ခရီးသွားများအား ဆွဲဆောင်ရာနေရာတစ်နေရာဖြစ်သည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ "ချန်ဒူးနှင်းကျေးရွာ" (Chengdu Snow Village) သည် ဆောင်းရာသီ အပန်းဖြေကမ္ဘာ စီမံကိန်းကို ဖန်တီးရာတွင် နှင်းအစား ဝါဂွမ်းစနှင့် ရေမြှုပ်များကို အသုံးပြုထားခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

တရုတ်ရိုးရာနှစ်သစ်ကူးကာလအတွင်း ခရီးသွားများကို ဆွဲဆောင်ရန် ချန်ဒူးနှင်းကျေးရွာ (Chengdu Snow Village) စီမံကိန်းကို တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စီမံကိန်း ကြော်ငြာဓာတ်ပုံများတွင် သစ်သားတဲအိမ်ခေါင်မိုး မျက်နှာကြက်များအပေါ် နှင်းများ ထူထပ်စွာ ဖုံးလွှမ်းထားသည့်ပုံများကို ပြသခဲ့သည်။ ခရီးသွားများကလည်း အဆိုပါဓာတ်ပုံများကိုကြည့်၍ နှင်းဖြူဖြူ ဖုံးလွှမ်းနေသည့် ဆောင်းရာသီအလှကို မျှော်လင့်ခဲ့ကြသည်။
ဆောင်းရာသီအပန်းဖြေကမ္ဘာစီမံကိန်းကို နှင်းအစား ဝါဂွမ်းစနှင့် ရေမြှုပ်များသုံး၍ ဖန်တီးထားသည်ကို လာရောက်လည်ပတ်သူများက တွေ့ရှိပြီးနောက် အလွန်ဒေါသထွက်ခဲ့ကြပြီး ထိုအခြေအနေကို မကျေနပ်သည့် ဧည့်သည်များက အွန်လိုင်းတွင် ဓာတ်ပုံများတင်၍ ဝေဖန်ခဲ့ကြပါသည်။
အဆိုပါအဖြစ်အပျက်ကြောင့် ချန်ဒူးနှင်းကျေးရွာက လူမှုကွန်ရက်ပေါ်တွင် တောင်းပန်ချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါဒေသတွင် ပုံမှန်ထက်ပိုမိုပူနွေးသည့် ရာသီဥတုကြောင့် နှင်းမရနိုင်ခြင်းဖြစ်ကြောင်း၊ နှင်း၏အလှကို ဖန်တီးရန် ဝါဂွမ်းများကို ဝယ်ယူအသုံးပြုခဲ့သော်လည်း မျှော်လင့်ထားသည့် အကျိုး သက်ရောက်မှုမရရှိဘဲ လာရောက်လည်ပတ်သူများကို အထင်မှားစေခဲ့ကြောင်း၊ မကျေနပ်သည့် ဧည့်သည်များကို ငွေပြန်အမ်းပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ကိုးကား-CNN

ဩစတြေးလျနိုင်ငံ တက်စမေးနီးယား ပြည်နယ်ရှိ ကမ်းခြေတစ်ခုတွင် ဝေလငါး အကောင် ၁၅၀ ကျော် သေဆုံးလျက်ရှိကြောင်း ဒေသတွင်းမီဒီယာ တစ်ခုက ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖော်ပြသည်။
ဝေလငါးများ သောင်တင်သေဆုံးနေသည့် နေရာသည် ကမ်းခြေမှ အလွန်ဝေးကွာသည့် နေရာဖြစ်သောကြောင့် ၎င်းတို့အား ကယ်ဆယ်နိုင်ခဲ့ခြင်းမရှိကြောင်း ပြည်နယ် သဘာဝ တောရိုင်းတိရစ္ဆာန်၊ ပန်းခြံနှင့်ဥယျာဉ် စောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ရေးသား ဖော်ပြထားသည်။

