သတင်းများ

ရှေးခေတ် ပွေးသတ္တဝါမျိုးစိတ်သစ်တစ်မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းကို စပိန်နိုင်ငံ မီးတောင်တွင်းဝဟောင်းတစ်ခု၌ ရှာဖွေတွေ့ရှိ

မက်ဒရစ်   ဇူလိုင် ၂၁

ရှေးခေတ်ပွေးသတ္တဝါမျိုးစိတ်သစ်တစ်မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းကို စပိန်နိုင်ငံ မီးတောင်တွင်းဝဟောင်းတစ်ခု၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဇူလိုင် ၂၀ ရက် သတင်းများအရ သိရသည်။

အဆိုပါ ပွေးသတ္တဝါမျိုးစိတ်သစ်ကို Vulcanoscaptor Ninoti ဟူ၍ စပိန် သိပ္ပံပညာရှင်များက အမည်ပေးထားသည်။

Vulcanoscaptor Ninoti ပွေးသတ္တဝါများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅ ဒသမ ၃ သန်းနှင့် ၂ဒသမ ၆ သန်းကြား ပလီယိုမင်းဘူမိခေတ်အတွင်း ရှင်သန်ကျက်စားခဲ့သော သက်ရှိများဖြစ်ကြသည်။

Vulcanoscaptor Ninoti ပွေးများ၏ မျိုးရင်းဖြစ်သော Scalopini ပွေးသတ္တဝါများမှာ လက်ရှိအချိန်တွင် မြောက်အမေရိကနှင့် အာရှတို့၌ ရှင်သန်နေကြဆဲဖြစ်ကြောင်း သိရသည်။

Vulcanoscaptor Ninoti တွင်းအောင်းပွေးများသည် ရေကူးနိုင်စွမ်းလည်း ရှိနေနိုင်ကြောင်း စပိန်သိပ္ပံပညာရှင်များ၏ ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာချက်ရလဒ်များအရ သိရသည်။

Vulcanoscaptor Ninoti တွင်းအောင်းပွေး ကျောက်ဖြစ်ရုပ်ကြွင်းကို စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ့်ဒဲနီးနော့ အမည်ရှိ ရှေးဟောင်းမီးတောင် တွင်းဝဟောင်းအနီး ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံသတင်းစာ

အမေရိကန်လေတပ်သည် B-52 ဗုံးကြဲလေယာဉ်နှင့် ခရီးသည်တင် လေယာဉ်တစ်စီး နီးကပ်စွာ ဝင်တိုက်မိလုနီးပါးဖြစ်ပွားခဲ့မှုကို စုံစမ်း စစ်ဆေးလျက်ရှိ

ဇူလိုင် ၂၁ ရက်နေ့တွင် North Dakota ပြည်နယ်၌ B-52 ဗုံးကြဲ လေယာဉ် တစ်စီးနှင့် SkyWest ခရီးသည်တင်လေယာဉ်တစ်စီးတို့ နီးကပ်စွာ တိုက်မိ လုနီးပါးဖြစ်ပွားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း အမေရိကန် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

သတင်းများအရ Minot အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရန် ချဉ်းကပ်နေသော အရပ်ဘက်လေယာဉ်၏ ပျံသန်းလမ်းကြောင်း အနီးတွင် B-52 ဗုံးကြဲလေယာဉ်တစ်စီး ရုတ်တရက်ပေါ်ထွက်လာခဲ့ပြီး Embraer 175 လေယာဉ်မှူးက မတိုက်မိစေရန် ရုတ်တရက် လမ်းကြောင်း ပြောင်းလဲကာ တိမ်းရှောင်ပျံသန်းခဲ့ရသည်ဟု သိရသည်။

Minot မြို့သည် အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုနှင့် လေတပ်စခန်း တစ်ခုတို့ တည်ရှိနေသော မြို့တစ်မြို့ဖြစ်ပြီး အမေရိကန်လေတပ်၏ 5th Bomb Wing နှင့် 91st Missile Wing တပ်ဖွဲ့များ နှင့် B-52 နျူကလီးယား ဗုံးကြဲလေယာဉ် ၂၆ စီးအပါအဝင် လေတပ်ဆိုင်ရာ ပစ္စည်းကိရိယာများ နှင့် အဆောက်အဦအမြောက်အမြား တည်ရှိနေသည်။

