သတင်းများ

အမေရိကန်က ပြည်ပသို့ အကူအညီပေးမှုအား များစွာလျှော့ချခြင်းသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနှင့် ဆန့်ကျင်နေကြောင်း ဂူတာရက်စ်ဆို

ကုလသမဂ္ဂ၊ မတ် ၁ ရက် 

အမေရိကန်က ပြည်ပသို့ အကူအညီပေးမှုအား များစွာလျှော့ချခြင်းသည် ကမ္ဘာ့အထိခိုက်လွယ်ဆုံးအုပ်စုအပေါ် ဆိုးရွားသည့် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်စေပြီး အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနှင့် ဆန့်ကျင်နေကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဆုံးဖြတ်ချက်အား ပယ်ဖျက်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဂူတာရက်စ်က ထိုနေ့တွင် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကုလ သမဂ္ဂအဖွဲ့အစည်းများနှင့် အချို့သော အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် လွန်ခဲ့သည့် နှစ်ရက်အတွင်း အမေရိကန်က ငွေအရင်းအနှီး များစွာလျှော့ချမည့် အသိပေးချက်ကို လက်ခံရရှိခဲ့ရာ ယင်းအပေါ် ၎င်းက များစွာ စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ အဆိုပါလုပ်ရပ်သည် လူသားချင်းစာနာမှု အကူအညီ၊ သဘာဝဘေးအန္တရာယ် လျှော့ချရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါး ရောင်းချမှု တိုက်ဖျက်ရေး စသည်တို့အပါအဝင် အဓိက စီမံကိန်းများစွာအပေါ် သက်ရောက်မှုရှိကာ ကမ္ဘာ့အထိခိုက်လွယ်ဆုံးအုပ်စုအပေါ် ဖျက်ဆီးနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးဖြစ်စေနိုင်ကြောင်း၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ယူကရိန်း၊ တောင်ဆူဒန် စသည့် နိုင်ငံ များ၏ လူသားချင်းစာနာမှု အကူအညီလှုပ်ရှားမှုများအပေါ် အတိုင်းအတာမတူသော ထိုးနှက်မှုများ ဖြစ်စေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်မှ ပြည်ပသို့ အကူအညီပေးမှုများ လျှော့ချခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေး၊ လုံခြုံရေး၊ စည်ပင်ဝပြောမှုကို ထိခိုက်စေနိုင်ကြောင်း၊ အမေရိကန်က ကမ္ဘာ့လူသားချင်းစာနာမှုလုပ်ငန်းတွင် ပါဝင်သည့် အခန်းကဏ္ဍနှင့် အကျိုးသက်ရောက်မှုကို လျှော့ချခြင်းသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနှင့်ဆန့်ကျင်နေကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် သေချာစဉ်းစား၍ သက်ဆိုင်ရာဆုံးဖြတ်ချက်အား ပယ်ဖျက်ရန်မျှော်လင့်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။

ကိုးကား- ဆင်ဟွာ

ယူကရိန်းကို စစ်ရေးအကူအညီထောက်ပံ့နေမှု ဖြတ်တောက်မည့် အစည်းအဝေး ဒေါ်နယ်ထရမ့်က မတ် ၃ ရက်တွင် ပြုလုပ်မည်

ယူကရိန်းနှင့်ပတ်သက်၍ အရေးယူနိုင်ဖွယ်ရာ အစီအမံများကို ဆွေးနွေးမည့် အစည်းအဝေးတစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က ၎င်း၏ အမျိုးသားလုံခြုံရေးအဖွဲ့နှင့်အတူ မတ်လ ၃ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦး ပြောကြားချက်ကို ကိုးကား၍ The New York Times က ဖော်ပြထားပါသည်။

အဆိုပါသတင်းစာအရ ထိုအစည်းအဝေးတွင် ယခင်က သဘောတူညီထားသော အမေရိကန်က ယူကရိန်းအား စစ်ရေးအကူအညီများ ပေးအပ်နေခြင်းအစီအစဉ်ကို ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့ ပါဝင်နိုင်ကြောင်း သိရပါသည်။ 

ထိုအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိတ်ဟက်ဆင်လည်း တက်ရောက်မည်ဖြစ်ကြောင်း The New York Times က ဖော်ပြထားပါသည်။

ကိုးကား- TASS         

Photo: Mehr News Agency

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃  

ဗြိတိန်၊ ပြင်သစ် နှင့် ယူကရိန်းတို့က ငြိမ်းချမ်းရေးသဘောတူညီချက်ကို အမေရိကန်ကို တင်ပြသွားမည်

ဗြိတိန်နှင့် ပြင်သစ်အစိုးရတို့သည် ရုရှားနှင့် ယူကရိန်းကြား ဖြစ်ပွားနေသည့် စစ်ပွဲအဆုံးသတ်ရန်အစီအစဉ်များအတွက် ယူကရိန်းနှင့်အတူ လက်တွဲ လုပ်ဆောင်နေကြောင်း ဗြိတန်ဝန်ကြီးချုပ် ကီယာစတာမာက ထုတ်ပြန် ပြောကြားခဲ့ပါသည်။ ထို့အပြင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် အတူတကွ လက်တွဲလုပ်ဆောင်ကြရန် ကမ္ဘာ့ခေါင်းဆောင်များကို ကီယာစတာမာက တိုက်တွန်းခဲ့ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတဇီလန်စကီးတို့ကြား ဖြစ်ပွားခဲ့သည့် အချေအတင် ပြောဆိုမှု ကဲ့သို့သော မြင်ကွင်းများကို မည်သူကမှ မမြင်ချင်ကြကြောင်း ပြောဆိုခဲ့ပါသည်။ ကီယာစတာမာက “မိမိတို့အားလုံး ပူးပေါင်း ဆောင်ရွက်နိုင်သည့်နည်းလမ်း

ဗြိတိန်နှင့် ပြင်သစ်အစိုးရတို့သည် ရုရှားနှင့် ယူကရိန်းကြား ဖြစ်ပွားနေသည့် စစ်ပွဲအဆုံးသတ်ရန်အစီအစဉ်များအတွက် ယူကရိန်းနှင့်အတူ လက်တွဲ လုပ်ဆောင်နေကြောင်း ဗြိတန်ဝန်ကြီးချုပ် ကီယာစတာမာက ထုတ်ပြန် ပြောကြားခဲ့ပါသည်။ ထို့အပြင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် အတူတကွ လက်တွဲလုပ်ဆောင်ကြရန် ကမ္ဘာ့ခေါင်းဆောင်များကို ကီယာစတာမာက တိုက်တွန်းခဲ့ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတဇီလန်စကီးတို့ကြား ဖြစ်ပွားခဲ့သည့် အချေအတင် ပြောဆိုမှု ကဲ့သို့သော မြင်ကွင်းများကို မည်သူကမှ မမြင်ချင်ကြကြောင်း ပြောဆိုခဲ့ပါသည်။ ကီယာစတာမာက “မိမိတို့အားလုံး ပူးပေါင်း ဆောင်ရွက်နိုင်သည့်နည်းလမ်းကို ရှာဖွေရပါမည်။ အဘယ့်ကြောင့်ဆိုသော် ယူကရိန်း ပဋိပက္ခဖြစ်ပွားခြင်းသည် သုံးနှစ် ပြည့်ပြီဖြစ်ကြောင်း။ လက်ရှိအချိန်တွင် အပြီးသတ်ငြိမ်းချမ်းရေးကို ရရှိရန် လိုအပ်ကြောင်း၊ ဗြိတိန်နှင့် ပြင်သစ် တို့သည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအစီအစဉ်များအတွက် ယူကရိန်း နှင့်အတူ လက်တွဲလုပ်ဆောင်နေပါကြောင်း၊ အဆိုပါအစီအစဉ်ကိုအမေရိကန်နိုင်ငံနှင့်အတူ ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း” ပြောခဲ့ပါသည်။

