ပူတင်၊ ဇီလန်စကီးတို့နှင့် ဒေါ်နယ်ထရမ့် တွေ့ဆုံရန် အချိန်နီးကပ်နေပြီ ဟု အိမ်ဖြူတော်ပြော
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတဇီလန်စကီးတို့နှင့် တွေ့ဆုံရန် အချိန်လွန်စွာ နီးကပ်နေပြီဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် (သတင်းထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူး) Karoline Leavitt က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်သည့် Fox News ၏ တီဗီအစီအစဉ်တစ်ခုတွင် ပြောကြားသွားပါသည်။
အထူးသဖြင့် သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတဇီလန်စကီးနှင့် တွေ့ဆုံပြီး ကိယက်ဗ်နှင့် ဝါရှင်တန်တို့အကြား မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေထိုးစေလိုကြောင်း ၎င်းက မှတ်ချက်ပြုထားပါသည်။
“အမေရိကန်ပြည်သူများအနေဖြင့် ယူကရိန်းအတွက် မည်သည့်အတွက် အခွန်ပေးဆောင်နေသလဲ၊ အမေရိကန်ပြည်သူများမရှိလျှင် ယူကရိန်း သည် ယခုအချိန်တွင် တိုင်းပြည်တစ်ခု မဖြစ်နိုင်တော့ကြောင်း၊ အမေရိကန် ပြည်သူများနှင့် ထိုက်တန်သည့်အရာများကို ရယူပေးရမည်ကို သမ္မတ ဒေါ်နယ်ထရမ့် ကောင်းကောင်းသိနေကြောင်း” Leavitt က ထပ်လောင်း ပြောကြားထားသည်။
ကိုးကား-TASS
Photo: ABC News
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