ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားစစ်သား ၂ ဦးကို နယ်စပ်မှတစ်ဆင့် ပြန်လည်လွှတ်ပေးခဲ့သော်လည်း အခြားစစ်သား ၁၅ ဦးကိုမူ ယခုထိ လွှတ်ပေးခြင်း မရှိသေးပေ။ ဩဂုတ် ၁ ရက် မွန်းလွဲပိုင်းတွင် ထိုင်း၏ Military Region 2 သည် Surin ခရိုင်ရှိ လုံခြုံရေးနှင့် ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်း၍ နယ်စပ်ပဋိပက္ခစတင် ဖြစ်ပွားချိန် မှစ၍ ဖမ်းဆီးထားသော ကမ္ဘောဒီးယားစစ်သား ၁၈ ဦးအနက်မှ ၂ ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်။

ထိုစစ်သား ၂ ဦးမှာ Second Lieutenant Ang Oeung (၃၇ နှစ်) နှင့် Sergeant Mom Vuthy (၅၃ နှစ်) တို့ဖြစ်ပြီး Oddar Meanchey ခရိုင်ရှိ O'Smach နယ်စပ်ဂိတ်မှတစ်ဆင့် နံနက် ၁၁ နာရီတွင် ပြန်လည် ရောက်ရှိ ခဲ့သည်။ ကမ္ဘောဒီးယားမီဒီယာများအရ ၎င်းတို့သည် ကျန်းမာရေး အခြေအနေ မကောင်းဘဲ ပြန်လာခဲ့ကြောင်း သိရသည်။ တစ်ဦးမှာ ဘီးတပ် ကုလားထိုင် တွင် ထိုင်လျက်၊ အခြားတစ်ဦးမှာ ခြေဗလာဖြင့် စိတ်ဖိစီးမှုလက္ခဏာများ ပြသလျက် ရှိသည်။
ထိုင်းစစ်တပ်က Sergeant Mom Vuthy ၏လက်မောင်းကျိုးပြီး ညာဘက်တင်ပါးဆုံတွင် ဒဏ်ရာရရှိထားကြောင်း၊ Second Lieutenant Ang Oeung မှာ စစ်ပွဲကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့အား အခြေခံကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပြီး Ang Oeung အား အထူးကုဆရာဝန်မှ စစ်ဆေးကာ မိသားစု ထံတွင် ပြုစုစောင့်ရှောက်မှုခံယူရန် အကြံပြုခဲ့သည်။
ထိုင်းစစ်တပ်က ၎င်းတို့အား ဂျီနီဗာသဘောတူညီချက်နှင့်အညီ လူသားချင်း စာနာစွာ ဆက်ဆံခဲ့ကြောင်း ပြောကြားခဲ့သည်။ Bangkok Post အရ ၎င်းတို့သည် နောင်တွင် ထိုင်းနိုင်ငံအား မည်သည့်ပြုမူ ဆောင်ရွက်မှုမျှ မပြုလုပ်ရန် ကတိပြုခဲ့ကြသည်။
ထိုင်းစစ်တပ်က Sisaket ခရိုင်ရှိ Samtae ဧရိယာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခရပ်စဲမှုအပြီးတစ်ရက်အကြာ ဇူလိုင် ၂၉ တွင် ကမ္ဘောဒီးယား စစ်သား ၁၈ ဦးအား ဖမ်းဆီးခဲ့ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယား စစ်သား ၂ ဦး သေဆုံးနေသည်ကိုလည်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ကမ္ဘောဒီးယား စစ်တပ်က ၎င်းတို့သည် "ခင်မင်စွာကြိုဆိုရန် ချဉ်းကပ် လာစဉ်" ဖမ်းဆီးခံခဲ့ရသည်ဟု စွပ်စွဲခဲ့သော်လည်း ထိုင်းဘက်မှ လက်နက်ချ ခဲ့သည်ဟု ဆိုသည်။
ထိုင်း၏ Military Region 2 က ကျန်ရှိနေသော ကမ္ဘောဒီးယားစစ်သား ၁၆ ဦးအား ပြန်လည်လွှတ်ပေးရန် အတည်ပြုချက်လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်နေသောကြောင့် အချိန်ကြာဦးမည်ဟု ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားအာဏာပိုင်များက နိုင်ငံတကာလူသားချင်းစာနာမှု စံနှုန်း များနှင့်အညီ လွှတ်ပေးရန် ထိုင်းဘက်အား ဆက်လက် တိုက်တွန်း နေသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ဝန်ကြီး-၂

ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခဖြစ်ပွားပြီးနောက် မလေးရှားမှတစ်ဆင့် ညှိနှိုင်းရန် သဘောတူခဲ့သည်။ ၎င်းသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဖုန်းခေါ်ဆိုမှုကြောင့် ဖြစ်သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
ဇူလိုင် ၂၄ ရက်တွင် ပဋိပက္ခစတင်ခဲ့ပြီးနောက် မလေးရှားဝန်ကြီးချုပ် အမ်ဝါ အီဘရာဟင်က ASEAN ဥက္ကဋ္ဌအဖြစ်ဖြင့် နှစ်နိုင်ငံခေါင်းဆောင်များအား စစ်ရေးပဋိပက္ခရပ်တန့်ရန် တိုက်တွန်းခဲ့သည်။ သို့သော် ဇူလိုင် ၂၆ ရက် တွင် ထရမ့်က ထိုင်းဝန်ကြီးချုပ်အား ဖုန်းခေါ်ဆိုပြီးနောက်မှသာ ထိုင်းနိုင်ငံ က တတိယပါတီဖြင့် ညှိနှိုင်းရန် သဘောတူခဲ့သည်။

ထရမ့်က နှစ်နိုင်ငံအကြား စစ်ပြေငြိမ်းရေး ဆွေးနွေးမည်ဟု ကြေညာ ခဲ့ပြီး ပဋိပက္ခမပြီးဆုံးပါက အမေရိကန်နှင့် ကုန်သွယ်မှုဆိုင်ရာ သဘော တူညီချက်များ ဆက်လက်လုပ်ဆောင်မည်မဟုတ်ဟု ခြိမ်းခြောက်ခဲ့ သည်။
ဇူလိုင် ၃၁ ရက်တွင် ထရမ့်က နှစ်နိုင်ငံသို့ အတည်ပြုသည့် ကုန်သွယ်မှု အခွန်နှုန်းများကို လျှော့ချပေးခဲ့သည်။ ကမ္ဘောဒီးယားအတွက် ၄၉% မှ ၁၉% သို့လည်းကောင်း၊ ထိုင်းအတွက် ၃၆% မှ ၁၉% သို့လည်းကောင်း လျှော့ချပေးခဲ့သည်။ ပဋိပက္ခ ပြီးဆုံးပြီးနောက် နှစ်နိုင်ငံက ထရမ့်၏ အခန်းကဏ္ဍကို ချီးကျူးခဲ့ကြသည်။

ဇူလိုင်လ ၃၁ ရက်တွင် ကျင်းပသော ယူကရိန်းပါလီမန် အစည်းအဝေး တွင် ယူကရိန်း အာဏာရပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၂ ဦး စကားများ အငြင်းပွားရာမှ လက်သီးချင်း ထိုးကြိတ် ရန်ဖြစ်ကြ၍ ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ကြကြောင်း သိရပါသည်။

ထိုပါလီမန်အစည်းအဝေးတွင် ယူကရိန်းနိုင်ငံ၌ လွန်ခဲ့သည့် သီတင်းပတ် ကတည်းက အငြင်းပွားလျက်ရှိသည့် အမျိုးသားအဂတိ လိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီနှင့် အမှုဆောင်ရှေ့နေရုံးတို့ကို စီမံခန့်ခွဲရေး မဏ္ဍိုင်အောက်တွင် ထားရှိရန် ပြင်ဆင်မှု ပြဋ္ဌာန်းချက်အား ပြန်လည် ရုပ်သိမ်းပေးရန် အပြင်းအထန် ဆွေးနွေးနေကြချိန်တွင် ယင်းသို့ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။
အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျုရိုမှာ သီးခြား ရပ်တည်ရမည့် အစား အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ထားရှိရန် ပြင်ဆင်လိုက်မှု အတွက် ယူကရိန်းနိုင်ငံအတွင်း ဆန္ဒပြ ဆူပူမှုများ ဖြစ်ပွားခဲ့ရပါသည်။ ထိုဆုံးဖြတ်ချက်ကြောင့် ယူကရိန်းအစိုးရကို အများအပြား ထောက်ပံ့ နေသည့် အနောက်နိုင်ငံအလှူရှင်များ၏ ဝေဖန်ပြစ်တင်ခြင်းများ ရှိနေပါသည်။
ယူကရိန်း ပါလီမန်အစည်းအဝေးကို ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် ပဋိပက္ခ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ လုံခြုံရေးအခြေအနေအရ တိုက်ရိုက် ထုတ်လွှင့်ခြင်းကို မပြုလုပ်ခဲ့ဘဲ ယခု ပြုလုပ်သည့် ပါလီမန် အစည်းအဝေး ကို ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ ယခု လွှတ်တော် ကိုယ်စားလှယ် ၂ ဦး လက်သီးထိုးကြိတ် ရန်ပွဲကို ကြည့်ရှုနေများ မြင်တွေ့ခဲ့ရသည်။ အစိုးရ၏ သက်ဆိုင်ရာရုပ်သံလိုင်းက ဖြတ်ချလိုက်သော်လည်း လူမှု မီဒီယာ များတွင်မူ ဆက်လက်ကြည့်ရှုနိုင်ခဲ့ကြကြောင်း သိရပါသည်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ် ၂ ဦးမှာ ဇီလန်စကီး၏ အာဏာရပါတီ ဖြစ်သည့် Servant of the People ပါတီဝင်များ ဖြစ်သည့် Vladlen Neklydov နှင့် Gennady Kasay တို့ ဖြစ်ကြောင်း ယူကရိန်း မီဒီယာ များက ဖော်ပြထားပြီး ရန်ဖြစ်ပွားရသည့်အကြောင်းအရင်းကိုမူ မသိရှိရ သေးပေ။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

နေပြည်တော် ဇူလိုင် ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များနှင့်အစိုးရအဖွဲ့ဝင်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် နိုင်ငံ့တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့မှု
ထိုသို့ ဂုဏ်ပြုတွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်၏လိုအပ်ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်မှာ ၄ နှစ်ခွဲကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသောသာမန်မဟုတ်သည့် အခြေအနေများ၌ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ရန် အချိန်ကာလလိုအပ်ချက်များရှိခဲ့၍ တာဝန်ထမ်းဆောင်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ထမ်းဆောင်မှု သက်တမ်းတိုးခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း။
နိုင်ငံတော်တွင် အရေးပေါ်ကာလဖြစ်ပေါ်ခဲ့ခြင်းကို ပြန်ကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ချိန်တွင်လည်း မညီမျှမှုများ ဖြစ်ပေါ်လျက်ရှိသည်ကို နိုင်ငံရေးပါတီများက မိမိထံသို့အသိပေးပြောကြားခြင်းများကြောင့် မိမိအနေဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့ကို အသိပေးခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးချိန်၌လည်း မဲစာရင်းမှားယွင်းနေမှုများကို အချို့ပါတီများအနေဖြင့် မိမိထံအသိပေးပြောကြားခဲ့ကြောင်း၊ ထိုသို့မဲစာရင်းမှားယွင်းမှုများအတွက် တာဝန်ရှိသူများကို စိစစ်အရေးယူဆောင်ရွက်ပေးရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ထံသို့ အကြိမ်ကြိမ်အသိပေး အကြောင်းကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ခြင်းမရှိဘဲ လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန်ဆောင်ရွက်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။
နိုင်ငံတော်တာဝန်ထမ်းဆောင်ရန် ဖြစ်ပေါ်လာသည့်အခြေအနေများအရ အကောင်းဆုံးဆုံးဖြတ်လုပ်ဆောင်ရခြင်းဖြစ်၍ တာဝန်ယူခဲ့ရပြီးနောက်ပိုင်းတွင် လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် အရပ်ဘက်၊ စစ်ဘက်တို့မှ အတွေ့အကြုံရှိပြီး လုပ်ရည်ကိုင်ရည်ရှိသည့်သူများကို အမြန်ရွေးချယ်၍ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအသီးသီးတွင် အတွေ့အကြုံရှိပြီး လုပ်ရည်ကိုင်ရည်ရှိသူများကို တာဝန်ပေးအပ်နိုင်ခဲ့သဖြင့် အစိုးရ၏လုပ်ငန်းယန္တရားများ ကောင်းမွန်စွာဆက်လက်လည်ပတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေကာလတွင် အခက်အခဲနှင့်ပိတ်ဆို့ နှောင့်ယှက်မှုအများအပြားအကြားမှ လုပ်ငန်းများလည်ပတ်အောင် ဆောင်ရွက်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ ၄ နှစ်ခွဲကာလသို့ ရောက်ရှိပြီဖြစ်ပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့်အခက်အခဲ၊ အကျပ်အတည်းများအားလုံးကို မိမိတို့အစိုးရအဖွဲ့ဝင်များအနေဖြင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းကျော်ဖြတ်နိုင်ခဲ့သဖြင့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း။