အမေရိကန်ဖက်ဒရယ်လေကြောင်းအာဏာပိုင် (FAA) က စုံစမ်း စစ်ဆေးမှု များ ပြုလုပ်နေကြောင်း ပြောကြားခဲ့ပြီး " Minot လေဆိပ်ရှိ လေကြောင်း ထိန်းသိမ်းရေးဝန်ဆောင်မှုများကို FAA ဝန်ထမ်းများမှ မဟုတ်ဘဲ သီးသန့် ကုမ္ပဏီတစ်ခုမှ လုပ်ကိုင်နေခြင်း" ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ SkyWest ကုမ္ပဏီကလည်း ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်ပိုင် စုံစမ်း စစ်ဆေးမှု များ စတင်ခဲ့သည်ဟု ဆိုသည်။

လေကြောင်းကျွမ်းကျင်သူနှင့် အမေရိကန်လေတပ် အရံပိုင်းလော့ဟောင်း John Nance က အဆိုပါ ဖြစ်စဉ်တွင် အထူးသဖြင့် သက်ဆိုင်ရာ ပါဝင် သူများအကြား ဆက်သွယ်ရေးဆိုင်ရာ ရှင်းလင်းရမည့်အချက်များ များစွာ ရှိနေကြောင်း ပြောကြားခဲ့သည်။

တူညီသောဧရိယာတွင် စစ်ဘက်နှင့်အရပ်ဘက်လေယာဉ်များ ညှိနှိုင်း လုပ်ကိုင်မှုယန္တရားသည် အမေရိကန်တွင် အငြင်းပွားဖွယ်ရာ အကြောင်း အရာတစ်ခုဖြစ်နေပြီး ဇန်နဝါရီ ၂၉ ရက်က ဝါရှင်တန်ဒီစီ လေဆိပ် အနီး တွင် ခရီးသည်တင်လေယာဉ်တစ်စီးနှင့် Black Hawk ရဟတ်ယာဉ်တို့ ဝင်တိုက်မှုဖြစ်ပွားခဲ့ဖူးသည်။ ထိုမတော်တဆမှုတွင် Black Hawk ရဟတ်ယာဉ်အဖွဲ့ဝင် ၃ ဦးနှင့် အရပ်ဘက်လေယာဉ်ပေါ်ရှိ ၆၄ ဦး သေဆုံး ခဲ့ပြီး အမေရိကန်တွင် လွန်ခဲ့သော ၁၆ နှစ်အတွင်း အပြင်းထန်ဆုံး အရပ်ဘက်လေကြောင်းမတော်တဆမှုဖြစ်သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အစာအဆိပ်သင့်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အစာအဆိပ်သင့်ပြီး နေအိမ်မှအလုပ်တာဝန်များကို ဆောင်ရွက်လျက်ရှိကာ ၎င်း၏တရားရုံးစစ်ဆေးမှုများကို စက်တင်ဘာအထိ ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း သိရှိ ရသည်။

ဘင်ဂျမင် နေတန်ယာဟုသည် ဇူလိုင် ၁၉ ရက်နေ့ညတွင် မအီမသာ ခံစား နေခဲ့ရပြီး Hadassah Ein Kerem ဆေးရုံမှ အစာအိမ်နှင့်အူလမ်းကြောင်း သမားတော် ဒေါက်တာ အလွန် ဟာရှကို က ၎င်းအား နေအိမ်တွင် စမ်းသပ် စစ်ဆေးခဲ့ရာ အစာအဆိပ်သင့်မှုကြောင့်ဖြစ်သော အူရောင်ရမ်းခြင်း (enteritis) ရောဂါကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ဇူလိုင် ၂၀ ရက်နေ့တွင် ကြေညာခဲ့သည်။

