အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံပိုင်ရေတပ်သင်္ဘောကျင်းကို ပိုမိုတိုးချဲ့နိုင်ရေးအတွက် အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်ကိုကိုးကား၍ India Today သတင်းစာက ဖော်ပြထားသည်။

နိုင်ငံပိုင်ရေတပ်သင်္ဘောကျင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Mazagon Dock Shipbu-ilders Limited (MDL) အနေဖြင့် နောက်ထပ်လွန်းကျင်းနှစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထိုလွန်းကျင်းနှစ်ခုသည် စစ်သင်္ဘောကြီးများနှင့် ရေငုပ်သင်္ဘောများ ကိုတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ တစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်စေမည်ဖြစ်ကြောင်း သတင်းစာကဖော်ပြထားသည်။
ထို့ပြင် ယင်းကဲ့သို့ လွန်းကျင်းများဖြင့် တိုးချဲ့ခြင်းသည် အိန္ဒိယရေတပ်၏တောင်းဆိုမှုမြင့်မားလာသော အဆင့်မြင့်စနစ်များနှင့်အညီဖြစ်စေမည်ဖြစ်သည့်အပြင် လက်ရှိတန်ချိန် ၄၀၀၀၀ သင်္ဘောများကို တည်ဆောက်နေရာမှ တန်ချိန် ၈၀၀၀၀ ရှိသင်္ဘောများကို တည်ဆောက်မှုအတွက်လည်း ကူညီနိုင်စေမည်ဖြစ်ကြောင်း သိရသည်။
MWD Web Portal

ပြင်သစ်နိုင်ငံအနေဖြင့် ဘဏ္ဍာရေးလို ငွေပြမှုကိုဖြည့်တင်းနိုင်ရေးနှင့် ကြွေးမြီကို ထိန်းချုပ်နိုင်ရေးအတွက် လူချမ်းသာများအပေါ် အခွန်တိုးကောက်ရန် စီစဉ်လျက်ရှိကြောင်း ပြင်သစ်ဝန်ကြီးချုပ် ဖရန်ဆွာဘာ ရူးကပြောသည်။
ထိုအစီအစဉ်တွင် စည်းလုံးညီညွတ်မှုရှိစွာ မျှဝေပေးခြင်း အစီအစဉ်လည်းပါဝင်ပြီး လိုငွေပြနေသည့် ဘဏ္ဍာငွေယူရို ၄၃ ဒသမ ၈ ဘီလီယံကိုဖြည့်တင်းနိုင်ရေးအတွက် ဝင်ငွေမြင့်မားသည့် ပြည်သူများထံမှ အခွန်တိုးကောက်သွားရန်ဖြစ်သည်။

လက်ရှိတွင် ပြင်သစ်နိုင်ငံက ယူရို ၂ သိန်းခွဲနှင့်အထက် ဝင်ငွေရှိသူများအပေါ် အခွန်တိုးကောက်လျက်ရှိသည်။ ယခုအခါ ဝင်ငွေနည်းသူများအပေါ် နည်းသည့် အလျောက်၊ ဝင်ငွေများသူများအပေါ် များသည့်အလျောက် အခွန်ကောက်ခံခြင်းအားဖြင့် မျှတမှုရှိစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖရန်ဆွာဘာရူးက ဇူလိုင်လ ၁၅ ရက်တွင်ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်း ပြင်သစ်နိုင်ငံ၏ ဘဏ္ဍာရေး လိုငွေပြမှုပမာဏက GDP ၏ ၅ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။ ထိုပမာဏသည် ဥရောပသမဂ္ဂက ကန့်သတ်ထားသော GDP ၏ ၃ ရာခိုင်နှုန်း ကို နှစ်ဆနီးပါး ကျော်လွန်နေသည်။
ထို့ပြင် နိုင်ငံ၏ကုန်ထုတ် စွမ်းအားတိုးတက်စေရေး အတွက် နိုင်ငံတော်ကပြဋ္ဌာန်းထားသော အများပြည်သူ ရုံးပိတ်ရက်နှစ်ရက်ကိုလည်း ဖျက်သိမ်းရန် ဖရန်ဆွာဘာရူးက အဆိုပြုထားသည်။ ပြင်သစ်နိုင်ငံသည် ဘဏ္ဍာရေး လိုငွေပြသော်လည်း ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲလျက် ရှိကြောင်း သိရသည်။