နိုင်ငံရေးဆိုင်ရာ
နိုင်ငံရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများ၏အစိတ်အပိုင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ၁၉၈၈ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းလိုသည်ဟု ဆန္ဒပြုခဲ့ကြသဖြင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန်အတွက် အုတ်မြစ်ချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၁၈၈၆ ခုနှစ် မတိုင်မီကာလများတွင် မြန်မာနိုင်ငံသည် ဘုရင်အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ၁၉၈၈ ခုနှစ်မတိုင်မီကာလတွင် ဗဟိုဦးစီးစနစ်ဖြင့် သွားခဲ့ခြင်းဖြစ်ကြောင်း၊ အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ရပြီးနောက်ပိုင်းတွင် အောက်မြန်မာပြည်သည် လွှတ်တော်စနစ်ပုံစံဖြင့် သွားခဲ့ရခြင်းဖြစ်ပြီး လွှတ်တော်နှင့်စတင်ထိတွေ့ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရေးဆွဲရာတွင် ပါလီမန်စနစ်သို့သွားရန် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်တွင် နိုင်ငံရေးဦးဆောင်သူများ၊ လူငယ်များ၊ တပ်မတော်မှ တာဝန်ရှိသူများအားလုံးတွင် ဆိုရှယ်လစ်နှင့်ပတ်သက်သည့် အသိများရှိထားကြသည့်အချိန်ဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ဆိုရှယ်လစ်စနစ်ကိုသွားမည်၊ ဆိုရှယ်လစ်နိုင်ငံထူထောင်မည်ဟုမပါရှိသော်လည်း သမ္မတကြီးစဝ်ရွှေသိုက်၏ လွတ်လပ်ရေးမိန့်ခွန်းတွင် ဆိုရှယ်လစ်စနစ်ကိုသွားမည်ဟု အတိအလင်းဖော်ပြထားသည်ကို တွေ့ရကြောင်း၊ သို့သော်လည်း ဆိုရှယ်လစ်စနစ်ကို မကျင့်သုံးခဲ့ရခြင်းမှာ ၎င်းအချိန်က နိုင်ငံရေးအင်အားစုများ၌ လက်ဝဲယိမ်းသည့်အုပ်စုများ၊ လက်ယာယိမ်းသည့် အုပ်စုများစသည်ဖြင့်ရှိကြကြောင်း၊ ထို့ကြောင့် ပါလီမန်စနစ်သွားခဲ့ရသည်ဟု သုံးသပ်ရကြောင်း၊ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေအရပ်ရပ်အရ တော်လှန်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကိုယူခဲ့ရပြီး ဆိုရှယ်လစ်စနစ်ကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ဆိုရှယ်လစ်စနစ်တွင် ကောင်းမွန်သည့်အချက်များရှိသကဲ့သို့ အားနည်းချက်များလည်းရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးရာတွင် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို ဖော်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ် ဗဟိုဦးစီးစနစ်ကိုကျင့်သုံးရာတွင် နိုင်ငံရေးအရတစ်ပါတီစနစ်ကို ကျင့်သုံးခဲ့၍ နိုင်ငံရေးထွက်ပေါက် ပိတ်သွားသူများ၏ မကျေနပ်မှု၊ စီမံကိန်းစီးပွားရေးစနစ်ကြောင့် စီးပွားရေးအရ ထွက်ပေါက်ပိတ်ဆို့သွားသူများ၏ မကျေနပ်မှု၊ အုပ်ချုပ်ရေးကဏ္ဍများ၌ ပါတီဝင်များကိုသာ ဦးစားပေးမှုများကြောင့် မကျေနပ်မှုများရှိခဲ့ကြောင်း၊ ၎င်းအပြင် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်လာခဲ့ရကြောင်း၊ စနစ်၏အားနည်းချက်ဆိုသည်ထက် လက်တွေ့အကောင်အထည်ဖော်မှု အားနည်းချက်ကြောင့်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးပြီးအောင်မြင်နေသည့်နိုင်ငံများလည်း ရှိနေဆဲဖြစ်ကြောင်း။
နိုင်ငံတစ်ခုရပ်တည်နိုင်ရေးအတွက် စီးပွားရေးသည် အဓိကအခရာကျသည့် အချက်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းမွန်မှသာလျှင် နိုင်ငံရေးအားသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ်တွင် အုပ်ချုပ်ရေးအရ စီမံခန့်ခွဲမှုအားနည်းချက်များ၊ စီးပွားရေးအရ ပိတ်ဆို့မှုများ၊ မှောင်ခိုစီးပွားရေးစနစ်ဖြစ်ပေါ်လာခြင်း၊ သယံဇာတများခိုးထုတ်ခံရခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းလာပြီး ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့နောက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ရေး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပကာ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့တင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့်အသားကျ နိုင်ရေးလိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်လည်း အစိုးရနှင့်လက်တွဲညီစွာ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍လည်း ၂၀၁၂ ခုနှစ်မှစ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုနိုင်ရန် ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အမှန်တကယ်ငြိမ်းချမ်းမှုရရှိနိုင်ရန် အစိုးရနှင့်တပ်မတော်လက်တွဲညီညီပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားညီအစ်ကိုများ အတူတကွပေါင်းစည်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးနိုင်သည်အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒီမိုကရေစီပထမအစိုးရအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ခဲ့သော်လည်း ဒီမိုကရေစီစနစ်နှင့် အသားကျမှုမရှိခြင်း၊ အဖွဲ့အစည်းအသီးသီး၏ အတိတ်ဖြစ်ရပ်များအပေါ် သွေးထိုးလှုံ့ဆော်ခြင်းများလည်းရှိခဲ့ကြောင်း၊ ဆိုရှယ်လစ်စနစ်ကျင့်သုံးစဉ်ကာလတွင် ဖြစ်ပေါ်ခဲ့သည့် မကျေနပ်ချက်များကို ဒီမိုကရေစီစနစ်ကျင့်သုံးချိန်တွင် အတိတ်၊ ပစ္စုပ္ပန်ရောထွေး၍ အတိုက်အခံပြုလုပ်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်ဟု သင်ခန်းစာဖော်ထုတ်ရရှိခဲ့ကြောင်း။
ထို့နောက် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့ပြီး ဒီမိုကရေစီဒုတိယအစိုးရအဖြစ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့တာဝန်ယူဆောင်ရွက်ချိန်တွင် ၎င်းတို့အပေါ် ပြည်သူလူထုမှများစွာမျှော်လင့်ထားခဲ့သော်လည်း စီမံခန့်ခွဲမှုအတွေ့အကြုံအားနည်းမှုများ၊ ယခင်အစိုးရ၏လုပ်ဆောင်မှုများကို အတိုက်အခံဆောင်ရွက်မှုများကြောင့် စီးပွားရေးအရ အားနည်းချက်များဖြစ်ပေါ်ခဲ့ကြောင်း၊ စတင်တာဝန်ယူစဉ် ၂၀၁၅-၂၀၁၆ ခုနှစ် ကာလအတွင်း ပြည်ပအကူအညီများ များစွာရရှိခဲ့ပြီး နိုင်ငံ့စီးပွားရေး အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် စီမံခန့်ခွဲမှုအားနည်းခြင်း၊ ပြည်ပနိုင်ငံများမှ အထောက်အပံ့များဖြင့်သာ စီးပွားရေးလည်ပတ်လျက်ရှိပြီး ပြည်တွင်းစီးပွားရေးအားပေးမှုမရှိခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများမရှိခြင်း၊ နိုင်ငံ၏ပကတိအခြေအနေနှင့် မကိုက်ညီသည့် နိုင်ငံခြားသားအကြံပေးများ၏ အကြံဉာဏ်များအတိုင်း ဩဇာခံဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ကြောင်း၊ လုပ်ဆောင်မှုအားနည်းချက်များ၊ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် ပြည်သူလူထုမှလည်း ၎င်းတို့အပေါ် အယုံအကြည်အားနည်းလာသဖြင့် ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရန် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ပြီး မဲမသမာမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရရှိကြောင်း။
စီးပွားရေးဆိုင်ရာ
စီးပွားရေးပိုင်းနှင့်ပတ်သက်၍ ကုန်သွယ်မှုတွင် ၂၀၁၁ - ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၀ မီလီယံအပိုရှိခဲ့ကြောင်း၊ ထို့နောက် ၂၀၁၂ ခုနှစ် နောက်ပိုင်း ကုန်သွယ်မှုလိုငွေများသာပြခဲ့ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမရှိခြင်း၊ ရောင်းကုန်ပစ္စည်းမရှိခြင်းတို့ကြောင့် ကုန်သွယ်မှုလိုငွေပြရခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပအကူအညီများနှင့် non-trade မှ ရရှိသည့်ငွေများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ မိမိတို့နိုင်ငံ၌ အလုပ်သေချာလုပ်ဆောင်ခဲ့ခြင်းမရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ပိုင်ဆိုင်ထားသည့် စိုက်ပျိုးမြေများအပါအဝင် ဖြစ်နိုင်ခြေရှိသည်များကို အကျိုးရှိရှိ စနစ်တကျ အသုံးချနိုင်ခြင်းမရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ပန်းတိုင်ရည်မှန်းချက်များရရှိအောင် ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မှုမရှိခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများမရှိပါက ရောင်းကုန်ပစ္စည်းများလည်း ရရှိမည်မဟုတ်ဘဲ ဝင်ငွေရရှိမည်မဟုတ်ကြောင်း၊ ထို့ပြင် သီးထပ်စွမ်းအားပြည့်မီမှုမရှိခြင်းကြောင့်လည်း နိုင်ငံ့ဝင်ငွေလျော့နည်းခဲ့ရကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုမရှိခြင်းနှင့် သီးထပ်စွမ်းအား ပြည့်မီမှုမရှိခြင်းကြောင့် နိုင်ငံ့ဝင်ငွေတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့်လျော့နည်းထိခိုက်နစ်နာလျက်ရှိနေသည်ကို တွက်ချက်မှုများအရ တွေ့ရှိရကြောင်း၊ ယင်းတို့ကို ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ရောင်းကုန်ပစ္စည်းများရရှိမည်ဖြစ်ပြီး ကုန်သွယ်မှုလိုငွေများရှိနိုင်မည်မဟုတ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမရှိခဲ့သည့်အတွက် နိုင်ငံ့စီးပွားရေးအားနည်းရခြင်းဖြစ်သဖြင့် နိုင်ငံ့စီးပွားရေးကို ထိထိရောက်ရောက် အားပေးဆောင်ရွက်သွားရမည်ဖြစ်သည်ဟု ပြောကြားလိုကြောင်း။
ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ
စီးပွားရေးအရ အားနည်းချက်များရှိနေရခြင်းမှာ စီးပွားရေးလုပ်ဆောင်နိုင်မည့် အတတ်ပညာများ အားနည်းရခြင်းကြောင့်ဖြစ်ကြောင်း၊ အတတ်ပညာသည် အတန်းပညာကိုအခြေခံ၍ ဆောင်ရွက်ရသည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ပညာရေးကိုမဖြစ်မနေ အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိန်းဂဏန်းအချက်အလက်များအရ မိမိတို့အနေဖြင့် ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး KG+ 9 အထိ မသင်မနေရ ပညာရေးအဖြစ် ရဲရဲဝံ့ဝံ့ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နောင်လာမည့် အစိုးရသစ်လက်ထက်တွင်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အတန်းပညာအပြင် စည်းကမ်းနှင့်တိုင်းချစ်ပြည်ချစ်စိတ်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းလိုသည့် စိတ်ဓာတ်များလည်းရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းနေခဲ့ရသူများအနေဖြင့် အခြေခံအားဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သူများဖြစ်ကြပြီး ကျောင်းနေခဲ့ရခြင်း မရှိသူများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်းပိုင်းဆိုင်ရာများတွင် အားနည်းချက်များရှိမည်ဖြစ်ကြောင်း။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရ အခြေခံပညာအဆင့်ကျောင်းနေရာခိုင်နှုန်းမှာ နည်းပါးလျက်ရှိသည်ကို တွေ့ရကြောင်း၊ သို့ဖြစ်၍ ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်ရှိနေသည်ကိုတွေ့ရပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မှုမရှိပါက အနာဂတ်တွင် တိုင်းပြည်ဒုက္ခရောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ အထူးအလေးထားတွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် နောင်ချိုဒေသ၌ တိုက်ပွဲများမရှိတော့သည့်အတွက် စာသင်ကျောင်းများ အမြန်ဆုံးဖွင့်လှစ်သင်ကြားနိုင်ရေး အထူးအလေးထားဆောင်ရွက်ရန် တိုက်တွန်းလုပ်ဆောင်ခဲ့ကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေးကို အလေးထားဆောင်ရွက်ရန်တိုက်တွန်းခဲ့ပြီး ယခုချိန်တွင် ကျောင်းသား ကျောင်းသူ ၁၂၀၀ ခန့် ပညာသင်ကြားနေသည်ဟု သိရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ထို့အတူ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အချို့သောစာသင်ကျောင်းများသည်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်မှုမရှိသေးသည့်အတွက် ကျောင်းနေအရွယ်ကလေးငယ်များအနေဖြင့် ထိခိုက်နစ်နာလျက်ရှိကြောင်း၊ ထို့ကြောင့် ပညာရေးနှင့်ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ပညာရေးနှင့်ပတ်သက်၍ စာသင်ကျောင်းအရေအတွက်၊ ပညာရေးဝန်ထမ်းအရေအတွက် ဆိုင်ရာများလေ့လာဖော်ထုတ်ခဲ့ကြောင်း၊ တက္ကသိုလ်ကျောင်းများတွင် ဆရာဆရာမ ခန့်အပ်ထားမှုများရှိသော်လည်း တက်ရောက်သည့် ကျောင်းသားအရေအတွက်နည်းသည်ကို တွေ့ရှိရသည့်အတွက် အုပ်ချုပ်မှုစရိတ်များပြားသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အနာဂတ်ပညာတတ်လူငယ်များ များပြားလာစေရန်ရည်ရွယ်၍ ပညာရေးဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးတို့နှင့်တိုင်ပင်ဆွေးနွေး၍ Polytechnic တက္ကသိုလ်များဖွင့်လှစ်နိုင်ရေးဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် Polytechnic တက္ကသိုလ် ၈ ခု ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အတူ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာတွင် ဥပဒေဆိုင်ရာ၊ စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်၍ သိရှိရန်လိုအပ်သဖြင့် တက္ကသိုလ်အားလုံးတွင် စီးပွားရေးနှင့်ဥပဒေ ပညာရပ်သင်ကြားပေးနိုင်ရေး BA (Law) နှင့် BA (Eco) ဘွဲ့များ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း။
အလားတူ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အခြေခံပညာ အလယ်တန်းအဆင့်တတ်မြောက်ပြီးသူများ တက်ရောက်နိုင်ရေးအတွက် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေခံပညာအထက်တန်း ကျောင်းများ ၈၆ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခရိုင်အဆင့်အားလုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကျောင်းများအပြင် ကောလိပ်အဆင့်မှတစ်ဆင့် တက္ကသိုလ်အဆင့်ထိ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အတတ်ပညာနှင့်ပတ်သက်၍ ပညာရေးကိုအခြေခံသည့်အတတ်ပညာများ ဆည်းပူးနိုင်စေရန်လိုအပ်ကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်မှု မရှိ အောင်ဆောင်ရွက်ခြင်းနှင့်ဆေးရုံ၊ ဆေးခန်းများမဖွင့်နိုင်အောင်၊ စီးပွားရေးမလုပ်နိုင်အောင် ဆောင်ရွက်ခြင်းသည် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ထိခိုက်စေရန်နှင့်ဒေသခံ ပြည်သူများ၏ဘဝများ ပျက်စီးအောင်ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊ ပညာရေးနှင့်ကျန်းမာရေးအပေါ် ထိခိုက်ပျက်စီးအောင် နှောင့်ယှက်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများသည် ပြည်သူလူထု၏ အနာဂတ်ဘဝများကို အသိပညာမဲ့စွာ ရိုက်ချိုးဖျက်ဆီးနေမှုများဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပညာရည်မြင့်မားရေးအတွက် ပညာရေးကိုအလေးထားဆောင်ရွက်နေသကဲ့သို့ နောင်လာမည့် အစိုးရသစ်လက်ထက်တွင်လည်း ပညာရေးကို အားပေးဆောင်ရွက်စေရန် တိုက်တွန်းလိုကြောင်း။
လူတိုင်းသည် ကျန်းကျန်းမာမာဖြင့် အသက်ရှည်ကျန်းမာခြင်းကို လိုလားကြကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၉ နှစ်ဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် အားနည်းသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ အသက်ရှည်ကျန်းမာရေးနှင့်ပတ်သက်၍ ကောင်းမွန်သည့် နေထိုင်စားသောက် မှုပုံစံရှိရန်လိုအပ်မည်ဖြစ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ဝစွာစားသောက်နိုင်အောင် ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးကို အားကောင်းလာအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပြည်သူတစ်ဦးချင်းစီအလိုက် ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ မိမိတို့နိုင်ငံအတွင်းနေထိုင်သူ လူဦးရေ ၅၁ ဒသမ ၃ သန်း ကျော်ခန့်ရှိပြီး အလုပ်သမားဝန်ကြီးဌာန၏ စာရင်းအရ ပြည်ပ၌အလုပ်လုပ်ကိုင်နေသူ ၃ ဒသမ ၄ သန်းခန့်ရှိသဖြင့် နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၄ သန်းကျော်ရှိကြောင်း၊ ၎င်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြကြောင်း၊ ကျေးလက်နေသူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်နေသူများဖြစ်သဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေးကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးသည်လည်း တိုးတက်လာနိုင်မည်ဖြစ်ပြီး ဆင်းရဲမွဲတေမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကျေးလက်စီးပွားရေး မြှင့်တင်ရေးကို အလေးပေးဆောင်ရွက်ခဲ့ပြီး နောင်တွင် တာဝန်ထမ်းဆောင်သွားမည့်အစိုးရအနေဖြင့်လည်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ခြင်းကို ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း။
၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏တွက်ချက်မှုအရ မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းသည် ၂၁ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၄၉ ရာခိုင်နှုန်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ အစိုးရအဆက်ဆက်တွင်လည်း နိုင်ငံ၏ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်များရှိကြောင်း၊ သို့ဖြစ်၍ လက်တွေ့ကျသည့်လုပ်ငန်းမှာ ကျေးလက်စီးပွားရေး မြှင့်တင်ပေးခြင်းဖြစ်သည့်အတွက် မိမိတို့အစိုးရလက်ထက်တွင် တွန်းအားပေးဆောင်ရွက်ခဲ့သကဲ့သို့ အစိုးရသစ်လက်ထက်တွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းအနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးတို့သည် မိမိတို့နိုင်ငံ ရေမြေသဘာဝနှင့် ကိုက်ညီသည့်မွေးမြူရေးလုပ်ငန်းများဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် ဆန်အဓိကထားစားသုံးသော်လည်း စားသောက်မှုပုံစံပြောင်းလဲ၍ ဂျုံကိုလည်း တွဲဖက်စားသုံးသင့်ကြောင်း၊ လက်ရှိကမ္ဘာ့နိုင်ငံအများစုတွင်လည်း ဂျုံကိုပြောင်းလဲစားသုံးလာကြသည်ကို တွေ့ရကြောင်း၊ ပြည်ပမှ ဂျုံတင်သွင်းမှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန် ၅ သိန်းခန့်ရှိသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင် ဂျုံစိုက်ပျိုးမှုအနေဖြင့် ဧကပေါင်း ၁ ဒသမ ၃ သိန်း စိုက်ပျိုးလျက်ရှိပြီး ဂျုံလိုအပ်ချက်တန်ချိန် ၅ သိန်းရရှိရေးအတွက် ဆိုပါက စိုက်ပျိုးဧက ၆ သိန်းနီးပါး ထပ်မံစိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ဂျုံစိုက်ပျိုးရေးအတွက် တောင်သူများကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးမှုအနေဖြင့် လက်ရှိအချိန်တွင် ဧက ၅ သိန်းခန့် စိုက်ပျိုးနေကြောင်း၊ ပြည်တွင်း ဝါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ပိုလျှံသည်များကိုလည်း ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးနိုင်ခြင်းကြောင့် ဝါကိုအခြေခံသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ဝါးနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် နှစ်စဉ်ဝါးတန်ချိန်များစွာထွက်ရှိနေသဖြင့် ဝါးကိုအခြေခံသည့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် စက္ကူ၊ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်မည်ဆိုပါက များစွာအသုံးဝင်သည့်အတွက် ကြိုးစားလုပ်ဆောင် စေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝမှပေးထားသည့်အရင်းအမြစ်များ များစွာရှိပြီး အမှန်တကယ်အလုပ်လုပ်၍ အကျိုးရှိရှိအသုံးချနိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးအတွက်မှာ အစိုးရမှဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ရေရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြစ်ရေတင်စီမံကိန်းအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကို ဆိုလာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ စိုက်ပျိုးမြေ ၆ ဒသမ ၃၉ သန်း ဧကမြေနေရာများတွင် သီးထပ်စိုက်ပျိုးနိုင်ပါက ရွှေပုံပေါ်တွင် ထိုင်နေသည့်တိုင်းပြည်အဖြစ် ခိုင်ခိုင်မာမာရပ်တည်နိုင်မည်ဖြစ်သဖြင့် အမှန်တကယ်အလုပ်လုပ်ရန်လိုကြောင်း။
မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ၄ နှစ်တာကာလအတွင်း လုပ်ငန်းရပ်များအားလုံးကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး အောင်မြင်သည်များရှိသကဲ့သို့ အားနည်းချက်များလည်းရှိခဲ့ကြောင်း၊ စတင်တာဝန်ယူစဉ်က ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်စွန့်ခွာမှု DCS လုပ်ဆောင်မှုများရှိခဲ့သဖြင့် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် ထိုကဲ့သို့သော အခက်အခဲအကျပ်အတည်းများကြားမှ ယနေ့အခြေအနေသို့ ပြန်လည်ရောက်ရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြပြီး ယင်းအတွေ့အကြုံများကို သင်ခန်းစာယူ၍ နောင်လာမည့်အစိုးရအတွက် အခြေခံအုတ်မြစ်ကောင်းကို ချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး
နိုင်ငံရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် လွှတ်တော်အတွေ့အကြုံများအရ လွှတ်တော်နှင့်ပတ်သက်၍ ယခုထက်ပိုမိုစနစ်တကျဖြစ်သင့်သည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိကြောင်း၊ လွှတ်တော်သည် ဥပဒေပြုသည့်သူများ၏နေရာဖြစ်သဖြင့် အခြေခံအားဖြင့် ပညာရေးကောင်းမွန်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းကောင်းမွန်သည့်သူများဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေပြင်ဆင်ချက်များကို လည်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် ရွေးကောက်ပွဲသည် အဓိကကျကြောင်း၊ လာမည့်ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကိုကျင်းပသွားမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူများအားလုံးမဲပေးနိုင်ရေး အတတ်နိုင်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မဲပေးနိုင်ရန် အခက်အခဲရှိသူများအတွက်လည်း ကြိုတင်မဲများပေးနိုင်ရေးအတွက်လည်း ဥပဒေထုတ်ပြန်ပြီးဖြစ်ကြောင်း၊ နိုင်ငံ၏အကျိုးအတွက် မဲပေးပိုင်ခွင့်ရှိသူများအားလုံး အမှန်တကယ်မဲပေးကြရန်အတွက်လည်း တာဝန်ရှိသူအဆင့်ဆင့်မှ နှုတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်အားဖြင့်သော်လည်းကောင်း၊ အားလုံးဝိုင်းဝန်းကူညီကြိုးစား၍ တိုက်တွန်းစည်းရုံးဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏တာဝန်ဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏တာဝန်ပင်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးအရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေး၊ ရွေးကောက်ပွဲအား မလိုလား၍ ဖျက်ဆီးမည့်သူများအန္တရာယ်မှ ကာကွယ်တားဆီးပေးနိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ကာကွယ်တားဆီးပေးနိုင်ရန်အတွက် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တာဝန်ပေးအပ်ဆောင်ရွက်ခြင်း၊ လိုအပ်ချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခဲ့ပြီး ဆောင်ရွက်ခြင်း၊ ပြည်သူ့လုံခြုံရေး၊ ကာကွယ်ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းများရှိသော်လည်း ၎င်းတို့ဖြင့်မလုံလောက်ဘဲ ပြည်သူလူထုတစ်ရပ်လုံးမှလည်း တတ်စွမ်းသရွေ့ဝိုင်းဝန်းကူညီ ကြိုးစားပူးပေါင်းဆောင်ရွက်ပေးမှသာလျှင် ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့မျှော်မှန်းထားသည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄ နှစ်ကျော်ကာလတာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ “ကျွန်တော်တို့ ဒီကာလပေါ့၊ ၄ နှစ်ခွဲတာကာလအတွင်းမှာ လုပ်ငန်းအရပ်ရပ်အားလုံးကို အခက်အခဲပေါင်းစုံကနေပြီးတော့ ရင်ဆိုင်ကျော်လွှားပြီး ဒီလိုလက်ရှိ အခြေအနေမျိုးဖြစ်လာတဲ့အထိ ဝိုင်းဝန်းဆောင်ရွက်ပေးမှုများအတွက် တက်ရောက်လာကြတဲ့ လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်ပါတယ်၊ နောင်မှာလည်း ဆက်လျှောက်ရမယ့်ခရီးစဉ်တွေမှာလည်း ကျွန်တော်တို့ ဒီလိုပဲအောင်အောင်မြင်မြင်ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း ကျွန်တော်တိုက်တွန်းလိုပါတယ်၊ ဆက်လျှောက်လှမ်းမယ့်ခရီး၊ နိုင်ငံတော်ရဲ့ရှေ့ခရီးကတော့ အများကြီးကျန်ပါသေးတယ်၊ ဒါတွေက ကျွန်တော်တို့က ဒုတိယစာမျက်နှာရဲ့အစ ဖြစ်ပါတယ်၊ ပထမစာမျက်နှာကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ၊ ဒုတိယစာမျက်နှာအစကို ကျွန်တော်တို့သွားတာပေါ့၊ ဒုတိယစာမျက်နှာအစမှာ ကျွန်တော်တို့ တကယ့်ကောင်းမွန်လှတဲ့ လက်ရေးလှလှလေးနဲ့ရေးပြီးတော့မှ အောင်မြင်အောင်ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့အခက်အခဲပေါင်းစုံက ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့လုပ်ရကျိုးကနေ ပိုပြီးလုပ်ရကျိုးနပ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊ အားလုံးပဲအစစအရာရာ အောင်မြင်တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ကျေးဇူးလည်းအများကြီးတင်ပါတယ်” ဟု ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာကြသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဂုဏ်ပြုနေ့လယ်စာသုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ တေးသံသာများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။
MOI

၁။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး။
၂။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး။

၃။ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး။
၄။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး။

နေပြည်တော် ဇူလိုင် ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ တက်ရောက်ကြသည်။
ဦးစွာ ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ အခုဆိုရင် ၄ နှစ်နဲ့ ၆ လတာကာလကို ရောက်ရှိပြီဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဆိုသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က မိတ္ထီလာ၌ လူထုနှင့် တွေ့ဆုံချိန်တွင် မိမိစတင်အသိပေးပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် အခုလာမယ့် ၆ လတာကာလသည် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အပြီးသတ်ပြင်ဆင်ပြီး အထွေထွေရွေးကောက်ပွဲကျင်းပပေးရမည့် ကာလဖြစ်ကြောင်း။
မိမိတို့ အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစပြီး နိုင်ငံတော်၏ အခြေအနေအပေါ်မူတည်ကာ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ချမှတ်ပြီး အဆင့်လိုက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၆ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၁၇ နှင့် ပုဒ်မ ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့်ကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြသည့် အစီရင်ခံစာကို လက်ခံရရှိသည့်အခါ ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာရမည်ဟု ဖော်ပြပါရှိကြောင်း၊ ယခုကဲ့သို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့် နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အထွေထွေရွေးကောက်ပွဲကျင်းပပေးရမည်ဟု ပုဒ်မ ၄၂၉ တွင် ပြဋ္ဌာန်းထားကြောင်း၊ မိမိတို့အနေဖြင့် လာမည့်ဒီဇင်ဘာလတွင် ဥပဒေနှင့်အညီ ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားများနှင့် ပါတီငယ်များလည်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရန် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ဖော်ဆောင်ထားသကဲ့သို့ ပြည်သူလူထုတစ်ရပ်လုံး လွတ်လပ်လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့ကြောင်း။
ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ ပထမဆုံးအချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိလာအောင် အလေးထားဆောင်ရွက်သွားမည် ဆိုသည့်အချက်နှင့် ပတ်သက်ပြီး အကောင်အထည် ဖော်ဆောင်ရွက်မှုကို ဦးစွာတင်ပြလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အဆိုပါအချိန်က အာဏာရပါတီသည် မဲမသမာမှုများကို ကျူးလွန်ခဲ့ကြကြောင်း၊ ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ပေးမှုမရှိဘဲ နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန် ကြိုးစားခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး မိမိတို့အစိုးရက တာဝန်ယူထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါအချိန်က အာဏာရပါတီကို ထောက်ခံသူများသည် အရေးပေါ်အခြေအနေအရ အပြောင်းအလဲဖြစ်မှုများကို မကျေနပ်မှုမှ အစပြုပြီး ဆူပူဆန္ဒပြမှုများကနေ အကြမ်းဖက်တိုက်ခိုက်မှုများ နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်ခဲ့ကြကြောင်း၊ အလားတူမိမိတို့နိုင်ငံတွင် ယခင်ကတည်းကရှိနေသည့် ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းများ သည်လည်း အဆိုပါ နိုင်ငံရေးဖြစ်စဉ်ကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်နိုင်ရန် လက်နက်ကိုင်အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့ကြသည့်အတွက်ကြောင့် နိုင်ငံတော်တွင် ဗူးလေးရာဖရုံဆင့် ဖြစ်ခဲ့ရကြောင်း။
