FBI သည် Trump ကိုတားဆီးရန် Obama-Clinton ပူးပေါင်း ကြံစည်မှု တွင် လက်နက်အဖြစ် အသုံးပြုခံခဲ့ရဟု အမေရိကန် ထိပ်တန်း ဆီးနိတ် အမတ် ပြောကြား

News Image

  • FBI သည် Trump ကိုတားဆီးရန် Obama-Clinton ပူးပေါင်း ကြံစည်မှု တွင် လက်နက်အဖြစ် အသုံးပြုခံခဲ့ရဟု အမေရိကန် ထိပ်တန်း ဆီးနိတ် အမတ် ပြောကြား

အိုဘားမား အစိုးရလက်ထက်တွင် FBI အား နိုင်ငံရေးလက်နက် အဖြစ် အသုံးပြုမှုနှင့် ၂၀၁၆ ခုနှစ်က Donald Trump ၏ သမ္မတသက်တမ်းကို နှောင့်ယှက်ရန် ကြံစည်မှုတွင် FBI ၏ ပါဝင်ပတ်သက်မှုများကို John Durham ၏ ၂၀၂၃ အထူးရှေ့နေအစီရင်ခံစာ၏ မကြာမီ ထုတ်ပြန်လိုက်သောနောက်ဆက်တွဲက ဖော်ထုတ်ပြသလိုက်ကြောင်း အမေရိကန်ဆီးနိတ် တရားရေးကော်မတီဥက္ကဋ္ဌ Chuck Grassley (R-Iowa) က ပြောကြား လိုက်သည်။

စာမျက်နှာ ၂၉ မျက်နှာ ပါဝင်သည့် အဆိုပါ အစီရင်ခံစာကို ထုတ်ပြန် ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သော ဆီးနိတ်တာ Grassley က နောက်ဆက်တွဲထုတ်ပြန်ပြီးနောက် Fox News သို့ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုဖိုင်တွင် Hillary Clinton ၏ ရွေးကောက်ပွဲအဖွဲ့မှ Trump အား ရုရှားနှင့်ပူးပေါင်းကြံစည်မှုဟု မမှန်မကန်စွပ်စွဲခဲ့သည့် လုပ်ရပ်နှင့် FBI ၏ ခိုင်မာသောထောက်လှမ်းရေးအချက်အလက်များရှိပါလျက် ထို လုပ်ရပ်များအား သင့်တင့်မျှတစွာ စုံစမ်းစစ်ဆေးရန် ပျက်ကွက်ခဲ့မှုတို့ကို ရေးသားဖော်ပြထားသည်။

"Durham ၏နောက်ဆက်တွဲဖော်ပြမှုတွင် FBI သည် လွန်ခဲ့သော ၈ နှစ်မှ ၁၀ နှစ်ကတည်းက အထောက်အထားများ ရှိခဲ့သော်လည်း စုံစမ်းမှု မပြု ခဲ့သော အချက်အလက်များပါဝင်နေသည်။ ၎င်းက Clinton အဖွဲ့၏ အဆိုပါ ဖြစ်ရပ်ကိုဖန်တီးရန် ပူးပေါင်းကြံစည်မှု (သို့မဟုတ်) ရုရှားနှင့် ပတ်သက်၍ မှားယွင်းသတင်းဖြန့်ချိမှုတစ်ခုရှိခဲ့ကြောင်း သိသာစေလိုက်ခြင်းဖြစ်သည်။ မည်သည့်နည်းနှင့်မဆို ၎င်းသည် Trump ကိုတားဆီးရန် ကြံစည်မှုတစ်ခုဖြစ်ပြီး FBI ကလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သက်သေ ပြလိုက်ခြင်းဖြစ်သည်" ဟု Grassley ကဆိုသည်။

ဆီးနိတ်တာ Grassley က ဆက်လက်ပြောကြားရာတွင် ယင်းနောက်ဆက်တွဲ အစီရင်ခံစာသည် "အိုဘားမားအစိုးရလက်ထက်တွင် FBI နှင့် အစိုးရ အမှုထမ်းအင်စတီကျူးရှင်းများ၏ လက်နက်ဖြစ်သွားစေမှုများကို ဖုံးကွယ်ရန် နက်နဲစွာစီစဉ်ခဲ့ကြောင်း သက်သေအထောက်အထားများ ပြသလိုက်ခြင်း" ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

ထို့အပြင် ၎င်းက "၂၀၁၆ သမ္မတရွေးကောက်ပွဲဆိုင်ရာ အကောက် ကြံစည်မှုများ (Trump ရွေးကောက်တင်မြှောက်ခံရခြင်းကို တားဆီးရန် သို့မဟုတ် ၎င်း၏သမ္မတသက်တမ်းကို နှောင့်ယှက်ရန် စီစဉ်ခဲ့သည့်ကိစ္စ) နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် ပွင့်လင်းမြင်သာမှု များစွာလိုအပ်နေကြောင်း" လည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ ၂၀၁၆ ခုနှစ်အစောပိုင်းက FBI သည် ထိုစဉ်က ဒီမိုကရက်တစ်ပါတီ အမျိုးသားကော်မတီ (DNC) ဥက္ကဋ္ဌ Debbie Wasserman Schultz နှင့် George Soros ၏ Open Society Foundations မှ ပုဂ္ဂိုလ်များအကြား လျှို့ဝှက်ဆွေးနွေးမှုများကို ထောက်လှမ်း ရရှိခဲ့သော်လည်း မည်သည့်လုပ်ဆောင်ချက်ကိုမျှ မဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါဆွေးနွေးမှုများတွင် Trump နှင့် ရုရှား Mafia အကြား စီးပွားရေးဆက်ဆံရေးဆိုင်ရာ အရှုပ်တော်ပုံများကိုဖွင့်ချခြင်းဖြင့် ထရမ့်၏ သမ္မတသက်တမ်းအတွင်း နှောင့်ယှက်ရန် အစီအစဉ် ပါဝင်သည် ဟု သိရသည်။

၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် FBI အနေဖြင့် Soros ၏ Open Society Foundations ဒုတိယဥက္ကဋ္ဌ Leonard Benardo မှ ပေးပို့ခဲ့သည့် အမှန် တကယ် ဖြစ်နိုင်ခြေရှိသော အီးမေးလ်များအပါအဝင် နောက်ထပ် သက်သေ အထောက်အထားများ ရရှိခဲ့သည်ဟု ဆိုသည်။ အီးမေးလ်များတွင် FBI နှင့်ဆက်စပ်သော 'attic-based' နည်းပညာဆိုင်ရာ ဖွဲ့စည်းပုံများမှတစ်ဆင့် လိုအပ်သောသတင်းအချက်အလက်များကို ဖြန့်ဝေရန် အစီအစဉ်ကို ပိုမို အသေးစိတ်ဖော်ပြထားပြီး Russiagate ဆိုင်ရာ ဝါဒဖြန့်မှုကို ပိုမို ထိရောက်စေမည့် အချက်အလက်များလည်းပါဝင်နေသည်ဟု ဖော်ပြ ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