သတင်းများ

ရုရှားက ယူကရိန်းပဋိပက္ခကို ထရမ့်နှင့်ဆွေးနွေးရန်အသင့်ရှိ

ရုရှားအစိုးရအနေဖြင့် လက်ရှိဖြစ်ပွားနေသော ယူကရိန်းပဋိပက္ခကို မကြာမီ အမေရိကန်သမ္မတအဖြစ်တာဝန်ယူမည့် ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးသွား ရန်အသင့်ရှိကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့က ဒီဇင်ဘာလ ၂၆ ရက်တွင်ပြောသည်။

ထို့ပြင် ထရမ့်၏ ရုရှားနှင့်ယူကရိန်းဆိုင် ရာအထူးကိုယ်စားလှယ် ကိပ်ကဲလော့ပါဝင်သောအဖွဲ့အနေဖြင့် ယူကရိန်းပဋိပက္ခ ဖြစ်ပွားရသည့်အကြောင်းရင်းဇာစ်မြစ်ကို သိရှိပြီးဖြေရှင်းနိုင်မည်ဟု ရုရှားအစိုးရက မျှော်လင့်ကြောင်း နှစ်ကုန်သတင်းစာရှင်းလင်းပွဲ၌ လက်ရော့ကပြောထားခြင်းဖြစ်သည်။

ထို့အတူ ရုရှားသမ္မတဗလာဒီမာပူတင် အနေဖြင့် ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်စေရေးအတွက် ဆွေးနွေးလုပ်ဆောင်ရန် လမ်းဖွင့်ပေးထားကြောင်း၊ သို့သော် အဓိပ္ပာယ်ရှိပြီး ပြဿနာ၏ဇာစ်မြစ်ကိုဖြေ ရှင်းနိုင်သည့်ဆွေးနွေးမှုများကိုသာ လက်ခံနိုင်မည်ဖြစ်ကြောင်းနှင့် လိုလားချက်များကိုလည်း ယခုနှစ်အစောပိုင်းကတည်းက ထုတ်ပြန်ထားပြီးဖြစ်ကြောင်း လက်ရော့ကပြောသည်ဟုသိရသည်။

Ref: RT

Source: Myawady Web Portal

ICRC အတွက် ရုရှားထောက်ပံ့ငွေပေးချေမှုကို အမေရိကန်က ဖြတ်တောက်ပိတ်ပင်

ရုရှားနိုင်ငံက နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) သို့ ဆန္ဒအလျောက် ပံ့ပိုးကူညီပေးနေသည့် အထောက်အပံ့ ပေးချေမှုကို တရားမဝင် တဖက်သတ်ဆန်သော ပိတ်ဆို့မှုတစ်ခုအဖြစ် အမေရိကန်ပြည်ထောင်စုက ဖြတ်တောက် ပိတ်ပင်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယခုလုပ်ရပ်သည် ဥပဒေနှင့် မညီညွတ်သည့် ကန့်သတ်မှု ကြောင့် ထိခိုက်နစ်နာစေသည့် အကျိုးသက်ရောက်မှု နမူနာတစ်ခုဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ဆိုထား ပါသည်။

ကိုးကား - TASS

Trump ၏ တူးမြောင်းထိန်းချုပ်ရေး တောင်းဆိုမှုကို Panama မှပယ်ချ

ပနားမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်ရန် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုကို ပနားမားသမ္မတ Jose Raul Mulino က ပယ်ချလိုက်သည်။ Mulino က ရေလမ်းသည် ပနားမားနိုင်ငံ၏ အမျိုးသားအမွေအနှစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး ၎င်း၏ ပိုင်ဆိုင်မှု သည် ညှိနှိုင်းရန်မလိုကြောင်း အလေးပေး ပြောကြား ခဲ့သည်။ 

မကြာသေးမီက ထရမ့်သည် တူးမြောင်းကို ဖြတ်ကျော် သည့် အမေရိကန်သင်္ဘောများအတွက် ကောက်ခံသည့် အခကြေးငွေနှုန်းထားသည် အလွန်များကြောင်း ပြောဆို ခဲ့ပြီး မဟာဗျူဟာကျသော ရေလမ်းကြောင်းသည် တရုတ်သြဇာလွှမ်းမိုးမှုအောက်သို့ ကျဆင်းသွားသည် ဟု ဝေဖန်ခဲ့သည်။ 

