သတင်းများ

ဆီးရီးယားအစိုးရသစ်က နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ခန့်အပ်

ဆီးရီးယားအုပ်ချုပ်သူများက သမ္မတ Bashar al-Assad အစိုးရကို ဖြုတ်ချခဲ့သည့်အုပ်စုနှင့်ဆက်စပ်နေသောသူများကို နိုင်ငံခြားရေးနှင့်ကာကွယ်ရေးဝန်ကြီးများအဖြစ် ခန့်အပ်လိုက်ပါသည်။

Hayat Tahrir al-Sham (HTS) သူပုန်အဖွဲ့ ခေါင်းဆောင် Abu Mohammed al-Jolani သည် ယာယီအစိုးရ၏ ဝန်ကြီးအဖွဲ့သစ် ဖွဲ့စည်းရန် အစပျိုးလုပ်ဆောင်နေကြောင်း ယူဆရပါသည်။

အသက် ၃၇ နှစ်အရွယ် Assad Hassan al-Shibani ကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ၎င်းသည် ယခင်က HTS နှင့်ဆက်နွှယ်နေသော အဖွဲ့တစ်ဖွဲ့၏ နိုင်ငံရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် တူရကီတွင် ပညာသင်ယူခဲ့သူလည်း ဖြစ်ပါသည်။

အသစ်ခန့်အပ်လိုက်သည့် ကာကွယ်ရေးဝန်ကြီးသည် HTS ၏ အကြီးတန်းအဖွဲ့ဝင် Murhaf Abu Qasra ဖြစ်သည်ဟု Reuters သတင်းဌာနနှင့် အခြားမီဒီယာ များတွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဆီးရီးယားအစိုးရပိုင် သတင်းဌာနက ကာကွယ်ရေးဝန်ကြီးသစ်နှင့် မစ္စတာ Jolani တို့ လက်နက်ကိုင်အုပ်စုများ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည့် ဓာတ်ပုံကို ထုတ်ပြန်ခဲ့ပါသည်။ အစိုးရသစ်အတွက် တပ်ဖွဲ့များ ဖွဲ့စည်းရေး ဆွေးနွေး ခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။

အားလုံးပါဝင်သည့် အစိုးရတစ်ရပ်ကို ဖွဲ့စည်းမည် ဆိုပါက HTS ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းမှ ဖယ်ရှားပေးမည်ဟု အမေရိကန် တာဝန်ရှိ သူများက မစ္စတာ Jolani ကို ပြောကြားခဲ့သည်ဟု Washington Post က သတင်းဖော်ပြခဲ့ပါသည်။

နိုင်ငံတကာအသိုက်အဝန်းက တောင်းဆိုထားသည့်အတိုင်း လူနည်းစုများနှင့် အမျိုးသမီးအဖွဲ့ဝင်များပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရအဖွဲ့ကို ယာယီအစိုးရက ဖွဲ့စည်းနိုင်မည်လားဆိုသည်ကို အများက အာရုံစိုက်နေကြပါသည်။

ကိုးကား-NHK World

ဂါဇာဒေသ အလယ်ပိုင်းရှိ နျူဆာရတ် ဒုက္ခသည်စခန်းအား အစ္စရေးတပ်မတော်က တိုက်ခိုက်

ဂျေရုဆလင်  ဒီဇင်ဘာ ၂၃

ဂါဇာဒေသအလယ်ပိုင်းရှိ နျူဆာရတ် ဒုက္ခသည်စခန်းအား အစ္စရေးတပ်မတော်က တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့၏ မီဒီယာဆိုင်ရာရုံးက ယနေ့ပြောကြားသည်။

ဆောင်ရွက်ပေးရန်ပန်ကြား

အစ္စရေးတပ်မတော်၏ ၎င်းတိုက်ခိုက်မှုသည် ကြမ်းကြုတ်ရက်စက်သည့် ရာဇဝတ်မှုဖြစ်ကြောင်းနှင့် တိုက်ခိုက်ရာတွင် မြေတူးစက်များ၊ ဒရုန်းများ၊ တင့်ကားများ အသုံးပြု၍ အစ္စရေးတပ်ဖွဲ့ဝင်များက စခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည်ဟု အဆိုပါရုံးက ထပ်လောင်းပြောကြားသည်။ ယင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီးများနှင့် ကလေးများ အများအပြား သေဆုံးခဲ့သည်။

