အီလွန်မက် (Elon Musk) ၏ Starlink ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှု သည် ကမ္ဘာတစ်ဝှမ်း ချို့ယွင်းမှုဖြစ်ပွားခဲ့ပြီး ET (အရှေ့အမေရိက စံတော်ချိန်) နေ့လယ် ၃:၁၃ နာရီ (GMT ညနေ ၇:၁၃) တွင် ကွန်ရက် ချို့ယွင်းသွားကြောင်း Kentik ကုမ္ပဏီမှ အင်တာနက်ဆိုင်ရာ သုတေသီ Doug Madory ၏ ပြောကြားချက်ကို ကိုးကား၍ Reuters က ဖော်ပြ ခဲ့သည်။

မက် က ၎င်း၏ လူမှုကွန်ရက် X တွင် ပြဿနာကို အမြန်ဖြေရှင်းရန် ကတိပြုလျက် တောင်းပန်ခဲ့သည်။ "ဝန်ဆောင်မှုကို မကြာမီ ပြန်လည် ရရှိပါမည်၊ SpaceX မှ အခြေခံအကြောင်းရင်းကို ဖြေရှင်းကာ နောက်ထပ် မဖြစ်ပွားစေရန် စီစဉ်သွားမည်" ဟု ကြာသပတေးနေ့ (ဇူလိုင် ၂၄) ညက ရေးသားခဲ့သည်။
ယူကရိန်းတွင် Starlink အင်တာနက်စနစ်များ ၄၀,၀၀၀ ကျော် အသုံးပြု ထားပြီး ၎င်းတို့သည် အရေးကြီးသော အခြေခံအဆောက်အအုံများ အတွက် ဆက်သွယ်ရေးနှင့် တပ်များ၏ တိုက်ခိုက်ရေး ပေါင်းစပ် ညှိနှိုင်းမှု များတွင် အထောက်အကူပြုလျက်ရှိသည်။
ယူကရိန်း၏ အာကာသစနစ်များ တပ်ဖွဲ့မှ တပ်မှူး ရောဘတ်ဘရော့ဒီ (Robert Brovdi) က Starlink ဝန်ဆောင်မှုသည် နှစ်နာရီခွဲကြာ ရပ်တန့် သွားခဲ့ကြောင်း ပြောကြားခဲ့သည်။ "ရှေ့တန်းတစ်လျှောက် အင်တာနက် လိုင်းအားလုံး ပြန်လည်ကောင်းမွန်လာပြီ" ဟု ၎င်းက သောကြာနေ့ (ဇူလိုင် ၂၅) နံနက်စောစောတွင် Telegram ၌ ရေးသားခဲ့သည်။
အီလွန်မက်သည် ယူကရိန်းအရာရှိများနှင့် အကြိမ်ကြိမ် အငြင်းပွားမှုများ ရှိခဲ့ပြီး ရုရှားနှင့် ညှိနှိုင်းဆွေးနွေးရန် တိုက်တွန်းကာ ရုရှားနှင့် အနောက် နိုင်ငံများအကြား ပဋိပက္ခ အရှိန်မြှင့်တင်မှုကို သတိပေးခဲ့သည်။ ၎င်းသည် ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီးအား စစ်အုပ်ချုပ်ရေး ကာလ အတွင်း ရွေးကောက်ပွဲမကျင်းပခြင်းကို ဝေဖန်ခဲ့ပြီး "ယူကရိန်း ပြည်သူ များက မုန်းတီးနေကြသည်" ဟု စွပ်စွဲခဲ့သည်။
သို့သော်လည်း မက် သည် Starlink ဝန်ဆောင်မှုကို ပိတ်သိမ်းမည် မဟုတ်ကြောင်း အတိအလင်း ကတိပြုခဲ့သည်။ “မိမိအနေဖြင့် ယူကရိန်း ၏ မူဝါဒများကို မည်သို့ပင် နှစ်ခြိုက်သဘောကျမှုမရှိစေကာမူ Starlink က ယူကရိန်းတို့၏ အင်တာနက်စနစ်များကို မည်သည့်အခါမျှ တားဆီး ပိတ်ပင်မည်မဟုတ်ပါ" ဟု ၎င်းက ယခုနှစ်အစောပိုင်းက X တွင် ရေးသား ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

