အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းအနီးတွင် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) ညဉ့်နက်ပိုင်း က လူ ၆၅ ဦးတင်ဆောင်ထားသည့် ရေယာဉ်နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီးအနည်းဆုံး လူလေးဦး သေဆုံးခဲ့သည်။ နိုင်ငံ၏ ရှာဖွေ ကယ်ဆယ်ရေး အေဂျင်စီအဆိုအရ လူ ၃၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။

KMP Tunu Pratama Jaya ရေယာဉ်သည် အရှေ့ဂျာဗားရှိ Ketapang မှ ဘာလီကျွန်းရှိ Gilimanuk သို့ ခရီးနှင်နေစဉ် အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့သည်ဟု အေဂျင်စီမှ ကြာသပတေးနေ့ (ဇူလိုင် ၃) တွင် ထုတ်ပြန်ခဲ့သည်။ ရေယာဉ်သည် ဒေသစံတော်ချိန် ည ၁၁:၂၀ ခန့်တွင် ထွက်ခွာ ခဲ့ပြီး မိနစ် ၃၀ ခန့်အကြာတွင် နစ်မြုပ်ခဲ့သည်။ ထိုအချိန်က ပင်လယ်ပြင် တွင် လှိုင်းအမြင့် ၂.၅ မီတာအထိ မြင့်တက်နေပြီး မိုးသက်လေပြင်းများ ကျရောက်ခဲ့သည်ဟု သိရှိရသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် နံနက်ပိုင်းအချိန်ထိ လူ ၃၁ ဦးကို ကယ်တင် နိုင်ခဲ့ပြီး လူလေးဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ မီဒီယာ သတင်းများအရ အချို့သော အသက်ရှင်သူများသည် ရေထဲတွင် နာရီပေါင်းများစွာ မျောပါပြီးနောက် သတိလစ်နေသည့်အနေအထားဖြင့် တွေ့ရှိ ခဲ့ကြောင်း သိရသည်။ ကျန်ရှိနေသော လူ ၃၀ ကို ရှာဖွေရန် ကြိုးပမ်း မှုများ ဆက်လက်ပြုလုပ်နေပြီး လှေကိုးစီးနှင့် ဒေသခံငါးဖမ်းသမားများ ပါဝင်ကူညီလျက်ရှိသည်။
Surabaya ကယ်ဆယ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ အသက်ရှင် သူ လေးဦးသည် ရေယာဉ်၏ အရေးပေါ်လှေဖြင့် ထွက်ခွာနိုင်ခဲ့ပြီး ကြာသပတေးနေ့ (ဇူလိုင် ၃) နံနက်စောစောတွင် ရေထဲ၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုက အဆိုပါဘေးအန္တရာယ်ကို အရေးပေါ် တုံ့ပြန်ရန် အမိန့်ပေးခဲ့ပြီး ကယ်ဆယ်ရေးအေဂျင်စီသည် ရှာဖွေရေး လုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရန် အခြားဝန်ထမ်းများနှင့် စက်ပစ္စည်း များ ထပ်မံပေးပို့ခဲ့သည်။
နစ်မြုပ်ခဲ့သော ရေယာဉ်သည် ခရီးသည် ၅၃ ဦး၊ သင်္ဘောသား ၁၂ ဦးနှင့် ကုန်တင်ကား ၁၄ စီးအပါအဝင် ယာဉ် ၂၂ စီး တင်ဆောင်လာခဲ့သည်။ Ketapang နှင့် Gilimanuk အကြားလမ်းကြောင်းသည် အင်ဒိုနီးရှား၏ သွားလာမှုအများဆုံး ရေကြောင်းလမ်းတစ်ခုဖြစ်ပြီး ဒေသခံများနှင့် ကုန်စည်သယ်ယူသူများ မကြာခဏအသုံးပြုလေ့ရှိသည်။
ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ပါဝင်သော အင်ဒိုနီးရှားနိုင်ငံတွင် ရေယာဉ်မတော် တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ရေယာဉ်များသည် အဓိက သယ်ယူပို့ဆောင်ရေးအတွက် အားအထားရဆုံးဖြစ်ကာ ဘေးကင်းရေး စည်းမျဉ်းများလိုက်နာမှု အားနည်းခြင်းကြောင့် ဘေးအန္တရာယ်များ ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ကျောက်ဆည်၊ ဇူလိုင်-၂
ကျောက်ဆည်၊ ဇူလိုင်-၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသီးနှံမျိုးစုံ ရေလုံလောက်စွာ ပေးဝေနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်သင့်သည့် ရေပြွန်များ၊ ရေတံခါးများ၊ ရေကျအဆောက်အအုံများအားပြန်လည်ပြုပြင်ပေးခြင်း၊ တိမ်ကောနေသည့် မြောင်းများအား တူးဖော်ပေးခြင်း၊ မြောင်းဆလံများအားကျောက်သားနံရံစီပေးခြင်း၊ ရေပေးဝေမြောင်းများပေါ်တွင် ဆောက်လုပ် ထားသော ကုန်ထုတ်တံတားများပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက် ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကွမ်းဆေးမြောင်းတွင် ဆောက်လုပ်ထားသော ကုန်ထုတ်တံတား(၁)စင်းအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်တံတားသည် ကျောက်ဆည်မြို့နယ် သမန္တလင်းကျေးရွာအနီး ကွမ်းဆေးမြောင်း၏ ပေတိုင် အမှတ် (-၄၀+၂၀၀၀)တွင် တည်ရှိပြီး တံတားသည် နှစ်ကာလကြာမြင့်ပြီဖြစ်သောကြောင့် တံတား ကြမ်းခင်းများ ခိုင်ခန့်မှုမရှိခြင်း၊ လက်ရမ်းများပျက်စီးနေပြီး ယာဉ်သွားလမ်း ကျဉ်းမြောင်းခြင်း၊ မော်တော် ဆိုင်ကယ်များ သွားလာရာ၌ အန္တရာယ်ရှိခြင်း၊ တောင်သူများ၏ လယ်ယာထွက်ကုန်များ သယ်ယူရာတွင် အခက်အခဲဖြစ်ပေါ် နေခြင်းစသည် တို့ကြောင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ(၂၀.၀၀၀)ကျပ်သန်း အကုန်အကျခံကာ ဇွန်လ (၁) ရက်နေ့မှစတင်၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အလျား(၃၂)ပေ၊ အကျယ် (၁၂) ပေ၊ အမြင့်(၈)ပေ ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကုန်ထုတ်တံတား ပြန်လည်ပြုပြင်ပြီးစီးပါက သမန္တလင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ၏ လယ်ယာထွက်ကုန်များ သယ်ယူရေးနှင့် လူမှုစီးပွားဘဝကဏ္ဍများ အဆင်ပြေချောမွေ့သွားမည် ဖြစ်ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်(ကျောက်ဆည်)

