သတင်းများ

ဘရာဇီး၌ အာဏာသိမ်းမှုဖြစ်စဉ်တွင် အမေရိကန်၏ ပါဝင်ပတ်သက်ခဲ့မှု ကို မည်သည့်အခါမျှမမေ့ဟု လူလာပြောဆို

ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါ ဆီလဗာက အမေရိကန် ပြည်ထောင်စုသည် ဘရာဇီးနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်စဉ်တွင် ပါဝင် ကူညီခဲ့သည်ဟု စွပ်စွဲပြီး ၎င်း၏နိုင်ငံအား စီးပွားရေးအရ အရေးယူမှုများ ချမှတ်ရန် နိုင်ငံရေးဖိအားသုံးခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

ဩဂုတ် ၃ ရက်နေ့က ဘရာဆီလီယာမြို့တွင် ကျင်းပသော အလုပ်သမား ပါတီအခမ်းအနားတစ်ခု၌ ပြောကြားရာတွင် လူလာက ဘရာဇီးနိုင်ငံသည် မညီမျှသော ဆက်ဆံမှုများကို လက်မခံဘဲ ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်း တွင် ၎င်း၏အကျိုးစီးပွားကို ကာကွယ်ရန် အဆင်သင့်ရှိကြောင်း သတိပေး ခဲ့သည်။

"နိုင်ငံရေးကိစ္စတစ်ခုကို အကြောင်းပြကာ မိမိတို့ကို စီးပွားရေးအရ အရေးယူမှုများ ချမှတ်ရန် ကြိုးစားခြင်းသည် လက်မခံနိုင်စရာဖြစ်သည်" ဟု လူလာက ပြောကြားခဲ့ပြီး လွန်ခဲ့သည့် သီတင်းပတ်က အမေရိကန်၏ ဘရာဇီးနိုင်ငံမှ တင်ပို့ကုန်များအား ၅၀% အကောက်ခွန် တိုးမြှင့်မည်ဟု ခြိမ်းခြောက်မှုကို ရည်ညွှန်းခဲ့သည်။

"၎င်းတို့က အာဏာသိမ်းမှုကို ကူညီခဲ့သည်ကို မိမိအနေဖြင့် မေ့ပျောက် မည်မဟုတ်ပါ" ဟု လူလာက ဖြည့်စွက်ပြောကြားခဲ့သည်။ ၎င်းသည် ၁၉၆၄ ခုနှစ်က "Operation Brother Sam"၊ ၂၀၁၆ ခုနှစ်က သမ္မတ ဟောင်း ဒီလ်မာ ရူးဆက်ဖ်၏ ရာထူးမှ ပယ်ဖျက်ခံရမှု၊ သို့မဟုတ် သမ္မတ ဟောင်း ဂျိုင်ယာ ဘိုလ်ဆိုနာရို၏ ၂၀၂၂ ရွေးကောက်ပွဲရလဒ်များကို ဖယ်ရှားရန် မကြာသေးမီက ကြိုးပမ်းမှုတို့ကို ရည်ညွှန်းခြင်းရှိ၊ မရှိ ရှင်းလင်းစွာ ဖော်ပြခဲ့ခြင်း မရှိပေ။

သမ္မတ ဒေါ်နယ်ထရမ့်က အကောက်ခွန် ခြိမ်းခြောက်မှုကို ဘိုလ်ဆိုနာရို အပေါ် "အချည်းနှီးသော စွပ်စွဲပြစ်တင်မှု" (witch hunt) နှင့် ဆက်စပ် ခဲ့ပြီး ဘိုလ်ဆိုနာရိုသည် အာဏာသိမ်းရန်ကြိုးပမ်းမှုဖြင့် စွဲချက်တင်ခံ နေရသူဖြစ်သည်။ ဝါရှင်တန်သည် ထိုအမှုကို ကိုင်တွယ်နေသည့် ဘရာဇီး တရားလွှတ်တော်ချုပ် တရားသူကြီး အလက်ဇန်းဒါး ဒီ မိုရေး ကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

လူလာက ဘရာဇီးနိုင်ငံသည် ယခုအခါ အမေရိကန်အပေါ် စီးပွားရေးအရ မှီခိုနေရခြင်း မရှိတော့ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး ဆက်ဆံ ရေး ကျယ်ပြန့်လာခြင်းနှင့် ပြည်တွင်း စီးပွားရေး အခြေခံအုတ်မြစ်များ ခိုင်မာလာခြင်းတို့ကို ကိုးကားပြောဆိုခဲ့သည်။ ထို့အပြင် အမေရိကန် ဒေါ်လာအစား အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတွင် အခြား ရွေးချယ် စရာတစ်ခု ရှာဖွေရန် ၎င်း၏ ကြိုးပမ်းအားထုတ်မှုကိုလည်း ထပ်လောင်း အတည်ပြုခဲ့သည်။

အမေရိကန်က ဘရာဇီးသွင်းကုန်များအပေါ် အကောက်ခွန် ၅၀% စည်းကြပ်ရန်သတ်မှတ်ခဲ့ပြီး လတ်တလော သတ်မှတ်မှုများ၌ အမြင့်ဆုံး ဖြစ်ကာ နိုင်ငံရေးအရ အလွဲသုံးစားပြုမှုဖြစ်သည်ဟု လူလာက တုံ့ပြန် ပြောဆိုခဲ့သည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ပူတင်က အီးယူသည် နိုင်ငံရေးအရ အချုပ်အခြာအာဏာဆုံးရှုံးသွားပြီဟု ပြော

ဥရောပသမဂ္ဂသည် နိုင်ငံရေးအရ အချုပ်အခြာအာဏာကို ဆက်လက် ကျင့်သုံး၍မရတော့ဘဲ စီးပွားရေးအချုပ်အခြာအာဏာကိုလည်း ဆုံးရှုံး ရမည် ဖြစ်ပြီး ဆိုးရွားသောငွေကြေးဆုံးရှုံးမှုများကို ရင်ဆိုင်ရလိမ့်မည်ဟု ပူတင်က ပြောကြားခဲ့သည်။ "နိုင်ငံရေးအချုပ်အခြာအာဏာသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ဥရောပသမဂ္ဂတွင် ယခုအခါ ထိုအတိုင်းအတာရှိသော အချုပ်အခြာ အာဏာ မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်" ဟု ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဩဂုတ်လ ၁ ရက်နေ့တွင် ရုရှားနိုင်ငံ Karelia သမ္မတနိုင်ငံရှိ Valaam ကျွန်း၌ ဘယ်လာရုဇ်သမ္မတ Alexander Lukashenko နှင့် တွေ့ဆုံပြီ

