သတင်းများ

ပူတင်၊ ဇီလန်စကီးတို့နှင့် ဒေါ်နယ်ထရမ့် တွေ့ဆုံရန် အချိန်နီးကပ်နေပြီ ဟု  အိမ်ဖြူတော်ပြော

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတဇီလန်စကီးတို့နှင့်  တွေ့ဆုံရန် အချိန်လွန်စွာ နီးကပ်နေပြီဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် (သတင်းထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူး) Karoline Leavitt က  ဖေဖော်ဝါရီ ၂၄ ရက်တွင်  ပြုလုပ်သည့် Fox News ၏  တီဗီအစီအစဉ်တစ်ခုတွင်  ပြောကြားသွားပါသည်။

အထူးသဖြင့် သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတဇီလန်စကီးနှင့် တွေ့ဆုံပြီး ကိယက်ဗ်နှင့် ဝါရှင်တန်တို့အကြား မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေထိုးစေလိုကြောင်း ၎င်းက မှတ်ချက်ပြုထားပါသည်။

“အမေရိကန်ပြည်သူများအနေဖြင့် ယူကရိန်းအတွက် မည်သည့်အတွက် အခွန်ပေးဆောင်နေသလဲ၊ အမေရိကန်ပြည်သူများမရှိလျှင် ယူကရိန်း သည် ယခုအချိန်တွင် တိုင်းပြည်တစ်ခု မဖြစ်နိုင်တော့ကြောင်း၊ အမေရိကန် ပြည်သူများနှင့် ထိုက်တန်သည့်အရာများကို ရယူပေးရမည်ကို သမ္မတ ဒေါ်နယ်ထရမ့် ကောင်းကောင်းသိနေကြောင်း” Leavitt က ထပ်လောင်း ပြောကြားထားသည်။ 

ကိုးကား-TASS

Photo: ABC News

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ဇီလန်စကီး၏ အာဏာတည်မြဲမှုအတွက် ယူကရိန်းလွှတ်တော်တွင် မဲခွဲဆုံးဖြတ်

ဇီလန်စကီးသည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်ကာလ ကုန်ဆုံးခဲ့သော်လည်း စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းကာ ဆက်လက်အုပ်ချုပ်နေခဲ့မှုအပေါ် ထောက်ခံကြောင်း ပဋိပက္ခ နှစ်ပတ်လည် ၃ နှစ်ပြည့် အစီအစဉ်သို့ EU တာဝန်ရှိသူများရောက်ရှိနေစဉ် လွှတ်တော်၌ ပထမအကြိမ် မဲခွဲမှုတွင် မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

ဒေါ်နယ်ထရမ့်ကလည်း “ရွေးကောက်ပွဲမရှိဘဲ အာဏာရယူထားသူ” ဟု ပြောဆိုခဲ့ပြီး ဇီလန်စကီးအနေဖြင့် ချမှတ်ထားသော နည်းဥပဒေများအတိုင်းဆောင်ရွက်ခြင်းမရှိပါက နိုင်ငံမဲ့ ဖြစ်သွားနိုင်သည်ဟု ပြင်းထန်စွာ မှတ်ချက်ပေးထားသည်။

သို့သော် ယူကရိန်းလွှတ်တော်၌ ဒုတိယအကြိမ် မဲခွဲမှုတွင် အမတ် Yaroslav Zheleznyak ၏ အဆိုတင်သွင်းမှုကို အမတ် ၂၈၀ က ထောက်ခံ အတည်ပြုခဲ့ကြပြီး ပဋိပက္ခဖြစ်လာစေရန် ဖန်တီးသူမှာ ပူတင်သာ ဖြစ်သည်ဟု ပြောဆိုခဲ့ကြကြောင်း သိရှိရပါသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ယူကရိန်းစစ်ပွဲ ၃ နှစ်ပြည့် အစီအစဉ်သို့ ကနေဒါဝန်ကြီးချုပ် တက်ရောက်

