ရီပတ်ပလီကန် အမတ် မိုက်ခ် ဆင်ပဆန်က ဂျွန် အက်ဖ် က ကနေဒီ အနုပညာစင်တာရှိ ဒုတိယအကြီးဆုံး ဇာတ်ရုံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဇနီး မီလာနီယာ ထရမ့် အမည်ပေးရန် အဆိုပြုခဲ့သည်။ ဇူလိုင် ၂၂ ရက်တွင် တင်သွင်းခဲ့သော ယင်းအဆိုကို အောက်လွှတ်တော် အသုံးစရိတ်ကော်မတီက ၃၅-၂၂ မဲဖြင့် အတည်ပြုခဲ့ပြီး၊ ဥပဒေဖြစ်ရန် လွှတ်တော်နှစ်ရပ်စလုံး၏ သဘောတူညီမှု လိုအပ်သည်။

မီလာနီယာ ထရမ့်သည် လက်ရှိတွင် ကနေဒီစင်တာ ဘုတ်အဖွဲ့၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ယင်းအဆို ပြုချက်အား ဒီမိုကရက်တစ်အမတ်များက ဝေဖန်ခဲ့သည်။ အထူးသဖြင့် အမတ် Chellie Pingree က ကနေဒီစင်တာသည် သမ္မတ ထရမ့်၏ ဥပဒေ (OBBBA) မှ ရံပုံငွေ အမေရိကန်ဒေါ်လာ ၂၅၀ သန်း အပို ရရှိ ထားပြီးဖြစ်ကြောင်း၊ ယင်းအဆိုမှာ ထရမ့်မိသားစုအား အနုပညာ အဖွဲ့ အစည်းအပေါ် ပိုမိုထိန်းချုပ်ခွင့်ပေးရန် ရည်ရွယ်သည်ဟု ပြောဆိုခဲ့သည်။
ကနေဒီစင်တာတွင် လူ ၂,၃၆၄ ဦး ဆံ့သော Opera Houseကို အမည် ပြောင်းမည်ဖြစ်ပြီး ယခင်က အဆိုပါဇာတ်ရုံသည် နှစ်စဉ် Kennedy Center Honors ပွဲများ ကျင်းပရာနေရာ ဖြစ်ခဲ့သည်။ ယင်းအဆိုသည် ထရမ့်အား ဂုဏ်ပြုသည့် အခြားအဆိုများဖြစ်သည့် လေဆိပ်နှင့် မက်ထရို စနစ်အမည်ပြောင်းရန် အစီအစဉ်တို့၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဂျကာတာ၊ ဇူလှိုင် ၂၁
အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီ (ဘီအမ်ကေဂျီ) သည် ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံ ဒီဇိုင်းအသစ်ကို မိတ်ဆက်ခဲ့သည်။ အင်အားကြီးမားသော ငလျင်အန္တရာယ်ကို လျော့ပါးစေရန် ရည်ရွယ်ကြောင်း ဘီအမ်ကေဂျီ အကြီးအကဲ ဒွီကိုရီတာ ကာနာဝါတီ က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဒွီကိုရီတာ က ဆောက်လုပ်ရေးလုပ်ငန်းတွင် နောက်ဆုံးပေါ်မြေငလျင်ဒဏ်ခံနည်းပညာကို အသုံးပြုပြီး ဆောက်လုပ်သော အဆောက်အအုံများသည် ပြင်းအား ၈.၈ အထိရှိသော အင်အားပြင်း ငလျင်များကို ခံနိုင်ရည်ရှိကြောင်း ရှင်းပြခဲ့သည်။
အဆိုပါနည်းပညာသည် ကြီးကြီးမားမားငလျင်လှုပ်ခတ်စဉ်အတွင်း အထပ်မြင့်အဆောက်အအုံများကို တည်ငြိမ်စွာရှိစေပြီး သဘာဝဘေးအန္တရာယ်ဒဏ်ကိုခံနိုင်သော အခြေခံအဆောက်အဦးများတွင် သိသာထင်ရှားသောတိုးတက်မှုဖြစ်စေကြောင်း သူက အလေးပေးပြောကြားခဲ့သည်။
ဒွီကိုရီတာ၏ အဆိုအရ ဤနည်းပညာကို အင်ဒိုနီးရှားတွင် ပထမဆုံးအကြိမ်အဖြစ် အကောင်အထည်ဖော်မည် ဖြစ်သည်။
မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီသည် ပြည်သူပိုင် အဆောက်အအုံများကို ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အခွင့်အာဏာမရှိသော်လည်း ဤဘေးအန္တရာယ်လျော့ပါးရေးနည်းလမ်းသည် နိုင်ငံ၏ ငလျင်ဒဏ်ခံရနိုင်သော ဒေသများရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် နမူနာ ပုံစံဖြစ်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ဒွီကိုရီတာက နည်းပညာသည် ဂျကာတာမြို့ရှိ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီ ရုံးချုပ်တွင်ရှိသော အင်ဒိုနီးရှား၏ အဆောက်အအုံတစ်ခုတွင် အဆိုပါ အမျိုးမျိုးသောဘေးအန္တရာယ်များအတွက် စောစီးစွာ ကြိုတင်သတိပေးမှုစနစ်ကို အသုံးပြုထားပြီးဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။
Popular Myanmar

အမေရိကန်လူဝင်မှုကြီးကြပ်ရေး (ICE) အေးဂျင့်များက အိုရီဂွန်ပြည်နယ် တွင် အီရန်နိုင်ငံသား အရိုးအထူးကုဆရာဝန် Dr. Mahdi Khanbabazadeh (၃၈ နှစ်) ကို ၎င်း၏ကလေးငယ်အား ကျောင်းပို့နေစဉ် ကားမှန်ခွဲကာ ဖမ်းဆီးမှုသည် ဒေသခံများအကြား ထိတ်လန့်မှုဖြစ်စေခဲ့သည်။

ဇူလိုင် ၁၅ ရက် နံနက် ၈:၁၇ အချိန်တွင် Beaverton မြို့ရှိ Guidepost Montessori မူကြိုကျောင်းသို့ ၎င်း၏ သားငယ်ကို ပို့ရန် ကားမောင်း နေစဉ် ICE အေးဂျင့် ၄ ဦးက Mahdi ၏ကားကိုဝိုင်းရံခဲ့ပြီး မျက်နှာဖုံး စွပ်ထားသော အေးဂျင့်များက "မှန်ချပါ၊ အထောက်အထားပြပါ" ဟု အော်ဟစ်ခဲ့ပြီး ကလေးငယ်က "အဖေရေ ရဲတွေပါ" ဟု ကြောက်လန့်စွာ အော်ခဲ့သည် ကို မှတ်တမ်းများအရ တွေ့ရှိရသည်။
ICE ၏ ထုတ်ပြန်ချက်အရ အေးဂျင့်များသည် Mahdi အား ကျောင်းသို့ ကလေးပို့ခွင့်ပြုရန် ကနဦးသဘောတူခဲ့သော်လည်း၊ ၎င်း၏ "ပူးပေါင်းမှု မရှိခြင်း" နှင့် "ကားမှထွက်ရန် ငြင်းဆန်ခဲ့ခြင်း" ကြောင့် မှန်ခွဲကာ ဖမ်းဆီး ခဲ့ရသည်ဟု ဆိုသည်။ သို့သော် Mahdi ၏မိသားစုဘက်က ၎င်း၏ ဂရင်းကတ်လျှောက်လွှာမှာ ၂၀၂၃ ခုနှစ်အစောပိုင်းကတည်းက ဖက်ဒရယ် လူဝင်မှုရုံး၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ပြောဆို ခဲ့သည်။
အဆိုပါဖြစ်ရပ်သည် ဒေသတွင်းနိုင်ငံရေးသမားများ၏ ပြင်းထန်သော ဝေဖန်မှုကို ဖြစ်စေခဲ့သည်။ Beaverton မြို့တော်ဝန် Lacey Beaty က "ထိုကဲ့သို့ကလေးငယ်များရှေ့တွင် ရက်စက်စွာဖမ်းဆီးမှုမျိုးသည် မိမိတို့၏ လူမှုတန်ဖိုးများနှင့် မကိုက်ညီပါ" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ထရမ့်အစိုးရလက်ထက်က ပယ်ဖျက်ခဲ့သော "ကျောင်း/ဆေးရုံအနီးဖမ်းဆီးမှုကန့်သတ်ချက်"ကြောင့် ထိုကဲ့သို့ဖမ်းဆီးမှုမျိုး ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ICE သည် လက်ရှိတွင် တစ်နေ့လျှင် ရွှေ့ပြောင်းနေထိုင်သူ ၃,၀၀၀ ဖမ်းဆီးရန် ရည်မှန်းထားကြောင်း သိရသည်။
