သတင်းများ

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၂၄

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်နှင့် ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များက အွန်လိုင်းဖြင့်တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကိုအခြေခံပြီး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရန် လှုံ့ဆော်စည်းရုံးလှုပ်ရှားရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုအဆင့် အလိုက်လုပ်ရမည့်လုပ်ငန်းများတွင် ပြည်ထောင်စုအဆင့်က ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အာဏာပိုင်အဖွဲ့အစည်းများကဦးဆောင်ပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများက ပါဝင်ဖြည့်ဆည်းဆောင်ရွက်ရမည့်ကိစ္စများ၊ နိုင်ငံတကာအဖွဲ့အစည်း၊ ပြည်တွင်းလူမှုပရဟိတအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စများ ပါဝင်မည်ဖြစ်ကြောင်း။

နိုင်ငံတကာအသိုက်အဝန်းကလည်း စာနာထောက်ထားမှုများပြသပြီး ဝိုင်းဝန်းကူညီရန် စိတ်အားထက်သန်မှုများ ပြသလာနေကြပြီဖြစ်ကြောင်း၊ ယင်းအကူအညီများနှင့် အခြားပြည်တွင်း၊ ပြည်ပအကူအညီအထောက်အပံ့များပေါင်းစပ်ပြီး မိမိတို့လူမှုအသိုက်အဝန်း၏ ပေါင်းစည်းအင်အားဖြင့် သဘာဝဘေးအန္တရာယ်များကို ထိရောက်အောင်မြင်စွာ တုံ့ပြန်ကျော်လွှားနိုင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမြင့်စိုးက လုပ်ငန်းကော်မတီ၏ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက သဘာဝဘေးအန္တရာယ်အဆင့်အလိုက် ပြည်သူလူထုအင်အားကိုရယူသွားမည့် လုပ်ငန်းအစီအစဉ်များ၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရင်ဆိုင်ရေး ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး စီမံချက်များရေးဆွဲ၍ စုဖွဲ့ပြင်ဆင်ထားရှိမှု၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ထောက်ပံ့နိုင်ရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ သဘာဝဘေးသင့်ဒေသများသို့ အလှူငွေများ ဖြန့်ခွဲထောက်ပံ့ပေးနေမှု၊ လုပ်ငန်းတာဝန်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

MOI

ညစ်ညမ်းရေထဲမှ နိုက်ထရိတ်ကနေ အမိုးနီးယားကို ၆ စက္ကန့်တည်းနဲ့ ထုတ်လုပ်မယ်

နိုက်ထရိတ်ဆိုတာကို စွန့်ပစ်ရေဆိုးတွေထဲမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ အဲဒီ နိုက်ထရိတ်ဆိုတာတွေက အပင်တွေ ကြီးထွားရှင်သန်မှုအတွက် တကယ့်ကိုအရေးပါတဲ့ အရာဖြစ်ပေမယ့်လည်း ရေထဲမှာ ပမာဏအလွန်များပြားစွာ ပါဝင်နေရင်တော့ အဲဒီရေရဲ့အရည်အသွေးကလည်း ဆိုးဝါးစွာ ကျဆင်းသွားရပါတယ်။ ဒါဆိုရင် ရေထဲကနေ အဲဒီနိုက်ထရိတ်တွေကို ဘယ်လိုဖယ်ရှား ရင်ကောင်းမလဲဆိုတာကို သုတေသန ပညာရှင်များ ကလေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ယေးတက္ကသိုလ်မှသုတေသန ပညာရှင်များဟာ ရေဆိုးရေညစ်တွေထဲကနေ နိုက်ထရိတ်ကို ခွဲထုတ်ပြီး အမိုးနီးယားအဖြစ် ပြောင်းလဲပေးနိုင်မယ့်နည်း လမ်းတစ်ခုကို ဖော်ထုတ်လိုက်ပါတယ်။ အဲဒီနည်းလမ်းက တော်တော်လေးကို အကျိုးရှိတယ်လို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုရင် နိုက်ထရိတ်ကိုခွဲထုတ်လိုက်ခြင်းအားဖြင့် သန့်ရှင်းတဲ့ရေကိုလည်း ရရှိမယ်။ ဓာတ်မြေဩဇာနဲ့ ကာဗွန်ကင်းစင်တဲ့လောင်စာဆီကို ထုတ်လုပ်နိုင်စေမယ့် အဖိုးတန်လှသော အရင်းအမြစ် ကိုလည်း ရရှိမှာဖြစ်ပါတယ်။