Mulino ၏ ရပ်တည်ချက်ကို အခြားသော လက်တင် အမေရိက ခေါင်းဆောင်များက ထောက်ခံခဲ့ပြီး ပနားမား၏ ရေလမ်းကြောင်းပိုင်ဆိုင်မှု အချုပ်အခြာ အာဏာကို ထောက်ခံအားပေးခဲ့ကြသည်။ 

ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်သွယ်မှုအတွက် အရေးပါသော ပနားမားတူးမြောင်းကို ၂၀ ရာစုအစောပိုင်း တွင် အမေရိကန်မှတည်ဆောက်ခဲ့ပြီး ၁၉၉၉ ခုနှစ် နှောင်းပိုင်းအထိ အမေရိကန်အုပ်ချုပ်မှုအောက်တွင် ဆက်လက်တည်ရှိကာ နှစ်နိုင်ငံသဘောတူစာချုပ်များ ချုပ်ဆို၍ ပနားမားသို့ တရားဝင်လွှဲပြောင်းပေးခဲ့သည်။

ကိုးကား-RT

ကာ့ဒ်လူမျိုးလက်နက်ကိုင်အဖွဲ့ လက်နက် မဖျက်သိမ်း ပါက လက်နက်နှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ခံ ရဖွယ်ရှိနေ ဟု တူရကီသမ္မတ သတိပေး

ကာ့ဒ်လူမျိုး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကာ့ဒ် YPG အဖွဲ့အနေဖြင့် လက်နက်ဖျက်သိမ်းခြင်းမပြုပါက လက်နက်များနှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ခံရမည်ဟု တူရကီသမ္မတ အာဒိုဂမ်က သတိပေးလိုက်ပါသည်။

တူရကီသမ္မတက ခွဲထွက်ရေးလက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် Kurdish YPG အဖွဲ့အနေဖြင့် လက်နက် ဖျက်သိမ်းမည် သို့မဟုတ် လက်နက်များနှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ခံမည်လားဆိုသည်ကို စဉ်းစားရမည် ဖြစ်ကြောင်း၊ တူရကီနှင့်ကာ့ဒ်လူမျိုးများအကြား သွေးထွက်သံယိုမှုများဖြစ်ရန်ဖန်တီးနေသည့် Kurdish YPG အကြမ်းဖက်အဖွဲ့ကို ဖြိုခွင်းသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူရကီအစိုးရက အမေရိကန်အစိုးရသည်လည်း Kurdish YPG အဖွဲ့အား ကူညီထောက်ပံ့ပေးနေခြင်း များကိုရပ်တန့်စေလိုသည်ဟု ထပ်မံတောင်းဆိုခဲ့ပါသည်။ ကာ့ဒ်လူမျိုး Kurdish YPG အဖွဲ့သည် ဆီးရီးယား နိုင်ငံတွင် အမေရိကန်အစိုးရက အဓိကကူညီ ထောက်ပံ့ ပေးနေသည့် (SDF) အမည်ရှိ လက်နက်ကိုင်အဖွဲ့၏ အဓိကမဟာမိတ်အဖွဲ့အစည်းဖြစ်ကြောင်း သိရပါသည်။ Kurdish YPG အဖွဲ့သည် ဆီးရီးယားနယ်စပ်ဒေသတွင် အခြေစိုက်ပြီး ဆီးရီးယားအစိုးရကို လက်နက်ကိုင် ဆန့်ကျင့်တိုက်ခိုက်ခဲ့သကဲ့သို့ တူရကီအစိုးရကိုလည်း တိုက်ခိုက်နေကြောင်း သိရှိရသည်။ ဆီးရီးယားနိုင်ငံ သမ္မတ အာဆတ်စစ်ရှုံးကာ ပြည်ပထွက်ပြေးခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာပင် ဆီးရီးယားနိုင်ငံ အတွင်းရှိ တူရကီအစိုးရက ကူညီထောက်ပံ့ပေးနေသော လက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့ များအကြား ရန်လိုမှုများမြင့်တက်လာနေကြောင်း သိရ သည်။ Kurdish YPG အဖွဲ့သည် တူရကီနိုင်ငံမှ ခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ရရန် လက်နက်ကိုင် ဆန့်ကျင်နေသောအဖွဲ့စည်းဖြစ်ကာ တူရကီအစိုးရက အကြမ်းဖက်အဖွဲ့စည်းအဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။