Dr. Mahdi ကို ဝါရှင်တန်ပြည်နယ် Tacoma ရှိ ICE ထိန်းသိမ်းရေး စခန်း တွင် ယာယီထိန်းသိမ်းထားပြီး ဥပဒေအရ တရားစွဲဆိုမှုများ ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။

ဂျာမန်အရာရှိများနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအဖွဲ့များက ပိုလန်နိုင်ငံ၏ ဘောလ်တစ်ပင်လယ်အတွင်း ရေနံနှင့်သဘာဝ ဓာတ်ငွေ့ သိုက်အသစ်တူးဖော်ရန် အစီအစဉ်ကို ပြင်းထန်စွာဝေဖန်ခဲ့ကြောင်း မီဒီယာများကဖော်ပြသည်။ အဆိုပါစီမံကိန်းသည် ဒေသတွင်းဂေဟစနစ်အား ကပ်ဘေးဆိုက်ရောက်စေနိုင်သည့် ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးခဲ့သည်။

၂၀၁၇ ခုနှစ်မှစ၍ ပိုလန်အနောက်ဘက်ကမ်းရိုးတန်းတွင် ရှာဖွေရေး လုပ်ငန်းခွင့်ပြုချက်ရရှိထားသည့် ကနေဒါကုမ္ပဏီ Central European Petroleum (CEP) က Wolin East သိုက်အား ပိုလန်နိုင်ငံ၏ အကြီးဆုံး နှင့် ဥရောပတွင် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အကြီးမားဆုံး ဟိုက်ဒရို ကာဗွန်ရှာဖွေတွေ့ရှိမှုတစ်ခုအဖြစ် တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် ကြေညာ ခဲ့သည်။
အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်သည် ပိုလန်-ဂျာမန်နယ်စပ်ရှိ Swinoujscie ဆိပ်ကမ်းမှ ၆ ကီလိုမီတာအကွာတွင် တည်ရှိပြီး ဂျာမနီ တွင် Usedom ဟုသိကြသည့် နှစ်နိုင်ငံပိုင်ကျွန်းကိုပိုင်းခြားထားသည်။အဆိုပါဒေသသည် အပန်းဖြေစခန်းများအတွက်လည်း ကျော်ကြားသည်။ CEP၏ခန့်မှန်းချက်အရ ပြန်လည်ထုတ်ယူနိုင်သည့် ရေနံသိုက်ပမာဏမှာ တန်ချိန် ၃၃ သန်းကျော်၊ ဓာတ်ငွေ့ပမာဏမှာ ကုဗမီတာ ၂၇ ဘီလီယံ ကျော်ရှိပြီး ရေနံစည်သန်း ၄၀၀ ကျော် ထုတ်လုပ်မှုအလားအလာနှင့် ညီမျှသည်။
သို့ရာတွင် ဂျာမန်အရာရှိများက ထိုစီမံကိန်းသည် ဒေသတွင်း ခရီးသွား လုပ်ငန်းနှင့် ဂေဟစနစ်များကို ထိခိုက်စေမည်ကို စိုးရိမ်နေကြသည်။ Mecklenburg-Western Pomerania ပြည်နယ်၏ သဘာဝ ပတ်ဝန်းကျင် ဝန်ကြီး Till Backhaus က “အဆိုပါအစီအစဉ်သည် ဂျာမန်ဘက်မှ သဘာဝ ပတ်ဝန်းကျင်နှင့် ခရီးသွားလုပ်ငန်းအကျိုးစီးပွားများနှင့် ဆန့်ကျင်နေသည်" ဟုသတိပေးခဲ့ပြီး နယ်စပ်ဖြတ်ကျော်သက်ရောက်နိုင်သည့် သဘာဝ ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုရှိသော ရှာဖွေရေးလုပ်ငန်းကို ပိုလန် ဘက်မှ ကြိုတင်အသိပေးခြင်းမရှိသည့်အတွက် နယ်စပ်ဖြတ်ကျော် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်သည်” ဟု ဝေဖန်ခဲ့သည်။