ယခု တိုက်ခိုက်မှုအတွက် အစ္စရေးတပ်မတော်နှင့် အမေရိကန်အစိုးရတွင် တာဝန်ရှိကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဂါဇာဒေသခံများအား ကာကွယ်ရေးအတွက် ဝင်ရောက်ဖျန်ဖြေဆောင်ရွက်ပေးရန် ၎င်းရုံးက ပန်ကြားခဲ့သည်။ ဒေသတွင်းရှိ ဆေးရုံများနှင့် စာသင်ကျောင်းများတိုက်ခိုက်ခံရမှု များပြားလာသည့်အတွက် ၎င်းပဋိပက္ခအဆုံးသတ်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီက‌ တောင်းဆိုခဲ့သည်။

ဂါဇာဒေသတွင် လက်ရှိအချိန်အထိ ပါလက်စတိုင်းဒေသခံ ၄၅၃၁၇ ဦး‌ သေဆုံးခဲ့ကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

အမေရိကန်က မီးနှင့်ကစားနေသည်ဟု တရုတ်ပြော

အမေရိကန်နိုင်ငံအနေဖြင့် မီးနှင့်ကစားနေသည်ဟု တရုတ်အစိုးရက ဒီဇင်ဘာလ ၂၂ ရက်တွင် သတိပေးစကားပြောလိုက်ကြောင်း သိရသည်။

အမေရိကန်အစိုးရက ထိုင်ဝမ်ကျွန်းသို့ စစ်လက်နက်ပစ္စည်များ ရောင်းချပေးရေး နှင့် ထောက်ပံ့ပေးရေးအတွက် အတည်ပြုကြောင်း ကြေညာပြီးနောက် တရုတ်အစိုးရက ယခုကဲ့သို့ထုတ်ပြန်ခြင်း ဖြစ်သည်။

ထို့အတူ အမေရိကန်ဒေါ်လာ ၅၇၁ သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကို ထိုင်ဝမ်ကျွန်းသို့ ရောင်းချပေးမှုနှင့်ပတ်သက်၍ တရုတ်အစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် ထိုင်ဝမ်ကျွန်းသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေမှုကို ရပ်တန့်ရန်၊ ထိုင်ဝမ်ရေလက်ကြား၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိခိုက်လျော့ပါးစေမည့် လုပ်ရပ်များကိုရပ်တန့်ရန် တိုက်တွန်းကြောင်း တရုတ်အစိုးရ၏    ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထိုင်ဝမ်ကျွန်းသည် နိုင်ငံတကာဥပဒေများအရ တရုတ်နိုင်ငံပိုင်ဒေသ တစ်ခုဖြစ်ပြီး အမေရိကန်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ခံသော်လည်း ခွဲထွက်ခွင့်ရ ရေးကြိုးပမ်းနေသည့် ထိုင်ဝမ်ကျွန်းကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။ 

Source: Myawady Web Portal

တင်းမာမှုများ မြင့်တက်လာနေသော်လည်း ပြည်သူများကို တတိယကမ္ဘာစစ်နှင့် ခြိမ်းခြောက်ရန်မလိုဟု ပူတင်ဆို

လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်း၌ တင်းမာမှုများ မြင့်တက်လာလျက်ရှိနေသော်လည်း ပြည်သူများကို တတိယကမ္ဘာစစ်နှင့် ခြိမ်းခြောက်ရန် မလိုအပ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က Russia 1 TV သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောသည်။

ရုရှားနှင့်ယူကရိန်းတို့၏ ပဋိပက္ခကြားတွင် အမေရိကန်က ပိုမိုဝင်ရောက်လာမှုသည် တတိယကမ္ဘာစစ်ကြီးက စနှင့်နေပြီးဖြစ်သည်ဟု ဆိုလိုနိုင်မည်လားဟူသော သတင်းထောက်၏ မေးခွန်းကို ပူတင်က ယခုကဲ့သို့ပြန်ဖြေခြင်း ဖြစ်သည်။

