ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် နှင့် တွေ့ဆုံဆွေးနွေးမှုကို စတင်ခဲ့ကြောင်း ကရင်မလင်မှ ထုတ်ပြန်ခဲ့သည်။ အထူးကိုယ်စားလှယ် အဖြစ် ရုရှားသို့ အကြိမ်ကြိမ်လာရောက်ခဲ့ဖူးသော ဝစ်ကော့ဖ်သည် ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၇) နံနက်ပိုင်းတွင် မော်စကိုရောက်ရှိခဲ့ပြီး ထရမ့်က အောင်မြင်မှု (သို့) ကျရှုံးမှု တစ်ခုဖြစ်လာမည်ဟု သတ်မှတ်ထားသည့် သံတမန်ရေးရာ အရေးပါသော ခရီးစဉ်တစ်ခုဖြစ်သည်။

အမေရိကန်သမ္မတက ယူကရိန်းပဋိပက္ခ ဖြေရှင်းရေးတွင် တိုးတက်မှု မရှိပါက ရုရှားစွမ်းအင်ဝယ်ယူသူများအား အဆင့်ဆင့်ဒဏ်ခတ်မှုများ ချမှတ်မည်ဟု ခြိမ်းခြောက်ထားသည်။ ကရင်မလင်ဘက်မှလည်း အချုပ် အခြာအာဏာပိုင်နိုင်ငံများအား မော်စကိုနှင့် စီးပွားရေး ဆက်ဆံမှု ရပ်တန့်ရန် တောင်းဆိုချက်များသည် ဥပဒေအရ အခြေခံမရှိဟု တုံ့ပြန် ခဲ့သည်။
ဇန်နဝါရီလတွင် ရာထူးတာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ ထရမ့်သည် ရုရှားနှင့် အဆင့်မြင့်သံတမန်ဆက်သွယ်ရေး လမ်းကြောင်းများကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ၎င်း၏ရှေ့အဆက် သမ္မတ ဂျိုးဘိုင်ဒင်၏ ရုရှားကို သီးခြား ဖြစ်စေသည့် ချဉ်းကပ်မှုမူဝါဒကို ပြောင်းလဲခဲ့သည်။ ထရမ့်အစိုးရက နျူကလီးယား စူပါအင်အားကြီးနိုင်ငံနှစ်ခုကြား ထိတွေ့ဆက်ဆံမှုသည် အရေးကြီးပြီး အပြန်အလှန်အကျိုးကျေးဇူးရရှိနိုင်သည်ဟု ကြေညာ ခဲ့သည်။
သို့သော် ထရမ့်၏ ငြိမ်းချမ်းရေးသဘောတူညီမှုရရှိရေး ကြိုးပမ်းမှုများ သည် ရေရာသည့်ရလဒ်များ မရရှိသည့်အတွက် ၎င်း၏ ထုတ်ပြန်ချက် များအရ စိတ်ပျက်နေကြောင်း သိရသည်။ မော်စကိုဘက်မှလည်း သံတမန် နည်းလမ်းကို ဦးစားပေးသော်လည်း အမျိုးသားလုံခြုံရေးကို ထိပါးလာ နိုင်သည့် နေတိုးမဟာမိတ်ဖြစ်သော ရန်သူတစ်ဦး နယ်နိမိတ် ကပ်လျက် ရှိနေခြင်းကို ခွင့်မပြုဟု ဆိုသည်။
ကိယက်ဗ်မှလည်း အနောက်နိုင်ငံများအား ၎င်းတို့၏ စစ်ရေး အထောက်အပံ့ များ တိုးမြှင့်ရန်နှင့် ရုရှားအပေါ် ပိုမိုထိရောက်သောဒဏ်ခတ်မှုများလုပ်ဆောင်ရန်တောင်းဆိုမှုကို ဆက်လက်ပြုလုပ်နေသည်။ ဥရောပ အစိုးရအချို့ကလည်း ယူကရိန်းသို့ လက်နက်ထောက်ပံ့မှုများ ဆက်လက် ပြုလုပ်နိုင်ရန် အမေရိကန်ထံမှ လက်နက်ဝယ်ယူရန် တောင်းဆိုနေ ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

အင်္ဂါနေ့ (ဩဂုတ် ၅) တွင် အကြံပေးခေါင်းဆောင် ဒေါက်တာ မိုဟာမက်ယူနွတ်က ရွေးကောက်ပွဲ ကော်မရှင် ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရမ်မာဒမ်မတိုင်မီ အထွေထွေရွေးကောက်ပွဲ ကျင်းပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်ရန် တောင်းဆိုလိုက်ပါကြောင်း ဩဂုတ် ၅ ရက်နေ့ ဒါကာ ထရီဗျူး သတင်းတွင် ဖော်ပြပါရှိပါသည်။ “ယခု အချိန်သည် မိမိတို့၏ နောက်ဆုံးလုပ်ငန်း တာဝန် ဖြစ်သည့် ရွေးကောက်ပွဲ ကျင်းပပေးရေးကို ဖြည့်ဆည်းဆောင်ရွက်ရန် အချိန်အခါ ဖြစ်ပါကြောင်း၊ မိမိ တို့၏ တာဝန်ယူရသည့် အရေးအကြီးဆုံးသော နောက်ဆုံး အခန်းကဏ္ဍသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ရွေးကောက်ခံ အစိုးရကို အာဏာလွှဲအပ်ရေး လုပ်
