သတင်းများ

နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ အီရန်နှင့် တိုက်ရိုက်ဆွေးနွေးရန်အသင့်ရှိဟု အမေရိကန်ပြော

အမေရိကန်အစိုးရအနေဖြင့် အီရန်နိုင်ငံ၏ နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ အီရန်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးရန် အသင့်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ အကြီးအကဲဖြစ်သူ တမ်မီဘရုက ပြောကြားခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် လက်ရှိတွင် ငြိမ်းချမ်းပြီးကြွယ်ဝ ချမ်းသာသည့် လမ်းကြောင်းကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ အမေရိကန်အစိုးရက နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ အီရန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တိုက်ရိုက်ဆွေးနွေးရန် အသင့်အနေအထားရှိနေကြောင်း တမ်မီဘရုက ဇူလိုင်လ   ၂၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

အီရန်အစိုးရသည်    ၎င်းတို့နိုင်ငံ၏ နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ အမေရိကန်နှင့် ဆွေးနွေးရန် လမ်းဖွင့်ထားသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ် အာရတ်ချီက အစောပိုင်းတွင် ပြောကြားထားသည်။ သို့သော် အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား တိုက်ရိုက်မဟုတ်ဘဲ တစ်ဆင့်ခံ ဆွေးနွေးမှုဖြင့်   ဆွေးနွေးအဖြေရှာရန်အီရန်က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

အီရန်နိုင်ငံသည် အစောပိုင်းကလည်း ၎င်းတို့၏နျူကလီးယားအရေးနှင့် စပ်လျဉ်း၍ ဥရောပအင်အားကြီး နိုင်ငံများဖြစ်သည့် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီတို့နှင့် ဆွေးနွေးရန် သဘောတူညီချက် ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။                        

 Ref: Iv

မက်ခရွန်အား လူကြိုက်များမှု စံချိန်တင်နိမ့်ကျ

ပြင်သစ်သမ္မတ Emmanuel Macron ကို ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းနှင့် လူမှုဖူလုံရေးအစီအစဉ်များ ဖြတ်တောက်ခြင်းတို့ကြောင့် ဝေဖန်မှုများ မြင့်တက်လာကာ ထောက်ခံမှုနှုန်းသည် တာဝန်ယူ ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ၂၀% အောက်သို့ ကျဆင်းသွားခဲ့သည်။ ဝန်ကြီးချုပ် Francois Bayrou သည်လည်း အလားတူ စစ်တမ်းတွင် ဆိုးရွားသော ရလဒ် ရရှိခဲ့သည်။

IFOP ၏ တနင်္လာနေ့ (ဇူလိုင် ၂၁) ထုတ် စစ်တမ်းအရ မက်ခရွန်၏ ထောက်ခံမှုနှုန်းသည် ၁၉% အထိ ကျဆင်းသွားပြီး ဘာယူးမှာ ၁၈% သာ ရှိသဖြင့် ပေါင်းစပ်ထောက်ခံမှုနှုန်း ၃၇% ဖြစ်ကာ ခေတ်သစ် ပြင်သစ် နိုင်ငံ၏ ထောက်ခံမှုနှုန်းသည် အနိမ့်ဆုံးဖြစ်နေသည်။ ၂၀၁၈ ခုနှစ်က လောင်စာဆီအခွန်နှင့် စီးပွားရေးမညီမျှမှုများကြောင့် စတင်ခဲ့သော အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးဖြစ်သည့် Yellow Vest ဆန္ဒပြမှုများ အတွင်းတွင်ပင် ပြင်သစ်ခေါင်းဆောင်၏ အဆင့်အနိမ့်ဆုံးထောက်ခံမှုနှုန်းမှာ ၂၃% ရှိခဲ့သည်။

မက်ခရွန်၏ ထောက်ခံမှုသည် ၂၀၂၂ ခုနှစ်က ၎င်းအား မဲပေးခဲ့သူများတွင် သိသိသာသာ ကျဆင်းသွားခဲ့ပြီး ၄၉% သာ ၎င်းအား ဆက်လက် ထောက်ခံနေပြီး ၁၂ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ၎င်းအား ထောက်ခံမှုသည် စီးပွားရေးလုပ်ငန်းရှင်များနှင့် အမှုဆောင်များတွင်လည်း ၁၈% နှင့် ၈% အသီးသီး ကျဆင်းသွားသည်။

၂၀၂၄ နှစ်ကုန်ပိုင်းတွင် Michel Barnier အစိုးရ ပြိုလဲပြီးနောက် ခန့်အပ်ခံရသော ဘာယူးသည် အငြင်းပွားဖွယ်ရာ ဘဏ္ဍာငွေအသုံးစရိတ် စိစစ်မှု အစီအစဉ်ကို ရှေ့ဆက်လုပ်ဆောင်နေသည်။ လွန်ခဲ့သော သီတင်းပတ်က ၎င်းသည် ယူရို ၄၃.၈ ဘီလီယံ (ဒေါ်လာ ၄၈ ဘီလီယံ) ဘဏ္ဍာရေး လိုငွေပြမှုကို ဖာထေးရန် အထူးအခွန်များ မိတ်ဆက်ခဲ့သည်။ 

ဘဏ္ဍာငွေစိစစ်ရေး အစီအစဉ်တွင် ပင်စင်နှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ရုတ်သိမ်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ် ကန့်သတ်ချက် များ သတ်မှတ်ခြင်းနှင့် ထုတ်လုပ်မှု တိုးတက်စေရန်နှင့် အစိုးရ အသုံးစရိတ်လျှော့ချရန် အမျိုးသားရုံးပိတ်ရက် နှစ်ရက်ကို ဖျက်သိမ်းခြင်းတို့ ပါဝင်သည်။ 

