဆိပ်ကမ်းများသည် ပြန်လည်စည်ကားလာနိုင်သည့် အနေအထားမျိုးတွင် ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်၏အကောက်ခွန်နှုန်းထား တိုးမြှင့်ကောက်ခံမှုများမှ ရှောင်ရှားနိုင်ရန် တရုတ်နိုင်ငံ၊ ပေကျင်းတစ်ဝိုက်ရှိ ဆိပ်ကမ်းများတွင် သင်္ဘော ကျောက်ဆူးချ၍ ခေတ္တရပ်နားနိုင်သောကြောင့် ဖြစ်ပါသည်။

သမ္မတဒေါ်နယ်ထရမ့်၏ အကောက်ခွန်နှုန်းထားတိုးမြှင့်မှုများသည် နိုင်ငံများ၏ ကုန်စည်တင်ပို့နေသည့် သင်္ဘောများ၏ လမ်းကြောင်းများကို ပြောင်းလဲစေပြီး အထူးသဖြင့် ကမ္ဘာ့ကုန်သွယ်မှုတွင် အသက်သွေးကြောဖြစ်သည့် အရှေ့တောင်အာရှဒေသရှိ ဆိပ်ကမ်းများသည် ပိုမို စည်ကားလာပြီး အရှိန်ရလာဖွယ်ရှိပါသည်။

သို့သော်လည်း တစ်ဖက်တွင် ရုတ်တရက် သင်္ဘောကမ်းကပ်မှု ပမာဏ များပြားလာခြင်းသည် အခြေခံအဆောက်အအုံ ခိုင်မာမှုမရှိသေးသည့် ဆိပ်ကမ်းများအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ခန့်မှန်းထားပါသည်။ 

ကိုးကား- The Business Times

ဘာသာပြန်ဆိုသူ- ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

မျက်နှာကို တမင် မိုက်ခရိုဖုန်းဖြင့် ထိခိုက်အောင် လုပ်သည်ဟု အာဂျင်တီးနားသမ္မတက သတင်းထောက်တစ်ဦးအား စွပ်စွဲ

အာဂျင်တီးနားသမ္မတ Javier Milei သည် မဲပေးရုံးမှ ထွက်ခွာလာနေစဉ် C5N ရုပ်သံလိုင်း၏ သတင်းထောက်တစ်ဦးက ၎င်း၏မျက်နှာကို မိုက်ခရို ဖုန်းဖြင့် တမင်ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင်လုပ်လိုက်သည်ဟု စွပ်စွဲ ပြောကြားလိုက်ပါသည်။

ရုပ်သံလိုင်းမှ ထုတ်လွှင့်သည့် ဗီဒီယိုတွင် Milei သည် အဆောက်အဦ အပြင်ဘက်သို့ သတင်းထောက်များနှင့် ၎င်းကိုထောက်ခံသူများ အုပ်စုကြား မှ ထွက်ခွာလာနေသည်ကို ပြသထားပါသည်။ သတင်းထောက်တစ်ဦး က မိုက်ခရိုဖုန်းကို အလွန်နီးကပ်စွာ ကိုင်ထားရာမှ သမ္မတ၏ နှာခေါင်းကို ထိခိုက်မိသွားသည်။ “မင်း ငါ့ကို ရည်ရွယ်ချက်နှင့် ထိခိုက်အောင် တမင် လုပ်တာမလား” ဟု သမ္မတက နောက်ပိုင်းတွင် ထိုသတင်းထောက်အား မေးမြန်းခဲ့သည်။ အစီအစဉ်တင်ဆက်သူက သတင်းထောက်သည် Milei အား မိုက်ခရိုဖုန်း၏ ပျော့ပျောင်းသောအစိတ်အပိုင်းဖြင့်  ထိမိကြောင်း ဝန်ခံပြောကြားခဲ့ပါသည်။ 

အာဂျင်တီးနားခေါင်းဆောင် Milei သည် သတင်းထောက်များအပေါ် တွင် မလိုလားဆန့်ကျင်သည့်သဘောထားရှိမှုကြောင့် လူသိများလှပါသည်။ ၎င်းက သတင်းထောက်များသည် အစိုးရကို ဆန့်ကျင်ရန် လှုံ့ဆော်ခြင်း နှင့် ၎င်း၏ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းတို့ လုပ်ဆောင်နေကြကြောင်း မကြာခဏ စွပ်စွဲလေ့ရှိသည်။ သတင်းထောက်များသည် ၎င်းကို မျက်စိအလင်းမခံနိုင်သည့် အခြေအနေကို သိသော်လည်း ကင်မရာမီးချောင်းများဖြင့် ရည်ရွယ်ချက်ရှိရှိ အနှောင့်အယှက်ပေးသည် ဟု လည်း ၎င်းက ဆိုဖူးပါသည်။