လန်ဒန် ဇူလိုင် ၂၄
ဗြိတိန်အခြေစိုက် ဟင်နလေ နိုင်ငံကူးလက်မှတ်အညွှန်းကိန်း အစီရင်ခံစာအရ စင်ကာပူနိုင်ငံကူး လက်မှတ်သည် ယခုနှစ်တွင်လည်း ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူး လက်မှတ်အဖြစ် ရပ်တည်နေ ကြောင်း ဇူလိုင် ၂၃ ရက် သတင်း များတွင် ရေးသားဖော်ပြထားသည်။
စင်ကာပူနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံသို့ ဗီဇာမဲ့ သွားရောက်ခွင့်ရှိကြောင်း ဟင်နလေ နိုင်ငံကူးလက်မှတ် အညွှန်းကိန်းအစီရင်ခံစာ (၂၀၂၅) တွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံကူး လက်မှတ်သည် ၂၀၂၄ ခုနှစ်ကလည်း ဂျပန်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ပြင်သစ် နိုင်ငံကူး လက်မှတ်များနှင့်အတူ ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ပူးတွဲရပ်တည်နိုင် ခဲ့သည်။
ယခုနှစ်၏ကမ္ဘာ့ဒုတိယဩဇာ အကြီးဆုံး နိုင်ငံကူးလက်မှတ် များမှာ ဂျပန်နိုင်ငံကူးလက်မှတ် နှင့် တောင်ကိုရီးယားနိုင်ငံကူး လက်မှတ်များ ဖြစ်ကြကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ နိုင်ငံကူး လက်မှတ်မှာမူ ကမ္ဘာ့ဩဇာအကြီး ဆုံးနိုင်ငံကူးလက်မှတ်များ အညွှန်း ကိန်းတွင် အဆင့် ၁၀ သို့ ကျဆင်း ခဲ့ရသည်။
ကမ္ဘာ့ဩဇာအရှိန်အဝါအနည်း ဆုံးနိုင်ငံကူးလက်မှတ်မှာ အာဖဂန် နစ္စတန်နိုင်ငံကူးလက်မှတ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ၂၅ နိုင်ငံသို့သာ ဗီဇာမဲ့ သွားရောက်ခွင့် ရှိကြောင်း သိရသည်။
Ref: Xinhua
Trs: KKO
Photo - Scandasia

သမ္မတ ဒေါ်နယ်ထရမ့်သည် ဖက်ဒရယ်အေဂျင်စီများအား မူးယစ် ဆေးစွဲခြင်း နှင့် စိတ်ကျန်းမာရေးပြဿနာရှိသည့် အိမ်ခြေရာမဲ့များကိုအတင်းအကျပ်ကုသနိုင်ရေး နည်းလမ်းများရှာဖွေရန်၊ ပြည်နယ်နှင့်မြို့တော်အစိုးရများအား လမ်းဘေးနှင့် ပန်းခြံများရှိ အိမ်ခြေရာမဲ့တဲ များကို ဖျက်သိမ်းရန် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ထိုအမိန့်တွင် အိမ်ခြေရာမဲ့စခန်းများကို ပြင်းထန်စွာကိုင်တွယ်ရာတွင် အစိုးရများအား ကန့်သတ်ထားသည်ဟု ယူဆရသော တရားရုံးမှ ဆုံးဖြတ် ချက်များနှင့် ဥပဒေဆိုင်ရာ သဘောတူညီချက်များကို ပယ်ဖျက်ရန် ရှေ့နေချုပ် ပမ်ဘွန်ဒီ အား ညွှန်ကြားထားသည်။

သမ္မတထရမ့်က အိမ်ခြေရာမဲ့များကို ရေရှည်ကုသရေးစခန်းများသို့ ပို့ဆောင်ခြင်းဖြင့် လူထုအစီအစဉ်ကို ပြန်လည်ထိန်းသိမ်းနိုင်မည်ဟု ဆိုကာ "မြို့တော်များနှင့် ပြည်သူများကို ကစဉ့်ကလျားနှင့် ကြောက်ရွံ့မှုအတွင်း ထားရှိခြင်းသည် ကရုဏာမဟုတ်" ဟု ပြောကြားခဲ့သည်။
သမ္မတထရမ့်သည် ၎င်း၏ ရွေးကောက်ပွဲစည်းရုံးရေး ကာလက အမေရိကန် မြို့ကြီးများသည် "မူးယစ်ဆေးစွဲသူများ" နှင့် "အန္တရာယ်ရှိ စိတ်မနှံ့သူများ" ဖြင့် ပြည့်နှက်နေသည်ဟု ပြောဆိုခဲ့ပြီး အိမ်ခြေရာမဲ့များအား အစိုးရ ငွေကြေးဖြင့် ထောက်ပံ့ထားသော စခန်းများ သို့မဟုတ် စိတ်ကျန်းမာရေး ကုသရေးစခန်းများ သို့ ပြောင်းရွှေ့ရန် ကတိပြုခဲ့သည်။ သို့သော် အသစ် ထုတ်ပြန်လိုက်သောအမိန့်တွင် ကုသရေးစင်တာများ တိုးချဲ့ခြင်း သို့မဟုတ် လူမှုဖူလုံရေးအိမ်ရာများဆောက်လုပ်ခြင်းဆိုင်ရာ အသေးစိတ် အစီအစဉ် များကို ဖော်ပြထားခြင်း မရှိပေ။
အဆိုပါအမိန့်သည် အိမ်ခြေရာမဲ့ပြဿနာကို ဖြေရှင်းရန် ပြစ်ဒဏ်ပေးသည့် ချဉ်းကပ်မှုကို အသားပေးထားပြီး နေအိမ်နှင့် ကျန်းမာရေး ဝန်ဆောင်မှုများ တိုးမြှင့်ပေးရန် အားနည်းနေသေးကြောင်း ဝေဖန်သူများက ပြောဆို နေကြသည်။
လူမှုရေးအဖွဲ့အစည်းများနှင့် အခွင့်အရေးလှုပ်ရှားသူများက သမ္မတ ထရမ့် ၏ အိမ်ခြေရာမဲ့များအား အတင်းအကျပ်ကုသရန် အမိန့်သည် ၁၉၆၀-၇၀ ပြည့်လွန်နှစ်များက စိတ်မကျန်းမာသူများကို ဆေးရုံများတွင် အလွဲသုံးစားမှုပြုခံခဲ့ရသည့် ကာလနှင့် ဆင်တူသော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးနေသည်။ ၎င်းတို့က အဆိုပါမူဝါဒသည် ကုသမှုကျင့်ဝတ်ဆိုင်ရာ စံနှုန်းများကို ချိုးဖောက်ခြင်း၊ သိပ္ပံနည်းကျ အထောက်အထား မပြည့်စုံခြင်းနှင့် လူနာ၏ကိုယ်ပိုင်ရွေးချယ်ခွင့်နှင့် လူ့အခွင့်အရေးကိုထိပါးနိုင်သည်ဟု ပြောဆိုလျက်ရှိသည်။
ယင်းအမိန့်သည် အိမ်ခြေရာမဲ့များအား ဖမ်းဆီးခြင်း၊ အတင်းအကျပ် ကုသခြင်းများဖြင့် ပြဿနာကို ဖြေရှင်းရန် ကြိုးစားသော်လည်း အခြေခံ အကြောင်းရင်းများကို မဖြေရှင်းနိုင်ဟု ဝေဖန်သူများက ဆိုသည်။ ရလဒ် အနေဖြင့် အိမ်ခြေရာမဲ့ဦးရေ ပိုမိုများပြားလာခြင်း၊ လူနာများ ဆေးရုံများ တွင် ပိတ်မိနေခြင်း နှင့် အကူအညီလိုအပ်သူများကို ပိုမို အထီးကျန် စေခြင်းတို့ ဖြစ်ပေါ်လာစေနိုင်သည်ဟု သတိပေးထားသည်။
ကိုးကား- VN Express

