မော်စကိုသို့ လာရောက်ရန် စောလွန်းနေသည်ဟု ထရမ့်ပြောကြား
လာမည့် မေလ ၉ ရက်တွင် မော်စကိုသို့ သွားရောက်ရန် စောလွန်းနေသေးသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
သင့်တော်သောအချိန်၌ ရုရှားနိုင်ငံသို့ သွားရောက်ရန်ဆန္ဒရှိကြောင်း ၎င်းက ထပ်မံပြောကြားထားကြောင်း အဆိုပါသတင်းဌာန ဖော်ပြချက်အရ သိရပါသည်။
၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပမည့် ရုရှားနိုင်ငံ၏ သမိုင်းဝင် Victory Day အခမ်းအနားသို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့် တက်ရောက်မည်ဆိုပါက လှိုက်လှဲစွာ ကြိုဆိုမည်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃
MM-News-Category