လာမည့်ခြောက်နှစ်မှ ခုနစ်နှစ်အတွင်း အိန္ဒိယက စွမ်းအင်တင်ပို့သူနိုင်ငံဖြစ်လာစေရန် ရည်မှန်း အိန္ဒိယနိုင်ငံသည် လာမည့်ခြောက်နှစ် မှ ခုနစ်နှစ်အတွင်း စွမ်းအင်တင်ပို့သည့် နိုင်ငံဖြစ်လာစေရန် ရည်မှန်းထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် အမြန်လမ်းမများ ရေးရာဝန်ကြီး နီတင်ဂတ်ကာရီက ပြောသည်။ လက်ရှိတွင်မူ အိန္ဒိယနိုင်ငံသည် စွမ်းအင်အတွက် ပြည်ပမှ တင်သွင်းမှုအပေါ် မှီခိုနေရကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း နိုင်ငံ၌ အသုံးပြုသော ရေနံစိမ်း ၈၈ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ ၅၁ ရာခိုင်နှုန်းတို့ကို ပြည်ပမှ မှာယူတင်သွင်းခဲ့ရခြင်းဖြစ်ကြောင်း Economic Times သတင်းဌာနက ဖော်ပြထားသည်။ "ဒီနေ့မှာတော့ အိန္ဒိယနိုင်ငံက စွ
လာမည့်ခြောက်နှစ်မှ ခုနစ်နှစ်အတွင်း အိန္ဒိယက စွမ်းအင်တင်ပို့သူနိုင်ငံဖြစ်လာစေရန် ရည်မှန်း အိန္ဒိယနိုင်ငံသည် လာမည့်ခြောက်နှစ် မှ ခုနစ်နှစ်အတွင်း စွမ်းအင်တင်ပို့သည့် နိုင်ငံဖြစ်လာစေရန် ရည်မှန်းထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် အမြန်လမ်းမများ ရေးရာဝန်ကြီး နီတင်ဂတ်ကာရီက ပြောသည်။ လက်ရှိတွင်မူ အိန္ဒိယနိုင်ငံသည် စွမ်းအင်အတွက် ပြည်ပမှ တင်သွင်းမှုအပေါ် မှီခိုနေရကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း နိုင်ငံ၌ အသုံးပြုသော ရေနံစိမ်း ၈၈ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ ၅၁ ရာခိုင်နှုန်းတို့ကို ပြည်ပမှ မှာယူတင်သွင်းခဲ့ရခြင်းဖြစ်ကြောင်း Economic Times သတင်းဌာနက ဖော်ပြထားသည်။ "ဒီနေ့မှာတော့ အိန္ဒိယနိုင်ငံက စွမ်းအင်တင်သွင်းသူဖြစ်နေလင့်ကစား လာမယ့်ခြောက်နှစ်မှ ခုနစ်နှစ်အတွင်း စွမ်းအင်ကိုတင်ပို့သူဖြစ်အောင် လုပ်ဆောင်သွား မှာပါ" ဟု Times of India သတင်းဌာနက လုပ်ဆောင်သော အခမ်းအနားတစ်ခုတွင် ဂတ်ကာရီက ပြောခြင်းဖြစ်သည်။ ကမ္ဘာ့တတိယစီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံက ရုပ်ကြွင်းလောင်စာများအပေါ် အလွန်အမင်းမှီခို နေရကာ ၎င်းကဖန်လုံအိမ်ဓာတ်ငွေ့ထုတ် လွှတ်မှုစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းအထိ ရှိသည်။ တစ်ချိန်တည်းမှာပင် အနာဂတ်တွင် အဓိကအသုံးပြုရမည့် စွမ်းအင်သည် ဟိုက် ဒရိုဂျင်ဖြစ်မည်ဟု ယုံကြည်ကြောင်း၊ အစိုး ရအနေဖြင့် အီသနောနှင့်ဇီဝဒီဇယ်တို့ကဲ့ သို့ အခြားလောင်စာများ ထုတ်လုပ်မှုကိုလည်း တွန်းအားပေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံအတွက် ပြည့်ဖြိုးမြဲစွမ်းအင်ကို ပြောင်းလဲ အသုံးပြုခြင်းသည် ပတ်ဝန်း ကျင်ညစ်ညမ်းမှုနှင့် ပို့ဆောင်ရေးကုန်ကျ စရိတ်တို့ကို ကျဆင်းစေမည်ဖြစ်ကြောင်း ဂတ်ကာရီက ပြောသည်။
MWD Web Portal