ပိုလန်နိုင်ငံကမူ အဆိုပါ ရှာဖွေတွေ့ရှိမှုကို စွမ်းအင်တင်သွင်းမှုအပေါ် မှီခိုမှုလျှော့ချနိုင်မည့် အရေးပါသောတိုးတက်မှုအဖြစ် သတ်မှတ်ထားသည်။ အစိုးရအဖွဲ့ အတွင်းဝန်နှင့် ဘူမိဗေဒ အကြီးအကဲ Krzysztof Galos က အဆိုပါဓာတ်ငွေ့သိုက်မှ နှစ်စဉ်လိုအပ်သော ရေနံပမာဏ၏ ၄-၅% ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး လိုင်စင်ခွင့်ပြုချက်ရရှိပါက လာမည့် ၃-၄ နှစ်အတွင်း ထုတ်လုပ်နိုင်မည်ဟု ပြောကြားခဲ့သည်။
ကိုးကား- RT

မလေးရှားနိုင်ငံသို့ ယခုနှစ်ဇန်နဝါရီလမှ မေလအတွင်း ကမ္ဘာလှည့်ခရီးသွား ၁၆ ဒဿမ ၉ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလကထက် ၂၀ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ခရီးသွားဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယခုနှစ်၏ ပထမငါးလတာကာလအတွင်း မလေးရှားနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု၏ ထက်ဝက်ခန့်တွင် အိမ်နီးချင်း စင်ကာပူနိုင်ငံမှ ၈ ဒဿမ ၃၄ သန်းဖြင့် အများဆုံးဖြစ်ကာ ယင်းနောက်တွင် အင်ဒိုနီးရှား ၁ ဒဿမ ၈၂ သန်း၊ တရုတ် ၁ ဒဿမ ၈၁ သန်းနှင့် ထိုင်း ၁ ဒဿမ ၀၆ သန်းတို့ပါဝင်ကြောင်း ဇူလိုင်လ ၂၁ ရက်တွင် ခရီးသွားဝန်ကြီးဌာနက လွှတ်တော်သို့ ဖြေကြားခဲ့သည်။
သြစတြေးလျနှင့် ယူကေကဲ့သို့ ရပ်ဝေးမြေခြား ခရီးသွားဈေးကွက်များမှ ဝင်ရောက်မှုသည်လည်း ၁၆ ဒဿမ ၆ ရာခိုင်နှုန်းနှင့် ၈ ဒဿမ ၇ ရာခိုင်နှုန်းစီဖြင့် ၂၀၂၄ ခုနှစ် ကာလတူကထက်နှိုင်းယှဉ်ပါက အသီးသီး မြင့်တက်ခဲ့သည်ဟု ဝန်ကြီးဌာနက ပြောဆိုသည်။
“ဒီလိုနိုင်ငံခြားခရီးသွားအရေအတွက် တိုးတက်လာတာဟာ အစိုးရရဲ့ ကောင်းမွန်တဲ့ ချဉ်းကပ်မှု နည်းလမ်း၊ ဗီဇာစည်းမျဥ်းများကိုဖြေလျှော့ပေးခြင်းအစီအစဉ်တွေလို မူဝါဒတွေနဲ့ စက်မှုလုပ်ငန်းရှင်တွေကို ပံ့ပိုးပေးတဲ့ ဆွဲဆောင်တဲ့ အစီအစဉ်တွေကနေတဆင့် အကောင်အထည်ဖော်ခဲ့တဲ့ လုပ်ဆောင်ချက်တွေရဲ့ ထိရောက်မှုကို ထင်ထင်ရှားရှား ဖေါ်ပြနေပါတယ်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မလေးရှားသို့ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၂၅ သန်းကျော်ဝင်ရောက်ခဲ့ပြီး သတ်မှတ်လျာထားသည့် ၂၇ ဒဿမ ၃ သန်းထက်လျော့နည်းခဲ့သည်။
မလေးရှားနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ၄၇ သန်းဝင်ရောက်ရန် ရည်မှန်းချက်ထားကာဆောင်ရွက်နေပြီး ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှ၊ ဥရောပနှင့် သမုဒ္ဒရာပိုင်းဇုန်ကဲ့သို့သော အဓိကဈေးကွက်များကို ပစ်မှတ်ထားသည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မြင်းကောင်ရေ ၃၀၀ အားကို အသုံးပြုထားပြီး ရန်သူ၏သင်္ဘောများကို လျင်မြန်စွာ တားဆီးဟန့်တားနိုင်သည့် မျိုးဆက်သစ် မောင်းသူမဲ့ရေယာဉ်တစ်စင်းကို အမေရိကန်ပြည်ထောင်စုတွင် အခြေပြုသည့် ကာကွယ်ရေးပစ္စည်း ကုမ္ပဏီတစ်ခုက ထုတ်ဖော်ပြသခဲ့သည်။