လူမှုဖူလုံရေး ဝန်ဆောင်မှုများ ဖြတ်တောက်ခံရသော်လည်း ကာကွယ်ရေး အသုံးစရိတ်မှာ ဆက်လက်မြင့်တက်နေသည်။ မက်ခရွန်က ဥရောပ လုံခြုံရေး အတွက် ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းကို ကိုးကား၍ နှစ်နှစ် အတွင်း စစ်တပ်အတွက် ယူရို ၆.၅ ဘီလီယံ တိုးမြှင့်ရန် ကတိပြုခဲ့သည်။ ပြင်သစ်၏ အများပြည်သူဆိုင်ရာ ကြွေးမြီမှာ ယူရို ၃.၃ ထရီလီယံအထိ ရောက်ရှိပြီဖြစ်ကာ GDP ၏ ၁၁၄% ခန့်ရှိသည်။

ပြင်သစ်၏ ကာကွယ်ရေး သုံးသပ်ချက်အသစ်တွင် ၂၀၃၀ ပြည့်နှစ် မတိုင်မီ ဥရောပတွင် “အဓိက စစ်ပွဲ” ဖြစ်နိုင်ခြေကို သတိပေးထားပြီး ရုရှားကို အဓိကခြိမ်းခြောက်မှုအဖြစ် ဖော်ပြထားသည်။ ကရင်မလင်က အနောက်နိုင်ငံများကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း ငြင်းဆို ထားပြီး NATO နိုင်ငံများက ရုရှားအပေါ် အမြင်များကိုအသုံးချကာ ၎င်းတို့၏စစ်အင်အား တည်ဆောက်မှုကို မှန်ကန်ကြောင်း အထောက်အထားပြရန် အသုံးချနေသည်ဟု စွပ်စွဲခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဒုတိယအကြိမ် ရုရှားနှင့်အာဖရိက ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံတွင် ကျင်းပမည်

ဒုတိယအကြိမ်  ရုရှားနှင့် အာဖရိကဝန်ကြီးများ အဆင့်ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဇူလိုင်လ ၂၂ ရက်တွင် ပြောသည်။

ရုရှားနိုင်ငံအနေဖြင့် ဒုတိယအကြိမ်မြောက်  ရုရှား-အာဖရိက ဝန်ကြီးများအဆင့် ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ကတိကဝတ်ထားရှိပြီး  အာဖရိကဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် မိုဇမ်ဘစ်နိုင်ငံ၏ အကြမ်းဖက် တိုက်ဖျက်ရေးနယ်ပယ်တွင် ကာကွယ်ရေးစွမ်းရည် တိုးတက်စေရန်အတွက် အကူအညီပေးရန် အသင့်ရှိသည်ဟု လက်ရော့က မိုဇမ်ဘစ်နိုင်ငံခြားရေးဝန်ကြီး မာရီယာလူကက်စ်နှင့် အတူပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။

မိုဇမ်ဘစ်အစိုးရသည်  ၎င်းတို့နိုင်ငံအတွင်း၌ လုပ်ဆောင်နေသည့် အကြမ်းဖက်တန်ပြန်ရေး နယ်ပယ်တွင် စွမ်းဆောင်ရည်တိုးတက်လာစေရေး အကူအညီပေးအပ်ရန် ရုရှားနိုင်ငံအား အကူအညီ တောင်းခံခဲ့သည်ဟု သိရသည်။

ထို့ကြောင့် အီဂျစ်နိုင်ငံတွင် ကျင်းပမည့်ဒုတိယအကြိမ်မြောက် ရုရှား-အာဖရိက ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် အဆိုပါအရေးကိစ္စနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးဖွယ်ရှိသည်။ ထို့ပြင် မာရီယာလူကက်စ်၏ ဖိတ်ကြားမှုကြောင့် လက်ရော့အနေဖြင့် မိုဇမ်ဘစ်နိုင်ငံသို့ တရားဝင် သွားရောက်လည်ပတ်မည်ဖြစ်သည်။

အာဖရိကဒေသနှင့် ဆက်ဆံရေးမြှင့်တင်ခြင်းသည် ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၏ ဦးစားပေး အစီအစဉ်တစ်ရပ်ဖြစ်ပြီး လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသည့် ကမ္ဘာ့ရေးရာ ကိစ္စရပ်များနှင့် အရေးတယူ ဖြေရှင်းရန် လိုအပ်နေသည့် ကိစ္စရပ်များအား ဖြေရှင်းရေးကြိုးပမ်းရာတွင် ရုရှားနှင့် အာဖရိကဒေသတို့က စည်းလုံးညီညွတ်စွာ ချဉ်းကပ်လုပ်ဆောင်လျက်ရှိသည်ဟု ရုရှား သမ္မတ ဗလာဒီမာပူတင်က ယခုနှစ် မေလ ၇ ရက်တွင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ သမ္မတ ဒန်းနစ်ဆက်ဆူ ငူအက်ဆိုနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

MWD Web Portal
 
ဇီလန်စကီးက အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများကို ထိန်းချုပ်ဖိနှိပ်မှုအား ကာကွယ်ပြောဆို

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် နိုင်ငံရှိ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် အငြင်းပွား ဖွယ်ရာ ပြုပြင်ပြောင်းလဲမှုတစ်ခုအား ကာကွယ်ခဲ့ပြီး အဆိုပါကိစ္စသည် လမ်းများပေါ်တွင်ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့ပြီး EU အရာရှိများကြား တွင်လည်း စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

