သတင်းများ

ရုရှားနှင့် အမေရိကန်သမ္မတတို့ ဖုန်းဖြင့်ဆက်သွယ်၍ ယူကရိန်းနှင့် အစ္စရေး-အီရန်အရေး ဆွေးနွေး

ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် အမေရိကန်နိုင်ငံသမ္မတ ထရမ့်တို့သည် ဇွန် ၁၄ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်၍ ယူကရိန်းအခြေအနေနှင့် အစ္စရေးက အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က ထိုနေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် မိနစ် ၅၀ ကြာ ဆွေးနွေးခဲ့ပြီး ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုသည် “အကျိုးရှိကြောင်း” Yuri Ushakov က ဆိုသည်။ ပူတင်က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရာတွင် ရုရှားနှင့် ယူကရိန်းတို့ စစ်သုံ့ပန်းချင်း လဲလှယ်မှုအခြေအနေကို မိတ်ဆက်ပြောကြားခဲ့ပြီး ရုရှားအနေဖြင့် ဇွန် ၂၂ ရက်ပြီးနောက် ယူကရိန်းနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းလိုကြောင်း အတည်ပြုခဲ့သည်။ ပူတင်က အီရန်အပေါ် အစ္စရေး၏ စစ်ရေး လှုပ်ရှားမှု ကိုရှုတ်ချခဲ့ပြီး နှစ်နိုင်ငံအတွက် စေ့စပ်ညှိနှိုင်းပေးလိုကြောင်း ပြောကြားခဲ့သည်။

ထရမ့်က အစ္စရေးနှင့် အီရန်တို့၏ အခြေအနေသည် “အလွန်အမင်း စိုးရိမ်ပူပန်စေ”ကြောင်း ပြောကြားခဲ့ပြီး တစ်ချိန်တည်းတွင် အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုသည် “ထိရောက်မှုရှိ” ကြောင်း၊ အမေရိကန် ဆွေးနွေး ညှိနှိုင်းရေးကိုယ်စားလှယ်အနေဖြင့် အီရန်နှင့်အတူ အီရန်နျူကလီးယားအရေး နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လုပ်ငန်းများ ပြန်လည်လုပ်ဆောင်သွားလိုကြောင်းလည်း ပြောကြားခဲ့သည်။ ထရမ့်က ယူကရိန်း အကျပ် အတည်းအား ဆောလျင်စွာ အဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များက ဆွေးနွေးရာတွင် နှစ်နိုင်ငံက ဒုတိယကမ္ဘာစစ်ကာလအတွင်း ရဲဘော်ရဲဘက် သံယောဇဉ်အကြောင်းပြောကြားခဲ့ပြီး အပြန်အလှန်၏ “အပြုသဘောဆောင်သော ပုဂ္ဂိုလ်ရေး ဆက်ဆံမှု” အပေါ် ကျေနပ်မှုရှိကြကြောင်း ပြောကြားခဲ့သည်ဟု Yuri Ushakov က ဆိုသည်။ 

ကိုးကား - Xinhua

ကမ္ဘောဒီးယားနိုင်ငံသည် ထိုင်းနိုင်ငံနှင့် နယ်စပ်အငြင်းပွားမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးမှ ဝင်ရောက်ဖျန်ဖြေရန် တောင်းဆို

ကမ္ဘောဒီးယားအစိုးရသည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်အငြင်းပွားမှု ဖြစ်ပွား နေသော ဒေသ (၄) ခုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သို့ တရားဝင်အဆိုပြုလွှာ တင်သွင်းကာ ဖျန်ဖြေရေးတောင်းဆိုလိုက်သည်။

“ကမ္ဘောဒီးယားသည် နယ်နိမိတ်အငြင်းပွားမှုများကို ဖြေရှင်းရန် အပြည်ပြည်ဆိုင်ရာဥပဒေအပေါ်အခြေခံသည့် ငြိမ်းချမ်းသောနည်းလမ်းကို ရွေးချယ်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်ယန္တရားကို အသုံးပြုမည်” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနက် က ဇွန် ၁၅ ရက်က ဖေ့စ်ဘွတ် တွင် ကြေညာခဲ့သည်။ ၎င်းနှင့်အတူ တာမွမ်းသုံ၊ တာမွမ်းတော့်၊ တာကရ ဘေးနှင့် မွမ်းဘေးအပါအဝင် ဒေသ (၄) ခုရှိ နယ်နိမိတ်အငြင်းပွားမှုများ အတွက် ICJ မှ ဖြန်ဖြေပေးရန် တောင်းဆိုသည့် လုပ်ငန်းစဉ်ကို စတင် လိုက်ခြင်းဖြစ်သည်။

နယ်နိမိတ်အငြင်းပွားမှုအတွက် ICJ သို့ တင်သွင်းသည့် အဆိုပြုလွှာကို ဇွန် ၁၆ ရက်တွင် နယ်သာလန်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီး က The Hague ရှိ ICJ ဌာနချုပ်သို့ ပို့ဆောင်ခဲ့သည်” ကမ္ဘောဒီးယား လိုချင်သည်က အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်သတ်မှတ်ရာတွင်တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုသာဖြစ်ပြီး နောင်လာ နောက်သားများ ဤအချင်းအရာများတွင် မပတ်သက်စေရန်ပင်” ဟု ဟွန်မနက်က ပြောကြားခဲ့သည်။

ဟွန်မနက်က “လွန်ခဲ့သော နှစ် ၆၃ က ဇွန် ၁၅၊ ၁၉၆၂ ခုနှစ်တုန်းက ICJ ကနေ ပရာ့ဗီဟီးယားဘုရားကျောင်းသည် ကမ္ဘောဒီးယား နိုင်ငံပိုင်ဆိုင်ကြောင်း “သမိုင်းဝင်ဆုံးဖြတ်ချက်” ချမှတ်ပေးခဲ့ဖူးသည်” ဟု ထောက်ပြ ပြောဆို ခဲ့ပါသည်။ အဆိုပါဖြစ်ရပ်နှစ်ခုကြား နှစ် ၆၀ ကျော်ကွာခြားသော်လည်း ကမ္ဘောဒီးယား၏ ရည်မှန်းချက်နှင့် ခံယူချက်ကတော့ ဘယ်တော့မှ မပြောင်းလဲပါ” ဟု ၎င်းက ပြောကြားခဲ့ပါသည်။

