ဖိလစ်ပိုင်သမ္မတ ဖာဒီနန် အာရ် မာကို့စ် ဂျူနီယာက ၎င်း၏ အိန္ဒိယနိုင်ငံသို့ အလည်အပတ် လာရောက်သည့် ခရီးစဉ်သည် နှစ်နိုင်ငံ အပြန်အလှန် ခိုင်မာသည့် မိတ်ဖက်ဖြစ်မှုကို အတည်ပြုခြင်းဖြစ်ကြောင်း အင်္ဂါနေ့ (ဩဂုတ် ၅) က ပြောကြားပါသည်။ “ယင်းမှာ မဟာမိတ်နှင့် မိတ်ဖက် ဆက်ဆံရေးကို ခိုင်မာ စေရန် လာရောက်ခြင်းဖြစ်ကြောင်း ထပ်လောင်း အတည်ပြုခြင်း ဖြစ်ပါသည်”ဟု နယူးဒေလီမြို့ရှိ Rashtrapati Bhavan ၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအပြီးတွင် ပြောကြား လိုက်ပါကြောင်း ဩဂုတ်လ ၅ ရက်နေ့ထုတ် The India Express သတင်းတွင် ဖော်ပြပါရှိပါသည်။

၎င်းရောက်ရှိစဉ် သမ္မတ Droupadi Murmu က လက်ခံကြိုဆိုခဲ့ပြီး၊ ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ လည်း အတူတကွ ရှိနေကာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ပါသည်။
မားကို့စ်သည် အိန္ဒိယနိုင်ငံသို့ ဩဂုတ်လ ၅ ရက်နေ့တွင် ငါးရက်ကြာ အလည်အပတ်ခရီးအဖြစ် ရောက်ရှိ လာခြင်းဖြစ်ပါသည်။ ယင်းနေ့ နှောင်းပိုင်းတွင် ဝန်ကြီးချုပ် မိုဒီနှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲများကို ကျင်းပ သွားဖွယ်ရှိပါသည်။ ၎င်း၏ အလည်အပတ်ခရီးစဉ်သည် ယခုနှစ် အိန္ဒိယ-ဖိလစ်ပိုင် သံတမန် ဆက်ဆံရေး ထူထောင်သည့် ၇၅ ပြည့်မြောက်သည့် နှစ်ပတ်လည် အခါသမယလည်းဖြစ်ပါသည်။
ဖိလစ်ပိုင်သမ္မတသည် မနီလာ၏ လိုလားချက်များဖြစ်သည့် နယူးဒေလီနှင့် တည်ဆဲဆက်ဆံရေး ထူထောင်မှုကို အားပေးရန်နှင့် လွန်ခဲ့သည့်နှစ်များအတွင်း အားကောင်းလာသည့် “အခွင့်အလမ်းများ” ရှာဖွေဖော်ထုတ်ရန်အတွက် ဖြစ်ပါသည်။ “မိမိတို့ အာရှ-ပစိဖိတ်ဒေသ၊ အင်ဒို-ပစိဖိတ်ဒေသ တို့သည် ကမ္ဘာ့နိုင်ငံရေးအားလုံး၏ သဘောသဘာဝ၊ စီးပွားရေး အားလုံး၏ ကုန်သွယ်မှုတို့ တည်ရှိရာဟု မှန်မှန်ကန်ကန် သုံးသပ်ရပါမည်”ဟု ဖိလစ်ပိုင် သမ္မတက ပြောကြားပါသည်။ “နည်းပညာ အသစ် အဆန်းများ၊ ကမ္ဘာ့စီးပွားရေး ပြောင်းလဲမှုများ၊ မျက်မှောက်ကာလ မိမိတို့ အနီးဝန်းကျင် ပထဝီ နိုင်ငံရေး အခြေအနေများအကြား မိမိအနေဖြင့် တည်ဆဲဆက်ဆံရေးကို တည်ဆောက်လိုပြီး၊ မကြာသေးမီ နှစ်များအတွင်း တိုးတက်လာသည့် အခွင့်အရေးတွေကိုလည်း အသေအချာ ရှာဖွေရယူ နိုင်ရန် ဆန္ဒရှိပါသည်” ဟု ၎င်းက ထပ်လောင်းပြောကြားပါသည်။
ယခု အလည်အပတ် ခရီးစဉ်သည် နိုင်ငံ နှစ်ဖက်လုံး အကျိုးရှိစေမည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး “အနာဂတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ပြဿနာများ အပေါ် အပြုသဘောဆောင်သည့် အပြန်အလှန် အကျိုးရှိစေမည့် ထိတွေ့ဆက်ဆံမှု ဖြစ်ပါကြောင်း” ပြည်ပ ရေးရာ ဝန်ကြီးဌာနက ပြောကြားပါသည်။
ကိုးကား- The India Express
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ၊ ဝန်ကြီးဌာန-၂

ဂျော်ဒန်၊ အီဂျစ်နှင့် ယူအေအီးနိုင်ငံတို့က ဂါဇာကမ်းမြောင်သို့ လေကြောင်းမှ အကူအညီပစ်ချမှု မစ်ရှင် များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေး ယာဉ်တန်းများမှတစ်ဆင့် ဂါဇာ ကမ်းမြောင်သို့ နောက်ထပ် အကူအညီများ ပေးအပ်လိုက်ပြီဖြစ်ကြောင်း သြဂုတ် ၃ ရက်တွင် ကြေညာ ခဲ့သည်။

ဂျော်ဒန်သည် ဂါဇာကမ်းမြောင်ဒေသအပေါ် လေကြောင်းမှအကူအညီပစ်ချပေးမှု ပူးတွဲမစ်ရှင် ခုနစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း၊ ထိုကမ်းရိုးတန်းဒေသသို့ လူသားချင်းစာနာထောက်ထားမှုနှင့် စားနပ်ရိက္ခာ အကူအညီ စုစုပေါင်း ၆၁ တန်ကို နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းကူညီခဲ့ကြောင်း ဂျော်ဒန် စစ်တပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရှုရန် https://sacministry.gov.mm/my/subject/10770