ထို့အပြင် အနောက်အုပ်စုပြိုကွဲမှုအန္တရာယ်ကို ရှောင်ရှားနိုင်ရန် အလွန် အရေးကြီးသည်ဟု အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက ကီယာ စတာမာနှင့် တွေ့ဆုံချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်းလည်း သိရပါသည်။

ကိုးကား-NP News

ယူကရိန်းကို ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်မည်ဟု ဥရောပသမဂ္ဂဆို

အမေရိကန်နိုင်ငံ အိမ်ဖြူတော်၌ အမေရိကန်သမ္မတနှင့် ယူကရိန်းသမ္မတ ဇီလန်းစကီးအကြား အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာ တွင် ဥရောပထိပ်သီးအစည်းအဝေးကို ဗြိတိန်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ ယင်းအစည်းဝေးကို ဥရောပသမဂ္ဂ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen အပြင် ဗြိတိန်၊ အီတလီ၊ ကနေဒါ နိုင်ငံတို့မှ ဥရောပ၏ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရှိရပြီး ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌက ၎င်းတို့အနေဖြင့် ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့သည် ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲ အချိန်ပိုကြာရန် လိုလားနေကြပြီး စစ်ပွဲကို ဆက်လက်ရှည်ကြာစေရန် လုပ်ဆောင်နေကြသည်ဟု ဝေဖန်ခဲ့ပါသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံတို့သည် ၂၀၂၂ ခုနှစ်တွင်စတင်ခဲ့ပြီး လက်ရှိ အချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးသော တိုက်ပွဲများအကြား နှစ်နိုင်ငံပြည်သူများအနေဖြင့် စစ်ပွဲ၏အကျိုးသက်ရောက်မှုများ ခံစားနေရဆဲပင်ဖြစ်သည်။ အမေရိကန်သမ္မတ အပြောင်းအလဲဖြစ်လာခဲ့ပြီးနောက် သမ္မတထရမ့်သည် ယူကရိန်းကို စစ်ရေးကူညီ ထောက်ပံ့ပေးခြင်း ရပ်ဆိုင်းမှုအပါအဝင် စစ်ပွဲအပစ်ခတ်ရပ်စဲရေးအတွက် ဇီလန်စကီး နှင့်ဆွေးနွေးခဲ့ရာ အငြင်းပွားမှုများဖြစ်ခဲ့ကြောင်း သိရသည်။ သို့သော် ဗြိတိန်အပါအဝင် ဥရောပသမဂ္ဂနိုင်ငံအချို့သည် ယူကရိန်းကို ကူညီထောက်ပံ့ပေးခြင်းများ ဆက်လက်လုပ်ဆောင်ရန် ကတိပြုထားကြောင်း သိရှိရပါသည်။

ကုလသမဂ္ဂနှင့် နေတိုးအဖွဲ့နှစ်ဖွဲ့စလုံးမှ နုတ်ထွက်မည့် အမေရိကန်၏အကြံအစည်ကိုထောက်ခံဟု အီလွန်မက်ပြော

နယူးယောက်၊ နိုင်ငံရေး

အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂနှင့် နေတိုးအဖွဲ့နှစ်ဖွဲ့စလုံးမှ   နုတ်ထွက်မည့် အကြံအစည်ကိုထောက်ခံကြောင်း အီလွန်မက်က ပြောကြားခဲ့ကြောင်းသိရသည်။

အမေရိကန်ပြည်ထောင်စုသည် ကုလသမဂ္ဂအဖွဲ့နှင့် အခြားဆက်နွှယ်နေသည့် အဖွဲ့အစည်းများသို့ ငွေကြေးအများအပြား ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ထို့ကြောင့်  ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများမှ အမေရိကန်က နုတ်ထွက်မည့်အကြံအစည်အား ထောက်ခံခြင်းဖြစ်ကြောင်း မက်က ၎င်း၏ဆိုရှယ်မီဒီယာတွင်မေးမြန်းမှုတစ်ခုအား မတ်လ ၂ ရက်က တုံ့ပြန်ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလစ်ကန်အမတ်များသည် ကုလသမဂ္ဂနှင့် နေတိုးအဖွဲ့တို့မှ နုတ်ထွက်ရန်အတွက် ပြန်လည်သုံးသပ်ရန် အစောပိုင်းက ထုတ်ဖော်ပြောကြားထားသည်။