အင်္ဂါနေ့ (ဇူလိူင် ၂၂) တွင် ဇီလန်စကီးသည် အမျိုးသား အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) နှင့် အထူးအဂတိလိုက်စားမှု တိုက်ဖျက်ရေး ရုံး (SAPO) တို့၏ လုပ်ငန်းဆောင်တာများကို ဝင်ရောက် စွက်ဖက်နိုင်သည့် အာဏာကို အထွေထွေရှေ့နေချုပ်ရုံးအား ပေးအပ်သည့် ဥပဒေကြမ်း တစ်ရပ်ကို လက်မှတ်ရေးထိုးကာ ဥပဒေပြဋ္ဌာန်းခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်သည် NABU ရုံးများကို လုံခြုံရေးအရာရှိများက ဝင်ရောက် စီးနင်းခြင်းနှင့် ရုရှားအတွက် သူလျှိုလုပ်သည်ဟု စွပ်စွဲခံရသည့် အကြီးတန်း အရာရှိ တစ်ဦးအား ဖမ်းဆီးခြင်းတို့အပြီးတွင် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။

ဇီလန်စကီးသည် ၎င်းအား မကြာခဏ ဝေဖန်မှုများပြုလုပ်လေ့ရှိသည့် ကိယက်ဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ချကို အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများက ၎င်းသည် တဖြည်းဖြည်းချင်း အာဏာရှင်ဆန် လာသည်ဆိုသည့် စွပ်စွဲချက်များကို ပယ်ချခဲ့သည်။ "အဂတိလိုက်စားမှု တိုက်ဖျက်ရေးစနစ်က အလုပ်လုပ်ဆောင်နေမှာဖြစ်သော်လည်း ရုရှား၏ ဩဇာလွှမ်းမှုမပါသည့် စနစ်ဖြစ်ရမည်။ အဆိုပါ ဩဇာလွှမ်းမှုများကို ရှင်းထုတ်ရန်လိုအပ်ပြီး တရားမျှတမှုများ ပိုမိုရှိရမည်" ဟု ဇီလန်စကီးက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) နံနက်စောစောတွင် ပြုလုပ်သည့် နေ့စဉ်ဗီဒီယို သတင်းလွှာတွင် ပြောကြားခဲ့သည်။

ထို့အပြင် အချို့အရာရှိများအနေဖြင့် တရားဝင်အကျိုးအကြောင်း ဆက်စပ်မှု မရှိဘဲ နိုင်ငံခြားတွင် နေထိုင်ခြင်းသည် ပုံမှန်မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပြီး နှစ်ပေါင်းများစွာကြာသည့် ဘီလီယံချီ တန်ဖိုး ရှိသည့် အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးရန် ပျက်ကွက်ခဲ့ခြင်းကို ဝေဖန်ခဲ့သည်။ “ရုရှားတွေ လိုအပ်သည့် သတင်းအချက်အလက်များ မည်သို့ ရရှိနေသလဲ ဆိုသည်ကို ရှင်းပြနိုင်သည့်ပုဂ္ဂိုလ် မရှိပါ" ဟု ၎င်းက ပြောကြား ခဲ့သည်။

ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) ၏ ဥက္ကဋ္ဌ Vasily Malyuk က NABU ဝန်ထမ်းများပါဝင်သည့် ရှာဖွေရေးလုပ်ငန်းများကို ဦးဆောင်ခဲ့ သော်လည်း အဆိုပါအစီအမံများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စနစ်ကို ဖျက်သိမ်းသည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။ ၎င်းက အဆိုပါအဖွဲ့အစည်းများသည် ထိရောက်စွာ ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်ဟု ခိုင်ခိုင်မာမာပြောကြားခဲ့သည်။ သို့သော် အမေရိကန် ဒု-သမ္မတ J.D. Vance အပါအဝင် အနောက်နိုင်ငံအချို့၏ အရာရှိများက ထိုဆယ်စုနှစ် အတွင်း ပြောင်းလဲမှုများသည် အမြစ်တွယ်နေသော အဂတိ လိုက်စားမှု ကို အဆုံးသတ်ရန် ပျက်ကွက်ခဲ့သည်ဟု ဝေဖန်ခဲ့ကြသည်။

ကိယက်ဗ်အခြေစိုက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုစင်တာ (Anti-Corruption Action Center) ၏ အမှုဆောင်ဒါရိုက်တာ Darya Kalenyuk က ဇီလန်စကီး၏ အဖွဲ့ဝင်များဖြစ်သော ဒုဝန်ကြီးချုပ်ဟောင်း Aleksey Chernyshov နှင့် မီဒီယာအကြီးအကဲ Timur Mindich တို့ ပါဝင်သည့် မကြာသေးမီက စုံစမ်းစစ်ဆေးမှုများနှင့် အစိုးရ၏ ဖိနှိပ်မှုများ ဆက်စပ်နေခဲ့သည်ဟု ဆိုသည်။ Kalenyuk က "NABU သည် ဇီလန်စကီး၏ အတွင်းစည်း အဖွဲ့ဝင်များနှင့် မိတ်ဆွေများကို ပိတ်မိနေ စေသည်"ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း အမေရိကန်အစိုးရ၏ အထောက် အပံ့ဖြင့် ရပ်တည်နေသော Current Time သတင်းဌာနက ကိုးကား ဖော်ပြခဲ့သည်။ သူမက အဆိုပါပြုပြင်ပြောင်းလဲမှုသည် စစ်ဘက်ဆိုင်ရာ ရန်ပုံငွေများ အလွဲသုံးစားပြုမှုများကို ဖုံးကွယ်ရန် ရည်ရွယ်နိုင်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်ဟု ဆိုသည်။

