သတင်းများ

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ဇွန် ၂၅

မိုးရာသီပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အခွန်အယူခံခုံအဖွဲ့ရုံး၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ ဒုတိယဝန်ကြီး ဦးထင်ကျော်သူ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာ အသီးသီးတွင် နှစ်ရှည်ပင်၊ သီးပင်စားပင်နှင့် ပျိုးပင် ပေါင်း ၂၀၀ တို့ကို စိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုပြီး ပါဝင်စိုက်ပျိုးခဲ့သူများအား အမှတ်တရလက်ဆောင်အဖြစ် Indoor Plant များကို ပေးအပ်သည်။

Source: Myanmar Digital News

28 Years Later ဇာတ်ကား ပထမသီတင်းပတ်ကုန် ဝင်ငွေကန်ဒေါ်လာ သန်း ၃၀ ထိ ရရှိခဲ့

နယူးယောက်  ဇွန် ၂၅

ဆိုနီရုပ်ရှင်ကုမ္ပဏီ၏ 28 Years Later ဇာတ်ကားကို စတင်ရုံတင်ပြီး ပထမသီတင်းပတ်ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၈ သန်းနင့် သန်း ၃၀ အကြား ရရှိခဲ့ကြောင်း ဇွန် ၂၄ ရက် သတင်းများအရ သိရသည်။

ဆိုနီရုပ်ရှင်ကုမ္ပဏီသည် 28 Years Later ဇာတ်ကားကို ဇွန် ၁၉ ရက်တွင် ပွဲကြိုပြသခဲ့ပြီး ဇွန် ၂၀ ရက်တွင် စတင်ရုံတင်ပြသခဲ့သည်။ 28 Years Later ဇာတ်ကားသည် ပွဲကြိုပြသမည့်နေ့မှာပင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ သန်းထိ ရရှိခဲ့သည်။

28 Years Later ဇာတ်ကားကို ဒါရိုက်တာ ဒန်နီဘွိုင်းက တာဝန်ယူ ရိုက်ကူးပေးထားကြောင်း သိရသည်။ ၎င်းဇာတ်ကားအတွက် ဝတ္တုဇာတ်ညွှန်းကို ဇာတ်ညွှန်းရေးဆရာအဲလက်စ်ဂါးလန်းက ရေးသားပေးထားသည်။ 28 Years Later ဇတ်ကားတွင် မင်းသား ရက်ဖ်ဖင်းနက်၊ အေရွန်တေလာဂျွန်ဆင်၊ မင်းသမီး ဂျိုဒီကမ်မာတို့ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

မက္ကဆီကိုသို့ ကားအသစ်များ သယ်ဆောင်လာသည့် ကုန်တင် သင်္ဘော တစ်စီး မီးလောင်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ မြောက်ပစိဖိတ် သမုဒ္ဒရာတွင် နစ်မြုပ်သွား

မက္ကဆီကိုသို့ ကားအသစ်များ ပို့ဆောင်နေသော ကုန်တင်သင်္ဘော တစ်စီးသည် သင်္ဘောပေါ်တွင် မီးလောင်မှုဖြစ်ပွားပြီး မီးငြှိမ်းသတ်၍မ ရသည့်အတွက် သင်္ဘောသားများ သင်္ဘောစွန့်ခွာထွက်ပြေးခဲ့ရကာ ရက် သတ္တပတ်အတန်ကြာပြီးနောက် မြောက်ပစိဖိတ်သမုဒ္ဒရာတွင် နစ်မြုပ် သွားခဲ့သည်။

အဆိုပါ "Morning Midas" သင်္ဘောသည် အလာစကာပြည်နယ်ရှိ အလူရှီယန်ကျွန်းစုများအနီး အပြည်ပြည်ဆိုင်ရာရေပိုင်နက်အတွင်းတနင်္လာနေ့ (ဇွန် ၂၃) က နစ်မြုပ်သွားခဲ့ကြောင်း လန်ဒန်အခြေစိုက် Zodiac Maritime သင်္ဘောစီမံခန့်ခွဲမှုကုမ္ပဏီက ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ 

အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့၏ အလာစကာအခြေစိုက် ပြောရေး ဆိုခွင့်ရှိသူ Petty Officer Cameron Snell က “လက်ရှိအချိန်တွင် မည်သည့်ပင်လယ်ပြင်ညစ်ညမ်းမှုမျှ မတွေ့ရသေးပါ” ဟုပြောကြားခဲ့ပြီး “ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန် ကယ်ဆယ်ရေးသင်္ဘောများလည်း နေရာတွင် အဆင်သင့်ရှိနေပါသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်အရ မီးလောင်ပျက်စီးမှုနှင့်အတူ ဆိုးရွားသော ရာသီဥတု နှင့် ရေစိမ့်ဝင်မှုတို့ကြောင့် ကုန်တင်သင်္ဘောသည် ကုန်းမြေမှ မိုင် ၄၁၅ (ကီလိုမီတာ ၇၇၀) အကွာ၊ ပေ ၁၆,၄၀၄ (မီတာ ၅,၀၀၀) အနက်ရှိ ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

သင်္ဘောပေါ်တွင် မက္ကဆီကိုရှိ ပစိဖိတ်သမုဒ္ဒရာဆိပ်ကမ်းကြီးတစ်ခုသို့ ပို့ဆောင်ရန်ရှိသည့် ကားအသစ် ၃,၀၀၀ ခန့် တင်ဆောင်ထားခဲ့သည်။ သင်္ဘောမနစ်မြုပ်မီ ကားများအား ဖယ်ရှားနိုင်ခဲ့ခြင်း ရှိ/မရှိကို ချက်ချင်း မသိရှိရသေးဘဲ Zodiac Maritime ကုမ္ပဏီကလည်း မေးမြန်းမှုများကို ချက်ချင်းဖြေကြားခြင်း မရှိခဲ့ပေ။

မီးလောင်မှုဖြစ်ပွားပြီး သင်္ဘော ရွေ့လျားမရဖြစ်သွားသည့်နောက် ရက် အနည်းငယ်အကြာတွင် ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာခဲ့သည်။

ကုမ္ပဏီ၏ထုတ်ပြန်ချက်အရ ညစ်ညမ်းမှုထိန်းချုပ်ရေး စက်ကိရိယာများ တပ်ဆင်ထားသော ကယ်ဆယ်ရေးသင်္ဘောနှစ်စီးသည် နစ်မြုပ်ရာနေရာ တွင် ညစ်ညမ်းမှုနှင့် အမှိုက်သရိုက်လက္ခဏာများအား စောင့်ကြည့်မည် ဖြစ်သည်။ "Morning Midas" နစ်မြုပ်စဉ်က သင်္ဘောသားများ ထိခိုက် ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

Zodiac Maritime ကုမ္ပဏီသည် အခြားညစ်ညမ်းမှု တုံ့ပြန်ရေး အထူး သင်္ဘောတစ်စီးကိုလည်း စိုးရိမ်ဖွယ်ရာ အခြေအနေများအတွက် နစ်မြုပ်ရာ နေရာသို့ စေလွှတ်မည်ဖြစ်သည်။

အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့အဆိုအရ Adak ကျွန်း၏ အနောက် တောင်ဘက် မိုင် ၃၀၀ (ကီလိုမီတာ ၄၉၀) ခန့်အကွာတွင် ဇွန် ၃ ရက်က "Morning Midas" သင်္ဘောပေါ်မီးလောင်မှုအချက်ပြမှုကို လက်ခံ ရရှိ ခဲ့သည်။ သင်္ဘောပေါ်ရှိ လူအားလုံး (၂၂ ဦး) သည် ကယ်ဆယ်ရေးလှေဖြင့် ဘေးကင်းစွာထွက်ပြေးနိုင်ခဲ့ပြီး အနီးရှိကုန်သင်္ဘောတစ်စီးက ကယ်တင် ခဲ့သည်။

နစ်မြုပ်သွားသောကားများတွင် လျှပ်စစ်ကား ၇၀ စီးနှင့် ဟိုက်ဘရစ်ကား ၆၈၀ စီးပါဝင်ပြီး၊ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် Zodiac Maritime တို့က မီးလောင်မှုစတင်ချိန်တွင် လျှပ်စစ်ကားများတင်ထားသောနေရာမှ မီးခိုးများ ထပ်စွာထွက်ပေါ်နေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