ပဲရစ် ဇူလိုင် ၁၆
နိုင်ငံ၏ ကုန်ထုတ်စွမ်းအား မြင့်မားလာရေးနှင့် ဝင်ငွေတိုးလာရေးတို့အတွက် အများပြည်သူ အားလပ်ရက်နှစ်ရက်ကို ဖျက်သိမ်းပေးရန် ပြင်သစ်ဝန်ကြီးချုပ် ဖရန် ဆွာဘေရူးက ဇူလိုင် ၁၅ ရက်တွင် အဆိုပြုခဲ့ကြောင်း သိရသည်။
အများပြည်သူ အားလပ်ရက်များအဖြစ်မှ ဝယ်ဖျက်ပေးရန် ပြင်သစ်ဝန်ကြီးချုပ် အဆိုပြုထားသော အားလပ်ရက်နှစ်ရက်မှာ အီစတာ တနင်္လာနေ့ အားလပ် ရက်နှင့် မေ ၈ ရက် အားလပ်ရက် တို့ဖြစ်သည်။
မေ ၈ ရက် အများပြည်သူ အားလပ်ရက်သည် ဥရောပ၌ ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားသော အများပြည်သူ အားလပ်ရက်

ဖြစ်သည်။
ပြင်သစ်နိုင်ငံ၌ မေလအတွင်း အများပြည်သူ အားလပ်ရက်များ များလွန်းသည်ဖြစ်ရာ အဆိုပါ အားလပ်ရက် နှစ်ရက်ကို ဖျက်သိမ်း ခြင်းဖြင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား မြင့်တက်လာမည်ဖြစ်ပြီး နိုင်ငံတော်၏ ၀င်ငွေမှာလည်း ယူရိုငွေ ဘီလီယံနှင့်ချီတိုးလာနိုင်ကြောင်း ပြင်သစ်၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
အစိုးရအသုံးစရိတ် လိုငွေပြမှုကို လျှော့ချရေးအစီအစဉ်အရ အများပြည်သူ အားလပ်ရက်နှစ်ရက်ကို ပယ်ဖျက်ပေးရန် ပြင်သစ်ဝန်ကြီး ချုပ်က အဆိုပြုထားခြင်းဖြစ်သည်။
ပြင်သစ်ဝန်ကြီးချုပ် ဖရန်ဆွာ ဘေရူးသည် လူမှုဖူလုံရေးလုပ်ငန်းများအတွက် ငွေကြေးသုံးစွဲမှုများကိုလည်း ရပ်ဆိုင်းထားရန် ဇူလိုင် ၁၅ ရက်တွင် အဆိုပြုခဲ့ကြောင်း သိရသည်။
Ref: RT
Trs: KKO
YDNB Newspaper
Photo - AP News

သမ္မတ ဒေါ်နယ်ထရမ့်က "အမေရိကန်ရှိ ကိုကာကိုလာ အချိုရည် များတွင် ကြံသကြား (စစ်မှန်သောသကြား) အသုံးပြုရန် ၎င်းတို့နှင့် ဆွေးနွေးခဲ့ပြီး သဘောတူညီမှုရခဲ့ကြောင်း" ဇူလိုင် ၁၇ ရက်က Truth Social တွင် ရေးသားခဲ့သည်။
သို့သော် Coca-Cola ၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် ကြေညာချက် တွင် "လူကြီးမင်း ထရမ့်၏ မိမိတို့အပေါ် အလေးထားမှုကို အသိအမှတ် ပြုသော်လည်း ကြံသကြားအသုံးပြုမည်ဟု အတည်ပြုမပြောနိုင်သေးပါ" ဟု ဖော်ပြထားသည်။ "ထုတ်ကုန်အဆင့်မြှင့်တင်မှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်များကို မကြာမီ ကြေညာပါမည်" ဟု ၎င်းတို့က ဆိုသည်။