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ် သည် ရုရှားနှင့် တရုတ်တို့အကြား လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက် မှုများကို တိုးမြှင့်ရန်အတွက် အားကောင်းစေသည့် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း ရုရှားပို့ကုန်ဗဟိုဌာန (REC) ၏ အကြီးအကဲ ဗီရိုနီကာ နီကီရှိနာက ပြောကြားခဲ့ပါသည်။

“ရုရှားသမ္မတ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ခရီးစဥ်သည် နှစ်နိုင်ငံ ကြား အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို အတည်ပြုခြင်းဖြစ်ပြီး ၎င်းသည် ရုရှား-တရုတ် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု များကို ဆက်လက်တိုးတက်စေရန်အတွက် အဓိက မောင်းနှင်အား တစ်ခု ဖြစ်ကြောင်း” ၎င်းက အလေးပေးပြောကြားခဲ့ပါသည်။
နီကီရှိနာ၏ ပြောကြားချက်အရ ရုရှားနှင့် တရုတ်တို့အကြား အဆင့်မြင့် ဆက်ဆံရေးသည် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး၏ နက်ရှိုင်းသောမဟာဗျူဟာမြောက် သဘောသဘာဝကို ပြသနေပြီး “အဓိကကဏ္ဍ အားလုံးမှာ ဆက်ဆံရေးပိုမိုနက်ရှိုင်းစေမည့် လမ်းကြောင်းကို ချမှတ်ပေး နေပါသည်” ဟု သိရှိရပါသည်။
“ယခုကဲ့သို့ဆွေးနွေးမှု၏ ထိရောက်မှုကို ၂၀၁၄ ခုနှစ်မှာ လက်မှတ် ရေးထိုး ခဲ့သည့် စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ဘဏ္ဍာရေးနှင့် ပညာရေး ဆိုင်ရာ သဘောတူညီချက်များစွာကနေ သိသာထင်ရှားကြောင်း၊ ထို့အပြင် ၂၀၁၉ ခုနှစ်တွင် နှစ်နိုင်ငံ နိုင်ငံအကြီးအကဲများသည် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ တိုးမြှင့်ရန်၊ အီလက်ထရောနစ်စီးပွားရေး၊ ဝန်ဆောင်မှု ကုန်သွယ်ရေး၊အသေးစားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်နှင့် အဓိကမဟာဗျူဟာမြောက် စီမံကိန်းကြီးများကို အကောင်အထည်ဖော်ရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းစဉ် များကို ရိုးရှင်းစေရေး ဆောင်ရွက်ရန်အတွက် ဆုံးဖြတ်ချက်ကို အတည်ပြု ခဲ့ကြကြောင်း” ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
REC ၏ အကြီးအကဲ၏ ပြောကြားချက်အရ မကြာသေးမီက ရုရှားနှင့် တရုတ်တို့၏ ဒေသများအကြား ပူးပေါင်းဆောင်ရွက်မှုသည်လည်း အထူး အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ရုရှား၏ နယ်မြေအားလုံးနီးပါးသည် တရုတ်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း ၎င်းက မှတ်ချက်ပြု ခဲ့သည်။
“ဒေသသုံးပုံနှစ်ပုံက သဘောတူညီချက်များနှင့် ချိတ်ဆက်ထားပြီး မြို့နယ်အဆင့်မှာလည်း ထိုကဲ့သို့ သဘောတူညီချက် ၂၀၀ ခန့် ရှိကြောင်း၊ ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ၏ နမူနာများအနေဖြင့် စီမံကိန်းများနှင့် ၎င်းတို့၏ အကောင်အထည်ဖော်မှုများဖြစ်သည့် ဆောက်လုပ်ရေးကဏ္ဍရှိ အာမူးပြည်နယ်၊ ထောက်ပံ့ပို့ဆောင်ရေးဗဟိုဌာနတွင် တာတာစတန် ပြည်နယ်နှင့် မော်တော်ကားစက်ရုံတည်နေရာ တူလာပြည်နယ်တို့ ဖြစ်ပါသည်” ဟု ၎င်းက ပြောကြားခဲ့ပါသည်။
ရုရှားနှင့် တရုတ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရာတွင် ယဉ်ကျေးမှု၊ ပညာရေးနှင့် သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ အထူးသဖြင့် ရုရှားနှင့် တရုတ် တက္ကသိုလ် များမှ ပူးတွဲအစီအစဉ်များအပြင် REC ၏ ပို့ကုန်ကျောင်းတွင် ပို့ကုန် တင်ပို့သူများကို လေ့ကျင့်ပေးခြင်းတို့ဖြစ်ကြောင်း နီကီရှိနာက မှတ်ချက်ပြု ခဲ့ပါသည်။
ရုရှားနှင့် တရုတ်တို့၏ ယဉ်ကျေးမှုနှစ်အဖြစ် ကြေညာထားသော ၂၀၂၄-၂၀၂၅ ခုနှစ်များသည် အရှေ့မြောက်ပိုင်းရှိ လျောင်းနင်ပြည်နယ်ရှိ ရှန်ယန် နှင့် တာလီယန်မြို့များ၊ ဟေးလုံကျန်းပြည်နယ် (အရှေ့မြောက်ပိုင်း) နှင့် စီချွမ်ပြည်နယ် (အနောက်တောင်ပိုင်း) တို့တွင် “Made in Russia” ပွဲတော်များ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ၎င်းက ထောက်ပြ ပြောကြား ခဲ့ပါသည်။
သြဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလအစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒုတိယကမ္ဘာစစ်နှင့် ဂျပန်ကျူးကျော်သူများကို တရုတ်လူမျိုးတို့၏ ခုခံတော်လှန်စစ်ပွဲ အောင်ပွဲ ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများတွင် ပါဝင်ရန် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပါသည်။ အထူးသဖြင့် စက်တင်ဘာ ၃ ရက်တွင် ပေကျင်း၌ အကြီးစား စစ်ရေးပြအခမ်းအနားတစ်ခု ကျင်းပမည်ဖြစ်ပြီး တရုတ်က ၎င်း၏ တပ်မတော် တွင် အသုံးပြုနေသော ခေတ်မီအမျိုးသား ထုတ်လုပ်ရေး နည်းပညာများ ကို ပြသမည်ဖြစ်သည်။
ကိုးကား - tass

ဘရာဇီး သမ္မတဟောင်း ဂျိုင်ယာ ဘိုလ်ဆိုနာရိုကို ထောက်ခံသူ ထောင်ချီသောနိုင်ငံသားများသည် သမ္မတ ထရမ့်အား ဘရာဇီး အပေါ် ဖိအားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ကာ ဆန္ဒပြခဲ့ ကြသည်။ ဩဂုတ်လ ၃ ရက်နေ့တွင် ဘရာဇီးလ် နိုင်ငံတော်အလံကို လွှမ်းခြုံထားသော ဘိုလ်ဆိုနာရိုကို ထောက်ခံသူများသည် ဘရာဆီလီယာ၊ ဆော်ပေါလိုနှင့် ရီယိုဒီဂျနေးရိုးကဲ့သို့သော မြို့ကြီးများတွင် စုဝေးခဲ့ကြသည်။ ၎င်းတို့ထဲမှ အများအပြားသည် အမေရိကန်အလံများနှင့် "မစ္စတာ ထရမ့် ကျေးဇူးတင်ပါသည်" ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထား ကြသည်။

ဘရာဆီလီယာရှိ ဆန္ဒပြသူတစ်ဦးဖြစ်သူ Valdeciria Galvao က "တရားသူကြီးများ၏ ဘက်လိုက်သည့် ဆုံးဖြတ်မှုများကို ဆန့်ကျင်ရန် ချီတက်ဆန္ဒပြမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်" ဟု ပြောကြားခဲ့သည်။ လက်ယာယိမ်းနိုင်ငံရေးသမား ဘိုလ်ဆိုနာရို (၇၀ နှစ်) သည် ၂၀၁၉ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ ဘရာဇီး သမ္မတဖြစ်ခဲ့ပြီး၊ သမ္မတထရမ့်၏ ပထမ သက်တမ်းကာလအတွင်း မဟာမိတ်တစ်ဦးဖြစ်ကာ အမေရိကန် ခေါင်းဆောင်နှင့် တူညီသည့် အချက်များစွာရှိသည်။ ၂၀၂၂ ရွေးကောက်ပွဲတွင် လက်ဝဲယိမ်း ပြိုင်ဘက် Luiz Inácio Lula da Silva ထံ အရေးနိမ့်ခဲ့သော်လည်း၊ မဲရေတွက်စက်တစ်ချို့ အမှားအယွင်းရှိသည်ဟု ဆိုကာ ရလဒ်ကို လက်မခံခဲ့ပေ။
ဘိုလ်ဆိုနာရိုအား မြို့တော် ဘရာဆီလီယာတွင် အာဏာသိမ်းရန် ကြံစည် သည်ဟူသောစွဲချက်ဖြင့် တရားစွဲဆိုထားပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ် ခံရနိုင်ကာ လာမည့်သီတင်းပတ်အနည်းငယ်အတွင်း အမှုပြီးဆုံးမည်ဟု မျှော်မှန်းထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ တရား စွဲဆိုမှုကို "အချည်းနှီးသော စွပ်စွဲပြစ်တင်မှု " (witch hunt) ဟု သတ်မှတ်ကာ ဘရာဇီး မှ တင်သွင်းသည့် ကုန်ပစ္စည်းအချို့အတွက် ကုန်သွယ်ခွန် ၅၀% ကို စတင်အမိန့်ချမှတ်ခဲ့သည်။ အမေရိကန် ဘဏ္ဍာရေး ဌာနကလည်း ဘိုလ်ဆိုနာရို၏ အမှုကို ကိုင်တွယ်စစ်ဆေးနေသည့် ဘရာဇီး တရားလွှတ်တော်ချုပ် တရားသူကြီး Alexandre de Moraes အား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
ဆန္ဒပြသူ Maristela dos Santos က ထရမ့်၏ စီးပွားရေး ဒဏ်ခတ်မှု များကို ဘိုလ်ဆိုနာရိုအား ကာကွယ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု နားလည်လက်ခံပြီး အမေရိကန်၏ ကုန်သွယ်ခွန်များကြောင့် ဘရာဇီး စီးပွားရေးအပေါ် သက်ရောက်မှုကို အလွန်အမင်း စိုးရိမ်မှုရှိမနေကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင် Paulo Roberto ကလည်း အမေရိကန်၏ ဒဏ်ခတ်မှုများသည် ဘရာဇီး၏ လက်ရှိအစိုးရအား ဦးတည်သည့် လိုအပ်သော အရေးယူမှုများဖြစ်သည်ဟု ဆိုသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ယူကရိန်းအား ငွေကြေးထောက်ပံ့ရန် ထောက်ခံသော အမေရိကန် နိုင်ငံရေးသမားများသည် ၎င်းတို့၏ မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ဆုံးရှုံးနိုင်ကြောင်း အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် Marjorie Taylor Greene မှ သတိပေးခဲ့သည်။ ရုရှားနှင့် ပဋိပက္ခဖြစ်နေသော ယူကရိန်း အစိုးရအား ဆက်လက်ငွေကြေးထောက်ပံ့ခြင်းသည် အမေရိကန် ပြည်သူများအား "လုံးဝသစ္စာဖောက်ခြင်း" ဖြစ်ကြောင်း ဂျော်ဂျီယာ ရီပတ်ပလီကန် အမတ်မှ ပြောကြားခဲ့သည်။