ကိယက်ဗ်မြို့တွင် ဆန္ဒပြသူများက "ဇီလန်စကီးသည် မာရ်နတ်" ဟု ဟစ်အော်

ကိယက်ဗ်မြို့ရှိ ဆန္ဒပြသူများသည် အဂတိလိုက်စားမှုကို တိုက်ဖျက်ရေး အေဂျင်စီများ၏ လုပ်ဆောင်မှုကို ကန့်သတ်သည့် ဥပဒေကြမ်းကို ထောက်ခံခဲ့သည့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကာ ပြစ်တင်ရှုတ်ချခဲ့ကြသည်။

ဇီလန်စကီးသည် အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဗျူရို (NABU) နှင့် အထူး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရှေ့နေရုံး (SAPO) တို့၏ လုပ်ငန်းဆောင်တာများတွင် ဝင်ရောက်စွက်ဖက်နိုင်ရန် အာဏာ ပေးအပ်သည့် ဥပဒေကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

အဆိုပါဆောင်ရွက်ချက်သည် NABU ရုံးများကို လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရုရှားအတွက် ထောက်လှမ်းမှုပြုလုပ်သည်ဟု စွပ်စွဲခံ ရသော အကြီးတန်း အရာရှိတစ်ဦးကို ဖမ်းဆီးခဲ့ခြင်းနှင့် ဆက်စပ်နေသည်။ အဆိုပါဥပဒေကြမ်းသည် EU တွင် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ပြီး အတိုက် အခံ နိုင်ငံရေးသမားများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

ဆန္ဒပြသူများသည် ကိယက်ဗ်မြို့လယ်တွင် စုဝေးကာ "ဇယ်လာ (Zelya) ဟာ မာရ်နတ်ပဲ" ဟု ဇီလန်စကီး၏ အမည်ကို သရော်သည့် အနေဖြင့် အော်ဟစ်ခဲ့ကြသည်။ အခြားသူများက "အရှက်ရစရာကောင်းသော သစ္စာ ဖောက်မှု" ဟု အော်ဟစ်ကာ အဂတိတိုက်ဖျက်ရေး စနစ်၏ လွတ်လပ်မှု ကို ထိန်းသိမ်းရန် တောင်းဆိုသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ ကြသည်။ ဇီလန်စကီးသည် အဆိုပါဥပဒေကြမ်းကို ဗီတိုအာဏာဖြင့် ပယ်ချရန် တောင်းဆိုမှုများကို လျစ်လျူရှုခဲ့သည့် သတင်း ထွက်ပေါ်လာ ပြီးနောက် ကန့်ကွက်မှုများ ပိုမိုပြင်းထန်လာခဲ့သည်ဟု သိရသည်။

ယူကရိန်းနိုင်ငံတစ်ဝှမ်းတွင် နိုင်ငံ၏ တတိယနှင့် စတုတ္ထ အကြီးဆုံးမြို့ များဖြစ်သည့် အိုဒက်ဆာနှင့် ဒန်ပရောမြို့များအပါအဝင် အလားတူ ဆန္ဒပြ မှုများ ဖြစ်ပွားခဲ့သည်။ ပိုလန်နယ်စပ်အနီး လဗိဖ်မြို့နှင့် ရုရှားနှင့် ထိစပ် နေသော အရှေ့ပိုင်း ဆူမီမြို့တို့တွင်လည်း ဆန္ဒပြသူများ စုဝေးခဲ့ ကြသည်။

ဇီလန်စကီးကို မကြာခဏ ဝေဖန်သူ ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုသည် မြို့တော်ရှိ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။ ကလစ်ချ်ကိုက Telegram တွင် ဇီလန်စကီး အစိုးရအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းများကို ဖျက်သိမ်းရန် စစ်ပွဲကို အကြောင်းပြချက်အဖြစ် အသုံးချနေပြီး ယူကရိန်းကို အာဏာရှင်စနစ်ဘက်သို့ တွန်းပို့နေသည်ဟု စွပ်စွဲခဲ့သည်။

ဇီလန်စကီးက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ အသစ်ပြဋ္ဌာန်းလိုက်သော ဥပဒေသည် အဂတိလိုက်စားမှု စုံစမ်း စစ်ဆေးရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်နှင့် ရုရှား၏ ဩဇာ လွှမ်းမိုးမှုကို ဖယ်ရှားရန် လိုအပ်သော အဆင့်တစ်ခုဖြစ်ကြောင်း ကာကွယ် ပြောဆိုခဲ့သည်။

ဖိလစ်ပိုင်သမ္မတဟောင်း၏ သမီးက ICC ကို နိုင်ငံ၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုအတွက် ဝေဖန်ပြောဆို

ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏သမီး ဆာရာ ဒူတာတေးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) အား ၎င်းတို့ နိုင်ငံ ၏ နိုင်ငံရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှု ပြုသည်ဟု ပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆိုခဲ့သည်။ သူမက ICC အား အမှုအားလုံးကို ရုပ်သိမ်းပြီး သူမ၏ဖခင်အား လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံက ICC မှ နုတ်ထွက်ပြီး ၆ နှစ်အကြာ ၂၀၂၅ ခုနှစ် မတ်လတွင် ရိုဒရီဂို ဒူတာတေးအား မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ဖမ်းဆီးခဲ့သည်။ အနောက်နိုင်ငံအချို့၏ အဆိုအရ ဥပဒေမဲ့ သတ်ဖြတ်မှု များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည့် မူးယစ်ဆေးဝါးဆန့်ကျင်ရေး စီမံကိန်းနှင့် ဆက်စပ်နေသော လူသားများအပေါ် ရာဇဝတ်မှုများဖြင့် ၎င်းအား သည်ဟိတ် မြို့သို့ အပ်နှံခဲ့သည်။ ဒူတာတေးက အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုကာ ၎င်း၏ဖမ်းဆီးခံရမှုသည် တရားမဝင်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ဖိလစ်ပိုင် ဒုတိယသမ္မတဖြစ်သူ ဆာရာ ဒူတာတေးက စနေနေ့ (ဇူလိုင် ၁၉) တွင် သည်ဟိတ်မြို့၌ ကျင်းပသော 'Free Duterte Now' ပွဲတွင် "ICC က ကျွန်မတို့နိုင်ငံ၏ ကိစ္စတွေမှာ စွက်ဖက်နေပါသည်" ဟု ပြောကြားခဲ့သည်။ "၎င်းတို့မှာ ရည်ရွယ်ချက်များရှိသောကြောင့် ကျွန်မ တို့၏ အုပ်ချုပ်ရေးမှာလည်း စွက်ဖက်နေပါသည်၊ ဖိလစ်ပိုင်လူမျိုးတွေ ဖိလစ်ပိုင်နိုင်ငံကို မည်သို့ အုပ်ချုပ်သင့်သည်ဆိုသည်ကိုလည်း ၎င်းတို့က ဝင်ရောက်စွက်ဖက်နေပါသည်" ဟု သူမက ဆိုသည်။

ICC က ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၁ မှ ၂၀၁၉ ခုနှစ်အထိ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားဆဲကာလအတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုသော စွဲချက်များနှင့်ပတ်သက်၍ စီရင်ပိုင်ခွင့်ရှိကြောင်း အတည်ပြု ပြောဆို ခဲ့သည်။

ICC ၏ လုပ်ရပ်ကို ဝေဖန်သူများက ဖိလစ်ပိုင်နိုင်ငံ ICC မှ နုတ်ထွက် ပြီးနောက် စီရင်ပိုင်ခွင့် မရှိဟု ဆိုကာ ဖွံ့ဖြိုးဆဲနိုင်ငံများကို ရွေးချယ် ပစ်မှတ်ထားသည်ဟု စွပ်စွဲကြသည်။ ICC အား စည်းမျဉ်းတူ တရားမျှတမှုထက် အနောက်နိုင်ငံများ၏ အကျိုးစီးပွားကို ဖြည့်ဆည်းပေးသည့် ကိုလိုနီ ဝါဒဆန်သော ဘက်လိုက်မှုရှိသည်ဟု ဝေဖန်မှုများ ရင်ဆိုင်နေရသည်။

ဆာရာ ဒူတာတေးက သူမ၏ သည်ဟိတ်မြို့ပြောစကား၌ ဖခင်အပေါ် အမှုတွင် အဓိကသက်သေများအား စိတ်မတည်မငြိမ်ဖြစ်နေသူများဟု ဝေဖန် ခဲ့ပြီး အဓိကစွပ်စွဲသူ ဆီးနိတ်တာဟောင်း Antonio Trillanes IV အား "စိတ်မနှံ့သူ" (loose bolts) ဟု ရှုတ်ချခဲ့သည်။ သူမက သမ္မတ Ferdinand Marcos Jr. အား "မူးယစ်ဆေးစွဲနေသူ" (drug-addled) ဟုလည်း တံဆိပ် ကပ်ကာ ICC နှင့် ပူးပေါင်းပြီး အတုအယောင် သက်သေများအတွက် ငွေကြေး ထောက်ပံ့သည်ဟု စွပ်စွဲခဲ့သည်။

သူမက "သမ္မတ ဒူတာတေးအမှုကို ပိတ်သိမ်းပြီး ဖိလစ်ပိုင်သို့ ပြန်ခေါ်ရန်" ဟူသော တောင်းဆိုချက်ကို ထပ်လောင်းပြုခဲ့သည်။ ယခင်က RT သို့ ပြောကြားရာတွင် ဆာရာ ဒူတာတေးက အဆိုပါ အမှုသည် နိုင်ငံရေးအရ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး Marcos အား ဝေဖန်သည့် ဆီးနိတ်တာ ကိုယ်စားလှယ်လောင်းများကို ထောက်ခံသည့် သူမ၏ဖခင် ကြိုးပမ်းမှုများကို နှောင့်ယှက်ရန် အချိန်ကိုက်စီစဉ်ထားသည်ဟု ပြောကြားခဲ့သည်။

သမ္မတထရမ့်၏ တရားမျှတသော သဘောထားသည် ဥရောပသမဂ္ဂ အပေါ် ဩဇာသက်ရောက်မည်ဟု လာဗရော့ဗ် ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ "တရားမျှတသော" သဘောထားသည် ဥရောပသမဂ္ဂ၏ ရပ်တည်ချက်အပေါ် သက်ရောက်မှုရှိလိမ့်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က ဇူလိုင် ၂၂ တွင် ပြောကြားခဲ့သည်။

မိုဇမ်ဘစ်နိုင်ငံခြားရေးဝန်ကြီး Maria Manuela Lucas နှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် လာဗရော့ဗ်က "ယခင်ဘိုင်ဒင်အစိုးရလက်ထက်က ဥရောပသားများသည် မတည်ငြိမ်သော လုပ်ရပ်များနှင့်အတူ လိုက်ပါလုပ်ဆောင်ခဲ့သော်လည်း ယခုထရမ့်အစိုးရ သစ်၏ ဆွေးနွေးလိုစိတ်ပြည့်ဝသည့် ချဉ်းကပ်မှုသည် ဥရောပသားများအား လွှမ်းမိုးနိုင်မည်ဟု မိမိမျှော်လင့်ပါသည်" ဟု ထည့်သွင်း ပြောကြား ခဲ့သည်။