နိုက်ထရိတ်ကိုခွဲထုတ်ပြီး ဓာတ်မြေဩဇာဖြစ်တဲ့ အမိုးနီးယားအဖြစ် ပြောင်းလဲဖို့ဆိုတာက တကယ့် ကိုထူးခြားလှတဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုမဟုတ်ဘူး လို့ဆိုနိုင်ပေမယ့်လည်း အဲဒီပြောင်းလဲမှုကိုပဲ  ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်စေဖို့ ဆိုတာကတော့ တကယ့်ကိုစိန်ခေါ်မှုကြီး တစ်ခုပါပဲ။ အဲဒီစိန်ခေါ်မှုတွေက မလိုလားအပ်တဲ့ ဘေးထွက် ပစ္စည်းအနည်းဆုံးနဲ့ အမိုးနီးယားကိုရရှိစေဖို့ နိုက်ထရိတ်ကိုဘယ်လို ခွဲထုတ်မလဲ ဆိုတာရယ်၊  အဲဒီနည်းလမ်းကို ဘယ်လိုမျိုးအမြန်ဆုံး လုပ်မလဲဆိုတာရယ်တို့ဖြစ်ပါတယ်။

ဒီအတွက် ယေးတက္ကသိုလ်မှ သုတေသနပညာရှင်များက အိုင်းယွန်းနိုဖိုးဆိုတဲ့ မော်လီကျူးတစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီမော်လီကျူးကဘယ် လိုအလုပ်လုပ်လဲဆိုရင် နိုက်ထရိတ်ကို အမိုးနီးယား အဖြစ်ပြောင်းလဲတဲ့ လုပ်ငန်းစဉ်မှာ ပေါ်ထွက်လာတဲ့ နိုက်ထရိုက်တွေကိုဆွဲယူမယ့် သံလိုက်တုံးလိုမျိုး လုပ်ဆောင်တာပါ။   ဒါကိုအသုံးပြုပြီး  ပြောင်းလဲမှု လုပ်ငန်းစဉ်ကို လုပ်ဆောင်လိုက်တဲ့အတွက် အမိုးနီးယားကို အသုံးပြုနိုင်လောက်တဲ့ ပမာဏအထိ ထွက်လာစေတာဖြစ်ပါတယ်။

နောက်တစ်ခုတီထွင်မှုက လျှပ်စစ်စက်ကွင်းပါရှိတဲ့ အလွှာပါးတစ်ခုဖြစ်ပါတယ်။ အဲဒီအလွှာပါးထဲမှာ ကြေးနဲ့ကာဗွန်နန်နိုအချောင်းလေးများပါဝင်ပါတယ်။ သူကပြောင်းလဲမှု လုပ်ငန်းစဉ်ကို အလွန်မြန်ဆန်စွာ လုပ်ဆောင်ပေး နိုင်စွမ်း ရှိတာကိုတွေ့ရပါတယ်။ ပုံမှန် အားဖြင့်ဆိုရင် နိုက်ထရိတ်ကနေ အမိုးနီးယားရရှိဖို့ ပြောင်းလဲတဲ့ လုပ်ငန်းစဉ်က နာရီနဲ့ချီပြီးကြာမြင့်လေ့ ရှိပါတယ်။ အခုတော့ အချိန် ၆ စက္ကန့်အတွင်းမှာပဲ လုပ်ငန်းစဉ်တစ်ခုလုံး   အပြီးသတ်သွားနိုင်တာကို တွေ့ရတာကြောင့်  ဒီနည်းလမ်းက  လက်တွေ့ပိုပြီး အလုပ်တွင်မှာ အမှန်ပါပဲ။

MWD Web Portal

နည်းပညာသတင်း

သမုဒ္ဒရာရေစီးကြောင်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးမယ့် ရေအောက်တာဘိုင်များ