ဇွန် ၁၆ က ထုတ်ပြန်သော တုံ့ပြန်ချက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ၏ စာချုပ်နှင့်ဥပဒေရေးရာဌာန (DTLA) ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဘန်ဂျမင် ဆူကန်ဂျာနာဂျီက “ထိုင်းနိုင်ငံသည် အဆိုပါကိစ္စနှင့် ပတ်သက်၍ ကမ္ဘောဒီးယား သို့မဟုတ် ICJ ထံမှ တရားဝင် အကြောင်းကြားချက် မရရှိသေးသဖြင့် ကမ္ဘောဒီးယား၏အဆိုပြုလွှာ၏ ဥပဒေ အခြေခံ သို့မဟုတ် အကြောင်းအရာကို နားလည်နိုင်ခြင်းမရှိသေးကြောင်း” ပြောကြားခဲ့သည်။ DTLA သည် အဆိုပါအမှုကို လေ့လာရန်နှင့် လိုအပ်ပါက ခုခံချေပရန် အပြည်ပြည်ဆိုင်ရာဥပဒေအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားသည်။ သို့သော် မစ္စတာ ဘန်ဂျမင်က ၁၉၆၀ ပြည့်နှစ်ကတည်းက ထိုင်းနိုင်ငံသည် ICJ ၏ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုကြောင်း ထောက်ပြခဲ့သည်။ ၎င်းက “ICJ သည် နှစ်နိုင်ငံစလုံးက တရားရုံး၏ တရားစီရင်ပိုင်ခွင့်ကို အသိ အမှတ်ပြုမှသာ နယ်နိမိတ်အငြင်းပွားမှုများကို ဆုံးဖြတ်နိုင်သည်”ဟု အတိအလင်း ပြောကြားခဲ့သည်။

မစ္စတာ ဘန်ဂျမင်က ထပ်လောင်းပြောကြားရာတွင် ၂၀၀၀ ပြည့်နှစ်က ထိုင်းနှင့်ကမ္ဘောဒီးယားတို့ လက်မှတ်ရေးထိုးခဲ့သော MOU 43 တွင် နှစ်နိုင်ငံသည် နယ်နိမိတ်ပြဿနာကို တစ်ဖက်သတ်ဥပဒေရေးရာလုပ်ဆောင်ချက်များဖြင့် မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှုများဖြင့်သာ ဖြေရှင်း ရမည်ဟု အလေးအနက်ထားဖော်ပြထားကြောင်း ဖော်ပြခဲ့သည်။ ICJ မှ အဆိုပါကိစ္စနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပြုသေးပါ။ 

ဖနွမ်းပင်၏ အဆိုပါတရားရေးလုပ်ငန်းစဉ်ကို ဇွန် ၁၄-၁၅ ရက်က ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သော နယ်နိမိတ်ပူးတွဲကော်မရှင် (JBC) ၏ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးပြီးဆုံးပြီးနောက် စတင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်က ဘန်ကောက်မြို့တွင် နောက်ဆုံးကျင်းပခဲ့ပြီးနောက် ၁၂ နှစ်ကြာ ရပ်နားထားပြီး ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။

ကမ္ဘောဒီးယား နယ်စပ်ရေးရာဝန်ကြီးဌာန အတွင်းဝန် လမ်ချီးယားက နှစ်နိုင်ငံသည် အငြင်းပွားနေသော ဒေသ ၄ ခုလုံးကို တရားမျှတ၍ ရည်ရွယ်ချက်ရှိရှိနှင့် ရေရှည်တည်တံ့သော ဆုံးဖြတ်ချက်ရရှိရန် ICJ သို့ ပူးတွဲတင်သွင်းရန် အဆိုပြုခဲ့သည်။ ၎င်းက “ထိုင်းနိုင်ငံသည် ICJ ၏ တရားစီရင်ပိုင်ခွင့်ကို ဆက်လက်ငြင်းဆန်ပါက ကမ္ဘောဒီးယားတွင် တစ်ဖက်သတ်လုပ်ငန်းစဉ်စတင်ရန် အခွင့်အရေးရှိသည်” ဟု ပြောကြား ခဲ့သည်။

ဇွန် ၁၃ ရက်က ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ဥက္ကဋ္ဌ ဆီးနိတ်ဥက္ကဋ္ဌ ဟွန်ဆန်က ကမ္ဘောဒီးယားသည် အငြင်းပွားမှုများကို ထိုင်းနှင့်ရင်ဆိုင်ရန် လက်နက်ကိုင်ဖြေရှင်းမှုများဖြင့်မဟုတ်ဘဲ ငြိမ်းချမ်းသော နည်းလမ်းများနှင့် ဥပဒေနည်းလမ်းတကျ ဖြေရှင်းရန် ကြိုးပမ်းမှုများကို အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း၏ ထောက်ခံမှုကို တောင်းခံကြောင်း အတည်ပြု ပြောကြားခဲ့သည်။ 

ဇွန် ၁၆ ရက် ထုတ်ပြန်ချက်တွင် မစ္စတာဟွန်ဆန်က အိမ်နီးချင်း နိုင်ငံသည် ယနေ့ နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ခြင်းမရှိပါက ထိုင်းမှ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ တင်သွင်းမှုအားလုံးကို တားမြစ်မည် ဟု နောက်တစ်ကြိမ် သတိပေးခဲ့သည်။ ၎င်းက ဝန်ကြီးချုပ် ဟွန်မနက်က ထိုင်းဝန်ကြီးချုပ်ထံ အဆိုပါအစီအမံကို အသိပေးပြီးဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မစ္စတာဟွန်ဆန်က ကမ္ဘောဒီးယားသည် အငြင်းပွားမှုကို ICJ သို့ ဆောင်ရွက်ရခြင်း၏ အကြောင်းရင်းမှာ ငြိမ်းချမ်းသောဖြေရှင်းနည်းကို ရှာဖွေရန်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် နှစ်နိုင်ငံသည် အငြင်းပွားနေသော ဒေသ ၄ ခုနှင့်ပတ်သက်၍ နှစ်နိုင်ငံသဘောတူညီချက် ရရှိရန် ခက်ခဲနေသောကြောင့်ဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံအား ICJ တွင် ပူးတွဲတင်သွင်းရန် မကြာခဏ တောင်းဆိုခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။