ဥရောပသမဂ္ဂသည် နိုင်ငံရေးအရ အချုပ်အခြာအာဏာကို ဆက်လက် ကျင့်သုံး၍မရတော့ဘဲ စီးပွားရေးအချုပ်အခြာအာဏာကိုလည်း ဆုံးရှုံး ရမည် ဖြစ်ပြီး ဆိုးရွားသောငွေကြေးဆုံးရှုံးမှုများကို ရင်ဆိုင်ရလိမ့်မည်ဟု ပူတင်က ပြောကြားခဲ့သည်။ "နိုင်ငံရေးအချုပ်အခြာအာဏာသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ဥရောပသမဂ္ဂတွင် ယခုအခါ ထိုအတိုင်းအတာရှိသော အချုပ်အခြာ အာဏာ မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်" ဟု ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဩဂုတ်လ ၁ ရက်နေ့တွင် ရုရှားနိုင်ငံ Karelia သမ္မတနိုင်ငံရှိ Valaam ကျွန်း၌ ဘယ်လာရုဇ်သမ္မတ Alexander Lukashenko နှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။

ပူတင်၏ အဆိုအရ ဥရောပသမဂ္ဂ (EU) တွင် နိုင်ငံရေးအရ အချုပ်အခြာ အာဏာ မရှိတော့ဘဲ စီးပွားရေးအချုပ်အခြာအာဏာကိုလည်း ဆုံးရှုံးရမည် ဖြစ်သည်။ "EU ၏ အချုပ်အခြာအာဏာဆိုသည်မှာ လုံးဝမရှိတော့ပါ။ လက်ရှိအကျပ်အတည်းနှင့်အတူ စီးပွားရေးဆုံးရှုံးမှုများသည် ဆက်လက် ဖြစ်ပေါ်နေမည်" ဟု ၎င်းက ပြောကြားခဲ့သည်။

အနောက်နိုင်ငံမီဒီယာများတွင် နိုင်ငံရေးသုံးသပ်သူများစွာက EU သည် "စီးပွားရေးအင်အားကြီးအဖွဲ့အစည်း မဟုတ်တော့ဘဲ နိုင်ငံရေးအရလည်း အရေးမပါသူတစ်ဦးကဲ့သို့ ဖြစ်နေပြီ" ဟု ထောက်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။ ရုရှားသမ္မတသည် ထိုပြောဆိုချက်များနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းချက် မပေးခဲ့ပေ။

ပူတင်၏ထုတ်ပြန်ချက်သည် ဇူလိုင် ၂၇ ရက်တွင် EU နှင့် အမေရိကန် ပြည်ထောင်စုတို့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ကြေညာပြီး နောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုသဘောတူညီချက်တွင် အမေရိကန် က ဥရောပထုတ်ကုန်အများစုအတွက် သွင်းကုန်ခွန်နှုန်းကို ၁၅% အထိ လျှော့ချရန် သဘောတူညီခဲ့သည်။ ယခုလက်ရှိအခွန်နှုန်း (၁၀%) ထက် ၅% တိုးလာခြင်းဖြစ်ပြီး ထရမ့်အာဏာရလာချိန်မတိုင်မီက ပျမ်းမျှ ၁.၂% ထက် သိသိသာသာ မြင့်မားနေဆဲဖြစ်သည်။ အပြန်အလှန်အနေဖြင့် EU သည် အမေရိကန်ကောက်အခွန်များကို တုံ့ပြန်ရန် အစီအစဉ်ကို ရုပ်သိမ်း လိုက်ပြီး အမေရိကန်ထုတ်ကုန်များအတွက် မိမိတံခါးများကို ဖွင့်လှစ်ပေး ခဲ့သည်။ ထို့အပြင် စွမ်းအင်ထုတ်ကုန်များ ဒေါ်လာ ၇၅၀ ဘီလီယံ ဝယ်ယူရန်၊ အမေရိကန်နိုင်ငံတွင် ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်နှင့် အမေရိကန် စစ်ရေးပစ္စည်းများ ပိုမိုဝယ်ယူရန် သဘောတူညီခဲ့သည်။

Reuters ၏ သတင်းအရ စီးပွားရေးသုံးသပ်သူများက ဥရောပသည် ၎င်းတို့ ယူဆထားသည့်အတိုင်း အမေရိကန်ထက် အားသာချက်များစွာ မရှိ သောကြောင့် ဝါရှင်တန်အတွက် ပိုမိုအကျိုးရှိသည့် သဘောတူညီချက်ကို လက်ခံရန် မလွဲမသွေ ဖြစ်လာခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ သဘော တူညီချက်သည် တစ်ဖက်သတ်ဖြစ်ပြီး ဘရပ်ဆဲ(လ်)အတွက် နစ်နာစေသော သဘောတူညီချက်ဖြစ်စေခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုကိုသမ္မတပူတင်က "ဤသည်မှာ ကြိုတင်ခန့်မှန်းနိုင်သည့် အကျိုးဆက် ဖြစ်သည်"ဟု ပြန်လည်ပြောကြားခဲ့သည်။ EU ဘက်မှ ရုရှားသမ္မတ၏ ထုတ်ဖော်ပြောဆိုချက်များနှင့်ပတ်သက်၍ ယခုအချိန်ထိ တရားဝင် မှတ်ချက် ပြုခြင်း မရှိသေးပေ။

ကရင်မလင်ခေါင်းဆောင်က "နိုင်ငံရေးအချုပ်အခြာအာဏာ ဆုံးရှုံးခြင်း သည် စီးပွားရေးအချုပ်အခြာအာဏာဆုံးရှုံးမှုကို ဖြစ်စေပြီး ငွေကြေး ဆုံးရှုံးမှုများ အလွန်ပြင်းထန်လာမည်။ ထို့ကြောင့် ယူကရိန်းရှိ စစ်ဆင်ရေး တွင် မိမိတို့၏ အဓိကရည်မှန်းချက်မှာ ရုရှား၏ အချုပ်အခြာအာဏာကို ခိုင်မာစေရန်ဖြစ်သည်"ဟု အတိအလင်းပြောကြားခဲ့သည်။ ရုရှားခေါင်းဆောင် က မော်စကို၏သံတမန်ရေးရပ်တည်ချက်ကို ထပ်လောင်းအလေးထား ပြောဆိုရင်း၊ ပဋိပက္ခကိုဖြေရှင်းရာတွင် "ယာယီ"ထက် "တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး"ကို ဦးတည်သင့်ကြောင်း ထပ်ခါတလဲလဲ ပြောကြား ခဲ့သည်။