မိမိတို့အစိုးရအဖွဲ့ နိုင်ငံ့တာဝန်ရယူခဲ့ရချိန်မှစပြီး ပြည်ထောင်စုတစ်ဝန်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိအောင် အလေးထားကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိကြောင်း၊ အဆိုပါတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ၂၀၁၀ ပြည့်နှစ်က အတည်ပြုပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းခဲ့ပြီး ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ သင်တန်းအမှတ်စဉ် (၁၅) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးစနစ် ပြည်သူ့စစ်မှုထမ်းကိုလည်း ၂၀၂၃ ခုနှစ်မှစတင်၍ ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်နှင့် ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များကို ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်အထိ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် မိမိတို့အစိုးရကာလတွင် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးအခြေအနေ၊ ယနေ့ဖြစ်ပျက်နေသည့် နိုင်ငံတကာရေးရာအခြေအနေများကြောင့် မိမိတို့ကဲ့သို့ နိုင်ငံငယ်များ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည် ပြည်သူတစ်ရပ်လုံး၏ အင်အားစုများအားလုံးပါဝင်မှသာ ခိုင်မာမှုရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရလက်ထက် ယခုကဲ့သို့ ဆောင်ရွက်မှုများသည် နိုင်ငံတော်၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်ရန် လမ်းခင်းပေးမှုများပင်ဖြစ်ကြောင်း။
ရှေ့လုပ်ငန်းစဉ် ဒုတိယအချက်ဖြစ်သည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဆိုသည့်အချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုကို တင်ပြလိုကြောင်း၊ ၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး ထိုအထဲက ၅၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် သစ်တောကဏ္ဍများတွင် တစ်နည်းနည်းဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးကို လျင်မြန်စွာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့် နေရာတွင် စိုက်ပျိုးမွေးမြူရေးသည် မိမိတို့နိုင်ငံတွင်ရှိသည့် တိုင်းရင်းသားပြည်သူအများစု၏ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဖော်ဆောင်ပေးခြင်းသည် အထိရောက်ဆုံးဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက တစ်ဖက်တွင်လည်း ဆင်းရဲမွဲတေမှုလျှော့ချရေးကိုလည်း များစွာအထောက်အကူပြုမည်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို လယ်ယာစိုက်ပျိုးရေးစွမ်းအားရှိသည့် Agricultural Power Country ဖြစ်ရန် တည်ဆောက်သည့်နေရာတွင် ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို ပိုမိုတိုးတက်ထုတ်လုပ်ရန် နိုင်ငံတကာဈေးကွက်ဝင်စေဖို့ အကျိုးအမြတ်ရှိပြီး ခိုင်မာသေချာသည့် သီးနှံထုတ်လုပ်မှုဖြစ်ပေါ်လာစေရန် တိုးတက်ဖွံ့ဖြိုးလာသည့် စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်များကို ရယူအသုံးချနိုင်အောင် ဆောင်ရွက်စေခဲ့ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံသွင်းအားစုများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်စေရန်အတွက်လည်း ပြည်ပမှမှာ ယူတင်သွင်းမှုများအပြင် ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးနိုင်စေဖို့အတွက်လည်း အားပေးဆောင်ရွက်ခဲ့ကြောင်း။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်း Agro-based Industries များကို ပြည်တွင်းက အရင်းအနှီးရှိသူ ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များကိုယ်တိုင် ရင်းနှီးမြှုပ်နှံပါဝင်လုပ်ဆောင်လာအောင် အားပေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့် နေရာတွင် လိုအပ်သည့် သွင်းအားစုများရရှိရေး၊ ဘဏ္ဍာငွေအကူအညီပေးရေးနှင့် လူသားအရင်းအမြစ်များ ရရှိရေးတို့ကိုလည်း ဦးစားပေးဆောင်ရွက်ပေးခဲ့ကြောင်း။
နိုင်ငံတော်အတွက်လိုအပ်သည့် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ဆောင်ရွက်သည့်နေရာမှာ မျက်မှောက်ခေတ်အခြေအနေများအရ မိမိတို့အစိုးရအနေဖြင့် KG+9 အထိ မသင်မနေရ ပညာရေးစနစ်ကို နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေးရည်မှန်းချက်အဖြစ် ချမှတ်ခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစပြီး KG+9 ပြီးသည်နှင့် အသက်မွေးဝမ်းကျောင်းပညာသင်ယူနိုင်ရန် အခြေခံရသွားနိုင်ပြီဖြစ်ခြင်းကြောင့် အသက်မွေးဝမ်းကျောင်းပညာများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာဘာသာရပ်များကို သင်ကြားပေးသည့် အခြေခံပညာကျောင်းများကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ခရိုင် ၈၈ ခုမှာ ၈၉ ကျောင်းအထိ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ အခုခေတ်သည် နည်းပညာခေတ်ဖြစ်ခြင်းကြောင့် လက်တွေ့အသုံးချသိပ္ပံပညာရပ်များဖြစ်သည့် ကွန်ပျူတာနှင့် နည်းပညာများကို ပေါင်းစပ်သင်ကြားပေးသည့် Polytechnic University (၈) ခုကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း။
မိမိတို့အစိုးရ စတင်တာဝန်ယူဆောင်ရွက်ခဲ့သည့် ကာလအတွင်းမှာ ပြည်သူလူထုတစ်ရပ်လုံး၏ စားရေရိက္ခာဖူလုံရေးအတွက် စပါးစိုက်ပျိုးမှု၊ ဆီထွက်သီးနှံစိုက်ပျိုးမှု၊ ပဲမျိုးစုံစိုက်ပျိုးမှု၊ အသားငါးထုတ်လုပ်မှုများကို နှစ်အလိုက် တိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း အဓိကသီးနှံအဖြစ် သတ်မှတ်ထားတဲ့ သီးနှံ (၁၀) မျိုးတွင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
နိုင်ငံတော်ရဲ့ စီးပွားရေးအခြေအနေသည် ယခင်အစိုးရလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စုစုပေါင်းရငွေ ကျပ် ၁၇၅၈၅ ဒသမ ၅၅ ဘီလီယံရှိရာမှ မိမိတို့အစိုးရကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းရငွေကျပ် ၃၄၅၅၃ ဒသမ ၅၀ ဘီလီယံအထိ တိုးတက်ရရှိခဲ့ကြောင်း၊ နိုင်ငံတော်၏ ဂျီဒီပီတန်ဖိုးသည်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၀၈၂၀၅ ဒသမ ၇၂ ဘီလီယံရှိရာမှ မိမိတို့အစိုးရကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၆၀၆၅၄ ဒသမ ၈၂ ဘီလီယံအထိ၊ GDP တိုးတက်မှု ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ရရှိခဲ့ကြောင်း၊ ကမ္ဘာ့ဘဏ်အနေဖြင့် မှန်ကန်ပြည့်စုံမှုမရှိသည့် အချက်အလက်များကို အခြေခံပြီး မိမိတို့နိုင်ငံ၏ ဂျီဒီပီကို လျော့နည်းနိုင်သည်ဟု ကြိုတင်သုံးသပ်ထားသော်လည်း မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားရေးပြန်လည်ကောင်းမွန်စေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြောင်း။
မိမိတို့အစိုးရ တာဝန်ယူခဲ့ရသည့် ကာလအတွင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်း၊ တတိယလှိုင်းနှင့် စတုတ္ထလှိုင်းများအပြင် ဆူပူဆန္ဒပြမှုများ၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ၂၀၂၃ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်တွင် ရာဂိမုန်တိုင်း၏ အရှိန်နှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရုတ်တရက်ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှုနှင့် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းက အလွန်အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုဒဏ်တို့ကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ စိန်ခေါ်မှုများစွာကို လိုအပ်သည့် တုံ့ပြန်ဆောင်ရွက်မှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်နှင့် သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
ပြည်ပသွင်းကုန်အစားထိုးရန်၊ နိုင်ငံ့စီးပွားရေးကို အားပေးရန်၊ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ပြီး ပြည်ပကိုတင်ပို့ကာ နိုင်ငံခြားငွေရှာဖွေနိုင်ရန် ရည်ရွယ်ချက်များနှင့် MSME လုပ်ငန်းများကို ၂၀၂၂ ခုနှစ်ကစပြီး အားပေးဆောင်ရွက်ခဲ့ကြောင်း၊ MSME လုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် ကုန်ကြမ်းရရှိရေးသည် အဓိကအရေးကြီးသည့်အတွက် ဒေသတွင်းက ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို အခြေခံသည့် MSME လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်စေခဲ့ကြောင်း၊ လက်ရှိမိမိတို့နိုင်ငံ၏ MSME လုပ်ငန်းများသည် အတိုင်းအတာတစ်ခုအထိ လည်ပတ်အောင်မြင်သည်ကို တွေ့ရှိရသော်လည်း အများစုသည် စားကုန်၊ သောက်ကုန်ပစ္စည်းများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အခြားဈေးကွက်ဝင်ထုတ်ကုန်များဖြစ်သည့် စက်မှုထုတ်ကုန်နှင့် လယ်ယာလုပ်ငန်းသုံး ထုတ်ကုန်များကိုလည်း ပိုမိုထုတ်လုပ်နိုင်ရန်လိုအပ်နေကြောင်း၊ လုပ်ငန်းဆောင်ရွက်ရန်အတွက် ငွေကြေးအရင်းအနှီးများ လိုအပ်သကဲ့သို့ လူသားအရင်းအမြစ်ကောင်းများလည်း လုံလောက်စွာ ရရှိရန်လိုအပ်ကြောင်း၊ မိမိအနေဖြင့် ပြည်တွင်းက MSME လုပ်ငန်းများကို သွားရောက်အားပေးတွေ့ဆုံသည့်အခါ လုပ်သားရှားပါးမှုတင်ပြကြသည်ကို တွေ့ရကြောင်း၊ ၂၀၂၄ ခုနှစ် ရှေ့ပြေးလူဦးရေစာရင်းအရ မိမိတို့နိုင်ငံတွင် အလုပ်လုပ်နိုင်သည့် လူဦးရေ ၃၄ ဒသမ ၈ သန်းကျော်ရှိပြီး တစ်နည်းမဟုတ်တစ်နည်းဖြင့် အလုပ်လုပ်နေသူ ၁၉ သန်းကျော်သာရှိကြောင်း၊ ပြည်တွင်းနှင့် ပြည်ပတွင် အလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး အလုပ်လုပ်နေသူ ၁၇ သန်းကျော်သည့်အတွက် လုပ်သားအင်အားတွေရှိနေသော်လည်း အကျိုးရှိရှိအသုံးချနိုင်ရန် လိုအပ်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် အလုပ်လုပ်နိုင်မည့် ရေခံမြေခံကောင်းများ၊ အခြေခံကောင်းများ ရှိပြီးဖြစ်သော်လည်း အမှန်တကယ်အလုပ်လုပ်ရန်နှင့် အစိုးရအနေဖြင့်လည်း အလုပ်လုပ်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်နေသည်ကို တင်ပြအပ်ပါကြောင်း။