ဝေါလ်လ်စထရိတ်ဂျာနယ် (WSJ) ၏ သတင်းတစ်ရပ်အရ အမေရိကန် သမ္မတဟောင်း ဘီကလင်တန်သည် ကျော်ကြားသည့် ငွေကြေးအရှုပ်တော်ပုံနှင့် သက်ငယ်လိင်အဓမ္မခိုင်းစေမှု ကျူးလွန်သူအဖြစ်စွပ်စွဲကာ အကျဉ်းချခံခဲ့ရသူ ဂျက်ဖရီ အပ်စတိန်း၏ ၂၀၀၃ ခုနှစ် မွေးနေ့အထိမ်းအမှတ် မှတ်တမ်းတွင် ကိုယ်တိုင်ရေးမှတ်စုတစ်စောင် ရေးသားခဲ့ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါသတင်းသည် ထရမ့်နှင့် ဒီမိုကရက်ပါတီ အကြီးအကဲများအကြား အပ်စတိန်းနှင့် အတိတ်က ဆက်နွှယ်မှုများအပေါ် အပြန်အလှန် စွပ်စွဲနေကြချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အပ်စတိန်းသည် ၂၀၁၉ ခုနှစ် တွင် လိင်အဓမ္မခိုင်းစေမှုများဖြင့် အမှုစစ်ဆေးနေစဉ် မန်ဟက်တန် အကျဉ်းထောင်တွင် သေဆုံးခဲ့သည်။
WSJ ၏ ဖော်ပြချက်အရ အပ်စတိန်း၏ အသက် ၅၀ ပြည့် မွေးနေ့နှင့် ပတ်သက်၍ ပြုစုထားသော မှတ်တမ်းတွင် ကလင်တန်၏ လက်ရေး မှတ်စုပါရှိပြီး "သင်ယူမှု နှင့် သိရှိမှုများ၊ စွန့်စားမှုများနှင့်အတူ နှစ်ပေါင်း များစွာရှင်သန်ခဲ့ပြီး သင့်မှာ ကလေးဘဝကလို စူးစမ်းလိုစိတ်၊ အပြောင်းအလဲလုပ်ချင်သည့် စိတ်ဓာတ်နှင့် မိတ်ဆွေများ၏ နှစ်သိမ့်မှုများ ရှိနေပါသည်။ ဒါက စိတ်သက်သာစရာပဲဟု မထင်ဘူးလား" ဟု ရေးသား ထားသည်။
ဘီလီယံနာ Leon Black၊ ဖက်ရှင် ဒီဇိုင်နာ Vera Wang နှင့် မီဒီယာ လုပ်ငန်းရှင် Mort Zuckerman တို့အပါအဝင် အထင်ကရပုဂ္ဂိုလ်များကလည်း ၎င်း၏မွေးနေ့မှတ်တမ်းတွင် မွေးနေ့ဆုမွန်တောင်းလွှာများ ပေးပို့ ခဲ့ကြသည်ဟု သတင်းစာတွင် ထည့်သွင်းဖော်ပြချက်အရ သိရှိရသည်။
ကလင်တန်၏ ပြောရေးဆိုခွင့်ရှိသူက ထိုမှတ်စုနှင့်ပတ်သက်၍ မှတ်ချက်ပြုရန် ငြင်းဆိုခဲ့သော်လည်း၊ အပ်စတိန်းအနေဖြင့် ၂၀၁၉ ခုနှစ် တွင် အဖမ်း မခံရမီ ကြာမြင့်စွာကတည်းက သမ္မတဟောင်းနှင့် ၎င်း၏ ဆက်ဆံရေး ဖြတ်တောက်ပြီးဖြစ်ကြောင်း၊ ပြစ်မှုများနှင့်ပတ်သက်၍လည်း ၎င်း မသိ ရှိခဲ့ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်က WSJ က အလားတူမှတ်တမ်းတွင် ဒေါ်နယ်ထရမ့်၏ စာတစ်စောင်ပါဝင်ကြောင်း ဖော်ပြခဲ့ပြီး၊ ယင်းစာတွင် အဝတ်ဗလာ အမျိုးသမီး ရုပ်ပုံဆွဲထားသည့် အချက်ပါရှိခဲ့သည်။ ထရမ့်က ယင်းသတင်းနှင့်ပတ်သက်၍ အသရေဖျက်မှုစွပ်စွဲချက် (defamation lawsuit) တစ်ရပ် အဖြစ် တုံ့ပြန်တင်သွင်းခဲ့သည်။
ဝါရင့် ဒီမိုကရက်များနှင့် ထရမ့်၏အချို့မဟာမိတ်များက အပ်စတိန်း၏ ဖောက်သည်စာရင်းမရှိဟု တရားရေးဌာန (DOJ) နှင့် FBI တို့၏ ငြင်းဆိုခဲ့မှုနှင့် သေဆုံးမှုကို မိမိကိုယ်ကို အဆုံးစီရင်မှုအဖြစ်သာ သတ်မှတ်ခဲ့ခြင်းအတွက် တမင်ဖုံးကွယ်မှုရှိသည်ဟု စွပ်စွဲနေကြသည်။ ထရမ့် ကိုယ်တိုင်ကမူ အပ်စတိန်းအမှုကို ၎င်း၏သမ္မတသက်တမ်းအတွင်း ဂုဏ်သိက္ခာကျစေရန် အသုံးချနေသည်ဟု ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံ အရှေ့ဖျားဒေသရှိမြို့ကြီးတစ်မြို့အနီးတွင် ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း လိုက်ပါလာသူအားလုံးသေဆုံးသွားကြောင်း ရုရှားထောက်လှမ်းရေးအေဂျင်စီက ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ An-24 အမျိုးအစားခရီးသည်တင်လေယာဉ်ပေါ်တွင် ခရီးသည်များအပါအဝင် စုစုပေါင်း ၄၉ ဦးလိုက်ပါလာပြီး တင်ဒါမြို့အနီးတွင် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်က ပျက်ကျသွားခြင်းဖြစ်သည်။ အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်မှူးနှင့် အမှုထမ်းခြောက်ဦး ပါဝင်ကြောင်းသိရသည်။