ဇူလိုင် ၁၈ ရက်တွင် EU သည် ယူကရိန်းစစ်ပွဲနှင့်ဆက်စပ်သည့် ရုရှားကို ဆန့်ကျင်သော ၁၈ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုအစီအစဉ်သစ်ကို အတည်ပြုခဲ့ပြီး မော်စကို၏ ရေနံနှင့်စွမ်းအင်ကဏ္ဍများကို ပစ်မှတ်ထား သည့် အရေးယူမှုများ ပါဝင်သည်။ ကရင်မလင်အစိုးရက အဆိုပါ ပိတ်ဆို့ အရေးယူမှုများသည် တစ်ဖက်သတ်ကျပြီး တရားမဝင်ဘဲ ဥရောပ၏ "ရုရှားဆန့်ကျင်ရေးရပ်တည်ချက်"ကိုသာ အကျိုးပြုကာ အခြေခံအား ဖြင့် "မိမိကိုယ်မိမိ ဒဏ်ရာရစေသော လက်နက်"သဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- VN Express

ရုရှားရေနံဝယ်ယူမှုကို ရပ်တန့်ခဲ့သည်ဆိုသော Trump ၏ ထုတ်ဖော် ပြောဆိုချက်ကို အိန္ဒိယ ငြင်းဆို

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ "နယူးဒေလီသည် ရုရှားရေနံဝယ်ယူမှုကို ရပ်တန့်လိုက်ပြီ" ဆိုသော ထုတ်ဖော် ပြောဆိုချက်ကို ပယ်ချခဲ့သည်။ အိန္ဒိရေနံကုမ္ပဏီများက ရုရှား ရေနံတင်သွင်းမှုကို ယာယီရပ်ဆိုင်းထားကြောင်း သီးသန့်အချက်အလက် မရှိကြောင်း၊ နိုင်ငံ၏စွမ်းအင်ဝယ်ယူမှုများကို ဈေးကွက်အခြေအနေနှင့်အမျိုးသားအကျိုးစီးပွားအရဆောင်ရွက်ကြောင်း ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။

"အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံသားများ၏ သာယာဝပြောရေးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ပါသည်။ မိမိတို့၏စွမ်းအင်ဝယ်ယူမှုများကို ဈေးနှုန်း၊ ရရှိနိုင်မှုနှင့် ဈေးကွက်အခြေအနေများအပေါ် အခြေခံ ဆုံးဖြတ်မည်" ဟု ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုပြောကြားချက်များသည် ထရမ့်က "အိန္ဒိယသည် ရုရှားရေနံဝယ်ယူမှု ကို ရပ်တန့်လိုက်ပြီ" ဟု ပြောဆိုပြီးနာရီပိုင်းအကြာတွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။ "အိန္ဒိယသည် ရုရှားရေနံကို ဆက်လက် မဝယ်ယူ တော့ဟု ကြားသိရကြောင်း ၊ အဆိုပါသတင်း မှန်၊ မမှန်ကိုမူ မသိရှိကြောင်း နှင့် ထိုကဲ့သို့ဖြစ်လာပါက ကောင်းမွန်သည့် လုပ်ဆောင်မှု ဖြစ်လာမည်” ဟု ဝါရှင်တန်ဒီစီရှိ သတင်းထောက်များအား ထရမ့်က ပြောကြားခဲ့သည်။

ဝါရှင်တန်သည် အိန္ဒိယမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် ဇူလိုင် ၃၁ ရက်နေ့က သတ်မှတ်ခဲ့ပြီး ရုရှားမှ ရေနံစိမ်းနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူမှုအတွက် ထပ်ဆောင်း ဒဏ်ငွေကိုလည်း ချမှတ်ခဲ့သည်။ ဒေါ်နယ်ထရမ့်နှင့် အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး မာကိုရူဘီယိုတို့က အိန္ဒိယသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်မှုများကြားတွင် လျှော့ဈေးဖြင့် ရုရှားရေနံများ ဆက်လက် ဝယ်ယူနေမှုကို ဝေဖန်ကာ နယူးဒေလီသည် ရုရှား၏စစ်ရေး အားထုတ်မှု ကို အထောက်အကူပြုနေသည်ဟု စွပ်စွဲခဲ့သည်။  ရူဘီယိုက ရုရှားနှင့် အိန္ဒိယ ကြား စွမ်းအင်ကုန်သွယ်မှုသည် ဝါရှင်တန်-နယူးဒေလီ ဆက်ဆံရေးတွင် အငြင်းပွားဖွယ်ရာအချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရက ၎င်း၏စွမ်းအင်ရောင်းဝယ်ရေးမူဝါဒသည် နိုင်ငံ အကျိုး စီးပွားနှင့် လူဦးရေ ၁.၄ ဘီလီယံ၏ စီးပွားရေး တိုးတက်မှု လိုအပ်ချက် များအပေါ် အခြေခံကြောင်း အခိုင်အမာပြောဆိုလျက်ရှိသည်။ နယူးဒေလီ အရာရှိများက အနောက်နိုင်ငံများ၏ ကြီးမားသောဖိအားများကြားတွင် ရုရှား ရေနံဝယ်ယူမှုမြှင့်တင်ခြင်းဖြင့် ကမ္ဘာ့ဈေးကွက်အား ရေနံဈေးနှုန်း မြင့်တက်မှုမှ ကာကွယ်ပေးခဲ့ကြောင်း မကြာခဏ ထုတ်ဖော် ပြောဆို ခဲ့သည်။

ဗီယက်နမ်နိုင်ငံက အမေရိကန်စစ်သားပျောက်ဆုံးမှုနှင့် ပတ်သက်သည့် မှားယွင်းသောသတင်းအချက်အလက်များကို ကန့်ကွက်

ဗီယက်နမ် ပြည်ပရေးရာဝန်ကြီးဌာနက အမေရိကန်အခြေစိုက်အဖွဲ့ တစ်ခု၏ MIA ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာတွင် ပါဝင်သည့် မှားယွင်းသော အချက်အလက်များကို အတိအလင်းကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