နေပြည်တော် ဇူလိုင် ၁
မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ Friday Night Live Show အစီအစဉ်အဖြစ် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်မည်ဖြစ်သည်။

မန္တလေးတက္ကသိုလ်ကြီးကို ၁၉၂၅ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ရာ ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် နှစ် (၁၀၀) ပြည့် မြောက်မည်ဖြစ်သကဲ့သို့ မန္တလေးမြို့မ တူရိယာအသင်းကြီးကလည်း ရာပြည့်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဂုဏ်ယူစွာတီးခတ်ဖျော်ဖြေ ပေးမည်ဖြစ်ရာ နိုင်ငံကျော်တေးသံရှင်များ ဖြစ်ကြသည့် သန်းမြတ်စိုး၊ ဖိုးသောကြာ၊ အိအိ ချွန်၊ မစံပယ်တို့နှင့်အတူ မန္တလေးမြို့မ တူရိယာအသင်း၏ ပင်တိုင်တေးသံရှင်များဖြစ်ကြသည့် ညီနေမင်း (မြို့မ)၊ အောင်မျိုးမြင့်၊ ကျော်ဌေးအောင်၊ စွမ်းရည်ထက်၊ ကျော်ဇင်၊ မြတ်နုသွေးနှင့် ပန်းအိန္ဒြေထက် (ပန်းလေး) တို့ကလည်း မန္တလေးတက္ကသိုလ်၏ အနှစ်သာရများကို ပေါ်လွင်ထင်ရှားစေသည့် ခေတ်အဆက်ဆက် ကျော်ကြားခဲ့သည့် မြို့မတေးသံသာများဖြင့် သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။
အစဉ်အလာကြီးမားသည့် မန္တလေးတက္ကသိုလ်ကြီးမှ ပညာရှင်များ၊ ထူးချွန်ပုဂ္ဂိုလ်များ၊ အနုပညာရှင်များ စသည့်ထူးချွန်ပုဂ္ဂိုလ်ပေါင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ရာ “မန္တလေးတက္ကသိုလ်ကြီး၏ ရာပြည့်အထိမ်းအမှတ်” ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နှင့် MRTV Entertain-ment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်၍ တစ်ချိန်တည်းဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဇူလိုင် ၆ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
MOI

ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူး အမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
လာရောက်သူများအားလုံး နှာခေါင်းစည်း(Mask)များ မပျက်မကွက် စနစ်တကျ တပ်ဆင်ရန်။

သတ်မှတ်ပေးထားသောနေရာများတွင် စနစ်တကျ လက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်။
ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းနှင့် ဗိုလ်ချုပ်ပြတိုက်လမ်းဆုံတွင် ယူဆောင်ခွင့်မပြုသော ပစ္စည်း (၁၀) မျိုး စစ်ဆေးခြင်း၊ Body Search ပြုလုပ်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန် (နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ်(သို့မဟုတ်) ကိုယ်ရေးအချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား) ယူဆောင်လာပါရန်။
ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/Physical Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက်အကွာအဝေးများကို (၆) ပေအကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်။
ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း အပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်လေ့လာသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆) ပေ ခြား၍ စီတန်းပြီး ပြတိုက်အတွင်း ခွင့်ပြုသည့် အရေအတွက်အတိုင်း ဝင်ရောက်လေ့လာရန်နှင့် တစ်ဦးနှင့်တစ်ဦး (၆) ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်။
ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊ သတိပေးချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန်။
သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများအနေဖြင့် လုံးဝ (လုံးဝ) လာရောက်ခြင်း မပြုရန်။
ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့်ရောဂါလက္ခဏာများ ဖြစ်ပွားနေပါက လုံးဝ (လုံးဝ) လာရောက်ခြင်းမပြုရန်။

ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ အာဇာနည်ဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
လာရောက်သူများအားလုံး နှာခေါင်းစည်း (Mask) များ မပျက်မကွက် စနစ်တကျ တပ်ဆင်ရန်။

ဗဟန်းမြို့နယ်၊ လင့်ခ်လမ်းတွင် ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန် (နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) ကိုယ်ရေးအချက်အလက်စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား) ယူဆောင်လာပါရန်။

ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းအပါအဝင် သံသယဖြစ်ဖွယ် လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။
အာဇာနည်ဗိမာန်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်။
အာဇာနည်ဗိမာန်ရင်ပြင်ပေါ်တွင် ဂါရဝပြုသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆) ပေခြား၍ (၁) ကြိမ်လျှင် (၁၀) ဦးစီဖြင့် သတ်မှတ်နေရာတွင် ဂါရဝပြုအလေးပြုရန်နှင့် ပြန်လည်ထွက်ခွာရာတွင် လည်း တစ်ဦးနှင့် တစ်ဦး (၆) ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်။

အစုလိုက် အလေးပြုသည့်အချိန်အား (၁၀) မိနစ်ထက် ပိုမကြာစေရန်။

ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူး အမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။

ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံ၊ သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်းဆုံတို့တွင် ယူဆောင်ခွင့်မပြုသော ပစ္စည်း (၁၀) မျိုး စစ်ဆေးခြင်း၊ အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) ဝင်ပေါက်တွင် ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန် (နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) ကိုယ်ရေးအချက်အလက်စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား) ယူဆောင်လာပါရန်။
ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/ Physical Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက်အကွာအဝေးများကို (၆) ပေအကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်။
ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းအပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။
အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်။
အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) သို့ လာရောက်လေ့လာသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆) ပေခြား၍ စီတန်းပြီး ပြတိုက်အတွင်း ခွင့်ပြုသည့် အရေအတွက်အတိုင်း ဝင်ရောက်လေ့လာရန်နှင့် တစ်ဦးနှင့်တစ်ဦး (၆) ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (USAID) ရန်ပုံငွေ အများစုကို ဖြတ်တောက်သည့် ဆုံးဖြတ်ချက်ကြောင့် လာမည့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ လူ ၁၄ သန်းကျော် အသက်ဆုံးရှုံးရဖွယ်ရှိနိုင်ကြောင်း The Lancet ဆေးပညာဂျာနယ် သုတေသန ဖော်ပြချက်အရ သိရှိရပါသည်။

