သတင်းများ

လူနာမှတ်တမ်းဖိုင်များကို မုန့်ထုပ်သည့်အိတ်များအဖြစ် အသုံးပြုမှုကြောင့် ထိုင်းနိုင်ငံ ရှိ ဆေးရုံတစ်ရုံကို ဒဏ်ငွေချမှတ်

ထိုင်းနိုင်ငံရှိ အကြီးစားပုဂ္ဂလိက ဆေးရုံတစ်ခုအား လူနာမှတ်တမ်း စာရွက်စာတမ်းများကို မုန့်ထုပ်သည့်အိတ်အဖြစ် အသုံးပြုမှု တွေ့ရှိရသည့် ဖြစ်စဉ်ကြောင့် ဘတ်ငွေ ၁.၂ သန်း ဒဏ်ငွေချမှတ်ခဲ့ကြောင်း နိုင်ငံ၏ အချက်အလက် စီမံထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်သည် အစိုးရ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးကော်မတီ (PDPC) မှ ထုတ်ပြန်ခဲ့သည့် ဒေတာဥပဒေချိုးဖောက်မှုများအတွက် အရေးယူခံရသော အဖွဲ့အစည်း ၅ ခုအနက် တစ်ခု အပါအဝင်ဖြစ်သည်။

အမည်မဖော်လိုသော ဆေးရုံသည် ၎င်း၏လူနာမှတ်ပုံတင် စာရွက်စာတမ်း များကို ဒေသအခေါ် khanom Tokyo ဟုသိကြသည့် မုန့်ကြွပ်ထုပ်များ အဖြစ် အသုံးပြုနေသည်ကို တွေ့ရှိပြီးနောက် စစ်ဆေးခံခဲ့ရသည်။ကော်မတီ၏ စုံစမ်းစစ်ဆေးမှုအရ ဖျက်ဆီးရန်ပို့ဆောင်ပြီးနောက် ကန့်သတ် ထားသည့်ဖိုင်ပေါင်း ၁,၀၀၀ ကျော် ပျောက်ဆုံးနေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

ဆေးရုံက စာရွက်စာတမ်းများကိုဖျက်ဆီးရန် မိတ်ဖက်လုပ်ငန်းငယ် တစ်ခုအား အပ်နှံခဲ့သော်လည်း နောက်ဆက်တွဲ ကြပ်မတ်မှု မပြုခဲ့ကြောင်း ဝန်ခံခဲ့သည်။ လုပ်ငန်းပိုင်ရှင်မှ အမှားကိုဝန်ခံကာ စာရွက်စာတမ်းများကို ၎င်း၏နေအိမ်တွင်သိမ်းဆည်းထားစဉ် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရှင်းလင်းခဲ့သည်။ PDPC မှ ဆေးရုံအား ဘတ်ငွေ ၁.၂၁ သန်း ဒဏ်ငွေ ချမှတ်ခဲ့ပြီး စာရွက်စာတမ်းဖျက်ဆီးရေးလုပ်ငန်းပိုင်ရှင်အား ဘတ်ငွေ ၁၆,၉၄၀ ဒဏ်ငွေချမှတ်ခဲ့သည်။

အခြားဖြစ်စဉ်တစ်ခုတွင် ပြည်သူ့အေဂျင်စီတစ်ခု၏ ဝက်ဘ်အက်ပ်လီကေးရှင်း ကို ဆိုက်ဘာတိုက်ခိုက်မှုခံရပြီး နိုင်ငံသား ၂၀၀,၀၀၀ ကျော်၏ ကိုယ်ရေး ကိုယ်တာအချက်အလက်များ ပေါက်ကြားမှုဖြစ်ပွားခဲ့ကြောင်း ကော်မတီ မှ ဖော်ထုတ်ခဲ့သည်။ အဆိုပါဒေတာများကို နောက်ပိုင်းတွင် တရားမဝင် အင်တာနက်တွင် ရောင်းချခဲ့သည်။ စုံစမ်းစစ်ဆေးမှုတွင် အားနည်းသော စကားဝှက်များ၊ အန္တရာယ်အကဲဖြတ်မှုမရှိခြင်းနှင့် ဝက်ဘ်အက်ပ် ရေးဆွဲသူ နှင့် ဒေတာစီမံခန့်ခွဲမှုသဘောတူညီချက်မရှိခြင်းစသည့် လုံခြုံရေးအားနည်းချက် များကို တွေ့ရှိခဲ့သည်။ အေဂျင်စီနှင့် ၎င်း၏ကန်ထရိုက် လုပ်ငန်းရှင်တို့အား စုစုပေါင်း ဘတ်ငွေ ၁၅၃,၁၂၀ ဒဏ်ငွေချမှတ်ခဲ့သည်။

