သတင်းများ

ဒေါ်နယ်ထရမ့်အနေဖြင့် ပေကျင်းသို့ လာရောက်ပါက ရုရှားသမ္မတနှင့် တွေ့ဆုံနိုင်ကြောင်း ကရင်မလင် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လာမည့်စက်တင်ဘာတွင် တရုတ် နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ်အတွင်း တရုတ်က ဂျပန် ကို အနိုင်ရရှိမှု နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတအနေဖြင့် အဆိုပါအခမ်းအနားတက်ရောက်ရန် ဆုံးဖြတ်ထားပါက ရုရှားသမ္မတနှင့် တွေ့ဆုံနိုင်ကြောင်း ကရင်မလင်ပြောခွင့်ရ Dmitry Peskov က ပြောကြား လိုက်ပါသည်။ 

"ပေကျင်း ခရီးစဉ်အတွက် မိမိတို့ ပြင်ဆင်နေပါသည်၊ ထိုခရီးစဉ်သည် မိမိတို့ခေါင်းဆောင်၏ အစီအစဉ်ဆိုသည်မှာ မှန်ကန်ပါသည်။ သို့သော် ဒေါ်နယ်ထရမ့်အနေဖြင့် ပေကျင်း သို့ လာရောက်မည်၊ မလာရောက် ဆိုသည်ကိုမူ မိမိတို့အနေဖြင့် မသိရှိပါ" ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါသည်။ 

တရုတ်၊ ရုရှား၊ အမေရိကန် စသည့် နိုင်ငံ ၃ နိုင်ငံမှာ အောင်ပွဲခံ နိုင်ငံများ ဖြစ်သည့်အတွက် ထို ၃ နိုင်ငံမှ ခေါင်းဆောင်များမှာ တရုတ်နိုင်ငံတွင် ကျင်းပသည့် အခမ်းအနားများတွင် တွေ့ဆုံနိုင်ကြောင်း Times သတင်းစာ က အစောပိုင်းက ဖော်ပြခဲ့ပါသည်။

တရုတ်နိုင်ငံသည် အဆိုပါအခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပ မည်ဖြစ်ပြီး ရုရှားသမ္မတဗလာဒီမာပူတင်အား ပါဝင်ဆင်နွှဲရန် ပေကျင်း၏ ဖိတ်ကြားမှုအပေါ် ရုရှားခေါင်းဆောင်က တက်ရောက်မည်ဟု သတင်း ထုတ်ပြန်ထားပါသည်။ အမေရိကန်သမ္မတ တက်ရောက်ရန် အစီအစဉ် ရှိ၊ မရှိ ကိုမူ လက်ရှိအချိန်အထိ တရားဝင်ထုတ်ပြန်ထားခြင်း မရှိ သေးချေ။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

G7 နိုင်ငံများက ယူကရိန်း၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာန အပေါ် ဖိနှိပ်မှုများနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်နေကြောင်း ထုတ်ပြန်ချက် ထွက်ရှိလာ

G7 နိုင်ငံများ၏ သံတမန်များက ယူကရိန်းအမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) အပေါ် ဥပဒေစိုးမိုးရေးတပ်ဖွဲ့များ၏ ဝင်ရောက်စီးနင်းမှုကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ "G7 အဖွဲ့သည် NABU တွင် ယနေ့ဖြစ်ပေါ်နေသော အခြေအနေများကို နီးကပ်စွာ စောင့်ကြည့်လျက်ရှိပြီး ၎င်းတွင် NABU အရာရှိများအား ပြစ်မှုစွဲချက် များဖြင့် စုံစမ်းစစ်ဆေးနေမှုလည်း ပါဝင်ပါသည် ။ မိမိတို့အနေဖြင့် NABU နှင့် တွေ့ဆုံခဲ့ပြီး အလွန်စိုးရိမ်ဖွယ်ရာများကို တွေ့ရှိခဲ့ရခြင်းကြောင့် အဆိုပါ ဖြစ်စဉ်များကို အစိုးရခေါင်းဆောင်များနှင့် ဆွေးနွေးရန် ရည်ရွယ်ထား ပါသည်" ဟု G7 သံတမန်များ၏ ယူကရိန်းအား ထောက်ပံ့

G7 နိုင်ငံများ၏ သံတမန်များက ယူကရိန်းအမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) အပေါ် ဥပဒေစိုးမိုးရေးတပ်ဖွဲ့များ၏ ဝင်ရောက်စီးနင်းမှုကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ "G7 အဖွဲ့သည် NABU တွင် ယနေ့ဖြစ်ပေါ်နေသော အခြေအနေများကို နီးကပ်စွာ စောင့်ကြည့်လျက်ရှိပြီး ၎င်းတွင် NABU အရာရှိများအား ပြစ်မှုစွဲချက် များဖြင့် စုံစမ်းစစ်ဆေးနေမှုလည်း ပါဝင်ပါသည် ။ မိမိတို့အနေဖြင့် NABU နှင့် တွေ့ဆုံခဲ့ပြီး အလွန်စိုးရိမ်ဖွယ်ရာများကို တွေ့ရှိခဲ့ရခြင်းကြောင့် အဆိုပါ ဖြစ်စဉ်များကို အစိုးရခေါင်းဆောင်များနှင့် ဆွေးနွေးရန် ရည်ရွယ်ထား ပါသည်" ဟု G7 သံတမန်များ၏ ယူကရိန်းအား ထောက်ပံ့ရေးအဖွဲ့က တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် X တွင် ထုတ်ပြန်ချက်တစ်ရပ် ဖော်ပြ ခဲ့သည်။

"ရုရှားနှင့် ပဋိပက္ခဖြစ်နေစဉ်တွင်ပင် ယူကရိန်းသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် အလွန်ကြီးမားသော တိုးတက်မှုများ ရရှိခဲ့ပြီး ယခု အချိန်တွင် ရန်သူကို အနိုင်ရရန် လိုအပ်သော ပံ့ပိုးမှုများကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် ထိုအောင်မြင်မှုများကို ထိန်းသိမ်းရန် အရေးကြီးဆုံး အချိန်ဖြစ်ပါသည်" ဟု EU ကိုယ်စားလှယ် Katarina Mathernova က ပြောကြားခဲ့သည်။

