သတင်းများ

ပါမောက္ခချုပ်ဆရာတော်ကြီးမှ အောင်မြေသာစည်အလယ်တိုက်ကြီးပြုပြင်ရန် အလှူငွေကျပ်သိန်း (၁၀၀)လှူဒါန်း

ပါမောက္ခချုပ်ဆရာတော်ကြီးသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အောင်မြေသာစည်အလယ်တိုက်ကြီးပြုပြင်ရန် အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်းခဲ့သည်။

ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် ဝိဇ္ဇာလင်္ကာရဆရာတော်ကြီး၊ အဝေရာရာမရန်ကင်းဆရာတော်ကြီးတို့သည် မန္တလေးမြို့ရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ်သို့ ကြွရောက်တော်မူခဲ့ကြပြီး ပါမောက္ခချုပ်ဆရာတော်ကြီးမှ မဟာဝိသုဒ္ဓါရုံတိုက်သစ်အတွင်း ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့သည့် စံကျောင်းပိဋကတ်တိုက်ကြီးကို ရှေးမူမပျက်ပြန်လည်ပြုပြင်ရန် သြဝါဒပေးတော်မူခဲ့သည်။

ထို့နောက် ပါမောက္ခချုပ်ဆရာတော်ကြီးမှ ကြွရောက်လာသည့် ဆရာတော်များနှင့် မဟာဝိသုဒ္ဓါရုံတိုက်သစ်နာယက ဆရာတော်တို့အား သင်္ကန်းနှင့် နဝကမ္မအလှူငွေ(၁)သိန်းကျပ်စီလှူဒါန်းတော်မူခဲ့သည်။

Source: Popular Myanmar

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်ရန် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိ

နေပြည်တော် ဇွန် ၂၅

EAEU ၏အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရမင့်စ်မြို့၌ ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေး ဖိုရမ်(EEF 2025)သို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။

‌တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်

ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်ခြင်း၊ EAEU၏အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် Eurasian Economic Union - EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညပိုင်းတွင် မင့်စ်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(၁) Mr. Lukashevich Sergey Vladimirovich နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့်မင့်စ်မြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူတို့က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဂုဏ်ပြုကြိုဆို

လေဆိပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များအားကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သတင်းရရှိသည်။

MOI

ကျောက်ဆည်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ဆည်၊ ဇွန်-၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့်သတင်းစကားလက်ကမ်းစာစောင်များကို ဇွန်(၂၆)ရက် နံနက်(၉) နာရီက ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး နှင့် ဝန်ထမ်းများက ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့”၊ “ကမ္ဘာ့ပြသနာမူးယစ်ဆေး တစ်ကမ္ဘာလုံးကတိုက်ဖျက်ပေး” ဆောင်ပုဒ်များ၊ “မူးယစ်ဆေးဝါးသုံးစွဲခြင်း ၏ ရုပ်ပိုင်း ဆိုင်ရာဆိုးကျိုးများ”၊ “စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း”၊ “မူးယစ်ဆေးဝါးပပျောက်ရေး မဟာဗျူဟာ (၂)ရပ်”၊ “ထုတ်လုပ်သူ/သုံးစွဲသူပပျောက်ရေးနှင့်တားဆီကာကွယ်ရေး နည်းဗျူဟာ(၃)ရပ်”၊ “၂၀၂၄ ခုနှစ် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်များ”၊ “ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးမှတ်တမ်း ဓာတ်ပုံများ”၊  “ဘက်ပေါင်းစုံ မှ ပူးပေါင်းပါဝင် (ဆောင်းပါး)”၊ “မောင်ကျေးဇူးရေးသားသည့် အဆိပ်ပန်းကဗျာ”နှင့် “မူးယစ်ဆေးဝါး ပညာပေး ကာတွန်းများ” စသည့်အကြောင်းအရာများ ဖော်ပြပါရှိကြောင်း သိရသည်။

ပေးပို့သူ- ခရိုင်ပြန်/ဆက်၊ကျောက်ဆည်

၂၀၂၅ ခုနှစ်၏ ပထမဆုံး ဧရာမပန်ဒါဝက်ဝံကို တရုတ်တွင် မွေးဖွား

ချန်ဒူ၊ ဇွန် ၂၅

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ် အနောက်ပိုင်းတောင်ရှိ ဧရာမပန်ဒါ ထိန်းသိမ်းရေးနှင့် သုတေသနဗဟို (CCRCGP) သည် ၎င်းတို့၏ စင်ချူပင် အခြေစိုက်စခန်းတွင် ယခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသော ပထမဆုံး ဧရာမပန်ဒါကလေး မွေးဖွားလာကြောင်းကြေညာခဲ့သည်။