တင်းမာမှုများ မြင့်တက်လာနေသည်မှာမှန်သော်လည်း တတိယကမ္ဘာစစ်ဟူသောအသုံးအနှုန်းဖြင့် ပြည်သူများကိုစိုးရိမ်ထိတ်လန့်မှုများ မရှိစေလိုကြောင်း၊ ထို ကဲ့သို့သောတင်းမာမှုများကို ရုရှားကိုမလိုလားသော အဖွဲ့အစည်းများက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပူတင်ကပြောသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ၎င်း၏သမ္မတသက်တမ်း နောက်ဆုံးနေ့ရက်များတွင် ယူကရိန်းသို့စစ်လက်နက်များ အမြောက်အမြား တင်ပို့ရန် စီစဉ်ထားမှုနှင့်ပတ်သက်၍ သတင်းထောက်၏ ပြောဆိုမှုအပေါ် ပူတင်က ယခုကဲ့သို့သတိပေးပြောဆိုခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံသည် အနောက်အုပ်စု၏ မည်ကဲ့သို့သောခြိမ်းခြောက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ ရုရှားအနေဖြင့် အမေရိကန်နှင့် မဟာမိတ်များနှင့် ဆက်ဆံရေးပြန်တည်ဆောက်ရန် အသင့်ရှိနေသော်လည်း ရုရှား၏ အကျိုးစီးပွားကို မထိခိုက်မှသာဖြစ်မည်ဖြစ်ကြောင်း ပူတင်က ပြောထားသည်။

ဟူသီတို့၏ ဒုံးကျဉ်လက်နက်တိုက် အမေရိကန်တို့ လေကြောင်းတိုက်ခိုက်

ဆာနား  ဒီဇင်ဘာ ၂၂

ဟူသီများ ထိန်းချုပ်ထားသည့် ယီမင်နိုင်ငံမြို့တော် ဆာနား၌ ဒီဇင်ဘာ ၂၁ ရက် ညပိုင်းတွင် အမေရိကန်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဟူသီများ ထိန်းချုပ်ထားသည့် အယ်မာဆီရာ့ရုပ်သံတွင် ဖော်ပြခဲ့သည်။

အက်တန်ဒေသတွင် လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့ကြောင်း အသေးစိတ်အချက်အလက်များ မသိရသေးကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

လေကြောင်းတိုက်ခိုက်မှုသည် မြို့တော်၏ တောင်ဘက်ပိုင်း ဟူသီအဖွဲ့ ထိန်းချုပ်ထားသော စခန်းဖြစ်သည့် အက်တန်တောင်ရှိ ဒုံးကျည်လက်နက်တိုက်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆာနားမြို့ခံများက ပြောသည်။

အက်တန်တောင်တွင် တိုက်ခိုက်ခံရပြီးနောက် ကြီးမားသည့် ပေါက်ကွဲမှုကြီးကို ကြားလိုက်ရကြောင်း မြို့ခံများကပြောသည်။

အမေရိကန် ဗဟိုကွပ်ကဲမှုအဖွဲ့က ၎င်းတို့တပ်ဖွဲ့ဝင်များသည် ဒုံးကျည်လက်နက်တိုက်များနှင့် ဟူသီများ လုပ်ဆောင်နေသည့် ကွပ်ကဲမှုထိန်းချုပ်ရေးအဆောက်အအုံကို တိကျစွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု လူမှုကွန်ရက်မီဒီယာပေါ်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဆင်ဟွာ

Source: မြန်မာ့အလင်းသတင်းစာ

ဆီးရီးယားခေါင်းဆောင်သစ်ကို ထုတ်ထားသည့် ဖမ်းဝရမ်းဆုငွေ ဒေါ်လာ ၁၀ သန်းကို အမေရိကန်က ရုပ်သိမ်း

အမေရိကန်အကြီးတန်း သံတမန်တစ်ဦးဖြစ်သည့် ဝါရှင်တန်အစိုးရ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ ထိပ်တန်း သံတမန် ဘာဘရာလိဖ်က Hayat Tahir al-Sham (HTS) ခေါင်းဆောင် Mohammed al-Jolani အား အကြမ်းဖက်သမားအဖြစ် ကန်ဒေါ်လာ ၁၀သန်း ဖမ်းဆီး ဝရမ်းဆုကြေး ထုတ်ထားခဲ့ခြင်းကို ဖယ်ရှားလိုက်ပြီဟု ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ 