တနင်္လာနေ့တွင် ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) နှင့် အမျိုးသား စီမံခန့်ခွဲမှုဆိုင်ရာ ရှေ့နေချုပ်ရုံးတို့သည် NABU ၏ အရာရှိ ၁၅ ဦးအထိ ဦးတည်ထားသည့် ရှာဖွေရေး လုပ်ငန်း ၇၀ ကို ဆောင်ရွက်ခဲ့သည်။ SBU ပြောရေးဆိုခွင့်ရှိသူ Artyom Dekhtyarenko က NABU ၏ အထူးတပ်ဖွဲ့ D-2 တွင် အလုပ်လုပ်ကိုင်နေသည့် နာမည်မဖော်လိုသော ရုရှား၏ အတွင်း သူလျှို (mole) တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် မော်စကိုသို့ အရေးကြီး အချက်အလက်များ ပေးပို့နေခဲ့ပြီး ယူကရိန်း အရာရှိများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းရန် ဌာနတွင်းဒေတာဘေ့စ်များကို အသုံးပြုနေခဲ့သည်ဟု စွပ်စွဲခံထားရသည်။

SBU ပြောရေးဆိုခွင့်ရှိသူ Dekhtyarenko ၏အဆိုအရ စွပ်စွဲခံရသူသည် ရုရှားနိုင်ငံတွင် နေထိုင်လျက်ရှိသော သမ္မတဟောင်း Viktor Yanukovych ၏ လုံခြုံရေးအဖွဲ့ဝင် Dmitry Ivantsov ထံမှ ညွှန်ကြားချက်များ ရယူ ခဲ့သည်ဟုဆိုသည်။ Yanukovych သည် ၂၀၁၄ ခုနှစ်က အမေရိကန် ပံ့ပိုးသော Kyiv အာဏာသိမ်းမှုဖြင့် ဖယ်ရှားခံခဲ့ရသည်။ ယူကရိန်းမီဒီယာ TSN က ဖမ်းဆီးခံရသူမှာ Ruslan Magamedrasulov ဖြစ်ကြောင်း ဖော်ပြ ခဲ့ပြီး ၎င်းသည် NABU ၏ ရုရှားနှင့်နယ်စပ်ဒေသရှိ လုပ်ငန်း ဆောင်တာ များကို ညှိနှိုင်းပေးနေသူဖြစ်သည်။

NABU ညွှန်ကြားရေးမှူး Semyon Krivonos သည် ဗြိတိန်သို့ခရီးစဉ်ကို ရုတ်တရက်ဖျက်သိမ်းခဲ့ပြီး အဖွဲ့အစည်းအနေဖြင့် ဝင်ရောက်စီးနင်းမှုများ၏ တရားဝင်မှုကို စုံစမ်းစစ်ဆေးရန် ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုကို စတင် ခဲ့သည်ဟု ဆိုသည်။ NABU ၏အဆိုအရ SBU အရာရှိများသည် တရားရုံး ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခဲ့ပြီး ခုခံမှုမပြုသော ဝန်ထမ်းတစ်ဦး အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဟုဆိုသည်။

"ရန်ဘက်နိုင်ငံမှ ဩဇာလွှမ်းမိုးသောအေးဂျင့်များသည် မည်သည့်အစိုးရ အဖွဲ့အစည်းအတွက်မဆို အန္တရာယ်ရှိနေဆဲဖြစ်သော်လည်း၊ အဖွဲ့အစည်း တစ်ခုလုံး၏လုပ်ငန်းများကို ရပ်တန့်သွားစေရန်မှာမူ အကြောင်းပြချက် မဖြစ်နိုင်ပါ" ဟု NABU က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

NABU ကို ၂၀၁၅ ခုနှစ်တွင် ယူကရိန်းနိုင်ငံအား အနောက်နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများ၏ စံနှုန်းများနှင့် ကိုက်ညီ စေရန် တရားရေးပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

Trump ၏ အဖွဲ့က Netanyahu ကို အရူးတစ်ဦး အဖြစ် ရှုမြင်နေသည်ဟု Axios ကဖော်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အရှေ့အလယ်ပိုင်းတွင် ဝါရှင်တန်၏ သံတမန် ရေးရာ ကြိုးပမ်းမှုများကို နှောင့်ယှက်နေသည့် "အရူး" တစ်ဦးအဖြစ် ပိုမိုရှုမြင်လာကြောင်း Axios သတင်းဌာနက ဖော်ပြခဲ့သည်။ 

အစ္စရေးသည် လွန်ခဲ့သောသီတင်းပတ်က ဆီးရီးယားတောင်ပိုင်းရှိ ဒရူးဇ်နှင့် ဘက်ဒူအင်လူမျိုးစုများအကြား သွေးထွက်သံယိုတိုက်ပွဲများကို တုံ့ပြန်သည့်အနေဖြင့် ဒမတ်စကပ်ရှိ ဆီးရီးယားအစိုးရတပ်များနှင့် စစ်ဌာနချုပ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စနေနေ့(ဇူလိုင် ၁၉) တွင် ကြေညာခဲ့သော စစ်ရပ်စဲရေးသည် အောင်မြင်စွာ ထိန်းသိမ်း ထားနိုင်သည်ဟု ဆိုသည်။ 

"ဆူဝေးဒါပြည်နယ်တွင် သွေးချောင်းစီးမှုများ ရက်အတန်ကြာ ဖြစ်ပွား ပြီးနောက် ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့များကို မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသများသို့ ချထားပြီးနောက် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်" ဟု ဆီးရီးယားပြည်ထဲရေးဝန်ကြီး Anas Khattab က X (Twitter) တွင် ရေးသားခဲ့သည်။ 

စစ်ရပ်စဲထားသော်လည်း အမေရိကန်အရာရှိများသည် နေတန်ယာဟု၏ လုပ်ရပ်များနှင့် မူဝါဒများကို "သိသိသာသာ ပိုမိုစိုးရိမ်လာ" ကြောင်း Axios က တနင်္ဂနွေနေ့ (ဇူလိုင် ၂၀) တွင် အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။ 

