သတင်းများ

ဒေါ်နယ်ထရမ့်၏ USAID အသုံးစရိတ် ဖြတ်တောက်မှု လူ ၁၄ သန်း သေဆုံးနိုင်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (USAID) ရန်ပုံငွေ အများစုကို ဖြတ်တောက်သည့် ဆုံးဖြတ်ချက်ကြောင့် လာမည့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ လူ ၁၄ သန်းကျော် အသက်ဆုံးရှုံးရဖွယ်ရှိနိုင်ကြောင်း The Lancet ဆေးပညာဂျာနယ် သုတေသန ဖော်ပြချက်အရ သိရှိရပါသည်။

သုတေသီများ၏ ခန့်မှန်းချက်အရ အသက်အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ ရှိသူများ၏ ၃ ပုံ ၁ ပုံမှာ ကလေးသူငယ်များ ဖြစ်ပါသည်။ ထိုသို့ အကူ အညီရန်ပုံငွေကို ဖြတ်တောက်လိုက်ခြင်းက အလယ်အလတ်အဆင့်နှင့် နိမ့်ကျသော ဝင်ငွေရှိသည့် နိုင်ငံများအတွက် ကမ္ဘာ့ကပ်ရောဂါကြီး သို့မဟုတ် စစ်ပွဲအကြီးစားတစ်ခု ဖြစ်ပွားသည့် ပမာဏလောက် အသက် ဆုံးရှုံးမှု အန္တရာယ်ကို ရင်ဆိုင်နေကြရကြောင်း အဆိုပါအစီရင်ခံစာ ပူးတွဲ ရေးသားသူ Davide Rasella က ပြောကြားထားပါသည်။

ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ (USAID) အစီအစဉ်အားလုံး၏ ၈၀ % ကျော်ကို ဖျက်သိမ်း လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြီးခဲ့သည့် မတ်လ က ကြေညာလိုက်ပါသည်။ ဒေါ်နယ်ထရမ့်က အဆိုပါအစီအစဉ်များမှာ အမေရိကန်ဖက်ဒရယ်အသုံးစရိတ်များကို အလဟဿ ဖြုန်းတီးနေမှု ဟုသာ မြင်ပါသည်။ 

ထိုအငြင်းပွားဖွယ်ရာ အသုံးစရိတ်ဖြတ်တောက်မှုများကို ဘီလီယံနာ အီလွန်မက် က ကြီးကြပ်ခဲ့ပြီး ထိုစဉ်က ၎င်းသည် ဖက်ဒရယ်အစိုးရ၏ အလုပ်သမားအင်အားကို လျှော့ချရန် ဦးဆောင်နေချိန်ဖြစ်ပါသည်။ ကမ္ဘာ တစ်ဝှမ်းရှိ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများက ထို ဖြတ်တောက်မှုများကို ပြင်းထန်စွာ ရှုတ်ချခဲ့ကြပါသည်။ ဒေါ်နယ်ထရမ့် ကမူ ၎င်း၏ ဒုတိယသက်တမ်းအတွင်း နိုင်ငံတကာအတွက် သုံးစွဲရသည့် ဘဏ္ဍာငွေများမှာ ၎င်း၏ “အမေရိကသာ ပထမ” (America First) မူဝါဒနှင့်အညီ ဖြစ်စေလိုကြောင်း ထပ်ခါတလဲလဲ ပြောကြားခဲ့ပါသည်။

စပိန်နိုင်ငံ ဘာစီလိုနာအခြေစိုက် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အင်စတီကျူ မှ သုတေသီ Rasella ခေါင်းဆောင်သော သုတေသနပညာရှင်အဖွဲ့ ထုတ်ပြန်ချက်အရ USAID ရန်ပုံငွေဖြတ်တောက်မှုများသည် ကိုယ်ခံအားနည်း ချို့ယွင်းနေသူများ၏ ကျန်းမာရေးဆိုင်ရာ တိုးတက်မှုကို နှစ် ၂၀ တာ ရုတ်တရက် ရပ်တန့်လိုက်သလို ဖြစ်ပြီး နောက်ပြန်ဆုတ်သွားစေနိုင်သည် ဟု သတိပေးထားပါသည်။ 

Rasella နှင့် အဖွဲ့ဝင်များက ၎င်းတို့၏ အစီရင်ခံစာတွင် ၂၀၀၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း USAID ဘဏ္ဍာငွေများဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူပေါင်း သန်း ၉၀ ကျော် အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်း ခန့်မှန်းတွက်ချက် ပြထားကြပါသည်။ ယခုကဲ့သို့ USAID ဘဏ္ဍာငွေ ၈၃% ကို ဖြတ်တောက် လိုက်ခြင်းက ၂၀၃၀ ပြည့်နှစ်အရောက်တွင် ရှောင်လွှဲ၍မရသော အသက် ဆုံးရှုံးမှု လူ ၁၄ သန်းကျော်အထိ ရှိလာနိုင်ပြီး ၎င်းတို့တွင် အသက် ၅ နှစ်အောက် ကလေးငယ် ၄.၅သန်းကျော် ပါဝင်နိုင်သည် ဟု ၎င်းတို့က ဖြည့်စွက်ပြောကြားထားပါသည်။