Milei သည် Buenos Aires တွင် ကျင်းပသည့် ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲတွင် မဲပေးခဲ့ရာ ရုပ်သံလိုင်းများက မဲပေးရုံတွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် သမ္မတနှင့် လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်သည့် ရိုက်ကွက်ကို ထုတ်လွှင့်ပြသခဲ့ပါသည်။

ကိုးကား- TASS

Photo: Free Press Journal

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ထိုင်းသစ်သီးထုတ်လုပ်သူများ K-Pop ကြယ်ပွင့် Lisa အား ကမ္ဘာလုံး ဆိုင်ရာ ထိုင်းသစ်သီးများ မြှင့်တင်ရေးလှုပ်ရှားမှုတွင် ပါဝင်စေရန် ဝန်ကြီးချုပ် အား တောင်းဆို

ထိုင်းနိုင်ငံ၏ သစ်သီးထုတ်လုပ်သူများအသင်းက ဝန်ကြီးချုပ် Paetongtarn Shinawatra အား K-Pop ကြယ်ပွင့် Lisa (လီဆာ) ကို ဖိတ်ကြား၍ ထိုင်းသစ်သီးများ၏ ကမ္ဘာလုံးဆိုင်ရာဈေးကွက်ချဲ့ထွင်ရေး လှုပ်ရှားမှုကို ဦးဆောင်စေရန် တောင်းဆိုလိုက်သည်။

ဘန်ကောက်ပို့စ် ၏ ဖော်ပြချက်အရ သစ်သီးထုတ်လုပ်သူများအသင်းက Lisa ၏ ကမ္ဘာကျော် ကျော်ကြားမှုသည် ထိုင်း၏သစ်သီးတင်ပို့မှုအတွက် အထူးသဖြင့် တရုတ်မှလွဲ၍ အခြားဈေးကွက်သစ်များကို ဖွင့်ပေးနိုင်မည် ဟု ဝန်ကြီးချုပ်အား စနေနေ့ (မေ ၁၇) က Chanthaburi ခရိုင်သို့ သွားရောက်စဉ် ပြောကြားခဲ့သည်။

ထို့အပြင် အစိုးရ၏အပြည့်အဝထောက်ပံ့မှုဖြင့် ထိုင်း၏သစ်သီးတင်ပို့မှုမှ နှစ်စဉ် THB ဘီလီယံ ၅၀၀ (US$၁၅ ဘီလီယံ) အထိ ဝင်ငွေရရှိနိုင်မည်ဟုဆိုသည်။ လက်ရှိတွင် THB ဘီလီယံ ၂၀၀-၃၀၀ သာရရှိနေသည်။

Lisa (၂၈ နှစ်) သည် ၂၀၁၆ ခုနှစ်တွင် Blackpink အဖွဲ့နှင့် စတင်အောင်မြင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် "Lalisa" အယ်လ်ဘမ်ဖြင့် တစ်ကိုယ်တော် လမ်းကြောင်းကို စတင်ခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက -၂

မလေးရှား ရေကြောင်း၊ လေကြောင်းပြပွဲတွင် ရုရှားထုတ် စစ်လက်နက်များ ပြသမည်

ရုရှား၏ နိုင်ငံပိုင်လက်နက်ရောင်းချရေးကုမ္ပဏီ Rosoboronexport သည် မလေးရှားနိုင်ငံတွင် ကျင်းပမည့် LIMA 2025 အပြည်ပြည်ဆိုင်ရာ ရေကြောင်းနှင့်လေကြောင်းပြပွဲတွင် စစ်မြေပြင်တွင် စမ်းသပ်ပြီးသား လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများကို ပြသသွားမည်ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက မေလ ၁၉ ရက်တွင် ထုတ်ပြန်လိုက်ပါသည်။

လေကြောင်းကာကွယ်ရေးကဏ္ဍတွင် ရုရှားထုတ် အဆင့်မြင့် မြေပြင်မှ လေပစ်ဒုံးကျည်စနစ်များ (SAM)၊ ရုရှား၏ Almaz-Antey Group မှ ဒီဇိုင်း ရေးဆွဲထုတ်လုပ်ထားသော အဝေးပစ် Antey-4000 နှင့် အလတ်စား S-350E Vityaz၊ Viking လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်များ၊ အနီးပစ် လေကြောင်းကာကွယ်ရေးအတွက် Pantsir-S1M၊ Pantsir-SMD-E လက်နက်စနစ်များနှင့် Verba လက်ကိုင်လေကြောင်း ကာကွယ်ရေး ဒုံးကျည်စနစ်များကို ပြသမည်ဖြစ်သည်။ 