၎င်းက ဆက်လက်ပြောကြားရာတွင် "ယခုအချိန်တွင် ဥရောပသမဂ္ဂ သည် ကိယက်ဗ်အစိုးရအား လက်နက်များထောက်ပံ့ရန် အကြိမ်ကြိမ် ဆွေးနွေးနေသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ဖိတ်ခေါ်သည့် အဆိုပါချဉ်းကပ်မှုကို ဥရောပသားများ လျစ်လျူရှုမည်မဟုတ်ဟု ယုံကြည် ပါသည်" ဟု မှတ်ချက်ပြုခဲ့သည်။ 

သို့ရာတွင် ထရမ့်သည် ယခုအခါ ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ကတိပေးထားသော်လည်း အဆိုပါလုပ်ငန်းစဉ်သည် "လူအများ ထင်ထား သည်ထက် ပိုမိုခက်ခဲကြောင်း" ဝန်ခံခဲ့သည်။ အမေရိကန်ဦးဆောင်သော နှစ်ဖက်တိုက်ရိုက်ဆွေးနွေးပွဲများသည် အကျဉ်းသားလဲလှယ်ရေးနှင့်ကျဆုံးစစ်သည်အလောင်းများ ပြန်လည်အပ်နှင်းရေးကဲ့သို့သော လူသားချင်း စာနာမှုဆိုင်ရာကိစ္စများတွင်သာ အာရုံစိုက်ခဲ့ပြီး ထင်ရှားသောရလဒ်များ မရရှိသေးပေ။

မကြာသေးမီလများအတွင်း ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပြီး ပဋိပက္ခကို အချိန်မီအဆုံးမသတ်ပါကရုရှားနှင့် ၎င်း၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် ဒဏ်ခတ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။

အဆိုပါအချက်ကို တုံ့ပြန်သည့်အနေဖြင့် ကရင်မလင်က "မိမိတို့အနေဖြင့် ထိုဝေဖန်မှုများကို အေးဆေးစွာရှုမြင်ပြီး ဝါရှင်တန်နှင့် ဆက်လက် ဆွေးနွေးရန် ရည်ရွယ်ထားသည်" ဟု ပြောကြားခဲ့သည်။ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်ကမူ "ယူကရိန်းအစိုးသည် ပံ့ပိုးမှုဆိုင်ရာ ထုတ်ပြန်ချက်အားလုံးကို ငြိမ်းချမ်းရေးလမ်းကြောင်းထက် စစ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် အချက်ပြမှုအဖြစ်သာ နားလည်ထားကြောင်း" ထောက်ပြခဲ့သည်။

Iran, Russia, China meet in Tehran to discuss nuclear program

အီရန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များကြား သုံးနိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၂ ရက်က တီဟီရန်၌ ကျင်းပခဲ့ပြီး အီရန် နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အကျပ်အတည်းကို ဖြေရှင်းရန် အလေးထား ဆွေးနွေးခဲ့ကြကြောင်း Tasnim သတင်းဌာနက ဖော်ပြထား ပါသည်။

အစီရင်ခံစာအရ ကိုယ်စားလှယ်များက အီရန်နျူကလီးယား အစီအစဉ် နှင့်ပတ်သက်၍ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး တွေ့ဆုံညှိနှိုင်းမှုများ ဆက်တိုက် လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြပါသည်။ 

အစည်းအဝေးများကို လာမည့်ရက်သတ္တပတ်များအတွင်း အဆင့်ဆင့် ပြုလုပ်သွားမည် ဖြစ်ပါသည်။

အီရန်နိုင်ငံ ခရီးစဉ်အတွင်း ရုရှားနှင့် တရုတ် ကိုယ်စားလှယ်အဖွဲ့ အကြီး အကဲများသည် အီရန် နိုင်ငံရေး တာဝန်ခံ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Majid Takht-Ravanchi နှင့် အခြားသော အီရန် သံတမန်များနှင့် သီးခြား တွေ့ဆုံခဲ့ကြပါသည်။

ကိုးကား- TASS

Photo: aa.com.tr

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

G7 နိုင်ငံများက ယူကရိန်း၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာန အပေါ် ဖိနှိပ်မှုများနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်နေကြောင်း ထုတ်ပြန်ချက် ထွက်ရှိလာ

G7 နိုင်ငံများ၏ သံတမန်များက ယူကရိန်းအမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) အပေါ် ဥပဒေစိုးမိုးရေးတပ်ဖွဲ့များ၏ ဝင်ရောက်စီးနင်းမှုကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ "G7 အဖွဲ့သည် NABU တွင် ယနေ့ဖြစ်ပေါ်နေသော အခြေအနေများကို နီးကပ်စွာ စောင့်ကြည့်လျက်ရှိပြီး ၎င်းတွင် NABU အရာရှိများအား ပြစ်မှုစွဲချက် များဖြင့် စုံစမ်းစစ်ဆေးနေမှုလည်း ပါဝင်ပါသည် ။ မိမိတို့အနေဖြင့် NABU နှင့် တွေ့ဆုံခဲ့ပြီး အလွန်စိုးရိမ်ဖွယ်ရာများကို တွေ့ရှိခဲ့ရခြင်းကြောင့် အဆိုပါ ဖြစ်စဉ်များကို အစိုးရခေါင်းဆောင်များနှင့် ဆွေးနွေးရန် ရည်ရွယ်ထား ပါသည်" ဟု G7 သံတမန်များ၏ ယူကရိန်းအား ထောက်ပံ့