အင်ဂျင်နှစ်လုံးတပ် An-24 ခရီးသည်တင်လေယာဉ်သည် ဒေသတွင်းအချက်အချာကျသည့် ခါဗာရော့ဗ်မှ အခြားပြည်တွင်းခရီးစဉ်များအား ပျံသန်းနေစဉ် ပျက်ကျခြင်းဖြစ်သည်။ ပျက်ကျသွားသည့် လေယာဉ်အပျက်အစီးများကို တင်ဒါလေဆိပ် မှ ၁၅ ကီလိုမီတာအကွာရှိသစ်တောထူထပ်သည့် တောင်ကြောအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ကြကြောင်းသိရသည်။
လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကိုမူ အာဏာပိုင်အဖွဲ့က စစ်ဆေးလျက်ရှိသည်။
An-24 အမျိုးအစားလေယာဉ်များကို ၁၉၆၀ ပြည့်နှစ်များမှစ၍ လေကြောင်းခရီးစဉ်များတွင် စတင်အသုံးပြုခဲ့သော်လည်း လက်ရှိအချိန်အထိ ရုရှားနိုင်ငံရှိအလွန်ဝေးကွာသည့် ခရီးလမ်းကြောင်းများတွင် ဆက်လက်အသုံးပြုလျက်ရှိကြောင်း သိရသည်။
Ref: RT, Xinhua

ရုရှား၏ အရှေ့ဖျားဒေသတွင် ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ရှိ လူ ၄၉ ဦးစလုံး သေဆုံးခဲ့ကြောင်း ကြာသပတေးနေ့ (ဇူလိုင် ၂၄) တွင် အရေးပေါ်ဝန်ဆောင်မှုအဖွဲ့များက အတည်ပြုခဲ့သည်။
Angara Airlines ၏ Antonov An-24 အင်ဂျင်နှစ်လုံးတပ် တာဘိုပရော့ လေယာဉ်သည် Amur ဒေသ၊ Tynda မြို့အနီးတွင် ဒေသစံတော်ချိန် နေ့လယ် ၁ နာရီခန့်က ပျက်ကျခဲ့သည်။ လေယာဉ်သည် Khabarovsk မှ Blagoveshchensk ၊ ထိုမှတစ်ဆင့် Tynda အထိ ပြည်တွင်းခရီးစဉ်ကို ပျံသန်းနေခြင်းဖြစ်သည်။