အလျား ၆၀၀ ပေ (၁၈၃ မီတာ) ရှိ " Morning Midas" သင်္ဘောကို ၂၀၀၆ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး လိုက်ဘေးရီးယားအလံ လွှင့်ထူထားခဲ့သည်။ marinetraffic.com ဝက်ဘ်ဆိုဒ်အရ ကားများသယ်ယူသည့် အဆိုပါသင်္ဘောသည် မေလ ၂၆ ရက်က တရုတ်နိုင်ငံ Yantai ဆိပ်ကမ်းမှ မက္ကဆီကို သို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အင်ဒိုနီးရှားနိုင်ငံတွင် ပူပြင်းခြောက်သွေ့သည့်ကာလ တိုတောင်းနိုင်ကြောင်း အင်ဒိုနီးရှားမိုးလေဝသအေဂျင်စီ ထုတ်ပြန်

ဂျကာတာ ဇွန် ၂၄

အင်ဒိုနီးရှားနိုင်ငံတွင် နွေရာသီကာလအတွင်း ပူပြင်းခြောက်သွေ့သည့် ကာလရှည်ကြာလေ့ရှိသော်လည်း ယခုနှစ်အတွင်း ပူပြင်းခြောက်သွေ့သည့် ရာသီဥတုသည် ကာလတိုတောင်းနိုင်ကြောင်း အင်ဒိုနီးရှားမိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ယခုနှစ် နွေရာသီကာလသည် ပုံမှန်အတိုင်းပင် ပူပြင်းခြောက်သွေ့မည်ဖြစ်ကြောင်း အင်ဒိုနီးရှားမိုးလေ၀သ နှင့် ဘူမိရူပအေဂျင်စီက ယခုနှစ် အစောပိုင်းတွင် ကြိုတင်ခန့်မှန်းချက် ထုတ်ပြန်ထားကြောင်း၊ ပုံမှန်အားဖြင့် နွေရာသီကာလသည် ဧပြီလတွင် စတင်ခဲ့ခြင်းဖြစ်သော် လည်း ယခုနှစ်တွင် ဧပြီလ၌ပင် ပူပြင်းခြောက်သွေ့မှုနှုန်း မြင့်မားလာခြင်းမရှိသည့်အတွက် ယခင် နှစ်များကထက် ပူပြင်းခြောက် သွေ့မှုကာလ တိုတောင်းမည်ဖြစ်ကြောင်း၊ ပူပြင်းခြောက်သွေ့သည့် ကာလ တိုတောင်းနိုင်သဖြင့် စပါးစိုက်ပျိုးသူများအတွက် အခွင့်အလမ်းကောင်းများရရှိနိုင်ပြီး စပါးအထွက်နှုန်းမှာလည်း ယခင်နှစ်များကထက် မြင့်တက်လာနိုင်သည့် အခြေအနေကောင်းတစ်ရပ် ဖြစ်လာနိုင်ပြီး စပါးအထွက်နှုန်းမှာ ပုံမှန်ပမာဏဖြစ်သည့် တန်ချိန် ၁၄ ဒသမ ၉၃ သန်း ၂၁ ဒသမ ဒသမ ၇၆ သန်းထိ မြင့်တက်လာနိုင်သည်ဟု အင်ဒိုနီးရှား မိုးလေဝသအေဂျင်စီ က ခန့်မှန်းထားကြောင်း သိရသည်။

"ဒီနှစ်အစောပိုင်းက ကြိုတင် ခန့်မှန်းချက်တွေအရ ၂၀၂၅ ခုနှစ် မှာ ပူပြင်းခြောက်သွေ့မှုနှုန်းဟာ ပုံမှန်ထက် မြင့်တက်လာနိုင်တယ် လို့ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန်ဧပြီလမှာ ပူပြင်း ခြောက်သွေ့မှုနှုန်း မြင့်တက်နေပေမဲ့ ဒီနှစ်မှာတော့ ပူပြင်းခြောက် သွေ့တဲ့ရာသီဥတု ဖြစ်မလာသေးဘူး။ ဒါကြောင့် ပုံမှန်နှစ်ထက် ပူပြင်းခြောက်သွေ့တဲ့ ကာလတိုသွားနိုင်တယ်”ဟု အင်ဒိုနီးရှား မိုးလေဝသအေဂျင်စီမှ ပြောရေး ဆိုခွင့်ရှိသူ ကာနာဝါကီက ပြော ကြားခဲ့သည်။

Ref: Russia Today

Trs: Sai Sat

YDNB Newspaper

Photo - Reuters

drought

မက္ကဆီကိုစီးတီး ဇွန် ၂၄

မက္ကဆီကိုနိုင်ငံတွင် ဇွန်လ အတွင်း မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ရင်ဆိုင်နေ ရသည့် မိုးခေါင်မှုပြဿနာမှာ ၁၃ ရာခိုင်နှုန်းထိ ကျဆင်းလာ ကြောင်း အမျိုးသားရေထု ကော်မရှင်(NWC)က ထုတ်ပြန်ခဲ့ သည်ဟု ယနေ့သတင်းများတွင်

