အာကာသအတွင်း ကမ္ဘာ့ပထမဆုံးထိပ်တန်းကွန်ပျူတာစနစ်ကို တည်ဆောက်ရန် တရုတ်က ဂြိုဟ်တု များလွှတ်တင်

News Image

  • အာကာသအတွင်း ကမ္ဘာ့ပထမဆုံးထိပ်တန်းကွန်ပျူတာစနစ်ကို တည်ဆောက်ရန် တရုတ်က ဂြိုဟ်တု များလွှတ်တင်

ပေကျင်း၊ နည်းပညာ 

တရုတ်နိုင်ငံသည် အာကာသအတွင်း ကမ္ဘာ့ပထမဆုံးသော ထိပ်တန်းကွန်ပျူတာစနစ်ကိုတည်ဆောက်ရန် ဂြိုဟ်တုများကိုလွှတ်တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယခုလွှတ်တင်သော ဂြိုဟ်တုများသည် ထိပ်တန်းကွန်ပျူတာစနစ်အတွက် ပထမအသုတ်ဖြစ်သည်။ အသိဉာဏ်မြင့်မားသောတွက်ချက်မှု စနစ်များနှင့် ဂြိုဟ်တုအချင်းချင်းဆက်သွယ်ရေးကွန်ရက်များပါဝင်သည့် ဂြိုဟ် တု ၁၂ လုံးကို Long March 2D ဒုံးပျံဖြင့် တင်ဆောင်၍ မေလ ၁၄ ရက်မွန်းလွဲပိုင်း တွင်လွှတ်တင်လိုက်ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာတစ်စောင်က ဖော်ပြ ထားသည်။ အဆိုပါထိပ်တန်းကွန်ပျူတာစနစ်ကို အပိုင်းသုံးပိုင်းဖြင့်တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းသို့တည်ဆောက်မှုပြီးစီးပါက ထိုစနစ်သည် မြေပြင်ရှိထိပ်တန်းကွန်ပျူ တာများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည် ဖြစ်ကာ လိုချင်သည့်အချက်အလက်များ ကို အချိန်နှင့်တစ်ပြေးညီထုတ်ပေးနိုင် မည်ဖြစ်ကြောင်းနှင့် ၎င်း၏လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းသည် တစ်စက္ကန့်လျှင် လုပ်ငန်းလုပ်ဆောင်နိုင်မှုပေါင်း ၁ ကွင်တီ လီယံအထိရှိကြောင်း သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။ အာကာသအတွင်း အချက်အလက် ဆိုင်ရာဗဟိုဌာနများကို တည်ဆောက်ရာတွင် လည်ပတ်ရန်လိုအပ်သောစွမ်းအင် ကို နေရောင်ခြည်မှရယူကာ အပူကိုလည်း အာကာသအတွင်းသို့စွန့်ထုတ်နိုင်သဖြင့် စွမ်းအင်လိုအပ်ချက်နှင့် ကာဗွန်ဓာတ်ငွေ့ ထွက်ရှိမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

Ref: SCMP

Source: https://myawady.net.mm/