အခြားဖြစ်စဉ် ၃ ခုတွင် အွန်လိုင်းလက်လီနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများမှ ဒေတာပေါက်ကြားမှုများပါဝင်ပြီး ဘတ်ငွေ ၅၀၀,၀၀၀ မှ ၇ သန်းအထိ ဒဏ်ငွေများချမှတ်ခံခဲ့ရသည်။ ၂၀၂၄ ခုနှစ်မှစတင်၍ PDPC သည် ကိုယ်ရေးကိုယ်တာဒေတာချိုးဖောက်မှုဖြစ်စဉ် ၆ ခုကို ဖြေရှင်းခဲ့ပြီး စုစုပေါင်း ဘတ်ငွေ ၂၁.၅ သန်း ဒဏ်ငွေချမှတ်ခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

လျှပ်စစ်စွမ်းအင်သုံး GLC ကိုထုတ်ဖော်ပြသလာမယ့် Mercedes-Benz

Mercedes-Benz ဆိုတာ ကမ္ဘာကျော်တဲ့ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်တယ်ဆိုတာ အားလုံးအသိပါ။ ဒီနောက်ပိုင်းမှာ Mercedes-Benz ရဲ့ဂုဏ်သိက္ခာကို ပိုမိုထိန်းသိမ်းပေးလာတဲ့အရာက ဓာတ်ဆီစွမ်းအင်သုံး GLC ပါပဲ။ GLC က Mercedes-Benz ကုမ္ပဏီရဲ့ ထိပ်တန်းရောင်းအားအကောင်းဆုံး  ကားအဖြစ်နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တာပါ။  သူက Mercedes Benz ကို ပိုမိုကျော်ကြားအောင် လုပ်ပေးခဲ့တာဆိုရင်လည်း မမှားပါဘူး။

အခုတော့ Mercedes-Benz ကုမ္ပဏီက သူတို့ရဲ့ ကျော်ကြားမှုကို လျှပ်စစ်စွမ်းအင်သုံးမော်တော်ကား တွေဆီဦးလှည့်လာပါပြီ။ ဒီလိုမျိုးဦးလှည့်လာချိန်မှာ သူတို့ရဲ့အရောင်းရဆုံး မော်တော်ကားဖြစ်တဲ့ GLC ကိုလျှပ်စစ်စွမ်းအင်သုံးကားအဖြစ် ပြောင်းလဲခြင်း အားဖြင့် ဦးလှည့်လာတာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာလုပ်တဲ့ IAA MOBILITY 2025 ပြပွဲမှာ Mercedes-Benz က သူတို့အနေနဲ့ဆန်းသစ်ထားတဲ့ လျှပ်စစ်စွမ်းအင်အပြည့်အဝသုံး GLC ကားများကို ထုတ်ဖော်မိတ်ဆက် ပြသသွားမှာဖြစ်ပါတယ်။ အဲဒီ မှာ သူတို့ကပဲ ပွဲကိုဦးဆောင်သွားမယ့် အခြေအနေရှိပါတယ်။