အင်္ဂါနေ့ (ဩဂုတ် ၅) တွင် အကြံပေးခေါင်းဆောင် ဒေါက်တာ မိုဟာမက်ယူနွတ်က ရွေးကောက်ပွဲ ကော်မရှင် ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရမ်မာဒမ်မတိုင်မီ အထွေထွေရွေးကောက်ပွဲ ကျင်းပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်ရန် တောင်းဆိုလိုက်ပါကြောင်း ဩဂုတ် ၅ ရက်နေ့ ဒါကာ ထရီဗျူး သတင်းတွင် ဖော်ပြပါရှိပါသည်။ “ယခု အချိန်သည် မိမိတို့၏ နောက်ဆုံးလုပ်ငန်း တာဝန် ဖြစ်သည့် ရွေးကောက်ပွဲ ကျင်းပပေးရေးကို ဖြည့်ဆည်းဆောင်ရွက်ရန် အချိန်အခါ ဖြစ်ပါကြောင်း၊ မိမိ တို့၏ တာဝန်ယူရသည့် အရေးအကြီးဆုံးသော နောက်ဆုံး အခန်းကဏ္ဍသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ရွေးကောက်ခံ အစိုးရကို အာဏာလွှဲအပ်ရေး လုပ်ငန်းစဉ်များကို မိမိတို့ စတင်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။” အကြံပေးခေါင်းဆောင်က Student-People Uprising Day အခမ်းအနား၌ နိုင်ငံတော်သို့ အသိပေးပြောကြားလိုက်ခြင်းဖြစ်ပါသည်။
ကြားဖြတ်အစိုးရကိုယ်စား ရွေးကောက်ပွဲကော်မရှင် အကြီးအကဲထံ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ အတွင်း လာမည့် ရမ်မာဒမ်ကာလမတိုင်မီ ရွေးကောက်ပွဲကျင်းပပေးရန် စာရေးသား တောင်းဆိုခဲ့ကြောင်း ယူနွတ်က ထပ်လောင်း ပြောကြားပါသည်။ “မိမိအနေဖြင့် အားလုံးကို ရွေးကောက်ပွဲ အောင်မြင် ချောမွေ့စွာ ကျင်းပနိုင်ရေး ဆုတောင်းပေးကြရန် တိုက်တွန်းပါသည်၊ သို့မှသာ နိုင်ငံသားအားလုံး အောင်အောင်မြင်မြင်နှင့် ရှေ့သို့ တက်လှမ်းပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသစ်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ အစိုးရကိုယ်စား ရွေးကောက်ပွဲကို မျှတ၊ ငြိမ်းချမ်းစွာ နှင့် ခြိမ့်ခြိမ့်သဲသဲ ကျင်းပနိုင်ရေး မိမိတို့ လိုအပ်သည့် ထောက်ပံ့မှုများ ပေးသွားမှာ ဖြစ်ပါသည်” ဟု ပြောကြားခဲ့ပြီး၊” “နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်ထင်ကျန် ရစ်ခဲ့မည့် ကြည်ရွှင်သော စိတ်၊ ငြိမ်းချမ်း၍ တရားမျှသော၊ မဲဆန္ဒရှင် ပြည်သူ လူထုအတွက် သဟဇာတ ဖြစ်စေမည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နံနက်ဖြန် မှစ၍ မိမိတို့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို စတင်ကြရမှာ ဖြစ်ပါကြောင်း” ထပ်လောင်း ပြောကြားပါသည်။
၂၀၂၆ ခုနှစ်တွင် ရမ်မာဒမ်ကာလသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် စတင်လိမ့်မည်ဟု ခန့်မှန်းရပါသည်။
