နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ကိုယ်စားလှယ် အဖွဲ့ သည် လာမည့် သီတင်းနှစ်ပတ်အတွင်း အီရန်နိုင်ငံသို့ လာရောက်၍ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်ရန် နည်းလမ်းများကိုဆွေးနွေးကြမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Esmail Baghaei က ပြောကြားလိုက်ပါသည်။

IAEA အရာရှိအချို့သည် လာမည့်နှစ်ပတ်အတွင်း အီရန်နိုင်ငံသို့ လာရောက်ရန် ခရီးစဉ်များ ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း၊ နှစ်ဘက် အဖွဲ့အစည်းအကြား နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍများကို ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက အပတ်စဉ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြား ထားပါသည်။ ၎င်း၏ ပြောကြားချက်အရ အီရန်အနေဖြင့် IAEA နှင့်ပူးပေါင်းဆောင်ရွက်မှုအတွက် ရွေးချယ်စရာနည်းလမ်းများကို အီရန် ပါလီမန်က အတည်ပြုခဲ့သော ဥပဒေသစ်အရ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း သိရသည်။
ဇူလိုင် ၂ ရက်တွင် အီရန်သမ္မတ Masoud Pezeshkian သည် ပါလီမန်မှ ရေးဆွဲခဲ့သော IAEA နှင့် တီဟီရန်တို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ဆိုင်းငံ့လိုက်သည့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
ကိုးကား- TASS
Photo: Arab News PK
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း Baden-Wurttemberg ပြည်နယ်တွင် ရထားမတော်တဆမှုဖြစ်ပွားကာ လူသုံးဦး သေဆုံးခဲ့ကြောင်း Bild သတင်းစာက ရဲတပ်ဖွဲ့၏ အချက်အလက်များကို ကိုးကား၍ ဖော်ပြ ခဲ့သည်။ Ulm မြို့၏ အနောက်ဘက် ကီလိုမီတာ ၅၀ အကွာ သစ်တော ဧရိယာတွင် တနင်္ဂနွေ (ဇူလိုင် ၂၇) ညနေ၌ ရထားလမ်းချော်မှု ဖြစ်ပွား ခဲ့စဉ် ခရီးသည် ၁၀၀ ခန့် လိုက်ပါလာခဲ့ကြောင်း သိရှိရသည်။

ဒေသဆိုင်ရာ ဝန်ကြီး Thomas Strobl က သတင်းထောက်များအား ဒါဇင်နှင့်ချီသော လူများ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ရထားပေါ်ပါ လူအားလုံး ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီးဖြစ်သော်လည်း အချို့သည် ရထား တွဲများအောက်တွင် ပိတ်မိနေနိုင်ကြောင်း ပြောကြားခဲ့သည်။
ဒေသခံမီဒီယာများက ဒဏ်ရာရသူ ၃၄ ဦးရှိကြောင်း ဖော်ပြခဲ့ပြီး သုံးဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။ အာဏာပိုင်များ က ထိခိုက်သေဆုံးမှုအခြေအနေများနှင့်ပတ်သက်၍ မှတ်ချက်မပြုခဲ့ပေ။ ဝန်ကြီးချုပ် Friedrich Merz က သေဆုံးသူများ၏ မိသားစုများထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် များစွာ စိတ်ထိခိုက်ရကြောင်း ပြောကြားခဲ့သည်။