တကယ်တော့ ဈေးကွက်ထဲမှာ နာမည်ရပြီးသား၊ အောင်မြင်ပြီးသားကားတစ်စီးကို လျှပ်စစ်စွမ်းအင် သုံးကားအဖြစ်ပြောင်းလဲပြီး ဈေးကွက်ပြန်တင်ဖို့ ဆိုတာ သိပ်ကိုကြီးမားတဲ့ အလောင်းအစားတစ်ခုပါ။ ဒါပေမဲ့ Mercedes-Benz ကုမ္ပဏီကတော့ သူတို့ရဲ့ အခုမော်ဒယ်အသစ်ဟာ သူ့ရဲ့အမှတ်တံဆိပ်အတွက် မျက်နှာသစ်ဖြစ်တဲ့အပြင် ခိုင်မာတဲ့လျှပ်စစ်စွမ်းအင် သုံးအနာဂတ်ဆီ ဦးတည်လျှောက်လှမ်းသွားမှာဖြစ် တယ်လို့ ဆိုထားပါတယ်။

Mercedes-Benz ကုမ္ပဏီက သူတို့အနေနဲ့လျှပ် စစ်စွမ်းအင်သုံးကားများစွာကိုလည်း ထုတ်လုပ်ထား ပြီးပါပြီ။ ဒါကြောင့် အခုပွဲမှာ အလုံးစုံအသစ်အဆန်း ဖြစ်တဲ့ CLA အမျိုးအစားမော်တော်ကားကိုလည်း ထုတ်ဖော်ပြသသွားမှာဖြစ်ပါတယ်။ IAA MOBILITY  2025 ပြပွဲကိုတော့ စက်တင်ဘာလ ၉ ရက်မှ ၁၄ ရက် အထိကျင်းပသွားမှာဖြစ်ပါတယ်။

MWD Web Portal

ဒေါ်လာ ၂၅၀၀၀ တည်းနဲ့စတင်ရောင်းချမယ့် Onvo L90 SUV

Nio ဆိုတာ တရုတ်နိုင်ငံမှာ လူကြိုက်များတဲ့ လျှပ်စစ်စွမ်းအင်သုံး ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အဲဒီကားကုမ္ပဏီ ရဲ့လက်ခွဲတစ်ခုဖြစ်တဲ့ Onvo က L90 အမျိုးအစား SUV ကားတွေကို ထုတ်လုပ်ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ SUV ဆိုတဲ့အတိုင်းပဲ မိသားစုများတဲ့ သူတွေအတွက် အဆင်ပြေတဲ့ကားတစ်စီးဖြစ်လာ မှာဖြစ်ပါတယ်။ ဒါ့အပြင် သူ့မှာစိတ်အဝင်စားဆုံး အချက်တစ်ချက်က ဈေးနှုန်းမှာ သူများတွေထက် နည်းပါးနေခြင်းဖြစ်ပါတယ်။    သူ့ရဲ့သတ်မှတ်ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂၅၀၀၀ သာရှိပါတယ်။  ဒါဟာ  ဥရောပဒေသမှာ ရောင်းချနေတဲ့ Renault 5 ထက်တောင်မှ ဈေးသက်သာနေတာပါ။

အလျားအားဖြင့် ၅၁၄၅ မီလီမီတာ၊ ဗြက် ၁၉၉၈ မီလီမီတာ၊ အရှည် ၁၇၈၆ မီလီမီတာရှိတာကြောင့် တကယ့်ကိုအရွယ်အစားကြီးမားတဲ့  SUV အပြည့် ဆိုဒ်ဖြစ်ပါတယ်။  ဒီအရွယ်အစားအရကြည့်မယ် ဆိုရင် ကားရဲ့အတွင်းခန်းက သိပ်ကိုကျယ်ဝန်းမှာ ဖြစ်ပြီး ထိုင်ခုံခြောက်လုံး သို့မဟုတ် ခုနစ်လုံးအထိ ထည့်သွင်းထားနိုင်ပါတယ်။