ရှေ့လုပ်ငန်းစဉ် တတိယအချက်ဖြစ်သည့် နိုင်ငံတော်၏ ပကတိအနှစ်သာရ ဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည် ဆိုသည့်အချက်နှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုကို တင်ပြလိုကြောင်း၊ နိုင်ငံတော်အစိုးရအဆက်ဆက်ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး NCA သဘောတူစာချုပ်အတိုင်း အလေးထားအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်းငြိမ်းချမ်းရေးသည် အရေးကြီးသည့်အတွက် တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို စတင်ထုတ်ပြန်ခဲ့ကြောင်း၊ ယနေ့အချိန်အထိ ထာဝရငြိမ်းချမ်းရေးအတွက် တစ်ဖက်သတ်အပစ်ရပ်ထုတ်ပြန်မှုပေါင်း ၂၇ ကြိမ် ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အလေးပေးဆောင်ရွက်ခဲ့သည်ကို တင်ပြလိုကြောင်း၊ ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းကြောင်းဖြင့်သာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဖြစ်ချင်သည်များကို ပြောဆိုနေမည့်အစား၊ ဖြစ်သင့်သည်များကိုပြောပြီး၊ ဖြစ်နိုင်သည်များကို ညီညီညွတ်ညွတ်ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် လက်တွေ့ကျပြီး အောင်မြင်ခိုင်မာသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ကာ နိုင်ငံနှင့် ပြည်သူလူထု၏ ကောင်းရာကောင်းကျိုးကို ရှေးရှုကြရန် ပြောကြားလိုကြောင်း။
မိမိတို့အစိုးရသည် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် ဆွေးနွေးနိုင်ရေး ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ ၇ ဖွဲ့၊ လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့တို့နှင့် မိမိကိုယ်တိုင်တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ၉၁ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် အဖွဲ့များနှင့် ၂၅ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၂၂ ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် ၁၃ ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၅ ခုနှစ်အတွင်း ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk) တစ်ကြိမ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (Peace Forum) တစ်ကြိမ်တို့ကို ကျင်းပဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်ဖြည့်စွက်ရန်အတွက် သဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုးအတည်ပြုနိုင်ခဲ့ကြောင်း၊ ယင်းသဘောတူညီချက်များနှင့် ယခင်အစိုးရများလက်ထက် ငြိမ်းချမ်းရေးညီလာခံရလဒ်များမှ စုစည်းထားသည့် ပြည်ထောင်စုသဘောတူညီချက် (Union Accord) များကို မကြာခင်ကျင်းပမည့် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် ပြည်ထောင်စုလွှတ်တော်ကို စုစည်းတင်ပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်နိုင်ရေးလုပ်ငန်းစဉ်များကို ပြန်လည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့သည် တိုင်းရင်းသားပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေကြသည့် သက်ဆိုင်သူအားလုံးသည် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။
ရှေ့လုပ်ငန်းစဉ် စတုတ္ထအချက်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဟူသည့်အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ တင်ပြလိုကြောင်း၊ ဒီမိုကရေစီကို ဖော်ဆောင်ရန်အတွက် ရွေးကောက်ပွဲများသည်အရေးကြီးကြောင်း၊ ပြည်သူလူထု၏ ဆန္ဒအမှန်ကို ဖော်ပြနိုင်သည့် ရွေးကောက်ပွဲများကသာ စစ်မှန်သည့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီဖြစ်သည့်အတွက် နိုင်ငံရေးပါတီများသည် တရားမျှတစွာ ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံနိုင်ရန်လည်း လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် နိုင်ငံရေးပါတီများ တရားမျှတစွာပါဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများကို အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ကြောင်း၊ လက်ရှိအချိန်အထိ တည်ဆဲနိုင်ငံရေးပါတီ ၅၅ ပါတီရှိပြီး ၎င်းတို့အနက် တစ်နိုင်ငံလုံးယှဉ်ပြိုင်မည့် ပါတီ ၉ ပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ပါတီ ၄၆ ပါတီ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေးစိစစ်ဆဲပါတီ ၆ ပါတီရှိကြောင်း၊ မကြာမီကာလတွင် ရွေးကောက်ပွဲကျင်းပမည့် ရက်ကို ကြေညာတော့မည်ဖြစ်သည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူများကို ပါတီလုပ်ငန်းစဉ်များချပြပြီး မဲဆွယ်စည်းရုံးရတော့မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်အရ နိုင်ငံရေးပါတီများ၏ ယှဉ်ပြိုင်မဲဆွယ်စည်းရုံးမှုများတွင် လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရယူအသုံးချပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန် လိုအပ်ကြောင်း။
နောက်တစ်ချက်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဟူသည့် နေရာတွင် အခြားနိုင်ငံများ၏ ကျင့်သုံးမှုပုံစံကို ပုံတူကူးပြီး ကျင့်သုံခြင်းမျိုးမဟုတ်ဘဲ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်တို့ကို ဖော်ဆောင်ရန်အရေးကြီးကြောင်း၊ ဒီမိုကရေစီစနစ်ဟူသည်မှာ ပြည်သူကရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ၎င်း၏အနှစ်သာရဖြစ်သည့် အများဆန္ဒအတိုင်း ဆောင်ရွက်ခွင့်ရှိသော်လည်း လူနည်းစု၏ ဆန္ဒကိုလည်း အလေးထားရန်လိုအပ်ကြောင်း၊ မိမိနှင့် အယူအဆမကိုက်ညီသူများကို ရန်သူလိုသဘောထားပြီး ခွဲခြားဆက်ဆံခြင်းများ၊ ဖယ်ကြဉ်ထားခြင်းများသည် ဒီမိုကရေစီစနစ်နှင့် လုံးဝကိုက်ညီမှုမရှိသည့် အရာဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ဟူသည်မှာလည်း လုပ်ပိုင်ခွင့်အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခံစားစေခြင်းဖြစ်ပြီး ၎င်း၏အနှစ်သာရမှာ ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးသည် တိုင်းရင်းသားလူမျိုးတစ်မျိုးတည်း သီးသန့်နေထိုင်ခြင်းမျိုးမရှိဘဲ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိနေကြကြောင်း၊ မိမိတို့နိုင်ငံ၏ အရှိတရားနှင့်ကိုက်ညီအောင် ရေးဆွဲပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ လုပ်ပိုင်ခွင့်အနှစ်သာရများကို အကျိုးရှိအောင်အသုံးချပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ကိုလည်း တင်ပြအပ်ကြောင်း။
ရှေ့လုပ်ငန်းစဉ်များ၏ နောက်ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဟူသည့်အပိုင်းကို ဆက်လက်တင်ပြလိုကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပပေးပြီး ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်လွှဲပြောင်းပေးနိုင်ရေးပင်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ရရှိသည့် ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ရှိပြီး အလုပ်သမားဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် စာရင်းများအရ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူ ၃ ဒသမ ၄ သန်းကျော်ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေသည် ၅၄ ဒသမ ၇ သန်းကျော်ရှိသည်ကို တွေ့ရှိရကြောင်း၊ သန်းခေါင်စာရင်းမှ ရရှိလာသည့် လူဦးရေဆိုင်ရာ အချက်အလက်များကို အခြေခံပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအတိုင်း မဲဆန္ဒရှင်စာရင်းကို စနစ်တကျပြုစုဆောင်ရွက်လျက်ရှိကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် ရွေးကောက်ပွဲဥပဒေများနှင့်အညီ ဒေသအလိုက် လုံခြုံရေးအခြေအနေအပေါ်မူတည်ပြီး ကျင်းပပြုလုပ်သွားရန်စီမံဆောင်ရွက်နေကြောင်း၊ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲများကို ပြန်ပြီးလေ့လာကြည့်ပါက အများစုသည် ရွေးကောက်ပွဲကို သတ်မှတ်သည့်ရက် ၁ ရက်အတွင်း အပြီးဆောင်ရွက်ခဲ့ကြသော်လည်း ပထမအကြိမ် ပါလီမန်အထွေထွေရွေးကောက်ပွဲကိုမူ ၁၉၅၁ ခုနှစ်၊ ဇွန်လမှ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အသုတ်လိုက်ခွဲ၍ ကျင်းပခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါခေတ်ကာလက ဆာဘဦး ခေါင်းဆောင်သည့် ရွေးကောက်ပွဲကော်မရှင်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် ပါလီမန်အထွေထွေရွေးကောက်ပွဲကို တစ်နယ်ပြီးတစ်နယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် လုံခြုံရေးအခြေအနေအရ မိမိတို့အနေဖြင့်လည်း မကြာခင်ကျင်းပမည့် ရွေးကောက်ပွဲကို လုံခြုံရေးနှင့် စီမံခန့်ခွဲမှုအပေါ်မူတည်ပြီး အပိုင်းခွဲကျင်းပသွားမည်ဖြစ်ကြောင်း၊ တစ်ပိုင်းနှင့် တစ်ပိုင်းကို အနည်းဆုံးရက်သတ္တတစ်ပတ်ခြားပြီး ဆောင်ရွက်ရန်လျာထားကြောင်း၊ မဲဆန္ဒရှင်များ မဲပေးရာတွင် အဆင်ပြေစေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုမှ မဲဆန္ဒရှင်ပြည်သူ ၁၁၇၂၇၉ ဦးကို မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်းသည့် ရှင်းလင်းပြသမှုများ၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးမှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ဒေသများကို ဆက်လက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရေးအတွက် ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP- Mixed Member Proportion System) ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင်လည်း မဲစာရင်းများမှန်ကန်ရေး၊ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအရေးကြီးသကဲ့သို့ လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသော ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက်လည်း နိုင်ငံတကာက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာအကဲခတ်ရေး ကိုယ်စားလှယ်များကို ဖိတ်ခေါ်ထားကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ ကျင်းပသည့် ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပြီး ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် လွှတ်တော်သည်လည်း