သုတေသီများ၏ ခန့်မှန်းချက်အရ အသက်အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ ရှိသူများ၏ ၃ ပုံ ၁ ပုံမှာ ကလေးသူငယ်များ ဖြစ်ပါသည်။ ထိုသို့ အကူ အညီရန်ပုံငွေကို ဖြတ်တောက်လိုက်ခြင်းက အလယ်အလတ်အဆင့်နှင့် နိမ့်ကျသော ဝင်ငွေရှိသည့် နိုင်ငံများအတွက် ကမ္ဘာ့ကပ်ရောဂါကြီး သို့မဟုတ် စစ်ပွဲအကြီးစားတစ်ခု ဖြစ်ပွားသည့် ပမာဏလောက် အသက် ဆုံးရှုံးမှု အန္တရာယ်ကို ရင်ဆိုင်နေကြရကြောင်း အဆိုပါအစီရင်ခံစာ ပူးတွဲ ရေးသားသူ Davide Rasella က ပြောကြားထားပါသည်။
ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ (USAID) အစီအစဉ်အားလုံး၏ ၈၀ % ကျော်ကို ဖျက်သိမ်း လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြီးခဲ့သည့် မတ်လ က ကြေညာလိုက်ပါသည်။ ဒေါ်နယ်ထရမ့်က အဆိုပါအစီအစဉ်များမှာ အမေရိကန်ဖက်ဒရယ်အသုံးစရိတ်များကို အလဟဿ ဖြုန်းတီးနေမှု ဟုသာ မြင်ပါသည်။
ထိုအငြင်းပွားဖွယ်ရာ အသုံးစရိတ်ဖြတ်တောက်မှုများကို ဘီလီယံနာ အီလွန်မက် က ကြီးကြပ်ခဲ့ပြီး ထိုစဉ်က ၎င်းသည် ဖက်ဒရယ်အစိုးရ၏ အလုပ်သမားအင်အားကို လျှော့ချရန် ဦးဆောင်နေချိန်ဖြစ်ပါသည်။ ကမ္ဘာ တစ်ဝှမ်းရှိ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများက ထို ဖြတ်တောက်မှုများကို ပြင်းထန်စွာ ရှုတ်ချခဲ့ကြပါသည်။ ဒေါ်နယ်ထရမ့် ကမူ ၎င်း၏ ဒုတိယသက်တမ်းအတွင်း နိုင်ငံတကာအတွက် သုံးစွဲရသည့် ဘဏ္ဍာငွေများမှာ ၎င်း၏ “အမေရိကသာ ပထမ” (America First) မူဝါဒနှင့်အညီ ဖြစ်စေလိုကြောင်း ထပ်ခါတလဲလဲ ပြောကြားခဲ့ပါသည်။
စပိန်နိုင်ငံ ဘာစီလိုနာအခြေစိုက် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အင်စတီကျူ မှ သုတေသီ Rasella ခေါင်းဆောင်သော သုတေသနပညာရှင်အဖွဲ့ ထုတ်ပြန်ချက်အရ USAID ရန်ပုံငွေဖြတ်တောက်မှုများသည် ကိုယ်ခံအားနည်း ချို့ယွင်းနေသူများ၏ ကျန်းမာရေးဆိုင်ရာ တိုးတက်မှုကို နှစ် ၂၀ တာ ရုတ်တရက် ရပ်တန့်လိုက်သလို ဖြစ်ပြီး နောက်ပြန်ဆုတ်သွားစေနိုင်သည် ဟု သတိပေးထားပါသည်။
Rasella နှင့် အဖွဲ့ဝင်များက ၎င်းတို့၏ အစီရင်ခံစာတွင် ၂၀၀၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း USAID ဘဏ္ဍာငွေများဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူပေါင်း သန်း ၉၀ ကျော် အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်း ခန့်မှန်းတွက်ချက် ပြထားကြပါသည်။ ယခုကဲ့သို့ USAID ဘဏ္ဍာငွေ ၈၃% ကို ဖြတ်တောက် လိုက်ခြင်းက ၂၀၃၀ ပြည့်နှစ်အရောက်တွင် ရှောင်လွှဲ၍မရသော အသက် ဆုံးရှုံးမှု လူ ၁၄ သန်းကျော်အထိ ရှိလာနိုင်ပြီး ၎င်းတို့တွင် အသက် ၅ နှစ်အောက် ကလေးငယ် ၄.၅သန်းကျော် ပါဝင်နိုင်သည် ဟု ၎င်းတို့က ဖြည့်စွက်ပြောကြားထားပါသည်။
ကိုးကား- BBC
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ဂျပန်လေကြောင်းလိုင်း Spring Airline Japan ၏ လေယာဉ်သည် ဖိအားထိန်းစနစ် ချွတ်ယွင်းမှုကြောင့် အရေးပေါ်အခြေအနေ ကျရောက် ခဲ့ပြီး ၁၀ မိနစ် အတွင်း အမြင့်ပေ မီတာ ၈,၀၀၀ (ပေ ၂၆,၀၀၀) ကျော် ရုတ်တရက်ကျဆင်းသွားခဲ့ခြင်းကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရသည်။ ဇွန် ၃၀ တွင် ရှန်ဟိုင်းမှ တိုကျိုသို့ ပျံသန်းနေသော Spring Airlines Japan ၏ JL8696 ခရီးစဉ်သည် လေယာဉ်အတွင်း ဖိအားစနစ် ချွတ်ယွင်းမှုနှင့် ကြုံတွေ့ခဲ့ရပြီး လေယာဉ်ပေါ်တွင် ခရီးသည် ၁၉၁ ဦး လိုက်ပါလာ ခဲ့သည်။

