ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွင်း အမေရိကန်သည် ရုရှား အပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို တစ်ချိန်ချိန်၌ ရုတ်သိမ်း နိုင်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။ သို့သော် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းနိုင်ခြေနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ ဆုံးဖြတ်ချက်ချထားခြင်း မရှိသေးကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ရုရှား-ယူကရိန်း ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစတင်ပြီး အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အများအပြား ချမှတ်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ သို့သော် အဆိုပါပိတ်ဆို့အရေးယူမှုများသည် တရားမဝင်ကြောင်း နှင့်ရုတ်သိမ်းပေးရန် ရုရှားဘက်က အကြိမ်ကြိမ်တောင်းဆိုခဲ့ကြောင်းလည်း သိရပါသည်။
ယူကရိန်းပဋိပက္ခအတွက် တည်မြဲပြီး ရေရှည်တည်တံ့သည့် ဖြေရှင်းချက် ကို ရှာဖွေနိုင်ရန်အတွက် အနောက်အုပ်စုနိုင်ငံများသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းရန် စဉ်းစားရလိမ့်မည်ဟု လွန်ခဲ့သော ရက်ပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို က အကြံပြု ပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ပြောဆိုချက်များ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။
ကိုးကား-NP News

ယူကရိန်းတွင် ဥရောပငြိမ်းချမ်းရေးတပ်များ တပ်ချရန် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်ကို ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စကော့ဖ်က ငြင်းပယ်လိုက်ပါသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က ရီယာ့ဒ်မြို့တွင် အမေရိကန် ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံချိန် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဖ်က ယူကရိန်း တွင် ဥရောပ(နေတိုး)တပ်ဖွဲ့များ တပ်ချထားရန် ကိစ္စမှာ “လုံးဝ လက်မခံ နိုင်ကြောင်း” ပြောကြားခြင်းကို မိမိအနေဖြင့် ထပ်မံဖြည့်စွက်ရန် သို့မဟုတ် မှတ်ချက်ပေးရန် မရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ကရင်မလင်နန်းတော် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားထားပါသည်။
ယူကရိန်းတွင် ဥရောပငြိမ်းချမ်းရေးတပ်များ ချထားရန်ကိစ္စအတွက် မိမိ က အထူးတလည် မေးမြန်းခဲ့ရာ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင် က ထိုကိစ္စမှာ ပြဿနာမရှိဟု ဖြေကြားခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားထားပါသည်။
ကိုးကား- The Guardian
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့် ၎င်း၏ ဝန်ကြီးဟောင်း နှစ်ဦးအား ဂါဇာဒေသ၌ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတို့တွင် ပါဝင်ပတ်သက်မှုရှိသဖြင့် စုံစမ်းစစ်ဆေးပေးနိုင်ပါရန် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC)ကို အမေရိကန်အခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Democracy for the Arab World Now (DAWN) က တင်ပြထားကြောင်း သိရပါသည်။

အမေရိကန်သမ္မတ ဟောင်းဂျိုးဘိုင်ဒင်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်တိုနီ ဘလင်ကင်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း လွိုက်အော့စတင် တို့သည် တာဝန်ရှိသူများ၏ အကြံပြုတင်ပြချက်များကို ထပ်ခါထပ်ခါ ပယ်ချပြီး ဂါဇာဒေသ၌ အစ္စရေးတို့၏ ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ရာတွင်စစ်ရေး၊ နိုင်ငံရေးအပြည့်အဝ ပံ့ပိုးခဲ့ကြောင်း တင်ပြထားသည့် စာမျက်နှာ ၁၇၂ ပါ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီသည် မော်စကိုမြို့တွင် မေလ ၉ ရက်နေ့၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ် အောင်ပွဲခံနေ့အခမ်းအနားသို့ တက်ရောက် နိုင်ကြောင်း အိန္ဒိယစစ်ဘက်ဆိုင်ရာ အရင်းအမြစ်တစ်ခုကို ကိုးကား၍ TASS က ဖော်ပြခဲ့ပြီး ယခုနှစ်သည် ဆိုဗီယက်ယူနီယံ၏ ဒုတိယကမ္ဘာစစ် အောင်ပွဲခံခြင်း နှစ် ၈၀ ပြည့်နှစ်အထိမ်းအမှတ် ဖြစ်သည်။