သူ့မှာနောက်ထပ် လူပြောများနေတဲ့ အားသာချက် တစ်ခုက ရှေ့ဘောနက်ဖုံးဟာ ကုန်ပစ္စည်းတွေထည့် တဲ့နေရာဖြစ်နေခြင်းဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် လီတာ ၂၄၀ အထိရှိပါတယ်။ ဒါကြောင့် အဲဒီထဲမှာ လက်မ ၃၀ ရှိတဲ့အဝတ်အစားသေတ္တာကိုထည့် နိုင်မယ်လို့ ကုမ္ပဏီကပြောပါတယ်။ အတွင်းပိုင်းမှာ ဆိုရင်လည်း လိုက်ပါစီးနင်းသူတွေ သက်သောင့် သက်သာဖြစ်မှုကို ဦးစားပေးထားတာ တွေ့ရပါတယ်။ သာမန်အားဖြင့် SUV တွေရဲ့နောက်ဆုံးခုံတန်းက ကျဉ်းကျဉ်းကျပ်ကျပ်ရှိပေမယ့် ဒီမှာကျတော့ အမြင့် က ၉၆၂ မီလီမီတာရှိတဲ့အပြင် နောက်ကိုလည်း ၃၈ ဒီဂရီအထိလှန်ချနိုင်တာကြောင့် ခရီးဝေးတွေမှာတောင်  သက်သောင့်သက်သာ အနေအထားကို ဖြစ်စေမှာပါ။ 

အင်ဒိုနီးရှား၌ လီဝိုတိုဘီလာကီလာကီမီးတောင်ပေါက်ကွဲမှုဖြစ်ပွား မီးတောင်ပြာများကို ၁၈ ကီလိုမီတာအမြင့်အထိမှုတ်ထုတ်

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း နူဆာတန်း ဂါရာပြည်နယ်ရှိ လီဝိုတိုဘီလာကီလာကီမီးတောင်သည်  ဩဂုတ်လ ၁ ရက်ညပိုင်းနှင့် ၂ ရက်နံနက်ပိုင်းတို့တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်းနှင့် မီးတောင်ပြာများကို ၁၈ ကီလိုမီတာအမြင့်အထိ မှုတ်ထုတ်ကြောင်း ဒေသတွင်း တာဝန်ရှိသူများကပြောသည်။

ပထမအကြိမ် မီးတောင်ပေါက်ကွဲမှုက ဩဂုတ်လ ၁ ရက် ည ၈ နာရီ ၄၅ မိနစ်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ပြာများကို ၁၀ ကီလိုမီတာအမြင့်အထိ မှုတ်ထုတ်ကြောင်း၊ ဒုတိ ယအကြိမ်မီးတောင်ပေါက်ကွဲမှုမှာ ဩဂုတ် လ ၂ ရက်နံနက် ၁ နာရီ ၂၆ မိနစ်တွင်ဖြစ်ပွားခြင်းဖြစ်ကာ ပြာများကို ၁၈ ကီလိုမီတာ အမြင့်အထိမှုတ်ထုတ်ကြောင်း မီးတောင် နှင့်ဘူမိအန္တရာယ် လျော့ပါးရေးစင်တာ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ဒေသခံများနှင့်ခရီးသွားများ အနေဖြင့် မီးတောင်အဝမှ အချင်း ၆ ကီလိုမီတာ ပတ်လည်တွင်နေထိုင်ခြင်း မပြုရန် တာဝန် ရှိသူများက တိုက်တွန်းထားသည်။

အလားတူ ကျေးရွာများရှိပြည်သူများ အနေဖြင့်လည်း မိုးရွာသွန်းမှုများဖြစ်ပွား နေသည့်အတွက်   အဆိုပါမိုးနှင့်အတူမီးတောင်ပြာမှုန်များရော၍ ရွှံ့ရည်ဖုံးလွှမ်းမှု များဖြစ်ပွားနိုင်ကြောင်းနှင့် ပြည်သူများ အနေဖြင့် မီးတောင်ပြာမှုန်များကို မရှူမိ စေရေးအတွက် နှာခေါင်းစည်းများကိုတပ် ထားရန် တာဝန်ရှိသူများက အကြံပြုသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