ကိုးကား- DakhaTribune
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ၊ ဝန်ကြီးဌာန(၂)

ဩဂုတ်လ ၅ ရက်နေ့တွင် သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းတွင် တိုးမြှင့် ဆောင်ရွက်နေသည့် အင်အားသုံး စစ်မှုထမ်းဆောင်ရေး ကမ်ပိန်းကြောင့် အမေရိကန်အနေဖြင့် ယူကရိန်းအား မည်သည့်အတွက်ကြောင့်ထောက်ပံ့မှုများ ဆက်လက်ပေးအပ်နေသနည်းဟု မေးမြန်းမှုကို "ယင်းမှာ ဘိုင်ဒင့်စစ်ပွဲသာဖြစ်ပြီး ကျွန်တော့်စစ်ပွဲမဟုတ်ပါ။ ထိုအရှုပ်ကြီးကနေ အမေရိကန်ကို ထုတ်ပေးရန်အတွက် ယခုနေရာသို့ရောက်နေခြင်းပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။ သတင်းထောက်က ယူကရိန်းခေါင်းဆောင် ဇီလန်စကီး၏ အသက် ၆၀ အထက် အမျိုးသားများအား စစ်မှုထမ်းရန် ခေါ်ယူသည့် ပြီးခဲ့သည့် ပြဋ္ဌာန်းချက်ကို ရည်ညွှန်းကာ မေးမြန်းခြင်း ဖြစ်သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း အမေရိကန်သမ္မတက မော်စကို အား ယူကရိန်းနှင့် စစ်ပြေငြိမ်းရေး လက်ခံစေရန် ဖိအားပေးရန်အတွက် ရုရှား၏ ကုန်သွယ်ဖက်များကို ပစ်မှတ်ထားသည့် ၁၀၀% အကောက်ခွန် နှင့် မြင့်မားသည့်ဒဏ်ခတ်မှုများ ချမှတ်ရန် ခြိမ်းခြောက်ခဲ့ပြီး ရုရှားက ထိုအစီအမံများအား တရားမဝင်ဟု ရှုတ်ချခဲ့သည်။
ထရမ့်အား ၎င်းခြိမ်းခြောက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆင်သင့်ရှိ၊မရှိ မေးမြန်းမှုနှင့်ပတ်သက်၍ ၎င်း၏ အထူးကိုယ်စားလှယ် Steve Witkoff ပါဝင်သည့် ရုရှားနိုင်ငံတွင် ယခုသီတင်းပတ်အတွင်းကျင်းပမည့် အစည်းအဝေးအပြီးမှသာ ဆုံးဖြတ်ချက်ချမှတ်မည်ဟု ဖြေကြား ခဲ့သည်။

မော်လ်ဒိုဗာနိုင်ငံ၏ ဂါဂေါဇီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတိုက်အခံ ခေါင်းဆောင် Evgenia Gutsul သည် ၎င်း၏ပြစ်ဒဏ်ကို နိုင်ငံရေး အရ ဖိနှိပ်မှုအဖြစ်ရှုတ်ချခဲ့ပြီး အဆိုပါအမိန့်သည် ဒီမိုကရေစီအတွက် ထိခိုက်မှုဖြစ်ကာ အနောက်နိုင်ငံများနှင့်ရင်းနှီးသော ခေါင်းဆောင်များကို စိန်ခေါ်သူ မည်သူ့အတွက်မဆို ခြိမ်းခြောက်မှုဟု သတိပေးခဲ့သည်။

Chisinau မြို့တရားရုံးက Gutsul အား ပိတ်ပင်ခံထားရသော ဥရောပ သံသယဝါဒီ SOR ပါတီ (EU သို့ဝင်ရောက်မှုအား ကန့်ကွက်ပြီး ရုရှားနှင့် နီးစပ်ရေးကိုထောက်ခံသည့် ပါတီ) အား ငွေကြေး ထောက်ပံ့သည်ဟု ဆိုကာ ထောင်ဒဏ် ၇နှစ် ချမှတ်ခဲ့သည်။ သို့သော် Gutsul က ထိုအမှု သည် လာမည့်ရွေးကောက်ပွဲမတိုင်မီ ကန့်ကွက်သူများအား နှုတ်ဆိတ် နေစေရန် စီစဉ်ထားသော လုပ်ရပ်တစ်ခုဟု ခိုင်ခိုင်မာမာ ငြင်းဆိုခဲ့သည်။
သူမ၏ရှေ့နေများမှတစ်ဆင့် တယ်လီဂရမ်တွင် ထုတ်ပြန်သော ကြေညာချက် တွင် Gutsul က "အဆိုပါဆုံးဖြတ်ချက်သည် တရားမျှတမှု၏ ဆန့်ကျင်ဘက် လားရာဖြစ်သည်"ဟုဆိုကာ ၎င်းကို အထက်အမိန့်ဖြင့် စီစဉ် အကောင်အထည် ဖော်ခဲ့သော နိုင်ငံရေးအရလုပ်ကြံမှု အဖြစ် ရည်ညွှန်းခဲ့သည်။