ဝါရှင်တန်အစိုးရက ၎င်းအား ဖမ်းဆီးခြင်းအတွက် ဆုကြေးငွေကို ဖယ်ရှားလိုက်ခြင်းသည် အကြမ်းဖက်မှု ကိုတိုက်ဖျက်ရန် ကတိပြုခြင်း အပါအဝင် ဒမတ်စကတ် တွင် ပြုလုပ်ခဲ့သည့် ၎င်းတို့၏ ဆွေးနွေးပွဲများမှ အပြု သဘောဆောင်သော သတင်းစကားများကြောင့် ဟု ဆိုပါသည်။

ဆီးရီးယားနိုင်ငံတွင် အခြေစိုက်ထားသော အယ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့၏ဌာနခွဲ HTS က ဦးဆောင်ပြီး သမ္မတ အာဆက်ကို ဖြုတ်ချရန်အတွက် ယခုလ အစောပိုင်း တွင် မိုးကြိုးစစ်ဆင်ရေးနှင့် ထိုးစစ်စခဲ့သည်။ မြို့တော် ဒမတ်စကတ်ကို သိမ်းပြီးသည့်နောက်တွင် အစိုးရသစ် တစ်ရပ်ပေါ်ပေါက်လာရန်အတွက် ကြိုးပမ်းနေချိန်၌ အမေရိကန်အထူးသံတမန်များက လာရောက်တွေ့ဆုံပြီးယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။

ထုတ်ပြန်ချက်တွင် ဆီးရီးယားပြည်သူများနှင့် ဒေသတွင်း အဖွဲ့အစည်း အားလုံးက လက်ရှိအာဏာသိမ်းထားသည့် အဖွဲ့ကြား မည်သည့်ကွဲပြားမှုမှ မရှိကြောင်းနှင့် အားလုံး တစ်ပြေးညီရှိနေကြောင်း ဖော်ပြထားသည်။

“သူမနှင့် ခေါင်းဆောင် Jolani တို့ တွေ့ဆုံ စကား ပြောပြီးနောက်တွင် ခေါင်းဆောင်၏အပြုသဘောဆောင် သည့်ကမ်းလှမ်းမှုများကြောင့် ထုတ်ပြန်ထားသော ဖမ်းဆီး ဝရမ်း ဆုကြေးများကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း၊  စကားလုံးများဖြင့် မဟုတ်ဘဲ အခြေခံမူများဖြင့် လုပ်ဆောင်ချက်များအပေါ် တိုးတက်မှုကို ရှာဖွေသွား မည်ဖြစ်ကြောင်း၊ ယခုအကူးအပြောင်းကာလတွင်အားလုံးပါဝင်မှုဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင် ဆွေးနွေးမှု၏ အရေးပါမှုကိုလည်း ပြောပြထားကြောင်း၊ အမျိုးသမီးများအပါအဝင် ဆီးရီးယားနိုင်ငံသားအားလုံး၏ အခွင့်အရေးများကို လေးစားလိုက်နာမှုပါဝင်သော ဆီးရီးယားအစိုးရနှင့် ဆီးရီးယားနိုင်ငံပိုင် နိုင်ငံရေး လုပ်ငန်းစဉ်ကို အပြည့်အဝထောက်ခံပါကြောင်း” အထူး သံတမန် လိဖ်က သတင်းထောက်များကို ပြောကြားခဲ့ ကြောင်း ဖော်ပြထားရှိပါသည်။ 

ကိုးကား-Myanmar National Post

ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး ရုရှားသမ္မတနှင့် တိုက်ရိုက်ပြောဆိုရန် ရည်ရွယ်ထားကြောင်း ဂျာမနီ အဓိပတိ ပြောကြား

ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး ကူညီဆောင်ရွက်ပေးရန် ရုရှားသမ္မတနှင့် တိုက်ရိုက်စကားပြောဆိုရန် စီစဉ်နေကြောင်း ဂျာမနီအဓိပတိ Olaf Scholz က ပြောကြားလိုက်ပါသည်။ “မိမိအနေဖြင့် ရုရှားသမ္မတနှင့် စကားပြောပြီးဖြစ်ကြောင်း၊ ပဋိပက္ခအဆုံးသတ်ရန်နှင့် တပ်များဆုတ်ခွာပေးရန်အတွက် ရုရှားခေါင်းဆောင်ကို ရှင်းလင်းပြောကြားရန် ရည်ရွယ်ထားကြောင်း” ဘာလင်တွင်ပြုလုပ်သည့် အက်စတိုးနီးယား ဝန်ကြီးချုပ် Kristen Michal နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။ 

ရုရှားသမ္မတ၏ ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်သည့် နှစ်ကုန်အမေးအဖြေကဏ္ဍနှင့် သတင်းစာ ရှင်းလင်းပွဲတွင် မေးခွန်းများကို ဖြေကြားစဉ် ပူတင်က “ရုရှားသည် ကြိုတင်သတ်မှတ်ချက်များမပါဘဲ ယူကရိန်းအရေးကို ညှိနှိုင်းရန်အသင့်ရှိသော်လည်း လက်ရှိအခြေအနေနှင့် ယခင်ရရှိထားသည့် သဘောတူညီချက်များကို အခြေခံ ၍ ထည့်သွင်းစဉ်းစားထားကြောင်း” ပြောကြားထား ပါသည်။

ဂျာမနီအဓိပတိ Olaf Scholz သည် ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်က ပူတင်နှင့်ဖုန်းပြောခဲ့ပါသည်။ ယင်းမတိုင်မီ ၂၀၂၂ ခုနှစ်တွင် ဒီဇင်ဘာ ၂ ရက်တွင်လည်း ဖုန်းဆက် သွယ်ပြောကြားဖူးပါသည်။ ပြီးခဲ့သည့်နောက်ဆုံးအကြိမ်တွင် ခေါင်းဆောင်နှစ်ဦးက ယူကရိန်းကိစ္စ၊ အရှေ့အလယ်ပိုင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ဆွေးနွေးခဲ့ကြပြီး ၎င်းတို့၏ ကိုယ်စားလှယ်များမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးကြရန် သဘောတူခဲ့ကြသည်။

ကိုးကား - TASS

EU က ယူကရိန်းကို ယူရို ၁၃၀ ဘီလီယံ ထောက်ပံ့ပေးခဲ့

ဥရောပသမဂ္ဂသည် ယူကရိန်းကို ထောက်ပံ့ရန်အတွက် ယူရို ၁၃၀ ဘီလီယံကျော် သုံးစွဲထားပြီးဖြစ်ကြောင်း၊နောက်ကြောင်း ပြန်ကြည့်ပါက ဥရောပသည် ယခု အချိန်အထိ ယူကရိန်းကို ယူရို ၁၃၀ ဘီလီယံနီးပါး ထောက်ပံ့ပေးထားကြောင်း၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ဘရပ်ဆဲလ်တွင် ကျင်းပသည့် ဥရောပကောင်စီ အစည်းအဝေးအပြီး သတင်းထောက် များအား ပြောကြားခဲ့သည်။

သူမ၏စကားအရဆိုလျှင် ဥရောပသမဂ္ဂသည် ယူကရိန်း ကို အမေရိကန်ထက် လက်နက်များ ပိုမိုပေးအပ် ခဲ့သည်။ Ursula von der Leyen ၏ အဆိုအရ EU သည် ယူကရိန်းသို့ ပေးပို့သော လက်နက်များ၏ ၄၇% နှင့် US မှ ၄၀% ခန့်ကို ထောက်ပံ့ပေးနေကြောင်း သိရသည်။

ဘရပ်ဆဲလ်သည် လာမည့်နှစ်တွင် ယူကရိန်းနိုင်ငံသို့ ငွေကြေးအကူအညီ ယူရို ၃၀.၆ ဘီလီယံ ခွဲဝေပေးရန် အဆင်သင့်ဖြစ်နေကြောင်း၊ အဆိုပါ ကိန်းဂဏန်းတွင် လက်နက်များ ပေးအပ်ခြင်းမပါဝင်ကြောင်း သူမက ပြောကြားခဲ့သည်။