အမေရိကန် F-35 တိုက်လေယာဉ်တစ်စီး ကယ်လီဖိုးနီးယားတွင် ပျက်ကျ

အမေရိကန်ရေတပ်၏ F-35 တိုက်လေယာဉ်တစ်စင်းသည် ကယ်လီဖိုး နီးယား ပြည်နယ်အလယ်ပိုင်းတွင် ပျက်ကျသွားခဲ့သော်လည်း လေယာဉ်မှူး သည် အောင်မြင်စွာ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဖရက်စနိုကောင်တီရဲအရာရှိရုံး၏ ထုတ်ပြန်ချက်အရ လေယာဉ်မှူးသည် ထိုင်ခုံဖြင့်အတူ ကန်ထွက်နိုင်ခဲ့ပြီး ပျက်ကျသည့်နေရာအနီးရှိ ကွင်းပြင် တစ်ခုတွင် လေထီးဖြင့် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် ဖရက်စနိုမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၆၀ အကွာရှိ ရေတပ်အခြေစိုက် လေတပ်စခန်း (NAS Lemoore) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုများအရ ပျက်ကျသည့်နေရာ တွင် မီးလောင်မှုများနှင့် မီးခိုးများ ထွက်ပေါ်နေပြီး အရေးပေါ် ဝန်ဆောင်မှု အဖွဲ့များ ချက်ချင်းရောက်ရှိကာ ဘေးအန္တရာယ်ကင်းရှင်းစေရေး လုပ်ဆောင်မှု များ ပြုလုပ်နေသည်ကို တွေ့ရသည်။

ပျက်ကျသည့် F-35 လေယာဉ်သည် "Rough Raiders" တပ်ဖွဲ့၏ လေ့ကျင့်ရေးယူနစ်မှ ဖြစ်ပြီး ယခုအချိန်ထိ ပျက်ကျမှုအကြောင်းရင်းကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးဘဲ အမေရိကန်ရေတပ်နှင့် လေတပ် တို့သည် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

F-35 သည် အမေရိကန်၏ အဆင့်မြင့်တိုက်လေယာဉ်တစ်မျိုးဖြစ်ပြီး နည်းပညာ အဆင့်မြင့်မားသော်လည်း ယခင်ကလည်း နည်းပညာ ချို့ယွင်းမှု များကြောင့် ပျက်ကျမှုများ ရှိခဲ့ဖူးသည်။

ကိုးကား- NP News

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

လာအိုသမ္မတက   ပူတင်ထံ ဆင် ၂ ကောင် လက်ဆောင်ပေးပို့မည်

ရုရှား-လာအို နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၆၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ရုရှားသမ္မတဗလာဒီမာပူတင်အား ဆင် ၂ ကောင် လက်ဆောင်ပေးရန် စီစဉ်နေကြောင်း လာအိုသမ္မတ Thongloun Sisoulithက ကြာသပတေးနေ့ (ဇူလိုင် ၃၁) တွင် ပြောကြားထားပါသည်။ 

လာအိုခေါင်းဆောင်က ယခုပေးမည့် ဆင်များမှာ ဗလာဒီမာပူတင် အတွက် ဒုတိယအကြိမ်မြောက် ဆင်လက်ဆောင် ရရှိခြင်းဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားသမ္မတဗလာဒီမာပူတင်ကို ဆင်ပေါက်စ ၆ ကောင်ကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။ ထိုဆင်ပေါက် ၆ ကောင်ကို ရုရှားခေါင်းဆောင်က လက်ခံရရှိပြီးနောက် မော်စကို တိရစ္ဆာန် ရုံတွင် မွေးမြူထားရှိရန် စနစ်တကျ လွှဲပြောင်းပေးပို့ခဲ့ပါသည်။

ရုရှားသမ္မတဗလာဒီမာပူတင်သည် တိရစ္ဆာန် ချစ်တတ်သူဖြစ်သဖြင့် မိတ်ဖက်နိုင်ငံများမှ ခေါင်းဆောင်များက ၎င်းထံ ခွေး၊ ဆင်၊ မြင်း၊ ဆိတ်ဖြူ၊ သမင်၊ ကျား အစရှိသည့် တိရစ္ဆာန်များကို လက်ဆောင်ပေးအပ် လေ့ရှိကြပါသည်။