သေဆုံးနေသည့် ဝေလငါးများမှာ စုစုပေါင်း ၁၅၇ ကောင်ရှိသည်ဟု အချို့မီဒီယာများတွင် ဖော်ပြထားသည်။
အဆိုပါဝေလငါးများသည် လွန်ခဲ့သည့် ၂၄ နာရီ သို့မဟုတ် ၄၈ နာရီ အတွင်းက သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်များအရ သိရှိရသည်။ သို့သော် မည်သည့် အကြောင်းရင်းကြောင့် သေဆုံးရသည်ကိုမသိရသေးပေ။ သေဆုံးနေသည့် ဝေလငါးများသည် killer whale အမျိုးအစား ဝေလငါး အသေးစားများဖြစ်ပြီး ၎င်းတို့သည် အပျော်စီးရွက်လှေများကို တိုက်ခိုက်လေ့ ရှိကြောင်း သိရသည်။
Source: Myawady Web Portal

ကင်ဘာရာ ဖေဖော်ဝါရီ ၁၉
ဩစတြေးလျနိုင်ငံ တက်စမေးနီးယားနယ်မြေအတွင်းရှိ အာသာကမ်းခြေ၌ ယနေ့တွင် လင်းပိုင် ၁၅၇ ကောင် သောင်တင်နေသည်ဟု တက်စမေးနီးယားနယ်မြေ အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ လင်းပိုင်များသည် အမည်မသိဝေဒနာ ခံစားနေရပြီး မည်သည့်ကိစ္စကြောင့် သောင်တင်နေသည်ကို စိစစ်နေဆဲဖြစ်ကြောင်း၊ သောင်တင်နေသည့် လင်းပိုင်အများစုမှာ အလျားပေ ၂၀ ခန့်ထိ ရှည်လျားပြီး ပေါင် ၃၀၀၀ ခန့်ထိ အလေးချိန်ကြီးမားကြောင်း၊ သောင်တင်နေသည့် လင်းပိုင် ၁၅၇ ကောင်အနက် အကောင်ရေ ၉၀ ထိ အသက်ရှင်လျက်ရှိပြီး ကျန်လင်းပိုင်များမှာ သေဆုံးနေကြောင်း တက်စမေးနီးယား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။
“အာသာမြစ် ကမ်းခြေမှာ လင်းပိုင် ၁၅၇ ကောင် သောင်တင်နေတယ်။ အမည်မသိဝေဒနာကြောင့် အခုလို သောင်တင်နေတာပါ။ အခုထိတော့ အဖြေရှာနေဆဲဖြစ်ပါတယ်။ သောင်တင်နေတဲ့ လင်းပိုင်တွေထဲက အကောင်ရေ ၉၀ ကတော့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ပါတယ်။ ဆေးကုသမှုတွေ ပြုလုပ်ပေးနေပါတယ်။ ဘာကြောင့်မှန်းမသိတဲ့အတွက် ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ဆေးကုသမှု ပြုလုပ်ပေးဖို့တော့ ခက်ခဲပါတယ်။ ဝေဒနာသက်သာအောင်လောက်ပဲ ဆေးကုသပေးနိုင်မှာဖြစ်ပါတယ်” ဟု တက်စမေးနီးယား အာဏာပိုင်အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဘရန်ဒန်က ပြောကြားခဲ့ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ခံများနှင့်အတူ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန၊ အစည်အဝေးခန်းမ(၅)တွင် ဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်သည့် အားသာချက်၊ အားနည်းချက်၊ သုံးသပ်ဖော်ထုတ်ချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ တစ်နှစ်တာကာလအတွင်း ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူ တစ်ဦးအား ဂုဏ်ပြုဆု (၁) ဆု၊ ခွင့်လုံးဝမယူသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆု (၅) ဆု၊ စာကြည့်တိုက်မှ စာအုပ်ငှားရမ်း ဖတ်ရှုမှုအများဆုံးဂုဏ်ပြုဆု (၃) ဆု၊ Website တွင် ဆောင်းပါးအများဆုံး ပြုစု ရေးသားသည့် ဂုဏ်ပြုဆု (၁) ဆု၊ အချိန်ပိုတာဝန်ထမ်းဆောင်မှုအများဆုံးဂုဏ်ပြုဆု (၃)ဆုတို့အား ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအမှူးတို့က ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။
ကိုးကား-NSPD