NATO အဖွဲ့ အတွင်းရေးမှူးချုပ် Mark Rutte က “NATO အဖွဲ့ဝင်နိုင်ငံများဆီက လက်နက် ၉၈ ရာခိုင်နှုန်း ကို ကိယက်ဗ်အတွက် လက်ခံထားသည်” ဟု ပြောကြား ခဲ့သည်။

နာဇီလက်သစ်ဝါဒကို တိုက်ဖျက်ရန် ရုရှားဆုံးဖြတ်ချက် အထွေထွေညီလာခံအတည်ပြု

နာဇီဝါဒကို ဂုဏ်တင်ချီးကျူးခြင်း၊ နာဇီလက်သစ်ဝါဒကို ခေတ်ကာလနှင့်လျော်ထွေစွာ ပုံစံမျိုးစုံဖြင့် လှုံ့ဆော်ဆောင်ရွက်နေသည့် လူမျိုးရေးခွဲခြားမှု၊ ဆက်ဆံမှု၊ မျက်ကန်းမျိုးချစ်စိတ်နှင့် ဆတ်ဆတ်ထိမခံဖြစ်စေမည့် လှုံ့ဆော်ချက် စသည်တို့ပါဝင်သော “နာဇီဝါဒကို နှိမ်နင်းခြင်း” ခေါင်းစဉ်ဖြင့် ရုရှား၏ ဆုံးဖြတ်ချက်စာတမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံတွင်မဲခွဲဆုံးဖြတ်ကြရာ ထောက်ခံသူ ၁၁၉ နိုင်ငံ၊  ကန့်ကွက်သူ ၅၃ နိုင်ငံနှင့်ကြားနေ ၁၀ နိုင်ငံရှိပြီး ထောက်ခံအတည်ပြုလိုက်ကြောင်း  ၁၈-၁၂-၂၀၂၄ ရက်တွင် TASS သတင်းဌာနက ဖော်ပြထားပါသည်။

အဆိုပါစာတမ်းကို ကန့်ကွက်သည့်နိုင်ငံများအနက် နိုင်ငံအချို့မှာ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ အမေရိကန်၊ ယူကရိန်းနှင့် ဂျပန်နိုင်ငံတို့ဖြစ်ပြီး ထောက်ခံသည့် နိုင်ငံအချို့မှာ အဇာဘိုင်ဂျန်၊ အယ်လ်ဂျီးရီးယား၊ အာမေးနီးယား၊ ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ဘရာဇီး၊ တရုတ်၊ ကျူးဘားနှင့် ဆားဘီးယားတို့ဖြစ်ပါသည်။ 

အဆိုပါဆုံးဖြတ်ချက်သည် နာဇီဝါဒ၊ လူမျိုးရေး ခွဲခြားမှုနှင့် မျက်ကန်းမျိုးချစ်ခြင်းကို တိုက်ဖျက်ရာတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း၊ ယခုမဲပေးမှုရလဒ်များက နိုင်ငံတကာအသိုင်းအဝိုင်း၏ ဆက်လက်ထောက်ခံမှုနှင့် ကတိကဝတ်များကို ထင်ရှားစွာပြသခဲ့နိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံ ဒုတိယအမြဲတမ်း ကိုယ်စားလှယ် Maria Zabolotskaya က ပြောကြားလိုက်ပါသည်။

အဆိုပါစာတမ်းကို ရုရှားနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ သက်ဆိုင်ရာ စာရေးဆရာများက ၂၀၀၅ ခုနှစ်မှ စတင်၍ နှစ်စဉ်တင်သွင်းခဲ့ရာ ယခုအခါ အနှစ် ၂၀ နီးပါးရှိ လာပြီဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ပြန့်သောထောက်ခံမှုကို အမြဲရရှိခဲ့သည်။ ယခုနှစ်စာတမ်းတွင် ပြဋ္ဌာန်းချက် ၇၄ ချက်ပါရှိကြောင်းသိရှိရပါသည်။ 