ယင်းပန်ဒါကလေးကို ဇွန်လ ၂၁ ရက်၊ ည ၁၁:၅၀ နာရီတွင် မွေးဖွားခဲ့ပြီး၊ ဤပန်ဒါကလေး၏ မိခင်ဖြစ်သော လင်လန်းသည် ပထမဆုံးအကြိမ် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မတ်လအစောပိုင်းတွင် ပန်ဒါအထီး ယရှင်း နှင့် သဘာဝအတိုင်း မိတ်လိုက်ပြီးနောက် ပထမဆုံးအကြိမ် အောင်မြင်စွာ မွေးဖွားခဲ့ခြင်း ဖြစ်သည်။

“ခုနစ်နှစ်အရွယ် လင်လန်းက မိခင်ရဲ့ဗီဇကို ပြင်းပြင်းထန်ထန်ပြသခဲ့တယ်” ဟု အခြေစိုက်စခန်းမှ ဒုတိယညွှန်ကြားရေးမှူး ဝုဟောင်လင် က ပြောကြားခဲ့သည်။ “သူက လိမ္မာပါးနပ်စွာ ပွေ့ပိုက်ပြီး သူ့သားကို သန့်ရှင်းပေးတယ်၊ ကာကွယ်တယ်၊ ဂရုတစိုက် ပြုစုပေးတယ်”ဟု သူက ပြောကြားခဲ့သည်။

တိရစ္ဆာန်ဆရာဝန်အဖွဲ့များသည် ပန်ဒါမိခင်နှင့်ပန်ဒါကလေးကို ဆက်လက်စောင့်ကြည့်လျက်ရှိပြီး၊ နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်ကြောင်း အတည်ပြုထားသည်။

၁၉၈၀ ပြည့်နှစ်များမှစ၍ CCRCGP သည် ပန်ဒါ ဖမ်းသိမ်းမွေးမြူခြင်းအတွက် အဓိကအခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ပြီး၊ ၁၉၈၃ တွင် ပန်ဒါ ၆ ကောင်မှ စတင်ကာ ယနေ့အချိန်တွင် ပန်ဒါ ၃၈၀ ကျော်အထိ ပြုစုမွေးမြူမှုအောင်မြင်လာခဲ့သည်။

EU မှ လက်ဆွဲအိတ်များနှင့်ပတ်သက်သည့် စည်းမျဉ်းအသစ်များ ထုတ်ပြန်

ဥရောပပါလီမန်သည် လေကြောင်းလိုင်းများအား ခရီးသည်များထံမှ လက်ဆွဲအိတ်အတွက် အပိုကြေးငွေများ ကောက်ခံခြင်းကို တားမြစ်ရန် မဲခွဲဆုံးဖြတ်ခဲ့သည်။

အဆိုပါ စည်းမျဉ်းအသစ်အရ ဥရောပသမဂ္ဂ (EU) အတွင်း သွားရောက် ကြမည့် ခရီးသည်များသည် ကိုယ်ပိုင်အိတ် (လက်ဆွဲအိတ် သို့မဟုတ် ကျောပိုးအိတ်) တစ်လုံးနှင့် ၇ ကီလိုဂရမ်အထိ အလေးချိန်ရှိသော လက်ဆွဲ ခရီးဆောင်အိတ်တစ်လုံးကို အပိုကြေးမယူဘဲ ယူဆောင်ခွင့်ရှိသည်။ ကိုယ်ပိုင်အိတ်၏ အများဆုံးအရွယ်အစားမှာ ၄၀x၃၀x၁၅ စင်တီမီတာ ဖြစ်ပြီး လက်ဆွဲအိတ်အတွက် အလျား၊ အနံ၊ အမြင့်ပေါင်း ၁၀၀ စင်တီ မီတာ (စုစုပေါင်းအရွယ်အစား) ထိခွင့်ပြုထားသည်။

ဥရောပကော်မရှင်၏ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မတ်တီယို ရစ်ချီ (Matteo Ricci) က အခမဲ့ လက်ဆွဲအိတ် ယူဆောင်ခွင့်အတွက် စံသတ်မှတ်ချက်များ ထုတ်ပြန်ခြင်းသည် အပို ကုန်ကျစရိတ်များကို ရှောင်ရှားရန် အခြေခံအခွင့်အရေးတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဇွန် ၂၅ ရက်က မဲခွဲဆုံးဖြတ်မှုသည် ပိုမိုတရားမျှတ၍ ပွင့်လင်းမြင်သာသော ခရီးသွားလာရေးဆီသို့ အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်သည်” ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ၂၀၂၃ ခုနှစ်မှ ဥရောပကော်မရှင်မှ တင်ပြ ခဲ့သော ခရီးသည်အခွင့်အရေးပြုပြင်ပြောင်းလဲမှုများ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး လေကြောင်းလိုင်းများအား လေယာဉ် လက်မှတ်စာရင်း သွင်းခြင်း လုပ်ငန်းစဉ်တွင် ကုန်ကျစရိတ်များကို အပြည့်အဝပြသရန် နှင့် ပိုမိုပြေလည်သော လျော်ကြေးပေးချေမှုလုပ်ငန်းစဉ်များ ပါဝင်သည်။