နှစ်နိုင်ငံအကြား နယ်နိမိတ်အငြင်းပွားမှုများသည် ၂၀ ရာစုအစောပိုင်း ပြင်သစ်ကိုလိုနီခေတ် အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် ကီလိုမီတာ ၈၀၀ ရှည်လျားသော နယ်နိမိတ်မျဉ်းသတ်မှတ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။၁၉၆၂ ခုနှစ်တွင် ICJ က ပရီဗီဟီးယားဘုရားကျောင်းသည် ကမ္ဘောဒီးယား ပိုင်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ICJ က ဘုရားကျောင်း အနီးရှိ နယ်မြေကို ကမ္ဘောဒီးယားသို့ ပေးအပ်ခဲ့သည်။ သို့သော် ထိုင်းနိုင်ငံ က တရားရုံး၏ တရားစီရင်ပိုင်ခွင့်ကို ငြင်းဆန်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှစ၍ နှစ်နိုင်ငံအကြား ပဋိပက္ခများတွင် အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားသည် အစ္စတန်ဘူလ် ကတိကဝတ်များကို ပြည့်မီစွာ ဆောင်ရွက်ပြီးဖြစ်ကြောင်း အဆင့်မြင့်ညှိနှိုင်းရေးမှူးက ပြောကြား

ရုရှားသည် စစ်ပွဲအတွင်းကျဆုံးခဲ့သော ယူကရိန်းစစ်သည် ၆၀၀၀ ကျော် ၏ ရုပ်ကြွင်းများကို ပြန်လည်အပ်နှင်းခဲ့ပြီဖြစ်ကြောင်း ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်သည့် မော်စကို၏ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗလာဒီမာ မက်ဒင်စကီက ပြောကြားခဲ့သည်။

တနင်္လာနေ့ (ဇွန် ၁၆) တွင် တယ်လီဂရမ်တွင် တင်ခဲ့သော ပို့စ်တစ်ခုတွင် သမ္မတ၏ အကြံပေးဖြစ်သူက မော်စကိုဘက်မှ ယူကရိန်း ကျဆုံး စစ်သည်ရုပ်ကြွင်း စုစုပေါင်း ၆,၀၆၀ ကို ပြန်လည်အပ်နှင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါသတင်းတွင် ကိယက်ဗ်ဘက်မှလည်း ကျဆုံး ခဲ့သော ရုရှားစစ်သည် ၇၈ ဦး၏ ရုပ်ကြွင်းများကို ပြန်လည်အပ်နှင်းခဲ့ကြောင်း ဖြည့်စွက်ဖော်ပြခဲ့သည်။

ကျဆုံးခဲ့သော ရုပ်ကြွင်းများလဲလှယ်ရန် ဇွန်လအတွင်း တူရကီမှ အိမ်ရှင် အဖြစ်လက်ခံကျင်းပခဲ့သော မော်စကိုနှင့် ကိယက်ဗ်အကြား နောက်ဆုံး အကြိမ် တိုက်ရိုက်ဆွေးနွေးပွဲများတွင် သဘောတူညီခဲ့ခြင်းဖြစ်သည်။ထိုအချိန်က မက်ဒင်စကီ၏ ဆွေးနွေးဘက် ယူကရိန်းညှိနှိုင်းရေးမှူး ကာကွယ်ရေးဝန်ကြီး ရူစတမ် ဦးမာရော့ဖ်က ကိယက်ဗ်ဘက်မှလည်း ကျဆုံးရုရှားစစ်သည် ရုပ်ကြွင်းအရေအတွက်ကို အညီအမျှ ပြန်လည် အပ်နှင်းမည်ဟု အဆိုပြုခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ပဋိပက္ခ စတင်အရှိန်မြင့်လာချိန်မှစ၍ ယူကရိန်းဘက်မှ စစ်သည် ၁၀၀,၀၀၀ အထိ ဆုံးရှုံးခဲ့ရကြောင်း ဧပြီလအတွင်း ယူကရိန်း သမ္မတ ဗလာဒီမာ ဇီလန်စကီးက အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ် နှောင်းပိုင်းအထိ ကိယက်ဗ်၏ ဆုံးရှုံးမှုများမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုများပြားနေပြီး ထိုနှစ်အတွင်းဆုံးရှုံးမှုသည် စုစုပေါင်းဆုံးရှုံးမှု၏ တစ်ဝက်ကျော်ခန့်ရှိကြောင်း သိရသည်။

ကိုးကား- RT

ထရမ့်က သမိုင်းတစ်လျှောက်အကြီးမားဆုံး အုပ်စုလိုက် ပြည်နှင်ဒဏ်ပေးမှုဆောင်ရွက်ရန် အမိန့်ပေး

လော့အိန်ဂျလိစ်မြို့တွင် အဓိကရုဏ်းများဖြစ်ပွားပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖက်ဒရယ်အေးဂျင့်များအား ဒီမိုကရက်ပါတီ ဦးဆောင်သောမြို့ကြီးများမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို စုစည်း၍ အစုလိုက်နှင်ထုတ်နိုင်ရေး အရှိန်မြှင့်လုပ်ဆောင်ရန် ညွှန်ကြား ခဲ့သည်။

တနင်္ဂနွေ (ဇွန် ၁၅) ညတွင် (၎င်း၏ Truth Social လူမှုကွန်ရက်ပေါ်တွင်) ထရမ့်က လူဝင်မှုနှင့် အေဂျင်စီ (ICE) အေးဂျင့်များအား “သမိုင်း တစ်လျှောက်အကြီးမားဆုံး အုပ်စုလိုက် ပြည်နှင်ဒဏ် ပေးအပ်ရေး အစီအစဉ် ကို အောင်မြင်စွာအကောင်အထည်ဖော်ရန်” အမိန့်ပေးခဲ့သည်။

ထို့အပြင် ၎င်းက “အဆိုပါရည်မှန်းချက်အောင်မြင်ရန် လော့အိန်ဂျလိစ်၊ ချီကာဂို နှင့် နယူးယောက်ကဲ့သို့သော အမေရိကန်၏ အကြီးဆုံး မြို့ကြီးများတွင် တရားမဝင်နေထိုင်သူများကို ဖမ်းဆီးနှင်ထုတ်ရန် ကြိုးပမ်း အားထုတ်မှုများတိုးမြှင့်ရမည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ထရမ့်က ဒီမိုကရက်တို့သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို မဲဆန္ဒရှင်အခြေခံအင်အားချဲ့ထွင်ရန်၊ ရွေးကောက်ပွဲတွင် မသမာမှုများ လုပ်ဆောင်ရန် နှင့် လူမှုဖူလုံရေးစနစ်ကို ချဲ့ထွင်ကာ အမေရိကန် နိုင်ငံသား အလုပ်ကြိုးစားသူများ၏ အလုပ်အကိုင်နှင့် အကျိုးခံစားခွင့်များကို လုယက်ရန် အသုံးချနေသည်ဟု စွပ်စွဲခဲ့သည်။