ကိုးကား- Tass

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

ဂျပန်က ဆူနာမီသတိပေးချက်များအားလုံးကို ရုပ်သိမ်း

ရုရှားနိုင်ငံအရှေ့ပိုင်းရှိ ကမ်းရိုးတန်း၌ အလွန်အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ထုတ်ပြန်ထားသော ဆူနာမီသတိပေးချက်ကို ဂျပန်အစိုးရက ဇူလိုင်လ ၃၁ ရက်တွင် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက်နံနက်ပိုင်းတွင် ရုရှားနိုင်ငံ ကမ်ချက်ကာကျွန်းဆွယ်၌ ပြင်းအား ၈ ဒသမ ၈  ရစ်(ခ်)တာစကေးရှိ  ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် ဂျပန်နိုင်ငံမိုးလေဝသဌာနက နိုင်ငံမြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးဒေသမှ နိုင်ငံအနောက်ပိုင်းရှိ ဝါကာယာမာဒေသအထိ  ဆူနာမီလှိုင်းရိုက်ခတ်နိုင်မှု သတိပေးချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဇူလိုင်လ ၃၀ ရက်ညပိုင်းတွင် သတိပေးချက်အဆင့်ကို လျှော့ချခဲ့သည်။

ဂျပန်နိုင်ငံအနေဖြင့် ကြုံတွေ့ရသော အမြင့်ဆုံးလှိုင်းအမြင့်မှာ ၁ ဒသမ ၃ မီတာ ဖြစ်ပြီး အီဝါတေးဒေသရှိ ကူဂျီဆိပ်ကမ်း ၌ ကြုံတွေ့ရခြင်းဖြစ်ကြောင်း မိုးလေဝသ ဌာနကထုတ်ပြန်ထားသည်။

အချို့သောနေရာများတွင် ကြုံတွေ့ရ သောလှိုင်းအမြင့်သည် ၇၀ စင်တီမီတာ သာရှိကြောင်း၊ ထိုလှိုင်းကိုကြုံတွေ့ရသည့် ဒေသများမှာ ဟော့ကိုင်းဒိုးပြည်နယ် ဟီရူး မြို့နှင့် အီဘာရာကီပြည်နယ် အိုအာရာအီမြို့တို့ဖြစ်ကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင်     မိုးလေဝသဌာနအနေဖြင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ပြီးနောက် အသက် ၅၈ နှစ်ရှိ အမျိုးသမီး တစ်ဦးသည်  ၎င်းစီးနင်းလာသော မော်တော်ကားနှင့်အတူ မီအေးပြည်နယ်၌ ချောက်အတွင်းသို့ ထိုးကျသွားခြင်းကြောင့် သေဆုံးသွားကြောင်း သိရသည်။       

Ref: Xinhua

လာမည့် ၃ နှစ်ခွဲအတွင်း လပေါ်တွင် အခြေချနေထိုင်ရန် အမေရိကန် ပြင်ဆင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်း မကုန်မီ သုံးနှစ် ခွဲအတွင်း လပေါ်သို့ အာကာသယာဉ်မှူးများ ဆင်းသက်ရန် စီစဉ် နေကြောင်း အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီးနှင့် အမျိုးသား လေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေး (NASA) ၏ ယာယီဒါရိုက်တာ Sean Duffy က ပြောကြားလိုက်ပါသည်။

"နောက်နှစ်မှာ ကျွန်တော်တို့ လ ဆီသို့ ပြန်သွားမည်ဖြစ်ပြီး ပြန်လည် ဆင်းသက်မည်မဟုတ်ဘဲ လကို ပတ်၍ တစ်နှစ်ခန့် ကြာသည့်အချိန်မှ ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းကာလအတွင်းမှာပဲ လပေါ်မှ ပြန်လည် ဆင်းသက်သွားမည်ဖြစ်ပါသည်" ဟု Fox News ရုပ်သံလိုင်းနှင့် အင်တာဗျူး တွင် ၎င်းက ပြောကြားထားပါသည်။ 