မြန်မာနိုင်ငံအတွင်းမှ တရားမဝင်အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်နေသည့်နေရာတစ်ခုတွင် အလုပ်ခိုင်းခံခဲ့ရသည်ဟု ယူဆရသော အသက် ၁၆ နှစ်အရွယ် ဂျပန်လူငယ်တစ်ဦးသည် ဆက်သွယ်ရေးအက်ပလီကေးရှင်းမှတစ်ဆင့် ၎င်း၏တည်နေရာအချက်အလက်ကို ဂျပန်နိုင်ငံမှ မိသားစုများဆီ ပေးပို့နိုင်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရှိရသည်။
ဂျပန်နိုင်ငံအလယ်ပိုင်း အိုင်းချိခရိုင်မှ အဆိုပါအထက်တန်းကျောင်းသားသည် ယခုလအစောပိုင်းတွင် မြန်မာနိုင်ငံ၏အိမ်နီးချင်း ထိုင်းနိုင်ငံ အာဏာပိုင်များက ၎င်းကို ထိန်းသိမ်းထားခဲ့ပြီးသည့်နောက် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်းမှ တရားမဝင်အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်နေသည့် နေရာတစ်ခုမှ ဂျပန်နိုင်ငံသားများကို ဖုန်းနှင့်လိမ်လည်လှည့်ဖြားရန် တရုတ်ဂိုဏ်းက ၎င်းကို အတင်းအကျပ် ခိုင်းစေခဲ့သည်ဟု သိရပါသည်။
ဖေဖော်ဝါရီလ အစောပိုင်းတွင် အဆိုပါလူငယ်၏ မိသားစုသည် ဆက်သွယ်ရေး အက်ပလီကေးရှင်းမှ အကူအညီတောင်းခံသည့် သတင်းစကားတစ်ခု ရရှိခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုပါသည်။ ၎င်းသည် လိမ်လည်မှုအချက်အခြာနေရာ၏ တည်နေရာအချက်အလက်ကိုလည်း ပေးပို့ခဲ့ကြောင်း ဆိုသည်။
၎င်း၏မိသားစုက ထိုင်းနိုင်ငံရှိ ဂျပန်သံရုံးကို ဆက်သွယ်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက အရေးယူလုပ်ဆောင်ခဲ့ပြီး မကြာခင် ပြန်လွတ်လာခဲ့ကြောင်းသိရှိရသည်။
အဆိုပါလူငယ်ကို အွန်လိုင်း Chat Group ၌ သိကျွမ်းခဲ့သူက နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရန် ဖြားယောင်းခဲ့ကြောင်းဆိုကာ လိမ်လည်မှုတွင် ပါဝင်ပတ်သက်ရန် အတင်းအကျပ် စေခိုင်းခံရမည် ဆိုသည်ကို မသိခဲ့ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း၌ တရုတ်နိုင်ငံနှင့် အခြားနေရာများမှ လာရောက်သည့် လိမ်လည်သူများသည် ထိုင်းနှင့်နယ်စပ်မှ ဒေသများတွင်တရားမဝင်လောင်းကစားမှုများနှင့် လိမ်လည်မှုများ လုပ်ဆောင်ရန် လှုပ်ရှားလာကြပါသည်။
ကိုးကား-NHK World

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကီရာလာပြည်နယ်ရှိ ဘောလုံးကွင်းတစ်ခုတွင် မီးရှူးမီးပန်းများ ပေါက်ကွဲမှုကြောင့် ပွဲကြည့်ပရိသတ် ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်သည် ပြည်နယ်မြို့တော် သီရူဝဏ္ဍသာပူရမ်၏ မြောက်ဘက် ၃၈၈ ကီလိုမီတာအကွာရှိ မာလပ်ပူရမ်မြို့ရှိ အာရီးကိုဒီးဘောလုံးကွင်း၌ ဖေဖော်ဝါရီလ၁၈ ရက်က ဖြစ်ပွားခြင်းဖြစ်ပြီး ဘောလုံးကွင်းမှ တာဝန်ရှိသူများက မီးရှူးမီးပန်းများကို ကွင်းအလယ်ကောင်တွင် ချလိုက်ပြီးနောက် မကြာမီ မီးပန်းများက ပွဲကြည့်စင်ရှေ့ဆုံးတန်းမှ ပရိသတ်များအပေါ် ကျရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးပန်းများ ပွဲကြည့်ပရိသတ်များအပေါ် ကျရောက်ခဲ့သည့်အပြင် အချို့ပွဲကြည့်သူများမှာ မီးပန်းများကျရောက်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရာမှ လဲကျခြင်းကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါဘောလုံးပွဲတွင် အာဏာပိုင်များက မီးရှူးမီးပန်းများအား အသုံးပြုခွင့် မပေးထားသောကြောင့် အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ရန်ကုန်-တောင်ငူ-မန္တလေးရထားလမ်းပိုင်းတွင်ပြေးဆွဲနေသည့် အမြန်နေ့ရထားများဖြစ်သော အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်တို့ သည် ဖေဖော်ဝါရီ ၁၇ ရက်မှစတင်၍ ပြေးဆွဲချိန်များကိုပြောင်းလဲခဲ့ကြောင်း သိရသည်။