ဖော်ပြထားသည်။

မက္ကဆီကိုနိုင်ငံတွင် မေ ၁၅ ရက်မှစ၍ မိုးရာသီစတင်ခဲ့ခြင်းဖြစ် ပြီး ဇွန်လအတွင်း မိုးရေချိန်အမြင့် ဆုံးရွာသွန်းကာရေကြီးရေလျှံမှုပင် ဖြစ်ပေါ်ခဲ့ကြောင်း၊ ဇွန်လအတွင်း မိုးရွာသွန်းမှုမြင့်မားခဲ့ခြင်းကြောင့် မိုးခေါင်မှုဖြစ်ပေါ်နေသည့် ၆၇ ဒသမ ၈ ရာခိုင်နှုန်းထိရှိရာမှသည်

၅၄ ဒသမ ၄ ရာခိုင်နှုန်းထိလျော့ကျ သွားခဲ့ကြောင်း၊ မက္ကဆီကိုနိုင်ငံ တွင် မိုးခေါင်မှုမှာအရေးပေါ်အခြေ အနေထိရောက်ရှိနေရာမှ ဇွန်လ အတွင်း မိုးရွာသွန်းမှုကြောင့် အရေးပေါ်အခြေအနေကို ပြန် လည် ရုပ်သိမ်းရနိုင်ကြောင်း အမျိုးသားကော်မရှင်(NWC) က ထုတ်ပြန်ခဲ့သည်။

"မက္ကဆီကိုနိုင်ငံမှာ မေ ၁၅ ရက်ကစတင်ပြီးတော့ မိုးရွာသွန်းမှုဖြစ်ပေါ်ခဲ့ပါတယ်။ မိုးခေါင်တဲ့ အခြေအနေမှာ အခုလို မိုးရွာသွန်း လာတာက ကောင်းမွန်တဲ့ ပြောင်းလဲမှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မိုးခေါင်တဲ့ပြဿနာကို သိသိသာသာလျော့ကျလာတာမရှိပါဘူး။ ဇွန်လမှာတော့ မုန်တိုင်း တွေ ဝင်ရောက်လာပြီး မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုတွေ့ဖြစ်ပေါ်ခဲ့ပြီး မိုးခေါင်မှု ပြဿနာကသိသိသာသာလျော့ကျ လာခဲ့ပါတယ်။ ရင်ဆိုင်နေရတဲ့ မိုးခေါင်မှုက ၆၇ ဒသမ ၈ ရာခိုင် နှုန်းထိရှိရာကနေ ၅၄ ဒသမ ၄ ရာခိုင်နှုန်းထိ လျော့ကျလာခဲ့ပါ တယ်။ စုစုပေါင်းလျော့ကျလာတဲ့ ပမာဏက ၁၃ ရာခိုင်နှုန်းကျော် ရှိပါတယ်”ဟု အမျိုးသားရေထု ကော်မရှင်(NWC)မှ သုတေသီ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၂၄

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်နှင့် ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များက အွန်လိုင်းဖြင့်တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကိုအခြေခံပြီး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရန် လှုံ့ဆော်စည်းရုံးလှုပ်ရှားရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုအဆင့် အလိုက်လုပ်ရမည့်လုပ်ငန်းများတွင် ပြည်ထောင်စုအဆင့်က ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အာဏာပိုင်အဖွဲ့အစည်းများကဦးဆောင်ပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများက ပါဝင်ဖြည့်ဆည်းဆောင်ရွက်ရမည့်ကိစ္စများ၊ နိုင်ငံတကာအဖွဲ့အစည်း၊ ပြည်တွင်းလူမှုပရဟိတအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စများ ပါဝင်မည်ဖြစ်ကြောင်း။