ကိုးကား- BBC

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ပလိပ်မြို့နယ်(ခွဲ)တွင် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ

ကျောက်ဆည်၊ ဇူလိုင်-၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများစားနပ်ရိက္ခာဖူလုံရေးအထောက်အကူ ဖြစ်စေရန်ရည်ရွယ်ပြီး ကျောက်ဆည် ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ကူမဲ၊ ပလိပ် မြို့နယ်ခွဲများတွင် စားအုန်ဆီများ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများအား ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဝယ်ယူသူများအဆင်ပြေစေရေး ဦးဆွေဝင်း ငွေပင်လယ်စားသုံးဆီ လက်လီ/ လက်ကားရောင်းဝယ်ရေးဆိုင်မှ ပလိပ်-တံတားဦးကားလမ်း၊ ဈေးသစ်ရပ်၌ ပလိပ်ရွာမ ပြည်သူများအား ဆီဝယ် ယူခွင့် စာအုပ်တစ်အုပ်လျင် (၂)ပိဿာနှုန်းဖြင့် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့်  ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

ကျောက်ဆည်မြို့နယ်တွင် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီများ ရောင်းချ ရာတွင် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီ များကို သတ်မှတ်အရည်အသွေးနှင့်စံချိန်စံညွှန်းပြည့်မီစွာဖြင့် ပြည်သူများလက်ဝယ်သို့ မြန်ဆန်စွာရောက်ရှိရေး စဉ်ဆက် မပြတ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပေးပို့သူ-  သက်မောင်၊ကျောက်ဆည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသီးနှံမျိုးစုံ ရေလုံလောက်စွာ ပေးဝေနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်သင့်သည့် ရေပြွန်များ၊ ရေတံခါးများ၊ ရေကျအဆောက်အအုံများအားပြန်လည်ပြုပြင်ပေးခြင်း၊ တိမ်ကောနေသည့် မြောင်းများအား တူးဖော်ပေးခြင်း၊ မြောင်းဆလံများအားကျောက်သားနံရံစီပေးခြင်း၊ ရေပေးဝေမြောင်းများပေါ်တွင် ဆောက်လုပ် ထားသော ကုန်ထုတ်တံတားများပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက် ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကွမ်းဆေးမြောင်းတွင် ဆောက်လုပ်ထားသော ကုန်ထုတ်တံတား(၁)စင်းအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကုန်ထုတ်တံတားသည် ကျောက်ဆည်မြို့နယ် သမန္တလင်းကျေးရွာအနီး ကွမ်းဆေးမြောင်း၏ ပေတိုင် အမှတ် (-၄၀+၂၀၀၀)တွင် တည်ရှိပြီး တံတားသည် နှစ်ကာလကြာမြင့်ပြီဖြစ်သောကြောင့် တံတား ကြမ်းခင်းများ ခိုင်ခန့်မှုမရှိခြင်း၊ လက်ရမ်းများပျက်စီးနေပြီး ယာဉ်သွားလမ်း ကျဉ်းမြောင်းခြင်း၊ မော်တော် ဆိုင်ကယ်များ သွားလာရာ၌ အန္တရာယ်ရှိခြင်း၊ တောင်သူများ၏ လယ်ယာထွက်ကုန်များ သယ်ယူရာတွင် အခက်အခဲဖြစ်ပေါ် နေခြင်းစသည် တို့ကြောင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ(၂၀.၀၀၀)ကျပ်သန်း အကုန်အကျခံကာ ဇွန်လ (၁) ရက်နေ့မှစတင်၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အလျား(၃၂)ပေ၊ အကျယ် (၁၂) ပေ၊ အမြင့်(၈)ပေ ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကုန်ထုတ်တံတား ပြန်လည်ပြုပြင်ပြီးစီးပါက သမန္တလင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ၏ လယ်ယာထွက်ကုန်များ သယ်ယူရေးနှင့် လူမှုစီးပွားဘဝကဏ္ဍများ အဆင်ပြေချောမွေ့သွားမည် ဖြစ်ကြောင်း သိရသည်။

ပေးပို့သူ- သက်မောင်(ကျောက်ဆည်)