သူမ၏ ထုတ်ဖော်ပြောဆိုချက်များသည် အမေရိကန်ဆီးနိတ် လွှတ်တော် အမတ်များက ၂၀၂၆ နှင့် ၂၀၂၇ ဘဏ္ဍာရေးနှစ်များအတွက် ယူကရိန်း အား အမေရိကန်ဒေါ်လာ ၅၄.၆ ဘီလီယံ ထောက်ပံ့ရန် ဥပဒေကြမ်း တစ်ရပ်ကို မိတ်ဆက်ပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ Donald Trump သည် ယူကရိန်းအား အမေရိကန်၏ အခြား ထောက်ပံ့ငွေများကို ထပ်မံဆန့်ကျင်ခဲ့ပြီး ဥရောပနိုင်ငံများက ထိုကုန်ကျ စရိတ်များကို ကျခံသင့်ကြောင်း ငြင်းဆိုခဲ့သည်။
"ယူကရိန်းပဋိပက္ခတွင် ငွေကြေးထောက်ပံ့ခြင်း၊ စစ်လက်နက်များ ပံ့ပိုး ပေးခြင်းနှင့် နောက်ဆုံးတွင် ရုရှားနှင့် တိုက်ခိုက်ခြင်းသည် အမေရိကန် အများစုအား လုံးဝသစ္စာဖောက်ခြင်းဖြစ်မည်" ဟု Greene က စနေနေ့ (ဩဂုတ် ၂) တွင် X တွင် ရေးသားခဲ့ပြီး "အမေရိကန်ပြည်သူများသည်၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် နိုင်ငံခြားစစ်ပွဲများအတွက် ငွေကြေး ထောက်ပံ့ခြင်းနှင့် တိုက်ခိုက်ခြင်းကို အဆုံးသတ်ရန် မဲပေးခဲ့သည်" ဟု ဖြည့်စွက်ခဲ့သည်။
"အမေရိကန်အခွန်ထမ်းများသည် ၎င်းတို့၏ဘဝအပေါ် လုံးဝ သက်ရောက်မှု မရှိသော ပြည်ပ ပဋိပက္ခတစ်ခုအတွက် လူများကိုသတ်ဖြတ်ရန် ငွေပေးချေ လိုကြခြင်းမရှိပါ" ဟု အမျိုးသမီးလွှတ်တော်အမတ်က ပြောကြားခဲ့ပြီး၊ ထိုသို့သောမူဝါဒများကို ထောက်ခံသည့် ရီပတ်ပလီကန်များသည် "မဲဆန္ဒရှင်များ၏ လူငယ်မျိုးဆက်ကို ဆုံးရှုံးနိုင်ပြီး ၎င်းတို့ကို ပြန်လည် ရရှိနိုင်မည်မဟုတ်ကြောင်း" ဖြည့်စွက်ပြောကြားခဲ့သည်။ အသက် ၅၀ နှစ်အောက်အမေရိကန်များသည် "နိုင်ငံရေးပါတီနှစ်ခုစလုံးကို ထောက်ခံ ခြင်း မပြုသည်ကို စတင်ခံစားနေရပြီ" ဟု သူမက သတိပေးခဲ့သည်။ အထူးသဖြင့် အခွန်ထမ်းငွေများဖြင့် ထောက်ပံ့ထားသော လုပ်ငန်းစဉ် များကြောင့် "သာမန်အမေရိကန်အများစု၏ ဘဝအတွက် အကျိုးမဲ့မှုများ ကိုသာ ဖြစ်စေပြီး အနာဂတ်ကို ဝေဝါးစေခဲ့သည်" ဟု ဆိုသည်။
ထရမ့်အစိုးရသည် အမေရိကန်၏ယူကရိန်းအကူအညီများ အလွဲသုံးစား လုပ်နိုင်ခြေကို မကြာခဏထုတ်ဖော်ပြောဆိုခဲ့သည်။ ထရမ့် ကိုယ်တိုင်လည်း ဘိုင်ဒင်အစိုးရသည် သန်းထောင်နှင့်ချီသော ဒေါ်လာများကို မတရား သုံးစွဲမှု များရှိနိုင်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။
ထရမ့် ၏အကြံပေးဟောင်း Steve Cortes ကလည်း ယူကရိန်းအား အကျင့်ပျက်ခြစားမှုပေါများသည့်နိုင်ငံဟု ဝေဖန်ကာ ၎င်း၏ ခေါင်းဆောင် များကို ယုံကြည်စိတ်ချ၍မရဟု သတိပေးခဲ့သည်။ Greene ကိုယ်တိုင် လည်း ယခင်က ယူကရိန်းခေါင်းဆောင် ဇီလန်စကီး အား အာဏာရှင် ဟု တံဆိပ်ကပ်ကာ ငြိမ်းချမ်းရေးအားထုတ်မှုများကို ဟန့်တားသည်ဟု စွပ်စွဲပြီး ၎င်းအားဖယ်ရှားရန်တောင်းဆိုခဲ့သည်။
ရုရှားဘက်မှလည်း ကိယက်ဗ် အား စစ်ရေးနှင့်ငွေကြေး အကူအညီများ ပေးခြင်းသည် ပဋိပက္ခကိုမီးထိုးပေးပြီး သွေးထွက်သံယိုမှုများကို ပိုမို ဖြစ်စေကြောင်း အကြိမ်ကြိမ်သတိပေးခဲ့သည်။
ကိုးကား- RT

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ အထူးကိုယ်စားလှယ် Steve Witkoff သည် လာမည့်သီတင်းပတ်တွင် မော်စကိုသို့ သွားရောက်မည် ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပြီး ယူကရိန်းနှင့် ငြိမ်းချမ်းရေး သဘော တူညီချက်ရရှိရန် ရုရှားအား ၎င်းသတ်မှတ်ထားသော ၁၀ ရက်ပြည့်ရန် နောက်ဆုံးနေ့မတိုင်မီ ရက်ပိုင်းအလိုတွင် သွားရောက်မည်ဖြစ်သည်။