၁၉၈၅ ခုနှစ်မှစ၍ Coca-Cola သည် အမေရိကန်ရှိ ၎င်း၏အချိုရည် များတွင် High-Fructose Corn Syrup (HFCS) ကို အဓိက အချိုမှုန့် အဖြစ် အသုံးပြုခဲ့သည်။ သို့သော်၊ မက္ကဆီကို၊ ဗြိတိန်၊ အာဖရိက နှင့် အရှေ့အလယ်ပိုင်း စသည့် အခြားဈေးကွက်များတွင် ကြံသကြားကိုသာ ဆက်လက်သုံးစွဲနေဆဲဖြစ်သည်။ အမေရိကန်တွင် Coca-Cola က ကြံသကြားသုံး ထုတ်ကုန်အနည်းငယ်ကို ဂျူးဘာသာဝင်များ၏ စားသောက်မှု လိုအပ်ချက်များအတွက် ရောင်းချပေးလျက်ရှိသည်။
ထရမ့်သည် Coca-Cola ကို အထူးနှစ်သက်သူအဖြစ် ကျော်ကြားသည်။ ၁၉၈၁ ခုနှစ်တွင် ၎င်း၏ညီအရက်စွဲကာ နောက်ဆက်တွဲဆိုးကျိုးများဖြင့် သေဆုံးခဲ့သည့်အတွက် အရက်ကို မနှစ်သက်ကြောင်း ပြောဆိုခဲ့ဖူးသည်။
သမ္မတထရမ့်သည် Coca-Cola အား ပြောင်းဖူးသကြားအစား ကြံသကြား သို့ ပြောင်းလဲအသုံးပြုရန် တောင်းဆိုရသည့် အကြောင်းရင်းကို တိတိကျကျ မဖော်ပြခဲ့ပေ။ အဆိုပါကြေညာချက်ကို ကျန်းမာရေးနှင့် လူမှုဝန်ထမ်း ဝန်ကြီး Robert F. Kennedy Jr. ၏ "Make America Healthy Again" (MAHA) လှုပ်ရှားမှုကို ထောက်ခံသည့် အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
MAHA လှုပ်ရှားမှုတွင် High-Fructose Corn Syrup (HFCS) သည် ကျန်းမာရေးပြဿနာများနှင့် ဆက်စပ်နေကြောင်း၊ အထူးသဖြင့် အဝလွန်ခြင်းနှင့် နာတာရှည်ရောဂါများ (ဆီးချို၊ နှလုံးရောဂါ) တို့ကို ဖြစ်စေ နိုင်သည်ဟု သုတေသနများကို ကိုးကားဖော်ပြထားသည်။
သို့သော် အခြားလေ့လာမှုများက ကြံသကြားသည် HFCS ထက် ပိုမို ကျန်းမာရေးနှင့်ညီညွတ်ကြောင်း အတိအကျ မပြောဆိုနိုင်သေးဟု ဆိုထားသည်။ သကြားနှစ်မျိုးစလုံးတွင် ဂလူးကို့စ်နှင့် ဖရက်တို့စ် ပါဝင်မှု နီးပါး တူညီပြီး ဇီဝကမ္မဖြစ်စဉ်အပေါ် သက်ရောက်မှုလည်း ဆင်တူနိုင်သည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပြုထားသည်။
အဆိုပါကြေညာချက်သည် အမေရိကန်စိုက်ပျိုးရေးလုပ်ငန်း (ပြောင်းဖူး သကြားထုတ်လုပ်မှု) နှင့် ကျန်းမာရေးမူဝါဒအပေါ် နိုင်ငံရေးအရ သက်ရောက် မှုရှိနိုင်သည်။ Coca-Cola က ကြံသကြားသို့ အပြည့်အဝ ပြောင်းလဲမည်ဆိုပါက ကုန်ကျစရိတ်တိုးမြင့်မှုနှင့် ထုတ်ကုန်ဈေးနှုန်း ပြောင်းလဲနိုင်ခြေ ရှိသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဆိုးလ် ဇူလိုင် ၁၅