VENOM ဟု အမည်ပေးထားသည့် အဆိုပါမောင်းသူမဲ့ရေယာဉ်သည် အလျား ၉ မီတာ (၂၇ ပေခန့်) ရှိပြီး ရေပြင်အထက်တွင် ဘက်စုံအသုံးပြုနိုင်သည့် မောင်းသူမဲ့စက်ရုပ်ရေယာဉ် အမျိုးအစားဖြစ်သည်။ ၎င်းအား မက်ဆာချူးဆက်ပြည်နယ်တွင် အခြေပြုသည့် Scientific Systems ကုမ္ပဏီက ရေတပ်ဖွဲ့၏ မစ်ရှင်များဖြစ်သည့် စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် စစ်ဆင်ရေးတို့တွင် အထောက်အကူပြုစေရန်အတွက် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ VENOM မောင်းသူမဲ့ရေယာဉ်တွင် မြင်းကောင်ရေ ၃၀၀ အားကို ထုတ်လုပ်ပေး နိုင်သည့် ဒီဇယ်အင်ဂျင်တစ်လုံး တပ်ဆင်ထားခြင်းကြောင့် တစ်နာရီလျှင် ရေမိုင် ၂၄ မိုင်နှုန်းဖြင့် ရေမိုင် ၅၀၀ ကျော်သို့ အလွယ်တကူနှင့် လျင်မြန်စွာ မောင်းနှင်နိုင်မည်ဖြစ်သည်။ ထို့ပြင် ၎င်းစက်ရုပ်ရေယာဉ်သည် မရပ်မနားဘဲ နာရီပေါင်း ၁၃၀ ကျော်ကြာ တစ်ဆက်တည်း မောင်းနှင်နိုင်စွမ်းရှိသောကြောင့် အမေရိကန် ရေတပ်မတော်၏ စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်များထက်ပင် ပိုမိုကျော်လွန်လျက်ရှိသည်။
VENOM မောင်းသူမဲ့ရေယာဉ်ကို Scientific Systems ကုမ္ပဏီက မကြာသေးမီအချိန် အတွင်း၌ စမ်းသပ်ခဲ့ပြီးဖြစ်သော်လည်း နောက်ပိုင်းတွင် ပင်လယ်ပြင်၌ ရေချ၍ ထပ်မံစမ်းသပ်မည်ဖြစ်သည်။ ထိုသို့စမ်းသပ် ရာတွင်လည်း VENOM အနေဖြင့် ရေကြောင်းအဟန့်အတားများ တစ်လျှောက် အောင်မြင်စွာ ဖြတ်သန်းမောင်းနှင်နိုင်ခြင်း ရှိ၊ မရှိ၊ သတ်မှတ်ထားသည့် ကင်းလှည့်ရာနေရာများတွင်လည်း သတ်မှတ်ထားသည့်ပုံစံအတိုင်း ကင်းလှည့်စောင့်ကြည့်နိုင်ခြင်း ရှိ၊ မရှိတို့ကို စမ်းသပ်မည်ဖြစ်သည်။
အဆိုပါစမ်းသပ်မှုများ အောင်မြင်ခဲ့မည်ဆိုပါက VENOM မောင်းသူမဲ့ရေယာဉ်သည် အမေရိကန်ရေတပ်မတော်၏ sea predator ဖြစ်လာနိုင်မည့် အလားအလာရှိသည်။
MWD Web Portal

ဇူလိုင် ၂၁ ရက်နေ့တွင် North Dakota ပြည်နယ်၌ B-52 ဗုံးကြဲ လေယာဉ် တစ်စီးနှင့် SkyWest ခရီးသည်တင်လေယာဉ်တစ်စီးတို့ နီးကပ်စွာ တိုက်မိ လုနီးပါးဖြစ်ပွားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း အမေရိကန် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