မိုဒီ၏ အဆိုပါခရီးစဉ်ကို စီစဉ်နေပြီဖြစ်ကြောင်းနှင့် အခမ်းအနားတွင် အိန္ဒိယ မှတပ်ဖွဲ့တစ်ခု ပါဝင်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။ လွန်ခဲ့သည့်သီတင်းပတ်က အိန္ဒိယနှင့် ရုရှားတို့သည် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းသဘောတူညီချက်သည် ပူးပေါင်းစစ်ရေး လေ့ကျင့်မှုများ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် အခြားပူးပေါင်းဆောင်ရွက်မှုများတွင် ညှိနှိုင်းမှုကို မြှင့်တင်ရန်ရည်ရွယ်သည်ဟုဆိုသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်က ယခုလအစောပိုင်းတွင် မေလ ၉ ရက်နေ့ အခမ်းအနားသို့ နိုင်ငံများစွာကို ဖိတ်ကြားသွားမည်ဟု အတည်ပြုပြောကြားခဲ့ပြီး ဓနသဟာယနိုင်ငံများ (CIS) နှင့် အခြားနိုင်ငံ များ၏ ခေါင်းဆောင်များ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ “ရုရှားနိုင်ငံ၏ အောင်ပွဲခံနေ့အပေါ် အရေးပါမှုကိုသိရှိပြီး တက်ရောက်ဂုဏ်ပြုမည့် ဧည့်သည်တော်များအားလုံးကို ကြိုဆိုပါသည်” ဟု ကရင်မလင် ပြောရေး ဆိုခွင့်ရှိသူ ဒမီထရီပက်စ်ကော့ဗ်က ပြောကြားခဲ့ပါသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဗြိတိန်သည် နိုင်ငံတကာထောက်ပံ့ရေး ရန်ပုံငွေသို့ ထည့်ဝင်လျက်ရှိသော ၎င်း၏ အမျိုးသား အသားတင်ဝင်ငွေ၏ ၀.၅% ထည့်ဝင်နေရာမှ ၀.၃% သို့လျှော့ချသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Sir Keir Starmer က ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် လွှတ်တော်သို့ပြောကြားခဲ့သည်။
နိုင်ငံ၏ကာကွယ်ရေးကဏ္ဍအတွက် လိုအပ်သော ဖြည့်တင်းမှုများ ပြုလုပ် နိုင်ရန် ကာကွယ်ရေးအသုံးစရိတ်များကို တိုးမြှင့်သုံးစွဲသွားမည် ဖြစ်ကြောင်း ဆိုသည်။

ထောက်ပံ့ငွေများ လျှော့ချရန်အတွက် ခက်ခဲစွာဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များကို အစွမ်းကုန်လုပ်ဆောင် သွားမည်ဖြစ်ပြီး ကာကွယ်ရေးကဏ္ဍကို ပထမဦးစားပေး ဆောင်ရွက်မည်ဟု Starmer က ပြောကြားခဲ့ပါသည်။
ဗြိတိန်သည် “ဆူဒန်၊ ယူကရိန်းနှင့် ဂါဇာတို့ရှိ ဒုက္ခသည်များအတွက် လူသားချင်း စာနာမှု အခန်းကဏ္ဍကို ဆက်လက်ထမ်းဆောင်သွားမည်” ဖြစ်သည်။
UNICEF UK ၏ CEO Dr Philip Goodwin က ယခုကဲ့သို့လျှော့ချမှုသည် ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော ကလေးများအတွက် အရေးကြီးသည့် ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာနှင့် ပညာသင်ကြားရေး အစရှိသည့် ထောက်ပံ့မှုများကို များစွာထိခိုက်သွားစေမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ မလုံခြုံမှုနှင့် မတည်ငြိမ်မှုများမြင့်တက်နေချိန်တွင် ဤဆုံးဖြတ်ချက်သည် ဘဝများစွာအပေါ် အကျိုးသက်ရောက်မှု ရှိလာစေမည်ဟု ပြောကြားခဲ့ ပါသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဝါရှင်တန်မြို့သို့ သွားရောက်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် အတည်ပြု ပြောကြားလိုက် ပါသည်။
ထပ်မံ၍ ယူကရိန်းသမ္မတ ဇီလန်စကီးသည် လန်ဒန်သို့ သွားရောက် မည်ဖြစ်ကာ ဗြိတိန်ဝန်ကြီးချုပ်အပါအဝင် ဥရောပနိုင်ငံခေါင်းဆောင် များနှင့် မတ်လ ၂ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားထားပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတဇီလန်စကီးသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဝါရှင်တန်မြို့သို့ လာရောက်မည်ဟု သိရကြောင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားထားသလို ဗြိတိန် ဝန်ကြီးချုပ် စတာမက် ကလည်း ဥရောပခေါင်းဆောင်များသည် ယူကရိန်း စစ်ပွဲကိစ္စ ဆွေးနွေးရန် မတ်လ ၂ ရက်နေ့တွင် လန်ဒန်မြို့၌ ထိပ်သီး အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
ကိုးကား - TASS
Photo: The Washington Post