ကနဦးအချက်အလက်များအရ လေယာဉ်ပေါ်တွင် ကလေးငယ် ၅ ဦး အပါအဝင် ခရီးသည် ၄၃ ဦးနှင့် လေယာဉ်အဖွဲ့သား ၆ ဦး ပါဝင်ခဲ့သည်။ လေယာဉ်ပျက်ကျသည့် အကြွင်းအကျန်များကို Tynda လေဆိပ်မှ ၁၅ ကီလိုမီတာခန့်အကွာ တောင်စောင်းတစ်ခုပေါ်တွင် တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့များ ရောက်ရှိချိန်တွင် လေယာဉ်ကိုယ်ထည်၏ အစိတ်အပိုင်းအချို့ မီးလောင်ကျွမ်းနေဆဲဖြစ်သည်။
ရုရှား၏ စုံစမ်းစစ်ဆေးရေးကော်မတီက အဆိုပါဖြစ်စဉ်တွင် အသက်ရှင် ကျန်ရစ်သူ မရှိကြောင်း အတည်ပြုခဲ့သည်။ အေဂျင်စီသည် လေကြောင်း သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးစည်းမျဉ်းများကို ချိုးဖောက်ခဲ့သည် ဟု သံသယရှိသည့် အချက်များအား သေဆုံးမှုဖြစ်စေသော ရာဇဝတ်မှု အဖြစ် စုံစမ်းစစ်ဆေးလျက်ရှိသည်။
အစီရင်ခံချက်များအရ An-24 လေယာဉ်သည် ပထမအကြိမ် ဆင်းသက်ရန် ကြိုးပမ်းမှုကို အကြောင်းရင်း မရှင်းလင်းသေးဘဲ ရုတ်သိမ်းခဲ့ပြီး ဒုတိယ အကြိမ် ဆင်းသက်ရန် ကြိုးပမ်းနေစဉ် ရေဒါမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်က ရာသီဥတုအခြေအနေကို လက်ရှိအချိန်အထိ အများသိရှိ စေရန် ထုတ်ပြန်ခြင်း မရှိသေးပေ။
Irkutsk မြို့ အခြေစိုက် အန်ဂါရာ လေကြောင်းလိုင်းသည် ဆိုဗီယက် ခေတ်က တာဘိုပရော့ လေယာဉ်အဟောင်းများဖြင့် ဆိုက်ဘီးရီးယားနှင့် ရုရှား အရှေ့ဖျားဒေသတစ်လွှားရှိ ဒေသတွင်း လေကြောင်းခရီးစဉ်များကို အဓိကထားလုပ်ဆောင်လျက်ရှိသည်။ ကြာသပတေးနေ့က ပျက်ကျခဲ့သော An-24 လေယာဉ်အမျိုးအစားကို ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက စတင်အသုံးပြုခဲ့ပြီး ယနေ့ထိတိုင် ရုရှား၏ အဝေးဆုံးဒေသများသို့ ပျံသန်းသည့် လေကြောင်းခရီးစဉ်များတွင် အသုံးပြုလျက်ရှိသည်။
လူဦးရေ ၇၅၀,၀၀၀ ခန့် နေထိုင်လျက်ရှိသော Amur ဒေသသည် တရုတ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး သစ်တောများ၊ တောင်များနှင့် မြစ်များဖြင့် ကျယ်ပြန့်စွာ ဖုံးလွှမ်းထားသည်။ လူဦးရေ ၃၀,၀၀၀ ခန့် ရှိသော Tynda မြို့သည် ၁၉၇၀ ပြည့်လွန်နှစ်များက ရုရှား၏ ဒုတိယအကြီးဆုံး အရှေ့အနောက် ရထားလမ်း Baikal-Amur Mainline (BAM) အားပံ့ပိုးရန် တည်ဆောက်ခဲ့သော သယ်ယူပို့ဆောင်ရေး အချက်အချာမြို့ ဖြစ်သည်။ Tynda သည် အဆိုပါလေယာဉ်ခရီးစဉ် စတင်ရာမြို့ဖြစ်သော ဒေသဆိုင်ရာ မြို့တော် Khabarovsk မှ ကီလိုမီတာ ၂,၀၀၀ ကျော် ကွာဝေးသည်။

ကင်ဘာရာ ဇူလိုင် ၂၃
ဩစတြေးလျ နိုင်ငံတောင်ပိုင်းရှိ ပင်လယ်ပြင်တွင် အဆိပ်ရှိ ရေညှိများစွာပေါက်ရောက်နေကြောင်း ပြည်နယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။