လျှပ်စစ်သုံးမော်တော်ယာဉ်များ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) နှင့် သီလဝါဆိပ်ကမ်း (MITT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ESSENTIAL MOTORS CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME : BYD SEAL EV၊ 2025 MDL၊ C/O: CHINA – (12) U သည် ၂၂-၆-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိလာခဲ့ပါသည်။ MYANMAR NEW ENERGY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME :DONGFENG VENUCIA(VX6)၊ 2025 MDL၊ C/O: CHINA – (20) U သည် ၁၄-၆-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ T&Z FINANCE CO.,LTD မှ တင်သွင်း

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ESSENTIAL MOTORS CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME : BYD SEAL EV၊ 2025 MDL၊ C/O: CHINA – (12) U သည် ၂၂-၆-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိလာခဲ့ပါသည်။ MYANMAR NEW ENERGY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME :DONGFENG VENUCIA(VX6)၊ 2025 MDL၊ C/O: CHINA – (20) U သည် ၁၄-၆-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ T&Z FINANCE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME : BYD SEA LION 7၊ 2025 MDL၊ C/O: CHINA – (21) U သည် ၁၂-၆-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံး မော်တော်ယာဉ် (12) U သည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၂၅-၆-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (20) U သည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၉-၆-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (21) U သည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၇-၆-၂၀၂၅ ရက်နေ့တွင်လည်းကောင်း စုစုပေါင်းလျှပ်စစ်သုံးမော်တော်ယာဉ် (၅၃) စီးသည် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော် တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့်တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၇-၆-၂၀၂၅ ရက်နေ့တွင် လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားပါကြောင်း သတင်းရရှိပါသည်။

Myanmar National Portal

မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေဆဲ

မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၏ အဓိကကုန်သွယ်ရေးဇုန်ဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်ကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်ပြီးဖွင့်ထားသည့် ကော့ကရိတ်မြဝတီအာရှလမ်းမကြီးကို တိုက်ပွဲများကြောင့် ပိတ်ထားသည်မှာ ၂ နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည်။

” ပြောရရင်ကုန်စည်စီးဆင်းမှုကတော့ ဟိုးအရင်ထက်စာရင် လျော့ကျသွားတာပေါ့။ အဓိက လမ်းပန်းဆက်သွယ်ရေးကြောင့်ပါ။ ခုတော့ တပိုင်တနိုင်တွေပဲ ကားလေးတွေနဲ့သယ်ကြရတာ” ဟု မြဝတီနယ်စပ်ကုန်သည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထိုင်း နှင့် မြန်မာကြား နယ်စပ်ကုန်သွယ်ရေး အချက်အချာ ဖြစ်သည့် မြဝတီမြို့တွင် တိုက်ပွဲများကြောင့် ကုန်သွယ်ရေး ရပ်ဆိုင်းသွားပြီးနောက် ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် လမ်းကြောင်းသစ်တွေ ရှာဖွေနေကြကြောင်း၊ ထို့ပြင် တရုတ်၊ ထိုင်းတို့နှင့် အဓိက နယ်စပ်ကုန်သွယ်ရေး စခန်းကြီးများပုံမှန် မလည်ပတ်နိုင်သည့် အချိန်တွင် တာချီလိတ် ကုန်သွယ်ရေး စခန်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတို့ကို ပြောင်းလဲခွင့်ပြုထားခြင်းဖြစ်သည်။

Popular Myanmar

ဒလတံတားပြီးစီးခါနီးပြီဖြစ်၍ ဒလအိမ်ခြံမြေဈေး သိန်းထောင်ချီမြင့်တက်လာ

ရန်ကုန် -ဒလ မြစ်ကူးတံတားပြီးစီးခါနီးပြီဖြစ်၍ ဒလအိမ်ခြံမြေဈေး သိန်းထောင်ချီမြင့်တက်လာကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြစ်ကူးတံတားစီမံကိန်းကို လာမည့် ၄ လအတွင်း ပြီးစီးရန် ခန့်မှန်းထားကြပြီး တံတားပြီးစီးချိန် နီးလာသည်နှင့်အမျှ ဒလမြို့ဘက်ခြမ်းတွင်ရှိသည့် တံတားအဆင်း ဗိုလ်မင်းရောင်လမ်းနှင့် အနီးတဝိုက်ရှိ အိမ်ခြေမြေဈေးများ လှုပ်ခတ်လာကြောင်း သိရသည်။

"တံတားကပြီးတော့မယ်ဆိုတော့ အိမ်ဈေး၊ မြေဈေးတွေကလည်း ထိုးတတ်လာတာ။ ဒီနေ့တစ်ဈေးခေါ်ရင် နောက်နေ့တစ်ဈေးဖြစ်သွားရော။ အဲဒါတွေကျတော့ အဆင်မပြေဘူး။ ဈေးကစားကြတာတော့ ပွဲစားတိုင်းပါပဲ” ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