အခြားစမ်းသပ်မှုများအရ နေတန်ယာဟု၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ရေဓာတ်ဆုံးရှုံးမှုကြောင့် လိုအပ်သည့်ကုသမှုများ လုပ်ဆောင်ပေးခဲ့သည်ဟု သိရှိရသည်။ "ဝန်ကြီးချုပ်သည် အိမ်တွင် ၃ ရက်ခန့် အနားယူမည်ဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်အရ နေအိမ်မှသာ အလုပ်တာဝန်များကို ဆက်လက်ဆောင်ရွက်သွားမည်" ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဂျေရုဆလင်ခရိုင်တရားရုံးက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ၏ ဇူလိုင် ၂၁ နှင့် ၂၂ ရက်တွင် စီစဉ်ထားသော တရားရုံးကြားနာ စစ်ဆေးမှု များကို ပယ်ဖျက်လိုက်သည်။ အဆိုပါဆုံးဖြတ်ချက်ကြောင့် တရားရုံး ကြားနာစစ်ဆေးမှုများကို စက်တင်ဘာအထိ ရွှေ့ဆိုင်းရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးတရားရုံးများသည် ယခုအချိန်မှစ၍ စက်တင်ဘာ ၅ ရက်အထိ နွေရာသီအားလပ်ရက်အဖြစ် အကျုံးဝင်မည် ဖြစ်ပြီး အကန့်အသတ်ဖြင့်သာ လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။

အသက် ၇၅ နှစ်အရွယ် နေတန်ယာဟုအား အာဏာသိမ်းမှု၊ လာဘ်ပေး လာဘ်ယူမှုနှင့်ဆိုင်သည့် တရားစွဲဆိုမှုများကို ၂၀၂၄ ဒီဇင်ဘာတွင် စတင် စစ်ဆေးရန်စီစဉ်ထားသော်လည်း ၎င်း၏ကျန်းမာရေးပြဿနာများ၊ ဂါဇာ စစ်ပွဲ၊ အီရန်-အစ္စရေးပဋိပက္ခ၊ နိုင်ငံခြားခရီးစဉ်များနှင့် ဝန်ကြီးချုပ် တာဝန် များကြောင့် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသည်။

နေတန်ယာဟုသည် လွန်ခဲ့သော နှစ်များအတွင်းတွင်လည်း ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၂၄ မတ်လတွင် အူကျရောဂါ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ဖျားနာမှုကြောင့် အနားယူခဲ့ရသည်။ ထို့အပြင် ၉ လအကြာတွင် ဆီးကျိတ်ခွဲစိတ်ဖယ်ရှားမှုပြုလုပ်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်တွင် နှလုံးအကူစက်ကိရိယာ (pacemaker) တပ်ဆင်ရန် ခွဲစိတ်ကုသမှုလည်း ခံယူခဲ့ဖူးသည်။

၎င်း၏တရားစွဲဆိုမှုများသည် ကျန်းမာရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာ အခြေအနေများကြောင့် ဆက်လက်ရွှေ့ဆိုင်းနေရဆဲဖြစ်သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

At least 27 killed as Bangladesh air force jet crashes into Dhaka school

ဘင်္ဂလားဒေ့ရှ် လေတပ်ပိုင် ဂျက်လေယာဉ်တစ်စင်း တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် မြို့တော်ဒါကာရှိ ကောလိပ်ကျောင်းဝင်းတစ်ခုအတွင်း ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ပြောကြားခဲ့သည်။ ယခုဖြစ်စဉ်သည် လွန်ခဲ့သည့် နှစ်များအတွင်း နိုင်ငံ၏ သမိုင်း၌ အသေအပျောက်အများဆုံး လေယာဉ်ပျက်ကျမှုတစ်ခု ဖြစ်သည်။

မြို့တော် ဒါကာ မြောက်ပိုင်းရှိ ဒီယာဘာရီရပ်ကွက်အပါအဝင် Milestone ကျောင်းဝင်းအတွင်း လေယာဉ်ပျက်ကျခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာ ရရှိ ခဲ့ကြောင်း နိုင်ငံ၏ ယာယီခေါင်းဆောင် မိုဟာမက်ယူနွတ်၏ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ဆက်လက်၍ ပြောရေးဆိုခွင့်ရှိသူက အထူးကြပ်မတ်ကုသမှုခံယူနေရသည့် ဒဏ်ရာရရှိသူ ၈၃ ဦးအပါအဝင် အများစုမှာ ကျောင်းသားများဖြစ်ပြီး မြို့တော်ရှိ ဆေးရုံများတွင် ကုသမှု ခံယူနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