တောင်ကိုရီးယားနိုင်ငံတွင် အပူလှိုင်းဖြတ်သန်းကာ အပူချိန်မြင့်တက်နေသည့်အတွက် နေအိမ်နှင့် စီးပွားရေးအဆောက်အအုံများ၌ အပူအအေးမျှတအောင်လေအေးပေးစက်များကို အချိန်ပြည့်ဖွင့်ထားရသည့်အတွက် လျှပ်စစ်မီတာခ ကုန်ကျစရိတ် ပိုမိုမြင့်မားလာမည်ဖြစ်သောကြောင့် ပြည်သူများ ကုန်ကျစရိတ်သက်သာစေရန်အတွက် အပူချိန်မြင့်တက်သည့် ဇူလိုင်လမှ ဩဂုတ်လအတွင်း လျှပ်စစ်မီတာခကို လျော့ပေါ့ပေးသွားမည်ဟု တောင်ကိုရီးယား အစိုးရအဖွဲ့က ထုတ်ပြန်ထားကြောင်း ယနေ့သတင်းများအရ သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် အပူလှိုင်းဖြတ်သန်းကာ အပူချိန်မြင့်တက်မှုကြောင့် ကျန်းမာရေးလုံခြုံမှုကို ထိခိုက်စေနိုင်သည့် အခြေအနေရောက်ရှိနေပြီး တောင်ကိုရီးယားအစိုးရက ကျန်းမာရေး လုံခြုံမှု အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
"နိုင်ငံအတွင်း အပူလှိုင်း ဖြတ်သန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အပူချိန်ပမာဏဟာ စံချိန်တင် ပမာဏတစ်ရပ်ကို ရောက်ရှိသွားနိုင်ပါတယ်။ အပူချိန်မြင့်တက်လာမှုနဲ့အတူ လျှပ်စစ်စွမ်းအင်သုံးစွဲမှုနှုန်းကလဲ မြင့်တက်လာတယ်။ မှတ်တမ်းတွေအရ ဇူလိုင် ၈ရက် တစ်ရက်တည်းမှာတင် ၉၅ ဒသမ ၇ ဂီဂါဝပ်ထိ လျှပ်စစ်စွမ်းအင်သုံးစွဲ မှု မြင့်တက်ခဲ့တယ်။ လျှပ်စစ်စွမ်းအင်သုံးစွဲမှုလည်း ဆက်လက်ဖြင့်တက်လာဖွယ် ရှိနေပါတယ်။ အပူချိန် မြင့်တက်နေတဲ့ ဇူလိုင်လကနေ ဩဂုတ်လအတွင်း လျှပ်စစ်စွမ်း အင်သုံးစွဲမှု ဆက်လက်မြင့်တက်လာမှာဖြစ်တဲ့အတွက် ပြည်သူတွေကုန်ကျစရိတ် သက်သာစေဖို့ အတွက် ဒီကာလအတွင်း လျှပ်စစ်မီတာခကို လျှော့ပေါ့ပေးသွားမှာ ဖြစ်ပါတယ်”ဟု တောင်ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုဇုန်၊ စွမ်းအင် နှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ကင်မ်ဝန်အီက ပြော ကြားခဲ့ကြောင်း သိရသည်။
Ref: Russia Today
Trs: Sai Sat
YDNB Newspaper
Photo - Korea JoongAng Daily