ထို့ပြင် ကုလသမဂ္ဂအဖွဲ့သည် အားနည်းပြီးစွမ်းဆောင်မှုမရှိသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ထရမ့်က ၎င်း၏ ၂၀၁၆ ခုနှစ် ပထမသက်တမ်းအတွက် မဲဆွယ်ပွဲတစ်ခုတွင်ပြောဆိုခဲ့ပြီး ယူကရိန်းနိုင်ငံအတွင်းမှ ရုရှားတပ်များအား ချက်ချင်းရုပ်သိမ်းပေးရန် တောင်းဆိုသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တစ်ရပ်ကို ပြီးခဲ့သည့်လအတွင်းက ဆန့်ကျင်ခဲ့ကြောင်းသိရသည်။

အီလွန်မက်သည် လက်ရှိတွင် ထရမ့်၏အရေးပါသည့်အကြံပေးတစ်ဦးအဖြစ် တာဝန်ယူလျက်ရှိပြီး  အစိုးရ၏အသုံးစရိတ်များအား လျှော့ချရာတွင် ဦးဆောင်နေသူဖြစ်သည်။

Source: https://myawady.net.mm/

မြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တနင်္လာနေ့ ၊ မော်စကို စံတော်ချိန် ၁၃၀၀ အချိန်တွင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထားပါသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရုရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Maxim Reshetnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များက ကြိုဆိုခဲ့ကြသည်။

ထို့အပြင် မော်စကိုရှိ မြန်မာသံရုံးမှ သံတမန်များနှင့်အတူ ရုရှားနိုင်ငံ၏ နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ သမ္မတအထူး ကိုယ်စားလှယ် Mikhail Bogdanov တို့လည်း ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

မတ်လ ၄ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် စီစဉ်ထားပါသည်။

မြန်မာ- ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး အပြန်အလှန် အကျိုးရှိမှု ပိုမိုတိုးတက်လာစေရေးအပြင် ရေပန်းစားနေသော အပြည်ပြည်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ကရင်မလင် က ကြေညာထားပါသည်။ တွေ့ဆုံဆွေးနွေးမှုများအပြီး အစိုးရအဆင့်နှင့် ဌာနဆိုင်ရာအဆင့် သဘောတူညီမှုများစွာကို လက်မှတ်ရေးထိုးပြီး နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်မည့် အစီအစဉ်ရှိကြောင်း သိရပါသည်။

မြန်မာနိုင်ငံနှင့် ရုရှားခေါင်းဆောင်တို့သည် ၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံ၏ အရှေ့ဖျားမြို့ Vladivostok ၌ ကျင်းပသည့် အရှေ့ဖျား စီးပွားရေးဖိုရမ် (Eastern Economic Forum) တွင် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါသည်။

Trump နှင့် Zelensky တို့အကြား ပဋိပက္ခက ယူကရိန်းသည် ငြိမ်းချမ်းရေးကို မလိုလားကြောင်း ပြသနေ