Associated Press သတင်းဌာနက ဒေသဆိုင်ရာ အရာရှိများကို ကိုးကား၍ လေယာဉ်မှူးအပါအဝင် သေဆုံးသူများရှိခဲ့ကြောင်း ဖော်ပြခဲ့ပြီး ကယ်ဆယ်ရေး ဝန်ထမ်းများက မီးလောင်ကျွမ်းနေသော လေယာဉ်အကြွင်းအကျန်များကို ငြှိမ်းသတ်ရန် ကြိုးစားခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံပိုင်မီဒီယာ BSS News မှတစ်ဆင့် ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့ကာ အထူးဆုတောင်းပွဲများ ကျင်းပရန်ကြေညာခဲ့သည်။ "လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးဒဏ်ရာရရှိသူများအတွက် လွန်စွာ ဝမ်းနည်းမိပါသည်" ဟု ယူနွတ်က X (တွစ်တာ) တွင် ရေးသားခဲ့သည်။

"ဤသည်မှာ နိုင်ငံတော်အတွက် လွန်စွာဝမ်းနည်းရသော အခိုက်အတန့် ဖြစ်ပါသည်၊ ဒဏ်ရာရသူများ မြန်ဆန်စွာသက်သာပျောက်ကင်းပြီး ဆေးရုံ များအပါအဝင် သက်ဆိုင်ရာအာဏာပိုင်အားလုံးအား အရေးပေါ် အခြေအနေ အဖြစ် အမြင့်ဆုံးဦးစားပေး ကိုင်တွယ်ဖြေရှင်းရန် ညွှန်ကြားထားပါသည်" ဟု ၎င်းက ဖြည့်စွက်ရေးသားခဲ့သည်။

ကိုးကား- CNN

ဝေဟင်စောင့်ကြည့်ရေး စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် Thales ကုမ္ပဏီမှ GM400a ရေဒါစနစ်နှစ်ခုကို မလေးရှား ဝယ်ယူ

အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည် ၎င်းတို့၏ ဝေဟင်စောင့်ကြည့်ရေး စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် Thales ကုမ္ပဏီမှ GM400a ရေဒါစနစ်နှစ်ခုကို ဝယ်ယူမည်ဖြစ်သည်။

အဆိုပါ ရေဒါစနစ်များ ဝယ်ယူရေးကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ ပြင်သစ်နိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မလေးရှားနိုင်ငံက အသုံးပြုနေသည့် GM400a ရေဒါစနစ်အရေအတွက်မှာ လေးခုအထိ ရှိလာမည်ဖြစ်သည်။ GM400a ရေဒါစနစ်သည် အကွာအဝေး  ၅၁၅   ကီလိုမီတာအထိ ထောက်လှမ်း စောင့်ကြည့်နိုင်စွမ်းရှိပြီး အခြားလေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုများဖြစ်သည့် တိုက်လေယာဉ်များ၊ ဒုံးကျည်များ၊   ရဟတ်ယာဉ်များနှင့် ဒရုန်းများကိုလည်း ရှာဖွေဖော်ထုတ်နိုင်သည်။

လက်နက်ပစ္စည်း ရောင်းဝယ်ရေး သဘောတူညီချက်အရ Thales ကုမ္ပဏီက မလေးရှားနိုင်ငံသို့ လေ့ကျင့်သင်ကြားမှုများနှင့် မလေးရှားရေဒါစနစ် ကျွမ်းကျင်သူများထံ  နည်းပညာလွှဲပြောင်းပေးမှုများကိုပါ ပေးအပ်မည် ဖြစ်သည်။

Thales ကုမ္ပဏီသည် မလေးရှားနိုင်ငံသို့ ၎င်းတို့၏   ကာကွယ်ရေးပစ္စည်းများကို ပြီးခဲ့သည့် ဆယ်စုနှစ်လေးခု အတွင်းမှစ၍ ပေးပို့ခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသည် ၎င်းကုမ္ပဏီထုတ်  GM400a  ရေဒါစနစ်ကို    ပထမဆုံး ဝယ်ယူခဲ့သည့်နိုင်ငံဖြစ်သည်။