သူမက ထိုပြစ်ဒဏ်သည် ဂါဂေါဇီယာနေသူများအား ခြိမ်းခြောက်ရန်နှင့် ဝေဖန်သူများအား နုတ်ဆိတ်နေစေရန် ရည်ရွယ်သည်ဟု ဆိုသည်။ "ယနေ့ မိမိ အကျဉ်းကျနေပါသည်။ မနက်ဖြန်ကျတော့ အာဏာပိုင်များကို ဝေဖန်ရဲသည့်သူ မည်သူမဆို အကျဉ်းကျနိုင်ပါသည်၊ ယင်းမှာ မိမိအတွက် ပြစ်ဒဏ်မဟုတ်ပါ။ မော်လ်ဒိုဗာနိုင်ငံ၏ ဒီမိုကရေစီစနစ် တစ်ခုလုံးအတွက် ပြစ်ဒဏ်ဖြစ်ပါသည်" ဟု သူမရေးသားခဲ့သည်။
၂၀၂၃ ရွေးကောက်ပွဲတွင် SOR ပါတီကိုယ်စားလှယ်အဖြစ် အနိုင်ရ ပြီးနောက် Gutsul သည် မော်လ်ဒိုဗာ၏ တောင်ပိုင်း၊ ရုရှားစကားပြော အများစုနေထိုင်သော ဂါဂေါဇီယာ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ယင်းနှစ်နှောင်းပိုင်းတွင် SOR ပါတီအား နိုင်ငံခြားမှ တရားမဝင် ငွေကြေး လက်ခံသည်ဟုဆိုကာ တားမြစ်ပိတ်ပင်ခဲ့သည်။ သူမသည် သမ္မတ Maia Sandu အစိုးရ၏ EU လိုလားသောမူဝါဒများနှင့်ကွဲပြားလျက် ရုရှားနှင့် နီးကပ်စွာဆက်ဆံရန် ကတိများဖြင့် မဲဆွယ်ခဲ့သည်။
သူမက ဆန်ဒူး၏ PAS ပါတီအား အာဏာဆက်လက်ချုပ်ကိုင်ထားနိုင်ရန် အမှုများဖန်တီးကာ တရားရုံးများကို ဖိအားပေးလျက်ရှိသည်ဟု စွပ်စွဲ ခဲ့သည်။ "ဒါက အတိုက်အခံအားလုံးကို သတိပေးချက်ပါ။ အာဏာကို ဆန့်ကျင်လျှင် ထောင်ကျမည်။ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရမည်၊ ဘဝ ပျက်မည်" ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။
Gutsul အား ၂၀၂၂ ခုနှစ်က SOR ဦးဆောင်သော အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲများတွင် ပါဝင်ရန် လူများအား ငွေပေးချေမှုများ ပြုလုပ်ခဲ့သည် ဟုလည်း စွပ်စွဲခံရပြီး ဒေါ်လာ ၂.၃ သန်း လျော်ကြေးပေးရန် အမိန့် ချမှတ် ခံခဲ့ရသည်။ အဆိုပါအမှုတွင် SOR ၏ ယခင်အရာရှိ Svetlana Popan မှာလည်း ထောင်ဒဏ်ခြောက်နှစ် ကျခံခဲ့ရပြီး Gutsul က အယူခံဝင်မည် ဟု ကတိပြုထားသည်။

နေပြည်တော် ဩဂုတ် ၆
၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နီကာရာဂွါသမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်သည့် (၅) နှစ်ပြည့် အထိမ်းအမှတ်အခါသမယတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီကာရာဂွါသမ္မတနိုင်ငံ၊ ပူးတွဲသမ္မတများဖြစ်ကြသည့် မစ္စတာ ဒန်နီရယ်အော်တီဂါဆာဗေဒရာနှင့် မစ္စရိုဆာရီယိုမူရီလိုတို့သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြသည်။

ထိုင်းအစိုးရအဖွဲ့အစည်းအဝေး (Cabinet) က ကမ္ဘောဒီးယားနှင့် နယ်စပ် တိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်သည်များနှင့် အရပ်သားများ၏ မိသားစု များအား ထောက်ပံ့ကြေးပေးရန် အတည်ပြုလိုက်သည်။