နိုင်ငံတကာအသိုက်အဝန်းကလည်း စာနာထောက်ထားမှုများပြသပြီး ဝိုင်းဝန်းကူညီရန် စိတ်အားထက်သန်မှုများ ပြသလာနေကြပြီဖြစ်ကြောင်း၊ ယင်းအကူအညီများနှင့် အခြားပြည်တွင်း၊ ပြည်ပအကူအညီအထောက်အပံ့များပေါင်းစပ်ပြီး မိမိတို့လူမှုအသိုက်အဝန်း၏ ပေါင်းစည်းအင်အားဖြင့် သဘာဝဘေးအန္တရာယ်များကို ထိရောက်အောင်မြင်စွာ တုံ့ပြန်ကျော်လွှားနိုင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမြင့်စိုးက လုပ်ငန်းကော်မတီ၏ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက သဘာဝဘေးအန္တရာယ်အဆင့်အလိုက် ပြည်သူလူထုအင်အားကိုရယူသွားမည့် လုပ်ငန်းအစီအစဉ်များ၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရင်ဆိုင်ရေး ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး စီမံချက်များရေးဆွဲ၍ စုဖွဲ့ပြင်ဆင်ထားရှိမှု၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ထောက်ပံ့နိုင်ရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ သဘာဝဘေးသင့်ဒေသများသို့ အလှူငွေများ ဖြန့်ခွဲထောက်ပံ့ပေးနေမှု၊ လုပ်ငန်းတာဝန်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

MOI

တရုတ်က နေရောင်ခြည်စွမ်းအင်ကို အများဆုံး အသုံးပြုနိုင်သူအဖြစ် စံချိန်အသစ်တင်

အစိမ်းရောင်စွမ်းအင်ကို ပိုမိုအသုံးပြုလာသော တရုတ်နိုင်ငံသည် ယခုအခါ နေရောင်ခြည်စွမ်းအင်ကို အများဆုံးအသုံးပြုသည့်နိုင်ငံအဖြစ် စံချိန်အသစ်ထပ်တင်လိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

မေလအတွင်း တရုတ်နိုင်ငံက ဆိုလာပြားများ တပ်ဆင်ပြီး ရယူအသုံးပြုသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပမာဏသည် ၉၃ ဂစ်ဂါဝပ်အထိရှိရာ ထိုပမာဏသည် ပြီးခဲ့သည့်တစ်နှစ်တာကာလအတွင်း အခြားနိုင်ငံများတပ်ဆင်အသုံးပြုသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပမာဏထက် များပြားကြောင်း တရုတ်နိုင်ငံ အမျိုးသားစွမ်းအင် အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် ယင်းပမာဏသည် တရုတ်နိုင်ငံကပြီးခဲ့သည့်နှစ် အလားတူကာလအတွင်း ရယူအသုံးပြုခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပမာဏထက် ၄ ဆပိုများကြောင်းနှင့် လစဉ်ဆိုလာပြား များတပ်ဆင် ထုတ်လုပ် သုံးစွဲလျက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပမာဏတွင် အများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။

ယခုနှစ်၏ ငါးလတာကာလအတွင်း တရုတ်နိုင်ငံက ထုတ်လုပ်အသုံးပြုလျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပမာဏသည် ၁၉၈ ဂစ်ဂါဝပ် အထိရောက်ရှိလာသောကြောင့် တစ်ရက်လျှင် ထုတ်လုပ်အသုံးပြုနေသည့် လျှပ်စစ်ဓာတ်အားပမာဏ ၁ ဂစ်ဂါဝပ်အထိရှိသည် ဟုဆိုနိုင်သည်။

တရုတ်နိုင်ငံအတွင်းရှိ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကုမ္ပဏီများသည် အစိုးရကနောက်ထပ်ချမှတ်လာနိုင်သော ပြည့်ဖြိုးမြဲစွမ်းအင် ဈေးနှုန်းများ ကျဆင်းစေမည့် မူဝါဒပြောင်းလဲမှုများ မတိုင်မီ ယခုကဲ့သို့ဆိုလာပြားများ တပ်ဆင်မှုကို အလျင်စလို လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

MWD Web Portal

ပလတ်စတစ်အမှိုက်မှသည် ပါရာစီတမောဆီသို့

ပါရာစီတမောဆိုတာ သာမန်နာကျင်ကိုက်ခဲမှုတွေ အတွက်တော့ အဖိုးနှုန်းချိုချိုနဲ့ အစွမ်းထက်တဲ့ဆေးတစ်လက်ပါ။ သူ့ကိုထုတ်လုပ်ထားတာက ဗက်တီးရီးယားပိုးတစ်မျိုးကို အသုံးပြုပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီအတွက် ရေနံစိမ်းလိုမျိုး ရုပ်ကြွင်းလောင်စာများကနေ ထုတ်လုပ်ထားတာပါ။ ဒီလိုထုတ်လုပ်တဲ့အတွက် စွမ်းအင်အသုံးပြုရမှုပမာဏလည်း များပြားပြီး ကာဗွန်ဓာတ်ငွေ့ကလည်း အလွန်အကျွံထွက်ရှိပါတယ်။

