သတင်းများ

မြောက်ကိုရီးယားသို့ သမ္မာကျမ်းစာများပို့ရန်ကြိုးပမ်းသူ အမေရိကန်နိုင်ငံသားခြောက်ဦးကို တောင်ကိုရီးယားဖမ်းဆီး

မြောက်ကိုရီးယားနိုင်ငံသို့    သမ္မာကျမ်းစာများပို့ရန်ကြိုးပမ်းသူ အမေရိကန်နိုင်ငံသားခြောက်ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်တွင်ဖမ်းဆီးလိုက်နိုင်ကြောင်းသိရသည်။

အဆိုပါအမေရိကန်နိုင်ငံသားခြောက်ဦးသည် ပလတ်စတစ်ဘူး ထောင်ပေါင်း များစွာတွင် ဆန်များ၊ တစ်ဒေါ်လာတန် ငွေစက္ကူများနှင့် သမ္မာကျမ်းစာများထည့် သွင်း၍ ဂန်းဝါကျွန်းကမ်းလွန်မှ မြောက် ကိုရီးယားနိုင်ငံသို့ပို့လွှတ်ရန်ကြိုးပမ်းနေ စဉ် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ခံရခြင်းဖြစ်သည်။

အသက် ၂၀ မှ ၅၀ ကြားဝန်းကျင်ရှိ ထိုအမေရိကန်နိုင်ငံသားများက သဘာဝဘေးအန္တရာယ်များနှင့် ဘေးကင်းလုံခြုံမှု ဆိုင်ရာစီမံခန့်ခွဲရေး အက်ဥပဒေကို ချိုးဖောက်မှုဖြင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဂန်းဝါကျွန်းသည် တောင်ကိုရီးယားနိုင်ငံမှ မြောက်ကိုရီးယားနိုင်ငံသို့ အနီးဆုံးသွားနိုင်သော နယ်မြေတစ်ခုဖြစ်ပြီး မြောက်ကိုရီးယားကို ဆန့်ကျင်သောအဖွဲ့အစည်းများက ဝါဒဖြန့်မိုးပျံပူဖောင်းများ လွှတ်တင်လေ့ရှိသောနေရာတစ်ခုဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၌ လီဂျေမြောင်က သမ္မတအဖြစ်တာဝန်ယူပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေး ကောင်းမွန်စေရန် ရည်ရွယ်၍ မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ မိုးပျံပူဖောင်းများလွှတ်တင်၍ ဝါဒဖြန့်ချိမှုများ   လုပ်ဆောင်ခြင်းမပြုရန် တားမြစ်ထားကြောင်းသိရသည်။

Ref: TST

MWD Web Portal

နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင်သင်တန်းသားများ စေလွှတ်ပေးလျက်ရှိပြီး အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းပင်ဖြစ်

နေပြည်တော် ဇွန် ၂၇

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံရှိ ပညာတော်သင် သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားသည်။

တက်ရောက်

အဆိုပါ တွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံရှိ ပညာတော်သင် သင်တန်းသားအရာရှိများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင်သင်တန်းသားများ စေလွှတ်ပေးလျက်ရှိပြီး အနာဂတ်နိုင်ငံတော်ကိုတည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံတွင် ပညာတော်သင်များအဖြစ် စိစစ်ရွေးချယ်စေလွှတ်ခံကြရသူများဖြစ်သဖြင့် မိမိကိုယ်ကိုတန်ဖိုးထားကြရန်၊ မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဦးချင်းစီသင်ကြားရသည့် သက်ဆိုင်ရာဘာသာရပ်များအလိုက် ပိုင်နိုင်ကျွမ်းကျင်စွာ တတ်မြောက်နားလည်နိုင်ရေး ကြိုးပမ်းသွားရန်လိုသကဲ့သို့ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကိုလည်း စဉ်ဆက်မပြတ် လေ့လာအားထုတ်သွားကြရန်လိုကြောင်း။

