IAEA အဖွဲ့ သီတင်းနှစ်ပတ်အတွင်း အီရန်သို့ လာရောက်မည်

News Image

  • IAEA အဖွဲ့ သီတင်းနှစ်ပတ်အတွင်း အီရန်သို့ လာရောက်မည်

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ကိုယ်စားလှယ် အဖွဲ့ သည် လာမည့် သီတင်းနှစ်ပတ်အတွင်း အီရန်နိုင်ငံသို့ လာရောက်၍ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်ရန် နည်းလမ်းများကိုဆွေးနွေးကြမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Esmail Baghaei က ပြောကြားလိုက်ပါသည်။ 

IAEA အရာရှိအချို့သည် လာမည့်နှစ်ပတ်အတွင်း အီရန်နိုင်ငံသို့ လာရောက်ရန် ခရီးစဉ်များ ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း၊ နှစ်ဘက် အဖွဲ့အစည်းအကြား နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍများကို ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက အပတ်စဉ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြား ထားပါသည်။ ၎င်း၏ ပြောကြားချက်အရ အီရန်အနေဖြင့် IAEA နှင့်ပူးပေါင်းဆောင်ရွက်မှုအတွက် ရွေးချယ်စရာနည်းလမ်းများကို အီရန် ပါလီမန်က အတည်ပြုခဲ့သော ဥပဒေသစ်အရ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း သိရသည်။ 

ဇူလိုင် ၂ ရက်တွင် အီရန်သမ္မတ Masoud Pezeshkian သည် ပါလီမန်မှ ရေးဆွဲခဲ့သော IAEA နှင့် တီဟီရန်တို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ဆိုင်းငံ့လိုက်သည့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ 

ကိုးကား- TASS

Photo: Arab News PK

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