MWD Web Portal
 
ဆော်ဒီ မင်းသားတစ်ဦး နှစ် ၂၀ ကြာ သတိလစ်နေပြီးခဲ့နောက် ကွယ်လွန်

ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် သတိလစ်နေခဲ့သော ဆော်ဒီမင်းသား Alwaleed bin Khalid bin Talal bin Abdulaziz Al Saud သည် နှစ် ၂၀ ကြာ ကိုမာဝင်နေပြီးနောက် ကွယ်လွန်သွားခဲ့သည်။ ဆော်ဒီအာရေဗျ ဘုရင် မိသားစုက ဇူလိုင် ၁၉ ရက်တွင် အသက် ၃၅ နှစ်အရွယ် Prince Alwaleed ကွယ်လွန်ကြောင်း ကြေညာခဲ့သည်။

မင်းသား၏ ဈာပနအခမ်းအနားကို ဇူလိုင် ၂၀ ရက်မှစတင်၍ မြို့တော် ရီယာ့ဒ်တွင် သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။

မင်းသား Alwaleed သည် ၂၀၀၅ ခုနှစ်က လန်ဒန်တွင် ပြင်းထန်သော ယာဉ်တိုက်မှုဖြစ်ပွားကာ ဦးနှောက်သွေးယိုစီးမှု ခံစားခဲ့ရသည်။ ထိုအချိန် မှစ၍ ဆေးဘက်ဆိုင်ရာ အထူးစောင့်ရှောက်မှုခံယူနေခဲ့ရကာ နှစ် ၂၀ ကြာ သတိလစ်နေခဲ့ပြီး "အိပ်နေသောမင်းသား" အဖြစ် ကျော်ကြားခဲ့သည်။

ဆော်ဒီဘုရင်မိသားစုသည် ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင်သူများထံမှ ဆေးဘက် ဆိုင်ရာအကူအညီများ ရယူခဲ့သော်လည်း အရာမထင်ခဲ့ပေ။ ၂၀၁၅ ခုနှစ် တွင် ဆရာဝန်များက အသက်ရှင်ရန် အထောက်အကူပစ္စည်းများ ဖြုတ်ရန် အကြံပြုခဲ့သော်လည်း ဖခင်ဖြစ်သူ Prince Khaled bin Talal က ပြန်လည်နာလန်ထူနိုင်မည်ဟု ယုံကြည်ကာ ငြင်းဆန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် မင်းသား Al Saud သည် လူနာစောင့် သူနာပြု အမျိုးသမီးတစ်ဦး၏ ခေါ်သံကြောင့် လက်ချောင်းလှုပ်ရှားခဲ့သော်လည်း ၎င်း၏ကျန်းမာရေးအခြေအနေ သိသိသာသာ တိုးတက်ခဲ့ခြင်းမရှိခဲ့ဘဲ ဇူလိုင် ၁၉ ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ပူတင်သည် ဂျာမနီခေါင်းဆောင်များထက် ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်သည်ဟု Tucker Carlson ဆို

အမေရိကန်သတင်းထောက် Tucker Carlson က ဘာလင်အခြေစိုက် Bild သတင်းစာနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် "ဂျာမနီနိုင်ငံ ကို ပျက်စီးအောင်လုပ်ခဲ့သည်က ၎င်းတို့၏အစိုးရဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် မဟုတ်သောကြောင့် ဂျာမန်လူမျိုးများအနေဖြင့် ပူတင် အပေါ် အမျက်ဒေါသထွက်နေရမည့်အစား ၎င်းတို့အစိုးရအပေါ် အမျက် ဒေါသထွက်သင့်ပါသည်" ဟု ပြောကြားခဲ့သည်။

စနေနေ့ (ဇူလိုင် ၁၉) တွင် ထုတ်လွှင့်ခဲ့သော နှစ်နာရီကြာ တွေ့ဆုံ မေးမြန်းခန်း၏ အဓိကအပိုင်းမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက Carlson နှင့် ပူတင်တို့ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းအကြောင်း ဖြစ်သည်။

ထိုမေးမြန်းခန်းအတွင်း Bild ၏ ဒုတိယအယ်ဒီတာချုပ် Paul Ronzheimer က ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ရုရှားခေါင်းဆောင်ကို ဝေဖန်ရန် ကြိုးစားသောအခါ ကာဆန်က ပြန်လည်ခုခံငြင်းဆိုခဲ့သည်။

