သတင်းများ

ထိုင်း-ကမ္ဘောဒီးယား နယ်နိမိတ်ပဋိပက္ခ ထရမ့်၏ ကြားဝင်ဖျန်ဖြေမှုဖြင့် စစ်ပြေငြိမ်းရန် နှစ်နိုင်ငံသဘောတူ

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်နိမိတ်အရေးအခင်းကြောင့် ဇူလိုင် ၂၄ ရက်မှစတင်၍ ပဋိပက္ခပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြားဝင်ဖျန်ဖြေမှုဖြင့် စစ်ပြေငြိမ်း ရန် သဘောတူညီချက်ရရှိခဲ့သည်။

ပဋိပက္ခစတင်ခဲ့သည့် ဇူလိုင် ၂၄ ရက်မှစ၍ နှစ်ဖက်စလုံးတွင် စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ကာ ထိုင်းပင်လယ်ကွေ့အနီး နယ်စပ်ဒေသသို့ ပဋိပက္ခ ကူးစက်ခဲ့သည်။ထိုင်းဘက်မှ ၁၃၈,၀၀၀ ကျော်နှင့် ကမ္ဘောဒီးယားဘက်မှ ၃၅,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။

သမ္မတထရမ့်က ဇူလိုင် ၂၆ ရက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့် ထိုင်းယာယီဝန်ကြီးချုပ် Phumtham Wechayachai တို့နှင့် ပဋိပက္ခပြေငြိမ်းစေရေး ဖုန်းဆက်ဆွေးနွေးခဲ့သည်။ ထိုင်းဘက်မှ စစ်ပြေ ငြိမ်းရန် အခြေခံသဘောတူညီချက်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ကမ္ဘောဒီးယား ဘက်မှလည်း ချက်ချင်းနှင့် ကန့်သတ်ချက်မရှိ စစ်ပြေငြိမ်းရန် သဘော တူခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်က "အဆိုပါသဘောတူညီချက်သည် စစ်သားနှင့် အရပ်သားများ၏ အသက်ကိုကယ်တင်ရန်၊ စစ်ဘေးရှောင်များ အိမ်ပြန် နိုင်ရန် အထောက်အကူဖြစ်မည်" ဟု ဖေ့စ်ဘွတ်တွင် ရေးသားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပဋိပက္ခကို စိုးရိမ်ကြောင်း ထုတ်ပြန်ကာ နှစ်ဖက်စလုံးအား "ချက်ချင်းစစ်ပြေငြိမ်းပြီး ရေရှည်ဖြေရှင်းနည်းများအတွက် ဆွေးနွေးရန်" တိုက်တွန်းခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ညှိနှိုင်းမည်ဖြစ်ပြီး ထိုင်းနိုင်ငံခြား ရေးဝန်ကြီးနှင့်လည်း သဘောတူညီချက်များ အမြန်ဆုံးအကောင်အထည် ဖော်ရန် ဆွေးနွေးသွားမည်ဟု သိရသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ထရမ့်က ရုရှားနှင့် နျူကလီးယားလက်နက်ကန့်သတ်မှုဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်လိုသည်ဟု ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနှင့် နျူကလီးယား လက်နက်ကန့်သတ်မှုများ ဆက်လက်ထိန်းသိမ်းရန် ညှိနှိုင်းမှုများ ပြန်လည် စတင်မည်ဟု အရိပ်အမြွက်ပြောကြားခဲ့ပြီး နျူကလီးယား ကန့်သတ်ချက်များကို ရပ်ဆိုင်းလိုက်ပါက အနာဂတ်ကမ္ဘာကြီးအတွက် လွန်စွာ ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်လာစေမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