သတင်းများအရ Minot အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရန် ချဉ်းကပ်နေသော အရပ်ဘက်လေယာဉ်၏ ပျံသန်းလမ်းကြောင်း အနီးတွင် B-52 ဗုံးကြဲလေယာဉ်တစ်စီး ရုတ်တရက်ပေါ်ထွက်လာခဲ့ပြီး Embraer 175 လေယာဉ်မှူးက မတိုက်မိစေရန် ရုတ်တရက် လမ်းကြောင်း ပြောင်းလဲကာ တိမ်းရှောင်ပျံသန်းခဲ့ရသည်ဟု သိရသည်။

Minot မြို့သည် အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုနှင့် လေတပ်စခန်း တစ်ခုတို့ တည်ရှိနေသော မြို့တစ်မြို့ဖြစ်ပြီး အမေရိကန်လေတပ်၏ 5th Bomb Wing နှင့် 91st Missile Wing တပ်ဖွဲ့များ နှင့် B-52 နျူကလီးယား ဗုံးကြဲလေယာဉ် ၂၆ စီးအပါအဝင် လေတပ်ဆိုင်ရာ ပစ္စည်းကိရိယာများ နှင့် အဆောက်အဦအမြောက်အမြား တည်ရှိနေသည်။
အမေရိကန်ဖက်ဒရယ်လေကြောင်းအာဏာပိုင် (FAA) က စုံစမ်း စစ်ဆေးမှု များ ပြုလုပ်နေကြောင်း ပြောကြားခဲ့ပြီး " Minot လေဆိပ်ရှိ လေကြောင်း ထိန်းသိမ်းရေးဝန်ဆောင်မှုများကို FAA ဝန်ထမ်းများမှ မဟုတ်ဘဲ သီးသန့် ကုမ္ပဏီတစ်ခုမှ လုပ်ကိုင်နေခြင်း" ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ SkyWest ကုမ္ပဏီကလည်း ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်ပိုင် စုံစမ်း စစ်ဆေးမှု များ စတင်ခဲ့သည်ဟု ဆိုသည်။
လေကြောင်းကျွမ်းကျင်သူနှင့် အမေရိကန်လေတပ် အရံပိုင်းလော့ဟောင်း John Nance က အဆိုပါ ဖြစ်စဉ်တွင် အထူးသဖြင့် သက်ဆိုင်ရာ ပါဝင် သူများအကြား ဆက်သွယ်ရေးဆိုင်ရာ ရှင်းလင်းရမည့်အချက်များ များစွာ ရှိနေကြောင်း ပြောကြားခဲ့သည်။
တူညီသောဧရိယာတွင် စစ်ဘက်နှင့်အရပ်ဘက်လေယာဉ်များ ညှိနှိုင်း လုပ်ကိုင်မှုယန္တရားသည် အမေရိကန်တွင် အငြင်းပွားဖွယ်ရာ အကြောင်း အရာတစ်ခုဖြစ်နေပြီး ဇန်နဝါရီ ၂၉ ရက်က ဝါရှင်တန်ဒီစီ လေဆိပ် အနီး တွင် ခရီးသည်တင်လေယာဉ်တစ်စီးနှင့် Black Hawk ရဟတ်ယာဉ်တို့ ဝင်တိုက်မှုဖြစ်ပွားခဲ့ဖူးသည်။ ထိုမတော်တဆမှုတွင် Black Hawk ရဟတ်ယာဉ်အဖွဲ့ဝင် ၃ ဦးနှင့် အရပ်ဘက်လေယာဉ်ပေါ်ရှိ ၆၄ ဦး သေဆုံး ခဲ့ပြီး အမေရိကန်တွင် လွန်ခဲ့သော ၁၆ နှစ်အတွင်း အပြင်းထန်ဆုံး အရပ်ဘက်လေကြောင်းမတော်တဆမှုဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

တရုတ်နိုင်ငံသည် မသန်စွမ်းသူများ၏ ဘဝသာယာဝပြောရေးကို မြှင့်တင်ရန်အတွက် ဉာဏ်ရည်မြင့် အလိုအလျောက် လေ့လာသင်ယူ နိုင်စွမ်းရှိသည့် လက်များ (smart bionic hands) နှင့် လမ်းပြစက်ရုပ် များ (guide robots) ကဲ့သို့သော အဆင့်မြင့်နည်းပညာများ အသုံး ပြုခြင်းအား စူးစမ်းရှာဖွေလျက်ပြီး သိပ္ပံနှင့်နည်းပညာ တိုးတက်မှုများက မသန်စွမ်းသူများ အသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၂ ရက်တွင် ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ်၏ အမှုဆောင် ဒါရိုက်တာဘုတ် အဖွဲ့ ဥက္ကဋ္ဌ ကျိုးချန်ခွေက မကြာသေးမီက ကျင်းပခဲ့သော ဖိုရမ် တစ်ခု တွင် ၎င်းနည်းပညာအသုံးပြုမှုများအား မိတ်ဆက်ပြသခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ မသန်စွမ်းသူများအား ပိုမို ကောင်းမွန်စွာ ထောက်ပံ့အကူအညီပေးနိုင်ရန်အတွက် ဦးနှောက်-ကွန်ပျူတာ ချိတ်ဆက်မှုများ (brain-computer interfaces) အပါအဝင် နည်းပညာ သစ်များနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်နိုင်ငံက ဆက်လက်အာရုံစိုက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။
ကျိုး၏ ပြောကြားချက်အရ ၎င်း၏အဖွဲ့ချုပ်နှင့် အခြားသော အစိုးရ ဌာန အချို့သည် မသန်စွမ်းသူများကို ပံ့ပိုးရာတွင် နည်းပညာအသုံးပြုမှုကို မြှင့်တင်ရန်အတွက် လမ်းညွှန်စာတမ်းတစ်ခုကို ပူးတွဲထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ သက်ဆိုင်ရာ နည်းပညာများနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တက္ကသိုလ်များ၊ သုတေသန အဖွဲ့အစည်းများနှင့် နည်းပညာမြင့် ကုမ္ပဏီများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
လာမည့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) အတွင်း တရုတ်နိုင်ငံသည် မသန်စွမ်းသူများကို ဝန်ဆောင်မှုပေးရန်အတွက် ဉာဏ်ရည်တု (artificial intelligence) နှင့် အခြားသော ခေတ်မီနည်းပညာများ အသုံးချမှုကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ပြီး အဆင့်မြင့် နည်းပညာ များက မသန်စွမ်းသူများ၏ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရေးဆိုသည့် အချက်အား သေချာစေမည်ဖြစ်ကြောင်း ကျိုးက ထောက်ပြပြောကြားခဲ့သည်။
ကိုးကား- Xinhua

ဗြိတိန်နိုင်ငံတွင် လူနေမှုစရိတ် ကြီးမြင့်လာခြင်းကြောင့် နိုင်ငံအတွင်းရှိ ပြည်သူများသည် အသုံးစရိတ်ချွေတာသည့် အနေဖြင့် အသုံးပြုပြီး တစ်ပတ်နွမ်းပစ္စည်းများကို တိုးမြှင့်ဝယ်ယူ အသုံးပြုလာခဲ့ရာ ထိုသို့ ဝယ်ယူအသုံးပြုမှု တန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် စတာလင်ပေါင် ၄ ဒသမ ၈ ဘီလီယံ (ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံခန့်) အထိရောက်ရှိလာနိုင်ကြောင်း Amazon.com မှထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။