Ronzheimer က ပူတင်ကို "ရာဇဝတ်သမား" ဟု ရည်ညွှန်းပြောဆို သောအခါ Carlson က "မိမိအနေဖြင့် ပူတင်ကို ကာကွယ်နေခြင်း မဟုတ်ပါ။ သို့သော် ၎င်းသည် ရုရှားအတွက် အလွန်ကောင်းမွန်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါသည်” ဂျာမန်ခေါင်းဆောင်များထက် ပိုကောင်းသည့် လုပ်ဆောင်မှုများ ဆောင်ရွက်ခဲ့သည်မှာ အသေအချာပင် ဖြစ်သည်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

၎င်းကဆက်လက်၍ "ဂျာမနီနိုင်ငံသည် ဆုတ်ယုတ်နေပြီး ရုရှားနိုင်ငံ ကတော့ တိုးတက်နေပါသည်။ ဂျာမန်များသည် ၎င်းတို့၏ခေါင်းဆောင် များကို အမျက်ဒေါသထွက်သင့်သော်လည်း ပူတင်ကိုသာ အမျက်ဒေါသထွက် နေကြပါသည်" ဟု ငြင်းဆိုခဲ့သည်။ 

Carlson ၏ အဆိုအရ ၂၀၀၅ ခုနှစ် မှ ၂၀၂၁ ခုနှစ်အထိ ဂျာမနီ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Angela Merkel သည် "ရာဇဝတ်သမား" ဟုခေါ်ဆိုခံရရန် ပိုမိုထိုက်တန်သည်ဟု ဆိုသည်။ "သူမသည် လူဝင်မှုကြီးကြပ်ရေး ပေါ့လျော့မှုများဖြင့် ဂျာမနီနိုင်ငံကို ပျက်စီးစေခဲ့သည်။ အဆိုပါ ပြဿနာများသည် မိမိတို့ နှစ်ဦး၏ သက်တမ်း အတွင်း ပြန်လည်ကောင်းမွန်လာမည် မဟုတ်ပါ" ဟု ၎င်းက ထပ်လောင်း ရှင်းပြခဲ့သည်။ 

Carlson က လက်ရှိဂျာမနီအစိုးရသည် ပြည်တွင်းရှိ လူဝင်မှု ကြီးကြပ်ရေး နှင့် စီးပွားရေးပြဿနာများမှ ပြည်သူလူထု၏ အာရုံကို လွှဲဖယ်ရန် ဗလာ ဒီမာ ပူတင်နှင့် ရုရှားနိုင်ငံအပေါ် တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဝေဖန်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ဂျာမနီနိုင်ငံသည် သုံးနှစ်ဆက်တိုက် စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်ရမည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားသည်။ 

ယခုလအစောပိုင်းက ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် က ဂျာမနီကာကွယ်ရေးဝန်ကြီး ဘိုရစ် ပစ်စတိုရီယပ်စ်၏ "လိုအပ်ပါက ရုရှားစစ်သားများကို သတ်ဖြတ်ရန် အဆင်သင့်ဖြစ်နေရမည်" ဟူသော ပြောကြားချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် "ဂျာမနီနိုင်ငံသည် နိုင်ငံတကာ အတွက် ထပ်မံအန္တရာယ်ဖြစ်လာနေပြီ" ဟု ပြန်လည်ဝေဖန်ခဲ့သည်။

ကိုးကား- RT

အမေရိကန်လေယာဉ်တစ်စင်း လူ ၂၃၅ ဦးအား သယ်ဆောင်လျက် ပျံတက်ပြီးစအချိန်တွင် အင်ဂျင်မီးလောင်မှုဖြစ်ပွား

Delta Air Lines လေယာဉ်တစ်စင်းသည် ခရီးသည် ၂၂၆ ဦးနှင့် ဝန်ထမ်း ၉ ဦးပါဝင်ပြီး ပျံတက်ပြီးစအချိန်တွင် အင်ဂျင်မီးလောင်မှုဖြစ်ပွားကာ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်သည် အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် Los Angeles International Airport တွင် ဇူလိုင် ၁၈ ရက်က ဖြစ်ပွားခဲ့သော်လည်း အချက်အလက်နှင့် မှတ်တမ်းများကို ဇူလိုင် ၂၀ ရက်မှသာ ထုတ်ပြန် ခဲ့သည်။