နျူကလီးယားလက်နက် ထိပ်ဖူးအရေအတွက်နှင့် ၎င်းတို့ကို ပစ်လွှတ် နိုင်သည့်နည်းစနစ်များကို ကန့်သတ်ထားသော New START စာချုပ်သည် ၂၀၂၆ ဖေဖော်ဝါရီ ၅ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ မကြာမီရောက်ရှိလာမည့် ကန့်သတ်ချက် ကုန်ဆုံးမည့်နေ့ရက်မတိုင်မီ ညှိနှိုင်းမှုများဆောင်ရွက်နိုင်ရေး ရည်ရွယ်သည်ဟု ထရမ့်၏ ပြောကြားမှု အပေါ် သုံးသပ်လျက်ရှိကြသည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က "ရုရှားနှင့် အမေရိကန်အကြား နျူကလီးယားမဟာဗျူဟာဆိုင်ရာ လက်နက်ထိန်းချုပ်ရေး ညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်သည်" ဟု ယခုနှစ် အစောပိုင်းက ပြောကြားခဲ့သည်။ သို့သော် ၎င်းကယုံကြည်မှုအဆင့်အတန်း လုံလောက်စွာ ရှိရမည်ဟု အတိအလင်းပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ်က ဘိုင်ဒင်အစိုးရက ဖြတ်တောက်ခဲ့သော နှစ်နိုင်ငံဆက်ဆံရေး ပုံမှန် ပြန်ဖြစ်ရန် လိုအပ်ကြောင်း ညွှန်းဆိုခဲ့သည်။ 

New START စာချုပ်ကို ၂၀၁၀ ပြည့်နှစ်တွင် ရုရှားသမ္မတ ဒမီထရီ မက်ဗီဒက်ဗ် နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့က လက်မှတ်ရေးထိုးခဲ့ပြီး ထိုအချိန်က အမေရိကန်-ရုရှား ဆက်ဆံရေး "ပြန်လည်စတင်ခြင်း" (reset) ဟုခေါ်သည့် ပြေလည်သည့်ကာလတစ်ခုတွင် ဖြစ်သည်။ သို့သော် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံ၏ ဝင်ရောက် စွက်ဖက်မှုစွပ်စွဲချက်များနှင့် ယူကရိန်းပဋိပက္ခ တို့ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းတွင် အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။

ထရမ့်၏ ပထမသက်တမ်းအတွင်း အမေရိကန်သည် ရုရှားနှင့် ချုပ်ဆိုထားသော ၁၉၈၇ Intermediate-Range Nuclear Forces (INF) စာချုပ် (ကီလိုမီတာ ၅၀၀ မှ ၅,၅၀၀ အထိ မြေပြင်မှပစ်လွှတ်နိုင်သည့် ဒုံးပျံများကို တားမြစ်ထားသောစာချုပ်) နှင့် ၁၉၉၂ Open Skies စာချုပ် (တစ်နိုင်ငံနှင့်တစ်နိုင်ငံ လေယာဉ်ပျံသန်းမှုစောင့်ကြည့်ခွင့်ပြုသည့် စာချုပ်) တို့မှ နှုတ်ထွက်ခဲ့သည်။ ရုရှားကလည်း အလားတူပြုမူခဲ့ပြီး အမေရိကန်က ကမ္ဘာ့လက်နက်ထိန်းချုပ်ရေးစနစ်ကို ဖျက်ဆီးနေသည်ဟု စွပ်စွဲခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား ပဋိပက္ခကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေနိုင်ဟုဆို

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခကို ဖြေရှင်းရာတွင်  ဒေသတွင်း အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေသည့် နိုင်ငံအဖြစ် ပါဝင်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်းဖြစ်၊ အိမ်နီးချင်းနိုင်ငံများလည်းဖြစ်သည့် ထိုင်းနှင့်  ကမ္ဘောဒီးယားတို့အကြား ပြန်လည်ပေါင်းစည်းရေးကို တိုးမြှင့်ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ  ပြောရေးဆိုခွင့်ရှိသူ ကော့ကျားကျွမ်က ဇူလိုင်လ ၂၄ ရက်တွင် ကျင်းပသည့်  သတင်းစာရှင်းလင်းပွဲ၌ပြောကြားသည်။