ယူကရိန်းသမ္မတ ဇီလန်စကီးသည် လာမည့် ဖေဖော်ဝါရီ ၂၈ ရက် (သောကြာနေ့)တွင် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်ရှိ သမ္မတအိမ်ဖြူတော်သို့ လာရောက်နိုင်သည်ဟု သိရပါကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါသည်။
သောကြာနေ့တွင် ယူကရိန်းသမ္မတက အမေရိကန်သို့ လာရောက်မည် ဟု မိမိကြားသိရကြောင်း၊ ၎င်း၏ ခရီးစဉ်မှာ မိမိအတွက် အဆင်ပြေပါကြောင်း၊ အမေရိကန်နှင့် ယူကရိန်းအကြား မြေရှားသတ္တု သုံးစွဲမှုဆိုင်ရာ စီးပွားရေးစာချုပ် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ထပ်မံပြောကြားထားပါသည်။

အမေရိကန်က ယူကရိန်းရှိ မြေရှားသတ္တုသယံဇာတများကို ဝင်ရောက် တူးဖော်အသုံးပြုခွင့်ကိစ္စနှင့် ယူကရိန်းက မိမိနိုင်ငံအနာဂတ် လုံခြုံရေးအာမခံချက်နှင့် ဆက်စပ်သော အရေးကြီးသည့်ကိစ္စတို့ကို ဆွေးနွေးရန် မျှော်လင့်ရပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဝါရှင်တန်သို့ ရောက်ရှိနေသည့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့က ယူကရိန်းနှင့်ရုရှား နှစ်နိုင်ငံ အကြား ရေရှည် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ဖေဖော်ဝါရီ ၂၄ ရက်၌ သဘောတူညီခဲ့သော်လည်း အမေရိကန်နှင့် ဥရောပမဟာမိတ်များ အနေဖြင့် ယူကရိန်းအား အသီးသီး အကူအညီပေးရာ၌ မမျှတသည့် အခြေအနေဖြစ်နေသည်ဆိုသော ထရမ့်၏ပြောကြားချက်ကိုမူ မက်ခရွန် က လူသိရှင်ကြား ငြင်းပယ်ခဲ့သည်။