လော့အိန်ဂျလိစ်နှင့် ချီကာဂိုအပါအဝင် ဒီမိုကရက်များ၏ အာဏာစက် ကြီးစိုးရာဒေသများတွင် ၎င်းတို့၏ Sanctuary ဥပဒေများအရ ဖက်ဒရယ် လူဝင်မှုအေးဂျင့်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကန့်သတ်ထားသည်။ ထိုမူဝါဒများကို ထရမ့်နှင့် ရီပတ်ပလီကန်တို့က ကာလရှည်လျားစွာ ကန့်ကွက်ခဲ့ကြသည်။

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom နှင့် လော့အိန်ဂျလိစ်မြို့တော်ဝန် Karen Bass တို့က လွန်ခဲ့သောအပတ်က ICE ၏ဦးဆောင်သောဝင်ရောက်ဖမ်းဆီးမှုများကြောင့် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကို ထိန်းသိမ်းရန် အမျိုးသားအစောင့်တပ်ဖွဲ့နှင့် မရိန်း တပ်သား (Marines) များကို စေလွှတ်မည်ဆိုသည့် ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။

Newsom က အဆိုပါလုပ်ရပ်သည် ဥပဒေနှင့်မညီဟု ဆိုကာ ထရမ့်နှင့် ကာကွယ်ရေးဌာန (Pentagon) တို့အား တရားစွဲဆိုမည်ဟု ပြောကြားခဲ့သည်။

“ဒေါ်နယ်ထရမ့်သည် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရန် ပျက်ကွက်ခြင်းနှင့် ၎င်း၏အာဏာကို ကျော်လွန်အသုံးပြုခြင်းဖြင့်ကြောက်ရွံ့မှုနှင့် အကြမ်းဖက်မှုကို ဖန်တီးနေပါသည်” ဟု အုပ်ချုပ်ရေးမှူး က ပြောကြားခဲ့သည်။

လော့အိန်ဂျလိစ်မြို့တွင် အဓိကရုဏ်း၊ လုယက်မှုများနှင့် ရဲများနှင့် တိုက်ခိုက်မှုများ ရက်ပေါင်းများစွာ ဆက်တိုက်ဖြစ်ပွားပြီးနောက် ဇွန်လ (၁၀) ရက် အင်္ဂါနေ့တွင် လော့အိန်ဂျလိစ်မြို့လယ်၏ အချို့သော နေရာ များတွင် ညမထွက်ရအမိန့် (Curfew) ထုတ်ပြန်ခဲ့သည်။

ထရမ့်သည် ၎င်း၏ရွေးကောက်ပွဲကာလစည်းရုံးမှုအတွင်း ယခင်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်က မက္ကဆီကိုနယ်စပ်မှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်မှုကို အားပေးသည့် 'Open-Border' မူဝါဒ များကို ပြန်လည်ရုပ်သိမ်းရန် ကတိပြုခဲ့သည်။

ပါကစ္စတန်က အစ္စရေး၏ တိုက်ခိုက်မှုများကို ဆန့်ကျင်ရန်အတွက် မွတ်စလင် နိုင်ငံများအား စည်းလုံးညီညွတ်စွာ ရပ်တည်ရန် တောင်းဆို

ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး Khawaja Asif က အီရန်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များနှင့် နျူကလီးယားစက်ရုံများကို အစ္စရေးက ဝင်ရောက် တိုက်ခိုက်မှုအပြီး မွတ်စလင်နိုင်ငံများအား စည်းလုံးညီညွတ်စွာ ရပ်တည်ရန်တိုက်တွန်းလိုက်သည်။ ၎င်းကပူးပေါင်းဆောင်ရွက်မှု မရှိပါက အရှေ့ အလယ်ပိုင်း ဒေသတစ်ခုလုံးတွင် ထပ်မံတိုက်ခိုက်မှုများကို အားပေးရာ ရောက်ကြောင်း သတိပေးခဲ့သည်။

စနေနေ့ (ဇွန် ၁၄) က အမျိုးသားလွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် အာဆစ်က အစ္စရေးသည် တစ်ဦးတည်း လုပ်ဆောင်ခြင်းမဟုတ်ဘဲ သတင်းထောက်လှမ်းရေး၊ အကာအကွယ်နှင့် အထောက်အပံ့များ ရရှိထားကြောင်း ပြောကြားခဲ့သည်။ မွတ်စလင်ကမ္ဘာသည် စစ်ရေးအရ အားနည်းနေဆဲဖြစ်ပြီး ပူးပေါင်းတုံ့ပြန်မှုတစ်ရပ် လိုအပ်ကြောင်း ၎င်းက ထောက်ပြ ခဲ့သည်။

“ယနေ့ အစ္စရေးက ယီမင်၊ အီရန်နှင့် ပါလက်စတိုင်းတို့ကို ပစ်မှတ်ထားသကဲ့သို့ အကယ်၍ မွတ်စလင်ကမ္ဘာက စည်းလုံးညီညွတ်စွာ မရပ်တည်ဘဲ မိမိတို့၏ အကျိုးစီးပွားနှင့် ရည်မှန်းချက်များကိုသာ ဦးစားပေးနေမည်ဆိုပါက တစ်ချိန်တွင်မိမိနိုင်ငံ အလှည့်ကျလာမည်” ဟု ၎င်းက လွှတ်တော်အမတ်များအား ပြောကြားခဲ့သည်။

အာဆစ်က အစ္စရေးကို ရင်ဆိုင်ရန် နည်းဗျူဟာရေးဆွဲရန်အတွက် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကို အရေးတကြီး အစည်းအဝေးခေါ်ယူရန် တောင်းဆိုခဲ့သည်။ “မွတ်စလင်ကမ္ဘာတွင် အစ္စရေးနှင့်သံတမန်ဆက်ဆံရေးရှိသမျှကို ဖြတ်တောက်သင့်သည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“မိမိတို့သည် အီရန်နိုင်ငံကို နောက်ကွယ်မှ ရပ်တည်ပြီး ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နိုင်ငံတကာဖိုရမ်တိုင်းတွင် ပံ့ပိုးကူညီသွားမည်” ဟု ကာကွယ်ရေးဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