"ထို့အပြင် မိမိတို့အနေဖြင့် လပေါ်တွင် အခြေချစခန်းတစ်ခု ထူထောင် သွားပြီး လပေါ်မှာပဲ ဆက်လက် နေထိုင်သွားမည်ဖြစ်ပါသည်။ လပေါ်မှ လေ့လာသင်ယူရရှိခဲ့သည်က မိမိတို့ကို အင်္ဂါဂြိုဟ်ဆီ ခေါ်ဆောင်သွားမည့် အရာတွေ ဖြစ်လာပါလိမ့်မည်" ဟု Duffy က ဆက်လက်ပြောကြားထား ပါသည်။

၂၀၁၉ ခုနှစ် နွေဦးရာသီတွင် NASA သည် အဆင့်သုံးဆင့်ပါဝင်သော Artemis lunar စီမံကိန်းကို ကြေညာခဲ့ပါသည်။ ၎င်းတို့ထဲမှ ပထမဆုံး (Artemis I) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဆောင်ရွက်ခဲ့ပါသည်။ ယခင်က Artemis II အဆင့်နှင့် Artemis III အဆင့်တို့ကို ၂၀၂၂ နှင့် ၂၀၂၄ ခုနှစ်တို့တွင် အသီးသီး စီစဉ်ထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်မဆောင်ရွက်နိုင်ခဲ့ချေ။   ထိုအဆင့်တို့အား ၂၀၂၆ ဧပြီလ နှင့် ၂၀၂၇ နှစ်လယ်ပိုင်းတွင် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလက NASA မှ ပြောကြားခဲ့ပါသည်။ 

ကိုးကား- Tass

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

Photo- NPR

ရုရှားနိုင်ငံက အာဖရိကနိုင်ငံတစ်ခုတွင် နျူကလီးယား စမ်းသပ်စီမံကိန်း လုပ်ဆောင်နေ

ရုရှားနိုင်ငံ၏ နျူကလီးယားစွမ်းအင်ထိပ်သီးကုမ္ပဏီ Rosatom ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော Mantra Tanzania Ltd သည် တန်ဇန်းနီးယားနိုင်ငံတွင် ယူရေနီယမ်ထုတ်လုပ်ရေး စမ်းသပ်စက်ရုံကို စတင်လည်ပတ်ခဲ့ကြောင်း ဗဟိုအစိုးရပိုင် ကုမ္ပဏီမှ ဇူလိုင် ၃၀ ရက်နေ့ တွင် ကြေညာခဲ့သည်။ အဆိုပါစီမံကိန်းသည် လာမည့်နှစ်တွင် အလုံးစုံ တည်ဆောက်မည့် စက်ရုံအတွက် နည်းပညာများကို စမ်းသပ်ရန် ရည်ရွယ် သည်ဟု ဆိုသည်။

Rosatom ၏ ထုတ်ပြန်ချက်အရ Mantra Tanzania Ltd ၏ အဆိုပါ ဆောင်ရွက်ချက်သည် တန်ဇန်းနီးယားတောင်ပိုင်းရှိ Mkuju River Uranium Project (MRP) ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဆိုပါ ဒေသတွင်း ကုမ္ပဏီသည် Rosatom ၏ Uranium One Group လက်အောက်တွင် တန်ဇန်းနီးယားနိုင်ငံ၌ ဆယ်စုနှစ်ကျော်ကြာ လုပ်ငန်းလည်ပတ်ခဲ့သည်။

Rosatom ၏ အဆိုအရ Nyota သိုက်တွင် စမ်းသပ်စီမံကိန်းပြီးနောက် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် တည်ဆောက်မည့် အဓိကထုတ်လုပ်မှု စက်ရုံ သည် ၂၀၂၉ ခုနှစ်တွင် စတင်လည်ပတ်မည်ဖြစ်ပြီး နှစ်စဉ် ယူရေနီယမ် တန်ချိန် ၃၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။