ဩစတြေးလျ နိုင်ငံတောင်ပိုင်းရှိ ပင်လယ်ပြင်တွင် အဆိပ်ရှိရေညှိများစွာ ပေါက်ရောက်နေခြင်းသည် ရေနေသတ္တဝါ မျိုးစိတ်များစွာ ပျက်စီးစေကာ ဒေသတွင်းခရီးသွားလာရေးနှင့် ငါးဖမ်းလုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေသည့်အတွက် မပေါ့ဆသင့်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ပီတာမာလင်နူ့ကတ်က ပြောကြားခဲ့သည်။
ထိုရေညှိများပေါက်ရောက်ရာရေပြင်ဧရိယာသည် စတုရန်းကီလိုမီတာ ၅၀၀၀ ကျော်ကျယ်ဝန်းပြီး သမုဒ္ဒရာအပူချိန်များ မြင့်တက်လာခြင်းကြောင့် ရေညှိများပိုမိုပွားများ ပေါက်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ရေညှိများတွင် အဆိပ်အတောက်များပါပြီး စားသုံးမိသော ရေနေသတ္တဝါမျိုးစိတ်များကို သေကြေစေကြောင်း၊ ထို့ပြင် ရေပြင်အတွင်းရှိ အောက်ဆီဂျင်ကို စုပ်ယူသွားသဖြင့် ရေနေသတ္တဝါများ အသက်ရှူကျပ်သေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုရေညှိများကို ဖယ်ရှားရှင်းလင်းရန်စီစဉ်နေပြီးခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၁ သန်းကုန်ကျမည်ဖြစ်ကြောင်း ပြည်နယ်သဘာဝပတ်ဝန်းကျင်ဌာနမှ သိရသည်။
ရတနာပုံသတင်းစာ

“တရုတ်-ရုရှား ပင်လယ်သမုဒ္ဒရာ သိပ္ပံသုတေသန ပူးတွဲလုပ်ဆောင်မှု” စတင်ခြင်းအခမ်းအနားကို ဇူလိုင် ၂၂ ရက်တွင် ရုရှားနိုင်ငံ အရှေ့ဖျားဆိပ်ကမ်းမြို့ ဗလာဒီဗော့စ်တော့ခ်၌ ကျင်းပခဲ့သည်။ နှစ်နိုင်ငံမှ သိပ္ပံသုတေသနဝန်ထမ်းများက ဇူလိုင် ၂၃ ရက်တွင် ရုရှား Akademik M.A. Lavrentyev သိပ္ပံသုတေသနသင်္ဘောအား စီးနင်းလိုက်ပါ၍ စတင်ထွက်ခွာမည်ဖြစ်ရာ ဘဲရင်းပင်လယ်နှင့် ပစိဖိတ် သုမုဒ္ဒရာ အနောက်မြောက်ပိုင်း ပင်လယ်ပြင်သို့ သွားရောက်ပြီး သိပ္ပံသုတေသနလှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