မြှင့်တင်ဆောင်ရွက်

တပ်မတော်သားများသည် အခြေခံအားဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြသူများဖြစ်ကြကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိကိုယ်ကိုတန်ဖိုးထားပြီး မိမိတို့ဘဝတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကာ ကြိုးစားအားထုတ်နေထိုင်သွားလာခြင်းဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားကြရန်လိုကြောင်း။

မိမိတို့အနေဖြင့် ရွေးကောက်ပွဲမဲမသမာမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အား တာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ လွှတ်တော်ခေါ်ယူဆောင်ရွက်ခြင်းသည် နိုင်ငံရေးအရအကောင်းဆုံးဖြေရှင်းခြင်းပင်ဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပသွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးဆန္ဒမဲပေးနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီကိုတန်ဖိုးထားသူများအနေဖြင့် ဆန္ဒမဲပေးရာတွင်ပါဝင်လာကြမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသားအရာရှိများအနေဖြင့် နိုင်ငံတော်၏ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် နိုင်ငံရေးဖြစ်စဉ် ဖြစ်ရပ်များကို မှန်မှန်ကန်ကန်သိရှိနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်းမှာကြားပြီး နိုင်ငံတော်၏နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

MOI

အီလွန်မက် ၏ SpaceX ကုမ္ပဏီအား ဒုံးပျံအကြွင်းအကျန်များကြောင့် တရားစွဲမှုခံရနိုင်သည့်အခြေအနေရှိ

မက္ကဆီကို ပင်လယ်ကွေ့ ကမ်းရိုးတန်းတစ်လျှောက် Starship ဒုံးပျံ ပျက်ကျပြီးနောက် ပျံ့နှံ့ကျန်ရစ်ခဲ့သော အကြွင်းအကျန်များကြောင့် သဘာ ဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများနှင့် မက္ကဆီကိုအစိုးရ၏ တရား ဥပဒေ ဆိုင်ရာ ပြန်လည်သုံးသပ်မှုများ ပေါ်ပေါက်လာခဲ့သည်။

မက္ကဆီကို သမ္မတ Claudia Sheinbaum က ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ “ဒုံးပျံပစ်လွှတ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အစိတ်အပိုင်းများ မက္ကဆီကိုပင်လယ်ကွေ့အတွင်းသို့ ပျံ့နှံ့ ကျရောက်ခဲ့ခြင်းနှင့် Tamaulipas ပြည်နယ်ကမ်းခြေသို့ ရောက်ရှိလာခြင်းတို့ကြောင့် အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုရှိ၊ မရှိ စိစစ်နေကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။

သူမက အဆိုပါဖြစ်ရပ်ကြောင့် ညစ်ညမ်းမှုများ ရှိနေပါသည် ၊ မည်သည့် နိုင်ငံတကာဥပဒေများ ချိုးဖောက်ခံရသည်ကို အခြေခံပြီး တရားစွဲဆိုရန် လုပ်ငန်းစဉ်စတင်မည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်မှာ ဇွန်လ ၁၈ ရက်က SpaceX ၏ Texas ရှိ Boca Chica ဒုံးပျံလွှတ်တင်ရေးစခန်းမှ Starship စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်ဘဲ ပေါက်ကွဲပျက်စီးသွားချိန်မှ စတင်ခဲ့သည်။ ဒုံးပျံပစ်လွှတ်ပြီးနောက် တွန်းကန် စနစ်အစိတ်အပိုင်းများ ပြန်လည်ဝင်ရောက်စဉ် ပေါက်ကွဲသွားကာ ရာဘာ၊ ပလပ်စတစ်၊ ဆီလီကွန်၊ သတ္တုပြွန်များနှင့် အအေးခံတိုင်ကီများ အပါ အဝင် အမှိုက်သရိုက်များ ပင်လယ်ထဲသို့ ပျံ့နှံ့ကျရောက်ခဲ့သည်။ ၎င်းတို့ အနက် အချို့သည် မြောက်ဘက်ကမ်းရိုးတန်းရှိ Matamoros မြို့အနီး ကမ်းခြေသို့ ရောက်ရှိလာပြီး ဒေသအာဏာပိုင်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတာဝန်ရှိသူများကို စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့သည်။