ထို့ပြင် ဒရုန်းနှင့် တိကျသောလက်နက်များကို ကာကွယ်နိုင်သည့် အီလက် ထရွန်းနစ် စစ်ဆင်ရေးစနစ်များ၊ Kub-E လေယာဉ်ပျံသန်းစေနိုင်သော ဗုံးများ၊ Orlan-10E နှင့် Skat-350M စောင့်ကြည့်ရေးဒရုန်းများကိုလည်း ပြသသွားမည်ဖြစ်ပြီး စစ်ဘက်နှင့် အထူးရဲတပ်ဖွဲ့လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည်ဟု ၎င်းက ဆိုထားပါသည်။

ကိုးကား -TASS

ဘန်ကောက်-ကွာလာလမ်ပူ တိုက်ရိုက်ရထားခရီးစဉ် ယခုနှစ်အတွင်း ပြန်လည်ဖွင့်လှစ်မည်

မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ကွာလာလမ်ပူနှင့် ဘန်ကောက်မြို့တော်များအကြား တိုက်ရိုက် ရထားလမ်း ပြန်လည် ဖွင့်လှစ်ရန် အစီအစဉ်များကို အတည်ပြုခဲ့သည်။

The Independent သတင်းဌာနအရ မလေးရှားသယ်ယူ ပို့ဆောင်ရေး ဝန်ကြီး Anthony Loke Siew Fook သည် ထိုင်းနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး Suriya Juangroongruangkit တို့နှင့် အဆိုပါအစီအစဉ်ဆွေးနွေးရန် တွေ့ဆုံခဲ့သည်။

Loke က မလေးရှား၏ အဓိကရထားလုပ်ငန်းလုပ်ကိုင်သူ Keretapi Tanah Melayu Berhad (KTMB) နှင့် ထိုင်းနိုင်ငံ၏ နိုင်ငံပိုင် ရထားလုပ်ငန်း State Railway of Thailand (SRT) တို့အား နယ်စပ်ဖြတ်ကျော်ရထားလမ်းကို ပြန်လည်ဖွင့်လှစ်ရန် တာဝန်ပေးအပ်ထားကြောင်း ကြေညာ ခဲ့သည်။ အဆိုပါ လမ်းကြောင်းသည် မြို့နှစ်မြို့ကို ဆက်သွယ်ထားသောရှိနှင့်ထားပြီးသော ရထားလမ်းအခြေခံအဆောက်အအုံကို အသုံးပြုမည် ဖြစ်သည်။

မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke က Bernama သတင်းဌာနအား “ထိုလုပ်ငန်းအတွက် ရထားလမ်းအသစ် တည်ဆောက်ရန် မလိုအပ်သော်လည်း နှစ်နိုင်ငံအကြား ညှိနှိုင်းမှု၊ ပူးပေါင်းစျေးကွက် ရှာဖွေရေးနှင့် ပူးတွဲလက်မှတ်ရောင်းချမှုများ လိုအပ်ပါသည်” ဟု ပြောကြားခဲ့သည်။

ပြန်လည်ဖွင့်လှစ်မည့် ရထားလိုင်းသည် ခရီးသည်များအား ဘန်ကောက်နှင့် ကွာလာလမ်ပူအကြား ရထားလဲစီးစရာမလိုအပ်ဘဲ ခရီးသွားနိုင်မည်ဖြစ်သည်။ သို့သော် ခရီးသွားချိန်ကြာမြင့်မှုနှင့် လက်မှတ်စျေးနှုန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ယခုအချိန်ထိ အတည်မပြုရသေးပါ။

ထိုင်းနိုင်ငံ၏ SRT ရထားလုပ်ငန်းသည် ယခင်က ဘန်ကောက်မှ ကွာလာလမ်ပူအနီး Butterworth အထိ အမြန်ရထားလိုင်းကို လုပ်ကိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် အဆိုပါလမ်းကြောင်းကို ရပ်နားခဲ့ပြီး ယခုအခါ ထိုင်း-မလေးရှားနယ်စပ်ရှိ Padang Besar ဘူတာအထိသာ သွားရောက်နိုင်ပါသည်။