ဗလာဒီဗော့စ်တော့ခ်မြို့ အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ဝမ်ကျွင်းက စတင်ခြင်း အခမ်း အနား၌ အမှာစကား ပြောကြားရာတွင် လွန်ခဲ့သည့် ၁၅ နှစ်က တရုတ်-ရုရှား ပင်လယ်သမုဒ္ဒရာ သိပ္ပံပညာရှင်များ ပထမဆုံးအကြိမ် ပူးတွဲသိပ္ပံသုတေသနလေ့လာမှုများ လုပ်ဆောင်သည့်အချိန်မှစ၍ သိပ္ပံပညာရပ် အခက်အခဲများစွာကို အတူလက်တွဲထိုးဖောက်ခဲ့ပြီး နက်ရှိုင်းသော အပြန်အလှန် ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် “တရုတ်-ရုရှား ပင်လယ်သမုဒ္ဒရာနှင့် ရာသီဥတု ပူးတွဲသုတေသနစင်တာ” သည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို ယန္တရားအသွင်၊ ပုံမှန်အသွင်ဆီသို့ ပို၍တွန်းအားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် ပူးတွဲသိပ္ပံသုတေသနလုပ်ဆောင်မှုသည် ပင်လယ်သမုဒ္ဒရာသမိုင်းသုတေသန (Paleoceanography)၊ ရာသီဥတုသမိုင်းသုတေသန (Paleoclimatology) နှင့် ဂေဟစနစ်သုတေသန လုပ်ဆောင်မှုများကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာရလဒ်များက လူသား မျိုးနွယ်တို့ မြောက်ပစိဖိတ်သမုဒ္ဒရာ-မြောက်ဝင်ရိုးစွန်းဒေသ၏ ရာသီဥတုဆင့်ကဲတိုးတက် ပြောင်းလဲမှုစနစ်အား ပိုမိုနက်ရှိုင်းစွာ နားလည်သိရှိရန် အထောက်အကူပြု၍ အနာဂတ်ပတ်ဝန်းကျင်ပြောင်းလဲမှုအား ကြိုတင်ခန့်မှန်းမှုအတွက် အရေးကြီးသည့်သိပ္ပံနည်းကျမှီငြမ်းမှုများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှု၊ ဒေသတွင်း တစ်သားတည်းဖြစ်တည်မှုတို့ နက်ရှိုင်းစွာ တိုးတက်လာသည့် နောက်ခံအခြေအနေတွင် တရုတ်-ရုရှား၏ ပူးတွဲသိပ္ပံသုတေသနလုပ်ဆောင်မှုအား ပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်ခြင်း၊ ပင်လယ်သမုဒ္ဒရာသိပ္ပံပညာ ရှေ့ပြေးကဏ္ဍအား စူးစမ်းလေ့လာခြင်းတို့တွင် အတူတကွတာဝန် ထမ်းဆောင်မှုကို ပေါ်လွင်စေပြီး နှစ်နိုင်ငံ၏ ပင်လယ်သမုဒ္ဒရာ သိပ္ပံသုတေသနလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုသည် ခရီးစဉ်သစ်ဆီသို့ တက်လှမ်းနေသည်ကို အမှတ်သင်္ကေတပြုနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှားသိပ္ပံအကယ်ဒမီ အရှေ့ဖျားဌာနခွဲ ပစိဖိတ်သမုဒ္ဒရာရေးရာအင်စတီကျူ (POI) ဒါရိုက်တာ Denis Makarov က စတင်ခြင်းအခမ်းအနားတွင် ယခုအကြိမ် သိပ္ပံသုတေသနလုပ်ဆောင်မှုကို ရုရှားသိပ္ပံ အကယ်ဒမီအရှေ့ဖျားဌာနခွဲ POI နှင့် တရုတ်နိုင်ငံ သဘာဝအရင်းအမြစ်ဝန်ကြီးဌာန အမှတ် (၁) ပင်လယ်သမုဒ္ဒရာ သုတေသနဌာနတို့ ပူးတွဲလုပ်ဆောင်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါပြီးနောက် နှစ်ဖက်က ပထမဆုံးအကြိမ် ပူးတွဲသိပ္ပံသုတေသနပြုလုပ်မှု ပြန်လည်လုပ်ဆောင်ခြင်းဖြစ်သဖြင့် များစွာအနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် သိပ္ပံသုတေသနလုပ်ဆောင်မှုရလဒ်သည် ပင်လယ်သမုဒ္ဒရာနှင့် ရာသီဥတု၏ သမိုင်း ဆင့်ကဲတိုးတက်ပြောင်းလဲမှုဖြစ်စဉ်အား ပြန်လည်တည်ဆောက်ရန် အထောက်အကူပြု၍ လက်ရှိနှင့် အနာဂတ် ရာသီဥတုပြောင်းလဲမှုကြောင့် ဒေသတွင်း ပင်လယ်သမုဒ္ဒရာဂေဟစနစ်၊ ငါးလုပ်ငန်းနှင့် သယ်ယူပို့ဆောင်မှု စသည့်ကဏ္ဍများအပေါ် အကျိုးသက်ရောက်မှုအား ကြိုတင်ခန့်မှန်းမှု အတွက် အရေးကြီး အနက်အဓိပ္ပာယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ် ဘဲရင်းပင်လယ်-ပစိဖိတ်သုမုဒ္ဒရာ အနောက်မြောက်ပိုင်း ပူးတွဲသိပ္ပံသုတေသနလှုပ်ရှားမှု တွင် တရုတ်-ရုရှားနှစ်ဖက်က စုစုပေါင်း သိပ္ပံသုတေသနဝန်ထမ်း ၂၅ ဦးပါဝင်ပြီး ၎င်းအနက် တရုတ်ဘက်မှ ၅ ဦး ပါဝင်ကြောင်း၊ နှစ်နိုင်ငံ သိပ္ပံသုတေသနဝန်ထမ်းများသည် ဘဲရင်းပင်လယ်နှင့် ပစိဖိတ်သုမုဒ္ဒရာ အနောက်မြောက်ပိုင်း၏ စံထားထိုက်သော ပင်လယ်ရေပြင်၌ ဘက်စုံပတ်ဝန်းကျင် စောင့်ကြည့်လေ့လာမှုများ လုပ်ဆောင်သွားရန်၊ Quaternary ကာလ နှောင်းပိုင်းအတွင်း ဘဲရင်း ပင်လယ်-ပစိဖိတ်သုမုဒ္ဒရာ အနောက်မြောက်ပိုင်း၏ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန်မှုဖြစ်စဉ်နှင့် အကျိုးအကြောင်းများအား စုံစမ်းစစ်ဆေးရန် စီစဉ်ထားကြောင်း ယခုအကြိမ် သိပ္ပံသုတေသနပြုလုပ်မှု၏ တရုတ်ဘက် အဓိကသိပ္ပံပညာရှင်၊ ဘူမိဗေဒပညာရှင် ကျိုးကျန့်ကျွင်း၏ မိတ်ဆက်မှုအရ သိရသည်။
ကိုးကား- ဆင်ဟွာ