နှစ်(၂၅၀)ပြည့် အမေရိကန်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ထရမ့်၏အသက် ၇၉ နှစ်ပြည့်မွေးနေ့တွင် ကျင်းပ

နှစ်(၂၅၀)ပြည့် အမေရိကန်တပ်မတော်နေ့ အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ဖြစ်သည့် ဇွန် လ ၁၄ ရက်တွင် ကျင်းပကြောင်း သိရသည်။

အဆိုပါစစ်ရေးပြ အခမ်းအနားကို ကွန်စတီကျူးရှင်း ရိပ်သာလမ်းတွင်ပြုလုပ်ခြင်း ဖြစ်ပြီး စစ်ရေးပြစစ်သည် ၇၀၀၀ ခန့်၊ အေဘရမ်တင့် ၂၅ စီးကျော်၊ စထရိုက်ကာ သံချပ်ကာယာဉ် ၂၈ စီး၊ ပလာဒင်ယာဉ်တင် အမြောက်လေးစီးအပါအဝင် စစ်ယာဉ်စုစုပေါင်း ၁၅၀ တို့က ပါဝင်စစ်ရေးပြခြင်းဖြစ် သည်။

အမေရိကန်နိုင်ငံအနေဖြင့် ယခုကဲ့သို့ စစ်အင်အားပြသမှုသည် ရှားပါးသည့်ဖြစ်စဉ်တစ်ခုဖြစ်ပြီး အခြားသောနိုင်ငံများက ၎င်းတို့၏အောင်ပွဲနေ့များကို အထိမ်းအမှတ်များအဖြစ် ကျင်းပလျက်ရှိကြောင်း၊ ယခုအခါ အမေရိကန်၏ အလှည့်ကျလာပြီဖြစ်ကြောင်း ထရမ့်ကပြောသည်။

အမေရိကန်နိုင်ငံက နောက်ဆုံးအနေဖြင့် စစ်ရေးပြအခမ်းအနား ကျင်းပခဲ့သည်မှာ ၁၉၉၁ ခုနှစ်တွင်ဖြစ်ပြီး ပင်လယ်ကွေ့စစ်ပွဲအပြီးတွင် အောင်ပွဲအထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်သည်။

ထရမ့်သည် ၎င်း၏ ပထမဆုံးအကြိမ် သမ္မတသက်တမ်းကတည်းက ထိုကဲ့သို့ သော စစ်ရေးပြအခမ်းအနားကို ကျင်းပရန် စိတ်ဝင်စားခဲ့သူဖြစ်ပြီး ယခုမှသာ စစ်ရေး ပြအခမ်းအနားကို ကျင်းပခြင်းဖြစ်သည်။

စစ်ရေးပြအခမ်းအနား ကျင်းပနေစဉ်အတွင်း အမေရိကန်နိုင်ငံ တစ်ဝန်းတွင် အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများစွာ ဖြစ်ပွားလျက်ရှိကြောင်း၊ လော့အိန်ဂျလိမြို့ ၌ဖြစ်ပွားသည့် ဆူပူဆန္ဒပြမှုများမှအစပြု ၍   ယခုကဲ့သို့စစ်ရေးပြ အခမ်းအနားကျင်းပမှုအပေါ် အထူးသဖြင့် ဒီမိုကရက်တစ်ကို လိုလားသော ပြည်သူအချို့က ဆန့်ကျင် ဆန္ဒပြနေခြင်း ဖြစ်ကြောင်း သိရသည်။

MWD Web Portal

ဗီယက်နမ်လွှတ်တော်က ခရိုင်အဆင့် အုပ်ချုပ်မှုယန္တရားကို ဖျက်သိမ်း

ဗီယက်နမ်အမျိုးသားလွှတ်တော်သည် ဇွန်လ ၁၆ ရက် (တနင်္လာနေ့)တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြင်ဆင်အတည်ပြုခဲ့ပြီး ခရိုင်အဆင့် အုပ်ချုပ်မှုယန္တရားအား အပြီးအပိုင် ဖျက်သိမ်းလိုက်သည်။ ကွန်မြူနစ် နိုင်ငံဖြစ်သည့် ဗီယက်နမ်၏ အုပ်ချုပ်ရေးစနစ်အပေါ် ကြီးမားသော ပြုပြင်ပြောင်းလဲမှုတစ်ရပ်လည်း ဖြစ်သည်။ 

ခရိုင်အဆင့်အုပ်ချုပ်ရေးကို ဖျက်သိမ်းရန် လွှတ်တော် ကိုယ်စားလှယ်များက တစ်ညီတစ်ညွတ်တည်း သဘောတူညီခဲ့ကြပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်သည်။ ယခုအခါ အစိုးရအဖွဲ့ ယန္တရားတွင် ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအဆင့်နှင့် ကွန်မြူး အဆင့် (မြို့၊ ရပ်ကွက်နှင့် အထူးဇုန်) ဟူ၍ နှစ်ဆင့်သာ ကျန်ရှိမည် ဖြစ်သည်။

ဗီယက်နမ်အစိုးရအဖွဲ့၏ အုပ်ချုပ်မှုယန္တရားတွင် ထိုသို့ ၅ ပုံ ၁ ပုံ လျှော့ချခြင်းဖြင့် နှစ်စဉ် အသုံးစရိတ်ကို ဒေါ်လာဘီလီယံနှင့်ချီ သက်သာစေရန် ရည်ရွယ်သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် အစိုးရဝန်ကြီးဌာနအရေအတွက်ကိုလည်း သိသိသာသာလျှော့ချခဲ့သဖြင့် အလုပ်အကိုင်နေရာ ၂၃,၀၀၀ ဆုံးရှုံးမှုဖြစ်ခဲ့သည်။ 