ထိုင်းယာယီဝန်ကြီးချုပ် Phumtham Wechayachai က ဩဂုတ် ၅ ရက် ၌ ပြောကြားရာတွင် လွန်ခဲ့သည့်လက ကမ္ဘောဒီးယားနှင့် ဖြစ်ပွား ခဲ့သော နယ်စပ်ပဋိပက္ခတွင် သေဆုံးခဲ့သည့် စစ်သည်တစ်ဦး၏ မိသားစုအား ဘတ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၃၁၀,၀၀၀) နှင့် အရပ်သား တစ်ဦး ၏ မိသားစုအား ဘတ် ၈ သန်း (အမေရိကန်ဒေါ်လာ ၂၄၇,၀၀၀) ထောက်ပံ့ ကြေး ပေးမည်ဟု ဆိုသည်။

အဆိုပါဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့အစည်းအဝေးပြီးနောက် ချမှတ်ခဲ့ပြီး ယာယီဝန်ကြီးချုပ် ဖုန်ထမ်က ထိုင်းနယ်မြေအား တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုအတွက် ကမ္ဘောဒီးယားအပေါ် ပြည်တွင်း နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်နှင့် ပြည်သူ့တရားစွဲဆိုမှုများ တင်သွင်းရန် အရာရှိများအား ညွှန်ကြားခဲ့သည်။
ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub ၏ ပြောကြားချက် အရ အမျိုးသားလုံခြုံရေးကောင်စီရုံးသည် တရားစွဲဆိုမှုကို ဦးဆောင်မည် ဖြစ်ပြီး စစ်တပ်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ အပါအဝင် ထိခိုက်နစ်နာသူများကလည်း ပါဝင်မည်ဟု သိရသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဂါဇာကို အပြည့်အဝ သိမ်းပိုက်ရန် အစီအစဉ်အတွက် အစိုးရအဖွဲ့၏ထောက်ခံမှုရယူမည်ဟု ဝန်ကြီးများအား ပြောကြားခဲ့ကြောင်း The Times of Israel သတင်းစာ က ဩဂုတ်လ ၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။ အစ္စရေး ကာကွယ်ရေး တပ်မတော် (IDF) ၏ ကန့်ကွက်မှုများရှိခဲ့သော်လည်း ထိုသို့ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

အစ္စရေးသည် ၁၉၆၇ မှ ၂၀၀၅ အထိ နှစ်ပေါင်း ၃၈ နှစ်ကြာ ဂါဇာကို ထိန်းချုပ်ခဲ့ပြီး IDF နှင့် အစ္စရေးအခြေချနေထိုင်သူများ ဂါဇာမှ ရုပ်သိမ်း ပြီးနောက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (Palestinian Authority) အား အုပ်ချုပ်ခွင့်ပေးခဲ့သည်။ ထိုအဖွဲ့သည် အနောက်ဘက်ကမ်းရိုးတန်း (West Bank) ၏ အချို့ဒေသများကိုလည်း ထိန်းချုပ်ထားသည်။ ၂၀၀၆ ခုနှစ် တွင် ဟားမက်သည် ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဂါဇာကို အုပ်ချုပ် လာခဲ့ပြီး ထိုအချိန်မှစ၍ ရွေးကောက်ပွဲများ ကျင်းပခြင်းမရှိတော့ပေ။
သတင်းများအရ နေတန်ယာဟုသည် သီးသန့်ဆွေးနွေးပွဲများတွင် "ဂါဇာ ကမ်းမြောင်သိမ်းပိုက်မှု" ဟူသော စကားရပ်ကို ညွှန်းဆိုခဲ့ပြီး စစ်ဆင်ရေး လုပ်ငန်းစဉ်များ ချဲ့ထွင်ရန် ၎င်း၏ရှုမြင်သုံးသပ်မှုကို ထင်ဟပ်စေခဲ့သည်။ အစိုးရသည် စစ်ဆင်ရေး၏အနာဂတ်ကို ဆွေးနွေးရန် ပြင်ဆင်နေစဉ် ဤသည်မှာ အရေးပါသော အပြောင်းအလဲတစ်ခုဖြစ်သည်။