မက္ကဆီကိုပင်လယ်ကွေ့အနီးရှိ ကျေးရွာများအတွက် “ဘေးအန္တရာယ်မရှိ” ဟု SpaceX က ပြောကြားခဲ့ပြီး အီလွန်မက် X (တွစ်တာ) တွင် “အသေးအဖွဲပျက်စီးမှုသာ” ဟု ရည်ညွှန်းကာ ဖြစ်ရပ်ကို အလေးမထား ခဲ့ပေ။

မေလတွင် အမေရိကန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက Starship ဒုံးပျံပစ်လွှတ်မှုအရေအတွက်ကို တစ်နှစ်လျှင် ၅ ကြိမ်မှ ၂၅ ကြိမ်အထိ တိုးမြှင့်ခွင့်ပြုခဲ့သည်။ သို့သော် ပင်လယ်လိပ်များနှင့် ကမ်းရိုးတန်း ဂေဟ စနစ်အား ထိခိုက်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန် ရှိသူများ၏ သတိပေးချက်ကို လျစ်လျူရှုခဲ့ကြသည်။

အစီရင်ခံချက်များအရ ကမ်းရိုးတန်း၏ ၄၀ ကီလိုမီတာကျော်တွင် ပျံ့နှံ့ နေသော အမှုန်အမွှားအကြွင်းအကျန်များသည် အထူးသဖြင့် မျိုးသုဉ်း လုနီးပါး သံလွင်ရောင်ပင်လယ်လိပ်များအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်စေနိုင်သည်ဟု သဘာဝပတ်ဝန်းကျင်အဖွဲ့များက သတိပေး ထားသည်။

ကြီးမားသောအကြွင်းအကျန်များကို ရှင်းလင်းပြီးဖြစ်သော်လည်း မက္ကဆီကို သဘာဝပတ်ဝန်းကျင်အေဂျင်စီများက အသေးစားအမှုန်များကို ရှာဖွေဖယ်ရှားရန် ဦးစားပေးလုပ်ဆောင်နေသည်။ စစ်ဆေးရေး အဖွဲ့များသည် ကမ်းခြေနှင့် ကမ်းလွန်ရေပြင်မှ နမူနာများကို စုဆောင်းနေပြီး တစ်ခုတွင် ဒုံးပျံမှ သတ္တုဆလင်ဒါတစ်ခု သစ်ပင်ထဲသို့ စိုက်ဝင် နေသည်ကို တွေ့ရှိခဲ့ရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံသို့ သွားရောက်လေ့လာ

နေပြည်တော် ဇွန် ၂၆

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံသို့ သွားရောက်လေ့လာသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Belmedpreparaty ဆေးဝါးစက်ရုံသို့ ရောက်ရှိကြရာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Mr. Aliaksandr Khajayeu နှင့် စက်ရုံမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံရှေ့၌ ပြသထားသည့် ဆေးကုသရေးအထောက်အကူပြု မော်တော်ယာဉ်များအား လိုက်လံကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။

ယင်းနောက် ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်ထားသည့် ဆေးဝါးများပြခန်း၊ ဆေးကုသမှုများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် စက်ကိရိယာများပြခန်းတို့အတွင်း ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဆေးဝါးစက်ရုံအစည်းအဝေးခန်းမအတွင်း တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းဆိုင်ရာများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားနိုင်မည့် အခြေအနေများ၊ Belmedpreparaty ဆေးဝါးစက်ရုံမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူတို့ အသေးစိတ်ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Belmedpreparaty ဆေးဝါးစက်ရုံအတွင်း လှည့်လည်၍ ဆေးဝါးထုတ်လုပ်နေမှုအဆင့်ဆင့်အား ကြည့်ရှုလေ့လာခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ Belmedpreparaty ဆေးဝါးစက်ရုံသည် Minsk မြို့တွင်တည်ရှိပြီး ဝန်ထမ်းပေါင်း ၂,၁၀၀ ကျော်ရှိသည့် ဘယ်လာရုစ်နိုင်ငံ၏ အကြီးဆုံးဆေးဝါးထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ကိုကင်းဈေးကွက် စံချိန်တင်မြင့်မားလာဟု ကုလသမဂ္ဂ ထုတ်ပြန်