ဗြိတိန်ပြည်သူများသည် မြင့်တက်လာသည့် လူနေမှုစရိတ်နှင့် ကာမိစေရန်အတွက် တန်ဖိုးကြီးမားပြီး ပတ်ဝန်းကျင် ထိခိုက်မှုရှိစေသည့် ကုန်ပစ္စည်းများအစား အသုံးပြုပြီး တစ်ပတ်နွမ်းပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူအသုံးပြုလာခဲ့ခြင်းဖြစ်သည်။ ဗြိတိန်ပြည်သူများ၏ တစ်ပတ်နွမ်းပစ္စည်းဝယ်ယူ အသုံးပြုမှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် တန်ဖိုးအားဖြင့် စတာလင်ပေါင် ၄ ဒသမ ၃ ဘီလီယံရှိခဲ့သည်ဟု Amazon.com မှ တင်သွင်းသည့် စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ သုတေသနစင်တာ အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံတွင် တစ်ပတ်နွမ်းကုန်ပစ္စည်း ဈေးကွက်သည် ဆက်လက်မြင့်တက်လာမည့် အလားအလာရှိသောကြောင့် ဥရောပ၏ အကြီးဆုံးသော တစ်ပတ်နွမ်းကုန်ပစ္စည်း ရောင်းချရေးကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Vinted အနေဖြင့် ၎င်းတို့၏ ကုန်ပစ္စည်းများအတွက် ဈေးကွက်ကို တိုးချဲ့လျက်ရှိသည်။
Vinted ကုမ္ပဏီသည် ယခင်က အဝတ်အစားများကိုသာ အဓိကထား ရောင်းချခဲ့သော်လည်း ယခုအခါ ကလေးကစားစရာ အရုပ်များ၊ တယ်လီဖုန်းများ၊ ဂိမ်းများအပြင် တန်ဖိုးကြီးလက်ပတ်နာရီများကိုပါ ထည့်သွင်း ရောင်းချလျက် ရှိကြောင်း ၎င်းကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် သောမတ်စ်ပလန်တင်ဂါက ပြောကြားထားသည်။

မက်ဒရစ် ဇူလိုင် ၂၁
ရှေးခေတ်ပွေးသတ္တဝါမျိုးစိတ်သစ်တစ်မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းကို စပိန်နိုင်ငံ မီးတောင်တွင်းဝဟောင်းတစ်ခု၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဇူလိုင် ၂၀ ရက် သတင်းများအရ သိရသည်။
အဆိုပါ ပွေးသတ္တဝါမျိုးစိတ်သစ်ကို Vulcanoscaptor Ninoti ဟူ၍ စပိန် သိပ္ပံပညာရှင်များက အမည်ပေးထားသည်။

Vulcanoscaptor Ninoti ပွေးသတ္တဝါများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅ ဒသမ ၃ သန်းနှင့် ၂ဒသမ ၆ သန်းကြား ပလီယိုမင်းဘူမိခေတ်အတွင်း ရှင်သန်ကျက်စားခဲ့သော သက်ရှိများဖြစ်ကြသည်။
Vulcanoscaptor Ninoti ပွေးများ၏ မျိုးရင်းဖြစ်သော Scalopini ပွေးသတ္တဝါများမှာ လက်ရှိအချိန်တွင် မြောက်အမေရိကနှင့် အာရှတို့၌ ရှင်သန်နေကြဆဲဖြစ်ကြောင်း သိရသည်။
Vulcanoscaptor Ninoti တွင်းအောင်းပွေးများသည် ရေကူးနိုင်စွမ်းလည်း ရှိနေနိုင်ကြောင်း စပိန်သိပ္ပံပညာရှင်များ၏ ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာချက်ရလဒ်များအရ သိရသည်။
Vulcanoscaptor Ninoti တွင်းအောင်းပွေး ကျောက်ဖြစ်ရုပ်ကြွင်းကို စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ့်ဒဲနီးနော့ အမည်ရှိ ရှေးဟောင်းမီးတောင် တွင်းဝဟောင်းအနီး ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရတနာပုံသတင်းစာ