ယူကရိန်းမြို့တော် ကိယက်ဗ်၌ ပြုလုပ်သည့် ယူကရိန်း-ရုရှား ၃ နှစ်ပြည့် အစီအစဉ်သို့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး အပါအဝင် ဒါဇင် နှင့်ချီသော ဥရောပခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ 

နော်ဒစ်-ဘောလ်တစ် ၈ နိုင်ငံ ဟုခေါ်သော အက်စ်တိုးနီးယား၊ ဖင်လန်၊ အိုက်စလန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နော်ဝေး၊ ဆွီဒင်နှင့် ဒိန်းမတ်တို့အပြင် ကနေဒါ၊ စပိန်နှင့် ဥရောပသမဂ္ဂမှ ခေါင်းဆောင်များသည် ယူကရိန်းထိပ်သီးဆွေးနွေးပွဲတွင် တက်ရောက်နေကြကြောင်း အက်စ်တိုးနီးယား၀န်ကြီးချုပ် ခရစ်တန်မီချယ်က ၎င်း၏ X ဆိုရှယ် မီဒီယာ၌ ကြေညာခဲ့ပါသည်။ 

စစ်ပွဲစတင်ကတည်းက သုံးနှစ်အတွင်း ယူကရိန်းသည် “ခံနိုင်ရည်ရှိခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ကို ကမ္ဘာကိုပြသခဲ့ပြီး ငြိမ်းချမ်းရေးအတွက် သတ်မှတ်ချက်များကို ဆုံးဖြတ်ရာ၌ ယူကရိန်းတစ်ခုတည်းအပေါ်သာ မူတည်သည်” ဟု ၎င်းက ရေးသားခဲ့သည်။ “ယူကရိန်း၏ အောင်ပွဲအတွက် ၎င်းတို့ကယုံကြည်ပြီး ဖြစ်မြောက်လာစေရန်အတွက် ထောက်ပံ့မှုများ ပိုမိုမြှင့်တင်ရမည်” ဟုလည်း ခရစ်တန်မီချယ်က ရေးသားခဲ့ပါသည်။

ကိုးကား-Myanmar National Post

ကုလသမဂ္ဂအထွေထွေညီလာခံတွင် ယူကရိန်းစစ်ပွဲအတွက် ရုရှားကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို အမေရိကန် ကန့်ကွက်မဲပေး

ယူကရိန်းကို ရုရှားကျူးကျော်မှုသုံးနှစ်ပြည့်သည့်နေ့တွင် ယူကရိန်းနှင့် ဥရောပသမဂ္ဂတို့က ရုရှားကို ရှုတ်ချကြောင်း အဆိုကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုခဲ့ပါသည်။ 

အီးယူ-ယူကရိန်း ပူးတွဲအဆိုကို အမေရိကန်၊ ရုရှား၊ ဘယ်လာရုစ်နှင့် မြောက်ကိုရီးယားတို့က ကန့်ကွက်မဲပေးခဲ့ကြပါသည်။ ၎င်းသည် အမေရိကန်အနေဖြင့် သမ္မတရွေးကောက်ပွဲ နောက်ပိုင်း မူဝါဒပိုင်း ထူးထူးခြားခြား ပြောင်းလဲသွားခြင်းဖြစ်ပြီး ယူကရိန်းကိုကျူးကျော်မှုအတွက် ရုရှားတွင် တာဝန်မရှိဟု ဆိုလိုခြင်းဖြစ်ပါသည်။

ရုရှားကိုရန်လိုသောနိုင်ငံအဖြစ် အမည်ပေးထားသည့် ယူကရိန်း-ဥရောပ ပူးတွဲအဆိုကို မဲခွဲရာတွင် နိုင်ငံပေါင်း ၉၃ နိုင်ငံက ထောက်ခံခဲ့ပြီး ရုရှားတပ်များကို ယူကရိန်းမှ ထွက်ခွာရန် တောင်းဆိုခဲ့ကာ အမေရိကန်နှင့် ရုရှားအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ကြပြီး ၆၅ နိုင်ငံက မဲမပေးဘဲ နေခဲ့ပါသည်။