အမှတ်-၁၁ အဆန်နေ့ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီတွင်စတင်ထွက်ခွာ၍ နေပြည်တော်ဘူတာသို့ နေ့လည် ၁ နာရီတွင်ရောက်ရှိမည်ဖြစ်ပြီး မန္တလေးဘူတာသို့ ည ၆ နာရီ ၄၂ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ်-၁၂ အစုန်နေ့ရထားမှာ မန္တလေးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ နေပြည်တော်ဘူတာသို့ နံ နက် ၁၁ နာရီ ၅၄ မိနစ်တွင်ရောက်ရှိကာ ရန်ကုန်ဘူတာကြီးသို့ ည ၆ နာရီ ၅၁ မိနစ်၌ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ ဖြူး၊ တောင်ငူ၊ ဆွာ၊ ပျဥ်းမနား၊ နေ ပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ သဲတော၊ ကျောက်ဆည်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထွက်ခွာချိန်ပြောင်းလဲပြေးဆွဲနေသည့် အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်တို့အား နေ့စဥ်ပြေးဆွဲပေးလျက်ရှိကာ လိုက်ပါစီးနင်းမည့်သူများအနေဖြင့် ရထားလက်မှတ်ခ တစ်ဦးလျင် ရိုးရိုးတန်း (၁၁၀၀၀)ကျပ်၊ အထက်တန်း (၂၁၀၀၀)ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
Source: Popular Myanmar

အိန္ဒိယနိုင်ငံ၏ အကြီးဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော National Thermal Power Corporation (NTPC) သည် နောက်နှစ် ၂၀ အတွင်း နျူကလီးယားဓာတ်အား ၃၀ ဂဂ္ဂါဝပ် (GW) တည်ဆောက်ရန် ရည်မှန်းချက်ချမှတ်ထားကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ဒေါ်လာ ၆၂ ဘီလီယံဖြစ်ပြီး၊ ကုမ္ပဏီ၏ မူလရည်မှန်းချက်ဖြစ်သော ၁၀ ဂဂ္ဂါဝပ်ထက် သုံးဆမြင့်မားကြောင်း NTPC အရာရှိများက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် နျူကလီးယားစီမံကိန်းများကို ဒေသခံများက ကန့်ကွက်မှု များရှိနေသော်လည်း၊ အဆိုပါ အမျိုးသားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကုမ္ပဏီသည် ယခုအခါ စီမံကိန်းအား အကောင်အထည်ဖော်ရန် သင့်လျော်သော နေရာများကို ရှာဖွေနေကြောင်း သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ လုပ်ငန်းစဉ်များသည် နယူးဒေလီ၏ စွမ်းအင်ရည်မှန်းချက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ၂၀၃၀ ပြည့်နှစ်တွင် ရုပ်ကြွင်းလောင်စာ မဟုတ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၅၀၀ ဂဂ္ဂါဝပ်နှင့် ၂၀၄၇ ခုနှစ်တွင် နျူကလီးယားဓာတ်အား အနည်းဆုံး ၁၀၀ ဂဂ္ဂါဝပ် ရရှိရန် ပါဝင်သည်။ NTPC သည် နျူကလီးယားဓာတ်အားဖြင့် ၂.၆ ဂဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှစ်ခုကို ဗဟိုဒေသဖြစ်သော မဒ္ဒရာပြည်နယ်နှင့် မြောက်ပိုင်းဒေသဖြစ်သော ရာဇဌာန်ပြည်နယ်တို့တွင် တည်ဆောက်လျက်ရှိသည်။
အစိုးရက နျူကလီးယားကဏ္ဍကို နိုင်ငံခြားနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများအတွက် ဖွင့်လှစ်ရန် အစီအစဉ်များကို ကြေညာပြီးနောက် ရည်မှန်းချက်ကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဧပြီလမှ စတင်သော ဘဏ္ဍာရေးနှစ်အတွက် နှစ်စဉ်ဘဏ္ဍာရေးစာရင်းတွင် အိန္ဒိယဘဏ္ဍာရေး ဝန်ကြီး နိရ်မလ သီတာရာမန်က နျူကလီးယားစွမ်းအင်မစ်ရှင်ကို ဒေါ်လာ ၂.၃၅ ဘီလီယံ (အိန္ဒိယရူပီး ၂၀ ဘီလီယံခန့်) ထည့်ဝင်ရန် ကြေညာခဲ့သည်။ ၎င်းက အဆိုပါမစ်ရှင်သည် အိန္ဒိယ၏ စွမ်းအင်ထုတ်လုပ်မှုကို မြှင့်တင်ရန် ရည်မှန်းချက်နှင့် နီးကပ်စွာ ဆက်စပ်နေပြီး၊ အထူးသဖြင့် ၂၀၄၇ ခုနှစ်တွင် နျူကလီးယားဓာတ်အား ၁၀၀ ဂဂ္ဂါဝပ် ရရှိရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
ကိုးကား-RT