ရထားလမ်းချော်မှုဖြစ်ပွားခဲ့သည်မှာ Ulm မြို့သို့သွားမည့် ဒေသတွင်း အမြန်ရထား (regional express) တစ်စင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့အများအပြားနှင့် ရဟတ်ယာဉ် အနည်းဆုံး ခြောက်စင်းကို ဖြစ်စဉ်နေရာသို့ စေလွှတ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါမတော်တဆမှု၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရ သေးဘဲ Bild ၏ ဖော်ပြချက်အရ ဖြစ်စဉ်မတိုင်မီက ယင်းဒေသတွင်ပြင်းထန်သော မုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများရှိခဲ့သည်ဟု သိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားနိုင်ငံသည် မော်စကိုမြို့မှ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းသို့ တိုက်ရိုက်ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခြင်းကို တနင်္ဂနွေနေ့တွင် စတင်တော့မည်ဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။
မြို့တော်များအကြား ပုံမှန်လေကြောင်းခရီးစဉ်များ စတင်ခြင်းသည် ၁၉၉၀ ပြည့်လွန်အလယ်ပိုင်းနှစ်များနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ရုရှားလေကြောင်းဘလော့ဂ်များက ပြောကြားခဲ့သည်။ ဇွန်လတွင် စတင်ခဲ့သည့် မော်စကို-ပြုံယမ်း ခရီးသည်တင်ရထားများ ပြန်လည်ပြေးဆွဲခဲ့ပြီးနောက်ဤလေကြောင်းခရီးစဉ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။

လေဆိပ်၏ အချိန်ဇယားအရ ပထမဆုံးလေယာဉ်ခရီးစဉ်သည် Sheremetyevo လေဆိပ်မှ ည ၇ နာရီတွင် ထွက်ခွာမည်ဖြစ်သည်။
၈ နာရီကြာပျံသန်းမည့် ခရီးစဉ်ကို ခရီးသည် ၄၄၀ တင်ဆောင်နိုင်သည့် ဘိုးရင်း ၇၇၇-၂၀၀အီးအာရ် အမျိုးအစားလေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း ရုရှား၏ အာရ်အိုင်အေသတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ လေယာဉ်လက်မှတ်များကို တစ်စောင်လျှင် ၅၆၃ ဒေါ်လာဖြင့် စတင်ရောင်းချခဲ့ပြီး ပထမဆုံး ခရီးစဉ်လက်မှတ်များသည် အလျင်အမြန်ပင် ရောင်းထွက်ခဲ့သည်ဟုလည်း အာရ်အိုင်အေက ဖော်ပြခဲ့သည်။
ရုရှားမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့သည် မော်စကိုနှင့် ပြုံယမ်းခရီးစဉ်ကို တစ်ပတ်နှစ်ကြိမ် ပြေးဆွဲရန် Nordwind လေကြောင်းလိုင်းကို ခွင့်ပြုချက်ပေးထားသည်။ ပို့ဆောင်ရေးဝန်ကြီးဌာနကလည်း ခရီးစဉ်လိုအပ်ချက် တည်ငြိမ်စေရန်အတွက် ယခုအခါ တစ်လလျှင်တစ်ကြိမ် ပျံသန်းပြေးဆွဲပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပြောကြားခဲ့သည်။
Ref: အယ်အာရေဗျ အင်္ဂလစ်ရှ်