ကမ္ဘာပေါ်တွင် ကိုကင်းဈေးကွက်သည် စံချိန်တင်မြင့်မားလာကြောင်း၊ ကိုကင်းထုတ်လုပ်မှု၊ ဖမ်းဆီးရမိမှုနှင့် အသုံးပြုမှု တို့သည်လည်း အလွန်မြင့်မားလာကြောင်း ကုလသမဂ္ဂက ဇွန်လ   ၂၆    ရက်တွင် ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်တွင် ကိုကင်းထုတ်လုပ်မှုသည် ၃၇၀၈ တန်ရှိသောကြောင့် ၂၀၂၂ ခုနှစ်အတွင်း ထုတ်လုပ်မှုထက် ၃၄ ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုရုံးက ထုတ်ပြန်သော နှစ်ပတ်လည်အစီရင်ခံစာ တွင်ဖော်ပြထားသည်။

ယခုကဲ့သို့ ကိုကင်းထုတ်လုပ်မှုများ မြင့်မားလာခြင်းသည် ကိုလံဘီယာနိုင်ငံ၌ ကိုကာပင်များ တိုးချဲ့စိုက်ပျိုးသည့်ဧရိယာမြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထို့အတူ ၂၀၂၃ ခုနှစ်အတွင်း ကိုကင်းသိမ်းဆည်း ရမိမှုပမာဏသည် ၂၂၇၅ တန်အထိရှိသောကြောင့် ယမန်နှစ်ကထက် ၆၈ ရာခိုင်နှုန်းမြင့်တက်လာကာ ကိုကင်း အသုံးပြုသူ အရေအတွက်မှာလည်း ၂၀၁၃ ခုနှစ်တွင် ၁၇ သန်းသာရှိရာမှ ၂၀၂၃ ခုနှစ် တွင် ၂၅ သန်းအထိ မြင့်တက်လာကြောင်း သိရသည်။

N Korea

ပြုံယမ်း ဇွန် ၂၆

အရှေ့ဘက်ကမ်းရိုးတန်းဒေသ၌ ခရီးသွားနယ်မြေသစ်တည်ဆောက်ရေးလုပ်ငန်းပြီးဆုံးခဲ့ပြီဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် ကေစီအင်န်သတင်းဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဝန်ဆန်ကယ်လ်မာကမ်းခြေ ခရီးသွားနယ်မြေအမည်ရှိ အဆိုပါ ခရီးသွား နယ်မြေသစ်ဖွင့်ပွဲကို ဇွန် ၂၅ ရက်တွင် ကျင်းပခဲ့ရာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ကိုယ်တိုင်တက်ရောက်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အရွယ်အစားကြီးမားသော ခရီးသွားနယ်မြေများ ဆက်လက်တည်ဆောက်မည် ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ဝန်ဆန်ကယ်လ်မာ ကမ်းခြေခရီးသွားနယ်မြေဖွင့်ပွဲ၌ ပြောကြားခဲ့သည်။

ဝန်ဆန်ကယ်လ်မာကမ်းခြေ ခရီးသွားနယ်မြေသည် ခရီးသွား ဧည့်သည်၂၀၀၀၀ခန့်ကို ဝန်ဆောင် မှုပေးနိုင်ကြောင်း သိရသည်။

ဝန်ဆန်ကယ်လ်မာကမ်းခြေ အပန်းဖြေစခန်းကို ပြည်တွင်းခရီးသွားဧည့်သည်များအတွက် ဇူလိုင် ၁ရက်တွင်စဖွင့်ပေးမည်ဖြစ်ကြောင်း ကေစီအင်န်အေ သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။ 
မြောက်ကိုရီးယားနိုင်ငံသည် အရှေ့ဘက် ကမ်းရိုးတန်းဒေသမြို့တော်ဖြစ်သည့် ဝန်ဆန်မြို့ကို ကမ္ဘာလှည့် ခရီးသွားနယ်မြေ အဖြစ် ပြောင်းလဲတည်ဆောက်လျက်ရှိကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper

ကိုရီ-၁ နျူကလီးယားစက်ရုံကိုဖျက်သိမ်းရန် တောင်ကိုရီးယားစီစဉ်

ဆိုးလ် ဇွန် ၂၆

တောင်ကိုရီးယား နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံတစ်ရုံအား ပထမဆုံး အကြိမ်အဖြစ် ဖျက်သိမ်းခွင့်ပေးရန် တောင်ကိုရီးယားအစိုးရ နျူကလီးယားဘေးကင်းလုံခြုံရေးကော်မရှင်က ယနေ့တွင် အတည်ပြုချက်ပေး ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသည် ကိုရီ ၁ အမည်ရှိ နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံကိုဖျက်သိမ်းရန် စီစဉ်ထားသည်။

တောင်ကိုရီးယား နိုင်ငံသည် ကိုရီ-၁ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ၃၉ နှစ်ကြာ လုပ်ငန်းလည်ပတ်ခဲ့ပြီး နောက် ၂၀၁၇ ခုနှစ်တွင် လုပ်ငန်း လည်ပတ်မှုအမြဲတမ်းရပ်နားထား ခဲ့ပြီးဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါစက်ရုံကို အပြီးတိုင် ဖျက်သိမ်းခွင့်ပေးရန် တောင်ကိုရီးယားအစိုးရ နျူကလီးယား ဘေးကင်းလုံခြုံမှုကော်မရှင်က အတည်ပြုချက်ပေး ခဲ့ပြီးဖြစ်ကြောင်းတောင်ကိုရီးယား မီဒီယာများက သတင်းထုတ်ပြန် ထားသည်။

ကိုရီ-၁ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ သည်ဖျက်သိမ်းခံရသည့် ပထမဆုံး တောင်ကိုရီးယား နျူကလီးယားအဆောက်အအုံဖြစ်လာလိမ့်မည် ဖြစ်သည်။

ကိုရီ- ၁နျူကလီးယားစွမ်းအင် သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟောင်းကို ဖျက်သိမ်းရေးအတွက် အချိန် ၁၂ နှစ် ကြာမြင့်မည်ဖြစ်ပြီး ကုန်ကျစရိတ် ဝမ်ငွေ ၁ ဒသမ ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ သန်း ၈၁၀)ထိ ကုန်ကျမည်ဖြစ် ကြောင်း သိရသည်။

Ref : Xinhua

 YDNB Newspaper

Photo - Korea Herald

weather forecast

၁။        ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ၃၀-၆-၂၀၂၅ ရက်နေ့ အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊

၁။        ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ၃၀-၆-၂၀၂၅ ရက်နေ့ အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီး မည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၁၁ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်

၂။       သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

မင်းသမီး ဒိုင်ယာနာ၏ Caring Dress ဝတ်စုံအား ဒေါ်လာ ၅၂၀,၀၀၀ တန်ဖိုးဖြင့် လေလံတင်ရောင်းချ

ဝေလ မင်းသမီး ဒိုင်ယာနာ (၁၉၆၁-၁၉၉၇) ၏ ပိုးချည်ဖြင့် ရက်လုပ် ထားသည့် ပန်းပုံစံဝတ်စုံအား ဇွန်လ ၂၆ ရက်တွင် အမေရိကန်ဒေါ်လာ ၅၂၀,၀၀၀ ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း Julien's Auctions မှ ပြောကြားခဲ့သည်။ 

မင်းသမီးဒိုင်ယာနာသည် The Caring Dress ဟု အမည်တွင်သည့် အဆိုပါဝတ်စုံကို ဆေးရုံများရှိ လူနာများထံ သွားရောက်လည်ပတ်စဉ် မကြာခဏဝတ်ဆင်ခဲ့သည်ဟု ဒီဇိုင်နာ David Sassoon က ရှင်းပြခဲ့ပြီး ထိုဝတ်စုံအား ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖြင့် လေလံဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလေလံပွဲတွင် ဒိုင်ယာနာနှင့် ဗြိတိသျှ ဘုရင့်မိသားစုဝင်များနှင့် ပတ်သက်သည့် အခြားအသုံးအဆောင်ပစ္စည်း ၃၀၀ ကျော်ကိုလည်း လေလံတင်ရောင်းချခဲ့သည်။