ထို့ကြောင့် ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေပေးသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း  အရှေ့တောင်အာရှ လေ့လာမှုများ ဆိုင်ရာ    အင်စတီကျုမှ သုတေသီတစ်ဦးဖြစ်သူ ပေါချိန်းဘားက ပြောကြားခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် လက်ရှိအခြေအနေတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံနှင့်လည်း မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသောကြောင့် ယခုကဲ့သို့သော အနေအထားတွင် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေလာနိုင်ကြောင်း   ချိန်းဘားက ပြောကြားသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံအကြား တင်းမာမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အဆိုပါတင်းမာမှုများသည် ကြီးမားပြင်းထန်သည့်  ပဋိပက္ခတစ်ရပ်အဖြစ် ပြောင်းလဲသွားနိုင်ကြောင်း ထိုင်းနိုင်ငံက ထုတ်ပြန်ထားသည်။

လက်ရှိဖြစ်ပွားသည့်  ပဋိပက္ခနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံစလုံးက အပြန်အလှန်စွပ်စွဲထားပြီး  ၎င်းတို့၏  ပဋိပက္ခအား ကြားဝင်ဖြေရှင်းပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား တောင်းဆိုထားသည်။

နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများသည် ဇူလိုင်လ ၂၅ ရက်အစောပိုင်းတွင် ပြန်လည်စတင်ခဲ့ပြီးနောက် ထိုင်းလေတပ်မတော်က ၎င်းတို့၏ F-16 တိုက်လေယာဉ်များကို ကမ္ဘောဒီးယားစစ်စခန်းများကို တိုက်ခိုက်ရန်အတွက် နယ်စပ်ဒေသတွင် ဖြန့်ကြက်လိုက်သည်။

အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံအတွင်း၌  အရပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရအဖွဲ့များက  နှစ်နိုင်ငံနယ်စပ်ဒေသရှိ ဒေသများမှ ပြည်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားထားကြောင်း သိရသည်။    

ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကြား တင်းမာမှုများနှင့် စပ်လျဉ်း၍  အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် ထိုင်းနှင့်  ကမ္ဘောဒီးယား အစိုးရ အဖွဲ့များနှင့်   ဆက်သွယ်ပြောဆိုခဲ့ပြီး  အပစ်အခတ်ရပ်စဲကြရန် တောင်းဆိုထားကြောင်း သိရသည်။

MWD Web Portal
 
ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေးစေ့စပ်ဆွေးနွေးမှုမှ ကိုယ်စားလှယ်အဖွဲ့အား အမေရိကန် ပြန်လည်ခေါ်ယူ

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရေးအတွက်  စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ဟားမက်အဖွဲ့၏ တုံ့ပြန်မှုကြောင့်  အမေရိကန်က  ၎င်းတို့၏ ကိုယ်စားလှယ် အဖွဲ့ကို ပြန်လည်ခေါ်ယူခဲ့ကြောင်း   အရှေ့အလယ်ပိုင်းဆိုင်ရာ  အမေရိကန်အထူးကိုယ်စားလှယ် စတိဝှစ်ကော့က ဇူလိုင်လ ၂၄ ရက်တွင်ထုတ်ပြန်သည်။

ပါလက်စတိုင်းအဖွဲ့ဖြစ်သည့် ဟားမက်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချမှတ်ရန် ဆန္ဒမရှိကြောင်းကို ဖော်ပြနေခြင်းကြောင့် အမေရိကန်   ကိုယ်စားလှယ်အဖွဲ့အား အမေရိကန် အစိုးရက ဒိုဟာမြို့မှ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်နိုင်ရေးအတွက် အစ္စရေးနိုင်ငံက ထောင်ဒဏ်တစ်သက်ကျခံနေရသည့် ပါလက်စတိုင်းအကျဉ်းသား ၁၂၅ ဦးအား ဟားမက်အဖွဲ့က ဖမ်းဆီးထားသည့် ဓားစာခံများနှင့် လဲလှယ်ရန်   ဇူလိုင်လ ၂၃ ရက်တွင် ကမ်းလှမ်းခဲ့ကြောင်းသိရသည်။ သို့သော် အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ အမေရိကန်နှင့် ဟားမက်တို့အကြား သဘောထားကွဲလွဲခဲ့ဖွယ်ရှိသည်။