"အဆုံးအဖြတ်ပေးပြီ၊ မိမိတို့အနေဖြင့် ဂါဇာကမ်းမြောင်ကို အပြည့်အဝ သိမ်းပိုက်ရန် လုပ်ဆောင်မည်၊ ဓားစာခံများရှိရာ နေရာများတွင်ပင် စစ်ဆင်ရေးများ ဆောင်ရွက်မည် ၊ IDF ဗိုလ်ချုပ်ကြီးက သဘောမတူပါက ၎င်းအနေဖြင့် နုတ်ထွက်သင့်သည်" ဟု Ynet သတင်းတွင် နေတန်ယာဟု နှင့် နီးစပ်သော အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား ဖော်ပြခဲ့သည်။
IDF သည် လက်ရှိတွင် ဂါဇာနယ်မြေ၏ ၇၅% ခန့်ကို ထိန်းချုပ်ထားသည် ဟု ဆိုသည်။ အဆိုပါ အစီအစဉ်အရ ကျန်ရှိသော နယ်မြေများကိုပါ သိမ်းပိုက်ကာ ဂါဇာတစ်ခုလုံးကို အစ္စရေး ထိန်းချုပ်မှုအောက်သို့ ရောက်ရှိ စေမည်ဖြစ်သည်။
The Times of Israel ၏ ဖော်ပြချက်အရ IDF သည် ဂါဇာတစ်ခုလုံးကို ထိန်းချုပ်ရန် အကြံပြုချက်ကို ကန့်ကွက်လျက်ရှိပြီး ဟားမက်၏ အခြေခံ အဆောက်အအုံအားလုံးကို ဖျက်သိမ်းရန် နှစ်ပေါင်းများစွာ ကြာမြင့် နိုင်သည် ဟု စစ်တပ်က ယုံကြည်ထားသည်။ ထို့အပြင် စစ်သည်များသည် ဓားစာခံများ ချုပ်နှေင်ထားသည့်နေရာသို့ အလွန်နီးကပ်စွာ ချဉ်းကပ် ပါက ၎င်းတို့၏ အသက်အန္တရာယ် ပိုမိုစိုးရိမ်ရသည်ဟု IDF က ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဘရာဇီးအမြင့်ဆုံးတရားရုံး၏ အမိန့်ကို ပြစ်တင်ရှုတ်ချခဲ့သည်။ ယင်းအမိန့်အရ သမ္မတဟောင်း Jair Bolsonaro အား နေအိမ်အကျယ်ချုပ်ဖြင့် အရေးယူမည်ဖြစ်ပြီး၊ ၂၀၂၂ ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းရန် ကြံစည်မှုဖြင့် စွဲချက်တင် စစ်ဆေးနေဆဲဖြစ်သည်။

တရားသူကြီး Alexandre de Moraes က Bolsonaro သည် လူမှု မီဒီယာအသုံးပြုခြင်းနှင့် ဖုန်းအသုံးပြုခြင်းဆိုင်ရာ တရားရုံး၏ ကန့်သတ်ချက်များကို လိုက်နာခြင်းမရှိဟု ဆိုကာ နေအိမ် အကျယ်ချုပ် အမိန့်ထုတ်ပြန်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားသူကြီး Moraes ၏ အမိန့်ကို "အတိုက်အခံများကို နှိပ်ကွပ်ရန်နှင့် ဒီမိုကရေစီကို ခြိမ်းခြောက်ရန် ဘရာဇီးအဖွဲ့အစည်းများကို အသုံးပြုခြင်း" ဟု ဝေဖန် ခဲ့သည်။
Bolsonaro အား နေအိမ်အကျယ်ချုပ်ဖြင့် အရေးယူခြင်းနှင့်အတူ ဧည့်သည် များနှင့်တွေ့ဆုံခြင်း၊ ဖုန်းအသုံးပြုခြင်းကိုလည်း တားမြစ်ထားသည်။ ၎င်း၏ အကြီးဆုံးသားဖြစ်သူ Senator Flavio Bolsonaro က အဆိုပါ ဆုံးဖြတ်ချက်ကို "ဘရာဇီးနိုင်ငံ၏ သမိုင်းစာမျက်နှာအတွက် ဝမ်းနည်းဖွယ် အကြောင်းအရာဖြစ်စေခဲ့သည်" ဟု ဝေဖန်ခဲ့သည်။
အမေရိကန်သမ္မတ Donald Trump က ထိုကိစ္စကို နိုင်ငံရေးအရ လုပ်ကြံမှုဟုဆိုကာ ဘရာဇီးနိုင်ငံအား မြင့်မားသည့် ကုန်သွယ်ရေးအခွန် များ သက်ရောက်စေခဲ့သည်။ ဘရာဇီးလက်ရှိအစိုးရနှင့် လက်တင် အမေရိက နိုင်ငံများစွာက အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက် ခဲ့သည်။ ဘရာဇီးသမ္မတ Lula က အမေရိကန်၏ လုပ်ရပ်များကို "လက်မခံနိုင်ဟု" ပြောကြားခဲ့သည်။
ကိုးကား- CNN