ဂျပန်လေကြောင်းလိုင်း (JAL) က “လေယာဉ်မှူးများသည် လေကြောင်း ထိန်းသိမ်းရေးဌာနနှင့် ဆက်သွယ်ကာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်အမြင့်ကိုထိန်းချုပ်လျှော့ချခဲ့ပြီး အိုဆာကာရှိ Kansai လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့သည်” ဟု ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
FlightRadar24 ၏ အချက်အလက်များအရ လေယာဉ်သည် ပုံမှန် ပျံသန်း အမြင့် ၁၁,၇၀၀ မီတာ တွင် ရှိနေစဉ်မှ ၁၀ မိနစ်အတွင်း ၃,၀၀၀ မီတာအထိ အလျင်အမြန်ကျဆင်းခဲ့သည်။ အဆိုပါဖြစ်စဉ်မှ လေယာဉ်သည် ၂၀၁၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော Boeing 737-800 ဖြစ်သည်။
ယင်းဖြစ်စဉ်တွင် ဒဏ်ရာရသူမရှိသော်လည်း လေယာဉ်ရုတ်တရက် အမြင့်ကျဆင်းပြီး အောက်ဆီဂျင်မျက်နှာဖုံးများ ထွက်လာချိန်တွင် ခရီးသည်များ အလွန်အမင်းထိတ်လန့်ခဲ့ကြသည်ဟု ဆိုသည်။
ခရီးသည်တစ်ဦးက “ကျွန်တော့်ဝိညာဉ်ပျောက်သွားသလိုခံစားရပြီး ခြေထောက် တွေတုန်နေခဲ့တယ်။ သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါ အရာအားလုံး က အသေးအဖွဲပဲ” ဟု ပြန်လည်ပြောပြခဲ့သည်။
အချို့ခရီးသည်များသည် အလွန်ကြောက်ရွံ့ခဲ့ကြပြီး တစ်ဦးက “ငိုချင်လောက်အောင် လန့်သွားပြီး မိသားစုအတွက် အာမခံအချက်အလက်နှင့် ဘဏ် PIN ကုဒ်တွေကို မှတ်တမ်းရေးခဲ့တယ်” ဟု ဆိုသည်။
ဆင်းသက်ပြီးနောက် တစ်နာရီကျော်ကြာအောင် လေယာဉ်ပေါ်တွင် ထိုင်ခိုင်းခံရသည်ဟု ခရီးသည်များက ပြောဆိုခဲ့ပြီး လေကြောင်းလိုင်းက ခရီးသည်တစ်ဦးလျှင် ယန်း ၁၅,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀၄ ဒေါ်လာ)နှင့် တည်းခိုနေထိုင်ရေးအဆင်ပြေရန်အတွက် ပံ့ပိုးပေးရန် သဘောတူညီ ခဲ့သည်။
ဇူလိုင် ၁ ရက်တွင် Spring Airlines Japan က လေယာဉ်၏ နည်းစနစ်ပိုင်း အားနည်းချက်များ စစ်ဆေးရန် ရှန်ဟိုင်း-တိုကျို ခရီးစဉ်အချို့ကို ယာယီဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ JAL သည် ဖြစ်စဉ်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသော်လည်း နောက်ထပ်အချက်အလက်များ ထုတ်ပြန်ခြင်းမရှိသေးပေ။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မြောက်ကိုရီးယား၏ Wonsan Kalma resort သည် ပြည်တွင်း ခရီးသွားဧည့်သည်များအား စတင်လက်ခံလျက်ရှိပြီး ရုရှားဧည့်သည်များကိုလည်း လက်ခံရန် ပြင်ဆင်နေဟု သိရသည်။ မြောက်ကိုရီးယား၏ နိုင်ငံပိုင်သတင်းဌာန KCNA မှ ယမန်နေ့ (ဇူလိုင်၁) က ထုတ်ပြန်သည့် ဓာတ်ပုံများတွင် Luxury Resort ရှိ ကမ်းခြေတွင် ဧည့်သည်များ အပန်းဖြေနေပုံကို ပြသထားသည်။