ထို့ကြောင့် အမေရိကန်အစိုးရအနေဖြင့် ဖမ်းဆီးခံထားရသည့် ဓားစာခံများပြန်လည် လွတ်မြောက်ရေးအတွက် အခြားနည်းလမ်းများကို အသုံးပြုလုပ်ဆောင်ရန် စဉ်းစားမည်ဖြစ်ကြောင်း စတိဝှစ်ကော့က ထပ်လောင်း ပြောကြားသည်။

နယူးယောက်မြို့၏ လက်နက်ကိုင်မူဝါဒကို ဟန့်တားရန် ထရမ့်အစိုးရ တရားစွဲဆို

အမေရိကန်ပြည်ထောင်စု တရားစီရင်ရေးဌာန (DOJ) သည် နယူးယောက် မြို့တော်နှင့် မြို့တော်ဝန် Eric Adams အပါအဝင် အရာရှိများအား ဖက်ဒရယ် လူဝင်မှုဥပဒေများကို အကောင်အထည်ဖော်ရာတွင် ဟန့်တားသည့် ဒေသန္တရ လက်နက်ကိုင်မူဝါဒ (sanctuary policies) များကြောင့် တရား စွဲဆိုလိုက်သည်။

DOJ ၏ ကြာသပတေးနေ့ (ဇူလိုင် ၂၄) ထုတ်ပြန်ချက်အရ နယူးယောက် မြို့၏ မူဝါဒများသည် "ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးကို တမင်တကာ ဟန့်တားသည့် လုပ်ရပ်" ဖြစ်သည်ဟု ဆိုသည်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ Supremacy Clause (ဖက်ဒရယ်ဥပဒေ၏ အထက်စီး အကျိုးသက်ရောက်မှု) အရ အဆိုပါ ဒေသခံမူဝါဒများသည် ပျက်ပြယ်ရမည်ဟု DOJ က အခိုင်အမာ ပြောဆိုထားသည်။

မြို့တော်ဝန် Adams က "ဒေသဆိုင်ရာဥပဒေများ၏ အနှစ်သာရကို မိမိ တို့အနေဖြင့် ကာကွယ်သော်လည်း၊ လမ်းမပေါ်ရှိ အကြမ်းဖက်မှု ကျူးလွန်သူများနှင့် ပတ်သက်လာလျှင် အဆိုပါ မူဝါဒများသည် ကန့်သတ်ချက်စံနှုန်းများကို ကျော်လွန်နေပြီ" ဟု ဝန်ခံခဲ့သည်။ ၎င်းက မြို့တော်ကောင်စီအား ဖက်ဒရယ်အစိုးရနှင့် ညှိနှိုင်းနိုင်ရန် မူဝါဒပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့သည်။

အဆိုပါ တရားစွဲဆိုမှုသည် ထရမ့်အစိုးရ၏ လက်နက်ကိုင်မူဝါဒများကို ဆန့်ကျင်သည့် နောက်ဆုံးလုပ်ရပ်ဖြစ်ပြီး၊ ယခုနှစ်အတွင်း Los Angeles၊ New York ပြည်နယ်၊ Colorado၊ Illinois နှင့် New Jersey ရှိ မြို့များကိုလည်း အလားတူ တရားစွဲဆိုမှုများ လုပ်ဆောင်ခဲ့သည်။

Kentucky ပြည်နယ်ရှိ Louisville မြို့တော်ဝန်က လွန်ခဲ့သော ရက်ပိုင်းတွင် လက်နက်ကိုင်မူဝါဒများကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဖက်ဒရယ်အစိုးရကို ဆန့်ကျင်ပါက California တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် လူဝင်မှုကြီးကြပ်ရေး အကြီးစားစစ်ဆင်ရေးမျိုး ရင်ဆိုင်ရနိုင်သည်ဟု ၎င်းက ဆိုသည်။