တံတားအဆင်း ဗိုလ်မင်းရောင်လမ်းမပေါ်ရှိ လမ်းဘေးဝဲယာရှိ ခြံတိုင်းလိုလို ရောင်းချထားပြီး ပေ ၄၀ x ၆၀ ကို အိမ်အပါ မြေကွက်တကွက်လျှင် ကျပ်သိန်း ၃၀,၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

ရန်ကုန်မြစ်ကူးတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာဘက်က သန်း ၃၀ ကျော် ထည့်ဝင်ထားပြီး စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်း သတ်မှတ်၍ တည်ဆောက်နေခြင်းဖြစ်သည်။

အမည်မည်းစာရင်းကြေညာခြင်း

၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာ

၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။

၂။       နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း(၁၁)၊ ပုဒ်မ ၃၈-ခ တွင် “မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ” ဟုလည်းကောင်း၊ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEML ပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်”ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၃။      ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန် လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့်သွင်းစေရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များပူးပေါင်း၍ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့ပြီးနောက် စာရင်းရှင်းလင်းခြင်းမရှိသည့် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

၄။      (၂၃-၆-၂ဝ၂၅) ရက်နေ့ စိစစ်ချက်အရ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ပူးတွဲပါကုမ္ပဏီ (၁၉၇) ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာ ခြင်းမရှိသဖြင့် ကုမ္ပဏီနှင့်ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း ကြေညာပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

(၂၇-၆-၂ဝ၂၅)

အင်းစိန်ဂျီတီအိုင်၌ EV နည်းပညာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၃၀

EV နည်းပညာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (၂/၂၀၂၅) ကို ဇွန် ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ တက်ရောက် အမှာစကားပြောကြားသည်။

ကြည့်ရှုအားပေး

ထို့နောက် ဒုတိယဝန်ကြီးသည် EV နည်းပညာ စာအုပ်စာစောင်များကို တာဝန်ရှိသူများ၊ ကျောင်းသားများနှင့် EV သုံးစွဲသည့် ပြည်သူများထံပေးအပ်ပြီး EV အလုပ်ရုံ၌ လက်တွေ့လေ့ကျင့်သည့် စက်ပစ္စည်းများကို စိတ်ပါဝင်စားစွာလေ့လာနေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် အသိပညာပေးဆွေးနွေးပွဲ စတင်ကျင်းပပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် EV နည်းပညာ အသိပညာပေးဟောပြောမှုများကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။

မွန်လွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တစ်ဦးချင်းဟောပြောမှု၊ အဖွဲ့လိုက်ဆွေးနွေးမှုများနှင့် ဆွေးနွေးမှုရလဒ်များ ပြန်လည်သုံးသပ်မှုများကို ကြည့်ရှုအားပေးပြီး အသိပညာပေးဟောပြောသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များထံ မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယဆေးဝါးစက်ရုံတစ်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွား အနည်းဆုံး ရှစ်ဦးသေဆုံး၍ ဦးရေ ၂၀ ကျော်ဒဏ်ရာရရှိ

ဒေလီ ဇွန် ၃၀

အိန္ဒိယနိုင်ငံ တီလန်နာဂါ ပြည်နယ် ဆေးဝါးစက်ရုံတစ်ရုံ၌ ယနေ့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူရှစ်ဦးသေဆုံး ၍ ဦးရေ ၂၀ ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် စက်ရုံကို ဆီဂါချီဆေးဝါးထုတ်လုပ် ရေးကုမ္မဏီက ပိုင်ဆိုင်ကြောင်း အိန္ဒိယတာဝန်ရှိသူများက ပြော ကြားခဲ့သည်။

စက်ရုံပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအနက် လေးဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း တီလန်နာဂါပြည်နယ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယင်းအပြင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စက်ရုံအတွင်း အလုပ်သမား ၁၀ ဦး ပိတ်မိနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ဆေးဝါးစက်ရုံပေါက်ကွဲမှုဖြစ်ပွားရခြင်း၏ နောက်ခံအကြောင်းရင်းကို အိန္ဒိယ တာ၀န်ရှိသူများက စုံစမ်းစစ်ဆေး နေကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုသည် စက်ရုံ၏ ဓာတ်ပေါင်းဖိုခန်းရှိရာ နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း တီလန်နာဂါပြည်နယ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Ref: Xinhua

Trs: KKO

YDNP 

weather forecast

၁။        ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေ‌သော လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ၆-၇-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ

၁။        ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေ‌သော လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ၆-၇-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာ ကွက်၍ မိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၃ ပေခန့်ရှိနိုင်ပါသည်။”

အကြုံပြုချက်

၂။         သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

 မိုး/ဇလ