ပါရာစီတမောအပြင် အခြားသော ဆေးဝါးများကို ထုတ်လုပ်နေတဲ့ စက်ရုံများ လည်ပတ်နိုင်ဖို့အတွက်  နှစ်စဉ်ရုပ်ကြွင်းလောင်စာ တန်ချိန်ထောင်ပေါင်းများစွာကို မီးရှို့နေရတာပါ။ တစ်နည်းပြောရရင် ပါရာစီတမောက အကိုက်အခဲ၊ ဖျားနာပျောက်ဆေးအဖြစ် အစွမ်းထက်ပေမယ့် တစ်ဖက်မှာလည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုတွေ ဖြစ်ပေါ်စေတာကို တွေ့ရပါတယ်။

ဒီအခြေအနေကို ပြောင်းလဲသွားစေနိုင်ဖို့အတွက် အီဒင်ဘာ့တက္ကသိုလ်ရဲ့‌ ဝေါလေ့ဓာတ်ခွဲခန်းက အဖိုး နှုန်းချိုသာသလို အစွမ်းထက်လှတဲ့ ပါရာစီတမောကိုထုတ်လုပ်နိုင်မယ့်အပြင် တစ်ဖက်မှာလည်း ကာဗွန် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လုံးဝကင်းစင်စေနိုင်မယ့် နည်းလမ်းတစ်ခုကို ဖော်ထုတ်တွေ့ရှိလိုက်ပါတယ်။ သူတို့ရဲ့နည်းလမ်းကို အရှင်းလင်းဆုံးဖော်ပြရရင် ပတ်ဝန်းကျင်မှာ မြင်တွေ့နေကျ ပလတ်စတစ်အမှိုက်များကို  ပါရာစီတမောအဖြစ် ပြောင်းလဲစေနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။

သူတို့ရဲ့နည်းလမ်းကို အနှစ်ချုပ်ပြီး ပြောရမယ်ဆို ရင်တော့ မျိုးရိုးဗီဇ ပြန်လည်ပြုပြင်ထားတဲ့ E. coli ဆိုတဲ့ ဘေးဥပဒ်မဖြစ်စေသော ဗက်တီးရီးယားပိုး တစ်မျိုးကို အသုံးပြုပြီး ပလတ်စတစ်ဘူးများမှာ တွေ့ရလေ့ရှိတဲ့ တယ်ရပ်သားလစ် အက်စစ်ဓာတ်ပေါင်းကို ပါရာစီတမောအဖြစ် ပြောင်းလဲပေးတာဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်ကို အခန်းတွင်း အပူချိန်မှာတင် လုပ်ဆောင်နိုင်ပြီး ကာဗွန်ဓာတ်ငွေ့ထွက်ရှိမှုလည်းကင်းစင်ပါတယ်။

သုတေသနပညာရှင်များအသုံးပြုထားတဲ့ အဓိက နည်းလမ်းက ဘီယာချက်လုပ်မှုနဲ့ အလားသဏ္ဌာန်တူတဲ့ အချဉ်ဖောက်ခြင်း နည်းစနစ်ကိုအသုံးပြုပြီး ပိုလီ အီသိုင်လင်းတယ် ရပ်သားလိတ်ဆိုတဲ့ ပလတ်စတစ် အမှိုက်တွေကို ၂၄ နာရီအတွင်း ပါရာစီတမောအဖြစ် ပြောင်းလဲပေးတာပါ။ ဓာတ်ခွဲခန်းရဲ့စမ်းသပ်မှုအရ ထွက်ရှိလာတဲ့ ဓာတုပစ္စည်း ၉၀ ရာခိုင်နှုန်းက ပါရာစီတမောများသာ ဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်က အောင်မြင်မှု ရှိတယ်ဆိုတာကို အတိအကျဖော်ပြနေ ပါတယ်။    နှစ်စဉ်တန်ချိန်သန်း ၃၅၀ ကျော်အထိထွက်ရှိနေတဲ့ ပလတ်စတစ်အမှိုက်များကို  ဒီနည်းနဲ့ အသုံးဝင်အောင် လုပ်နိုင်မှာဖြစ်ပါတယ်။