US နှင့် Israel တို့က ကာတာမှ Gaza အပစ်ခတ်ရပ်စဲရေး ညှိနှိုင်း ဆွေးနွေးမှုအဖွဲ့များကို ပြန်လည်ခေါ်ယူ

အမေရိကန်နိုင်ငံသည် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲများ ကျင်းပခဲ့သော ကာတာနိုင်ငံ ဒိုဟာမြို့မှ ၎င်း၏ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ ကို ပြန်လည်ခေါ်ယူလိုက်ပြီး အထူးကိုယ်စားလှယ် Steve Witkoff က ဟားမက်၏ နောက်ဆုံးတုံ့ပြန်ချက်သည် "အပစ်ခတ်ရပ်စဲရေးရရှိရန် ဆန္ဒ မရှိဟု ထင်ရှားစွာပြသနေသည်" ဟု ပြောကြားခဲ့သည်။

Witkoff က အမေရိကန်သည် "ယခုအခါ ဓားစာခံများအား အိမ်ပြန် ရောက်ရှိစေရန်နှင့် ဂါဇာပြည်သူများအတွက် ပိုမိုတည်ငြိမ်သော အခြေအနေ ဖန်တီးပေးရန် အခြားရွေးချယ်စရာများကို စဉ်းစားသွားမည်" ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

အမေရိကန်ညှိနှိုင်းရေးမှူး၏ အဆိုပါထုတ်ဖော်ပြောဆိုချက်သည် နိုင်ငံတကာ သံတမန်ရေးရာ ကြိုးပမ်းမှုများ၏ အနာဂတ်ကို မရေရာမှုဖြစ်စေသည်။ ၎င်းသည် ဟားမက် ၏နောက်ဆုံးအဆိုပြုချက် ပြီးနောက်ပိုင်းတွင်အရင်းအမြစ်များက ဖော်ပြခဲ့သည့် သဘောတူညီမှုရရှိမည့် အလားအလာ နှင့်ပတ်သက်၍ အကောင်းမြင်ဝါဒနှင့် ထင်ရှားစွာကွဲလွဲနေသည်။

ယာယီအပစ်ခတ်ရပ်စဲရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများအတွက် အီတလီ သို့သွားရောက်ခဲ့သည့် Witkoff က "ကြားနေများက ကြီးမားသော အားထုတ်မှုပြုခဲ့သော်လည်း ဟားမက်သည် ညှိနှိုင်းလိုမှုမရှိဘဲ ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည့်ပုံစံမရှိပါ" ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက "မိမိတို့အနေဖြင့် အဆိုပါ ပဋိပက္ခအဆုံးသတ်ရန်နှင့် ဂါဇာတွင် အမြဲတမ်းငြိမ်းချမ်းရေးရရှိရန် ခိုင်မာစွာရည်ရွယ်ထားသည်" ဟု ကြာသပတေးနေ့ (ဇူလိုင် ၂၄) တွင် ပြောကြားခဲ့သည်။

ဟားမက်၏ တုံ့ပြန်ချက်အပြီးတွင် အစ္စရေးနိုင်ငံသည်လည်း ၎င်း၏ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ကို ကာတာမြို့တော်မှ ပြန်ခေါ်လိုက်သော်လည်း အစ္စရေးအရင်းအမြစ်တစ်ဦးက ယင်းသည် ဆွေးနွေးပွဲ အကျပ်အတည်း ကို ညွှန်းဆိုခြင်းမဟုတ်ဟု ဆိုသည်။

တာဝန်ရှိသူ တစ်ဦးက CNN သို့ ပြောကြားရာတွင် ညှိနှိုင်းရေးအဖွဲ့အား ပြန်ခေါ်ရခြင်းမှာ ညှိနှိုင်းဆွေးနွေးမှုအခြေအနေနှင့်ပတ်သက်၍ အနီးကပ် မဆုံးဖြတ်နိုင်သော ဆုံးဖြတ်ချက်များကို ချမှတ်ရန် လိုအပ်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဆွေးနွေးပွဲများနှင့်ပတ်သက်၍ နီးစပ်သူ နောက်ထပ်အရာရှိတစ်ဦးက ဟားမက် ၏တုံ့ပြန်မှုကို "အပြုသဘောဆောင်သည်" ဟု ဖော်ပြခဲ့သည်။ နှစ်ဖက်ကြား ကွာဟချက်များရှိနေသေးသော်လည်း "ကွာဟချက်များ ကျဉ်းမြောင်းလာပြီး သဘောတူညီမှုရရှိနိုင်ကာ အကောင်းမြင်ဝါဒ တိုးပွား လာသည်" ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