အဆိုပါ စည်းမျဉ်းသစ်များသည် စားသုံးသူအဖွဲ့များမှ လက်ဆွဲအိတ်များ အတွက် မလိုလားအပ်သော အပိုကြေးများကောက်ခံမှုအား (အိတ်များ၏ အလေးချိန်နှင့် အရွယ်အစားသည် သတ်မှတ်ချက်အတွင်းရှိသော်လည်း) စုံစမ်းစစ်ဆေးရန် EU အား တောင်းဆိုခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လက်ဆွဲအိတ်များအတွက် အပိုကြေးကောက်ခံသည်ဟု စွပ်စွဲ ခံထားရသော လေကြောင်းလိုင်းအချို့တွင် အီဇီဂျက် (EasyJet)၊ နော်ဝေ ဂျီယံ အာရှတ္တယာ (Norwegian Air Shuttle)၊ ရိုင်ယန်းအေယာ (Ryanair)၊ ထရန်ဆေးဗီးယား (Transavia)၊ ဗိုလိုတီယာ (Volotea)၊ ဗွီလင်း (Vueling) နှင့် ဝီဇ်အေယာ (Wizz Air) တို့ ပါဝင်သည်။

ဥရောပလေကြောင်းလိုင်းများအသင်း (A4E) က အဆိုပါ စည်းမျဉ်းသစ်များသည် အထူးသဖြင့် စျေးနှုန်းချိုသာသော လေကြောင်းလိုင်းများတွင် လေယာဉ်လက်မှတ်စျေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သည်။ A4E ကိုယ်စားလှယ်များက မဖြစ်မနေဝန်ဆောင်မှုများအားစည်းကမ်းချမှတ်ခြင်းသည် ခရီးသည်များအား ၎င်းတို့လိုအပ်သော ဝန်ဆောင်မှုများအတွက် ရွေးချယ်စရာများကို ကန့်သတ်လိုက်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ai

တရုတ်နိုင်ငံသည်    ဉာဏ်ရည်တုနည်းပညာ(AI)အတွက်  ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုသည် ယွမ်ဘီလီယံ  ၆၀၀ မှ ၇၀၀ အထိရှိလာနိုင်ကြောင်း  အမေရိကန်ဘဏ်က ထုတ်ပြန်ထားသည်။

ထိုပမာဏသည် ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံက အသုံးပြုခဲ့သော AI တွင်ရင်းနှီးမြှုပ်နှံမှု ပမာဏထက် ၄၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။

အဆိုပါရင်းနှီးမြှုပ်နှံမှု ပမာဏအနက် အစိုးရက အသုံးပြုသော ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယွမ်ဘီလီယံ ၄၀၀ အထိရှိပြီး အင်တာနက် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံ မှုမှာ ယွမ် ၁၇၂ ဘီလီယံအထိရှိလာနိုင်ကြောင်း အမေရိကန်ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံက ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လာခြင်းကြောင့် Deep-Seek ကဲ့သို့သော AI ကုမ္ပဏီများက အချိန်တိုအတွင်း အောင်မြင်လာခြင်းဖြစ်သည် ကိုမြင်တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့က AI နည်းပညာတွင် လွှမ်းမိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေစဉ်  ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

MWD Portal

အိန္ဒိယက နှစ်ပေါင်း ၄၁ နှစ်အတွင်း ပထမဆုံး အာကာသယာဉ်မှူးကို နိုင်ငံတကာ အာကာသစခန်းသို့ စေလွှတ်

အိန္ဒိယနိုင်ငံက နှစ်ပေါင်း ၄၁ နှစ်အတွင်း ပထမဆုံးသော အာကာသယာဉ်မှူးကို နိုင်ငံတကာ အာကာသစခန်းသို့ စေလွှတ်လိုက်ကြောင်း သိရသည်။ အိန္ဒိယအာကာသယာဉ်မှူး ရှူဟန်ရှူရှူကလာ အပါအဝင် နိုင်ငံပေါင်းစုံမှ အာကာသယာဉ်မှူး လေးဦးသည် Axiom Mission 4 (Ax-4) အမည်ရှိမစ်ရှင်ဖြင့် နိုင်ငံတကာ အာကာသစခန်းသို့ ဇွန်လ ၂၅ ရက်တွင် ထွက်ခွာသွားခြင်းဖြစ်သည်။