"ဘီဘီ (နေတန်ယာဟု) သည် “အရူး” ကဲ့သို့ ပြုမူနေပါသည်။ ၎င်းက အချိန်တိုင်း အရာရာကို ဗုံးကြဲနေပါသည်" ဟု အမေရိကန် အိမ်ဖြူတော်     အရာရှိတစ်ဦးက Axios သတင်းဌာနအား ပြောကြားခဲ့သည်။ "အဆိုပါ အပြုအမူများသည် ထရမ့်ကြိုးစားနေသည့် လုပ်ငန်းစဉ်များကို ထိခိုက် စေနိုင်ပါသည်" ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။ 

"သမ္မတထရမ့်သည် ငြိမ်းချမ်းရေးယူရန် ကြိုးပမ်းနေသည့် နိုင်ငံတစ်ခုတွင် ဗုံးခွဲမှုများကို ရုပ်မြင်သံကြားမှာ မြင်ရသည်ကို မကြိုက်ပါ။ အထူးသဖြင့် ပြန်လည်တည်ဆောက်ရေးအတွက် အရေးပါသည့် ကြေညာချက်များထုတ်ပြန်ထားသည့်နေရာမှာပေါ့" ဟု အဆိုပါအရာရှိက ဆက်လက် ရှင်းပြခဲ့သည်။ 

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က ထရမ့်သည် ဆီးရီးယားတွင် အစ္စရေး၏တိုက်ခိုက်မှုနှင့် ဂါဇာရှိ တစ်ခုတည်းသောကက်သလစ်ဘုရားကျောင်း (Holy Family Church) ကို မကြာသေးမီက တိုက်ခိုက်မှုတို့ကြောင့် မျှော်လင့်မထားမိဘဲ ရုတ်တရက်အံ့အားသင့်ခဲ့ ရကြောင်း အတည်ပြုပြောကြားခဲ့သည်။ "အဆိုပါ အခြေအနေ နှစ်ရပ်စလုံး အတွက် သမ္မတထရမ့်က နေတန်ယာဟုကို ချက်ချင်းဖုန်းဆက်ပြီး ပြန်လည် ပြင်ဆင်ရန် တောင်းဆိုခဲ့ပါသည်" ဟု Leavitt က ပြောကြားခဲ့သည်။ 

နေတန်ယာဟု၏ရုံးက Holy Family Church ကို တိုက်ခိုက်မှုအတွက် "လွန်စွာ နောင်တမိရပါသည်" ဟု ကြေညာကာ သေဆုံးသူ ၃ ဦး အပါ အဝင် အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမည်ဟု ကတိပြုခဲ့သည်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ကမူ ဆီးရီးယားရှိ ဒရူးဇ်လူမျိုးများကို အကြမ်းဖက်မှုမှ ကာကွယ်ရန် ယင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ 

အီရန်နိုင်ငံသည် အစ္စရေးကို မြေပုံပေါ်မှဖယ်ရှားရန် မည်သည့် အချိန်ကမျှ လုပ်ဆောင်ခဲ့ခြင်းမရှိပါဟု နိုင်ငံခြားရေးဝန်ကြီးပြော

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အီရန်သည် အစ္စရေးကို ဖျက်ဆီးရန် ရည်ရွယ်ချက်မရှိကြောင်း ငြင်းဆိုခဲ့သည်။ ဒေသတွင်း ပြိုင်ဘက် နှစ်နိုင်ငံအကြား ပဋိပက္ခဖြစ်ပွားပြီး တစ်လအကြာတွင် ၎င်းက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"အီရန်၏ မူဝါဒသည် အစ္စရေးကို မြေပုံပေါ်မှ ဖယ်ရှားရန် မည်သည့်အချိန်အခါကမျှ လုပ်ဆောင်ခြင်းမရှိခဲ့ပါ" ဟု အာရက်ချီက Fox News တွင် တနင်္လာနေ့ (ဇူလိုင် ၂) ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခု၌ ပြောကြား ခဲ့သည်။

သို့သော် တီဟီရန်သည် ပါလက်စတိုင်းထောက်ခံသော လက်နက်ကိုင်အဖွဲ့များကို ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ "ဟားမက်၊ ဟဇ်ဘိုလာနှင့် ဟူသီတို့သည် တရားမျှတသောရည်ရွယ်ချက်အတွက် တိုက်ပွဲဝင်နေသည်ဟု မိမိတို့ယုံကြည်ပါသည်။ မိမိတို့အနေဖြင့် ၎င်းတို့ကို နိုင်ငံရေးနှင့် အခြားနည်းလမ်းများဖြင့် အမြဲ ထောက်ခံခဲ့ပါသည်" ဟု အီရန်သံတမန်က ဆိုသည်။ အမေရိကန်မှထောက်ပံ့သော လက်နက်များသည် အစ္စရေးက ပါလက်စတိုင်းနှင့် အခြား နေရာများတွင် လူများကိုသတ်ဖြတ်ရန် အထောက်အကူဖြစ်စေကြောင်း ၎င်းက ဝေဖန်ခဲ့သည်။

ထို့အပြင် အီရန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို လုပ်ကြံရန် စီစဉ်ခဲ့သည်ဟူသော စွပ်စွဲချက်ကိုလည်း အာရက်ချီက ငြင်းဆိုခဲ့ပြီး "အမေရိကန်ကျရှုံးပါစေ" ဆိုသည့် အီရန်တွင် လူကြိုက်များသော ဆောင်ပုဒ် သည် "အမေရိကန်၏ ဩဇာလွှမ်းမိုးရေးမူဝါဒများကို ရည်ညွှန်းပြီး အမေရိကန်ပြည်သူများကို မဟုတ်ကြောင်း" ရှင်းလင်းခဲ့သည်။ အီရန်ရှိ အစွန်းရောက်အုပ်စုများနှင့် တရားဝင်ရပ်တည်ချက်ကို ရောထွေး မှတ်ယူ ခြင်းမပြုရန် လေ့လာသူများအား ၎င်းက တိုက်တွန်းခဲ့သည်။

