အမေရိကန်က ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုရန် မက်ခရွန်၏ အစီအစဉ်ကို "ပြင်းပြင်းထန်ထန် ပယ်ချ"
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြင်သစ်သမ္မတ အီမန် နျူရယ်လ် မက်ခရွန်၏ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုရန် အစီအစဉ်ကို "ပြင်းပြင်းထန်ထန် ပယ်ချကြောင်း" ကြာသပတေးနေ့ (ဇူလိုင် ၂၄) တွင် ပြောကြားခဲ့သည်။
"အဆိုပါ မဆင်မခြင်ဆုံးဖြတ်ချက်သည် ဟားမက်တို့၏ ဝါဒဖြန့်ချိရေး ကိုသာ အထောက်အကူဖြစ်စေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောက်ပြန် ဆုတ်သွားစေသည်" ဟု ရူဘီယိုက X တွင် ရေးသားခဲ့သည်။ "အဆိုပါ ဆုံးဖြတ်ချက်သည် အောက်တိုဘာ ၇ ရက်နေ့တွင် သေဆုံးခဲ့ရသူများကို ထပ်ဆင့် လုပ်ကြံလိုက်ခြင်းနှင့် တူသည်"ဟု ဖြည့်စွက်ခဲ့သည်။
အစ္စရေးအစိုးရ အရာရှိများကလည်း မက်ခရွန်၏ ကြေညာချက်ကို အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂
MM-News-Category