ကျွန်တော်တို့လူသားတွေ အနေနဲ့လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို နည်းလမ်းအမျိုးမျိုးနဲ့ ထုတ်လုပ်လျက်ရှိပါတယ်။ သမားရိုးကျအားဖြင့်ဆိုရင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေး သို့မဟုတ် နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ အစရှိတာတွေကနေ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ရယူနေကြတာပါ။ အခုနောက်ပိုင်းမှာတော့ ပြည့်ဖြိုးမြဲစွမ်းအင်လို့ခေါ်တဲ့ သန့်ရှင်းစွမ်းအင်ကနေတစ်ဆင့်လျှပ်စစ်ကို ထုတ်လုပ်လာကြပါပြီ။

အဲဒီသန့်ရှင်းစွမ်းအင်တွေထဲမှာ နေရောင်ခြည်အသုံးပြုတာ၊ လေစွမ်းအင်ကို အသုံးပြုတာတွေပါဝင်ပါတယ်။ အခုနောက်ဆုံးပေါ် နည်းလမ်းတစ်ခုကတော့ သမုဒ္ဒရာရေစီးကြောင်းကနေမှ တစ်ဆင့်လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာပါ။ နေရောင်ခြည်တို့၊  လေတို့ဆိုတာ ကမ္ဘာကြီးပေါ်မှာအမြဲတမ်း တည်ရှိနေနိုင်မယ့်အရာတွေ ဖြစ်ပေမယ့်လည်း တစ်ခါတလေမှာဆိုရင် မိုးအုံ့ခြင်းကြောင့် နေမထွက်နိုင်သလို လေဆိုတာကလည်း ရံဖန်ရံခါ ငြိမ်သက်နေနိုင်ပါတယ်။ ဒါပေမဲ့ သမုဒ္ဒရာထဲမှာဖြစ်ပေါ်နေတဲ့ ရေစီးကြောင်းဆိုတာကတော့ ဘယ်သောအခါမှ ရပ်တန့်မှာမဟုတ်တဲ့ သဘာဝစွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။

ဒီလိုမျိုးသဘာဝစွမ်းအင် အရင်းအမြစ်ကို အကျိုးရှိစွာအသုံးချပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းလာတဲ့ ကုမ္ပဏီကတော့ နယ်သာလန်နိုင်ငံ မှ Equinox Ocean Turbines ဆိုတဲ့ ကုမ္ပဏီပဲဖြစ်ပါတယ်။ သူတို့ဖန်တီးမယ့်အရာက ဂျက်လေယာဉ်တစ်စင်းရဲ့ အရွယ်အစားရှိတဲ့ ရေအောက်တာဘိုင်တွေဖြစ်ပါတယ်။  အဲဒီတာဘိုင်တွေက  သမုဒ္ဒရာရေစီးကြောင်းရဲ့ အားနဲ့သာ လည်ပတ်ကြမှာပါ။

သူတို့ဖန်တီးမယ့်စနစ်ထဲမှာ မီတာ ၅၀ အရှည်ရှိတဲ့ ကွန်ကရစ်ဒလက်တစ်ခုပါဝင်ပါတယ်။ ဒလက်တစ်ခုစီမှာ အသေးစားတာဘိုင်များ ပါဝင်ပြီး သူတို့က ရေအောက်ထဲမှာသာ လုံးလုံးလျားလျား အလုပ်လုပ်မှာပါ။ သူ့ကြောင့် မြင်ကွင်းနှောင့်ယှက်မှုမရှိသလို ပတ်ဝန်းကျင်အပေါ်လည်း ထိခိုက်မှုရှိစေမှာမဟုတ်ပါဘူး။ အဲဒီတာဘိုင်တစ်ခုက တည်ငြိမ်တဲ့ရေစီးကြောင်း အောက်မှာဆိုရင် ၃ မဂ္ဂါဝပ်ပမာဏရှိတဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

Equinox Ocean Turbines ကုမ္ပဏီက သူတို့ရဲ့ ဖန်တီးမှုအတွက် ပထမဆုံးသောစီးပွားဖြစ်အသုံးပြုမှုကို ၂၀၂၇ ခုနှစ်မှာ လုပ်ဆောင်သွားမယ်လို့ဆိုထား ပါတယ်။ လက်ရှိမှာတော့ သူတို့အနေနဲ့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေကို ရရှိထားပါတယ်။ အဲဒီရင်းနှီး မြှုပ်နှံမှုတွေက Samenwerkingsverband Noord-Nederland (SNN) Valorisatie အစီအစဉ်၊ European Regional Development Fund (EFRO) တို့ မှဆင်းသက်လာတာပါ။ ဒါ့အပြင် အခုလိုမျိုးလူအသုံး ပြုမှုနည်းတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နည်းပညာကို ရရှိရေးအတွက် ဂရိုနင်ဂျန် တက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၂၃