အော့တဝါ ဇူလိုင် ၁၅
ကနေဒါနိုင်ငံတွင် ပြင်းထန်သော အပူချိန်ကြောင့် Environment Canada မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူများ က အပူချိန်သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

Environment Canada ၏ အစီရင်ခံစာအရ အွန်တာရီယိုပြည်နယ်၊ ကွီဘက်ပြည်နယ်၊အတ္တလန် တိတ်ပြည်နယ်၊ တော်ရွန်တိုမြို့၊ အော့တဝါမြို့၊ မွန်ထရီရယ်မြို့ များအပါအဝင် အခြားမြို့နှင့် ပြည်နယ်အများအပြားတွင် ဇူလိုင် ၁၄ ရက်နေ့လယ်ပိုင်းတွင် အပူချိန် သတိပေးချက် အများအပြားကို ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။ အပူချိန် သတိပေးချက်များ အရ ထိုပြည်နယ်နှင့် မြို့ကြီးများတွင် နေ့အပူချိန်သည် ပုံမှန်အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်မှ ၄၂ ဒီဂရီစင်တီဂရိတ်ထိ မြင့်မားနိုင် ပြီး အဆိုပါအခြေအနေသည် ဇူလိုင် ၁၇ ရက်ထိ ဖြစ်ပေါ်နိုင်ကြောင်း နိုင်ငံပိုင် မိုးလေဝသဌာန ကခန့်မှန်းထားသည်။
အပူလွန်ကဲမှုက လူတိုင်းရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါ တယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ပြင်ပမှာ အလုပ် ထွက်လုပ်ရသူတွေ အထူးဂရုစိုက်ရမဲ့ အခြေအနေဖြစ်တာကြောင့်အခုလိုသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတာပါ”ဟု Environment Canada သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။
Ref: Sputnik News
Trs: KZ
YDNB Newspaper
Photo - CBC

အဆိုပြိုင်ပွဲအစီအစဉ် "American Idol" ၏ ထုတ်လုပ်သူများသည် ၎င်းတို့၏ အဖွဲ့ဝင်တစ်ဦးဆုံးရှုံးမှုအတွက် များစွာဝမ်းနည်းနေကြသည်ဟု ဆိုသည်။ Los Angeles ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါ အစီအစဉ် ၏ ဂီတကြီးကြပ်ရေးမှူးတစ်ဦးဖြစ်သူ Robin Kaye နှင့် သူမ၏ခင်ပွန်း Thomas Deluca တို့ကို တနင်္လာနေ့ (ဇူလိုင် ၁၄) တွင် Encino ရှိ ၎င်းတို့၏ အိမ်၌ သေဆုံးနေသည့်အနေအထားဖြင့် တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

Robin သည် ၂၀၀၉ ခုနှစ်မှစ၍ Idol မိသားစု၏ အရေးပါသူတစ်ဦးဖြစ်ခဲ့ ပြီး သူမနှင့်တွေ့ဆုံဖူးသူအားလုံးက ချစ်ခင်လေးစားခြင်းခံရသူဖြစ်သည်" ဟု "American Idol" ၏ အဖွဲ့ဝင်တစ်ဦးက CNN သို့ အင်္ဂါနေ့ (ဇူလိူင် ၁၅) တွင် ပြောကြားခဲ့သည်။
ထုတ်ပြန်ချက်တွင် "Robin သည် မိမိတို့၏နှလုံးသားထဲတွင် အမြဲ ရှိနေ မည်ဖြစ်ပြီး အဆိုပါဝမ်းနည်းဖွယ်အချိန်အတွင်း သူမ၏မိသားစုနှင့် မိတ်ဆွေ များအား လွန်စွာဝမ်းနည်းကြောင်း ဖော်ပြလိုက်ပါသည်" ဟု ဖော်ပြထား သည်။
ဒေသဆိုင်ရာရဲဌာနက အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးတို့သည် နေအိမ် အတွင်း၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ ထိုနေ့နှောင်းပိုင်း၌ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တစ်ခုတွင် အိမ်ဖောက်ထွင်းမှု သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားကြောင်း ဖော်ပြခဲ့သည်။
ထုတ်ပြန်ချက်အရ "သံသယရှိသူ ၎င်းတို့၏နေအိမ်အတွင်း ရှိနေပြီး သတ်ဖြတ်ခံရသူများ အိမ်ပြန်ရောက်လာခဲ့စဉ် ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ကာ နောက်ဆုံး တွင် သံသယရှိသူက ၎င်းတို့ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်" ဟု ဖော်ပြ ထားသည်။
Kaye သည် ၁၉၉၀ နှောင်းပိုင်းမှစတင်ကာ ဂီတဆိုင်ရာအကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပြီး IMDb မှတ်တမ်းများအရ ၁၉၉၈ ခုနှစ်တွင် "Buffy the Vampire Slayer" ဇာတ်လမ်းတွဲတွင် ပထမဆုံးအကြီးတန်း ဂီတအကြံပေး အဖြစ် လုပ်ကိုင်ခဲ့သည်။ သူမသည် ၂၀၀၈ ခုနှစ်တွင် "Nashville Star"၊ ၂၀၀၇ မှ ၂၀၁၁ အတွင်း "The Singing Bee" နှင့် ၂၀၁၄ မှ ၂၀၁၆ အတွင်း "Hollywood Game Night" အပါအဝင် ရုပ်သံအစီအစဉ်များစွာတွင် ဂီတကြီးကြပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။ အထူးသဖြင့် Kaye သည် ၂၀၀၉ မှ ၂၀၂၃ ခုနှစ်အထိ "American Idol" တွင် ဂီတကြီးကြပ်ရေးမှူး အဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာ လုပ်ကိုင်ခဲ့သူဖြစ်သည်။
ကိုးကား- CNN