ကိုးကား- CNN

ပြင်သစ်နိုင်ငံက ပါလက်စတိုင်းကို အသိအမှတ်ပြုမည်ဟု မက်ခရွန်ဆို

ပြင်သစ်နိုင်ငံအနေဖြင့် ဒေသတွင်း တရားမျှတ၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်ကတိကဝတ်ကို ဖော်ဆောင်ရန်အတွက် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည်ဟု သမ္မတ အီမန်နျူရယ်လ် မက်ခရွန်က ကြေညာခဲ့သည်။

ကြာသပတေးနေ့ (ဇူလိုင် ၂၄) က X တွင် မျှော်လင့်မထားသော ထုတ်ပြန်ချက်တစ်ရပ်၌ မက်ခရွန်က စက်တင်ဘာလတွင် နယူးယောက် မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အဆိုပါ အချက် နှင့်ပတ်သက်၍ တရားဝင် ကြေညာချက်ထုတ်ပြန်မည်ဟု ပြောကြား ခဲ့သည်။ "ယနေ့ အရေးတကြီးလိုအပ်နေသည်မှာ ဂါဇာစစ်ပွဲကို အဆုံး သတ်ရန်နှင့် အရပ်သားများကို ကယ်တင်ရန်ဖြစ်သည်" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံအများစုက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုထား သော်လည်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများစွာက အသိအမှတ် မပြုသေးပေ။ သမ္မတ မက်ခရွန်၏ ဆုံးဖြတ်ချက်ဖြင့် ပြင်သစ်သည် G7 အုပ်စုဝင် (အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ ဂျပန်နှင့် အီတလီ) အနက် ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုသည့် ပထမဆုံး အဓိကနိုင်ငံ ဖြစ်လာမည်ဖြစ်သည်။

ထိုဆောင်ရွက်ချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက အစ္စရေးနှင့် ဟားမက်အကြား ပဋိပက္ခရပ်စဲရန် ကြိုးပမ်းနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကြာသပတေးနေ့ (ဇူလိုင် ၂၄) အစောပိုင်း က အမေရိကန် အရှေ့အလယ်ပိုင်းအထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် က ဟားမက်၏ နောက်ဆုံးတုံ့ပြန်ချက်သည် ဂါဇာတွင် စစ်ပြေငြိမ်းရေး ရယူလိုစိတ်ကင်းမဲ့ကြောင်း ထင်ရှားစွာပြသခဲ့ပြီး ဝါရှင်တန်က ၎င်း၏ ညှိနှိုင်းရေးအဖွဲ့ကို တိုင်ပင်ဆွေးနွေးနိုင်ရေး ပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ဆွေးနွေးနေသည့် သဘောတူညီချက်အရ ၆၀ ရက်ကြာ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး ထိုကာလအတွင်း ဟားမက် အဖွဲ့ က အသက်ရှင်နေသော ဓားစာခံ ၁၀ ဦးနှင့် သေဆုံးပြီးအလောင်း ၁၈ လောင်း ကို အဆင့်လိုက် လွှတ်ပေးရန်နှင့် ယင်းအစား အစ္စရေးက ချုပ်နှောင်ထားသည့် ပါလက်စတိုင်းအကျဉ်းသားများကို လွှတ်ပေးရန် သဘောတူထားသည်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလည်း တိုးမြှင့် ဖြန့်ဖြူးသွားမည် ဖြစ်ပြီး နှစ်ဖက်စလုံးက ရေရှည်စစ်ပြေငြိမ်းရေးအတွက် ဆက်လက်ညှိနှိုင်းမည်ဖြစ်သည်။