MWD Web Portal

နည်းပညာသတင်း
 
ညစ်ညမ်းရေထဲမှ နိုက်ထရိတ်ကနေ အမိုးနီးယားကို ၆ စက္ကန့်တည်းနဲ့ ထုတ်လုပ်မယ်

နိုက်ထရိတ်ဆိုတာကို စွန့်ပစ်ရေဆိုးတွေထဲမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ အဲဒီ နိုက်ထရိတ်ဆိုတာတွေက အပင်တွေ ကြီးထွားရှင်သန်မှုအတွက် တကယ့်ကိုအရေးပါတဲ့ အရာဖြစ်ပေမယ့်လည်း ရေထဲမှာ ပမာဏအလွန်များပြားစွာ ပါဝင်နေရင်တော့ အဲဒီရေရဲ့အရည်အသွေးကလည်း ဆိုးဝါးစွာ ကျဆင်းသွားရပါတယ်။ ဒါဆိုရင် ရေထဲကနေ အဲဒီနိုက်ထရိတ်တွေကို ဘယ်လိုဖယ်ရှား ရင်ကောင်းမလဲဆိုတာကို သုတေသန ပညာရှင်များ ကလေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ယေးတက္ကသိုလ်မှသုတေသန ပညာရှင်များဟာ ရေဆိုးရေညစ်တွေထဲကနေ နိုက်ထရိတ်ကို ခွဲထုတ်ပြီး အမိုးနီးယားအဖြစ် ပြောင်းလဲပေးနိုင်မယ့်နည်း လမ်းတစ်ခုကို ဖော်ထုတ်လိုက်ပါတယ်။ အဲဒီနည်းလမ်းက တော်တော်လေးကို အကျိုးရှိတယ်လို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုရင် နိုက်ထရိတ်ကိုခွဲထုတ်လိုက်ခြင်းအားဖြင့် သန့်ရှင်းတဲ့ရေကိုလည်း ရရှိမယ်။ ဓာတ်မြေဩဇာနဲ့ ကာဗွန်ကင်းစင်တဲ့လောင်စာဆီကို ထုတ်လုပ်နိုင်စေမယ့် အဖိုးတန်လှသော အရင်းအမြစ် ကိုလည်း ရရှိမှာဖြစ်ပါတယ်။

နိုက်ထရိတ်ကိုခွဲထုတ်ပြီး ဓာတ်မြေဩဇာဖြစ်တဲ့ အမိုးနီးယားအဖြစ် ပြောင်းလဲဖို့ဆိုတာက တကယ့် ကိုထူးခြားလှတဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုမဟုတ်ဘူး လို့ဆိုနိုင်ပေမယ့်လည်း အဲဒီပြောင်းလဲမှုကိုပဲ  ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်စေဖို့ ဆိုတာကတော့ တကယ့်ကိုစိန်ခေါ်မှုကြီး တစ်ခုပါပဲ။ အဲဒီစိန်ခေါ်မှုတွေက မလိုလားအပ်တဲ့ ဘေးထွက် ပစ္စည်းအနည်းဆုံးနဲ့ အမိုးနီးယားကိုရရှိစေဖို့ နိုက်ထရိတ်ကိုဘယ်လို ခွဲထုတ်မလဲ ဆိုတာရယ်၊  အဲဒီနည်းလမ်းကို ဘယ်လိုမျိုးအမြန်ဆုံး လုပ်မလဲဆိုတာရယ်တို့ဖြစ်ပါတယ်။

ဒီအတွက် ယေးတက္ကသိုလ်မှ သုတေသနပညာရှင်များက အိုင်းယွန်းနိုဖိုးဆိုတဲ့ မော်လီကျူးတစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီမော်လီကျူးကဘယ် လိုအလုပ်လုပ်လဲဆိုရင် နိုက်ထရိတ်ကို အမိုးနီးယား အဖြစ်ပြောင်းလဲတဲ့ လုပ်ငန်းစဉ်မှာ ပေါ်ထွက်လာတဲ့ နိုက်ထရိုက်တွေကိုဆွဲယူမယ့် သံလိုက်တုံးလိုမျိုး လုပ်ဆောင်တာပါ။   ဒါကိုအသုံးပြုပြီး  ပြောင်းလဲမှု လုပ်ငန်းစဉ်ကို လုပ်ဆောင်လိုက်တဲ့အတွက် အမိုးနီးယားကို အသုံးပြုနိုင်လောက်တဲ့ ပမာဏအထိ ထွက်လာစေတာဖြစ်ပါတယ်။