ဖေဖော်ဝါရီ ၂၄ ရက်(တနင်္လာနေ့)တွင် အိမ်ဖြူတော်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ထရမ့်တို့ တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် G-7 ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကာ နေတိုးမဟာမိတ် အဖွဲ့၏ အနာဂတ်အပေါ် အမေရိကန်နှင့် ဥရောပနိုင်ငံများအကြား ကွာဟမှု ကြီးထွားလာနေချိန်တွင် ထိုသို့ မဲခွဲဆုံးဖြတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ-ဒေါ်လှမျက်ခြယ်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၁

သတင်းအပြည့်အစုံဆက်လက်ဖတ်ရှုရန်-https://www.theguardian.com/world/2025/feb/24/un-general-assembly-russia-ukraine-war

ရုရှား၊ အမေရိကန်၊ တရုတ် ၃ နိုင်ငံ ကာကွယ်ရေးအသုံးစရိတ်ကို ထက်ဝက် လျှော့ချရန် ပူတင်က သဘောတူညီပြီးနောက် တရုတ်က မိမိတို့အနေဖြင့် “လိုအပ်သလောက်သာ” အသုံးပြုကြောင်း ပြောကြား

ရုရှား၊ အမေရိကန်နှင့် တရုတ်တို့အနေဖြင့် ကာကွယ်ရေးအသုံးစရိတ်များကို ထက်ဝက်လျှော့ချ သုံးစွဲကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြံပြုချက်အပေါ် ပူတင်က ထောက်ခံခဲ့ပြီးနောက် မိမိတို့အနေဖြင့် “လိုအပ်သလောက်သာ” အသုံးပြုလျက်ရှိကြောင်း တရုတ်က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ရုရှားနိုင်ငံ၏ စစ်အသုံးစရိတ်သည် ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲစတင်ချိန်မှစ၍ များစွာမြင့်တက်ခဲ့သည့်နည်းတူ တရုတ်နိုင်ငံသည်လည်း ပြီးခဲ့သည့်နှစ်များအတွင်း အာရှ-ပစိဖိတ်ဒေသတွင်း တင်းမာမှုများကြောင့် ၎င်း၏ စစ်အသုံးစရိတ်မှာလည်း မြင့်တက်ခဲ့ရသည်။

တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုသာ အစဉ်ရှေးရှုဆောင်ရွက်လျက်ရှိကြောင်း၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်ရေး၊ လုံခြုံရေး၊ အကျိုးစီးပွားဖြစ်ထွန်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းမှုထိန်းသိမ်းရေးတို့အတွက် စစ်အသုံးစရိတ်ကို “လိုအပ်သလောက်သာ” သုံးစွဲလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်ရေးစွမ်းအား မြင့်မားရေးတို့ကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး မည်သည့်နိုင်ငံနှင့်မျှ လက်နက်အပြိုင်အဆိုင် တပ်ဆင်လိုခြင်းမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Lin Jian က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အဆိုပါ ပြောကြားချက်သည် ယူကရိန်းစစ်ပွဲအရေးနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပူတင်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း CNA သတင်းစာ မျက်နှာတွင် ဖော်ပြပါရှိပါသည်။

ကိုးကား- CNA

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊ နစက-၄

အီလွန်မက်အားနိုင်ငံသားအဖြစ်မှ ရုပ်သိမ်းပေးရန် ကနေဒါပြည်သူများ စုပေါင်းလက်မှတ်ရေးထိုးတင်ပြ