အီရန်နိုင်ငံသည် အမေရိကန်နှင့် သံတမန်ဆက်ဆံရေး မရှိသကဲ့သို့ အစ္စရေးနိုင်ငံကိုလည်း တရားမဝင်သော အဖွဲ့အစည်းအဖြစ် မှတ်ယူထားသည်။ "အဆိုပါရန်လိုသော နယ်မြေသိမ်းပိုက်သည့် ဇီယွန်ဝါဒီ အစိုးရသည် အလ္လာဟ်အလိုရှိပါက တစ်နေ့တွင်ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ် သွားမည်မှာ အနာဂတ်၏ အမှန်တရားတစ်ခုဖြစ်သည်" ဟု အီရန် အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ က ၂၀၂၃ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ၎င်း၏ X အကောင့်တွင် ရေးသားခဲ့သည်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အဆိုပါ ကြေညာချက်ကို အမျိုးသား ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ကာ ယခင်လက အီရန်နှင့် ၁၂ ရက်ကြာ စစ်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုများ စတင်ရန် အမိန့်ပေးခဲ့သည်။

အာရက်ချီက အီရန်သည် နျူကလီးယားလက်နက်များ မလိုလားကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး အမေရိကန်နှင့် သွယ်ဝိုက်သော ဆွေးနွေးပွဲ များ ပြန်လည်စတင်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အီရန်သည် အရပ်ဘက်စွမ်းအင်အသုံးချမှုအတွက် ယူရေနီယမ် ထပ်တိုး သန့်စင်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားကာ ၎င်းကို အမျိုးသားရေးကိစ္စရပ်တစ်ခုအဖြစ် ရည်ညွှန်းခဲ့သည်။

အာဖရိက ဘလော့ဂါများသည် ဒစ်ဂျစ်တယ်စွမ်းရည်များဖြင့် ရုရှား-အာဖရိက ဆက်ဆံရေးကို မြှင့်တင်မည်

ရုရှားနိုင်ငံရှိ အာဖရိကဘလော့ဂါများက မော်စကို-အာဖရိကနိုင်ငံများ အကြား နက်ရှိုင်းလာသည့် ဆက်ဆံရေးကို ပြည်သူများ ပိုမိုနားလည်စေရန်နှင့် ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ရန် ၎င်းတို့၏ ဒစ်ဂျစ်တယ် မီဒီယာပလက်ဖောင်းများကို ကြားခံကိရိယာအဖြစ် အသုံးပြုရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါကတိကဝတ်သည် ဇူလိုင် ၁၆-၂၀ ရက်က ရုရှား Bryansk တွင် ကျင်းပခဲ့သော 'From Kilimanjaro to Desna: Content School' အလုပ်ရုံ ဆွေးနွေးပွဲအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် အာဖရိက မီဒီယာကျောင်းသား ၃၀၊ ဘလော့ဂါများနှင့် အကြောင်းအရာ ဖန်တီးသူများကို ဒစ်ဂျစ်တယ်ပုံပြင်ပြောခြင်း၊ ဗီဒီယိုထုတ်လုပ်ခြင်းနှင့် ဆိုရှယ်မီဒီယာဗျူဟာများ သင်ကြားပေးခဲ့သည်။ အဆိုပါသင်တန်းကို African Initiative News Agency၊ African Union of Bloggers၊ Union of Bloggers of Russia နှင့် Bryansk State University of Engineering and Technology တို့က ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ကင်မရွန်းသတင်းထောက် Kevin Abala က ရုရှားနှင့် အာဖရိကပြည်သူများ တစ်ဦးကိုတစ်ဦး ပိုမိုသိရှိစေရန် အထောက်အကူ ဖြစ်စေမည့် အကြောင်းအရာများကို ထုတ်ဝေရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

Togo နိုင်ငံသား ဘလော့ဂါ Germain Koffi Adediha ကမူ ရရှိလာသည့် ကျွမ်းကျင်မှုများက ရုရှားတွင် ပညာသင်ကြားနေသည့် အတွေ့အကြုံ များနှင့် အလားတူ အခွင့်အလမ်းများ ရှာဖွေနေသူများအတွက် အချက် အလက်များ မျှဝေပေးသည့် ၎င်း၏ Telegram ချန်နယ်တွင် ရုရှား၏ "လက်ရှိအခြေအနေမှန်များ" ကို အားလုံးသိရှိနိုင်ရေး ကူညီမည်ဟု ဆိုသည်။

သို့သော် ရုရှားသည် Togo အပါအဝင် အာဖရိကနိုင်ငံများနှင့် နယ်ပယ် အမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်နေသော်လည်း ပညာရေး နယ်ပယ်ရှိ ပူးပေါင်းဆောင်ရွက်မှုများမှာ တစ်ဖက်သတ်ဖြစ်နေဆဲဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

သီရိလင်္ကာပါလီမန်က ရဲချုပ် Tennakoon ကို စွပ်စွဲချက်များဖြင့် ရာထူးမှ ထုတ်ပယ်ရန် မဲခွဲဆုံးဖြတ်မည်

သီရိလင်္ကာနိုင်ငံ၏ ရဲချုပ် Deshabandu Tennakoon အား "ရာဇဝတ် ကွန်ယက်ဦးဆောင်မှု" အပါအဝင် စွပ်စွဲချက်များကို စုံစမ်း စစ်ဆေးရေး ကော်မရှင်က တွေ့ရှိပြီးနောက် ပါလီမန်က ၎င်းအား ရာထူးမှ ထုတ်ပယ်ရန် မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

ပါလီမန်ဥက္ကဋ္ဌ Jagath Wickaramaratne က ယနေ့ (ဇူလိုင် ၂၂) ကြေညာချက်တွင် အမတ် ၃ ဦးပါဝင်သော ပါလီမန်ကော်မတီက သီရိလင်္ကာရဲချုပ် Tennakoon အား ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် အပြစ်ရှိကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကော်မတီ၏ မှတ်ချက်အရ အမတ် ၂၂၅ ဦးပါဝင်သော သီရိလင်္ကာ ပါလီမန်က Tennakoon အား ရာထူးမှ ထုတ်ပယ်ရန် မဲခွဲဆုံးဖြတ်မည် ဖြစ်ပြီး မဲအရေအတွက်အရ ၎င်းအား ရာထူးမှ ထုတ်ပယ်ခြင်း ဖြစ်နိုင်ခြေ များသည်။