သို့ရာတွင် စစ်ပွဲအဆုံးသတ်ရန် နှစ်ဖက်၏ တင်းမာမှုများကြောင့် ညှိနှိုင်းမှုများ ရပ်တန့်နေသည်။ ဟားမက်က အစ္စရေးတပ်များ လုံးဝဆုတ်ခွာပြီး စစ်ရေးပဋိပက္ခရပ်စဲမှသာ ဓားစာခံအားလုံးကို လွှတ်ပေးမည်ဟု တင်းခံနေသည်။ ထိုတောင်းဆိုမှုကို အစ္စရေးက လက်မခံဘဲ ဟားမက်တို့ အာဏာစွန့်လွှတ်ပြီး လက်နက်ချမှသာ ၎င်း၏တိုက်ခိုက်ရေးလုပ်ငန်းကို ရပ်တန့်မည်ဟု ပြတ်သားစွာ ပြန်လည်တုံ့ပြန်ထားသည်။

အမေရိကန်က ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုရန် မက်ခရွန်၏ အစီအစဉ်ကို "ပြင်းပြင်းထန်ထန် ပယ်ချ"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြင်သစ်သမ္မတ အီမန် နျူရယ်လ် မက်ခရွန်၏ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုရန် အစီအစဉ်ကို "ပြင်းပြင်းထန်ထန် ပယ်ချကြောင်း" ကြာသပတေးနေ့ (ဇူလိုင် ၂၄) တွင် ပြောကြားခဲ့သည်။

"အဆိုပါ မဆင်မခြင်ဆုံးဖြတ်ချက်သည် ဟားမက်တို့၏ ဝါဒဖြန့်ချိရေး ကိုသာ အထောက်အကူဖြစ်စေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောက်ပြန် ဆုတ်သွားစေသည်" ဟု ရူဘီယိုက X တွင် ရေးသားခဲ့သည်။ "အဆိုပါ ဆုံးဖြတ်ချက်သည် အောက်တိုဘာ ၇ ရက်နေ့တွင် သေဆုံးခဲ့ရသူများကို ထပ်ဆင့် လုပ်ကြံလိုက်ခြင်းနှင့် တူသည်"ဟု ဖြည့်စွက်ခဲ့သည်။

အစ္စရေးအစိုးရ အရာရှိများကလည်း မက်ခရွန်၏ ကြေညာချက်ကို အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။

တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ရုရှားနှင့်ယူကရိန်းတာဝန်ရှိသူများ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေး

 မော်စကို ဇူလိုင် ၂၄ 

ရုရှားနှင့် ယူကရိန်းကိုယ်စား လှယ်များသည် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ဇူလိုင် ၂၃ ရက် တွင်တတိယအကြိမ်မြောက်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

အဆိုပါဆွေးနွေးပွဲတွင် ရုရှား နှင့်ယူကရိန်း ကိုယ်စားလှယ်များ အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူနိုင်မှုမရှိခဲ့ သော်လည်း အကျဉ်းသားချင်း အပြန်အလှန်လဲလှယ်ရေး အစီအစဉ် များ ဆက်လက်ဆောင်ရွက်ရေး အတွက် ညှိနှိုင်းနိုင်ခဲ့ကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ဇူလိုင် ၂၃ ရက် ဆွေးနွေးပွဲတွင် ရုရှားသမ္မတပူတင်နှင့် ယူကရိန်း သမ္မတ ဇီလန်စကီးတို့ကြားယခုနှစ် ဩဂုတ်လကုန်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးရေးအတွက် ယူကရိန်းနိုင်ငံက အဆိုပြုထားသော်လည်း ရုရှားကိုယ်စားလှယ်များက ငြင်းပယ်ခဲ့ကြောင်း သိရသည်။