G7 နိုင်ငံများ၏ သံတမန်များက ယူကရိန်းအမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) အပေါ် ဥပဒေစိုးမိုးရေးတပ်ဖွဲ့များ၏ ဝင်ရောက်စီးနင်းမှုကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ "G7 အဖွဲ့သည် NABU တွင် ယနေ့ဖြစ်ပေါ်နေသော အခြေအနေများကို နီးကပ်စွာ စောင့်ကြည့်လျက်ရှိပြီး ၎င်းတွင် NABU အရာရှိများအား ပြစ်မှုစွဲချက် များဖြင့် စုံစမ်းစစ်ဆေးနေမှုလည်း ပါဝင်ပါသည် ။ မိမိတို့အနေဖြင့် NABU နှင့် တွေ့ဆုံခဲ့ပြီး အလွန်စိုးရိမ်ဖွယ်ရာများကို တွေ့ရှိခဲ့ရခြင်းကြောင့် အဆိုပါ ဖြစ်စဉ်များကို အစိုးရခေါင်းဆောင်များနှင့် ဆွေးနွေးရန် ရည်ရွယ်ထား ပါသည်" ဟု G7 သံတမန်များ၏ ယူကရိန်းအား ထောက်ပံ့ရေးအဖွဲ့က တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် X တွင် ထုတ်ပြန်ချက်တစ်ရပ် ဖော်ပြ ခဲ့သည်။

"ရုရှားနှင့် ပဋိပက္ခဖြစ်နေစဉ်တွင်ပင် ယူကရိန်းသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် အလွန်ကြီးမားသော တိုးတက်မှုများ ရရှိခဲ့ပြီး ယခု အချိန်တွင် ရန်သူကို အနိုင်ရရန် လိုအပ်သော ပံ့ပိုးမှုများကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် ထိုအောင်မြင်မှုများကို ထိန်းသိမ်းရန် အရေးကြီးဆုံး အချိန်ဖြစ်ပါသည်" ဟု EU ကိုယ်စားလှယ် Katarina Mathernova က ပြောကြားခဲ့သည်။

တနင်္လာနေ့တွင် ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) နှင့် အမျိုးသား စီမံခန့်ခွဲမှုဆိုင်ရာ ရှေ့နေချုပ်ရုံးတို့သည် NABU ၏ အရာရှိ ၁၅ ဦးအထိ ဦးတည်ထားသည့် ရှာဖွေရေး လုပ်ငန်း ၇၀ ကို ဆောင်ရွက်ခဲ့သည်။ SBU ပြောရေးဆိုခွင့်ရှိသူ Artyom Dekhtyarenko က NABU ၏ အထူးတပ်ဖွဲ့ D-2 တွင် အလုပ်လုပ်ကိုင်နေသည့် နာမည်မဖော်လိုသော ရုရှား၏ အတွင်း သူလျှို (mole) တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် မော်စကိုသို့ အရေးကြီး အချက်အလက်များ ပေးပို့နေခဲ့ပြီး ယူကရိန်း အရာရှိများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းရန် ဌာနတွင်းဒေတာဘေ့စ်များကို အသုံးပြုနေခဲ့သည်ဟု စွပ်စွဲခံထားရသည်။

SBU ပြောရေးဆိုခွင့်ရှိသူ Dekhtyarenko ၏အဆိုအရ စွပ်စွဲခံရသူသည် ရုရှားနိုင်ငံတွင် နေထိုင်လျက်ရှိသော သမ္မတဟောင်း Viktor Yanukovych ၏ လုံခြုံရေးအဖွဲ့ဝင် Dmitry Ivantsov ထံမှ ညွှန်ကြားချက်များ ရယူ ခဲ့သည်ဟုဆိုသည်။ Yanukovych သည် ၂၀၁၄ ခုနှစ်က အမေရိကန် ပံ့ပိုးသော Kyiv အာဏာသိမ်းမှုဖြင့် ဖယ်ရှားခံခဲ့ရသည်။ ယူကရိန်းမီဒီယာ TSN က ဖမ်းဆီးခံရသူမှာ Ruslan Magamedrasulov ဖြစ်ကြောင်း ဖော်ပြ ခဲ့ပြီး ၎င်းသည် NABU ၏ ရုရှားနှင့်နယ်စပ်ဒေသရှိ လုပ်ငန်း ဆောင်တာ များကို ညှိနှိုင်းပေးနေသူဖြစ်သည်။

NABU ညွှန်ကြားရေးမှူး Semyon Krivonos သည် ဗြိတိန်သို့ခရီးစဉ်ကို ရုတ်တရက်ဖျက်သိမ်းခဲ့ပြီး အဖွဲ့အစည်းအနေဖြင့် ဝင်ရောက်စီးနင်းမှုများ၏ တရားဝင်မှုကို စုံစမ်းစစ်ဆေးရန် ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုကို စတင် ခဲ့သည်ဟု ဆိုသည်။ NABU ၏အဆိုအရ SBU အရာရှိများသည် တရားရုံး ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခဲ့ပြီး ခုခံမှုမပြုသော ဝန်ထမ်းတစ်ဦး အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဟုဆိုသည်။