အရည်အချင်းမပြည့်မီမှုများကြောင့် ဝေဖန်ခံနေရသည့် ရဲတပ်ဖွဲ့ဝင် ၈၅,ဝဝဝ ဦးကို ကွပ်ကဲသူ Tennakoon သည် သီရိလင်္ကာသမိုင်းတွင် ပထမဆုံးအကြိမ် ရာထူးမှ ထုတ်ပယ်ခံရမည့် ရဲချုပ် ဖြစ်လာမည် ဖြစ်သည်။ "နိုင်ငံသမိုင်းတစ်လျှောက်မှာ ရဲချုပ် တစ်ဦးကို ရာထူးမှ ထုတ်ပယ်ရန် ကော်မရှင်က အကြံပြုခြင်းသည် ယခုအကြိမ်က ပထမဆုံးအကြိမ်ဖြစ်ပါသည်" ဟု ဥက္ကဋ္ဌ Wickaramaratne က ပြောကြား ခဲ့သည်။

၂၀၂၃ နှစ်ကုန်ပိုင်းတွင် သီရိလင်္ကာသမ္မတ Ranil Wickremesinghe က Tennakoon အား ရဲချုပ် အဖြစ် ခန့်အပ်ခဲ့ပြီး သံသယရှိသူ တစ်ဦးအား ညှင်းပန်းမှုတွင် ၎င်းပါဝင်ခဲ့သည့် အငြင်းပွားဖွယ်ရာ ဖြစ်စဉ် ကြောင့် ကနဦးကတည်းက ဝေဖန်မှုများ ရှိခဲ့သည်။ ထိုစဉ်က သီရိလင်္ကာ တရားရုံးချုပ်က Tennakoon အား နစ်နာကြေး အမေရိကန်ဒေါ်လာ ၁,၆၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သော်လည်း အစိုးရက တရားရုံး၏ အမိန့်ကို လျစ်လျူရှုခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်တွင် သီရိလင်္ကာတရားရုံးချုပ်က Tennakoon ၏ ခန့်အပ်မှုလုပ်ငန်းစဉ်အား စုံစမ်းစစ်ဆေးနေစဉ် ရာထူးမှ ယာယီ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

ဖေဖော်ဝါရီတွင် Anura Kumara Dissanayake သမ္မတအဖြစ် တာဝန်ယူ ပြီးနောက်၊ သီရိလင်္ကာတရားရုံးက Tennakoon အား ၂၀၂၃ ခုနှစ်က ဝေလီဂမာ ကမ်းခြေမြို့ရှိ ဟိုတယ်တစ်ခုသို့ မူးယစ်ဆေးစစ်ဆေးရေး အကြောင်းပြချက်ဖြင့် တရားမဝင် ဝင်ရောက်စီးနင်းမှု ညွှန်ကြားခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ခဲ့သည်။

ထိုစီးနင်းမှုတွင် ဝေလီဂမာရှိ ရဲနှင့် တပ်ဖွဲ့ဝင်များအား အသိပေးခြင်း မရှိဘဲ လုပ်ဆောင်ခဲ့သဖြင့် Tennakoon ၏ တပ်ဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး အခြားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သို့သော် နောက်ပိုင်းစစ်ဆေးမှုတွင် ဟိုတယ်အတွင်း မူးယစ်ဆေးဝါး လုံးဝမတွေ့ရှိခဲ့ပေ။

တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက် Tennakoon ထွက်ပြေးခဲ့သည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက "အထူးတပ်ဖွဲ့များ စေလွှတ်ရှာဖွေ သော်လည်း ရဲချုပ်အား မတွေ့ရှိရပါ" ဟု ထုတ်ဖော် ပြောဆိုကာ ပြည်သူများထံ အကူအညီတောင်းခဲ့ရသည်။ နောက်ဆုံးတွင် မတ် ၁၉ ရက်နေ့၌ Tennakoon ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့ပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

ကိုးကား- VN Express

တရုတ်နိုင်ငံက အဇာဘိုင်ဂျန်နိုင်ငံ၏ အရေးပါသော မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း အဇာဘိုင်ဂျန် သမ္မတ အီဟမ် အလီယက်ဗ် ဆို

အဇာဘိုင်ဂျန်သမ္မတ အီဟမ် အလီယက်ဗ်က ဇူလိုင် ၁၉ ရက်တွင် အဇာဘိုင်ဂျန်-တရုတ် ဆက်ဆံရေး ကို အထူးတန်ဖိုးထားချီးကျူးခဲ့ပြီး တရုတ်နိုင်ငံသည် အဇာဘိုင်ဂျန်နိုင်ငံ၏ အရေးပါသော မဟာ ဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ အီဟမ် အလီယက်ဗ်က အဇာဘိုင်ဂျန်နိုင်ငံ ခန်ကန်ဒီမြို့တွင် ဖွင့်လှစ်ကျင်းပသော တတိယ အကြိမ်မြောက် Shusha ကမ္ဘာလုံးဆိုင်ရာမီဒီယာဖိုရမ်တွင် ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်နှင့် ၂၀၂၅ ခုနှစ် တွင် လက်မှတ်ရေးထိုးခဲ့သည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပူးတွဲကြေညာချက် အသီးသီးဖြစ်သော တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သည့် အဓိက သဘောတူညီစာချုပ် ၂ ခု အပါအဝင် လတ်တလော နှစ်ဖက်ဆက်ဆံရေး၏ အရေးပါသောကိစ္စရပ်များကို ၎င်းက ပြန်လည် သုံးသပ်ခဲ့ပြီး “ထိုအချက်သည် နှစ်နိုင်ငံကြား အပြန်အလှန်ယုံကြည်မှု အမြင့်ဆုံးအဆင့်ကို ရောက်ရှိ သည့် အမှတ်သင်္ကေတပဲ” ဟု ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစား ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာထောက်ခံကြောင်း အလီယက်ဗ်က အလေးထား ပြောကြားခဲ့သည်။

“နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအလားအလာ အလွန်ကျယ်ပြန့်သည်” ဟု ယူဆကြောင်း အလီယက်ဗ် က တရုတ်အရာရှိများနှင့် အလွှာ၊ အဆင့်အသီးသီးတွင် အပြုသဘောဆောင်သော ဆွေးနွေးမှုများ လုပ်ဆောင်ခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။ အဇာဘိုင်ဂျန်-တရုတ် ပြည်သူများကြား နှီးနှော ဖလှယ်မှုသည် တိုးတက်လျက်ရှိကြောင်း၊ ယင်းမှာ တရုတ်နှင့် အဇာဘိုင်ဂျန် လက်မှတ်ရေးထိုးခဲ့သည့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီမှု အကျိုးကျေးဇူးကြောင့် ဖြစ်ကြောင်း၊ “ကျောင်းသား၊ ကုမ္ပဏီလုပ်ငန်းနှင့် ပြည်သူများကြား ဆက်သွယ်မှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း” ၎င်းက ထောက်ပြ ခဲ့သည်။