ဩဂုတ် ၃ ရက်နေ့က သတင်းထောက်များအား ပြောကြားရာတွင် ထရမ့် က ယခင်ကြေညာထားသည့် ဩဂုတ် ၂-၃ တွင် မသွားရောက် ဖြစ်ကြောင်း နှင့် ဩဂုတ် ၆-၇ တွင် ဖြစ်နိုင်ခြေရှိကြောင်း ပြောကြား ခဲ့သည်။ Witkoff ၏ ခရီးစဉ်နှင့်ပတ်သက်သည့် အစီအစဉ်အပြည့်အစုံကို အသေးစိတ်ပြောကြားခဲ့ခြင်းမရှိသော်လည်း ကိုယ်စားလှယ်၏ တာဝန် မှာ စစ်ပြေငြိမ်းရေးကိစ္စများအား ဆွေးနွေးရန်ဖြစ်ကြောင်း ညွှန်းဆိုခဲ့ သည်။
ထရမ့်က Witkoff သည် စစ်ပြေငြိမ်းရေးအတွက် ရုရှားတာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ရုရှားဘက်မှလည်း ဒဏ်ခတ် အရေးယူမှု များကို ရှောင်ရှားနိုင်ရန် ပါးနပ်စွာလုပ်ဆောင်မည်ဟု ယူဆကြောင်း ပြောကြား ခဲ့သည်။
အိမ်ဖြူတော်မှ Witkoff သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တိုက်ရိုက် တွေ့ဆုံမည့် အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိသေးဘဲကရင်မလင် ကလည်း ခရီးစဉ်နှင့်ပတ်သက်သည့် အကြောင်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးပေ။ ယခင်က ၎င်းတို့နှစ်ဦးသည် မော်စကိုတွင် အကြိမ်ကြိမ်တွေ့ဆုံခဲ့သော်လည်း စစ်ပြေငြိမ်းရေးဆိုင်ရာ ညှိနှိုင်းမှုရလဒ် တိုးတက်မှုများမှာ မရှိသလောက်ပင်ဖြစ်သည်။
ဩဂုတ် ၁ ရက်နေ့က ပြည်တွင်း အခမ်းအနားတစ်ခု၌ ယူကရိန်းပဋိပက္ခနှင့် ပတ်သက်၍ ရုရှား၏ရပ်တည်ချက် သဘောထားများသည် ယခင်အတိုင်း ပြောင်းလဲမှုမရှိကြောင်း ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။
မော်စကိုသည် ယူကရိန်းပဋိပက္ခကို အနောက်နိုင်ငံများ စီစဉ်ထားသည့် ပရောက်ဆီစစ်ပွဲအဖြစ် ရှုမြင်ပြီး ကိယက်ဗ်အား လက်နက်များ ဆက်လက် ထောက်ပံ့မှုများသည် ငြိမ်းချမ်းရေး လမ်းစဉ်ကို သွေဖယ်စေခြင်း ဖြစ်သည် ဟု ဝါရှင်တန်အား စွပ်စွဲထားသည်။ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီ ထရီ ပက်စကော့ဗ်က ထရမ့်၏ ဒဏ်ခတ်မှုခြိမ်းခြောက်မှုကို အလေးမထား ဘဲ နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့မှုများကြောင့် ရုရှားသည် ခံနိုင်ရည် ရှိနှင့်ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဟားမက်အဖွဲ့က အစ္စရေးအနေဖြင့်အချို့သော စည်းကမ်းချက်များနှင့် ကိုက်ညီပါက ဂါဇာတွင် ထိန်းသိမ်းထားသည့် ဓားစာခံများထံ အကူအညီ ပေးမည်ဟု ပြောကြားခဲ့သည်။ ဟားမက်စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ အဘူအိုဘိုင်ဒါက ဩဂုတ်လ ၃ ရက်နေ့တွင် "အကူအညီ ပေးပို့ ရာတွင် အစ္စရေးက လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေး လမ်းကြောင်း များကို အမြဲတမ်းဖွင့်ပေးပြီး အဆိုပါဒေသတွင် လေကြောင်း တိုက်ခိုက် မှုများ ရပ်တန့်ရန်" လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းတို့ သည် "ထိန်းသိမ်းခံထားရသော အကျဉ်းသားများထံ အစားအစာနှင့် ဆေးဝါး များ ပို့ဆောင်ရန် နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ၏ မည်သည့် တောင်းဆိုမှု
ဟားမက်အဖွဲ့က အစ္စရေးအနေဖြင့်အချို့သော စည်းကမ်းချက်များနှင့် ကိုက်ညီပါက ဂါဇာတွင် ထိန်းသိမ်းထားသည့် ဓားစာခံများထံ အကူအညီ ပေးမည်ဟု ပြောကြားခဲ့သည်။ ဟားမက်စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ အဘူအိုဘိုင်ဒါက ဩဂုတ်လ ၃ ရက်နေ့တွင် "အကူအညီ ပေးပို့ ရာတွင် အစ္စရေးက လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေး လမ်းကြောင်း များကို အမြဲတမ်းဖွင့်ပေးပြီး အဆိုပါဒေသတွင် လေကြောင်း တိုက်ခိုက် မှုများ ရပ်တန့်ရန်" လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းတို့ သည် "ထိန်းသိမ်းခံထားရသော အကျဉ်းသားများထံ အစားအစာနှင့် ဆေးဝါး များ ပို့ဆောင်ရန် နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ၏ မည်သည့် တောင်းဆိုမှုကိုမဆို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့် ရှိကြောင်း" ဖြည့်စွက်ပြောဆိုခဲ့သည်။