Popular Myanmar

အမေရိကန်အာမခံကုမ္ပဏီ SquareTrade ၏ စစ်တမ်းအချက်အလက် များအရ ဥရောပတစ်ခွင်တွင် ဖုန်းခိုးယူခံရမှုအာမခံတောင်းခံသည့် အမှု ၅ ခုတွင် ၂ ခုမှာ ဗြိတိန်မှဖြစ်ကြောင်း The Times သတင်းစာက ဖော်ပြ ခဲ့သည်။ ဗြိတိန်နိုင်ငံတွင်ဖြစ်ပွားသော မိုဘိုင်းလ်ဖုန်းခိုးယူခံရမှုများ၏တစ်ဝက်နီးပါးမှာ လန်ဒန်တွင်သာ ဖြစ်ပွားနေပြီး SquareTrade ၏ ဥရောပ ဈေးကွက် ၁၂ ခုအတွင်း စုဆောင်းထားသော အချက်အလက်များ အရ ဗြိတိန်သည် အာမခံထားရှိသူ ၁၀% သာရှိသော်လည်း ဥရောပ တစ်ခွင်ဖုန်းခိုးယူခံရမှု၏ ၃၉% ကို ဗြိတိန်က ဦးဆောင်နေသည်ဟု ဆိုသည်။

အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဇွန်လမှစတင်၍ ဗြိတိန်တွင် ဖုန်းခိုးယူခံရမှု အာမခံတောင်းခံမှုများ ၄၂၅% အထိ မြင့်တက်လာခဲ့ပြီး ထိုအမှုများ၏ ၄၂% မှာ လန်ဒန်တွင်ဖြစ်ပွားခဲ့သည်။ အဆိုပါပမာဏသည် ဥရောပ ဒေသ တစ်ခုလုံး၏ ဖုန်းခိုးယူခံရမှု ၁၆% နှင့်ညီမျှပြီး ဘာမင်ဂမ်သည် ဖုန်း ခိုးယူ ခံရမှု ဒုတိယအများဆုံး ဖြစ်ပွားရာမြို့ဖြစ်သည်။ ထို့အပြင် ဗြိတိန်တွင် ဖုန်းခိုးယူမှုများသည် နွေရာသီနှင့် ခရစ်စမတ်ကာလများတွင် အထူးသဖြင့် ခရီးသွားလာမှုများ၊ ပွဲတော်များနှင့် ဈေးဝယ်ထွက်သည့်အချိန်များတွင် ပိုမိုမြင့်တက်လေ့ရှိသည်။
ထိုတွေ့ရှိချက်များကို အင်္ဂလန်နှင့် ဝေလပြည်နယ်၏ ရာဇဝတ်မှုဆိုင်ရာ တရားဝင်စစ်တမ်းများက ထောက်ခံထားပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ကုန်အထိ တစ်နှစ်အတွင်း ပစ္စည်းခိုးယူခံရမှု ၅၀% တိုးလာပြီး အမှုပေါင်း ၄၈၃,၀၀၀ မှု ဖြစ်ပွားခဲ့ကာ ထိုအမှုများတွင် မိုဘိုင်းလ်ဖုန်းခိုးယူခံရမှု အများဆုံးဖြစ်သည်။
Compare the Market ၏ သုတေသနအရ ၂၀၂၄ ခုနှစ်အတွင်း လန်ဒန် တွင် ဖုန်း ၇၀,၀၀၀ ကျော် (တစ်ပတ်လျှင် ၁,၃၄၉ လုံး) ခိုးခံခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။ အကယ်၍ ထိုဖုန်းများကို နောက်ဆုံးပေါ် မော်ဒယ် များနှင့် အစားထိုးတွက်ချက်ပါက စုစုပေါင်း ပေါင် သန်း ၇၀ (အမေရိကန် ဒေါ်လာ သန်း ၉၀ ခန့်) အထိ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။ မက်ထရိုပိုလစ်တန် ရဲတပ်ဖွဲ့ (Met Police) ၏ အချက်အလက်များအရ လန်ဒန်ရှိ ဖုန်းခိုးမှု ၄၀% နီးပါးသည် ဝက်စ်မင်စတာ နှင့် ဝက်စ်အင်း ဒေသများတွင် ဖြစ်ပွားခဲ့ပြီး မိုဘိုင်းလ်ဖုန်းခိုးမှုသည် ရာဇဝတ်ဂိုဏ်းများ အတွက် တစ်နှစ်လျှင် ပေါင် သန်း ၅၀ (ဒေါ်လာ ၆၄ သန်း) ကျော် ဝင်ငွေ ရသည့် လုပ်ငန်းတစ်ခုဖြစ်နေကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။