ဂုဏ်သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ဖြစ်သည်ကို ကမ္ဘာကို ချပြနိုင်မည်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်နိုင်သည့် စာရင်း ၁၁,၃၀၅,၃၉၀ (တစ်ဆယ့်တစ်သန်းသုံးသိန်းကျော်) ကို တာဝန်ရှိသူအဆင့်ဆင့်က ဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်အသီးသီးအားခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန်ကြိုးစားခြင်းတို့သည် ဖွဲ့စည်းပုံခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀ (ဂ) နှင့် ပုဒ်မ ၄၁၇ တွင်ပါရှိသည့် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်၏ ယာယီသမ္မတက ဖွဲ့စည်းပုံခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး ပုဒ်မ ၄၁၈ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတွေကို လွှဲအပ်ပေးခဲ့တဲ့အတွက် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်တာဝန်များကို ရယူထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်မှုများအဖြစ် နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်မဲပေးနိုင်ရန်အတွက် ပန်းခင်းစီမံချက်များချမှတ်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ၆,၂၁၀,၂၅၆ ဦးကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူနိုင်ခဲ့ပြီး ရရှိလာသည့် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အခြေခံမဲဆန္ဒရှင်စာရင်းကိုလည်း ပြုစုနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုဆိုပါက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာစဉ်က ပါရှိခဲ့သည့် ကိစ္စရပ်အားလုံးကို မိမိတို့အစိုးရအနေဖြင့် အောင်မြင်စွာဖြေရှင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာခဲ့စဉ်ကပါရှိခဲ့သည့် ကိစ္စရပ်များကို ပြီးပြတ်အောင် ဆောင်ရွက်ပြီးဖြစ်ခြင်း၊ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် အထွေထွေရွေးကောက်ပွဲတစ်ရပ်အား မဖြစ်မနေကျင်းပပေးရန်လိုအပ်ခြင်းတို့ကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာထားခြင်းအား ရုပ်သိမ်းပေးနိုင်ပါရန်နှင့် မိမိတို့အစိုးရအပေါ် ပေးအပ်ထားသော နိုင်ငံ့တာဝန်များကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ ပြန်လည်အပ်နှံခွင့်ပြုပါရန်တင်ပြအပ်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၆ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် မိမိကိုနိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာပြီးသည့်နောက် ပုဒ်မ ၄၂၇ (က) အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကျင့်သုံးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ပုဒ်မ ၄၂၇ (ခ) အရ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီး ပြည်ထောင်စုအဆင့် အာဏာပိုင်အဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည့်အချိန်အထိ နိုင်ငံတော်အာဏာကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိပြီး ဥပဒေပြုရေးအာဏာကို ကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကိုမူ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအဆင့်များအတွက် သင့်လျော်သည့် အဖွဲ့အစည်းများ ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ လွှဲအပ်ကျင့်သုံးဆောင်ရွက်စေနိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်စေသည့် နေရာတွင် ပုဒ်မ ၄၂၈ အရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာအရည်အချင်းနှင့် ညီညွတ်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၄၂၉ မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကိုပယ်ဖျက်ကြောင်း ကြေညာသည့်နေ့ကစပြီး ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၄၂၈ အရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် အထွေထွေရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည်အထိ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပုဒ်မ ၄၃၀ တွင် ပြဋ္ဌာန်းထားကြောင်း၊ လွှတ်တော်အသီးသီးအတွက် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲကျင်းပရန်၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့၊ တရားစီရင်ရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများကို ဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းအတွက် လိုအပ်သည့် စီစဉ်ဆောင်ရွက်မှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်မှုများသည် နောင်အစိုးရအတွက် လမ်းခင်းပေးခဲ့ခြင်းဖြစ်သကဲ့သို့ ဆက်လက်၍လည်း မိမိတို့အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများသည် မူလကပင်ရှိခဲ့ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာစဉ်က ပါရှိခဲ့သည့် ကိစ္စရပ်တစ်ခုမဟုတ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးဟူသည်မှာ အချိန်ယူပြီး စေ့စပ်ဆွေးနွေးညှိနှိုင်းနိုင်မှသာ စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ပြန်လည်လျှောက်လှမ်းရန်ဆိုပါက ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးရန်လိုအပ်ကြောင်း၊ ယနေ့နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအနေဖြင့်လည်း ယခုကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်မှသာ ပေါ်ပေါက်လာမည့် လွှတ်တော်များတွင် မိမိတို့၏ လိုလားချက်များကို ဥပဒေနှင့်အညီ တရားဝင်တင်ပြဆောင်ရွက်ခွင့်ရမည်ကိုလည်း တရားဝင်အသိပေးပြောကြားလိုကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတော်တွင် ရွေးကောက်ပွဲမကျင်းပပါက ပြည်သူလူထုလိုလားတောင့်တသည့် ဒီမိုကရေစီသည် နိုင်ငံတော်တွင် ဆိတ်သုဉ်းနေမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ယင်းလက်နက်ကိုင်ပဋိပက္ခများကြားကပင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်အောင်မြင်မြင် ကောက်ယူနိုင်ခဲ့သည်ကို သာဓကယူပြီး ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အခုကျင်းပမည့် ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်ပါက အောင်မြင်မည်ဖြစ်သည်ကို ယုံကြည်ပါကြောင်း၊ ထိုသို့ ရွေးကောက်ပွဲကျင်းပပြီး ဥပဒေနှင့်အညီ လွှတ်တော်အသီးသီး ပေါ်ပေါက်လာပါက နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရှေးရှုဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တင်ပြအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲပါဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမိန့်အမှတ် (၁/၂၀၂၁) ဖြင့် ယာယီသမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာကို အပ်နှင်းခဲ့ကြောင်း၊ ထိုသို့ နိုင်ငံတော်အာဏာကို လွှဲအပ်စေသည့် တာဝန်များအား ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့တွင် အစီရင်ခံတင်ပြခဲ့သည့်အတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမိန့်အမှတ် (၁/၂၀၂၁) ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၆ အရပယ်ဖျက်ခြင်းအား သဘောတူထောက်ခံပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၉ တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကိုပယ်ဖျက်ကြောင်း ကြေညာပြီးသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမည်ဟုပြဋ္ဌာန်းထားရှိကြောင်း၊ အထွေထွေရွေးကောက်ပွဲများကျင်းပပြီးပါက လွှတ်တော်အစည်းအဝေးကျင်းပခြင်းနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၃ တွင် ပြည်သူ့လွှတ်တော်၏ သက်တမ်းတစ်ရပ်စတင်သော ပထမအကြိမ်ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲကျင်းပသည့် နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည်ဟု ပြဋ္ဌာန်းထားရှိကြောင်း၊ အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၄ (ခ) တွင် အမျိုးသားလွှတ်တော်ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်ပထမအကြိမ် ပုံမှန်အစည်းအဝေးကျင်းပသည့်နေ့မှ ၇ ရက်အတွင်းတွင်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၈ နှင့် ပုဒ်မ ၁၇၁ (ခ) တွင် ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်များ၏ ပထမအကြိမ်ပုံမှန်အစည်းအဝေးများကို ပြည်သူ့လွှတ်တော်ပထမအကြိမ်ပုံမှန် အစည်းအဝေးစတင်ကျင်းပသည့်နေ့မှ ၁၅ ရက်အတွင်းတွင်လည်းကောင်း ကျင်းပရမည်ဟု အသီးသီးပြဋ္ဌာန်းထားရှိကြောင်း၊ တင်ပြပါလွှတ်တော်အသီးသီး၏ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ကြီးကြပ်လမ်းညွှန်မှုများကိုခံယူပြီး အောင်မြင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို လေးစားစွာတင်ပြအပ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်စွာဆောင်ရွက်ပြီးဖြစ်သည့်အတွက် နိုင်ငံတော်အာဏာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ ပြန်လည်လွှဲပြောင်းဆောင်ရွက်မည်ဟု အစီရင်ခံမှုအရကြားသိရကြောင်း၊ ဆက်လက်၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၆ မှ ၄၃၀ ထိ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်သည့် ကိစ္စရပ်အား ထောက်ခံပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရှင်းလင်းတင်ပြချက်များအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တာဝန်ယူခဲ့သည့် ၄ နှစ်ကျော် ကာလအတွင်း ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလည်း စည်းစနစ်ကျနစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအဆင့်အလိုက် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့အဆင့်ဆင့်ကို