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ မေတ္တာကန်နှင့် ဆွမ်းဦးပုညရှင်စေတီတော်တို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိက အဆောက်အအုံများအား အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အပြီးသတ်ဖယ်ရှားရှင်းလင်းမှု၊ စေတီတော်ရင်ပြင်တိုးချဲ့ရန် မြေသားခိုင်မာမှု စမ်းသပ်စစ်ဆေးခြင်းနှင့် စေတီတော်လုံးပတ် ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေမှု၊ စေတီတော်ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဘက်စုံပြန်လည်ပြုပြင်တည်ဆောက်နေမှု၊ စစ်ကိုင်းမြို့အတွင်းရှိ သကျဓီတာ သီလရှင်စာသင်တိုက်နှင့် တောလေးထပ်ကျောင်းတိုက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံ များကို အပြီးသတ်ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်း ဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်သည်။

ထို့နောက် စစ်ကိုင်းမြို့အတွင်းရှိ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျောင်းဆောင်များကို အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှု၊ စစ်ကိုင်းမြို့ အတွင်းရှိ ငလျင်ဒဏ်သင့် နေအိမ်အဆောက်အအုံများကို စက်ယန္တရားကြီး အသုံးပြု၍ အပြီးသတ် ဖယ်ရှားရှင်းလင်းနေမှုနှင့် မဟာစည်းခုံကြီးစေတီတော်ပရိဝုဏ်အတွင်း၌ ငလျင်ဘေးဒဏ်သင့်ပြည်သူများ နေထိုင်နိုင်ရန်အတွက် Modular House ဆောက်လုပ်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများ သည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီး၏ အဖြေလွှာများကို စနစ်တကျ သိမ်းဆည်းဆောင်ရွက်ထားရှိမှုနှင့် သက်ဆိုင်ရာစာစစ်ဌာနသို့ အချိန်မီပေးပို့နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်ရှိ အန္တရာယ်ရှိ အဆောက်အအုံအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းမှု၊ ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ ရှမ်းစုဆီးဘန်နီတိုက်အတွင်းရှိ အလယ်တိုက်ကြီးအုတ်ကျောင်းနှင့် ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်ရှိ မြင်းတန်းကျောင်းတိုက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီးများအား တပ်မတော်သားများကလည်းကောင်း၊ စက်ယန္တရားကြီးများကို အသုံးပြု၍လည်းကောင်း အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားပြီး လုပ်ငန်းဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Myanmar - Vietnam Construction Business Matching ကျင်းပ

ရန်ကုန် ဇွန် ၂၃

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နှင့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့တို့သည် Myanmar - Vietnam Construction Business Matching ကို ယနေ့နံနက် ၉ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်၌ပြုလုပ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက်မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ် H. E.Mr.Ly Quoc Tuan က အမှာစကားပြောကြားသည်။

ဆက်လက်၍ ဗီယက်နမ်သံအမတ်နှင့် အသင်းချုပ်ဥက္ကဋ္ဌတို့က အမှတ်တရ လက်ဆောင်ပစ္စည်းလဲလှယ်ပေးအပ်ကြသည်။

မြန်မာ - ဗီယက်နမ်စီးပွားရေးလုပ်ငန်း ရှင်များ တွေ့ဆုံပွဲတွင်ဗီယက်နမ်နိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းနှင့်သက်ဆိုင်သည့်ကုမ္ပဏီ ၂၂ ခုတို့မှစီးပွားရေးလုပ်ငန်းရှင်တို့က မိမိတို့၏ထုတ်ကုန်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ဇွန်လ ၁၇ ရက်က ဗီယက်နမ်သံရုံးအရာရှိ Mr. Nguyen Van Bay နှင့် အဖွဲ့ဝင်များ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်သို့ လာရောက်ပြီး အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ကြောင်းသိရသည်။
ဝန်းရံခ

MWD Daily Newspaper

ကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်တက်ယာဉ်များ နှစ်ဖွဲ့ခွဲထား

