နယူးယောက်မြို့၏ လက်နက်ကိုင်မူဝါဒကို ဟန့်တားရန် ထရမ့်အစိုးရ တရားစွဲဆို
အမေရိကန်ပြည်ထောင်စု တရားစီရင်ရေးဌာန (DOJ) သည် နယူးယောက် မြို့တော်နှင့် မြို့တော်ဝန် Eric Adams အပါအဝင် အရာရှိများအား ဖက်ဒရယ် လူဝင်မှုဥပဒေများကို အကောင်အထည်ဖော်ရာတွင် ဟန့်တားသည့် ဒေသန္တရ လက်နက်ကိုင်မူဝါဒ (sanctuary policies) များကြောင့် တရား စွဲဆိုလိုက်သည်။
DOJ ၏ ကြာသပတေးနေ့ (ဇူလိုင် ၂၄) ထုတ်ပြန်ချက်အရ နယူးယောက် မြို့၏ မူဝါဒများသည် "ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးကို တမင်တကာ ဟန့်တားသည့် လုပ်ရပ်" ဖြစ်သည်ဟု ဆိုသည်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ Supremacy Clause (ဖက်ဒရယ်ဥပဒေ၏ အထက်စီး အကျိုးသက်ရောက်မှု) အရ အဆိုပါ ဒေသခံမူဝါဒများသည် ပျက်ပြယ်ရမည်ဟု DOJ က အခိုင်အမာ ပြောဆိုထားသည်။
မြို့တော်ဝန် Adams က "ဒေသဆိုင်ရာဥပဒေများ၏ အနှစ်သာရကို မိမိ တို့အနေဖြင့် ကာကွယ်သော်လည်း၊ လမ်းမပေါ်ရှိ အကြမ်းဖက်မှု ကျူးလွန်သူများနှင့် ပတ်သက်လာလျှင် အဆိုပါ မူဝါဒများသည် ကန့်သတ်ချက်စံနှုန်းများကို ကျော်လွန်နေပြီ" ဟု ဝန်ခံခဲ့သည်။ ၎င်းက မြို့တော်ကောင်စီအား ဖက်ဒရယ်အစိုးရနှင့် ညှိနှိုင်းနိုင်ရန် မူဝါဒပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့သည်။
အဆိုပါ တရားစွဲဆိုမှုသည် ထရမ့်အစိုးရ၏ လက်နက်ကိုင်မူဝါဒများကို ဆန့်ကျင်သည့် နောက်ဆုံးလုပ်ရပ်ဖြစ်ပြီး၊ ယခုနှစ်အတွင်း Los Angeles၊ New York ပြည်နယ်၊ Colorado၊ Illinois နှင့် New Jersey ရှိ မြို့များကိုလည်း အလားတူ တရားစွဲဆိုမှုများ လုပ်ဆောင်ခဲ့သည်။
Kentucky ပြည်နယ်ရှိ Louisville မြို့တော်ဝန်က လွန်ခဲ့သော ရက်ပိုင်းတွင် လက်နက်ကိုင်မူဝါဒများကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဖက်ဒရယ်အစိုးရကို ဆန့်ကျင်ပါက California တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် လူဝင်မှုကြီးကြပ်ရေး အကြီးစားစစ်ဆင်ရေးမျိုး ရင်ဆိုင်ရနိုင်သည်ဟု ၎င်းက ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