ဗီယက်နမ်အစိုးရအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အာဂျင်တီးနား သမ္မတ Javier Milei တို့၏ အစိုးရအသုံးစရိတ်များ လျှော့ချသည့်နည်းလမ်းများအတိုင်း တူညီစွာ ဆောင်ရွက်ခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် အလယ်အလတ် ဝင်ငွေ ရှိသည့် နိုင်ငံဖြစ်လာစေရန်နှင့် မြန်ဆန်၊ တည်ငြိမ်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ယခုလိုအစိုးရ၏ အုပ်ချုပ်မှု ယန္တရားအတွင်း ပြုပြင်ပြောင်းလဲရေးများ အလျင်အမြန် လုပ်ဆောင်ရန် လိုအပ်ခြင်း ဖြစ်ကြောင်း ဗီယက်နမ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်နှင့် ထိပ်ပိုင်း အမျိုးသားရေးခေါင်းဆောင် To Lam က ပြောကြားခဲ့သည်။ 

တနင်္လာနေ့ (ဇွန် ၁၆) တွင် လွှတ်တော်က ကွန်မြူးအဆင့် အုပ်ချုပ်မှုအဖွဲ့ကိုလည်း ပြင်ဆင်ဖွဲ့စည်းရန် မဲပေးအတည်ပြုခဲ့ပြီး ကွန်မြူး အရေအတွက်ကို ၁၀,၀၀၀ ကျော်မှ ၃,၃၀၀ အထိ လျှော့ချမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်မှုကြောင့် မြို့နှင့် ကွန်မြူးအဆင့်တွင် အချိန်ပိုင်း အလုပ်အကိုင် နေရာ ၁၂၀,၀၀၀ ခန့် ဆုံးရှုံးမည်ဖြစ်သည်။ 

ပို့ကုန်တင်ပို့မှုအပေါ် အဓိက မှီခိုသည့် ဗီယက်နမ်နိုင်ငံသည် ပြီးခဲ့သည့် နှစ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရာခိုင်နှုန်း ၇.၁ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီးနောက် ယခုနှစ်တွင် ၈% ရရှိရန် ရည်မှန်းထားသည်။ ဗီယက်နမ် နိုင်ငံအပေါ် ကုန်သွယ်ခွန် ၄၆ % ကောက်ခံမည် ဟူ၍ အမေရိကန်သမ္မတ ထရမ့်က ခြိမ်းခြောက်ပြောဆိုသဖြင့် ဗီယက်နမ်အစိုးရသည် အမေရိကန် နှင့် အရေးပေါ် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။ 

ကိုးကား -MSN

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

US လောင်စာဖြည့်လေယာဉ်များ အရှေ့အလယ်ပိုင်းသို့ ဦးတည်ထွက်ခွာ

တနင်္လာနေ့ (ဇွန် ၁၆) တွင် Military Watch Magazine ၏ ဖော်ပြချက်အရ အမေရိကန်ပြည်ထောင်စုသည် လောင်စာဖြည့်လေယာဉ် ၃၀ ကျော်ကို အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ကာ အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ခဲ့ကြောင်း သိရှိရပါသည်။ ယင်းဂျာနယ်က ဤကဲ့သို့သော ထောက်ပံ့မှုသည် ယခင်က မရှိခဲ့ဖူးကြောင်းနှင့် အမေရိကန်သည် အစ္စရေး-အီရန် စစ်ပွဲတွင် ပိုမိုနက်ရှိုင်းစွာ ပါဝင်လာနိုင်ကြောင်း ညွှန်းဆိုထားပါသည်။

အနောက်ဂျေရုဆလင်နှင့် တီဟီရန်တို့၏ တိုက်ခိုက်မှုသည် လေးရက်တိုင်ရှိသွားခဲ့ပြီဖြစ်ပြီး လွန်ခဲ့သော သီတင်းပတ်က အစ္စရေး တပ်ဖွဲ့များသည် အီရန်၏ နျူကလီးယားနှင့် စစ်ရေးအချက်အချာနေရာများကို လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အဆင့်မြင့်စစ်ဘက်အရာရှိကြီးများနှင့် သိပ္ပံ ပညာရှင်များကို ချေမှုန်းခဲ့ပါသည်။ အီရန်ဘက်မှလည်း တယ်လ်အဗစ် နှင့် ဟိုင်ဖာကဲ့သို့သော အစ္စရေးမြို့ကြီးများကို လက်တုံ့ပြန်သည့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။

အမေရိကန်က အစ္စရေး၏ တိုက်ခိုက်မှုကို ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါတိုက်ခိုက်မှုများသည် လုပ်ဆောင်သင့်သည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းက အမေရိကန်နှင့် မိတ်ဖက်များ၏ အကျိုးစီးပွားများ ခြိမ်းခြောက်ခံရပါက ဝါရှင်တန်အနေဖြင့် တိုက်ရိုက်ပါဝင်နိုင်ကြောင်း သတိပေးခဲ့သော်လည်း အမေရိကန် တပ်ဖွဲ့များ မည်သို့မည်ပုံ ပါဝင်မည်ဆိုသည့် အစီအစဉ်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော် လေယာဉ်လမ်းကြောင်း ခြေရာခံအချက်အလက်များအရ အမေရိကန်သည် KC-135 နှင့် KC-46 လောင်စာဖြည့်လေယာဉ်များကို အရှေ့အလယ်ပိုင်းဒေသသို့ စတင်ပို့ဆောင်နေပြီဖြစ်ပါသည်။ Military Watch Magazine က အဆိုပါလေယာဉ်များသည် အစ္စရေး လေတပ်၏ လုပ်ငန်းများကို ပံ့ပိုးရန်(သို့) အမေရိကန်အနေဖြင့် လက်ရှိပဋိပက္ခတွင် ပိုမိုပါဝင်လာပါက ၎င်းတို့၏ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များအတွက် လောင်စာဖြည့်တင်းရန် ရည်ရွယ်နိုင်ကြောင်း ဆိုပါသည်။

ယင်းအစီရင်ခံစာ၌ အခြားသောအနောက်နိုင်ငံများမှ လောင်စာဖြည့် ယာဉ်များသည်လည်း အစ္စရေး၏ လေကြောင်း လောင်စာဖြည့် လုပ်ငန်းများတွင် ပါဝင်နေကြောင်းလည်း ဖော်ပြထားပါသည်။ အမေရိကန်သည် ထောက်လှမ်းရေးသတင်းအချက်အလက်၊ ဂြိုဟ်တုစနစ် ထောက်လှမ်းမှုနှင့် လေကြောင်းရန်ကာကွယ်ရေး အထောက်အပံ့များကိုလည်း ထောက်ပံ့ ပေးနေသည်ဟု ယုံကြည်ရပါသည်။