"Rosatom သည် တန်ဇန်းနီးယား၏ ထူးခြားသော ဘူမိဗေဒ အလား အလာကို ဖွံ့ဖြိုးစေရန် ၎င်း၏ အဆင့်မြင့်ယူရေနီယမ် စီမံခန့်ခွဲမှု နည်းပညာများကို ပံ့ပိုးပေးနေပြီး ကမ္ဘာ့နျူကလီးယားစွမ်းအင်လုပ်ငန်းသို့ ပေါင်းစည်းရာတွင် အရေးကြီးသောခြေလှမ်းတစ်ရပ်ကို ကူညီနိုင်မှု အတွက် မိမိတို့အနေဖြင့် ဝမ်းမြောက်ပါသည်" ဟု Rosatom ၏ အမှုဆောင် အရာရှိချုပ် Aleksey Likhachev က ပြောကြားခဲ့သည်။

ကုမ္ပဏီသည် အာဖရိကနှင့် အခြားဒေသများရှိ စိတ်ဝင်စားသော နိုင်ငံ များနှင့် မော်စကို၏ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာခြင်း၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် အပြည်ပြည်ဆိုင်ရာ အဓိကစီမံကိန်းများတွင် ပါဝင် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သည်။

ကိုးကား- RT

ရာသီဥတုပြောင်းလဲမှုကြောင့် ကျိုတိုမြို့တွင် ပထမဆုံးအကြိမ်အဖြစ် အပူချိန် ၄၀ ဒီဂရီကျော်အထိ မြင့်တက်

ဂျပန်နိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဇူလိုင်လ  ၃၀ ရက်တွင် အပူချိန်မှာ ၄၁ ဒသမ ၂ ဒီဂရီအထိ မြင့်တက်လာခဲ့ပြီး  ရှေးခေတ်မြို့တော်ဖြစ်သည့် ကျိုတိုမြို့တွင်  ပထမဆုံးအကြိမ်အဖြစ်  အပူချိန် ၄၀ ဒီဂရီကျော်အထိ မြင့်တက်လာသည်။

ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် မကြာမီနှစ်များအတွင်းက ဖြစ်ပွားသည့် ရာသီဥတု ပြောင်းလဲမှုကို ကြုံတွေ့လာရပြီး ပြင်းထန်သည့်ရာသီဥတုနှင့် ရင်ဆိုင်လာရခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ ဟိုဂိုဒေသတွင် အပူချိန်မှာ စံချိန်တင်အဖြစ် ၄၁ ဒီဂရီ ကျော်အထိ မြင့်တက်လာခြင်းကြောင့်   လွန်ခဲ့သည့် ငါးနှစ်အတွင်းက နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အပူချိန် မြင့်တက်မှုထက် ကျော်လွန်လာခဲ့ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်  နွေရာသီအတွင်းကလည်း အပူချိန်မြင့်တက်မှု စံချိန်တင်ခဲ့ပြီး နှစ်ပေါင်း ၁၂၆ နှစ်အတွင်း အပူပြင်းဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

လက်ရှိတွင် ဂျပန်အစိုးရသည် နိုင်ငံအတွင်းရှိ ဒေသအများအပြား၌ အပူလှိုင်းဖြတ်သန်းမှုဆိုင်ရာ သတိပေးချက်များထုတ်ပြန်ထားသည်။    နိုင်ငံအတွင်းရှိ အပူချိန်မြင့်တက်သည့်ဒေသများတွင် နိုင်ငံအလယ်ပိုင်း ဂီဖူစီရင်စုရှိ ဂူဂျိုမြို့အပါအဝင် ဒေသစုစုပေါင်း ၃၈ ခုပါဝင်ကြောင်း   မိုးလေဝသအေဂျင်စီက ထုတ်ပြန်ထားသည်။                                          

Ref: St