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသောကာလဖြစ်သည့် ၂၀၂၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများကြုံတွေ့နေသော နိုင်ငံခြားသားများကို ကူညီစုံစမ်း ရှာဖွေကယ်တင်ပေးနိုင်ပါရန် သက်ဆိုင်ရာနိုင်ငံအသီးသီးက သံတမန်လမ်းကြောင်း၊ အင်တာပိုလ်ရဲ ဆက်သွယ်ရေးလမ်းကြောင်းနှင့် ရဲဆက်ဆံရေးအရာရှိ လမ်းကြောင်းတို့မှတစ်ဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ အကြောင်းကြားစာများ ပေးပို့လာခဲ့ပါသည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ကူညီစုံစမ်းရှာဖွေ ကယ်တင်ပေးနိုင်ပါရန် မေတ္တာရပ်ခံလာသူ ၄၆၆၆ ဦး (အမျိုးသား ၃၈၆၇ ဦး၊ အမျိုးသမီး ၇၉၉ ဦး) ရှိပြီး ၎င်းတို့ရောက်ရှိနေသည့် နယ်စပ်ဒေသအချို့သည် တိုင်းရင်းသားလက်နက်ကိုင်များ အခြေပြုနေထိုင်သည့် နယ်မြေများဖြစ်သဖြင့် ၎င်းတို့အား ကူညီစုံစမ်းရှာဖွေကယ်တင်ပေးနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့် ညှိနှိုင်း၍ စုံစမ်းဖော်ထုတ်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ စုံစမ်းရှာဖွေခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ ရှာဖွေကယ်တင်နိုင်ခဲ့သူ ၁၃၉၉ ဦး (အမျိုးသား ၁၀၄၉ ဦး ၊ အမျိုးသမီး ၃၅၀ ဦး) အနက်မှ ၁၃၂၇ ဦး (အမျိုးသား ၉၈၅ ဦး၊ အမျိုးသမီး ၃၄၂ ဦး) ကို သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး လွှဲပြောင်းပေးရန်ကျန်ရှိသူ ၇၂ ဦး (အမျိုးသား ၆၄ ဦး ၊ အမျိုးသမီး ၈ ဦး) ကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ရှာဖွေကယ်တင်ပေးရန်ကျန်ရှိသူ ၃၂၆၇ ဦး (အမျိုးသား ၂၈၁၈ ဦး၊ အမျိုးသမီး ၄၄၉ ဦး) ကို အမြန်ဆုံး ကူညီကယ်တင်နိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေ အလိုက် စဉ်ဆက်မပြတ် စုံစမ်းရှာဖွေလျက်ရှိပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာသံရုံးနှင့် နိုင်ငံများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းဖလှယ် အသိပေးသွားမည်ဖြစ်ပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေ များအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ ကျူးလွန်စေရန် ငွေကြေးဖြင့် မက်လုံးပေးစည်းရုံးမှုများကြောင့် အဓမ္မလူကုန်ကူးခြင်းခံထားရသည့် တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက်စတန်နိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁ ဦး၊ ပါကစ္စတန် နိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၆၁ ဦး တို့အား ရှာဖွေ တွေ့ရှိသဖြင့် လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မြန်မာ-ထိုင်း၊ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ လွှဲပြောင်းပေးခဲ့သည့် အဆိုပါနိုင်ငံခြားသား ၆၁ ဦးတွင် သက်ဆိုင်ရာနိုင်ငံများက ကူညီစုံစမ်းရှာဖွေကယ်တင်ပေးနိုင်ပါရန် မေတ္တာရပ်ခံအကြောင်းကြားထားသော အိန္ဒိယနိုင်ငံသား ၁၂ ဦး (အမျိုးသား ၉ ဦး ၊ အမျိုးသမီး ၃ ဦး)၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦး (အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၂ ဦး )၊ တရုတ်နိုင်ငံသား ၅ ဦး (အမျိုးသား ၄ ဦး ၊ အမျိုးသမီး ၁ ဦး)၊ စုစုပေါင်း ၂၁ ဦး (အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၆ ဦး) ပါဝင်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ နိုင်ငံသံရုံးများသို့လည်း အသိပေးအကြောင်းကြားထားပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်း လောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို အိမ်နီးချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာရဲတပ်ဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခြင်း၊ ဥပဒေနှင့်အညီ အရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံတွေ့နေသည့် နိုင်ငံခြား သားများအား ကူညီကယ်တင်၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။
Source: www.moha.gov.mm