ကိုးကား-NP News

US Steel ကို Nippon Steel က ဝယ်ယူရန် ကြိုးပမ်းမှုအပေါ် အမေရိကန်သမ္မတဆုံးဖြတ်မည်

US Steel ကို ဝယ်ယူနိုင်ရေးအတွက် အမေရိကန် သမ္မတ Joe Biden ကို ဆုံးဖြတ်ခွင့်ပြုရန် အမေရိကန် အစိုးရ၏ ကော်မတီတစ်ခုက ဆုံးဖြတ်လိုက်သည်ဟုဂျပန်၏ Nippon Steel က ပြောကြားသည်။ အဆိုပါအရောင်းအဝယ်သဘောတူညီချက်ကို ဆန့်ကျင်ကြောင်းသမ္မတ Biden က အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့ ပါသည်။

အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကော်မတီသည် အဆိုပါ ဂျပန်ကုမ္ပဏီက ဝယ်ယူရန် ကြိုးပမ်းမှုအတွက် လုံခြုံရေးဆိုင်ရာအခြေအနေများကို စစ်ဆေးနေပါသည်။ ၎င်း သံမဏိထုတ်လုပ်သည့် ကုမ္ပဏီကြီး နှစ်ခုတို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အရောင်း အဝယ်ကိစ္စအား သဘောတူညီခဲ့ကြသည်။

အမေရိကန်ကော်မတီက နောက်ဆုံးသတ်မှတ်ရက် ဒီဇင်ဘာ ၃၀ ရက်နေ့မတိုင်မီ အများသဘောတူညီ ချက်ကို မရနိုင်ကြောင်း ဂျပန်သံမဏိကုမ္ပဏီထံ အကြောင်းကြားထားပါသည်။

အဆိုပါကော်မတီ၏ အစီရင်ခံချက်ကို ရရှိပြီး ၁၅ ရက် အတွင်း မစ္စတာဘိုင်ဒန်က ၎င်း၏ဆုံးဖြတ်ချက်ကို ကြေညာမည်ဟု မျှော်လင့်ရသည်။

US Steel ကို ရောင်းချလိုက်ပါက ပြည်တွင်းထုတ်လုပ်မှု ကျဆင်းနိုင်ကြောင်း ကော်မတီဝင်အချို့က အကြံပြုထားသည်ဟု အမေရိကန်မီဒီယာများက ဆိုသည်။ သို့သော် US Steel ၏ အမှုဆောင်ရာထူးအများစုမှာ အမေရိကန်နိုင်ငံသားများကို ခန့်အပ်ခြင်းအပါအဝင် အစီအမံများကို Nippon Steel က အဆိုပြုထားကြောင်း အခြားအဖွဲ့ဝင်များက ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

ကိုးကား-NHK World

အာဏာဖြုတ်ချခံခဲ့ရသည့် ၀န်ကြီးချုပ်ကို လွှဲပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကို တောင်းဆို

အိန္ဒိယအနေဖြင့် အာဏာဖြုတ်ချခံခဲ့ရသည် ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ် Sheikh Hasina ကို လွှဲပြောင်း ပေးရန် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက တောင်းဆို လိုက်ပါသည်။ ကျောင်းသားများ ဦးဆောင်သော ဆန္ဒ ပြပွဲကြီးများ ရက်သတ္တပတ်များစွာ ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် Hasina သည် ဩဂုတ်လက အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခဲ့သည်။ တရားခံလွှဲ ပြောင်းရေး တောင်းဆိုချက်ကို အိန္ဒိယအစိုးရထံ ပေးပို့ ထားသည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ၏ နိုင်ငံခြားရေးရာ အကြံပေးပုဂ္ဂိုလ်က ဒီဇင်ဘာ ၂၃ တွင် ဒေသတွင်း မီဒီယာများကို ပြောကြားခဲ့ပါသည်။