ဂါဇာတွင် အကျဉ်းချခံထားရသူများ၏ မိသားစုများကို ကိုယ်စားပြုသည့် "Hostage Families Forum" မှ ထုတ်ပြန်ချက်တွင် ဟားမက်၏ ထုတ်ပြန်ချက်များသည် "အပြစ်မဲ့ ပြည်သူများကို ရက်ပေါင်း ၆၆၀ ကျော် ကြာ စဉ်းစား၍ပင်မရနိုင်သည့် ဆိုးရွားသော အခြေအနေများဖြင့် ထိန်းသိမ်း ထားသည်" ဆိုသည့် အမှန်တရားကို ဖုံးကွယ်၍မရနိုင်ကြောင်း ပြင်းပြင်း ထန်ထန် ရှုတ်ချထောက်ပြထားသည်။ ထုတ်ပြန်ချက်တွင် "အကျဉ်းသား များ လွတ်မြောက်သည်အထိ ဟားမက်အဖွဲ့သည် လိုအပ်သမျှ အားလုံး ကို ဖြည့်ဆည်းပေးရန် တာဝန်ရှိသည်။ ဟားမက်က ၎င်းတို့ကို ပြန်ပေး ဆွဲထားပြီး ၎င်းတို့၏အခြေအနေကို ဂရုစိုက်ရန်နှင့် အကျဉ်းသား တစ်ဦး ချင်းစီ၏ သေဆုံးမှုအတွက် ဟားမက်က တာဝန်ခံရမည်" ဟု ပြင်းပြင်း ထန်ထန် ပြောဆိုထားသည်။
အစ္စရေးအရာရှိများ၏ ပြောဆိုချက်အရ ဟားမက်အဖွဲ့သည် လက်ရှိ ဂါဇာတွင် အကျဉ်းသား ၅၀ ကို ထိန်းသိမ်းထားပြီး ၎င်းတို့အနက် ၂၀ ဦး သာ အသက်ရှင်နိုင်သည်ဟု ယူဆရကြောင်း သိရသည်။ ဟားမက် အဖွဲ့ သည် လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းများအား အကျဉ်းသားများနှင့် တွေ့ဆုံခွင့်မပြုထားသဖြင့် မိသားစုများအနေဖြင့် ၎င်းတို့၏ အခြေအနေကို အချက်အလက် အလွန်နည်းပါးစွာ သို့မဟုတ် လုံးဝ မသိ ရှိရပေ။
ဟားမက်အဖွဲ့သည် ဩဂုတ်လ ၂ ရက်နေ့တွင် အစ္စရေးအကျဉ်းသား Evyatar David ၏ ဒုတိယမြောက် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။ ထိုဗီဒီယို တွင် David သည် အရိုးနှင့်အရေသာကျန်ရှိပြီး အားအင် ကုန်ခမ်း လုနီး ပါးဖြစ်နေကာ ၎င်းကိုယ်တိုင် ၎င်း၏သင်္ချိုင်းဂူဟုယူဆရသည့် ကျင်း တစ်ခုကို တူးနေသည့် အခြေအနေကို တွေ့ရသည်။
ထုတ်ပြန်လိုက်သည့် ဗီဒီယိုဖိုင်သည် အနောက်နိုင်ငံများ၏ ပြင်းထန်သော ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး အစ္စရေးပြည်သူများကို ထိတ်လန့်စရာ ဖြစ်စေခဲ့သည်။ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု တို့က အလွန်အမင်း အမျက်ဒေါသထွက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ ကြသည်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဂါဇာရှိ အကျဉ်းသား များ၏ အခြေအနေကို ဆွေးနွေးရန် အထူးအစည်းအဝေးတစ်ရပ် ကျင်းပမည် ဟု ကြေညာခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဩဂုတ်လ ၃ ရက်နေ့ တွင် ဟားမက်အဖွဲ့ ထုတ်ပြန်လိုက်သည့် ဗီဒီယိုကြောင့် ထိတ်လန့် တုန်လှုပ် မိကြောင်း ပြောကြားခဲ့ပြီး အကျဉ်းသားများထံ လူသားချင်းစာနာ ထောက်ထားရေး အကူအညီများ ပေးပို့နိုင်ရန် ကြက်ခြေနီကော်မတီထံ တောင်းဆို ထားကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသည် မကြာသေးမီက မြောက်ကိုရီးယားနှင့် နယ်စပ် တစ်လျှောက်ရှိ ဝါဒဖြန့်ချိရေး အသံချဲ့စက်များကို ဖြုတ်သိမ်းရန် စတင် ဆောင်ရွက်ခဲ့ပါသည်။ သမ္မတ Lee Jae-myung အစိုးရအနေဖြင့် ပြုံယမ်း နှင့်ဆက်ဆံရေးတင်းမာမှုများ လျှော့ချရန် ကြိုးပမ်းလျက်ရှိသည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ယခုကဲ့သို့ ဖြုတ်သိမ်းမှု သည် "စစ်ရေးအသင့်ဖြစ်မှုကို မထိခိုက်စေဘဲ ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုများ လျှော့ချရေးအတွက် လက်တွေ့ကျသော အစီအမံ တစ်ရပ်" ဖြစ်ကြောင်း ရှင်းလင်းချက်ထုတ်ပြန်ခဲ့ပါသည်။ ထိုအသံချဲ့စက်များမှ K-Pop တေးဂီတနှင့်ရောနှောကာ ကမ္ဘာ့သတင်းများကို မြောက်ကိုရီးယား နယ်မြေအတွင်း ကီလိုမီတာ ၂၀ ကျော်အထိ ပျံ့နှံ့စေရန် ထုတ်လွှင့်နိုင်စွမ်း ရှိသည်ဟု သိရှိရသည်။