ကမ္ဘာကျော်ဘီလျံနာ သူဌေးကြီးအီလွန်မက်အား ကနေဒါနိုင်ငံသား အဖြစ်မှရုပ်သိမ်းရန် ကနေဒါနိုင်ငံသား ၂၀၀,၀၀၀ ကျော်က လက်မှတ်ရေးထိုး၍ ကနေဒါပါလီမန်သို့ အသနားခံစာတင်ပြထားကြောင်း သိရပါသည်။ 

ထိုတင်ပြစာတွင် အီလွန်မက်နှင့် ဒေါ်နယ်ထရမ့်အကြား မိတ်ဆွေဖြစ်နေမှုကို အပြစ်တင်ထားပြီး ဒေါ်နယ်ထရမ့်၏ ဒုတိယသမ္မတ သက်တမ်းအတွင်း ကနေဒါကို အမေရိကန်၏ ၅၁ ကြိမ်မြောက် ပြည်နယ်အဖြစ် သိမ်းပိုက်ရန် အဓိပ္ပာယ်ပေါက်သော ခြိမ်းခြောက်မှုများ မကြာခဏ ပြောဆို ခဲ့ခြင်းကြောင့် မက်၏နိုင်ငံသားအခွင့်အရေးကို ဖယ်ရှားရန် ဖော်ပြ တောင်းဆို ထားကြပါသည်။

အီလွန်မက်ကို ၁၉၇၁ ခုနှစ်တွင် တောင်အာဖရိက၌ မွေးဖွားခဲ့ပြီး မိခင်မှာ ကနေဒါနိုင်ငံသူဖြစ်သဖြင့် ၁၉၈၉ ခုနှစ် အလွယ်တကူ ကနေဒါ နိုင်ငံသားဖြစ်ခဲ့ကာ ၂၀၀၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသား ဖြစ်လာကြောင်း သိရပါသည်။ 

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်နှင့်ပူးတွဲ၍   ရုရှားဒေသတွင် အလူမီနီယမ်ထုတ်လုပ်နိုင်ရေး စဉ်းစားကြရန် ဗလာဒီမာပူတင် အကြံပြု

အမေရိကန်နှင့် ပူးတွဲ၍ Krasnoyarsk ဒေသတွင် အလူမီနီယမ် ထုတ်လုပ်မှု လုပ်ဆောင်ကြရန် စဉ်းစားနိုင်ကြောင်း ၊ အမေရိကန်အနေဖြင့် ထိုဒေသတွင် အလူမီနီယမ်သတ္တုတွင်းလုပ်ငန်းအတွက် ခန့်မှန်းခြေ ဒေါ်လာ ၁၅ ဘီလီယံ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က  VGTRK သတင်းထောက် Pavel Zarubin နှင့် အင်တာဗျူးတွင် ပြောကြားလိုက်ပါသည်။

“အမေရိကန်ကုမ္ပဏီများနှင့် ပူးပေါင်းပြီး Krasnoyarsk နယ်မြေမှာ အလူမီနီယမ်ပူးပေါင်း ထုတ်လုပ်နိုင်ကြောင်း၊ ဥပမာအားဖြင့် ဆိုဗီယက် ခေတ်ကာလအတွင်းက Krasnoyarsk ဒေသတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသစ်များနှင့် အလူမီနီယံထုတ်လုပ်သည့်စက်ရုံများ တည်ဆောက်ရန် စီစဉ်ခဲ့ဖူးကြောင်း” ရုရှားခေါင်းဆောင်က ပြောကြား ခဲ့သည်။

Krasnoyarsk သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးဖြစ်သည့် Krasnoyarsk အလူမီနီယမ်စက်ရုံ (KrAZ) တည်ရှိရာ ဒေသဖြစ်ကြောင်း၊ အဆိုပါအလူမီနီယမ် ထုတ်လုပ်သည့်စက်ရုံများ၏   ပြင်းထန်သော စွမ်းအင်ထုတ်လုပ်မှုများကြောင်း ၎င်းတို့ကို စွမ်းအားမြင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ အနီးတွင် ဆောက်လုပ်လေ့ရှိပါသည်။ 