မိုးတွင်းကာလတွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို လာရောက်ဖူးမြှော်သူများအတွက် တောင်တက်ယာဉ်များကို အလှည့်ကျ နှစ်ဖွဲ့ခွဲ၍ပြေးဆွဲပေးနေကြောင်း သိရသည်။

မိုးတွင်းကာလသည် ကျိုက်ထီးရိုးဘုရားပွဲတော် ကာလမဟုတ်သော်လည်း လာရောက်ဖူးမြော်သူများရှိသည့်အတွက် ထိုကဲ့သို့ တောင်တက်ယာဉ်များလည်း ပြေးဆွဲပေးလျက်ရှိနေခြင်း ဖြစ်သည်။

“ကားအစီးရေ ၁၅၀ ကျော်မှာ ၇၀ လောက်နဲ့ နှစ်ဖွဲ့စီခွဲပြီး အလှည့်ကျ ပြေးဆွဲပေးနေပါတယ်” ဟု ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။

ထိုတောင်တက်ယာဉ်တစ်စီးလျှင် ခရီးသည်စုစုပေါင်း ၄၀ ကျော်တင်ဆောင်ခွင့်ပြုထားသော်လည်း မိုးတွင်းကာလတွင် ခရီးသည် ၁၀ ဦးလောက် ပြည့်ရန်ပင် အချိန်ကြာအောင်စောင့်ရခြင်းကြောင့် ဘုရားဖူးခရီးသည် အချို့ မှာ ယာဉ်စီးခငွေကို စုပေါင်းကျခံ၍ စင်းလုံးငှားပုံစံမျိုး စီးနင်းကြခြင်းများလည်းရှိကြသည်။

တောင်တက်ယာဉ်လိုင်းများမှာ ကင်မွန်းစခန်းမှ ရသေ့တောင်စခန်း၊ ရင်ပြင်တော်စခန်းဟူ၍ ခရီးစဉ်ဂိတ် နှစ်ခု သတ်မှတ်ပြေးဆွဲခြင်းမျိုးရှိသော်လည်း မိုးတွင်းကာလတွင် လာရောက်သည့်ဘုရားဖူးများမှာ ရင်ပြင်တော်ဂိတ်အထိ ခရီးစဉ်ပြေးဆွဲသောယာဉ်များကိုသာ စီးနင်းကြခြင်းကြောင့် တောင်တက်ယာဉ်အများစုမှာ ရင်ပြင်တော်ဂိတ်အထိ ပြေးဆွဲပေးကြခြင်းရှိကြောင်း သိရသည်။

Popular Myanmar

လာမည့် (၇၂) နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ မိုးရေချိန် ပိုများနိုင်ဟုဆို

မနက်ဖြန် ဇွန်(၂၄)ရက်မှ ဇွန်(၂၆) ရက်အထိ (၇၂)နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရေချိန်ပိုများနိုင်သည်ကို တိုင်းတာတွေ့ရှိရကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုသည်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း-အထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရန်ကုန်တိုင်း(တောင်ပိုင်း/အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း မြောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသတို့တွင် မိုးရေချိန်ရရှိမှုပိုများနိုင်ပြီး၊ ကျန်ပြည်နယ်နှင့် တိုင်းဒေသများတွင် မိုးရေချိန်လျော့နည်းရရှိနိုင်သည်ဟု ဆိုသည်။

လတ်တလော မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်နေသည့် အနောက်တောင်လေစီးကြောင်းနှင့် မုတ်သုံမိုးများကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း၌ မိုးအားပိုကောင်းလာနိုင်သည်ကြောင်း သိရသည်။

ထို့ပြင် ပစိဖိတ်သမုဒ္ဒရာအနောက် မြောက်ဘက်၊ ဖိလစ်ပိုင် နိုင်ငံအရှေ့ဘက်နှင့် ဂျပန်နိုင်ငံတောင်ဘက်ပင်လယ်၌ ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ်တွင် အစပျိုးလာသည့် လေပွေလှိုင်းတို့၏ သက်ရောက်မှုကြောင့်လည်းကောင်း အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် အနောက်လေစီးကြောင်းကို ပိုမိုအားကောင်းစေကာ အနောက်တောင်မုတ်သုံလေကိုလည်း ပိုမိုအားကောင်းလာစေမည်ဟု ဆိုသည်။

