အီလွန်မက်အားနိုင်ငံသားအဖြစ်မှ ရုပ်သိမ်းပေးရန် ကနေဒါပြည်သူများ စုပေါင်းလက်မှတ်ရေးထိုးတင်ပြ
ကမ္ဘာကျော်ဘီလျံနာ သူဌေးကြီးအီလွန်မက်အား ကနေဒါနိုင်ငံသား အဖြစ်မှရုပ်သိမ်းရန် ကနေဒါနိုင်ငံသား ၂၀၀,၀၀၀ ကျော်က လက်မှတ်ရေးထိုး၍ ကနေဒါပါလီမန်သို့ အသနားခံစာတင်ပြထားကြောင်း သိရပါသည်။
ထိုတင်ပြစာတွင် အီလွန်မက်နှင့် ဒေါ်နယ်ထရမ့်အကြား မိတ်ဆွေဖြစ်နေမှုကို အပြစ်တင်ထားပြီး ဒေါ်နယ်ထရမ့်၏ ဒုတိယသမ္မတ သက်တမ်းအတွင်း ကနေဒါကို အမေရိကန်၏ ၅၁ ကြိမ်မြောက် ပြည်နယ်အဖြစ် သိမ်းပိုက်ရန် အဓိပ္ပာယ်ပေါက်သော ခြိမ်းခြောက်မှုများ မကြာခဏ ပြောဆို ခဲ့ခြင်းကြောင့် မက်၏နိုင်ငံသားအခွင့်အရေးကို ဖယ်ရှားရန် ဖော်ပြ တောင်းဆို ထားကြပါသည်။
အီလွန်မက်ကို ၁၉၇၁ ခုနှစ်တွင် တောင်အာဖရိက၌ မွေးဖွားခဲ့ပြီး မိခင်မှာ ကနေဒါနိုင်ငံသူဖြစ်သဖြင့် ၁၉၈၉ ခုနှစ် အလွယ်တကူ ကနေဒါ နိုင်ငံသားဖြစ်ခဲ့ကာ ၂၀၀၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသား ဖြစ်လာကြောင်း သိရပါသည်။
ကိုးကား- The Guardian
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