ရီပတ်ပလီကန် အမတ် မိုက်ခ် ဆင်ပဆန်က ဂျွန် အက်ဖ် က ကနေဒီ အနုပညာစင်တာရှိ ဒုတိယအကြီးဆုံး ဇာတ်ရုံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဇနီး မီလာနီယာ ထရမ့် အမည်ပေးရန် အဆိုပြုခဲ့သည်။ ဇူလိုင် ၂၂ ရက်တွင် တင်သွင်းခဲ့သော ယင်းအဆိုကို အောက်လွှတ်တော် အသုံးစရိတ်ကော်မတီက ၃၅-၂၂ မဲဖြင့် အတည်ပြုခဲ့ပြီး၊ ဥပဒေဖြစ်ရန် လွှတ်တော်နှစ်ရပ်စလုံး၏ သဘောတူညီမှု လိုအပ်သည်။

မီလာနီယာ ထရမ့်သည် လက်ရှိတွင် ကနေဒီစင်တာ ဘုတ်အဖွဲ့၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ယင်းအဆို ပြုချက်အား ဒီမိုကရက်တစ်အမတ်များက ဝေဖန်ခဲ့သည်။ အထူးသဖြင့် အမတ် Chellie Pingree က ကနေဒီစင်တာသည် သမ္မတ ထရမ့်၏ ဥပဒေ (OBBBA) မှ ရံပုံငွေ အမေရိကန်ဒေါ်လာ ၂၅၀ သန်း အပို ရရှိ ထားပြီးဖြစ်ကြောင်း၊ ယင်းအဆိုမှာ ထရမ့်မိသားစုအား အနုပညာ အဖွဲ့ အစည်းအပေါ် ပိုမိုထိန်းချုပ်ခွင့်ပေးရန် ရည်ရွယ်သည်ဟု ပြောဆိုခဲ့သည်။
ကနေဒီစင်တာတွင် လူ ၂,၃၆၄ ဦး ဆံ့သော Opera Houseကို အမည် ပြောင်းမည်ဖြစ်ပြီး ယခင်က အဆိုပါဇာတ်ရုံသည် နှစ်စဉ် Kennedy Center Honors ပွဲများ ကျင်းပရာနေရာ ဖြစ်ခဲ့သည်။ ယင်းအဆိုသည် ထရမ့်အား ဂုဏ်ပြုသည့် အခြားအဆိုများဖြစ်သည့် လေဆိပ်နှင့် မက်ထရို စနစ်အမည်ပြောင်းရန် အစီအစဉ်တို့၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

ဂျကာတာ၊ ဇူလှိုင် ၂၁
အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီ (ဘီအမ်ကေဂျီ) သည် ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံ ဒီဇိုင်းအသစ်ကို မိတ်ဆက်ခဲ့သည်။ အင်အားကြီးမားသော ငလျင်အန္တရာယ်ကို လျော့ပါးစေရန် ရည်ရွယ်ကြောင်း ဘီအမ်ကေဂျီ အကြီးအကဲ ဒွီကိုရီတာ ကာနာဝါတီ က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဒွီကိုရီတာ က ဆောက်လုပ်ရေးလုပ်ငန်းတွင် နောက်ဆုံးပေါ်မြေငလျင်ဒဏ်ခံနည်းပညာကို အသုံးပြုပြီး ဆောက်လုပ်သော အဆောက်အအုံများသည် ပြင်းအား ၈.၈ အထိရှိသော အင်အားပြင်း ငလျင်များကို ခံနိုင်ရည်ရှိကြောင်း ရှင်းပြခဲ့သည်။
အဆိုပါနည်းပညာသည် ကြီးကြီးမားမားငလျင်လှုပ်ခတ်စဉ်အတွင်း အထပ်မြင့်အဆောက်အအုံများကို တည်ငြိမ်စွာရှိစေပြီး သဘာဝဘေးအန္တရာယ်ဒဏ်ကိုခံနိုင်သော အခြေခံအဆောက်အဦးများတွင် သိသာထင်ရှားသောတိုးတက်မှုဖြစ်စေကြောင်း သူက အလေးပေးပြောကြားခဲ့သည်။
ဒွီကိုရီတာ၏ အဆိုအရ ဤနည်းပညာကို အင်ဒိုနီးရှားတွင် ပထမဆုံးအကြိမ်အဖြစ် အကောင်အထည်ဖော်မည် ဖြစ်သည်။
မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီသည် ပြည်သူပိုင် အဆောက်အအုံများကို ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အခွင့်အာဏာမရှိသော်လည်း ဤဘေးအန္တရာယ်လျော့ပါးရေးနည်းလမ်းသည် နိုင်ငံ၏ ငလျင်ဒဏ်ခံရနိုင်သော ဒေသများရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် နမူနာ ပုံစံဖြစ်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ဒွီကိုရီတာက နည်းပညာသည် ဂျကာတာမြို့ရှိ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီ ရုံးချုပ်တွင်ရှိသော အင်ဒိုနီးရှား၏ အဆောက်အအုံတစ်ခုတွင် အဆိုပါ အမျိုးမျိုးသောဘေးအန္တရာယ်များအတွက် စောစီးစွာ ကြိုတင်သတိပေးမှုစနစ်ကို အသုံးပြုထားပြီးဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။
Popular Myanmar