အမေရိကန် လူမှုဖူလုံရေးအုပ်ချုပ်ရေးအဖွဲ့ (SSA) ကို အစိုးရ စွမ်းဆောင်ရည်ဌာန (DOGE) ဦးဆောင်သူ ဘီလီယံနာ Elon Musk မှ ထပ်မံ စစ်ဆေးမှု များ ပြုလုပ်လျက်ရှိပြီး X နှင့် SpaceX ၏ CEO ဖြစ်သူက ယင်း အေဂျင်စီသည် ကြီးမားသော လိမ်လည်မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲခဲ့သည်။

ယခုလအစောပိုင်းက လူမှုဖူလုံရေးမှတ်တမ်းများကို စမ်းသပ်စစ်ဆေးရာတွင် လူမှုဖူလုံရေးအစီအစဉ်၌ အသက် ၁၅၀ ကျော်သူများထံ လစာငွေများပေးနေသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် လူမှုဖူလုံရေးလက်ခံသူများ၏ မှတ်ပုံတင်အချက်အလက်များတွင် မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ပြချက်များ မပါရှိသည်ကို Musk က ထောက်ပြခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့ က Social Media X တွင် ရေးသားခဲ့သော ပို့စ်တစ်ခုတွင် Musk က “ရှိရင်းအမေရိကန်နိုင်ငံသားအရေအတွက်ထက် လူမှုဖူလုံရေးငွေစာရင်းအမှတ်များက ပိုမိုများပြားနေသည်” ဟု ဖော်ပြခဲ့သည်။ Musk က X အသုံးပြုသူတစ်ဦး၏ ပို့စ်တစ်ခုကိုလည်း မျှဝေခဲ့ပြီး ယခုအခါ လူမှုဖူလုံရေး ငွေပေးချေမှုကို လူ ၃၉၄,၉၄၃,၃၆၄ ဦးက လက်ခံ ရရှိနေပြီး အမေရိကန်လူဦးရေ စုစုပေါင်းမှာ ၃၃၄ သန်းရှိသည်ဟု ဆိုသည်။
Musk က SSA မှတ်တမ်းများတွင် အချိုု့သောလူပုဂ္ဂိုလ်များသည် အသက် ၁၅၀ ကျော်နေပြီး လက်ရှိတွင် အသက်ရှင်လျက်ရှိနေသေးကြောင်း ဖော်ပြ ထားသည်ဟုဆိုကာ သမိုင်းတွင် အကြီးမားဆုံးသော လိမ်လည်မှုကြီး ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။