အဇာဘိုင်ဂျန်အနေဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်အား အခိုင်အမာထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အဇာဘိုင်ဂျန်သည် အပြန်အလှန်ချိတ်ဆက်မှုအား မြှင့်တင်ရန်လိုအပ်သော လမ်းပန်းဆက်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ပြီး ဖြစ်ကြောင်း အလီယက်ဗ်က ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်- တရုတ်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကူးလူးမှုသည် အရှိန်မြင့်တိုးတက် လျက်ရှိပြီး အနာဂတ် နှစ်အနည်းငယ်အတွင်း ဆတိုး တိုးတက်မှုအရှိန်အဟုန်ဖြစ်ပေါ်လာမည်ကို ယုံကြည်ကြောင်း၊ ထို့အပြင် “အလယ်ပိုင်းစင်္ကြံ” အပါအဝင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အသစ်များသည် အဇာဘိုင်ဂျန်ကုန်စည်စီးဆင်းမှုပမာဏကို တစ်ဆင့်တိုးမြင့်တက်လာပြီး ၎င်း၏ အရှေ့အနောက် ချိတ်ဆက်မှုအခန်းကဏ္ဍကို အားကောင်းစေမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့ သည်။

အဇာဘိုင်ဂျန်-တရုတ် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးသည်လည်း စဉ်ဆက်မပြတ်နက်ရှိုင်းလျက် ရှိပြီး အဇာဘိုင်ဂျန် နေရောင်ခြည်စွမ်းအင်နှင့် လေအားစွမ်းအင်စသည့် အစိမ်းရောင်စွမ်းအင်ကဏ္ဍ တည်ဆောက်ရေးတွင် တရုတ်ကုမ္ပဏီလုပ်ငန်းများ တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

၃ ရက်ကြာ ကျင်းပခဲ့သော တတိယအကြိမ်မြောက် Shusha ကမ္ဘာလုံးဆိုင်ရာမီဒီယာဖိုရမ် အခမ်း အနားကို ဇူလိုင် ၁၉ ရက်တွင် ခန်ကန်ဒီမြို့၌ ပိတ်သိမ်းခဲ့ပြီး ယခုအကြိမ်ဖိုရမ် ခေါင်းစဉ်မှာ “ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲရေး-ဉာဏ်ရည်တု (AI) ခေတ်တွင် သတင်းအချက်အလက်နှင့် မီဒီယာများ၏ ရေရှည် တည်တံ့မှုအားကို မြှင့်တင်ပေးခြင်း” ဖြစ်သည်။

ကိုးကား- ဆင်ဟွာ

ကမ္ဘာ့တောင်ဘက်ခြမ်း၏ အင်အားကို စုစည်းရာတွင် မီဒီယာက အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ဟု အီသီယိုးပီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

BRICS နိုင်ငံများ စည်းလုံးညီညွတ်မှုကို မြှင့်တင်ခြင်းနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက် အားကောင်းလာရေးကို အထောက်အပံ့ပြုရာတွင် မီဒီယာက အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ရာ ကမ္ဘာ့တောင်ဘက်ခြမ်း ပိုမိုနီးကပ်စွာ သွေးစည်းညီညွတ်မှုဖြင့် အတူရှိကြရန် နိုင်ငံအသီးသီးအနေဖြင့် မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ထောက်ခံအားပေးသင့်ကြောင်း အီသီယိုးပီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Nebiat Getachew က မကြာမီရက်ပိုင်းက ဆင်ဟွာ သတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

BRICS နိုင်ငံများ မီဒီယာနှင့်တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်ကို မကြာမီရက်များက ဘရာဇီး နိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်သို့ BRICS အဖွဲ့ဝင်နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့၊ အစိုးရအဖွဲ့အစည်း၊ ကုမ္ပဏီ လုပ်ငန်းနှင့် ဗဟိုအမေရိကန်လွှတ်တော် စသည့်ဒေသအဖွဲ့အစည်း ၁၅၀ နီးပါးမှ ကိုယ်စားလှယ် ၂၅၀ ဦးကျော် ပါဝင်တက်ရောက်ခဲ့ကြပြီး ကမ္ဘာ့အပြောင်းအလဲများကြားက BRICS မီဒီယာ၊ တတ်သိ ပညာရှင်အဖွဲ့များ၏ တာဝန်နှင့်ဝတ္တရားကို အတူတကွ ဆွေးနွေးပြောကြားခဲ့ကြသည်။

Nebiat Getachew က အီသီယိုးပီးယားနိုင်ငံကိုယ်စား ယင်းဖိုရမ်သို့ တက်ရောက်ခဲ့သည်။ BRICS နိုင်ငံ များ ပူးပေါင်းဆောင်ရွက်မှုယန္တရားသည် တစ်ကမ္ဘာလုံးအတိုင်းအတာအနက် ဧရာမကြီးမားသည့် အလားအလာကို သိသာထင်ရှားစွာ ဖော်ပြနေကြောင်း၊ အထူးသဖြင့် ကမ္ဘာက ထိရောက်မှုမြင့်မား၍ တရားမျှတသည့် နိုင်ငံစုံစနစ် တည်ဆောက်ရန်အတွက် တွန်းအားပေးရာတွင် အရေးကြီးသည့် အနက်အဓိပ္ပာယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

“BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ယန္တရားက အပြန်အလှန်အကျိုးဖြစ်ထွန်းပြီး ဘုံအကျိုးစီးပွား ကိုဖော်ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ အခြေခံသလို တရားမျှတစွာ စီမံခန့်ခွဲမှုကိုတွန်းအားပေးသည့် အရေးကြီးအင်အားလည်းဖြစ်ပါသည်။ BRICS နိုင်ငံတွေက နိုင်ငံစုံပူးပေါင်း ဆောင်ရွက်ရေးဝါဒကို အားဖြည့်ရာမှာ ဧရာမကြီးမားသည့် အလားအလာရှိပါသည်” ဟု Nebiat Getachew က ပြောကြားခဲ့သည်။