"အဆိုပါအချက်အလက်များသည် လွဲမှားပြီး မမှန်ကန်သော အချက်အလက် များဖြစ်သောကြောင့် မိမိတို့အနေဖြင့် အတိအလင်း ကန့်ကွက်သည်" ဟု ဩဂုတ်လ ၂ ရက်နေ့တွင် ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်က ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန် စစ်သား ပျောက်ဆုံးမှု များအား ရှာဖွေရန် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အပေါ် အရှေ့တောင်အာရှရှိ အကျဉ်းသားနှင့် ပျောက်ဆုံး စစ်သား မိသားစု များ အမျိုးသားအဖွဲ့ချုပ် (National League of Families of Prisoners of War and Missing Persons in Southeast Asia) ၏ အစီရင်ခံစာပါ အချက်အလက်များနှင့်ပတ်သက်၍ ဗီယက်နမ်၏ တုံ့ပြန်ချက်ကို မေးမြန်းချက် အပေါ် ဖြေကြားခဲ့သည်။

ဇွန်လ ၂၁ ရက်နေ့စွဲဖြင့် ဗာဂျီးနီးယားအခြေစိုက် အဖွဲ့အစည်းက ဗီယက်နမ် သည် အမေရိကန်ပျောက်ဆုံးစစ်သားများအား ရှာဖွေရာတွင် "အချို့သော အချက်များတွင် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်" ဟု ဖော်ပြ ထားသော်လည်း အဆိုပါလုပ်ငန်း၏ ကုန်ကျစရိတ်မှာ "အလွန်မြင့်မား လွန်းသည်" ဟု ဆိုထားသည်။

ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်စစ်သားပျောက်ဆုံးမှုများအား ရှာဖွေရန် လူသားချင်းစာနာမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ဗီယက်နမ်နှင့် အမေရိကန် အစိုးရများက နှစ် ၅၀ ကျော်ကြာ တက်ကြွစွာ အကောင်အထည်ဖော်ခဲ့ပြီးထောင်နှင့်ချီသော အမေရိကန်စစ်သား အလောင်းအား ရှာဖွေကာ မိသားစုများထံ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

"ဤသည်မှာ အလွန်အဓိပ္ပာယ်ရှိသော ရလဒ်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံကြား စစ်၏နောက်ဆက်တွဲဆိုးကျိုးများ ဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေကာ ဗီယက်နမ်-အမေရိကန် ယုံကြည်မှုနှင့် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရာတွင် လူသားချင်း စာနာမှုဆိုင်ရာ စံနမူနာတစ်ခုလည်း ဖြစ်ပါသည်။ ဗီယက်နမ်၏ MIA ပူးပေါင်းဆောင်ရွက်မှု၏ ထိရောက်မှုကို အမေရိကန်ဘက်မှ အမြဲတမ်း အသိအမှတ်ပြုခဲ့ပြီး အပြည်ပြည်ဆိုင်ရာဆက်ဆံရေးတွင် စံနမူနာတစ်ခု အဖြစ် အသိအမှတ်ပြုထားသည်" ဟု ပြောရေးဆိုခွင့်ရှိသူက အလေးအနက် ထည့်သွင်းပြောကြားခဲ့သည်။

အနာဂတ်တွင် နှစ်နိုင်ငံသည် ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗီယက်နမ်-အမေရိကန် ဆက်ဆံရေးကို အပြည့်အဝ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးအဆင့်သို့ အဆင့်မြှင့်တင်ရန် ပူးတွဲကြေညာချက်၏ သဘောထားနှင့်အညီ ထို နယ်ပယ်တွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စစ် ဟန်က အတည်ပြုပြောကြားခဲ့သည်။

ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်စစ်သား ပျောက်ဆုံးမှုများအား ရှာဖွေရန် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ကို ၁၉၇၃ ခုနှစ်တွင် ပါရီငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုး ပြီးနောက် နှစ်နိုင်ငံက စတင်အကောင်အထည်ဖော်ခဲ့သည်။ ဗီယက်နမ် ပျောက်ဆုံးသူများရှာဖွေရေးရုံး (VNOSMP) မှ နောက်ဆုံးအကြိမ်အမေရိကန် စစ်သားအလောင်းများကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်မှာ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဒါနန်မြို့၌ ကျင်းပသော နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၃၀ နှစ်ပြည့် အခမ်းအနားတွင် ဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဌာန၊ စစ်သုံ့ပန်း/စစ်ပွဲအတွင်း ပျောက်ဆုံးသူ များ ရှာဖွေရေးအေဂျင်စီ (DPAA) ၏ ဒါရိုက်တာ ကယ်လီ မက်ကီဂူး သည် ဇူလိုင် ၈-၁၂ ရက်များတွင် ဗီယက်နမ်သို့ လာရောက်ခဲ့ပြီး DPAA အနေဖြင့် အမေရိကန်လွှတ်တော်၊ အစိုးရနှင့် အရာရှိများအား ဗီယက်နမ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗီယက်နမ် ရှိ စစ်နောက်ဆက်တွဲဆိုးကျိုးများ ဖြေရှင်းရေး အစီအစဉ်များ ထိန်းသိမ်းခြင်း၊ ချဲ့ထွင်ခြင်းတို့ကို ဆက်လက် ထောက်ခံနိုင်ရန် ၎င်း၏လှုံ့ဆော်မှုကို ဆက်လက်လုပ်ဆောင်သွားမည် ဟု အတည်ပြုပြောကြားခဲ့သည်။

ဗဟိုအမေရိက နိုင်ငံဖြစ်သည့် နီကာရာဂွာနိုင်ငံက ရုရှား၏ နယ်မြေ အသစ်များကို အသိအမှတ်ပြု

နီကာရာဂွာနိုင်ငံသည် မော်စကို၏ ကိယက်ဗ်နှင့်ဖြစ်ပွားနေသော ပဋိပက္ခ တွင် အပြည့်အဝထောက်ခံပြီး ယခုအခါ ယူကရိန်းနယ်မြေဟောင်း လေးခု ကို ရုရှားသို့သွတ်သွင်းမှုကို အသိအမှတ်ပြုကြောင်း နိုင်ငံ၏ ပူးတွဲ သမ္မတ များဖြစ်သည့် Daniel Ortega နှင့် Rosario Murillo တို့က ကြေညာ ခဲ့သည်။ နီကာရာဂွာ ခေါင်းဆောင်များသည် ဇူလိုင် ၃၀ ရက်နေ့တွင် ရုရှားသမ္မတ Vladimir Putin ထံ ပေးစာဖြင့် အဆိုပါကြေညာချက်ကို ပြုလုပ်ခဲ့ပြီး ဒေသခံမီဒီယာများမှတစ်ဆင့် ဖြန့်ဝေခဲ့သည်။