ဟနွိုင်းမြို့ရှိ ဓာတ်ပုံဆိုင်တစ်ခုတွင် ဗီယက်နမ်အမျိုးသမီးတစ်ဦးကို ရိုက်နှက်ခဲ့သည့် တောင်ကိုရီးယား အမျိုးသမီးခရီးသွားအား အမြန်ဆုံး အရေးယူရန် တောင်ကိုရီးယားနိုင်ငံသားများက တောင်းဆိုနေကြပြီး အချို့က ယင်းအဖြစ်အပျက်ကို "နိုင်ငံ့ဂုဏ်သိက္ခာကျစေသည့် အရှက်ရဖွယ် အဖြစ်အပျက်"ဟု ဝေဖန်နေကြသည်။

Photoism ဓာတ်ပုံဝန်ဆောင်မှုလုပ်ငန်း၏ ဇူလိုင် ၁၄ ရက်နေ့က ဖေ့စ်ဘွတ် ပို့စ်တွင် ထုတ်ပြန်ချက်အရ ဇူလိုင် ၁၁ ရက်နေ့က ဟနွိုင်းရှိ ၎င်းတို့၏ ဆိုင်ခွဲတစ်ခုတွင် ဖောက်သည်များအကြား အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့က တာဝန်ရှိသူများထံသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားသတင်းဌာနများစွာက အဆိုပါဖြစ်ရပ်ကို ရေးသားဖော်ပြခဲ့ကြပြီး MBN ရုပ်သံဌာနက ကိုရီးယားအမျိုးသမီးသည် အရက်မူးပြီး ဓာတ်ပုံဆိုင်ကို ရောက်ရှိလာခဲ့ကြောင်း၊ ဗီယက်နမ်အမျိုးသမီးနှစ်ဦး ဓာတ်ပုံ ရိုက်ကူးမှု ကြာရှည်နေသည်ကို မြင်တွေ့သောအခါ သူမက အလျင်အမြန် ရိုက်ခိုင်းခဲ့သော်လည်း ငြင်းပယ်ခံရပြီး ရန်ပွဲဖြစ်ပွားသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဇူလိုင် ၁၅ ရက်တွင် ထုတ်ဝေသော ဆောင်းပါးတစ်ခုတွင် Yonhap News TV က ဗီယက်နမ်အမျိုးသမီးငယ်၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ရုတ်တရက် လက်သီးနှင့်ထိုးပြီး ခေါင်းကို အိတ်ဖြင့်ရိုက်ခဲ့သည့် ကိုရီးယား အမျိုးသမီးအား "နိုင်ငံ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသူ"ဟု ရည်ညွှန်းခဲ့သည်။
ကိုရီးယား၏ အကြီးဆုံး အွန်လိုင်းအသိုင်းအဝိုင်း Theqoo တွင် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်သော အချက်အလက်များအတွက် မှတ်ချက် ၁,၀၀၀ ကျော်ရရှိခဲ့ပြီး အများစုမှာ ကိုရီးယားအမျိုးသမီးအား ဝေဖန် ကန့်ကွက်ကာ အရေးယူရန်တောင်းဆိုနေကြသည်။
ဆိုးလ်အခြေစိုက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးသတင်းဌာန Power News အဆိုအရ ထိုကိုရီးယားခရီးသွားသည် ဖုန်းအစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင် အလုပ်သမားဖြစ်နိုင်သည်ဟု ဆိုသည်။ သို့သော် ကုမ္ပဏီကိုယ်စားလှယ်က ထိုသူသည် ၎င်းတို့၏ဝန်ထမ်း ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးဘဲ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေပြီး မကြာမီ တရားဝင်ထုတ်ပြန်ချက်ထုတ်ပြန်မည်ဟု ပြောကြားခဲ့သည်။
ကိုးကား- VN Express
Photo: Mothership