Delta Air Lines ၏ ပြောရေးဆိုခွင့်ရှိသူက “DL446 လေယာဉ်သည် ပျံတက်ပြီးနောက် ဘယ်ဘက်အင်ဂျင်ပြဿနာကြောင့် Los Angeles သို့ ပြန်လည်ဆင်းသက်ခဲ့ရပါသည် ၊ ခရီးသည်များ၏ ဘေးကင်းရေးထက်အရေးကြီးသည့်အရာ မရှိပါ ၊ လေယာဉ်မှူးများသည် လုပ်ထုံးလုပ်နည်း အတိုင်း လိုက်နာဆောင်ရွက်ခဲ့ပြီး ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင် ခဲ့ပြီး ခရီးစဉ်နှောင့်နှေးမှုအတွက် ခရီးသည်များအား တောင်းပန်အပ် ပါသည်” ဟု ပြောကြားခဲ့သည်။

မြေပြင်မှ ရိုက်ကူးထားသော ဗီဒီယိုတွင် Boeing 767 ၏ ဘယ်ဘက် အင်ဂျင်အောက်မှ မီးတောက်များ ထွက်နေသည်ကို လေယာဉ် အမြင့်သို့ ပျံတက်နေစဉ် တွေ့မြင်နိုင်သည်။ Boeing 767 လေယာဉ်သည် မိနစ် ၄၀ ခန့်ကြာပြီးနောက် ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပြီး လေယာဉ် မြေပြင်သို့ ပြန်လည်ဆင်းသက်ချိန်တွင် မီးလောင်မှုမရှိတော့သည်ကို တွေ့မြင်ရသည်။ 

Delta Air Lines ၏ ထုတ်ပြန်ချက်အရ လေယာဉ်ပေါ်တွင် ဝန်ထမ်း ၉ ဦး နှင့် ခရီးသည် ၂၂၆ ဦး ပါဝင်ခဲ့ပြီး လေယာဉ်ဆင်းသက်ပြီးနောက် ခရီးသည် များအား အခြားလေယာဉ်တစ်စင်းသို့ ပြောင်းရွှေ့ပေးကာ ခရီးဆက်လက် ထွက်ခွာစေခဲ့သည်။

ဖြစ်စဉ်အပြီးတွင် မီးသတ်ဝန်ထမ်းများနှင့် Delta Air Lines ၏ ပြုပြင် ထိန်းသိမ်းရေးအဖွဲ့များက လေယာဉ်ကို စစ်ဆေးခဲ့သည်။ အမေရိကန် လေကြောင်း သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (FAA) ကလည်း အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိကာ ဖြစ်စဉ်၏ အကြောင်းရင်းကိုမူ ယခုအချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

တရုတ်-မလေးရှား နှစ်နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် စတင်

တရုတ်နိုင်ငံ၏ မလေးရှားနိုင်ငံနှင့် နှစ်ဦးနှစ်ဖက် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်သည် ဇူလိုင် ၁၇ ရက်တွင် တရားဝင် စတင်အသက်ဝင် ခဲ့ပြီဖြစ်ရာ တရုတ်နိုင်ငံ၏ ဗီဇာ ကင်းလွတ်ဖြတ်သန်းသွားလာနေထိုင်ခွင့် မူဝါဒကို ပိုမိုချဲ့ထွင်လိုက်ပြီဖြစ်သည်။ 

