ဇီလန်စကီး၏ အာဏာတည်မြဲမှုအတွက် ယူကရိန်းလွှတ်တော်တွင် မဲခွဲဆုံးဖြတ်
ဇီလန်စကီးသည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်ကာလ ကုန်ဆုံးခဲ့သော်လည်း စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းကာ ဆက်လက်အုပ်ချုပ်နေခဲ့မှုအပေါ် ထောက်ခံကြောင်း ပဋိပက္ခ နှစ်ပတ်လည် ၃ နှစ်ပြည့် အစီအစဉ်သို့ EU တာဝန်ရှိသူများရောက်ရှိနေစဉ် လွှတ်တော်၌ ပထမအကြိမ် မဲခွဲမှုတွင် မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။
ဒေါ်နယ်ထရမ့်ကလည်း “ရွေးကောက်ပွဲမရှိဘဲ အာဏာရယူထားသူ” ဟု ပြောဆိုခဲ့ပြီး ဇီလန်စကီးအနေဖြင့် ချမှတ်ထားသော နည်းဥပဒေများအတိုင်းဆောင်ရွက်ခြင်းမရှိပါက နိုင်ငံမဲ့ ဖြစ်သွားနိုင်သည်ဟု ပြင်းထန်စွာ မှတ်ချက်ပေးထားသည်။
သို့သော် ယူကရိန်းလွှတ်တော်၌ ဒုတိယအကြိမ် မဲခွဲမှုတွင် အမတ် Yaroslav Zheleznyak ၏ အဆိုတင်သွင်းမှုကို အမတ် ၂၈၀ က ထောက်ခံ အတည်ပြုခဲ့ကြပြီး ပဋိပက္ခဖြစ်လာစေရန် ဖန်တီးသူမှာ ပူတင်သာ ဖြစ်သည်ဟု ပြောဆိုခဲ့ကြကြောင်း သိရှိရပါသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