အမေရိကန်သမ္မတ Donald Trump နှင့် ယူကရိန်းခေါင်းဆောင် Vladimir Zelensky တို့အကြား လွန်ခဲ့သောသီတင်းပတ်က White House တွင် ဖြစ်ပွားခဲ့သော အများသိ ပဋိပက္ခသည် ယူကရိန်းသည် ရုရှားနှင့် ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန် အမှန်တကယ် စိတ်မဝင်စားကြောင်း ပြသနေသည်ဟု Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၈ ရက်(သောကြာ)နေ့က Zelensky ၏ White House ခရီးစဉ်တွင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးဆွေးနွေးစဉ် မီဒီယာများရှေ့၌ အမေရိကန်သမ္မတ၊ ဒုတိယသမ္မတတို့နှင့် အပြင်းအထန် ငြင်းခုံပြီးနောက် ဆွေးနွေးမှုပျက်ပြယ်သွားခဲ့ရသည်။ တင်းမာမှုများဖြင့် ပြည့်နေသော အစည်းအဝေးအတွင်း Donald Trump နှင့် J.D. Vance တို့က ယူကရိန်းခေါင်းဆောင်အား ရုရှားနှင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးရန် ငြင်းဆန်ခြင်းဖြင့် “တတိယကမ္ဘာစစ်ကို ဦးတည်နေသည်” ဟု စွပ်စွဲခဲ့ ကြသည်။ ထို့အပြင် Washington က Kiev အား ကြီးမားသော စစ်ရေးအကူအညီများ ပေးခဲ့သော်လည်း ကျေးဇူးမသိတတ်ဘဲ မလေးမခန့် ပြုမူသည်ဟု ၎င်းတို့က ဝေဖန်ခဲ့ကြသည်။

ပြင်းထန်သော အငြင်းပွားမှုအတွင်း Zelensky က မော်စကိုနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ထပ်မံငြင်းဆန်ခဲ့ပြီး အမေရိကန်ထံမှ လုံခြုံရေး အာမခံချက်များ တောင်းဆိုခဲ့ကာ ယူကရိန်းတပ်ဖွဲ့များသည် အင်အား လျော့နည်းလာနေသည်ဟူသောအချက်ကို ငြင်းဆိုခဲ့သည်။

“Washington ၏ ကြိုးပမ်းမှုများနှင့် Moscow ၏ အသင့်ရှိမှု တစ်ခုတည်းသည် စစ်ပွဲကို ရပ်တန့်ရန် လုံလောက်မည်မဟုတ်ဘဲ ကိယက်ဗ်၏ စိတ်ပါဝင်စားမှုမရှိခြင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်နေစေသည်။

ဘဲဥပုံခန်းမတွင် ယူကရိန်းခေါင်းဆောင်၏ ပြုမူပုံသည် ယူကရိန်းနှင့် ပတ်သက်သည့် အရေးကိစ္စကို ဖြေရှင်းရန် လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် မည်မျှခက်ခဲမည်ကို ပြသနေသည်” ဟု Peskov က ပြောကြားခဲ့သည်။

White House တွင် ဖြစ်ပွားခဲ့သော အငြင်းပွားမှုသည် “အလွန်ထူးခြားသော ဖြစ်ရပ်တစ်ခု” ဖြစ်ပြီး ယူကရိန်းခေါင်းဆောင်သည် “သံတမန်ရေးဆိုင်ရာ ကျွမ်းကျင်မှု လုံးဝမရှိကြောင်း ပြသနေသည်” ဟု Peskov က မှတ်ချက်ပြုခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ပူတင်သည်သာ “လွတ်လပ်သော အနာဂတ်ကမ္ဘာကို ဦးဆောင်သူ" ဖြစ်သင့်သည်ဟု ရုရှားသမ္မတဟောင်း ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် “လွတ်လပ်သော အနာဂတ်ကမ္ဘာကို ဦးဆောင်သူ” ဖြစ်သင့်သည်ဟု ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗ်ဒက် က ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံဆိုင်ရာ ဝါရှင်တန်၏ မူဝါဒပြောင်းလဲမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် EU သည် အမေရိကန်ထံမှ တာဝန်ကိုလွှဲယူရမည်ဟု အဆိုပြုခဲ့သော EU ၏ အဆင့်မြင့် သံတမန် Kaja Kallas ၏ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် မက်ဗ်ဒက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်(သောကြာနေ့)တွင် Kallas သည် အခြား EU ခေါင်းဆောင်များနှင့်အတူ ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီး အား ၎င်းတို့က အခိုင်အမာထောက်ခံကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ ဇီလန်းစကီးသည် သောကြာနေ့တွင် အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အပြင်းအထန် ငြင်းခုံပြောဆိုခဲ့ကာ ထရမ့်က ဇီလန်စကီးအား အမေရိကန်အကူအညီအတွက် ကျေးဇူးမသိတတ်ဘဲ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ညှိနှိုင်းရန်မလိုလားကြောင်း စွပ်စွဲခဲ့သည်။ ထိုအချိန်တွင် ယူကရိန်းခေါင်းဆောင်က ဝါရှင်တန်အား ကိယက်ဗ် အတွက် စစ်ရေးထောက်ပံ့မှုကို ဆက်လက်ပေးအပ်ရန် တိုက်တွန်းခဲ့ပြီး ထိုသို့မပြုလုပ်ပါက အမေရိကန်အတွက် အနှုတ်သဘော သက်ရောက်မှုသာ ရှိလာနိုင်ကြောင်း သတိပေးခဲ့သည်။