ဂျကာတာ ဇူလိုင် ၁၅
အင်ဒိုနီးရှားနိုင်ငံ မင်တာဝေ ကျွန်းစု ကမ်းလွန်ရေပြင်အတွင်း ဇူလိုင် ၁၄ ရက်က အမြန်ရေယာဉ် တစ်စီးတိမ်းမှောက်ခဲ့ရာ ကလေး သုံးဦးအပါအဝင် ၁၁ ဦးပျောက်ဆုံး နေကြောင်း သိရသည်။
ယင်း အမြန်ရေယာဉ်သည် ခရီးသည် ၁၆ ဦး၊ ရေယာဉ်၀န်ထမ်း နှစ်ဦးတို့နှင့်အတူ မင်တာဝေကျွန်း ဆီကာကတ်မြို့ဆိပ်ကမ်းမှစတင် ထွက်ခွာခဲ့ပြီးနောက် ဆီပိုရာ ရေလက်ကြားရေပြင်၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ရေယာဉ် တိမ်းမှောက်ခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများက ရေယာဉ်ဝန်ထမ်းနှစ်ဦး အပါအဝင် လူပေါင်း ခုနစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ယင်း အမြန်ရေယာဉ်ငယ်သည် မုန်တိုင်းတိုက်ခတ်နေစဉ် လှိုင်းရိုက်မှုကြောင့် တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း အသက်ရှင် ကျန်ရစ်သူများက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးသမားက ဒေသခံရေလုပ်သားများအကူအညီဖြင့် ပျောက်ဆုံးနေသူများကို ရှာဖွေနေဆဲဖြစ်သည်။
ကျွန်းပေါင်း ၁၇၀၀၀ကျော်ဖြင့် ဖွဲ့စည်းထားသည့် အင်ဒိုနီးရှားနိုင်ငံ၌ ရေလမ်းခရီးအသုံးများသည်နှင့်အမျှ ရေကြောင်း မတော်တဆမှုများလည်း မကြာခဏ ဖြစ်ပွားတတ်ကြောင်း သိရသည်။
Ref: Xinhua

ပရော်ဖက်ရှင်နယ် MMA တိုက်ခိုက်ရေးပြိုင်ပွဲ ၁၈ ပွဲအနိုင်ရရှိခဲ့ဖူးသူ ရုရှား လက်ဝှေ့သမား Timur Khizriev ကို ၎င်း၏အိမ်သို့ပြန်စဉ် မျက်နှာဖုံး စွပ်ထားသည့် လူနှစ်ဦးက ဝင်ရောက်တိုက်ခိုက်ပြီး သေနတ်ဖြင့် ငါးချက် ပစ်ခတ်ခဲ့သည်။ ဒါဂက်စတန်ဒေသ၊ Makhachkala မြို့ရှိ Khizriev ၏အိမ်သို့အပြန် ဇူလိုင် ၁၅ ရက် ည ၁၁:၃၀ ဝန်းကျင်တွင် ကားတံခါး ဖွင့်နေစဉ် လူနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