ဖုန်းခိုးယူခံရမှုများ မြင့်တက်လာခြင်းသည် ဗြိတိန်၏ စီးပွားရေး အကျပ် အတည်းနှင့် လူနေမှုအဆင့်အတန်း ကျဆင်းမှု နှင့် ဆက်စပ်နေသည်။ အမျိုးသား စီးပွားရေးနှင့် လူမှုရေး သုတေသနအဖွဲ့ (NIESR) ၏ အဆို အရ ဗြိတိန်သည် လစာမြင့်မားသော နိုင်ငံမဟုတ်သကဲ့သို့ လူမှုဖူလုံရေး အထောက်အပံ့ ကောင်းမွန်သော နိုင်ငံလည်း မဟုတ်ဘဲ လူသန်းပေါင်း များစွာသည် နိမ့်ပါးသော လုပ်ခလစာနှင့် မလုံလောက်သော အထောက် အပံ့များကြား ရပ်တည်နေရသည်။
ထို့အပြင် ဗြိတိန်သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာကို ကြာမြင့်စွာ ရင်ဆိုင်နေရပြီး အချို့သော ဖုန်းခိုးမှုနှင့် ဂိုဏ်းများ၏ လှုပ်ရှားမှု တိုးလာခြင်းသည် ပြစ်မှုကွန်ရက်များမှ တရားမဝင် နေထိုင်သူများနှင့် ဆက်စပ်နေသည်ဟု အရာရှိများက ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲမှု (US National Aeronautics and Space Administration - NASA) သည် အေဂျင်စီ၏ ဝန်ထမ်းအင်အား ၃၇၈၀ ကို လျှော့ချရန် ဖြစ်ပြီး စုစုပေါင်း ဝန်ထမ်း ၁၄,၀၀၀ ခန့်ဖြင့် လုပ်ငန်းလည်ပတ်ရန် စီစဉ်နေကြောင်း အဆိုပါ အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Cheryl Warner က TASS သို့ ပြောကြားလိုက် ပါသည်။

NASA အနေဖြင့် လနှင့် အင်္ဂါဂြိုလ်တို့အပါအဝင် စူးစမ်းရှာဖွေရေးနှင့် အာကာသဆိုင်ရာ ဆန်းသစ်တီထွင်မှုရွှေခေတ်ကို အပြည့်အဝ ဆက်လက် လျှောက်လှမ်းနိုင်အောင် ပိုမိုထိရောက်သော အဖွဲ့အစည်းဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည် Warner က ပြောကြားထားပါသည်။
ဝန်ထမ်း ၃,၇၈၀ ဦး (NASA ၏ ဝန်ထမ်းအင်အား ၂၁ %) က လတ်တလော ဆိုင်းငံ့ထားသော အလုပ်နုတ်ထွက်ခြင်း အစီအစဉ် ၂ ခုတွင် ပါဝင်ရန် သဘောတူညီခဲ့ကြပြီဖြစ်ကြောင်း Warner မှ မှတ်ချက်ပြု ပြောကြားထားပါသည်။ ထိုဝန်ထမ်းများအား လျော်ကြေးငွေပေးချေခြင်း သို့တည်းမဟုတ် အခြားအခွင့်အရေးများ ပေးဆောင်ကာ ၎င်းတို့ဆန္ဒအလျောက် နုတ်ထွက်ခွင့်ကို ခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။
အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အေဂျင်စီများစွာရှိ ဝန်ထမ်းအင်အား လျှော့ချမှုလုပ်ငန်းစဉ်ကို စတင် လုပ်ဆောင်ခဲ့ပါသည်။ ထိုစဉ်က အစိုးရစွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) ကို စီးပွားရေးလုပ်ငန်းရှင် Elon Musk က တက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့ပါသည်။

အစ္စရေးစစ်တပ်က ဂါဇာရှိ ငတ်မွတ်ခေါင်းပါးမှုအကျပ်အတည်းကို သက်သာ စေရန်အတွက် ဂါဇာကမ်းမြောင်ဒေသသို့ လေကြောင်းမှ အထောက်အပံ့ များ ပြန်လည်ချပေးရန် ကြေညာခဲ့သည်။ ဇူလိုင် ၂၆ ရက်ထုတ်ပြန်ချက် တွင် အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် ဂျုံမှုန့်၊ သကြားနှင့် စည်သွတ်ဘူးများအပါအဝင် အထောက်အပံ့ ၇ မျိုးကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ လေကြောင်းမှချပေးမည်ဟု ကြေညာခဲ့ပြီး ပါလက်စတိုင်းဘက်ကလည်း ဂါဇာမြောက်ပိုင်းတွင် အထောက်အပံ့များ စတင်ချပေးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) က အထောက်အပံ့ချပေးမှုကို ပြန်လည်စတင်မည်ဟု ကြေညာခဲ့ပြီး ဗြိတိန်ကလည်း ဂျော်ဒန် အပါအဝင် မိတ်ဖက်များနှင့် ပူးပေါင်း၍ အကူအညီများ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ IDF က ကုလသမဂ္ဂ၏ အထောက်အပံ့ ကုန်တင်ကား များ လုံခြုံစွာသွားလာနိုင်ရန်အတွက် ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက လူဦးရေသိပ်သည်းသည့် နေရာ များတွင် လူသားချင်းစာနာထောက်ထားမှုအရ စစ်ဆင်ရေး လုပ်ငန်းများ ကို ယာယီရပ်နားမည် ဟု ကြေညာခဲ့သည်။ အဆိုပါဆောင်ရွက်မှုသည် နိုင်ငံတကာ ဖိအားများ တိုးမြင့်လာခြင်းနှင့် ဂါဇာကမ်းမြောင်တွင် ငတ်မွတ်ခေါင်းပါးမှု ကျယ်ပြန့်စွာဖြစ်ပွားနိုင်ကြောင်း သတိပေးချက် များကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော လများအတွင်း အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် ဂါဇာသို့ အထောက်အပံ့များ စီးဆင်းမှုကို ကန့်သတ်ခဲ့သည်။ ဂါဇာ ကျန်းမာရေး အာဏာပိုင်များ၏ အဆိုအရ လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း ပါလက်စတိုင်းနိုင်ငံသား ဒါဇင်နှင့်ချီ၍ အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးခဲ့သည်။ နှစ်နှစ်ကြာ ပဋိပက္ခတွင် အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးသူ ၁၂၇ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၈၅ ဦးမှာ ကလေးများဖြစ်သည်။
ဇူလိုင် ၂၃ ရက်တွင် အထောက်အပံ့အဖွဲ့အစည်း ၁၀၀ ကျော်က ဂါဇာ တစ်လျှောက် ငတ်မွတ်ခေါင်းပါးမှု ကျယ်ပြန့်စွာဖြစ်ပွားနိုင်ကြောင်း သတိ ပေးခဲ့သည်။ IDF က ရေငန်သန့်စင်သည့်စက်ရုံတစ်ရုံသို့ လျှပ်စစ် ဓာတ်အားလိုင်းများ ချိတ်ဆက်ပေးခဲ့ပြီး ၎င်းစက်ရုံမှ တစ်နေ့လျှင် လူဦးရေ ၉၀၀,၀၀၀ ခန့်၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်မှန်းထားသည်။
ကိုးကား- VN Express

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အနီးတွင် သံရုံးအတုဖွင့်လှစ်ခဲ့သည့် စီးပွားရေးသမားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းသိရသည်။