ကိုလံဘီယာနိုင်ငံ၏ သမ္မတဟောင်း Álvaro Uribe အား လုပ်ထုံး လုပ်နည်းဆိုင်ရာ လိမ်လည်မှုနှင့် သက်သေခံများအား လာဘ်ပေး လာဘ်ယူ ပြုလုပ်မှုတို့အတွက် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် နေအိမ် အကျယ်ချုပ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ Uribe သည် အပြစ်မရှိဟု ငြင်းဆိုခဲ့ပြီး ၎င်း၏ရှေ့နေက အယူခံတင်သွင်းမည်ဟု ယခင်ကတည်းက ကြေညာ ခဲ့သည်။

ဘိုဂိုတာမြို့ရှိ ၄၄ ကြိမ်မြောက် ရာဇဝတ်တရားရုံး၏ တရားသူကြီး Sandra Heredia က သမ္မတဟောင်းအား အခြားစွဲချက်တစ်ခုမှ လွှတ်ပေး ခဲ့သော်လည်း စစ်ဆေးချက်များအရ အပြစ်ရှိကြောင်းတွေ့ရှိပြီး လေးရက် အကြာတွင် ယခုအမိန့်ကို ကြေညာခဲ့သည်။ ၂၀၀၂ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ ကိုလံဘီယာနိုင်ငံကို အုပ်ချုပ်ခဲ့သော အသက် ၇၃ နှစ်ရှိ Uribe သည် နိုင်ငံ၏ ပထမဆုံးသော ‘ရာဇဝတ်မှုဆိုင်ရာအပြစ်ရှိကြောင်း ပြစ်ဒဏ် ချမှတ်ခံရသည့်’ သမ္မတဟောင်းတစ်ဦး ဖြစ်လာခဲ့သည်။
အဆိုပါအမှုကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး Uribe က လက်ရှိအာဏာရ Historic Pact ပါတီမှ ဆီးနိတ်လွှတ်တော်အမတ် အီဗန်ဆီပီဒါအား စစ်မှုထမ်းအဖွဲ့တစ်ခုဖွဲ့စည်းရန် ကြိုးပမ်းမှုနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲခဲ့ပြီး ဆီပီဒါက စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ကိုလံဘီယာနိုင်ငံ၏ အမြင့်ဆုံးတရားရုံးက Uribe အား သက်သေခံ များအား လာဘ်ပေးလာဘ်ယူပြုလုပ်မှုဖြင့် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ် ခဲ့ပြီးနောက် အခြေအနေများ ပြောင်းလဲသွားခဲ့သည်။
Uribe ၏ ခုခံကာကွယ်မှုဖြင့် နှစ်ပေါင်းများစွာ စုံစမ်းစစ်ဆေးမှုများနှင့် တရားရေး ဆိုင်ရာ အယူခံဝင်မှုများပြီးနောက်၊ ၂၀၂၄ ခုနှစ် မေလတွင် ကိုလံဘီယာအစိုးရရှေ့နေရုံးက ၎င်းအား ရာဇ၀တ်မှု သုံးခုဖြစ်သည့် လုပ်ထုံးလုပ်နည်း လိမ်လည်မှု၊ ရာဇ၀တ်မှုဆိုင်ရာ လာဘ်ပေးလာဘ် ယူမှုနှင့် လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် တရားဝင် တရားစွဲဆိုခဲ့သည်။ ထိုစွဲချက်များကြောင့် ၆၇ ရက်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီး ယခုသီတင်းပတ် တွင် အဆုံးသတ်ခဲ့သည်။
Uribe သည် တရားစွဲဆိုမှုတစ်လျှောက်လုံး အပြစ်မရှိဟု ငြင်းဆိုခဲ့ပြီး ၎င်း၏ ရပ်တည်ချက်ကို သမ္မတဟောင်း Iván Duque နှင့် အခြား အတိုက် အခံနိုင်ငံရေးသမားများက ထောက်ခံခဲ့ကြသည်။ သို့သော် အစိုးရနှင့် နီးစပ်သော ပုဂ္ဂိုလ်များက အဆိုပါဆုံးဖြတ်ချက်ကို တရားမျှတမှု၏ အထိမ်းအမှတ်အဖြစ် မှတ်ယူကာ ကြိုဆိုခဲ့ကြသည်။