Kallas က ထရမ့်အား ဝေဖန်ပြောဆိုခဲ့ကာ “ယူကရိန်းသည် ဥရောပ ဖြစ်ပြီး မိမိတို့သည် ယူကရိန်းဘက်မှ ရပ်တည်လျက်ရှိကြောင်း၊ ယူကရိန်း အား စစ်ရေးထောက်ပံ့မှုကို တိုးမြှင့်ပေးမည်ဖြစ်ပြီး ကျူးကျော်သူကို ဆက်လက်တိုက်ထုတ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကာ ယနေ့တွင် လွတ်လပ်သောကမ္ဘာသည် ခေါင်းဆောင်အသစ် လိုအပ်နေပြီ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လာရကြောင်း၊ အဆိုပါစိန်ခေါ်မှုကို ဥရောပသား များက လက်ခံရန်တာဝန်ရှိကြောင်း” ပြောဆိုခဲ့သည်။

မတ်လ ၁ ရက် (စနေနေ့)တွင် RIA Novosti သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသော မက်ဗ်ဒက်က “လွတ်လပ်သော အနာဂတ်ကမ္ဘာကို ဦးဆောင်သူ” သည် အမေရိကန်မှ အခြားတစ်ဦးထံသို့ လွှဲပြောင်းပေးသင့်သော်လည်း ၎င်းသည် EU မှ မထိုက်တန်ကြောင်းနှင့် ဗလာဒီမာပူတင်သာ အထိုက်တန်ဆုံးဖြစ်သည် ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ထရမ့်ကို လေးစားကြောင်း ဇီလန်စကီးပြောကြား

“ယူကရိန်းနှင့် အမေရိကန်တို့သည် ရုရှားနှင့်ဆန့်ကျင်ဘက် တစ်ဖက်တည်း တွင် ရှိနေရမည်” ဟု ယူကရိန်းသမ္မတ ဇီလန်စကီး က Fox News ကို ပြောကြားခဲ့ပါသည်။

 “အမေရိကန် သမ္မတက ယူကရိန်းတို့ဘက်မှာ ရှိနေမည်ဟု မျှော်လင့် မိကြောင်းနှင့် အဆိုပါအချက်သည် ရုရှား သမ္မတ ဗလာဒီမာပူတင်ကို ရပ်တန့်ရန်အတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်ကြောင်း" ၎င်းက ပြောကြားခဲ့သည်။

ဇီလန်စကီးက ပူတင်သည် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း အခိုင်အမာ ပြောကြား ခဲ့သည်။

“ဘဲဥပုံရုံးတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဒေါ်နယ်ထရမ့် အား တောင်းပန်ရန် အကြွေးတင်နေသလား” ဟု မေးမြန်းချက်အပေါ် ဇီလန်စကီးက အဆိုပါမေးခွန်းကို တိုက်ရိုက်ဖြေကြားခြင်းမရှိပေ။

“မိမိအနေဖြင့်က အမေရိကန်သမ္မတကို လေးစားပြီး အမေရိကန်ပြည်သူ များကို လေးစားပါကြောင်း” ၎င်းက ပြန်လည်ဖြေကြားခဲ့ပါသည်။