 ရုရှားနှင့် ယူကရိန်းတို့၏ ဇူလိုင် ၂၃ ရက်ဆွေးနွေးပွဲမှာ မိနစ် ၄၀ ခန့်သာ ကြာမြင့်ခဲ့ကြောင်း တူကီယဲတာဝန်ရှိသူများက ထုတ် ဖော်ပြောကြားထားသည်။ ရုရှားနှင့်ယူကရိန်းတို့သည် သုံးနှစ် ကျော်ကြာ ပဋိပက္ခကို အဆုံးသတ် နိုင်ရေးအတွက် ယခုနှစ် မေ ၁၆ ရက်နှင့် ဇွန်၂ရက်တို့တွင် အစ္စတန် ဘူလ်မြို့ ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များကျင်းပခဲ့ပြီးဖြစ်သည်။

လက်ရှိအချိန်တွင် ယူကရိန်း ပဋိပက္ခမှာ အရှိန်ကျဆင်းမှုမရှိသေးဘဲ ရှေ့တန်းနယ်စပ်တစ် လျှောက် တိုက်ပွဲများပြင်းထန် နေဆဲဖြစ်ကြောင်း သိရသည်။

 Ref: RT 

Trs: KKO

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြားဖြစ်ပွားနေသည့် ပဋိပက္ခနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီတွင် အရေးပေါ်ဆွေးနွေးပွဲကျင်းပပေးရန် ကမ္ဘောဒီးယားတောင်းဆို

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဒေသတစ်လျှောက်၌ ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အရေးပေါ် ဆွေးနွေးပွဲတစ်ရပ်ကျင်းပပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဇူလိုင်လ ၂၄  ရက်တွင် တောင်းဆိုလိုက်သည်။

ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား အငြင်းပွားနေသည့် နယ်စပ်တစ်လျှောက်တွင် မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သည်တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် ဇူလိုင်လ ၂၄ ရက်အစောပိုင်းမှစ၍  အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားသည်။   

ယင်းနောက်တွင်  ကမ္ဘောဒီးယားအစိုးရက  ယခုနှစ်  ဇူလိုင်လအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့်  ကုလသမဂ္ဂဆိုင်ရာ   ပါကစ္စတန်အမြဲတမ်း ကိုယ်စားလှယ်ဖြစ်သူ အာဆင်ဖစ်ခါအာမက်ထံသို့ စာရေးသားပေးပို့တောင်းဆိုခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားအစိုးရ၏အဆိုအရ ထိုင်းနိုင်ငံ၏တိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို   ချိုးဖောက်ခြင်းဖြစ်သည်ဟု Xinhua  သတင်းဌာနတွင် ဖော်ပြထားသည်။

သို့ရာတွင်  နှစ်နိုင်ငံအကြားစစ်ရေးအရ တင်းမာမှုဖြစ်ပွားရခြင်းမှာ   နယ်စပ်ဒေသတွင် မိုင်းပေါက်ကွဲမှုအတွင်း ထိုင်းတပ်မတော်မှ   စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခြင်းသည်   ကမ္ဘောဒီးယား နိုင်ငံကြောင့်ဖြစ်သည်ဟု  ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာနက   စွပ်စွဲထားသည်။

ထို့ပြင် ကမ္ဘောဒီးယားတပ်မတော်သည် ဇူလိုင်လ ၂၄ ရက်တွင် ထိုင်းစစ်အခြေစိုက်စခန်းတစ်ခုအား  အမြောက်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု   ဝန်ကြီးဌာနက ဆက်လက်စွပ်စွဲထားကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံအတွင်း၌ အရပ်သား ၁၁ ဦးသေဆုံးသွားကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံအကြား တင်းမာမှုမြင့်တက်လာပြီးနောက် ထိုင်းအစိုးရက ကမ္ဘောဒီးယားတပ်မတော်၏ ပစ်မှတ်များအပေါ် လေကြောင်းမှတိုက်ခိုက်ခဲ့သည်ဟု    ထိုင်းတပ်မတော်မှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ရီချာဆွတ်ဆူဝါနွန်ကပြောကြားခဲ့ကြောင်း    RTသတင်းဌာနတွင်ဖော်ပြထားကြောင်း သိရသည်။                    

 (Ref: RT, Xinhua)