ဇူလိုင်လနှင့် သြဂုတ်လအတွင်း နိုင်ငံတစ်ဝန်း ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး Hasina သည် ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး သူမနှင့် အနီးကပ်ဆက်ဆံရေးရှိသည့် အိန္ဒိယသို့ ထွက်ပြေးသွားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်၏ တရားရုံးတစ်ခုက သူမကို ဖမ်းဆီးရန် ဖမ်းဝရမ်းထုတ်ထားပြီး Hasina သည် လူသား မျိုးနွယ်အပေါ် ရာဇ၀တ်မှုကျူးလွန်သည်ဟု စွပ်စွဲခံ ထားရသည်။ သူမသည် ဆန္ဒပြပြည်သူများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး လူအများအပြားကို သေဆုံးစေခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်ချုပ်ဆိုထားသော်လည်း အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့ရှ်၏ တောင်းဆိုချက်ကိုသဘောတူခြင်း ရှိ၊ မရှိ ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟိန္ဒူလူနည်းစုများအပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်ပွားခဲ့ခြင်းကို အိန္ဒိယကရှုတ်ချခဲ့ပြီးနောက် လတ်တလောတွင် နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုများ ရှိနေပါသည်။ အဆိုပါစွပ်စွဲချက်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက ငြင်းဆိုထားသည်။

ထိုင်းနိုင်ငံသည် BRICS အဖွဲ့တွင် မိတ်ဖက်နိုင်ငံဖြစ်လာရန် ဖိတ်ခေါ်ချက်ကို လက်ခံခဲ့

ထိုင်းနိုင်ငံသည် BRICS မိတ်ဖက်နိုင်ငံဖြစ်လာရန် ရုရှားနိုင်ငံထံမှ တရားဝင်ဖိတ်ကြားမှုကို လက်ခံရရှိခဲ့ပါသည်။ ဒီဇင်ဘာ ၂၄ ရက်က အစိုးရအဖွဲ့ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီးထိုင်းနိုင်ငံက ယင်းဖိတ်ကြားချက်ကို အပြုသဘောဖြင့်တုံ့ပြန်မည်ဟု ဆုံးဖြတ်ခဲ့ပြီး အဆိုပါနေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက BRICS ကို မိတ်ဖက်နိုင်ငံအဖြစ် ပူးပေါင်းရန် ထိုင်းနိုင်ငံ၏ သဘောတူညီချက်ကို အတည်ပြုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးထံ စာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

ယူကရိန်းနိုင်ငံသား သန်းပေါင်းများစွာ နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ကြရ

ယူကရိန်းသည် ၎င်း၏လူဦးရေစာရင်း အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမှုတွင် နိုင်ငံသား ၁၀ သန်းအထိ ပြန်လာရန် ကြိုးပမ်းနေပြီး အစုအဖွဲ့တွင် နေထိုင်သော ယူကရိန်းနိုင်ငံသားများကို ဖိအားပေးသည့် နည်းလမ်းအဖြစ် အကူအညီဖြတ်တောက်ရန် အီးယူကို တွန်းအားပေးနေကြောင်း El Pais က ဖော်ပြသည်။

၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် ပဋိပက္ခများ အရှိန်မြင့်လာပြီးနောက် ယူကရိန်းနိုင်ငံသား သန်းပေါင်းများစွာသည် နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ကြရသည်။ လက်ရှိတွင် ယူကရိန်း ပြင်ပတွင် နေထိုင်သူ ၁၀ သန်းအထိ ရှိမည်ဟု ခန့်မှန်း ထားကြောင်း အဆိုပါသတင်းဌာနက ဒီဇင်ဘာ ၂၄ ရက် နေ့တွင် ပြောကြားခဲ့သည်။ လူဦးရေဆိုင်ရာ အကျပ် အတည်းကို ဖြေလျှော့ရန်နှင့် ပြန်လည်တည်ဆောက်ရေးအတွက် အရင်းအမြစ်များ ဖြည့်တင်းရန် ကြိုးပမ်းနေသည့်အတွက် ကိယက်ဗ်က ၎င်းတို့အား ပြန်လာစေရန် လိုလားသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၏ ခန့်မှန်းချက်အရ စီးပွားရေးအရ ရွှေ့ပြောင်းနေထိုင်သူ ၄ သန်းခန့် မပါဝင်သည့် ယူကရိန်းနိုင်ငံသား ၆ ဒသမ ၇ သန်းနီးပါး သည် ပြည်ပတွင် နေထိုင်လျက်ရှိသည်။

နိုဝင်ဘာလတွင် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လင်စကီးသည် နိုင်ငံသားများကို နေရပ်ပြန်ပို့ရန် အမျိုးသားစည်းလုံးညီညွတ်ရေး ဝန်ကြီးဌာနကို တည်ထောင်ခဲ့သည်။ သို့သော်ဝန်ကြီးဌာနက ယင်းကိုမည်သို့ ပြီးမြောက် စေမည်ကို မသိရသေးကြောင်း El Pais က ဖော်ပြသည်။

ကိယက်ဗ်သည် ဒုက္ခသည်များအတွက် အကူအညီများ ဖြတ်တောက်ရန်နှင့် လူငယ်အမျိုးသားများအတွက် ကောင်စစ်ဝန် ဝန်ဆောင်မှုများကို ပိတ်ပင်ရန် အီးယူအား တိုက်တွန်းခြင်းအပါအဝင် ရွေးချယ်စရာအားလုံးကို ထည့်သွင်းစဉ်းစားနေကြောင်း သိရသည်။ စက်တင်ဘာလတွင် အတည်ပြုခဲ့သော ၎င်း၏ လူဦးရေဆိုင်ရာ မဟာဗျူဟာတွင် နိုင်ငံသား ၁.၃ မှ ၃.၃ သန်းသည် ပြန်မလာ နိုင်ကြောင်း အစိုးရက အသိအမှတ်ပြုခဲ့သည်။

ယူကရိန်းသည် ၂၀၃၂ ခုနှစ်တွင် လုပ်သား ၃.၁ မှ ၄.၅ သန်း လိုအပ်မည်ဖြစ်ပြီး နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်း ၇% ရရှိရန် စီးပွားရေးဝန်ကြီးဌာန၏ အချက်အလက် များအရ သိရသည်။ ပြန်လည်ထူထောင်ရေးတွင် ဒေါ်လာ ၄၁၁ ဘီလီယံ လိုအပ်မည်ဖြစ်ပြီး ယူကရိန်း၏ စစ်မဖြစ်မီ GDP ထက် ၂.၅ ဆ ပိုမိုလိုအပ်မည်ဖြစ်သည်။ ဤအချိန်သည် ယူကရိန်း၏ ကလေးမွေးဖွားနှုန်း သိသိ သာသာ ကျဆင်းနေချိန်ဖြစ်ပြီး လူဦးရေ အချိုးအစား ကွာဟမှု ဖြစ်ပေါ်နေသည်။

သို့သော်လည်း အီးယူရှိ ယူကရိန်းနိုင်ငံသား အများအပြားသည် ၎င်းတို့၏ မွေးရပ်မြေအပြင်ဘက်တွင် အခြေချနေထိုင်ရန် စီစဉ်နေကြသည်။ ပိုလန်နိုင်ငံ ဗဟိုဘဏ်က ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုအရ ပိုလန်ရှိ ဒုက္ခသည် ၃၉ ရာခိုင်နှုန်းသည် ရေရှည် သို့မဟုတ် အမြဲတမ်းနေထိုင်လိုကြောင်း ပြသခဲ့သည်။ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည့် ဂျာမနီနိုင်ငံ Ifo Institute ၏ နောက်ထပ်စစ်တမ်းတစ်ခုအရ ရုရှားနှင့် ပဋိပက္ခပြီးဆုံးပြီးနောက် ၃၅ ရာခိုင်နှုန်းခန့်သာ ပြန်သွားလိုကြောင်း ဖော်ပြခဲ့သည်။