အဆိုပါ မူဝါဒအရ တရုတ်နိုင်ငံသားများနှင့် မလေးရှားနိုင်ငံသား များသည် သက်ဆိုင်ရာ နိုင်ငံ၏ သာမန် နိုင်ငံကူးလက်မှတ် (ordinary passport) ကိုင်ဆောင်ထားပါက ဗီဇာမလိုဘဲ ပြည်ဝင်၊ ပြည်ထွက်ခြင်း သို့မဟုတ် ဖြတ်သန်းသွားလာခြင်းများ ပြုလုပ်နိုင်ပြီဖြစ်သည်။ ပြည်ဝင်၊ ပြည်ထွက်ခြင်း သို့မဟုတ် ဖြတ်သန်းသွားလာခြင်း တစ်ကြိမ်လျှင် ရက် ၃၀ ထက် မပိုစေ ရဘဲ ရက်ပေါင်း ၁၈၀ အတွင်း စုစုပေါင်း ရက် ၉၀ ထက် မကျော်လွန်သော ပြည်ဝင်၊ ပြည်ထွက်ခြင်း သို့မဟုတ် ဖြတ်သန်းသွားလာနေထိုင်နိုင်ခွင့် ရမည် ဖြစ်သည်။ 

အဆိုပါမူဝါဒသည် တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့ နှစ်ဦးနှစ်ဖက် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် လက်မှတ်ရေးထိုးပြီး သုံးလအကြာတွင် စတင်အသက်ဝင်လာခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ခရီးသွားလာရေး လွယ်ကူချောမွေ့စေရန်နှင့် နိုင်ငံတကာ ဖလှယ်မှုများ မြှင့်တင်ရန် ကြိုးပမ်းမှုများတွင် နောက်ထပ် ခြေလှမ်းအသစ်တစ်ခု ဖြစ်ကြောင်းကို ပြသနေသည်။ 

မေလအထိ တရုတ်နိုင်ငံသည် နိုင်ငံကူးလက်မှတ် အမျိုးအစား အမျိုးမျိုး အတွက် နိုင်ငံပေါင်း ၁၅၇ နိုင်ငံနှင့် နှစ်ဦးနှစ်ဖက် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာတွင် တရုတ်နိုင်ငံက ဗီဇာ ကင်းလွတ်ဖြတ်သန်းသွားလာ နေထိုင်ခွင့် ကာလကို ရက် ၃၀ အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။ 

ကိုးကား- Xinhua Myanmar

အင်္ဂါဂြိုဟ်မှပဲ့ထွက်လာသည့် အကြီးမားဆုံး ဂြိုဟ်ပဲ့ကြီးအား ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် စံချိန်တင်ရောင်းချ

အင်္ဂါဂြိုဟ်မှပဲ့ထွက်လာသည့် အကြီးမားဆုံး   ဂြိုဟ်ပဲ့အစိတ်အပိုင်းတစ်ခုအား ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့်  စံချိန်တင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဂြိုဟ်ပဲ့ကြီးကို   အမေရိကန်ပြည်ထောင်စုရှိ sotheby's လေလံကုမ္ပဏီမှ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျင်းပခဲ့သည့် လေလံပွဲတစ်ခု၌ ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဂြိုဟ်ပဲ့ကြီးသည် အလေးချိန်အားဖြင့် ၂၄ ဒသမ ၆၇ ကီလိုဂရမ်ရှိပြီး ၎င်းအား ဆာဟာရသဲကန္တာရရှိ နိုင်ဂျာနိုင်ငံအတွင်း၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက  ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

NWA 16788 ဟုအမည်ပေးထားသည့် အဆိုပါဂြိုဟ်ပဲ့ကြီးသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ဝင်တိုက်မှုကြောင့် အင်္ဂါဂြိုဟ်မျက်နှာပြင်မှ ပဲ့ထွက်လာခြင်းဖြစ်သည်။

ယခု  လေလံတင်ရောင်းချနိုင်ခဲ့သည့် အင်္ဂါဂြိုဟ်ပဲ့ကြီးသည် ကမ္ဘာမြေမျက်နှာပြင်ပေါ်သို့ ကျရောက်လာသည့် အဆိုပါဂြိုဟ်ပဲ့များထက် အရွယ်အစားအားဖြင့် ၇၀ ရာခိုင်နှုန်းခန့် ပိုမိုကြီးမားကြောင်း သိရသည်။

အဆိုပါ NWA 16788 ဂြိုဟ်ပဲ့ကြီး၏ ပိုင်ရှင်မှာ မည်သူဖြစ်ကြောင်း သို့မဟုတ် ဝယ်ယူသွားသူမှာ မည်သူဖြစ်ကြောင်းကို လေလံကုမ္ပဏီက ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

MWD  Portal