သမ္မတ Lee Jae-myung သည် ၂၀၂၄ ခုနှစ် ဇွန်လတွင် တာဝန် စတင် ရယူပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု များ ပြန်လည်တည်ဆောက်ရန် ၎င်း၏ကတိကဝတ်ကို အကောင်အထည် ဖော်ရန်အတွက် အဆိုပါအသံထုတ်လွှင့်မှုများကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် ဇွန်လ ၉ ရက်နေ့တွင် တောင်ကိုရီးယား ပြန်လည် ရင်ကြားစေ့ရေးဝန်ကြီးဌာနက အရပ်ဘက်အဖွဲ့အစည်းများအား မြောက် ကိုရီးယားဘက်သို့ လက်ကမ်းစာစောင်များ မပို့ကြရန် တောင်းဆို ခဲ့သည်။
သို့ရာတွင် ပြုံယမ်းက ယခုကဲ့သို့သော ဆွေးနွေးမှုအဆိုပြုချက်များကို "ဆိုးလ်နှင့် ညှိနှိုင်းဆွေးနွေးရန် စိတ်ဝင်စားမှုမရှိ" ဟု ပယ်ချခဲ့ပါသည်။ ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲအပြီး စစ်ပြေငြိမ်းရေး စာချုပ်ဖြင့်သာ အဆုံးသတ်ခဲ့ကာ ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုရသေးဘဲ ယနေ့တိုင် စစ်ရေးအရတင်းမာမှုများရှိနေဆဲဖြစ်သည်။
သမ္မတ Lee Jae-myung သည် ယခင်သမ္မတ Yoon Suk-yeol ထက် မြောက်ကိုရီးယားဆိုင်ရာ မူဝါဒတွင် ပျော့ပြောင်းသည့်သဘောထား ရှိသည်ဟုသိရှိရပြီး ၎င်းသည် ကိုရီးယားနှစ်နိုင်ငံ "အတူယှဉ်တွဲ နေထိုင် ကာ ဘုံသာယာဝပြောရေးလမ်းစဉ်ကို ရှာဖွေနိုင်သည့်" ငြိမ်းချမ်းပြီး တည်ငြိမ်သော ကျွန်းဆွယ်တစ်ခု ဖန်တီးလိုကြောင်း မကြာခဏ ထုတ်ဖော် ပြောဆိုလေ့ရှိပါသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး တို့၏ တွေ့ဆုံမှုသည် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ၏ လိုအပ်သော ပြင်ဆင်မှုများ ပြည့်စုံပါက ဖြစ်လာနိုင်ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ဩဂုတ် ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဇီလန်စကီးက ရုရှားနှင့် အဓိပ္ပာယ်ရှိသော ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ် နိုင်ရန် ၎င်းနှင့် ပူတင် တိုက်ရိုက်ပါဝင်ရမည်ဟု အခိုင်အမာ ပြောဆို ထားသည်။ မော်စကိုဘက်မှလည်း ဇီလန်စကီး၏ တရားဝင်မှုကို သံသယ ရှိပြီး ငြိမ်းချမ်းရေးသဘောတူညီချက်မူကြမ်း ရရှိပြီးမှသာ တွေ့ဆုံမှု ဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ပက်စကော့ဗ်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မော်စကို၏ သဘောထား ကို ထပ်လောင်းပြောကြားကာ ပူတင်-ဇီလန်စကီး ထိပ်သီး အစည်းအဝေး သည် "ကျွမ်းကျင်သူများအဆင့် လိုအပ်သောလုပ်ဆောင်မှုများပြီးစီးပြီး လုံလောက်သော တိုးတက်မှု ရရှိပြီးမှသာ" ဖြစ်နိုင်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။
လွန်ခဲ့သောနှစ်က သမ္မတသက်တမ်း ကုန်ဆုံးခဲ့သော်လည်း ဇီလန်စကီး မှာ အာဏာတည်မြဲနေဆဲဖြစ်ပြီး ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထိုသို့သော အခြေအနေတွင် လွှတ်တော်ဥက္ကဋ္ဌထံ အာဏာလွှဲပြောင်းရန် ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင် ဥပဒေအရ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပေ။ ယူကရိန်း၏ ဥပဒေများက စစ်အုပ်ချုပ်ရေးကာလတွင် ရွေးကောက်ပွဲများ မပြုလုပ်ရန် တားမြစ်ထားသော်လည်း ရွေးကောက်ခံ ဥပဒေပြုလွှတ်တော်အမတ်များ၏ သက်တမ်းတိုးရန်ကိုမူ ခြွင်းချက် အနေဖြင့် ခွင့်ပြုထားကာ သမ္မတအတွက် ထိုသို့သော သက်တမ်းတိုးခွင့် မပါရှိပေ။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး Danny Danon က ဟားမက် အဖွဲ့မှ ဓာတ်ပုံနှင့်ဗီဒီယိုများထုတ်ပြန်ပြီးနောက် လုံခြုံရေးကောင်စီက ဂါဇာမှ အရေးပေါ်အခြေအနေနှင့်စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေး ကျင်းပမည်ဟု ပြောကြားလိုက်သည်။ "ကုလသမဂ္ဂလုံခြုံရေး ကောင်စီ သည် ဩဂုတ်လ ၅ ရက်နေ့တွင် ဂါဇာကမ်းမြောင်ဒေသရှိ အခြေအနေ များနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ပြုလုပ်မည်ဖြစ်ကြောင်း" အစ္စရေးသံအမတ်ကြီးက ဩဂုတ် ၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။