မျက်မြင်သက်သေများအဆိုအရ လူသတ်သမားနှစ်ဦးက သေနတ်ဖြင့် ၁၀ ချက်နီးပါး ပစ်ခတ်ခဲ့ပြီး Khizriev တွင် ပခုံး၊ ရင်ဘတ်၊ ကျောနှင့် လက်ကောက်ဝတ်တို့တွင် ဒဏ်ရာငါးချက်ရရှိခဲ့သည်။ သို့သော် ရုရှား လက်ဝှေ့သမားသည် ပြန်လည်ခုခံကာ ဖြစ်ရပ်မှ ထွက်ပြေးနိုင်ခဲ့သည်ဟု သိရသည်။ ပစ်ခတ်သူများသည် ကားဖြင့်ထွက်ပြေးသွားစဉ် Khizriev နှင့် ၎င်း၏မိသားစုကို ဆဲရေးတိုင်းထွာခဲ့သည်ဟု သိရသည်။ ဒေသခံ မီဒီယာ များက အဆိုပါဖြစ်စဉ်သည် ကိုယ်ရေးကိုယ်တာ အငြင်းပွားမှု သို့မဟုတ် ဒေသအတွင်းက အားကစား (သို့) မှောင်ခိုလောက၏ အချင်းချင်း ပဋိပက္ခနှင့် ငြိစွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။
ဒေသခံရဲများက ဖြစ်စဉ်ဖြစ်ပွားရာနေရာမှ အဖြူရောင် Lada Priora ကားဖြင့် ထွက်ပြေးသွားသည့် သံသယရှိသူ ၃ ဦး (ယာဉ်မောင်း အပါ အဝင်) ကို ချက်ချင်းလိုက်လံရှာဖွေခဲ့သော်လည်း ယခုအချိန်ထိ မည်သူ့ကိုမျှ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။
ပစ်ခတ်ခံရပြီးနောက် Khizriev ကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကာ ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။ ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ အသက် ၂၉ နှစ်ရှိ လက်ဝှေ့သမားသည် အန္တရာယ်ကင်းပြီး အခြေအနေ တည်ငြိမ်စွာဖြင့် ပြန်လည်သက်သာလာကာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမရှိတော့ပေ။
၁၉၉၅ ခုနှစ်တွင် မွေးဖွားသော Timur Khizriev သည် Khabib Nurmagomedov နှင့် Islam Makhachev အပါအဝင် နာမည်ကျော် တိုက်သမားများ မွေးထုတ်ပေးခဲ့သည့် ဒါဂက်စတန်ဒေသမှ ထိပ်တန်း MMA တိုက်သမားတစ်ဦး ဖြစ်သည်။ Khizriev သည် ပရော်ဖက်ရှင်နယ် MMA တိုက်ပွဲ ၁၈ ပွဲစလုံးကို အနိုင်ရခဲ့ပြီး Bellator MMA တွင် ယှဉ်ပြိုင် ခဲ့ကာ 2024 PFL Featherweight ချန်ပီယံဆုကို ရရှိခဲ့သူဖြစ်သည်။ ထိုအောင်မြင်မှုဖြင့် ၎င်းသည် ဆုကြေးဒေါ်လာ ၁ သန်း ရရှိခဲ့သည်။
ဒါဂက်စတန်ဒေသသည် ကမ္ဘာ့အကောင်းဆုံး MMA တိုက်သမားများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး Khizriev သည်လည်း ထိုကဲ့သို့သော အားကစား သမားတစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်သည်။ လက်ရှိဒဏ်ရာမှ လျင်မြန်စွာ ပြန်လည်သက်သာလာပါစေဟု ၎င်း၏ ပရိတ်သတ်များက ဆုတောင်း ပေးလျက်ရှိကြောင်း သိရှိရပါသည်။