နောက်တစ်ခုတီထွင်မှုက လျှပ်စစ်စက်ကွင်းပါရှိတဲ့ အလွှာပါးတစ်ခုဖြစ်ပါတယ်။ အဲဒီအလွှာပါးထဲမှာ ကြေးနဲ့ကာဗွန်နန်နိုအချောင်းလေးများပါဝင်ပါတယ်။ သူကပြောင်းလဲမှု လုပ်ငန်းစဉ်ကို အလွန်မြန်ဆန်စွာ လုပ်ဆောင်ပေး နိုင်စွမ်း ရှိတာကိုတွေ့ရပါတယ်။ ပုံမှန် အားဖြင့်ဆိုရင် နိုက်ထရိတ်ကနေ အမိုးနီးယားရရှိဖို့ ပြောင်းလဲတဲ့ လုပ်ငန်းစဉ်က နာရီနဲ့ချီပြီးကြာမြင့်လေ့ ရှိပါတယ်။ အခုတော့ အချိန် ၆ စက္ကန့်အတွင်းမှာပဲ လုပ်ငန်းစဉ်တစ်ခုလုံး   အပြီးသတ်သွားနိုင်တာကို တွေ့ရတာကြောင့်  ဒီနည်းလမ်းက  လက်တွေ့ပိုပြီး အလုပ်တွင်မှာ အမှန်ပါပဲ။

ပရောဂျက်ကွီပါ အင်တာနက်ဝန်ဆောင်မှုဂြိုဟ်တုကွန်ရက်အတွက် ဂြိုဟ်တု ၂၇ စင်းကို United Launch Alliance ကုမ္ပဏီက အက်တလပ်စ်- ၅ ဒုံးပျံဖြင့် လွှတ်တင်

ဝါရှင်တန် ဇွန် ၂၄ 
Amazon ကုမ္ပဏီ၏ ပရောဂျက်ကွီပါ အင်တာနက်ဝန်ဆောင် မူဂြိုဟ်တုကွန်ရက်အတွက် ဂြိုဟ်တု ၂၇ စင်းကို United Launch Alliance (ULA) ၏ အက်တလပ်စ်-၅ ဒုံးပျံဖြင့် ဖလော်ရီဒါပြည်နယ် ကိပ်ကာနေဗာရယ်လ် အာကာသ စခန်းမှတစ်ဆင့် ဇွန် ၂၃ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။ 
Amazon ကုမ္ပဏီသည် မူလ က အဆိုပါဂြိုဟ်တု ၂၇ စင်းကို ဇွန် ၁၆ ရက်တွင် လွှတ်တင်ရန်စီစဉ် ခဲ့သော်လည်း အက်တလပ်စ်ဒုံးပျံယာဉ် ဒုံးအင်ဂျင်ပြဿနာတစ်ရပ်ကြောင့် ဇွန် ၂၃ ရက်မှပင် လွှတ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းဂြိုဟ်တုများသည် ပရော ဂျက်ကွီပါ ဂြိုဟ်တုကွန်ရက် အတွက် United Launch Alliance ကုမ္ပဏီက လွှတ်တင်ပေးခဲ့သော ဒုတိယအသုတ်ဂြိုဟ်တု များဖြစ်ကြသည်။

ပရောဂျက်ကွီပါ ဂြိုဟ်တု ကွန်ရက်အတွက် ပထမအသုတ် ဂြိုဟ်တု ၂၇ စင်းကို ယခုနှစ် ဧပြီ၂၈ ရက်တွင်United Launch Alliance ကုမ္ပဏီက လွှတ်တင်ပေးခဲ့ပြီးဖြစ်သည်။

Amazon ကုမ္ပဏီသည် ပရောဂျက်ကွီပါ အင်တာနက်ဝန်ဆောင်မှု ဂြိုဟ်တုကွန်ရက်ကို ဂြိုဟ်တု အစင်းပေါင်း ၃၂၀၀ ဖြင့် ဖွဲ့စည်း တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။

Amazon ၏ ပရောဂျက်ကွီပါ ဂြိုဟ်တုကွန်ရက် တည်ဆောက်ရေးမစ်ရှင်များအနက် အများစုကို United Launch Alliance ကုမ္ပဏီ က တာဝန်ယူ လွှတ်တင်ပေးမည် ဖြစ်ကြောင်း သိရသည်။

Ref: Sputnik News

Trs: KKO