အီဗန်ဆီပီဒါက ယခုဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး "ယခုအမှုတွင် ဆက်လက် ဆောင်ရွက်ရမည့်အရာ အများကြီး ကျန်နေပါသည်" ဟု ဆီးနိတ် လွှတ်တော် အမတ်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် အာရ် မာကို့စ် ဂျူနီယာက ၎င်း၏ အိန္ဒိယနိုင်ငံသို့ အလည်အပတ် လာရောက်သည့် ခရီးစဉ်သည် နှစ်နိုင်ငံ အပြန်အလှန် ခိုင်မာသည့် မိတ်ဖက်ဖြစ်မှုကို အတည်ပြုခြင်းဖြစ်ကြောင်း အင်္ဂါနေ့ (ဩဂုတ် ၅) က ပြောကြားပါသည်။ “ယင်းမှာ မဟာမိတ်နှင့် မိတ်ဖက် ဆက်ဆံရေးကို ခိုင်မာ စေရန် လာရောက်ခြင်းဖြစ်ကြောင်း ထပ်လောင်း အတည်ပြုခြင်း ဖြစ်ပါသည်”ဟု နယူးဒေလီမြို့ရှိ Rashtrapati Bhavan ၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအပြီးတွင် ပြောကြား လိုက်ပါကြောင်း ဩဂုတ်လ ၅ ရက်နေ့ထုတ် The India Express သတင်းတွင် ဖော်ပြပါရှိပါသည်။

၎င်းရောက်ရှိစဉ် သမ္မတ Droupadi Murmu က လက်ခံကြိုဆိုခဲ့ပြီး၊ ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ လည်း အတူတကွ ရှိနေကာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ပါသည်။
မားကို့စ်သည် အိန္ဒိယနိုင်ငံသို့ ဩဂုတ်လ ၅ ရက်နေ့တွင် ငါးရက်ကြာ အလည်အပတ်ခရီးအဖြစ် ရောက်ရှိ လာခြင်းဖြစ်ပါသည်။ ယင်းနေ့ နှောင်းပိုင်းတွင် ဝန်ကြီးချုပ် မိုဒီနှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲများကို ကျင်းပ သွားဖွယ်ရှိပါသည်။ ၎င်း၏ အလည်အပတ်ခရီးစဉ်သည် ယခုနှစ် အိန္ဒိယ-ဖိလစ်ပိုင် သံတမန် ဆက်ဆံရေး ထူထောင်သည့် ၇၅ ပြည့်မြောက်သည့် နှစ်ပတ်လည် အခါသမယလည်းဖြစ်ပါသည်။
ဖိလစ်ပိုင်သမ္မတသည် မနီလာ၏ လိုလားချက်များဖြစ်သည့် နယူးဒေလီနှင့် တည်ဆဲဆက်ဆံရေး ထူထောင်မှုကို အားပေးရန်နှင့် လွန်ခဲ့သည့်နှစ်များအတွင်း အားကောင်းလာသည့် “အခွင့်အလမ်းများ” ရှာဖွေဖော်ထုတ်ရန်အတွက် ဖြစ်ပါသည်။ “မိမိတို့ အာရှ-ပစိဖိတ်ဒေသ၊ အင်ဒို-ပစိဖိတ်ဒေသ တို့သည် ကမ္ဘာ့နိုင်ငံရေးအားလုံး၏ သဘောသဘာဝ၊ စီးပွားရေး အားလုံး၏ ကုန်သွယ်မှုတို့ တည်ရှိရာဟု မှန်မှန်ကန်ကန် သုံးသပ်ရပါမည်”ဟု ဖိလစ်ပိုင် သမ္မတက ပြောကြားပါသည်။ “နည်းပညာ အသစ် အဆန်းများ၊ ကမ္ဘာ့စီးပွားရေး ပြောင်းလဲမှုများ၊ မျက်မှောက်ကာလ မိမိတို့ အနီးဝန်းကျင် ပထဝီ နိုင်ငံရေး အခြေအနေများအကြား မိမိအနေဖြင့် တည်ဆဲဆက်ဆံရေးကို တည်ဆောက်လိုပြီး၊ မကြာသေးမီ နှစ်များအတွင်း တိုးတက်လာသည့် အခွင့်အရေးတွေကိုလည်း အသေအချာ ရှာဖွေရယူ နိုင်ရန် ဆန္ဒရှိပါသည်” ဟု ၎င်းက ထပ်လောင်းပြောကြားပါသည်။
ယခု အလည်အပတ် ခရီးစဉ်သည် နိုင်ငံ နှစ်ဖက်လုံး အကျိုးရှိစေမည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး “အနာဂတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ပြဿနာများ အပေါ် အပြုသဘောဆောင်သည့် အပြန်အလှန် အကျိုးရှိစေမည့် ထိတွေ့ဆက်ဆံမှု ဖြစ်ပါကြောင်း” ပြည်ပ ရေးရာ ဝန်ကြီးဌာနက ပြောကြားပါသည်။
ကိုးကား- The India Express
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ၊ ဝန်ကြီးဌာန-၂