မိုး/ဇလ၏ ယနေ့အသိပေးထုတ်ပြန်ချက်တွင်လည်း မုတ်သုံလေအားကောင်းနေသဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်။

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကိုဆွေးနွေး

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီရုံးအကြီးအ ကဲ Ms. Vanessa May တို့ ဇွန် ၂၃ ရက်မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဥ် လူကယ်ပြန်ဝန်ကြီးဌာနနှင့် UNOCHA အဖွဲ့တို့ကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ နိုင်ငံတော်မှဆောင်ရွက်နေသည့် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများအတွက် တရုတ်နိုင်ငံက အသင့်တပ်ဆင်အသုံးပြုနိုင်သည့် ယာယီရုံးခန်း (Prefabricated Office)နှင့် ယာယီဝန်ထမ်းအိမ် ရာ(Prefabricated House)လှူဒါန်းထားရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များ(Prefabricated School) ဆောက်လုပ်ပြီးစီးမှု၊ UNOCHA ၏ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်တွင် သင်းတွဲစိုက်ပျိုးရေးရှေ့တန်းစခန်းတွင် နွေသီးနှံ မျိုးစုံ (၁၀၄၀၃) ဧက စိုက်ပျိုး

ကျောက်ဆည်၊ ဇွန်-၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရေရရှိရေးနည်းလမ်းများ အလိုက် ၂၀၂၄-၂၀၂၅ခုနှစ် နွေသီးနှံမျိုးစုံ(၅၂၅၃၄)ဧက စိုက်ပျိုးခဲ့ပြီး သင်းတွဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း တွင် (၁၀၄၀၃)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း၌ နွေသီးနှံမျိုးစုံစိုက်ပျိုးရာတွင် နွေးစပါးသီးနှံများကို သင်္ဂတုံ ကျေးရွာအုပ်စုတွင်(၆၁)ဧက၊ အရှေ့သာဂရကျေးရွာအုပ်စုတွင်(၉၃)ဧက၊ ကလေးကျေးရွာအုပ်စုတွင် (၂၈၃)ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင်(၅၈၇)ဧက၊  ပြည်တော်သာကျေးရွာအုပ်စုတွင်(၃၇၀)ဧက၊ ရှမ်းတောင်ဦး ကျေးရွာ အုပ်စုတွင် (၂၆၀)ဧက၊ ပုထိုးနီကျေးရွာအုပ်စုတွင်(၅၁၇)ဧက၊ ကုလားကျောင်းကျေးရွာအုပ်စုတွင် (၈၇၇) ဧက၊ ငှက္ကတောင်ကျေးရွာအုပ်စုတွင်(၄၄၅)ဧက၊ ထန်းဇင်တော်ကျေးရွာအုပ်စုတွင်(၁၄၅)ဧက၊ အရှေ့ငယ်တိုး ကျေးရွာ အုပ်စုတွင် (၆၂၆) ဧက၊ နွေနှမ်းသီးနှံများကို သင်္ဂတုံကျေးရွာအုပ်စုတွင်(၆၅၈)ဧက၊ အရှေ့သာဂရကျေးရွာ အုပ်စု တွင်(၃၀၂)ဧက၊ ကလေးကျေးရွာအုပ်စုတွင် (၄၉၉) ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင် (၁၄၁) ဧက၊ ပြည်တော်သာ ကျေးရွာအုပ်စုတွင်(၂၇၉)ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင်(၃၄၅)ဧက၊ပုထိုးနီကျေးရွာအုပ်စုတွင်(၁၂၅)ဧက၊ ကုလားကျောင်းကျေးရွာအုပ်စုတွင်(၂၁၇)ဧက၊ ငှက္ကတောင်ကျေးရွာအုပ်စုတွင်(၃၉၃)ဧက၊ ထန်းဇင်တော်ကျေးရွာ အုပ်စုတွင်(၁၄)ဧက၊ အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင်(၇၀၁)ဧက၊ ရွှေဒါးကျေးရွာအုပ်စုတွင်(၁၅၁)ဧက၊ ရဲဘော်ကြီး ကျေးရွာအုပ်စုတွင်(၂၃)ဧက မိုးကြိုပဲတီစိမ်းသီးနှံများကို  ပြည်တော်သာကျေးရွာအုပ်စုတွင်(၂၈၀)ဧက၊ ရှမ်းတောင်ဦး ကျေးရွာအုပ်စုတွင်(၃၇)ဧက၊ ပုထိုးနီကျေးရွာအုပ်စုတွင်(၈)ဧက၊ ကုလားကျောင်းကျေးရွာ အုပ်စုတွင်(၇၆)ဧက၊ ငှက္ကတောင်ကျေးရွာအုပ်စုတွင်(၉၆)ဧက၊ ထန်းဇင်တော်ကျေးရွာအုပ်စုတွင်(၅၅)ဧက၊ အရှေ့ငယ်တိုး ကျေးရွာ အုပ်စုတွင် (၆၅၉)ဧက၊ ရွှေဒါးကျေးရွာအုပ်စုတွင်(၄၂၂)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် (၆၅၈)ဧက စုစုပေါင်း သီးနှံစုံ (၁၀၄၀၃)ဧက  စိုက်ပျိုးထားရှိကြောင်း သိရသည်။