တနင်္ဂနွေနေ့ (ဇွန် ၁၅) က Axios သတင်းဌာန၏ အစီရင်ခံချက်အရ အစ္စရေးအရာရှိများသည် အမေရိကန်ကို စစ်ဆင်ရေးတွင် တိုက်ရိုက် ပါဝင်ရန် တောင်းဆိုခဲ့ကြောင်း၊ အထူးသဖြင့် အီရန်၏ Fordow ယူရေနီယမ် ထပ်တိုးသန့်စင်ရေးစက်ရုံကို တိုက်ခိုက်ရာတွင် အကူအညီတောင်းခံခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ သို့သော် အမေရိကန်ဘက်မှ အဆိုပါတောင်းဆိုမှုကို ငြင်းပယ်ခဲ့ကြောင်း၊ ထရမ့်အစိုးရအနေဖြင့် ထိုသို့ပါဝင်မှုမျိုးကို စဉ်းစားမထားကြောင်း အရာရှိကြီးတစ်ဦးက ပြောကြားခဲ့ပါသည်။

သို့သော် တီဟီရန်က ဝါရှင်တန်၏ အနောက်ဂျေရုဆလင်ကို ထောက်ခံမှုသည် အမေရိကန်ကို အစ္စရေး၏ အီရန်အပေါ် ရန်လိုမှုတွင် ပူးပေါင်း ပါဝင်သူအဖြစ် အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ပါသည်။ အီရန်စစ်တပ်၏ ခိုင်လုံသော သတင်းအရင်းအမြစ်များကလည်း တီဟီရန် ၏ အစ္စရေးတိုက်ခိုက်မှုများကို တုံ့ပြန်မှုသည် “လာမည့်ရက်များအတွင်း အစ္စရေးအစိုးရ သိမ်းပိုက်ထားသော နေရာများနှင့် ဒေသတွင်းရှိ အမေရိကန်စခန်းများအထိ ပျံ့နှံ့သွားမည်” ဟု ဖော်ပြခဲ့ကြောင်း သိရ ပါသည်။

ထိုဖော်ပြချက်ကို တုံ့ပြန်သည့်အနေဖြင့် ထရမ့်က အီရန်က အမေရိကန် တပ်ဖွဲ့များကို တိုက်ခိုက်ပါက စစ်ရေးအရတုံ့ပြန်မှုဖြစ်ပေါ်လာမည်ဟု သတိပေးခဲ့ပြီး ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် “အကယ်၍ အီရန်သည် အမေရိကန်ကို မည်သည့်နည်းနှင့်မဆို တိုက်ခိုက်လာပါက အမေရိကန်စစ်တပ်၏ ပြင်းထန်သောတိုက်ခိုက်မှုကို ယခင်တစ်ကြိမ်တစ်ခါမျှမကြုံဖူးသော အဆင့်ဖြင့် ကြုံတွေ့ရမည်” ဟု ရေးသားခဲ့ပါသည်။ ၎င်းက အမေရိကန်သည် “အစ္စရေး၏ အီရန်အပေါ် တိုက်ခိုက်မှုနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း” ပြောကြားခဲ့ပြီး တီဟီရန်ကို ညှိနှိုင်းဆွေးနွေးမှုများဆီသို့ ပြန်လည်ရောက်ရှိရန် တိုက်တွန်းခဲ့ပါသည်။

Tucker Carlson က အီရန်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ထရမ့်အား ပြင်းပြင်းထန်ထန်ဝေဖန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေး၏ အီရန်အပေါ် တိုက်ခိုက်မှု ကို ထောက်ခံခြင်းသည် အရှေ့အလယ်ပိုင်းဒေသတွင် “စစ်ပွဲကြီး ဖြစ်ပွား စေနိုင်ကြောင်း” အမေရိကန်သတင်းသမား Tucker Carlson က သတိ ပေးခဲ့သည်။

၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွင်း ထရမ့်၏ အဓိက မဟာမိတ် ဖြစ်ခဲ့သော ကားလ်ဆန်က “ဒေသတွင်းစစ်ပွဲကြီးမဖြစ်ပွားမီ နောက်ဆုံး သတင်းလွှာ ဖြစ်နိုင်သည်” ဟု ၎င်း၏ ရေးသားချက်တွင် ဖော်ပြခဲ့ပြီး အမေရိကန်သည် “တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အဓိက တာဝန်ရှိသူ ဖြစ်သည်” ဟု ဝေဖန်ခဲ့သည်။

“အမေရိကန်စစ်တပ်က ကိုယ်တိုင်တိုက်ခိုက်ခြင်း မရှိသော်လည်း ဒေါ်နယ်ထရမ့်က Truth Social တွင် မကြာသေးမီက ကြွားဝါခဲ့သည့် အစ္စရေးကို နှစ်ပေါင်းများစွာ ငွေကြေးနှင့်လက်နက်များ ထောက်ပံ့ခြင်း က အမေရိကန်ကို အဆိုပါဖြစ်ရပ်များ၏ အဓိကတာဝန်ရှိသူအဖြစ် မလွဲ မသွေ ရှိနေစေပါသည်” ဟု ကားလ်ဆန်က ရေးသားခဲ့သည်။

“ဝါရှင်တန်က အဆိုပါတိုက်ခိုက်မှုများ ဖြစ်လာမည်ကို သိခဲ့သည်။ ၎င်းတို့ က အစ္စရေးအား အဆိုပါလုပ်ရပ်များ ဆောင်ရွက်ရန် ကူညီခဲ့သည်။ “အမေရိကန် ဦးစားပေး” ဟု ကြွေးကြော်နေသော နိုင်ငံရေးသမားများ သည် ယခု ထိုကိစ္စနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိဟု ယုံကြည်စိတ်ချစွာ ပြောဆိုနိုင်မည် မဟုတ်ပါ” ဟု ၎င်းက ဖြည့်စွက်ရေးသားခဲ့သည်။

Tucker Carlson က အီရန်-အစ္စရေး ပဋိပက္ခနှင့်ပတ်သက်၍ “စစ်ပွဲ လိုလားသူများ” နှင့် “ငြိမ်းချမ်းရေးလိုလားသူများ” အကြား ကွဲလွဲမှု ရှိကြောင်း X (တွမ်တာ) တွင် ဝေဖန်ရေးသားခဲ့သည်။