ဥတုရာသီပြောင်းလဲမှု၊ အဆုံးစွန် ဆင်းရဲနွမ်းပါးမှု၊ အကြမ်းဖက်ဝါဒ စသည့် ကြီးမားသည့် ကမ္ဘာလုံး ဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် BRICS နိုင်ငံများ၏ တူညီသည့်သန္နိဋ္ဌာန်နှင့် လက်တွေ့ လှုပ်ရှားမှုများကို မီဒီယာများက ကောင်းမွန်စွာ ဖြန့်ချိတင်ဆက်ရန် တာဝန်ရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။ “BRICS နိုင်ငံများကြား ယဉ်ကျေးမှု၊ အနုပညာ၊ အားကစား စသည့်ကဏ္ဍ ဆက်စပ်မှုကို အားဖြည့်ရန်အတွက်၊ မီဒီယာပလက်ဖောင်းက အပြုသဘောအခန်းကဏ္ဍက ပါဝင်၍ ရပါသည်” ဟု Nebiat Getachew က ဆိုသည်။

BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်တွင် အမှာစကားပြောကြားရာ၌ Nebiat Getachew က BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်သည် အရေးကြီး အတွေးအခေါ်ဖလှယ်ရေးပလက်ဖောင်းကို ပေါင်းကူး တည်ဆောက်ပေးခြင်းဖြစ်ရာ BRICS နိုင်ငံများနှင့် ကြီးမားကျယ်ပြန့်လှသည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ မီဒီယာ၊ တတ်သိပညာရှင် များအကြား နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တည်ဆောက်မှုကို ထိရောက်စွာ အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “အီသီယိုးပီးယားနိုင်ငံ အစိုးရက BRICS နိုင်ငံများနှင့် ၎င်း၏မီဒီယာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ အားဖြည့်သွားလိုပါသည်” ဟု ၎င်းကပြောကြားခဲ့သည်။ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပိုမိုနီးကပ် သွေးစည်းညီညွတ်စွာ အတူရပ်တည်ရေးအတွက် နိုင်ငံအသီးသီးအနေဖြင့် မီဒီယာများအကြား ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ရန် Nebiat Getachew က တိုက်တွန်းခဲ့သည်။

နိုင်ငံများစွာ၏ ပူးတွဲကြေညာချက်ကို လက်ခံရန် ငြင်းပယ်ခြင်းက “လက်တွေ့နှင့် ကင်းကွာနေခြင်း” ကြောင့် ဟု အစ္စရေး ဆို

ဂါဇာအခြေအနေနှင့်စပ်လျဉ်းသည့် နိုင်ငံများစွာ၏ ပူးတွဲကြေညာချက်ကို လက်ခံရန် ငြင်းပယ်ကြောင်း၊ ယင်းမှာ “လက်တွေ့နှင့် ကင်းကွာနေကြောင်း” အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်) အနေဖြင့် အပစ်ရပ်ရေးနှင့် ဖမ်းဆီးထိန်းသိမ်း ခံရသူများ လွတ်မြောက်ရေး သဘောတူညီချက် မရရှိမှုအတွက် တာဝန် ခံသင့်ကြောင်း အဆိုပါကြေညာချက်တွင် ပြောကြားခဲ့သည်။

နိုင်ငံများစွာ၏ ပူးတွဲကြေညာချက်က ဟားမက်ကို ဖိအားမပေးဘဲ ဟားမက်ကို “မှားယွင်းသည့် သတင်းစကားပါး ခဲ့ကြောင်း” ကြေညာချက် အပေါ် ပြစ်တင်ဝေဖန်ခဲ့သည်။ လက်ရှိအပစ်ရပ်ရေးအဆိုပြုချက်ကိုလက်ခံကြောင်း အစ္စရေးဘက်က ကြိမ်ဖန်များစွာ ပြောကြားခဲ့သော်လည်း ဟားမက်က “ငြင်းပယ်” ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုနေ့အစောပိုင်းတွင်ပင် ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ ပြင်သစ် အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဂါဇာကမ်းမြောင်ဒေသတိုက်ပွဲအား ချက်ချင်း အဆုံးသတ်ရန် တောင်းဆိုခဲ့ပြီး အစ္စရေးက နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေတွင် သတ်မှတ်ထားသော တာဝန်ဝတ္တရားများကို လိုက်နာရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပစ္စည်းများအပေါ် ကန့်သတ်ချက်အား ချက်ချင်း ပယ်ဖျက်ပေးရန် တိုက်တွန်းခဲ့သည်။ 

ဥရောပကော်မရှင်၏ အရေးပေါ်ပြင်ဆင်ရေး၊ အကျပ်အတည်း စီမံခန့်ခွဲရေးနှင့် တန်းတူညီမျှရေးဆိုင်ရာ ကော်မရှင်နာများကလည်း အဆိုပါ ကြေညာချက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ကိုးကား- Xinhua

ယူကရိန်းဝန်ကြီးချုပ်က အဂတိလိုက်စားမှုပြဿနာကို အလေးအနက်ထား ပြောဆိုမှု လိုအပ်သည်ထက် ပိုနေသည်ဟု ဆို

ယူကရိန်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ယူလီယာ ဆဗီရီဒန်ကိုသည် အဂတိ လိုက်စားမှုများနှင့်ပတ်သက်သည့် ကာလရှည်ကြာစွာ စိုးရိမ်မှုများကို လျှော့ချရန်ပြောဆိုခဲ့သည်။ အင်္ဂါနေ့ (ဇူလိုင် ၂၂) က Bloomberg နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် လွတ်လပ်သည့် အဂတိ လိုက်စားမှု ဆန့်ကျင်ရေး အဖွဲ့အစည်းများအပေါ် တင်းကျပ်လာသော ထိန်းချုပ်မှု များသည် နိုင်ငံတကာ၏ စောင့်ကြည့်ဝေဖန်မှုများ တိုးမြင့်လာနေသည့် အပေါ် သူမက အစိုးရိမ်မကြီးကြရန် ပြောဆိုခဲ့သည်။ ဆဗီရီဒန်ကိုက လတ်တလော လူထုထင်မြင်ချက်စစ်တမ်းများကို ကိုးကား ၍ ယူကရိန်းနိုင်ငသားအများစုက အဂတိလိုက်စားမှုသည် ကျယ်ပြန့် နေသည်ဟု ယုံကြည်ကြသော်လည်း လက