တော်ဝင်မိသားစုဝင်များ၏ အသုံးအဆောင်ပစ္စည်းများ စုဆောင်းထား ရှိမှုနှင့်ပတ်သက်၍ ယခုလို လေလံပွဲကျင်းပခြင်းသည် သာမန်အားဖြင့် ပြည်သူများ မမြင်တွေ့နိုင်သော တော်ဝင်မိသားစု၏ ဘဝနေထိုင်မှုပုံစံနှင့် ၎င်းတို့ တန်ဖိုးထားသည့်အရာများကို လူအများ တွေ့မြင်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း လေလံပွဲစီစဉ်သူများက ပြောကြား ခဲ့သည်။ 

တော်ဝင်မိသားစု၏ အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများသည် သရဖူ‌နောက်ကွယ်ရှိ လူသားတို့၏ ဘဝဇာတ်‌ကြောင်းကို ထင်ဟပ် ပြသ‌ နေသည်။ 

ဒိုင်ယာနာ၏‌ နေထိုင်မှုစတိုင်သည် လှပမှုရှိရုံသာမက စာနာမှုဖြင့် ပြည့်ဝ သည့် အမျိုးသမီးတစ်ဦးအသွင်ဟန်ပန်ရှိပြီး ပြည်သူများနှင့်လည်း ရင်းနှီး သော ဆက်ဆံရေးရှိခြင်းကြောင့် ပြည်သူ့မင်းသမီးအဖြစ် ယနေ့တိုင် ထင်ရှား နေဆဲဖြစ်သည်။

ကိုးကား - TASS

Photo: KETV

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ကျောက်ဆည်မြို့နယ်၌  အလားအလာကောင်း၊ အထွက်နှုန်းကောင်း ၊ ဈေးကွက်ဝင်စပါးမျိုးသစ် (အောင်နိုင်တိုး) နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ကျောက်ဆည်၊ ဇွန်-၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ စိုက်ပျိုးရေးသုတေသနခြံတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးခဲ့သည့် အလားအလာကောင်း၊ အထွက်နှုန်းကောင်း၊ ဈေးကွက်ဝင်စပါးမျိုးသစ် (အောင်နိုင်တိုး) နွေစပါးမျိုးသစ်အား ယနေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

စံကွက်ရိတ်သိမ်းပွဲတွင် စိုက်ပျိုးရေးသုတေသနခြံတာဝန်ခံ ဦးတင့်လွင်က အောင်နိုင်တိုးစပါးမျိုးသစ် ရရှိရေး သုတေသနအဆင့်ဆင့် ပြုလုပ်ထားရှိမှုများအကြောင်းနှင့် အရည်အချင်းလက္ခဏာများ၊ စပါးမျိုး ဝယ်ယူနိုင်သည့် နေရာများ၊ သုတေသနခြံ၌ လက်တွေ့စိုက်ပျိုးထားရှိသော စပါးမျိုးများနှင့် စိုက်နည်းစနစ်များ အကြောင်း ရှင်းလင်းပြောကြားခဲ့ရာ စံကွက်ရိတ်သိမ်းပွဲသို့တက်ရောက်လာသည့် တောင်သူများမှ သိရှိလိုသည်များကို ပြန်လည် မေးမြန်းခဲ့ပြီး စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် တစ်ဧကအထွက်နှုန်းမှာ စပါးအစို (၁၆၀) တင်း ထွက်ရှိကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းပွဲသို့ ကျောက်ဆည်ခရိုင်/မြို့နယ်စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်း ဦးစီးဌာနမှဝန်ထမ်းများ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များမှ တောင်သူများ တက်ရောက် ခဲ့ပြီး ကျောက်ဆည်ခရိုင်တွင် မနော်သုခ၊ ရွှေမနော်၊ ဆင်းသုခ၊ အောင်နိုင်တိုး၊ GW-11နှင့်GW-18 စပါးမျိုးများ အဓိကထား စိုက်ပျိုးကြောင်း သိရသည်။

 ပေးပို့သူ- သက်မောင်၊ကျောက်ဆည်