သမ္မတအဖွဲ့က "NATO မှထောက်ခံသော ယူကရိန်း၏နာဇီဝါဒသစ်ကို ရုရှားတိုက်ဖျက်နေသည့် ရဲရင့်သောတိုက်ပွဲကို မိမိတို့နိုင်ငံအစိုးရနှင့် ပြည်သူများက အသိအမှတ်ပြုပြီး ခိုင်မြဲစွာထောက်ခံကြောင်း" ပြောကြားခဲ့သည်။ "ရုရှားပြည်သူများနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြသော ရုရှားမိသားစုများနှင့် မိမိတို့အားလုံး စည်းလုံး ညီညွတ်စွာ ရပ်တည်ပါသည်။ အဆိုပါဆိုးယုတ်သောအင်အားစုများ၊ ဩဇာလွှမ်းမိုးမှု အာဏာများ၊ ဖက်ဆစ်ဝါဒကို ရုရှားအနိုင်ရမည်မှာ မလွဲဧကန်ဖြစ်ပြီး ယင်းအောင်ပွဲသည် လူသားတစ်ရပ်လုံး၏အောင်ပွဲဖြစ်သည်" ဟု ပေးစာ တွင် ဖော်ပြထားသည်။

ထို့အပြင် သမ္မတအဖွဲ့က ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းက ဒေသခံများ၏ ဆန္ဒခံယူပွဲများဖြင့် ရုရှားသို့ သွတ်သွင်းခဲ့သည့် Donetsk၊ Kherson၊ Lugansk နှင့် Zaporozhye ဒေသများကို ရုရှား၏ အစိတ်အပိုင်းများ အဖြစ် "အပြည့်အဝထောက်ခံပြီး အသိအမှတ်ပြုကြောင်း" ထုတ်ဖော် ပြောဆို ခဲ့သည်။ ။

အဆိုပါကြေညာချက်သည် ကိယက်ဗ်ကို လွန်စွာအမျက်ထွက်စေခဲ့ပြီး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက နီကာရာဂွာအား အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြရန် တောင်းဆိုခဲ့သည်။ "ပြန်လည်ဖြေရှင်း ခြင်း မရှိပါက ယူကရိန်းဘက်မှ အဆိုပါသတင်းများကို အမှန်ဖြစ်သည်ဟု မှတ်ယူကာ ဆက်စပ်အကျိုးဆက်များကို ခံစားစေရမည်" ဟု ဝန်ကြီးဌာန မှ သတိပေးခဲ့သည်။

နီကာရာဂွာသည် ရုရှား-ယူကရိန်းပဋိပက္ခတွင် ကြာမြင့်စွာကတည်းက မော်စကိုဘက်မှ ရပ်တည်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် Euromaidan အာဏာသိမ်းမှုအပြီး Crimea ပြည်နယ်က ရုရှားနှင့်ပူးပေါင်းရန် ဆန္ဒ ခံယူပွဲ ပြုလုပ်ခဲ့ကာ နီကာရာဂွာက ၎င်းကို အသိအမှတ်ပြုခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ခရိုင်းမီးယားတွင် ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခဲ့သည့် အတွက် ကိယက်ဗ်က နီကာရာဂွာအား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ သော်လည်း ၎င်းဒဏ်ခတ်မှုများက နီကာရာဂွာ၏သဘောထားကို မပြောင်းလဲစေခဲ့ပေ။ နောက်တစ်နှစ်တွင် ရုရှား၏ ခရိုင်းမီးယား ကျွန်းဆွယ်နှင့် ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်အဖြစ် ချုပ်ဆိုခဲ့ပြီး ပဋိပက္ခတိုက်ပွဲ များကြားတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးချဲ့ခဲ့သည်။

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

၁။ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၆ လမ်းနှင့် ၇ လမ်းကြား၊ ၇၄ (B) လမ်းတွင် ပါတီရုံးချုပ်တည်ရှိသော မျိုးဆက်သစ်ဝံသာနုပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၅-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။ ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇) ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကျင်းပ

နေပြည်တော် ဩဂုတ် ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစိုးရအဖွဲ့သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တို့တာဝန်အရေး (၃) ပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အား ဦးထိပ်ထားပန်ဆင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားရန်လိုကြောင်း၊ အလားတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်အား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများမရှိသင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးက ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရန်လိုကြောင်း၊ ပြည်သူများ၏လိုလားချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် ရွေးကောက်ပွဲသည် အဓိကကျကြောင်း၊ ထို့ကြောင့် ယခုနှစ်ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်သည်ကို နိုင်ငံတော်အကြီးအကဲက ပြည်သူများကို အသိပေးပြောကြားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒမဲမပေးနိုင်သူများအား ကြိုတင်မဲများပေးနိုင်ရေး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးသွားရန်လိုကြောင်း။

နိုင်ငံတော်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ကဏ္ဍများအလိုက် ပါဝင်ဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို ဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူအများစုသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ဆောင်ရွက်ကြခြင်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ပြီး ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံ့စီးပွားမှာလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတိုးတက်ထုတ်လုပ်နိုင်ရေး အားလုံးကအလေးပေးဆောင်ရွက် သွားကြရန်လိုကြောင်း၊ စိုက်ပျိုးမြေများကို စနစ်တကျအသုံးချရန်လိုသကဲ့သို့ တစ်ဧကပန်းတိုင် အထွက်နှုန်းများ တိုးတက်ရေးနှင့်သီးထပ်စွမ်းအားမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ သို့မှသာ ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိမည်ဖြစ်သည့်အပြင် ပြည်ပသို့ပါတင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအတွက်လည်း နိုင်ငံတော်အနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

အလားတူ စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်သည့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဆီဖူလုံရေးနှင့်ပတ်သက်၍ ဆီထွက်သီးနှံများမှ မိမိတို့နိုင်ငံအတွက်လိုအပ်သည့် စားသုံးဆီများထုတ်လုပ်နိုင်သည့်အတွက် ပြည်ပသွင်းကုန် အစားထိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းဆီဖူလုံရေး၊ ဆီချွေတာနိုင်ရေးအတွက် ယခင်ကတည်းက ဆောင်ရွက်လျက်ရှိသော်လည်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆီထွက်သီးနှံများ ထုတ်လုပ်မှုပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးနိုင်သည့် နေရာများတွင် ဦးစားပေးကဏ္ဍ တစ်ရပ်အနေဖြင့်ဆောင်ရွက်၍ အထွက်ကောင်းအောင်စိုက်ပျိုးရန်နှင့် နေကြာစိုက်ပျိုးမှုအား ယခုထက် ပိုမိုတိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရန်လိုကြောင်း။