ယူကရိန်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ယူလီယာ ဆဗီရီဒန်ကိုသည် အဂတိ လိုက်စားမှုများနှင့်ပတ်သက်သည့် ကာလရှည်ကြာစွာ စိုးရိမ်မှုများကို လျှော့ချရန်ပြောဆိုခဲ့သည်။ အင်္ဂါနေ့ (ဇူလိုင် ၂၂) က Bloomberg နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် လွတ်လပ်သည့် အဂတိ လိုက်စားမှု ဆန့်ကျင်ရေး အဖွဲ့အစည်းများအပေါ် တင်းကျပ်လာသော ထိန်းချုပ်မှု များသည် နိုင်ငံတကာ၏ စောင့်ကြည့်ဝေဖန်မှုများ တိုးမြင့်လာနေသည့် အပေါ် သူမက အစိုးရိမ်မကြီးကြရန် ပြောဆိုခဲ့သည်။ ဆဗီရီဒန်ကိုက လတ်တလော လူထုထင်မြင်ချက်စစ်တမ်းများကို ကိုးကား ၍ ယူကရိန်းနိုင်ငသားအများစုက အဂတိလိုက်စားမှုသည် ကျယ်ပြန့် နေသည်ဟု ယုံကြည်ကြသော်လည်း လက်တွေ့တွင် ထိုသို့ကြုံတွေ့ရသည် ဟု ပြောဆိုသူမှာ နည်းပါးကြောင်း ဖော်ပြခဲ့သည်။ "ရိုးသားစွာ ပြောရလျှင် ယူကရိန်းလူမှုအဖွဲ့အစည်းနှင့် အချို့သော လူမှုအုပ်စုများတွင် အဆိုပါ ပြဿနာကို အလွန်အမင်း အလေးပေးဖော်ပြနေကြသည်" ဟု ဆဗီရီဒန်ကို က ရှင်းလင်းချက်မပေးဘဲ ပြောကြားခဲ့သည်။ 

တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် ယူကရိန်းလုံခြုံရေးအရာရှိများသည် နိုင်ငံ ၏ လွတ်လပ်သော အဂတိလိုက်စားမှုဆန့်ကျင်ရေးအေဂျင်စီ (NABU) ၏ ရုံးများကို ဝင်ရောက်စီးနင်း၍ စုံစမ်းရေးမှူး ၂ ဦးကို ဖမ်းဆီးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ယူကရိန်းနိုင်ငံကို အနောက်နိုင်ငံများ၏ စံနှုန်းများနှင့် အညီ ပြုပြင်ရန် တရားရေးပြုပြင်ရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် တည်ထောင်ခဲ့သော NABU အား ယူကရိန်း၏ ယုံကြည်စိတ်ချရသော အဂတိလိုက်စားမှုဆန့်ကျင်ရေး အဖွဲ့အစည်းအနည်းငယ်ထဲမှ တစ်ခု အဖြစ် ကြာမြင့်စွာ မြင်တွေ့ခဲ့ကြသည်။ အဆိုပါဖြစ်ရပ်များသည် G7 နိုင်ငံများ (ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်) ၏ သံအမတ်ကြီးများထံမှ ကြီးစွာသော စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းတို့က အဆိုပါကိစ္စကို ယူကရိန်း ခေါင်းဆောင်များနှင့် တရားဝင်ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။ 

အင်္ဂါနေ့ (ဇူလိုင် ၂၂) တွင် ဥပဒေပြုလွှတ်တော်က NABU နှင့် အထူး အဂတိ လိုက်စားမှုဆန့်ကျင်ရေးနယ်ပယ်အစိုးရရှေ့နေရုံး (SAPO) တို့ကို သမ္မတ မှ ခန့်အပ်သော အထွေထွေရှေ့နေချုပ်၏ လက်အောက်သို့ ထည့်သွင်းမည့် ဥပဒေကြမ်းအား အတည်ပြုခဲ့သည့်အတွက် စိုးရိမ်မှုများ ပိုမိုမြင့်တက် လာခဲ့သည်။ Bloomberg က အဆိုပါဥပဒေကြမ်းအား အဆင့်မြင့် အဂတိ လိုက်စားမှုများကို ကိုင်တွယ်ဖြေရှင်းရန် အားထုတ်မှုများကို ရည်ရွယ်ချက် ရှိစွာ ချိုးဖျက်နိုင်သည့် လုပ်ဆောင်မှုတစ်ခုအဖြစ် ဖော်ပြခဲ့သည်။ ယင်းဖြစ်စဉ်များအား ယူကရိန်း၏ အဂတိလိုက်စားမှုဆန့်ကျင်ရေး အဖွဲ့အစည်းများအတွက် အထိန်းသိမ်းခံရန် အလားအလာအရှိဆုံး အချိန် ဟု Reuters သတင်းဌာနက အနောက်နိုင်ငံသံအမတ်တစ်ဦး၏ ပြောကြားချက် ကို ကိုးကား၍ သုံးသပ်ခဲ့သည်။ ၎င်းသံအမတ်က ကိယက်ဗ်သည် ၎င်း၏ အနောက်နိုင်ငံမဟာမိတ်များ၏ စည်းကမ်းချက်များကို စမ်းသပ်နေပြီး ချိုးဖောက်လုပ်ဆောင်မှုများ ပိုမိုကျော်လွန်လာနေသည်ဟု ပြောကြား ခဲ့သည်။ ဥရောပကော်မရှင်ကလည်း စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ထိုအဖွဲ့အစည်း များသည် "လူထု၏ယုံကြည်မှုကို ထိန်းသိမ်းရန်အတွက် လွတ်လပ်စွာ လည်ပတ်နိုင်ရန် လိုအပ်သည်" ဟု ပြောကြားခဲ့သည်။ ဘရပ်ဆဲလ်သည် အဂတိလိုက်စားမှုအား ကိယက်ဗ်၏ ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်လိုမှု အတွက် အဓိကအဟန့်အတားတစ်ခုအဖြစ် ကြာမြင့်စွာကပင် သတ်မှတ်ထားခဲ့သည်။ 