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားအလူမီနီယံစက်ရုံများအတွက် သတ္တုရိုင်းသိုက်များမှာ ကာဇက်စတန်၊ အဇာဘိုင်ဂျန်နှင့် အခြားနိုင်ငံများသို့ ပါသွားသဖြင့် ရုရှားသည် အလူမီယမ် ကုန်ကြမ်းအရင်းအမြစ် များစွာ ဆုံးရှုံးခဲ့ရသည်။

လက်ရှိအချိန်တွင် Krasnoyarsk အလူမီနီယမ်ထုတ်လုပ်ရေးစက်ရုံ (KrAZ) သည် Krasnoyarsk ဒေသအတွက် လျှပ်စစ်ဓာတ်အား ၇၀ ရာခိုင်နှုန်း ထောက်ပံ့ပေးနေသည့် Krasnoyarsk ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအနီးတွင် လည်ပတ်နေပါသည်။ 

ကိုးကား-TASS

Photo: The New York Times

မော်စကိုသို့ လာရောက်ရန် စောလွန်းနေသည်ဟု ထရမ့်ပြောကြား

လာမည့် မေလ ၉ ရက်တွင် မော်စကိုသို့ သွားရောက်ရန် စောလွန်းနေသေးသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက   ဖော်ပြထားပါသည်။

သင့်တော်သောအချိန်၌ ရုရှားနိုင်ငံသို့ သွားရောက်ရန်ဆန္ဒရှိကြောင်း ၎င်းက ထပ်မံပြောကြားထားကြောင်း အဆိုပါသတင်းဌာန ဖော်ပြချက်အရ သိရပါသည်။

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပမည့် ရုရှားနိုင်ငံ၏ သမိုင်းဝင် Victory Day အခမ်းအနားသို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့် တက်ရောက်မည်ဆိုပါက လှိုက်လှဲစွာ ကြိုဆိုမည်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားထားပါသည်။

ကိုးကား- TASS

ပူတင်က ၎င်းကို လေးစားစွာ ဆက်ဆံခဲ့ဟု ထရမ့်ဆို

ဒေါ်နယ်ထရမ့်က လွန်ခဲ့သောလအတွင်း ပူတင်နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ရာ၌ ပူတင်က ၎င်းအား လေးစားစွာပြောဆိုဆက်ဆံခဲ့ကြောင်းနှင့် ပူတင်သည် ယူကရိန်းနှင့် ပဋိပက္ခအား အမှန်တကယ် အဆုံးသတ်နေလိုပြီး ဝါရှင်တန်နှင့်မော်စကိုအကြား ပုံမှန်ဆက်ဆံရေးဖြစ်လာစေရန် ဆန္ဒရှိနေကြောင်း ရှင်းလင်းစွာပြောကြားခဲ့သည်ဟု ဆိုပါသည်။

ဘိုင်ဒင်လက်ထက်တွင် ဝါရှင်တန်နှင့်မော်စကိုတို့ ဆက်ဆံရေး ပျက်စီးခဲ့ရသော်လည်း ထရမ့် ဒုတိယအကြိမ် ပြန်လည်တာဝန်ယူပြီးနောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်လာ ခဲ့သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထရမ့်နှင့် ပူတင်တို့ တယ်လီဖုန်းမှတစ်ဆင့် စကားပြောဆိုပြီးနောက် လွန်ခဲ့သည့် သီတင်းပတ်အတွင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့တွင် ရုရှား-အမေရိကန် အဆင့်မြင့် အစည်းအဝေးများ ကျင်းပခဲ့သည်။ ပူတင်က ဆွေးနွေးမှုများကို ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် “ပထမဆုံးခြေလှမ်း” အဖြစ်ဖော်ပြခဲ့ပြီး ထရမ့်ကလည်း ထိုအမြင်ကို ထပ်လောင်းအတည်ပြုခဲ့သည်။