“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုသည့်အတိုင်း လက်တွေ့ကျသည့်လုပ်ငန်းများတွင် ကျေးလက်စီးပွားရေးမြှင့်တင်ခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို မိမိတို့နိုင်ငံ၏ အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်နှင့် ချင်းတွင်းမြစ် ရိုးတစ်လျှောက်တွင် စိုက်ပျိုးမြေများစွာရှိပြီး အဆိုပါစိုက်ပျိုးမြေများကို ထိရောက်စွာအသုံးချသွားရန်လိုကြောင်း၊ စားရေရိက္ခာဖူလုံရေးအတွက် အသားငါးများ ပြည်တွင်း၌ ဖူလုံမှုရှိအောင် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး စသည်တို့ကိုလည်း ဒေသအလိုက်မွေးမြူသွားကြရန်လိုကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများကို နိုင်ငံတော်ဖွံ့ဖြိုးရေးဆောင်ရွက်ရန်အတွက် ကဏ္ဍအလိုက် ရန်ပုံငွေများကိုချထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လုပ်ငန်းများဆောင်ရွက်ရန်အတွက် နှစ်စဉ်ချထားပေးသည့် နိုင်ငံတော်ရန်ပုံငွေများကို အကျိုးရှိစွာဖြင့်အသုံးချပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံသားများ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”ဆိုသည့်အတိုင်း နိုင်ငံတစ်ဝန်းပညာရေးကဏ္ဍ တိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အတတ်ပညာသည် အတန်းပညာကိုအခြေခံသဖြင့် အတန်းပညာများမြင့်မားစေရေး မဖြစ်မနေအားပေး ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်ရေးနှင့် တန်းစဉ်ကူးပြောင်းမှုများ တိုးတက်စေရေး အလေးထားဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေးအတွက် သက်ဆိုင်ရာပညာရေးဝန်ကြီးဌာန အနေဖြင့် လေ့လာသုံးသပ်သုတေသနပြုလုပ်၍ ကုစားနိုင်မည့်နည်းလမ်းများကို ရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ နောင်လာမည့် အစိုးရအနေဖြင့်လည်း နိုင်ငံ၏ပညာရေးကဏ္ဍ မြင့်မားရေးကို ဆက်လက်အားပေးဆောင်ရွက် နိုင်ရန်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးထားခဲ့ရမည်ဖြစ်ကြောင်း။

ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ရောဂါဖြစ်ပွားလာပါကအရည်အသွေးပြည့်ဝသည့် ဆေးဝါးကုသမှုပေးနိုင်ရေး ထိထိရောက်ရောက် ဖော်ဆောင်နိုင်မည့်မူဝါဒများ၊ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့ဒေသများတွင် အကြမ်းဖက်မှုနှင့် ပဋိပက္ခများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် အားနည်းချက်များ ရှိနေသေးကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအပြင် ကျန်းမာရေးနှင့်နှီးနွယ်ကြသူများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းခန့်အပ်သည့်အချိန်တွင်လည်း သက်ဆိုင်ရာတာဝန်ကျသည့် နယ်မြေဒေသများသို့ အမှန်တကယ်သွားရောက်တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ သွားရောက်သည့်ကာလတွင်လည်း အချိန်ကာလတစ်ခု သတ်မှတ်၍တာဝန်ပေးအပ်သွားရန်လိုကြောင်း။

နိုင်ငံတော်အကြီးအကဲမှ ချမှတ်ထားသည့် “ကျန်းမာမှပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်”၊ “လူ့အသက်ထက်အရေးကြီးတာ ဘာမျှမရှိ”၊ ဆေးရုံတိုင်း ဆရာဝန်ရှိရမည်” ဆိုသည့် မူဝါဒအတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြု ပစ္စည်းများဖြည့်ဆည်းပေးနိုင်ရေး နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း။

နိုင်ငံတော်သာယာဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းစို့

ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ ရေကြီးခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းများ၊ မြစ်ချောင်းများတိမ်ကောမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်လာခြင်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းကြောင့်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းစိမ်းလန်းစိုပြည်သာယာရေးအတွက် မိမိတို့အနေဖြင့် သစ်တောသစ်ပင်များနှင့် သဘာဝပတ်ဝန်းကျင် ကိုထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုအနေဖြင့် ယခင်က ၅၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ယခုအခါ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိသည့်အတွက် သစ်တောဖုံးလွှမ်းမှုများ တိုးတက်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် နှစ်ရှည်ပင်များကို တိုးချဲ့စိုက်ပျိုးသွားရန်လိုကြောင်း၊ “နိုင်ငံတော်သာယာဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆိုသည့်အတိုင်း သစ်တောဧရိယာများ၌ နှစ်ရှည်ပင်များနှင့် အရိပ်ရလေကာပင်များကို တိုးချဲ့စိုက်ပျိုးသွားကြရန်လိုကြောင်း။

နိုင်ငံတော်အတွက် လက်ရှိအချိန်တွင် ဆောင်ရွက်ရန်လိုအပ်သည်များကို မိမိတို့ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အားလုံးအတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့မျှော်မှန်းထားသည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်မည်ဖြစ်ကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍများအလိုက် သီးသီးရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်ဘေးဒဏ်ကျရောက်ခဲ့သည့်ဒေသများ၌ မိုးတွင်းကာလဖြစ်သဖြင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များရှိသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သမျှကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း၌ သင့်တင့်သည့်ကုန်ဈေးနှုန်းများဖြစ်စေရေး ဝန်ကြီးဌာနများအပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များအလိုက် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရမှုများနှင့်စပ်လျဉ်း၍ ထောက်ပံ့ရေးလုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက် ပေးသွားကြစေလိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေးအတွက်လည်း ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက်လိုအပ်သည့် ဓာတ်မြေဩဇာများအချိန်မီ ရရှိစေရေးအလေးထား ဆောင်ရွက် ရန်လိုအပ်ကြောင်းဖြည့်စွက်ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကိုဆောင်ရွက်ပြီး နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံခြားငွေများ ယခုထက်ပိုမိုတိုးတက်ရရှိမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း တောင်သူများ၏ စားဝတ်နေရေးအတွက် ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ်မိုးရာသီတွင် စိုက်ဧကပြည့်မီစေရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေးအတွက် ဓာတ်မြေဩဇာများ ကို တောင်သူများလက်ဝယ် အချိန်မီရောက်ရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးအနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုကာလတွင် နိုင်ငံတော်အနေဖြင့် အခက်အခဲများကိုကျော်လွှားပြီး ဆောင်ရွက်နိုင်ခဲ့သည်များရှိပါကြောင်း၊ အစိုးရအဖွဲ့ဝန်ကြီးများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရသည့်ကာလအတွင်း နိုင်ငံတော်၏ရည်မှန်းချက်များနှင့် ဦးတည်ချက်(၄)ရပ်တို့ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အားလုံးအတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