ဆီးရီးယားအာဏာသိမ်းမှုဖြစ်စဉ်တွင် အမြတ်ရရှိသွားသည်မှာ အစ္စရေးဖြစ်ကြောင်း ပူတင် ပြောဆို

ဆီးရီးယားတွင် အာဏာရှင်အစိုးရကို တော်လှန်ရန် အတွက် ပြည်တွင်း အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် များ စုပေါင်းပြီး ယခုလအစောပိုင်းက တစ်ပြိုက်နက် တိုက်ခိုက်မှုလုပ်လိုက်ခြင်းကြောင့် အာဆတ်အစိုးရ ပြုတ်ကျသွားခဲ့ရသည်။ တော်လှန်ရေးအောင်မြင်ခဲ့သော်လည်း အကျိုးအမြတ် ရရှိခဲ့သူသည် ပြည်တွင်း နိုင်ငံရေးအင်အားစုများမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အစ္စရေးဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ကဆိုလိုက်ပါသည်။ 

အစ္စရေးက ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသနယ်မြေ အများအပြားကို တပ်စွဲထားပြီး နယ်ချဲ့သိမ်းယူနိုင်ခဲ့ပါသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့တွင်ပြုလုပ်ခဲ့သော သမ္မတ ပူတင် ၏ နှစ်ကုန်ပိုင်း သတင်းစာရှင်းလင်းပွဲ၌ ပူတင်က “အစ္စရေး၏ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို နားလည်နိုင်သော်လည်း ရုရှားသည် အစ္စရေး၏ ဆီးရီးယားနယ်မြေများကို သိမ်းပိုက်မှုမှန်သမျှအား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ အစ္စရေး၏ လုပ်ရပ်အပေါ် သဘောထားတစ်စုံတစ်ရာရှိနိုင်သည် ဟု ဆိုသော်လည်း ဆီးရီးယားနယ်မြေ မှန်သမျှ သိမ်းယူမှု ကို ရုရှားက ရှုတ်ချကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များသည် သိသာလွန်းကြောင်း၊ ဤနေရာတွင် ရုရှားနိုင်ငံ၏ ရပ်တည်ချက်သည် ခိုင်မာကြောင်း” ၎င်းက ဆက်လက် ပြောဆိုထားသည်။

ယခုအချိန်အထိ အစ္စရေးသည် နယ်စပ်ဖြတ်ကျော် တပ်ဖွဲ့ဝင်များကိုသာ စေလွှတ်နေပြီး ၎င်းတို့ ဆီးရီးယား မှထွက်ခွာရန် မရည်ရွယ်ဘဲ ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်ရန် စီစဉ်နေကြောင်း ပူတင်က မှတ်ချက်ပြုခဲ့ ပါသည်။

အာဆတ်အစိုးရ ပြုတ်ကျပြီးနောက် အစ္စရေးသည် ရာနှင့်ချီသော ဆီးရီးယားဆိပ်ကမ်းများ၊ လေယာဉ်ကွင်း များနှင့် လက်နက်သိုလှောင်ရုံများကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဂိုလန်ကုန်းမြင့်ရှိ စစ်မဲ့ဇုန် ကို ကျော်ဖြတ်ကာ ၎င်း၏တပ်များကို တိုးမြှင့်ခဲ့ပါသည်။  အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “ဂျူးနိုင်ငံသည် ဆီးရီးယားနယ်စပ်တွင် ဖန်တီးထားသည့် ကြားခံနယ်ကို ချဲ့ထွင်ရခြင်းမှာ ဂိုလန်ကုန်းမြင့်ရှိ အစ္စရေး အသိုင်းအဝိုင်းများကို ခြိမ်းခြောက်နေသည့် ဂျီဟတ်အုပ်စုများကိုခွင့်မပြုနိုင်ခြင်းကြောင့်ဖြစ်ကြောင်း” ရှင်းလင်းပြောဆို ခဲ့ပါသည်။ 

ထိုအချိန်မှစ၍ အစ္စရေးအစိုးရသည် ဂိုလန်ကုန်းမြင့်ရှိ ဂျူးလူဦးရေ နှစ်ဆတိုးရန်နှင့်ဒေသကို အားကောင်းစေမည့် အစီအစဉ်ကိုလည်း အတည်ပြုခဲ့သည်။ 