ထရမ့်က ၎င်း၏ Social Media ‘Truth’ တွင် ဗလာဒီမာပူတင်နှင့် ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်ရေး ဆွေးနွေးမှုများနှင့်အတူ အမေရိကန်-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း ရေးသားဖော်ပြခဲ့သည်။

ထရမ့်၏ ပြောဆိုမှုများကို ပူတင်က အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

မြေရှားသတ္ထုလုပ်ငန်းများတွင် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိဟု ပူတင်ပြောကြား

မော်စကိုသည် ဒိုနက်စ်နှင့် လူဂန်းစ်ပြည်သူ့သမ္မတနိုင်ငံများ၊ ခေါ်ဆွန်းနှင့် ဇာပိုရိုဇီးယားဒေသများအပါအဝင် ရှားပါးသတ္တုသယံဇာတများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝါရှင်တန်နှင့် ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ယူကရိန်းကို တွန်းအားပေးနေသည့် မြေရှားသတ္တုသဘောတူညီချက်သည် မော်စကိုနှင့် မသက်ဆိုင် ကြောင်း ပူတင်က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် Russia 1 TV သတင်းထောက် Pavel Zarubin နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြား ခဲ့သည်။

ယူကရိန်း၏ ရှားပါးသတ္တုတွင်းများ၏ လက်တွေ့တန်ဖိုးကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရုရှားခေါင်းဆောင်က မှတ်ချက်ပြုခဲ့သည်။

မော်စကိုသည် စီးပွားရေး ကဏ္ဍအမျိုးမျိုးတွင် ၎င်းတို့၏ အရေးပါမှုကြောင့် ရှားပါးသတ္တုသယံဇာတများ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အကယ်၍ အမေရိကန်က ပူးပေါင်းလုပ်ဆောင်ရန် စိတ်ဝင်စားပါက ရုရှားအနေဖြင့် အမေရိကန်လုပ်ဖော်ကိုင်ဖက်များအား ပံ့ပိုးပေးရန် အသင့်ရှိပါသည်” ဟု ပူတင်က ပြောကြားခဲ့ပြီး ၎င်း၏ဆိုလိုရင်းမှာ ပုဂ္ဂလိက နှင့် အစိုးရကုမ္ပဏီများ နှစ်မျိုးလုံးကို ရည်ညွှန်းကြောင်း ပူတင်က ပြောကြားခဲ့သည်။

ရှားပါးသတ္တုသယံဇာတ ကြွယ်ဝမှုအားဖြင့် ကမ္ဘာ့ဦးဆောင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ရုရှားသည် ၎င်း၏သတ္တုတွင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော ဆန္ဒခံယူပွဲများအပြီး ရုရှားဖက်ဒရေးရှင်း တွင် ပါဝင်ခဲ့သည့် ဒိုနက်စ်နှင့် လူဂန်းစ်ပြည်သူ့သမ္မတနိုင်ငံများ၊ ခေါ်ဆွန်း နှင့် ဇာပိုရိုဇီးယားဒေသများ၌ ရှားပါးသတ္ထုသယံဇာတ အရင်းအမြစ်များ များစွာတည်ရှိနေသည်။

Forbes မှ ၂၀၂၃ ခုနှစ်တွင် ယူကရိန်း၏ သတ္တုသယံဇာတများ၏ စုစုပေါင်းတန်ဖိုးကို ဒေါ်လာ ၁၅ ထရီလီယံနီးပါးဟု ခန့်မှန်းထားသော်လည်း စုစုပေါင်းသတ္တုသယံဇာတကြွယ်ဝမှု၏ တစ်ဝက်နီးပါးသည် ဒိုနက်စ်နှင့် လူဂန်းစ်ပြည်သူ့သမ္မတနိုင်ငံများတွင် တည်ရှိနေသည်။

ကိုးကား- RT