ကိုးကား - Myanmar National Post

ဆီးရီးယားအစိုးရသစ်ကို တွန်းလှန်ရန် ဆီးရီးယားနိုင်ငံသားများအား အီရန် ထိပ်တန်းခေါင်းဆောင်က တောင်းဆို

အီရန်သမ္မတဟောင်း Bashar al-Assad ဖြုတ်ချခံရပြီးနောက် ပေါ်ပေါက်လာသော အာမက်အယ်လ်ရှာရာ အစိုးရကို တွန်းလှန်ရန် ဆီးရီးယားပြည်သူများအား အီရန်၏ ထိပ်တန်းခေါင်းဆောင် အယာတိုလာအလာခါမေနီက တောင်းဆိုထားပြီး အာဆတ်အစိုးရ တိုက်ခိုက်ခံရမှုသည် အနောက်နိုင်ငံများ၏ ကြိုးကိုင်မှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက် မိန့်ခွန်းတွင် ခါမေနီက ဆီးရီးယားနိုင်ငံသားများ အထူးသဖြင့် နိုင်ငံအတွင်းရှိ လူငယ်များသည် “ကြိုးကိုင်သူများနှင့် ဆီးရီးယားနိုင်ငံပြိုကွဲရန် အကောင်အထည်ဖော်နေသူများကို ပြင်းထန်စွာ ဆန့်ကျင်သင့်သည်” ဟု ပြောကြားခဲ့သည်။

HTS နှင့် အသွင်ကူးပြောင်းရေးအစိုးရတို့က ဆီးရီးယားနိုင်ငံသားအားလုံး၏ အခွင့်အရေးများကို အကာအကွယ်ပေးမည်ဟု အခိုင်အမာပြောဆိုခဲ့သော်လည်း ခါမေနီက အစ္စလာမ္မစ်သမ္မတနိုင်ငံအစိုးရနှင့် လိုက်လျောညီထွေရှိသောအဖွဲ့သာ ဆီးရီးယားတွင် လွှမ်းမိုးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan သည် ဒီဇင်ဘာ ၂၂ ရက်က ဆီးရီးယားနိုင်ငံ၏ တရားဝင်ခေါင်းဆောင် Ahmed al-Sharaa နှင့် Damascus တွင် တွေ့ဆုံခဲ့သည်။

ဆွေးနွေးပွဲအသေးစိတ်အချက်အလက်များကို ချက်ချင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း တူရကီသည် အာဆတ်ကိုဖယ်ရှားရန် ကြိုးပမ်းနေသည့် HTS ကို ကျောထောက်နောက်ခံအဖြစ် ကာလကြာရှည်စွာ ရပ်တည်ထားသည်။

အာဆတ်ကို ဖြုတ်ချခြင်းသည် တီဟီရန်အတွက် ကြီးမားသည့် ထပ်ထိုးနှက်ချက်အဖြစ် အများက ရှုမြင်သုံးသပ်ကြပြီး အီရန်၏ကြားခံနယ်နိမိတ်ဖြစ်သော ဆီရီးယား၏ အစိတ်အပိုင်းများသည် လွန်ခဲ့သည့် ၁၄ လ အတွင်း ကြီးမားသော ဆုတ်ယုတ်မှုများနှင့် ကြုံတွေ့ ခဲ့ရသည်။

ကိုးကား- https://www.rferl.org/a/iran-supreme-leader-syria-rebel-government/33249008.htm

Masoud Pezeshkian

အီရန်သမ္မတ Masoud Pezeshkian သည် လာမည့် ဇန်နဝါရီ ၁၇ ရက်တွင် မော်စကိုသို့ အလုပ်သဘောခရီးစဉ်အဖြစ်လာရောက်ရန် စီစဉ်ထားကြောင်း ရုရှားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Kazem Jalali က ကြေညာခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း Pezeshkian သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တီဟီရန်နှင့် မော်စကိုတို့အကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။

ကိုးကား - ဒေသတွင်းမီဒီယာ

Photo- President of Russia