၎င်း၏ရေးသားမှုများတွင် “အစစ်အမှန်ကွဲလွဲမှုသည် အစ္စရေးနှင့် အီရန် ထောက်ခံသူများအကြား မဟုတ်ဘဲ စစ်ပွဲလိုလားသူများနှင့် ငြိမ်းချမ်းရေး လိုလားသူများကြားတွင်သာ ရှိသည်” ဟု ရေးသားခဲ့သည်။

ကားလ်ဆန်၏ ဝေဖန်မှုသည် အမေရိကန်နိုင်ငံရေးနှင့် မီဒီယာအပေါ် ထိုးနှက်ချက် တစ်ရပ်ဖြစ်ကာ စစ်ရေးအရ ပါဝင်မှုကို ဆန့်ကျင်သော ရပ်တည်မှုကို ကိုယ်စားပြုနေသည်။ အီရန်နှင့် အစ္စရေးတို့၏ တင်းမာမှု မြင့်တက်နေစဉ် အဆိုပါပဋိပက္ခ၏ နောက်ဆက်တွဲအကျိုးဆက်များကို တစ်ကမ္ဘာလုံးက စိုးရိမ်စွာ စောင့်ကြည့်နေရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ပူတင်နှင့် ထရမ့်တို့ အီရန်နှင့် ယူကရိန်းအရေးဆွေးနွေး

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် စနေနေ့ (ဇွန် ၁၄) တွင် ဖုန်းဖြင့်ဆက်သွယ်ပြီး အီရန်နှင့် အစ္စရေး တို့အကြား တိုက်ခိုက်မှုများနှင့် ယူကရိန်းပဋိပက္ခကို ဆွေးနွေးခဲ့ကြောင်း ကရင်မလင်ထံမှ သိရသည်။ ဖုန်းဆက်ပြောဆိုဆွေးနွေးမှုမှုသည် တစ်နာရီ ခန့် ကြာမြင့်ခဲ့သည်။

ရုရှားသမ္မတ၏ အကြံပေး Yuri Ushakov က အဆိုပါဆွေးနွေးမှုကို “အဓိပ္ပာယ်ရှိပြီး ပွင့်လင်းကာ အလွန်အကျိုးရှိသော ဆွေးနွေးမှု” ဟု အမွှမ်းတင်ခဲ့သည်။ ပူတင်က အစ္စရေး၏ တိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချ ခဲ့ပြီး အထူးသဖြင့် ဇွန် ၁၅ ရက်တွင် အီရန်နှင့် အမေရိကန်တို့ စီစဉ် ထားသော နျူကလီးယားညှိနှိုင်းမှုမတိုင်မီ ဖြစ်ပွားခဲ့သည်ကို ထောက်ပြ ခဲ့သည်။ “ထိုကဲ့သို့ ရှုပ်ထွေးသော အခြေအနေတွင် ရုရှားနှင့် အမေရိကန် သမ္မတတို့သည် အီရန်နျူးကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ညှိနှိုင်းမှု လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်”ဟု ပူတင်၏ အကြံပေးက ဖြည့်စွက်ပြောကြားခဲ့သည်။

သောကြာနေ့ (ဇွန် ၁၃) တွင် အီရန်က အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အစ္စလာမ်မစ် တော်လှန်ရေး တပ်မတော် (IRGC) ခေါင်းဆောင် ဗိုလ်ချုပ် Hossein Salami နှင့် အီရန်တပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် Mohammad Bagheri အပါအဝင် နျူကလီးယား သိပ္ပံပညာရှင် အချို့ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ အပြန်အလှန်အနေဖြင့် တီဟီရန်မှ အစ္စရေးသို့ ဒုံးကျည်များဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ရာ အချို့သည် လေကြောင်း ကာကွယ်ရေးစနစ်ကို ဖောက်ထွင်းနိုင်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြ ထားသည်။

ပူတင်နှင့် ထရမ့်တို့သည် မော်စကိုနှင့် ကိယက်ဗ်အကြား နောက်ဆုံး အကျဉ်းသားလဲလှယ်မှုကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ ရုရှား သမ္မတက ဇွန် ၂၂ ရက်နေ့နောက်ပိုင်းတွင် ယူကရိန်းနှင့် ဆက်လက် ညှိနှိုင်းရန် အဆင်သင့်ဖြစ်ကြောင်းလည်း အတည်ပြုခဲ့သည်။

ဇွန် ၂ ရက်က အစ္စတန်ဘူလ်တွင် ကျင်းပခဲ့သော နောက်ဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲတွင် နှစ်ဖက်သည် အထူးသဖြင့် ပြင်းထန်စွာ ဒဏ်ရာ ရသူများ၊ နာမကျန်းသူများနှင့် အသက်ငယ်သော အကျဉ်းသားများကို အဓိကထား၍ အကျဉ်းသားလဲလှယ်မှုများ ပြုလုပ်ရန် သဘောတူညီခဲ့ ကြသည်။ ရုရှားဘက်မှလည်း လူသားချင်းစာနာထောက်ထားမှုအရ ယူကရိန်း တပ်မှ ကျဆုံးသူ ၆,၀၀၀ ကျော်၏ အလောင်းများကို တစ်ဖက်သတ် ပြန်လည်အပ်နှင်းရန် ဆုံးဖြတ်ခဲ့သည်။

ယူရီ ဥရှာကော့ဗ်က ပူတင်မှ စနေနေ့ (ဇွန် ၁၄) တွင် အသက် ၇၉ နှစ် ပြည့်မည့် ထရမ့်အား မွေးနေ့မင်္ဂလာဆုတောင်းများ ပေးပို့ခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။ “သမ္မတ နှစ်ဦးစလုံးသည် နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှုများဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး နှစ်နိုင်ငံဆိုင်ရာနှင့် နိုင်ငံတကာမှ အရေးတကြီး ကိစ္စရပ်များကို မည်မျှပင်ရှုပ်ထွေးစေကာမူ ဖြေရှင်းနိုင်ရန် မိမိတို့၏ ပုဂ္ဂိုလ်ရေးဆက်ဆံရေးအပေါ် ကျေနပ်မှုကို ဖော်ပြခဲ့ကြသည်” ဟု ပူတင် ၏ အကြံပေးက ပြောကြားခဲ့သည်။