အိန္ဒိယရဲတပ်ဖွဲ့သည် အသက် ၄၅ နှစ်အရွယ် ဟာ့ရှ်ဗာဒန်ဂျိန်းအမည်ရှိ အမျိုးသားတစ်ဦးအား လက်တွေ့တွင် တကယ်မရှိသည့် နိုင်ငံများအား ကိုယ်စားပြုသည့် သံရုံးအတု ဖွင့်လှစ်မှုဖြင့် ဂါဇီယာဘတ်မြို့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၂၄ ရက်တွင် ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ဗာဒန်ဂျိန်းသည် အနောက်အာဖရိကရှိ နိုင်ငံအတုများဖြစ်သည့် ဆာဘော်ဂါ၊ ပူဗီယားနှင့် လန်ဒန်နီးယား စသည့်နိုင်ငံများ၏ သံအမတ်သို့မဟုတ် ကောင်စစ်ဝန်အဖြစ် ဟန်ဆောင်ခဲ့ပြီး ငှားရမ်းထားသည့် ၎င်း၏နေအိမ်တွင်လည်း သံမှူးအဆောင်အယောင်များကို နေအိမ်တွင် ချိတ်ဆွဲဖော်ပြထားကြောင်း အွတ်တာပရာဒေ့ရှ်ပြည်နယ် အထူးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ထို့ပြင် ဗာဒန်ဂျိန်းသည် ၎င်းနေထိုင်သည့် နေအိမ်တွင်လည်း တကယ်မရှိသည့် အလံများကို လွှင့်ထူထားပြီး စာရွက်စာတမ်းအတုများနှင့် လိမ်လည်မှုများကို လုပ်ဆောင်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။
ရဲတပ်ဖွဲ့သည် ၎င်းအား ဖမ်းဆီးစဉ် ၎င်း၏နေအိမ်အတွင်း၌ သံအမှုထမ်း နံပါတ်ပြားတပ် မော်တော်ကားလေးစင်း၊ နံပါတ်ပြားအတု ၂၀ ခု၊ သံအမှုထမ်းများကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ်အတု ၁၂ ခု၊ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် အသိအမှတ်ပြုထားသည့် သက်သေအထောက်အထား အတုများနှင့် အခြားစာရွက်စာတမ်းများကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
MWD Web Portal

ဗီယက်နမ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု လော့ဟိမာတင်ကုမ္ပဏီမှ Sikorsky ရဟတ်ယာဉ်နှစ်စင်းဝယ်ယူရန် ဗီယက်နမ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနက သဘောတူညီလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးဌာနနှင့် နီးစပ်သူများကပြောသည်။

ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် အဆိုပါရဟတ်ယာဉ်များ ဝယ်ယူနိုင်ရေး အတွက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ အမေရိကန်အစိုးရနှင့် ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ဗီယက်နမ်နိုင်ငံသို့ ကာကွယ်ရေးပစ္စည်းများ တင်ပို့ရောင်းချခြင်းကို လွန်ခဲ့သည့်ဆယ်စုနှစ် တစ်ခုခန့်မှစ၍ ဖြေလျှော့ပေးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင် လာခြင်းဖြစ်သည်။
ထို့ပြင် လော့ဟိမာတင်ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံသို့ C-130 အမျိုးအစား စစ်ဘက်သုံးသယ်ယူ ပို့ဆောင်ရေးလေယာဉ်များ ရောင်းချရေးနှင့်စပ်လျဉ်း၍ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနနှင့် စေ့စပ်ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။