MOI

သမ္မတ ထရမ့်က ရုရှားအပေါ် ဒဏ်ခတ်မှုများ ထိရောက်မည်မဟုတ်ဟု ဝန်ခံသော်လည်း ဆက်လက်အကောင်အထည်ဖော်မည်ဟု ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားနိုင်ငံအပေါ် သက်ရောက်မည့် အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုများသည် နောက်ဆုံးတွင် ထိရောက်မှု ရှိမည်မဟုတ်ကြောင်း ဝန်ခံခဲ့သည်။ သို့သော် ယူကရိန်းပဋိပက္ခကို အလျင်အမြန် အဖြေရှင်းနိုင်မည့် သဘောတူညီချက် မရရှိပါက ၎င်း၏ အစိုးရအနေဖြင့် ဒဏ်ခတ်မှုများကို ဆက်လက် အကောင်အထည်ဖော် သွားမည်ဟု အတည်ပြုပြောကြားခဲ့သည်။

ယခုသီတင်းပတ်အတွင်း သမ္မတထရမ့်သည် ရုရှားနှင့် ယူကရိန်းတို့ အတွက် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် သတ်မှတ်ထားသည့် မူလ ရက်ပေါင်း ၅၀ ကို ၁၀ ရက်သို့ ရုတ်တရက် လျှော့ချသတ်မှတ်ခဲ့သည်။ ထိုသို့ သဘောတူညီချက် မရရှိပါက ၁၀၀ ရာခိုင်နှုန်းပြည့် အကောက်ခွန် များနှင့် ရုရှား၏ ကုန်သွယ်ဖက်နိုင်ငံများကို ပစ်မှတ်ထားသည့် အရေးယူ မှုများအပါအဝင် ကျယ်ပြန့်သော အရေးယူမှုများ ချမှတ်မည်ဟု သတိ ပေးခဲ့သည်။

ထရမ့်က ၎င်း၏ အထူးကိုယ်စားလှယ် Steve Witkoff သည် ယခု သီတင်းပတ်အတွင်း အစ္စရေးနှင့် ဂါဇာသို့ သွားရောက်ပြီးနောက် ရုရှားသို့ ခရီးဆက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ Witkoff သည် ယခင်က ပူတင်နှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့ဖူးသူ ဖြစ်သည်။

အမေရိကန်၏ ယာယီ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် John Kelley က ထရမ့်သည် ဩဂုတ်လ ၈ ရက်နေ့မတိုင်မီ စစ်ရပ်စဲရေး မျှော်မှန်း ထားကြောင်း အတည်ပြုခဲ့သည်။ မကြာသေးမီသီတင်းပတ်များအတွင်း ထရမ့်သည် မော်စကို၏ ရပ်တည်ချက်များအပေါ် မကျေနပ်မှုများကို သိသိသာသာဖော်ပြလာခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က မော်စကိုသည် ထရမ့်၏ ပြောဆိုချက်များကို သတိပြုမိကြောင်း ဖော်ပြခဲ့သော်လည်းခြိမ်းခြောက်မှုကို အရေးမပါဟု သဘောထားခဲ့သည်။ "မိမိတို့သည် ကြာမြင့်စွာကတည်းက များပြားလှသော ဒဏ်ခတ်မှုများအောက်တွင် နေထိုင်ခဲ့ပြီးဖြစ်သည်" ဟု Peskov က ဇူလိုင် ၃၀ ရက်နေ့က ပြောကြား ခဲ့သည်။ ဒဏ်ခတ်မှုများကို ခံနိုင်စွမ်းရှိသည်ဟု ၎င်းက ဖြည့်စွက် ပြောဆို ခဲ့ပြီး ရုရှားသည် ၎င်း၏ အကျိုးစီးပွားနှင့် "အသစ်ဖြစ်ပေါ်နေသော နယ်မြေ အခြေအနေများ" ကို လေးစားသည့် စည်းမျဉ်းများဖြင့် ငြိမ်းချမ်းရေး အတွက် ကတိကဝတ်ပြုထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ဝန်ကြီး-၂

ဇီလန်စကီးက ရုရှားတွင် အစိုးရအပြောင်းအလဲပြုလုပ်ရန် တောင်းဆို

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက အနောက်နိုင်ငံများအား မော်စကိုတွင် အစိုးရအပြောင်းအလဲပြုလုပ်ရန်အတွက် ဖိအားပေးရန် တောင်းဆိုခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ရုရှား၏ကျူးကျော်မှုမှ ကာကွယ်နိုင်မည်ဟု ဆိုသည်။

ဇီလန်စကီးက Helsinki Final Act ၏ ၅၀နှစ်ပြည့် အခမ်းအနားတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ Helsinki သဘောတူညီချက်သည် အားလုံးအတွက် တန်းတူညီမျှပြီး ခွဲခြား၍မရသော လုံခြုံရေးကို အလေး ထားခဲ့သည်။ အဆိုပါ အခမ်းအနားအတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလာဗရော့က ပေးပို့ခဲ့သည့် သဝဏ်လွှာတွင် “အနောက်နိုင်ငံ များ၏ ယင်းအခြေခံသဘောတရားများကို သစ္စာဖောက်မှုကြောင့်ပင် ယူကရိန်းပဋိပက္ခ စတင်ခဲ့ရသည်” ဟု ဆိုသည်။

ဇီလန်စကီးက ၎င်း၏ အွန်လိုင်းမိန့်ခွန်းတွင် "ရုရှားကို ယခု စစ်ပွဲ ရပ်တန့်ရန် ဖိအားပေးနိုင်သည်ဟု မိမိအနေဖြင့် ယုံကြည်သော်လည်း အကယ်၍ ကမ္ဘာက ရုရှားမှာ အစိုးရပြောင်းရန် ရည်မှန်းချက် မထားဘူး ဆိုပါက ထိုအချက်သည် စစ်ပွဲပြီးဆုံးသွားလျှင်တောင်မှ မော်စကိုက အိမ်နီးချင်းနိုင်ငံတွေကို မတည်ငြိမ်အောင် ဆက်လုပ်နေဦးမည်ဟု ဆိုလို တာပါ" ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ "ရုရှားပိုင်ပစ္စည်းများကို ထိန်းချုပ်ထားရုံမျှဖြင့် မလုံ လောက်ဘဲ အပြီးတိုင်သိမ်းယူရန် အချိန်တန်ပြီ" ဟု ၎င်းက ပြောကြား ခဲ့ပြီး ယူကရိန်းကို အထောက်အပံ့ပေးလျက်ရှိသော နိုင်ငံများအား ရုရှား ၏ ပိုင်ဆိုင်မှုအားလုံးကို ကျူးကျော်မှုကို ကာကွယ်ရန်အတွက် အသုံး ချရန် တိုက်တွန်းခဲ့သည်။