မလေးရှား၏ Ipoh–Padang Besar Electrified Double Track Project (EDTP) ပြီးစီးချိန်တွင် ထိုင်း၏ ဒီဇယ်ရထားများသည် Padang Besar နယ်စပ်ဘူတာကို ကျော်ဖြတ်၍ မသွားနိုင်တော့သဖြင့် အဆိုပါ လမ်းကြောင်း ကို ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် မောင်းသူမဲ့ကားများ ၂၀၂၇ ခုနှစ်တွင် စတင် အသုံးပြု နိုင်မည် ဖြစ်သော်လည်း Uber ကုမ္ပဏီက ၎င်းတို့သည် ယခုပင် အဆင်သင့် ဖြစ်နေပြီဟု ပြော

Uber က ဗြိတိန်တွင် မောင်းသူမဲ့တက္ကစီများ ယခုအချိန်မှစ၍ “အဆင်သင့်ဖြစ်နေပြီ” ဟု ကြေညာသော်လည်း အစိုးရက လုံးဝအလိုအလျောက် မောင်းနိုင်သောယာဉ်များအား အတည်ပြုရန် ရက်စွဲကို နောက်ဆုတ် လိုက်သည်။

ယခင်အစိုးရလက်ထက်က လုံးဝအလိုအလျောက် မောင်းနိုင်သည့်ကားများကို “၂၀၂၆ ခုနှစ်အတွင်း လမ်းများပေါ်တွင် မြင်တွေ့ရမည်” ဟု မျှော်မှန်းခဲ့သော်လည်း အသစ်ဖွဲ့စည်းထားသောအစိုးရက ယခုအခါ ၎င်းတို့ကို ၂၀၂၇ ခုနှစ် ဒုတိယခြောက်လပတ်မှသာ စတင်မြင်တွေ့ နိုင်မည်ဟု ပြောဆိုလိုက်သည်။

ဗြိတိန်လမ်းများပေါ်တွင် အကန့်အသတ်ဖြင့် အလိုအလျောက် မောင်းနိုင်သောနည်းပညာကို အသုံးပြုခွင့်ပြုထားသော်လည်း ထိုယာဉ်တွင် လူသားမောင်းသူတစ်ဦး ရှိနေရမည်ဖြစ်ပြီး အလိုအလျောက် နည်းပညာကို အသုံးပြုနေစဉ်တွင် ယာဉ်အား တာဝန်ယူရမည်ဖြစ်သည်။

“စည်းမျဉ်းစည်းကမ်းဆိုင်ရာ အခြေအနေများ အဆင်သင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် ဗြိတိန်မှာ ရိုဘိုတက္ကစီဝန်ဆောင်မှုကို ချက်ချင်း စတင်နိုင်ပါပြီ” ဟု Uber ၏ အမြင့်ဆုံးအဆင့် ရွေ့လျားမှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ အန်ဒရူးမက်ဒေါ်နယ် က ပြောကြားခဲ့သည်။ 

အွန်လိုင်းတက္ကစီအပ်ပလီကေးရှင်းဖြင့် အခကြေးငွေယူသော Uber ကုမ္ပဏီသည် Wayve အပါအဝင် အလိုအလျောက်မောင်းယာဉ် နည်းပညာကုမ္ပဏီ ၁၈ ခုနှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။

ယခုအခါ အမေရိကန်ပြည်ထောင်စု၌ ရိုဘိုတက္ကစီများ စတင်မိတ်ဆက်နေသော ကုမ္ပဏီများစွာထဲမှ Uber လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ထို့အပြင် တရုတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် စင်္ကာပူနိုင်ငံတို့တွင်လည်း ယခုနှစ်များအတွင်း ရိုဘိုတက္ကစီများ စမ်းသပ်မောင်းနှင်နေပြီဖြစ်သည်။

မက်ဒေါ်နယ်က ဗြိတိန်သည် ကမ္ဘာ့နိုင်ငံအချို့နှင့်နှိုင်းယှဉ်လျှင် နည်းပညာ နောက်ကျနေသည်ဆိုသည့် အချက်ကိုသဘောမတူဘဲ၊ အမေရိကန်နှင့် တရုတ်တို့သာ ဦးဆောင်နေရခြင်းမှာ ထိုနိုင်ငံများတွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာ အများစု တည်ထောင်ဖွင့်လှစ်ထားခြင်းကြောင့်သာ ဖြစ်သည်ဟု ငြင်းဆိုခဲ့သည်။

ကိုးကား- BBC