တစ်ချိန်တည်းမှာပင် အဆိုပါ Sikorsky ရဟတ်ယာဉ်များ မောင်းနှင်ပျံသန်းနိုင်ရေး အတွက် လောဟိမာတင်ကုမ္ပဏီက ဗီယက်နမ် လေယာဉ်မှူးများအား လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း နီးစပ်သည့် အရင်းအမြစ် များကပြောသည်။ ဗီယက်နမ်နှင့် အမေရိကန်လော့ဟိမာတင် ကုမ္ပဏီတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် ကာကွယ်ရေးပစ္စည်း လွှဲပြောင်းပေးရေး သဘောတူညီချက်သည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရှိပြီး နောက်ပိုင်းတွင် ရဟတ်ယာဉ်များ ပိုမိုဝယ်ယူရေး သဘောတူညီချက်လည်း ပါဝင်ဖွယ်ရှိသည်။

ဒိုဟာတွင် ကျင်းပခဲ့သော နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက် ဂါဇာဒေသအတွက် စစ်ရပ်စဲရေး မျှော်လင့်ချက် များ မှေးမှိန်လာခဲ့သည်။ အစ္စရေးနှင့် ဟားမက်တို့အကြား ဇွန်လက မူကြမ်း သဘောတူညီချက်အရ ၆၀ ရက်ကြာ ယာယီစစ်ရပ်စဲရေးနှင့် ဓားစာခံလဲလှယ်မှုများ ပါဝင်သော်လည်း ဟားမက်က အစ္စရေး၏ အကူအညီ ဖြန့်ဖြူးရေးယန္တရားကို ကန့်ကွက်ကာ စစ်ပွဲအဆုံးသတ်ရန် တောင်းဆိုခဲ့သည်။

ဇူလိုင် ၂၅ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က ၎င်းတို့၏ ညှိနှိုင်းရေး အဖွဲ့များကို ဒိုဟာမှ ရုပ်သိမ်းခဲ့ပြီး ဟားမက်အား "စစ်ရပ်စဲရေးကို မလိုလား" ဟု စွပ်စွဲခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "ဟားမက်သည် သဘောတူညီချက်မပြုလိုဘဲ အားလုံး သေကြေပျက်စီးမည့် နည်းလမ်း ကိုသာ ရွေးချယ်နေသည်"ဟု ဝေဖန်ခဲ့ပြီး ဟားမက်ဘက်မှ အကြီးတန်း ခေါင်းဆောင် Bassem Naim ကမူ အမေရိကန်က "အစ္စရေး၏ အကျိုးစီးပွား ကိုသာ ဦးစားပေး"သည်ဟု တုန့်ပြန်ခဲ့သည်။
ဂါဇာတွင် ဂါဇာလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေအဖွဲ့ (GHF) ၏ အစားအစာဖြန့်ဖြူးရေးစင်တာများသို့ သွားရောက်စဉ် ပြည်သူ ၁,၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသခံကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန် ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများက ထိခိုက်သေဆုံးမှုများကြောင့် အဆိုပါ ဖြန့်ဖြူးမှုစနစ်ကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ အစ္စရေးဘက်က အကူအညီ များ တိုးမြှင့်ဝင်ရောက်ခွင့်ပြုသော်လည်း ကုလသမဂ္ဂနှင့် ပဋိပက္ခဒေသ သို့ အကူအညီပို့ဆောင်ရန် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှု ကင်းမဲ့ နေဆဲ ဖြစ်သည်။