သို့သော် “မိမိအနေဖြင့် ပိုမိုပွင့်လင်းပြီး ပိုမို ရိုးသားမှုရှိရန် လိုအပ်သည်ဟု ထင်မြင်ကြောင်း၊ မိမိတို့အနေဖြင့် မကောင်းသည့်ကိစ္စတစ်ခုခု လုပ်ခဲ့မိသလား ဆိုသည်မှာ မသေချာကြောင်း” ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ကိုးကား- BBC News

အမေရိကန်က ယူကရိန်း၏ ဓာတ်အားပေး တာဝါတိုင်များ ပြုပြင်ရေးအတွက် ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံထားသည့် အစီအစဉ်ကို ဖျက်သိမ်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ရုရှား၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ယူကရိန်း၏ ဓာတ်အားပေးတာဝါတိုင်များပြုပြင်ရေးအတွက် ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံထားသည့် USAID ၏ အစီအစဉ်ကို ယခုသီတင်းပတ်အတွင်း ဖျက်သိမ်းခဲ့သည်ဟု USAID အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။

ရုရှားက ယူကရိန်း၏ စွမ်းအင်စက်ရုံများကို တိုက်ခိုက်ခဲ့သဖြင့် ယူကရိန်း ၏ အချို့နေရာဒေသများတွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက် ခဲ့သည်။ ရုရှားနှင့်စစ်ပွဲဖြစ်ပွားနေသည့် ၃ နှစ်အတွင်း ယူကရိန်း၏ ဓာတ်အားပေးစနစ်များသည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပွား ခဲ့သည်။

“ယခုလို ဖျက်သိမ်းလိုက်ခြင်းသည် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရအဖွဲ့၏ လုပ်နိုင်စွမ်းများကို လျော့ကျစေပါကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် ယူကရိန်း သို့မဟုတ် မိမိတို့ ယခင်က ရင်းနှီး မြှုပ်နှံမှုများကို ဂရုမစိုက်ကြောင်း ရုရှားသိစေရန် အချက်ပြလိုက်ခြင်း ဖြစ်ပါကြောင်း” ယူကရိန်းမစ်ရှင်တွင် ပါဝင်ခဲ့သည့် USAID အရာရှိ တစ်ဦး က NBC News ကို ပြောကြားခဲ့သည်။

“ရုရှားက ယူကရိန်းကို စစ်ပွဲနှစ်ခု ဆင်နွှဲနေခြင်းဖြစ်ကြောင်း၊ တစ်ခုက စစ်ရေးဖြစ်ပြီး နောက်တစ်ခုက စီးပွားရေးစစ်ပွဲဖြစ်ကြောင်း၊ ရုရှားက ယူကရိန်း၏ စီးပွားရေးကို နှိပ်ကွပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ သို့သော် ယူကရိန်း၏ ဓာတ်အားပေးလိုင်းများ အပါအဝင် ယူကရိန်း၏ စီးပွားရေးကို ကြံ့ကြံ့ခံနိုင်စေရန်အတွက် USAID က အဓိကအခန်း ကဏ္ဍ ကနေ ပါဝင်ခဲ့ကြောင်း၊ ယူကရိန်းအစိုးရကို စီးပွားရေး အကျပ်အတည်း မဖြစ်စေရန်အတွက် USAID က အများကြီး ထောက်ပံ့ပေးခဲ့ကြောင်း” အဆိုပါ အရာရှိက ပြောကြားခဲ့သည်။

ထရမ့်အစိုးရအဖွဲ့သည် USAID ၏ ယူကရိန်းစွမ်းအင်လုံခြုံရေး စီမံကိန်းကို အဆုံးသတ်လိုက်သည့်အပြင် ယူကရိန်းတွင် စီမံလုပ်ဆောင်နေသည့် USAID ၏ အစီအစဉ်များကိုလည်း လျှော့ချနေသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ချက်ချင်း တုံ့ပြန်ခဲ့ခြင်းမရှိပေ။

ကိုးကား-NBC News