မော်စကိုဘက်မှ ရုရှားသည် EU နှင့် NATO ကို တိုက်ခိုက်ရန် အစီအစဉ် ရှိကြောင်း ယူဆချက်များကို အဓိပ္ပာယ်မရှိသော စွပ်စွဲမှုများဖြစ်သည်ဟု အကြိမ်ကြိမ်ပယ်ချခဲ့သည်။ လာဗရော့က EU သည် နာဇီဂျာမနီ၏ ဝါဒဆိုး များ ပြန်လည်ပေါ်ထွန်းလာစေသည့် အာဏာရှင်စနစ် (Fourth Reich) တွင် နစ်မြုပ်လာနေပြီဟု ပြောကြားခဲ့ပြီး ၊ ရုရှားဆန့်ကျင်ရေး လှုံ့ဆော်မှု များနှင့် စစ်အင်အားတိုးချဲ့မှုများကို ၎င်းတို့၏ စီးပွားရေးကျဆင်းမှုကို ဖုံးကွယ်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။ သမ္မတ ဗလာဒီမာ ပူတင် ကလည်း အလားတူ စွပ်စွဲခဲ့သည်။

ထိုင်းနိုင်ငံက ဖမ်းဆီးထားသော ကမ္ဘောဒီးယားစစ်သား ၂ ဦးကို ပြန်လည် လွှတ်ပေး

ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားစစ်သား ၂ ဦးကို နယ်စပ်မှတစ်ဆင့် ပြန်လည်လွှတ်ပေးခဲ့သော်လည်း အခြားစစ်သား ၁၅ ဦးကိုမူ ယခုထိ လွှတ်ပေးခြင်း မရှိသေးပေ။ ဩဂုတ် ၁ ရက် မွန်းလွဲပိုင်းတွင် ထိုင်း၏ Military Region 2 သည် Surin ခရိုင်ရှိ လုံခြုံရေးနှင့် ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်း၍ နယ်စပ်ပဋိပက္ခစတင် ဖြစ်ပွားချိန် မှစ၍ ဖမ်းဆီးထားသော ကမ္ဘောဒီးယားစစ်သား ၁၈ ဦးအနက်မှ ၂ ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်။

ထိုစစ်သား ၂ ဦးမှာ Second Lieutenant Ang Oeung (၃၇ နှစ်) နှင့် Sergeant Mom Vuthy (၅၃ နှစ်) တို့ဖြစ်ပြီး Oddar Meanchey ခရိုင်ရှိ O'Smach နယ်စပ်ဂိတ်မှတစ်ဆင့် နံနက် ၁၁ နာရီတွင် ပြန်လည် ရောက်ရှိ ခဲ့သည်။ ကမ္ဘောဒီးယားမီဒီယာများအရ ၎င်းတို့သည် ကျန်းမာရေး အခြေအနေ မကောင်းဘဲ ပြန်လာခဲ့ကြောင်း သိရသည်။ တစ်ဦးမှာ ဘီးတပ် ကုလားထိုင် တွင် ထိုင်လျက်၊ အခြားတစ်ဦးမှာ ခြေဗလာဖြင့် စိတ်ဖိစီးမှုလက္ခဏာများ ပြသလျက် ရှိသည်။

ထိုင်းစစ်တပ်က Sergeant Mom Vuthy ၏လက်မောင်းကျိုးပြီး ညာဘက်တင်ပါးဆုံတွင် ဒဏ်ရာရရှိထားကြောင်း၊ Second Lieutenant Ang Oeung မှာ စစ်ပွဲကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့အား အခြေခံကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပြီး Ang Oeung အား အထူးကုဆရာဝန်မှ စစ်ဆေးကာ မိသားစု ထံတွင် ပြုစုစောင့်ရှောက်မှုခံယူရန် အကြံပြုခဲ့သည်။

ထိုင်းစစ်တပ်က ၎င်းတို့အား ဂျီနီဗာသဘောတူညီချက်နှင့်အညီ လူသားချင်း စာနာစွာ ဆက်ဆံခဲ့ကြောင်း ပြောကြားခဲ့သည်။ Bangkok Post အရ ၎င်းတို့သည် နောင်တွင် ထိုင်းနိုင်ငံအား မည်သည့်ပြုမူ ဆောင်ရွက်မှုမျှ မပြုလုပ်ရန် ကတိပြုခဲ့ကြသည်။

ထိုင်းစစ်တပ်က Sisaket ခရိုင်ရှိ Samtae ဧရိယာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခရပ်စဲမှုအပြီးတစ်ရက်အကြာ ဇူလိုင် ၂၉ တွင် ကမ္ဘောဒီးယား စစ်သား ၁၈ ဦးအား ဖမ်းဆီးခဲ့ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယား စစ်သား ၂ ဦး သေဆုံးနေသည်ကိုလည်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ကမ္ဘောဒီးယား စစ်တပ်က ၎င်းတို့သည် "ခင်မင်စွာကြိုဆိုရန် ချဉ်းကပ် လာစဉ်" ဖမ်းဆီးခံခဲ့ရသည်ဟု စွပ်စွဲခဲ့သော်လည်း ထိုင်းဘက်မှ လက်နက်ချ ခဲ့သည်ဟု ဆိုသည်။

ထိုင်း၏ Military Region 2 က ကျန်ရှိနေသော ကမ္ဘောဒီးယားစစ်သား ၁၆ ဦးအား ပြန်လည်လွှတ်ပေးရန် အတည်ပြုချက်လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်နေသောကြောင့် အချိန်ကြာဦးမည်ဟု ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားအာဏာပိုင်များက နိုင်ငံတကာလူသားချင်းစာနာမှု စံနှုန်း များနှင့်အညီ လွှတ်ပေးရန် ထိုင်းဘက်အား ဆက်လက် တိုက်တွန်း နေသည်။