ဟားမက်အဖွဲ့မှ ဂါဇာတွင် အကျဉ်းချထားသည့် ဂျာမန်နိုင်ငံသား ၂၁ နှစ် အရွယ် Rom Braslavski နှင့် အစ္စရေးနိုင်ငံသား ၂၄ နှစ်အရွယ် Evyatar David တို့၏ အာဟာရချို့တဲ့ပြီး ပိန်လှီနေသည့် ဗီဒီယိုများကို ထုတ်ပြန် ပြီးနောက် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ သံအမတ်ကြီး Danon က ထိုဓာတ်ပုံများသည် ဟားမက်၏ ရက်စက်မှုကို သက်သေပြ နေခြင်းဖြစ်သည်ဟု ဆိုသည်။ "ကမ္ဘာကြီးက အစ္စရေးအပေါ် ဖိအားများ တိုးနေချိန်မှာပင် ဟားမက်အဖွဲ့က အစ္စရေးအကျဉ်းသားများကို အစားအစာ မကျွေးဘဲ ဆာလောင်မွတ်သိပ်စေကာ နှိပ်စက်နေပါသည်။ လုံခြုံရေး ကောင်စီအနေဖြင့် ဟားမက်၏ နေ့စဉ်၊ အချိန်နှင့်အမျှ ကျူးလွန်နေသည့် ရက်စက်မှုများကို အပြင်းအထန် ရှုတ်ချဖို့ အချိန်တန်ပါပြီ" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အကျဉ်းသား ၂ ဦး၏ လတ်တလော ဓာတ်ပုံများသည် အစ္စရေးပြည်သူ များ၏ အမြင်ကို လှုပ်ခတ်သွားစေပြီး တယ်လ်အဗစ်မြို့တွင် အစိုးရအား ပစ်ခတ်မှုရပ်စဲရန် လိုလားသည့် ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားစေ ခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဩဂုတ် ၃ ရက် တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အား အကျဉ်းသား များထံ အစားအစာရောက်ရှိရေး ကူညီပေးရန် တောင်းဆိုခဲ့သည်။
ဟားမက်၏ လက်နက်ကိုင်တပ် Al-Qassam Brigades မှ ပြန်လည် တုံ့ပြန်သည်မှာ "ဂါဇာကမ်းမြောင်ဒေသ တစ်ခုလုံးတွင် လူသားချင်း စာနာထောက်ထားမှု စားနပ်ရိက္ခာနှင့် အကူအညီလမ်းကြောင်းများ ဖွင့်လှစ် ပေးသည့်အခါမှသာ" အဖွဲ့အား အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ပြုမည် ဟု ဆိုသည်။ ထိုတပ်ဖွဲ့က "အကျဉ်းသားများကို ရည်ရွယ်ချက်ရှိရှိ ဆာလောင်မွတ်သိပ်စေခြင်း မရှိကြောင်း" ပြောကြားသော်လည်း ဂါဇာ တွင် ဖြစ်ပွားနေသည့် "အငတ်ဘေးနှင့် ဝန်းရံပိတ်ဆို့မှု၊ ရာဇဝတ်မှု" နှင့် ပတ်သက်၍ အကျဉ်းသားများအား မည်သည့်အထူးအခွင့်အရေးမျှ ပေးမည် မဟုတ်ဟု ပြင်းပြင်းထန်ထန် ပြောဆိုခဲ့သည်။
ဂါဇာကမ်းမြောင် ပဋိပက္ခသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားမက်က အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်မှုပြုလုပ်ပြီးနောက် စတင် ခဲ့ခြင်းဖြစ်ကာ လူ ၁,၂၀၀ ကျော်သေဆုံးပြီး အကျဉ်းသား ၂၅၁ ဦး ဖမ်းဆီး ခံခဲ့ရသည်။ ယခုအချိန်တွင် လူ ၄၉ ဦး ဂါဇာတွင် အကျဉ်းချထားဆဲဖြစ်ပြီး ၂၇ ဦးမှာ သေဆုံးပြီဟု ယူဆရသည်။ အစ္စရေးစစ်တပ်က ဂါဇာကို လက်စားချေတိုက်ခိုက်မှုများကြောင့် ပြည်သူ ၆၀,၀၀၀ ကျော် သေဆုံးခဲ့ ရပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ဒေသခံကျန်းမာရေး အာဏာပိုင် များက ဆိုသည်။
ကုလသမဂ္ဂကျွမ်းကျင်သူများက မကြာသေးမီက ဂါဇာတွင် အငတ်ဘေး ဆိုက်ကပ် နေကြောင်း သတိပေးခဲ့သည်။ အစ္စရေးက ဂါဇာသို့ အကူအညီ ပို့ဆောင်မှုကို တင်းကျပ်စွာ ကန့်သတ်ထားပြီး ကုလသမဂ္ဂအေဂျင်စီများ၊ လူသားချင်းစာနာထောက်ထားရေးအဖွဲ့များနှင့် ဆန်းစစ်သူများက အစ္စရေး ခွင့်ပြုသော ကုန်ပစ္စည်းအများစုမှာ လုယက်ခံရခြင်းများရှိနေပြီး ပြည်သူ များထံ မရောက်ရှိဟု ဆိုသည်။ နိုင်ငံများစွာက အစ္စရေးနှင့် ဟားမက် တို့အား လူသားချင်းစာနာထောက်ထားရေး အကူအညီများ ဂါဇာသို့ ဝင်ရောက် နိုင်ရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသစ်ရရှိရန် တိုက်တွန်း နေကြသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