ကောင်းမွန်သည့် ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို မျိုးစေ့ချပေးခဲ့ခြင်းဖြစ်ပြီး ဆက်လက်တာဝန်ယူသွားမည့် အစိုးရအနေဖြင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြိုးပမ်းမှုများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အကြမ်းဖက်မှုများ များစွာလျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ထမ်းဆောင်သွားမည့် ကာလတွင်လည်း နိုင်ငံတော်တာဝန်များကို လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုတစ်ဝန်းလုံး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် ဥပဒေနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူထားသည့် ကာလအတွင်း နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ် GMS ၊ MLC ၊ ACMECS ၊ CLMV ၊ BIMSTECS ၊ EURASIA ECONOMIC FORUM ၊ RUSSIAN VICTORY DAY စသည့်အခမ်းအနားများသို့ ပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး အမြင်ချင်းဖလှယ်နိုင်ခဲ့ကာ အပြုသဘောဆောင်သည့် ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်ထူထောင်နိုင်ခဲ့ခြင်းသည် Summit Diplomacy ၏ အောင်မြင်မှုတစ်ရပ်အဖြစ် တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် နိုင်ငံတကာဆက်ဆံရေးကို လွှမ်းမိုးထားသည့် ကမ္ဘာ့အင်အားကြီးလေးနိုင်ငံအနက် တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံများနှင့် ထိပ်သီးအဆင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ပြီး အပြုသဘောထောက်ခံအားပေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ခဲ့ပါကြောင်း၊
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာတွင်လည်း နိုင်ငံအသီးသီးမှ အပြုသဘောဖြင့် ထောက်ခံအားပေးခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ လက်ရှိအချိန်ကာလသည် နိုင်ငံတကာဆက်ဆံရေးတွင် အောင်မြင်မှုများရရှိနေသည့် ကာလဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပပြုလုပ်သွားမည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား ကျင်းပပြုလုပ်ရန် အချိန်အခါကောင်းဖြစ်ပါကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာထားသည့် ကာလအတွင်း ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍများတွင်လည်း တာဝန်ယူထားသည့် ကာလအတွင်း တိုးတက်မှုရှိအောင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် သဘောတူညီခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အချက် ၄၃ ချက်ကို ပြင်ဆင်ဖြည့်စွက်နိုင်ရန်အတွက် ပြည်သူများမှ ရွေးချယ်သည့် လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် လွှတ်တော်အသီးသီးပေါ်ပေါက်ရန် လိုအပ်သည့်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည့်အပေါ် ထောက်ခံပါကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။
ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် ထောက်ခံတင်ပြခဲ့ပါကြောင်း၊ ရွေးကောက်ပွဲကို ကျင်းပရာတွင် နိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေအရ တစ်ကြိမ်တည်းဖြင့် ဆောင်ရွက်၍မရဘဲ အပိုင်းလိုက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခများရှိနေသည့် မြို့နယ်များရှိသကဲ့သို့ ယခင်ကတည်းက ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များလည်းရှိကြောင်း၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များသည်လည်း အချိန်တိုကာလအတွင်း ရလဒ်များ ထွက်ပေါ်အတည်ပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် မဲမသမာမှုဆောင်ရွက်၍မရကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းခဲ့မှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် သင်ခန်းစာယူ၍ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ်နှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်နေရသည့် ပြည်သူများသည်လည်း ဥပဒေအရမဲပေးခွင့်ရှိသဖြင့် ကြိုတင်ဆန္ဒမဲများဖြင့် မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း၊ မိမိတို့အနေဖြင့်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအားလုံးဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲများပေးသည့် အချိန်တွင် မဲမသမာမှုများ မဖြစ်ပေါ်စေရေးနှင့် သမာသမတ်ရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းရာတွင်လည်း လွှတ်တော်အသီးသီးတွင် တာဝန်ယူရမည့်သူများသည် ဥပဒေပြုရေးကို ဆောင်ရွက်ရခြင်းဖြစ်သဖြင့် အခြေခံပညာအဆင့် ပြီးဆုံးသူများကိုသာ ကိုယ်စားလှယ်လောင်းများအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို အခြေအနေအရသာ တာဝန်ယူခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲပြုလုပ်၍ အနိုင်ရရှိသည့် အစိုးရအဖွဲ့အား တာဝန်လွှဲအပ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုယ်စား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဆွေးနွေးတင်ပြချက်များအပေါ်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက သဘောတူညီသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းလိုက်သည်ကို အသိပေးကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၅) ကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

အမေရိကန်က အီရန်၏ အပြည်ပြည်ဆိုင်ရာ သင်္ဘောသယ်ယူ ပို့ဆောင်ရေး ကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် ဒဏ်ခတ်အရေးယူမှုများ ပြဋ္ဌာန်းလိုက်ပြီး တီဟီရန်သို့ ရေနံအမြတ်ငွေဒေါ်လာဘီလီယံချီကာ တရားမဝင် လွှဲပြောင်း ပေးနေသည်ဟု စွပ်စွဲထားသည်။ ဇူလိုင် ၃၀ ရက်နေ့တွင် ကြေညာခဲ့သော အဆိုပါဒဏ်ခတ်မှုများတွင် အမေရိကန်ဘဏ္ဍာရေးဌာနက "ကျယ်ပြန့်သော သင်္ဘောလုပ်ငန်းအင်ပါယာ"၏ အစိတ်အပိုင်းဖြစ်သည်ဟု ဖော်ပြထားသည့် ပုဂ္ဂိုလ် ၁၀၀ ကျော်၊ ကုမ္ပဏီများနှင့် သင်္ဘောများ ပါဝင်သည်။ ထိုလုပ်ငန်း ကို အီရန်၏ အမြင့်ဆုံးခေါင်းဆောင် Ayatollah Ali Khamenei ၏ အကြံပေးအကြီးတန်းအဖွဲ့ဝင် Ali Shamkhani ၏သား ကုန်သည်ကြီး Mohammad Hos
အမေရိကန်က အီရန်၏ အပြည်ပြည်ဆိုင်ရာ သင်္ဘောသယ်ယူ ပို့ဆောင်ရေး ကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် ဒဏ်ခတ်အရေးယူမှုများ ပြဋ္ဌာန်းလိုက်ပြီး တီဟီရန်သို့ ရေနံအမြတ်ငွေဒေါ်လာဘီလီယံချီကာ တရားမဝင် လွှဲပြောင်း ပေးနေသည်ဟု စွပ်စွဲထားသည်။ ဇူလိုင် ၃၀ ရက်နေ့တွင် ကြေညာခဲ့သော အဆိုပါဒဏ်ခတ်မှုများတွင် အမေရိကန်ဘဏ္ဍာရေးဌာနက "ကျယ်ပြန့်သော သင်္ဘောလုပ်ငန်းအင်ပါယာ"၏ အစိတ်အပိုင်းဖြစ်သည်ဟု ဖော်ပြထားသည့် ပုဂ္ဂိုလ် ၁၀၀ ကျော်၊ ကုမ္ပဏီများနှင့် သင်္ဘောများ ပါဝင်သည်။ ထိုလုပ်ငန်း ကို အီရန်၏ အမြင့်ဆုံးခေါင်းဆောင် Ayatollah Ali Khamenei ၏ အကြံပေးအကြီးတန်းအဖွဲ့ဝင် Ali Shamkhani ၏သား ကုန်သည်ကြီး Mohammad Hossein Shamkhani မှ လုပ်ကိုင်ခြင်းဖြစ်သည်။
ဘဏ္ဍာရေးဌာနက ရှမ်ခန်နီအား ၎င်းသည် ဖခင်၏ဩဇာကို အသုံးပြုကာ တန်ဖိုး ဒေါ်လာဘီလီယံချီသော ရေနံနှင့်ရေနံထွက်ပစ္စည်းများကို အီရန်နှင့် ရုရှားမှ တရုတ်အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ဝယ်ယူသူများထံ တရားမဝင် ဖြန့်ဖြူးလျက်ရှိပြီး "အမည်ခံ" ကုမ္ပဏီများစွာဖြင့်လည်း သယ်ယူနေသည် ဟု စွပ်စွဲထားသည်။ ထိုကွန်ရက်သည် ဒဏ်ခတ်မှုများကို ရှောင်ရှားခြင်း၊ ငွေကြေးခဝါချခြင်းနှင့် စာရွက်စာတမ်းလမ်းကြောင်းများကို ရှုပ်ထွေး စေခြင်းများ ပြုလုပ်နေသည်ဟုလည်း ဆိုသည်။ ဒဏ်ခတ်ခံရသူများတွင် ပြင်သစ်၊ ဗြိတိန်နှင့် အီတလီနိုင်ငံသား ၃ ဦး အပါအဝင် ပုဂ္ဂိုလ် ၁၂ ဦး၊ သင်္ဘော ၅၂ စီးနှင့် ဆွစ်ဇာလန်အခြေစိုက် ကုမ္ပဏီတစ်ခုအပါအဝင် သင်္ဘော ကုမ္ပဏီ ၁၅ ခု ပါဝင်သည်။
"ရှမ်ခန်နီမိသားစု၏ သင်္ဘောလုပ်ငန်းအင်ပါယာသည် အီရန်အာဏာပိုင် အလွှာများက ၎င်းတို့၏ဩဇာအာဏာကို အလွဲသုံးကာ ကြီးမားသော ဓနအင်အား စုဆောင်းပြီး အစိုးရ၏အန္တရာယ်ရှိသည့်လုပ်ရပ်များကို ငွေကြေး ထောက်ပံ့နေပုံကို ထင်ဟပ်စေသည်" ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားခဲ့သည်။ "တီဟီရန်က အမေရိကန် လုံခြုံရေးကို ခြိမ်းခြောက်နေစဉ် အစိုးရအလွှာများ အမြတ်ထုတ်နေခြင်း ကို ပစ်မှတ်ထားခြင်းဖြင့် အဆိုပါလုပ်ရပ်များသည် အမေရိကန်ကို ဦးစား ပေးသည်"၎င်းက ဆိုသည်။
၂၀၁၈ ခုနှစ်နောက်ပိုင်း အီရန်နှင့်သက်ဆိုင်သော အကြီးမားဆုံး ဒဏ်ခတ်မှု အစုအဖွဲ့ဟု အမည်တွင်သည့် အဆိုပါဒဏ်ခတ်မှုများသည် အီရန်၏ ယူရေနီယမ်ထပ်တိုးသန့်စင်မှုအစီအစဉ်ကို အဆုံးသတ်ရန် သမ္မတ ဒေါ်နယ် ထရမ့်၏ ပြန်လည်အားကောင်းလာသော ပြင်းထန်သည့် ဖိအားပေးမှု ဗျူဟာ၏ အစိတ်အပိုင်းဖြစ်ပြီး ဖော်ဒိုး၊ နတန်ဇ်နှင့် အစ္စဖာဟန်ရှိ အီရန် ၏နျူကလီးယားစက်ရုံများကို အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများ အပြီးတွင် ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တီဟီရန်က အဆိုပါဒဏ်ခတ်မှုများကို တရားမဝင်ဟု ရှုတ်ချခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က ဇူလိုင် ၃၁ ရက်နေ့တွင် အဆိုပါလုပ်ဆောင်မှုသည် "အမေရိကန် မူဝါဒ ချမှတ်သူများ၏ အီရန်ပြည်သူများအပေါ် ရန်လိုမှု၏ ရှင်းလင်းသော လက္ခဏာ" ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့၏ အမှန်တကယ် ရည်ရွယ်ချက်မှာ အီရန်၏ဖွံ့ဖြိုးတိုးတက်မှုကို ချိုးနှိမ်ရန်ဖြစ်သည်ဟု ဆိုသည်။
အနောက်နိုင်ငံများက အီရန်၏ ယူရေနီယမ် ထပ်တိုးသန့်စင်မှု လုပ်ငန်းစဉ် ကို နျူကလီးယားလက်နက်ဖွံ့ဖြိုးရေးအတွက် လျှို့ဝှက်ကြိုးပမ်းမှု တစ်ခု အဖြစ် ရှည်လျားစွာ ရှုမြင်ခဲ့ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