UNRWA ၏ အစီရင်ခံစာအရ ဂါဇာတွင် ကလေး ၅ ဦးတွင် ၁ ဦးသည် အာဟာရချို့တဲ့နေပြီး ဆေးရုံဝန်ထမ်းများစွာသည်ပင် "တစ်နေ့လျှင် ပဲဟင်းတစ်ခွက်သာ စားနိုင်"သည့် အခြေအနေဖြစ်နေသည်။ လွန်ခဲ့သော ၄ ရက်အတွင်း အငတ်ဘေးကြောင့် လူ ၄၅ ဦး သေဆုံးခဲ့ပြီး ဂါဇာတစ်ခွင် "ငတ်မွတ်ခေါင်းပါးမှုသည် တိတ်တဆိတ် ကူးစက်နေ"ကြောင်း UNRWA ညွှန်ကြားရေးမှူး Philippe Lazzarini က သတိပေးခဲ့သည်။

အီလွန်မက် (Elon Musk) ၏ Starlink ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှု သည် ကမ္ဘာတစ်ဝှမ်း ချို့ယွင်းမှုဖြစ်ပွားခဲ့ပြီး ET (အရှေ့အမေရိက စံတော်ချိန်) နေ့လယ် ၃:၁၃ နာရီ (GMT ညနေ ၇:၁၃) တွင် ကွန်ရက် ချို့ယွင်းသွားကြောင်း Kentik ကုမ္ပဏီမှ အင်တာနက်ဆိုင်ရာ သုတေသီ Doug Madory ၏ ပြောကြားချက်ကို ကိုးကား၍ Reuters က ဖော်ပြ ခဲ့သည်။

မက် က ၎င်း၏ လူမှုကွန်ရက် X တွင် ပြဿနာကို အမြန်ဖြေရှင်းရန် ကတိပြုလျက် တောင်းပန်ခဲ့သည်။ "ဝန်ဆောင်မှုကို မကြာမီ ပြန်လည် ရရှိပါမည်၊ SpaceX မှ အခြေခံအကြောင်းရင်းကို ဖြေရှင်းကာ နောက်ထပ် မဖြစ်ပွားစေရန် စီစဉ်သွားမည်" ဟု ကြာသပတေးနေ့ (ဇူလိုင် ၂၄) ညက ရေးသားခဲ့သည်။
ယူကရိန်းတွင် Starlink အင်တာနက်စနစ်များ ၄၀,၀၀၀ ကျော် အသုံးပြု ထားပြီး ၎င်းတို့သည် အရေးကြီးသော အခြေခံအဆောက်အအုံများ အတွက် ဆက်သွယ်ရေးနှင့် တပ်များ၏ တိုက်ခိုက်ရေး ပေါင်းစပ် ညှိနှိုင်းမှု များတွင် အထောက်အကူပြုလျက်ရှိသည်။
ယူကရိန်း၏ အာကာသစနစ်များ တပ်ဖွဲ့မှ တပ်မှူး ရောဘတ်ဘရော့ဒီ (Robert Brovdi) က Starlink ဝန်ဆောင်မှုသည် နှစ်နာရီခွဲကြာ ရပ်တန့် သွားခဲ့ကြောင်း ပြောကြားခဲ့သည်။ "ရှေ့တန်းတစ်လျှောက် အင်တာနက် လိုင်းအားလုံး ပြန်လည်ကောင်းမွန်လာပြီ" ဟု ၎င်းက သောကြာနေ့ (ဇူလိုင် ၂၅) နံနက်စောစောတွင် Telegram ၌ ရေးသားခဲ့သည်။
အီလွန်မက်သည် ယူကရိန်းအရာရှိများနှင့် အကြိမ်ကြိမ် အငြင်းပွားမှုများ ရှိခဲ့ပြီး ရုရှားနှင့် ညှိနှိုင်းဆွေးနွေးရန် တိုက်တွန်းကာ ရုရှားနှင့် အနောက် နိုင်ငံများအကြား ပဋိပက္ခ အရှိန်မြှင့်တင်မှုကို သတိပေးခဲ့သည်။ ၎င်းသည် ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီးအား စစ်အုပ်ချုပ်ရေး ကာလ အတွင်း ရွေးကောက်ပွဲမကျင်းပခြင်းကို ဝေဖန်ခဲ့ပြီး "ယူကရိန်း ပြည်သူ များက မုန်းတီးနေကြသည်" ဟု စွပ်စွဲခဲ့သည်။
သို့သော်လည်း မက် သည် Starlink ဝန်ဆောင်မှုကို ပိတ်သိမ်းမည် မဟုတ်ကြောင်း အတိအလင်း ကတိပြုခဲ့သည်။ “မိမိအနေဖြင့် ယူကရိန်း ၏ မူဝါဒများကို မည်သို့ပင် နှစ်ခြိုက်သဘောကျမှုမရှိစေကာမူ Starlink က ယူကရိန်းတို့၏ အင်တာနက်စနစ်များကို မည်သည့်အခါမျှ တားဆီး ပိတ်ပင်မည်မဟုတ်ပါ" ဟု ၎င်းက ယခုနှစ်အစောပိုင်းက X တွင် ရေးသား ခဲ့သည်။