အဆိုပါမစ်ရှင်ကို ဟူစတန်မြို့မှ ပုဂ္ဂလိကကုမ္ပဏီဖြစ်သော Axiom  Space က NASA၊ အိန္ဒိယအာကာသ အေဂျင်စီ၊ ဥရောပအာကာသအေဂျင်စီ၊ SpaceX ကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ရှူဟန်ရှူရှူကလာနှင့် အတူ ပိုလန်နှင့် ဟန်ဂေရီနိုင်ငံတို့မှ အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွားကာ   အိန္ဒိယနိုင်ငံနည်းတူ အဆိုပါနိုင်ငံများသည်လည်း ဆယ်စုနှစ်လေးခု ကျော်ကြာပြီးနောက် အာကာသယာဉ်မှူးများကို   ပထမဆုံး အကြိမ် စေလွှတ်ခြင်းဖြစ်သည်။

ယခုအာကာသခရီးစဉ်သည် ရှူကလာ အတွက် ပထမဆုံးဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော လူပါအာကာသ အစီအစဉ်အတွက် အစဖြစ်ကြောင်း ၎င်းကပြောသည်။ အဆိုပါမစ်ရှင်အရ  လိုက်ပါသွားသော အာကာသယာဉ်မှူးများသည် နိုင်ငံတကာအာကာသ စခန်းတွင် ၁၄ ရက် ကြာနေထိုင်ကာ နိုင်ငံပေါင်း ၃၁ နိုင်ငံမှ သုတေသနပေါင်း ၆၀ ကျော်ကို လေ့လာမှုများ လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

MWD Web Portal

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ဇွန် ၂၅

မိုးရာသီပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အခွန်အယူခံခုံအဖွဲ့ရုံး၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ ဒုတိယဝန်ကြီး ဦးထင်ကျော်သူ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာ အသီးသီးတွင် နှစ်ရှည်ပင်၊ သီးပင်စားပင်နှင့် ပျိုးပင် ပေါင်း ၂၀၀ တို့ကို စိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုပြီး ပါဝင်စိုက်ပျိုးခဲ့သူများအား အမှတ်တရလက်ဆောင်အဖြစ် Indoor Plant များကို ပေးအပ်သည်။

Source: Myanmar Digital News

28 Years Later ဇာတ်ကား ပထမသီတင်းပတ်ကုန် ဝင်ငွေကန်ဒေါ်လာ သန်း ၃၀ ထိ ရရှိခဲ့

နယူးယောက်  ဇွန် ၂၅

ဆိုနီရုပ်ရှင်ကုမ္ပဏီ၏ 28 Years Later ဇာတ်ကားကို စတင်ရုံတင်ပြီး ပထမသီတင်းပတ်ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၈ သန်းနင့် သန်း ၃၀ အကြား ရရှိခဲ့ကြောင်း ဇွန် ၂၄ ရက် သတင်းများအရ သိရသည်။

ဆိုနီရုပ်ရှင်ကုမ္ပဏီသည် 28 Years Later ဇာတ်ကားကို ဇွန် ၁၉ ရက်တွင် ပွဲကြိုပြသခဲ့ပြီး ဇွန် ၂၀ ရက်တွင် စတင်ရုံတင်ပြသခဲ့သည်။ 28 Years Later ဇာတ်ကားသည် ပွဲကြိုပြသမည့်နေ့မှာပင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ သန်းထိ ရရှိခဲ့သည်။

28 Years Later ဇာတ်ကားကို ဒါရိုက်တာ ဒန်နီဘွိုင်းက တာဝန်ယူ ရိုက်ကူးပေးထားကြောင်း သိရသည်။ ၎င်းဇာတ်ကားအတွက် ဝတ္တုဇာတ်ညွှန်းကို ဇာတ်ညွှန်းရေးဆရာအဲလက်စ်ဂါးလန်းက ရေးသားပေးထားသည်။ 28 Years Later ဇတ်ကားတွင် မင်းသား ရက်ဖ်ဖင်းနက်၊ အေရွန်တေလာဂျွန်ဆင်၊ မင်းသမီး ဂျိုဒီကမ်မာတို့ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ မင့်စ်မြို့၌ ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025)သို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် နိုဗာစီဗစ်မြို့ သာမာရှယ်ဗာလေဆိပ်သို့ရောက်ရှိရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့သည် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗာစီဗစ်ဒေသတို့အကြား၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ လေကြောင်းပြေးဆွဲမှုများ မြှင့်တင်နိုင်ရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးတို့နှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ပို့ဆောင်နှုတ်ဆက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နိုဗာစီဗစ်မြို့ သာမာရှယ်ဗာလေဆိပ်မှ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ဆက်လက်ထွက်ခွာရာ နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။