နွေသီးနှံများ မျှော်မှန်းအထွက်နှုန်းရရှိရေး  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်း၍ ဒေသနှင့်ကိုက်ညီသည့်မျိုးများ၊ စိုက်နည်းစနစ်များ စနစ်တကျကူညီပေးလျက်ရှိပြီး  မြို့နယ် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာ ပေးဝေလျက်ရှိကြောင်း သိရသည်။ 

ပေးပို့သူ- သက်မောင်၊(ကျောက်ဆည်)

Rocket Lab ကုမ္ပဏီက အမျိုးအမည်မသိ လျှို့ဝှက်ဂြိုဟ်တုတစ်စင်း လွှတ်တင်ရေးအစီအစဉ်ကို ရာသီဥတုအခြေအနေကြောင့် ဆိုင်းငံ့ထားရ

ဝါရှင်တန် ဇွန် ၂၃ 
အမေရိကန်နိုင်ငံ အခြေစိုက် Rocket Labi ကုမ္ပဏီသည် အမျိုးအမည်မသိ လျှို့ဝှက်ဂြိုဟ်တုတစ်စင်း လွှတ်တင်ရေးအစီအစဉ် ကို ရာသီဥတုအခြေအနေကြောင့် ဆိုင်းငံ့ထားရကြောင်း ဇွန် ၂၂ ရက် သတင်းများအရ သိရသည်။
Rocket Lab ကုမ္ပဏီသည် မူလက အဆိုပါဂြိုဟ်တုကို ဇွန် ၂၁ ရက်အီလက်ထရွန်ဒုံးပျံဖြင့် နယူး ဇီလန်နိုင်ငံမှတစ်ဆင့် လွှတ်တင်ရန်စီစဉ်ထားသည်။

သို့ရာတွင် ဂြိုဟ်တုလွှတ်တင်ရေးစခန်းရှိရာနယ်မြေ၌ လေတိုက်နှုန်းပြင်းထန်မှုကြောင့် လွှတ်တင်ရေးအစီအစဉ်ကို ဆိုင်းငံ့ထားကြောင်း Rocket Lab ကုမ္ပဏီ

က သတင်းထုတ်ပြန်ထားသည်။ အဆိုပါဂြိုဟ်တုကို လွှတ်တင်ရေးအတွက် ထပ်မံကြိုးပမ်းမည့်နေ့ကို Rocket Lab ကုမ္ပဏီက စကြေညာခြင်းမရှိသေးပေ။

အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါက အီလက်ထရွန်ဒုံးပျံသည် ၎င်းလျှို့ဝှက်ဂြိုဟ်တုကို ကမ္ဘာမြေပြင် အထက် ကီလိုမီတာ ၆၅၀ (၄၀၄ မိုင်)အကွာရှိ ပတ်လမ်းပေါ်သို့ ပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

အထက်ပါ လျှို့ဝှက်ဂြိုဟ်တု မစ်ရှင်သည် Rocket Lab ကုမ္ပဏီ ၏ ၂၀၂၅ ခုနှစ်အတွက် ကိုးကြိမ်မြောက်မစ်ရှင်ဖြစ်ပြီး အီလက်ထရွန်ဒုံးပျံများ၏ ၆၇ ကြိမ်မြောက် အာကာသမစ်ရှင် ဖြစ်ကြောင်း သိရသည်။

Ref: Russia Today

Trs:  KKO

YDNB Newspaper