၎င်းနှင့် မက်ခရွန်ကြား အရေးကြီးကိစ္စရပ် အများအပြားနှင့်စပ်လျဉ်း၍ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်သည်ဟု ယုံကြည်ကြောင်း အိမ်ဖြူတော်၌ နှစ်ဖက်တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်အတွင်း ထရမ့်က ပြောကြားခဲ့သည်။ “အဆိုပါကိစ္စရပ်များထဲတွင် အရေးအကြီးဆုံး ကတော့ ယူကရိန်း-ရုရှား ပဋိပက္ခကို အဆုံးသတ်ရန် အချိန်တန်ပြီ ဆိုတာပါပဲ။ အဲဒါက ယခုအချိန်မှာပဲ ဖြစ်နိုင်ပါလိမ့်မည်” ဟု ၎င်းက ဆိုသည်။
မက်ခရွန်ကလည်း ၎င်းနှင့်ထရမ့်တို့ ဆွေးနွေးစဉ်အတွင်း သေချာရေရာမှုရှိသော အနာဂတ် ခြေလှမ်းများကို ဖော်ဆောင်ခဲ့ကြောင်း ပြောကြား ခဲ့ကာ ရှေ့ဆက်လျှောက်လှမ်းရမည့် လမ်းကြောင်းတစ်ခု ရှိနေသည်ဟု ၎င်းအနေဖြင့် အပြည့်အဝယုံကြည်ကြောင်း၊ ယူကရိန်းနှင့် ရုရှား နှစ်နိုင်ငံ အကြား ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက်ယုံကြည်ချက်များတွင် တူညီလျက်ရှိကြောင်း ထရမ့်နှင့်ဆွေးနွေး ပြီးနောက် တွင် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
သို့ရာတွင် ပြင်သစ်သမ္မတက အထက်တွင်ဆိုခဲ့သည့် ငြိမ်းချမ်းရေးမှာ ယူကရိန်းက လက်နက်ချအရှုံးပေးခြင်းကို သော်လည်းကောင်း၊ အာမခံချက် မရှိသော အပစ်အခတ်ရပ်စဲခြင်းကို သော်လည်းကောင်း ဆိုလိုခြင်း မဟုတ် ဟု အလေးအနက် ပြောကြားခဲ့သည်။
“အဆိုပါ ငြိမ်းချမ်းရေးက ယူကရိန်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တခြား အကျိုးစီးပွားဆက်စပ်သူများနှင့် ဆွေးနွေးညှိနှိုင်းမှုများကို လမ်းဖွင့်ပေးရမည်ဖြစ်ကြောင်း” မက်ခရွန်က ပြောကြားခဲ့သည်။
ကိုးကား-Myanmar National Post

လာမည့် မေလ ၉ ရက်တွင် မော်စကိုသို့ သွားရောက်ရန် စောလွန်းနေသေးသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
သင့်တော်သောအချိန်၌ ရုရှားနိုင်ငံသို့ သွားရောက်ရန်ဆန္ဒရှိကြောင်း ၎င်းက ထပ်မံပြောကြားထားကြောင်း အဆိုပါသတင်းဌာန ဖော်ပြချက်အရ သိရပါသည်။

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပမည့် ရုရှားနိုင်ငံ၏ သမိုင်းဝင် Victory Day အခမ်းအနားသို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့် တက်ရောက်မည်ဆိုပါက လှိုက်လှဲစွာ ကြိုဆိုမည်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ဒေါ်နယ်ထရမ့်က လွန်ခဲ့သောလအတွင်း ပူတင်နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ရာ၌ ပူတင်က ၎င်းအား လေးစားစွာပြောဆိုဆက်ဆံခဲ့ကြောင်းနှင့် ပူတင်သည် ယူကရိန်းနှင့် ပဋိပက္ခအား အမှန်တကယ် အဆုံးသတ်နေလိုပြီး ဝါရှင်တန်နှင့်မော်စကိုအကြား ပုံမှန်ဆက်ဆံရေးဖြစ်လာစေရန် ဆန္ဒရှိနေကြောင်း ရှင်းလင်းစွာပြောကြားခဲ့သည်ဟု ဆိုပါသည်။
ဘိုင်ဒင်လက်ထက်တွင် ဝါရှင်တန်နှင့်မော်စကိုတို့ ဆက်ဆံရေး ပျက်စီးခဲ့ရသော်လည်း ထရမ့် ဒုတိယအကြိမ် ပြန်လည်တာဝန်ယူပြီးနောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်လာ ခဲ့သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထရမ့်နှင့် ပူတင်တို့ တယ်လီဖုန်းမှတစ်ဆင့် စကားပြောဆိုပြီးနောက် လွန်ခဲ့သည့် သီတင်းပတ်အတွင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့တွင် ရုရှား-အမေရိကန် အဆင့်မြင့် အစည်းအဝေးများ ကျင်းပခဲ့သည်။ ပူတင်က ဆွေးနွေးမှုများကို ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် “ပထမဆုံးခြေလှမ်း” အဖြစ်ဖော်ပြခဲ့ပြီး ထရမ့်ကလည်း ထိုအမြင်ကို ထပ်လောင်းအတည်ပြုခဲ့သည်။
ထရမ့်က ၎င်း၏ Social Media ‘Truth’ တွင် ဗလာဒီမာပူတင်နှင့် ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်ရေး ဆွေးနွေးမှုများနှင့်အတူ အမေရိကန်-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း ရေးသားဖော်ပြခဲ့သည်။
ထရမ့်၏ ပြောဆိုမှုများကို ပူတင်က အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