KCNA က “နိုင်ငံအနှံ့မှ ပြည်သူများသည် အဆိုပါ Luxury Resort သို့ လာရောက်လည်ပတ်ခဲ့ကြပြီး အဆင့်မြင့် အဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို တွေ့ကြုံခံစားရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြပြီး အနုပညာဆန်ဆန် ဒီဇိုင်းထုတ်ထားသော အဆောက်အအုံ ၄၀၀ ကျော်နှင့် သဘာဝသဲဖြူကမ်းခြေတို့၏ သာယာလှပမှုအစုံလင်ကို မြင်တွေ့ရသည့် ခရီးသွားမြို့တော်၏ အလှတရားက ၎င်းတို့အား အံ့အား သင့်စေခဲ့သည်” ဟု ဖော်ပြထားသည်။
ရုရှားခရီးသွားအုပ်စုတစ်စုသည် ဇူလိုင် ၇ ရက်နေ့တွင် ထို Luxury Resort သို့ ရောက်ရှိလာမည်ဟု မျှော်လင့်ရကြောင်း တောင်ကိုရီးယား၏ ပြန်လည် သွေးစည်းရေးဝန်ကြီးဌာန (Unification Ministry) မှ ထုတ်ပြန်ခဲ့သည်။ ထိုဌာနသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး Wonsan Kalma resort သည် ရုရှားအပါအဝင် နိုင်ငံခြား ခရီးသွားများအား တဖြည်းဖြည်း လက်ခံလိမ့်မည်ဟု ဖော်ပြခဲ့သည်။
Luxury Resort ၏ ခမ်းနားသောဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၄ ရက်နေ့ တွင် ခေါင်းဆောင် ကင်ဂျုံအွန်၊ ဇနီး ရီဆိုးလ်ဂျူ နှင့် သမီး ကင်ဂျူအေးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ထို Resort တွင် ရေကူးခြင်း၊ အားကစားနှင့် ဖျော်ဖြေရေး အစီအစဉ်များ၊ စားသောက်ဆိုင်ဝန်ဆောင်မှုများ စီစဉ်ထား ရှိသည်။
ခေါင်းဆောင် ကင်ဂျုံအွန် က ခရီးသွား ၂၀,၀၀၀ ကျော် လက်ခံနိုင်သည့် အဆိုပါ Luxury Resort ကို မြောက်ကိုရီးယား၏ ယခုနှစ်အတွက် အကြီးမားဆုံးသော အောင်မြင်မှုတစ်ခု အဖြစ် သတ်မှတ်ခဲ့ပြီး အမြန်ဆုံး အချိန်အတွင်း နိုင်ငံတွင် အလားတူ ကြီးမားသော ခရီးသွားဧည့်သည် လက်ခံရေးနယ်မြေများ ထပ်မံတည်ဆောက်သွားမည်ဟု ပြောကြားခဲ့သည်။
“Wonsan Kalma ကမ်းခြေခရီးသွားဇုန်သည် မြောက်ကိုရီးယား၏ ခရီးသွားယဉ်ကျေးမှုအတွက် အခြေခံအုတ်မြစ်ချရာတွင် ဦးဆောင်နေရာမှ ပါဝင်သင့်သည်” ဟု ၎င်းက မှာကြားခဲ့ပြီး တာဝန်ရှိသူများအား ဧည့်သည်များအတွက် အကောင်းဆုံးဝန်ဆောင်မှုများနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပေးစွမ်းရန် တိုက်တွန်းခဲ့သည်။