ဘရာဇီး တရားစီရင်ရေးစနစ်အပေါ် အမေရိကန်က ဝင်ရောက် စွက်ဖက်ခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း ဘရာဇီးခေါင်းဆောင် ပြောကြား

News Image

  • ဘရာဇီး တရားစီရင်ရေးစနစ်အပေါ် အမေရိကန်က ဝင်ရောက် စွက်ဖက်ခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း ဘရာဇီးခေါင်းဆောင် ပြောကြား

ဘရာဇီးနိုင်ငံ၏ တရားစီရင်ရေးစနစ်အပေါ် အမေရိကန်က ဝင်ရောက် စွက်ဖက်မှုကို မိမိတို့အနေဖြင့် လုံးဝ လက်မခံနိုင်ကြောင်း ဘရာဇီး သမ္မတ လူးဝစ် အီနာစီယို လူလာ ဒါ ဆီလဗာ ကပြောကြားလိုက်ပါသည်။ ဘရာဇီး နိုင်ငံအနေဖြင့် မိမိ၏ အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်း သွားမည်ဖြစ်ပြီး နောင်တွင် ပူးပေါင်းဆောင်ရွက်မည့် မိတ်ဖက်အသစ် များ ရှာဖွေသွားမည်ဟု ၎င်းက ထပ်လောင်း ပြောကြားထားပါသည်။ 

"ဘရာဇီးသည် လူ့အခွင့်အရေးများကို အစဉ်တစိုက် လေးစားလျက် နိုင်ငံ များအကြား လွတ်လပ်စွာ ရပ်တည်နေသော အချုပ်အခြာအာဏာပိုင် ဒီမိုကရေစီတစ်နိုင်ငံဖြစ်ပါသည်၊ အမေရိကန်အစိုးရအဖွဲ့က  ဘရာဇီးနိုင်ငံ တရားစီရင်ရေးစနစ်အပေါ် ဝင်ရောက်စွက်ဖက်မှုကို လက်မခံနိုင်ပါ" ဟု လူလာက ၎င်း၏ X လူမှုကွန်ရက်တွင် ရေးသားထားပါသည်။ ကနဦး အစောပိုင်းက အမေရိကန်အစိုးရက ဘရာဇီးတရားလွှတ်တော်ချုပ် တရားသူကြီး Alexandre de Moraes ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီးနောက် လူလာက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။ 

"တရားစီရင်ရေးလွတ်လပ်ခွင့်မှာ ဘရာဇီးနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး လေးစားမှု၏ အခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ်ပါသည်" ဟု ဘရာဇီးသမ္မတက မှတ်ချက်ပြုထားပါသည်။

အမေရိကန်သို့ တင်ပို့သည့် ဘရာဇီးထုတ်ကုန်များအတွက် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံရန် ယခုလို နိုင်ငံရေးဆိုင်ရာ အကြောင်းပြချက်များကို အသုံးချခြင်းမှာ တရားမျှတမှု မရှိကြောင်း ၊ ဘရာဇီးကို ဆန့်ကျင်သည့် အဆိုပါအရေးယူမှုများမှာ နိုင်ငံရေးအရ လှုံ့ဆော်သွေးထိုးမှုဖြစ်ကြောင်း ၊ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းကြောင်း တစ်ခုလုံးကို ဦးတည်နေကြောင်း ဘရာဇီးခေါင်းဆောင်က   ထပ်လောင်း ပြောကြားထားပါသည်။

ကိုးကား - Tass

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

Photo- Fars