"ရန်ဘက်နိုင်ငံမှ ဩဇာလွှမ်းမိုးသောအေးဂျင့်များသည် မည်သည့်အစိုးရ အဖွဲ့အစည်းအတွက်မဆို အန္တရာယ်ရှိနေဆဲဖြစ်သော်လည်း၊ အဖွဲ့အစည်း တစ်ခုလုံး၏လုပ်ငန်းများကို ရပ်တန့်သွားစေရန်မှာမူ အကြောင်းပြချက် မဖြစ်နိုင်ပါ" ဟု NABU က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

NABU ကို ၂၀၁၅ ခုနှစ်တွင် ယူကရိန်းနိုင်ငံအား အနောက်နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများ၏ စံနှုန်းများနှင့် ကိုက်ညီ စေရန် တရားရေးပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

Trump ၏ အဖွဲ့က Netanyahu ကို အရူးတစ်ဦး အဖြစ် ရှုမြင်နေသည်ဟု Axios ကဖော်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အရှေ့အလယ်ပိုင်းတွင် ဝါရှင်တန်၏ သံတမန် ရေးရာ ကြိုးပမ်းမှုများကို နှောင့်ယှက်နေသည့် "အရူး" တစ်ဦးအဖြစ် ပိုမိုရှုမြင်လာကြောင်း Axios သတင်းဌာနက ဖော်ပြခဲ့သည်။ 

အစ္စရေးသည် လွန်ခဲ့သောသီတင်းပတ်က ဆီးရီးယားတောင်ပိုင်းရှိ ဒရူးဇ်နှင့် ဘက်ဒူအင်လူမျိုးစုများအကြား သွေးထွက်သံယိုတိုက်ပွဲများကို တုံ့ပြန်သည့်အနေဖြင့် ဒမတ်စကပ်ရှိ ဆီးရီးယားအစိုးရတပ်များနှင့် စစ်ဌာနချုပ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စနေနေ့(ဇူလိုင် ၁၉) တွင် ကြေညာခဲ့သော စစ်ရပ်စဲရေးသည် အောင်မြင်စွာ ထိန်းသိမ်း ထားနိုင်သည်ဟု ဆိုသည်။ 

"ဆူဝေးဒါပြည်နယ်တွင် သွေးချောင်းစီးမှုများ ရက်အတန်ကြာ ဖြစ်ပွား ပြီးနောက် ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့များကို မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသများသို့ ချထားပြီးနောက် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်" ဟု ဆီးရီးယားပြည်ထဲရေးဝန်ကြီး Anas Khattab က X (Twitter) တွင် ရေးသားခဲ့သည်။ 

စစ်ရပ်စဲထားသော်လည်း အမေရိကန်အရာရှိများသည် နေတန်ယာဟု၏ လုပ်ရပ်များနှင့် မူဝါဒများကို "သိသိသာသာ ပိုမိုစိုးရိမ်လာ" ကြောင်း Axios က တနင်္ဂနွေနေ့ (ဇူလိုင် ၂၀) တွင် အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။ 

"ဘီဘီ (နေတန်ယာဟု) သည် “အရူး” ကဲ့သို့ ပြုမူနေပါသည်။ ၎င်းက အချိန်တိုင်း အရာရာကို ဗုံးကြဲနေပါသည်" ဟု အမေရိကန် အိမ်ဖြူတော်     အရာရှိတစ်ဦးက Axios သတင်းဌာနအား ပြောကြားခဲ့သည်။ "အဆိုပါ အပြုအမူများသည် ထရမ့်ကြိုးစားနေသည့် လုပ်ငန်းစဉ်များကို ထိခိုက် စေနိုင်ပါသည်" ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။ 

"သမ္မတထရမ့်သည် ငြိမ်းချမ်းရေးယူရန် ကြိုးပမ်းနေသည့် နိုင်ငံတစ်ခုတွင် ဗုံးခွဲမှုများကို ရုပ်မြင်သံကြားမှာ မြင်ရသည်ကို မကြိုက်ပါ။ အထူးသဖြင့် ပြန်လည်တည်ဆောက်ရေးအတွက် အရေးပါသည့် ကြေညာချက်များထုတ်ပြန်ထားသည့်နေရာမှာပေါ့" ဟု အဆိုပါအရာရှိက ဆက်လက် ရှင်းပြခဲ့သည်။ 

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က ထရမ့်သည် ဆီးရီးယားတွင် အစ္စရေး၏တိုက်ခိုက်မှုနှင့် ဂါဇာရှိ တစ်ခုတည်းသောကက်သလစ်ဘုရားကျောင်း (Holy Family Church) ကို မကြာသေးမီက တိုက်ခိုက်မှုတို့ကြောင့် မျှော်လင့်မထားမိဘဲ ရုတ်တရက်အံ့အားသင့်ခဲ့ ရကြောင်း အတည်ပြုပြောကြားခဲ့သည်။ "အဆိုပါ အခြေအနေ နှစ်ရပ်စလုံး အတွက် သမ္မတထရမ့်က နေတန်ယာဟုကို ချက်ချင်းဖုန်းဆက်ပြီး ပြန်လည် ပြင်ဆင်ရန် တောင်းဆိုခဲ့ပါသည်" ဟု Leavitt က ပြောကြားခဲ့သည်။ 

နေတန်ယာဟု၏ရုံးက Holy Family Church ကို တိုက်ခိုက်မှုအတွက် "လွန်စွာ နောင်တမိရပါသည်" ဟု ကြေညာကာ သေဆုံးသူ ၃ ဦး အပါ အဝင် အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမည်ဟု ကတိပြုခဲ့သည်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ကမူ ဆီးရီးယားရှိ ဒရူးဇ်လူမျိုးများကို အကြမ်းဖက်မှုမှ ကာကွယ်ရန် ယင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ 