သတင်းများ

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကြား နယ်စပ်ဝင်ပေါက်များကို ထိုင်းဘုရင့်ကြည်းတပ် လူဝင်လူထွက်ပိတ်ပင်

ဗန်ကောက် ဇွန် ၂၄ 
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့ကြား နယ်စပ်ဝင်ပေါက်များကို ထိုင်းဘုရင့်ကြည်းတပ်က ဇွန် ၂၃ ရက်တွင် လူဝင်လူထွက် စတင် ပိတ်ပင်ထားကြောင်း သိရသည်။ 

အဆိုပါ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ကျောင်းသားများနှင့် ဆေးဝါးကုသမှုခံယူမည့်သူများမှလွဲ၍ မော်တော်ယာဉ်နှင့် ခြေလျင်ခရီးသည်များ ဝင်ရောက်မှုကို ထိုင်းဘုရင့်ကြည်းတပ်က ပိတ်ပင်ထားခြင်းဖြစ်သည်။

မေ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် နယ်စပ်တိုက်ပွဲတစ်ခုကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေးတင်းမာနေချိန်တွင် ထိုင်းဘုရင့်ကြည်းတပ် က ကမ္ဘောဒီးယားနိုင်ငံနှင့်ဆက်စပ်နေသော ပြည်နယ်မြောက်ပြည်နယ်တို့မှ နယ်စပ်ပေါက်များကို ထိုင်း ဘုရင်ကြည်းတပ်က ပိတ်ထားခြင်း ဖြစ်သည်။

မေ ၂၈ ရက်က ထိုင်းနှင့် ကမ္ဘောဒီးယားပိုင်ဆိုင်ခွင့်အငြင်းပွား နယ်စပ်တစ်နေရာ၌ နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရ ကြောင်း သိရသည်။

ထို့နောက် ထိုင်းနိုင်ငံမှလောင်စာ ဆီများ ဝယ်ယူတင်သွင်းမှု  ရပ်တန့်ရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်ကညွှန်ကြားခဲ့ပြီးနောက် ထိုင်းဘုရင့်ကြည်းတပ် က ပြည်နယ် ခြောက်ပြည်နယ်ရှိနယ်စပ်ဝင်ပေါက်များကို ပိတ်ထားခြင်းဖြစ်သည်။

ကမ္ဘောဒီးယား နိုင်ငံသည် ထိုင်းနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းမှု ကိုလည်း ရပ်ဆိုင်းထားကြောင်းသိရသည်။

Ref: Xinhua
Trs: KKO

Photo - Bangkok Post

YDNB Newspaper

ထရမ့်ကို ငြိမ်းချမ်းရေး Nobel ဆုအတွက် အဆိုပြု

အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တစ်ဦးက သမ္မတ ဒေါ်နယ် ထရမ့်အား ငြိမ်းချမ်းရေး Nobel ဆုအတွက် အဆိုပြုလိုက်ပြီး ထရမ့်၏ အစ္စရေးနှင့် အီရန်ကြား ၁၂ ရက်ကြာ ပဋိပက္ခအပြီး စစ်ပြေငြိမ်းရေး ညှိနှိုင်းပေးမှုကို အကြောင်းပြုခဲ့သည်။

ထရမ့်က စစ်ပြေငြိမ်းရေး ညှိနှိုင်းရန် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် အမေရိကန်သည် အီရန်၏ Fordow၊ Natanz နှင့် Esfahan နျူကလီးယားစက်ရုံများကို ယခင်က လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ဖူးသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အမေရိကန် သမ္မတအဆိုအရ ထိုနေရာများသည် “လုံးဝအပြီးတိုင် ပျက်စီးသွားပြီ” ဟုဆိုသည်။ အီရန်ကမူ ၎င်း၏စက်ရုံများ ပျက်စီးခြင်းမရှိဟု ငြင်းဆို ထားပြီး ငြိမ်းချမ်းစွာ အသုံးချမည့် နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ရန် လုံးဝငြင်းဆိုထားသည်။

ရီပတ်ပလီကန် ကွန်ဂရက်အမတ် Earl "Buddy" Carter က Norwegian Nobel Committee သို့ ပေးစာတွင် အနောက်ဂျေရုဆလင် (အစ္စရေး) နှင့် တီဟီရန်ကြား စစ်ပြေငြိမ်းရေး ညှိနှိုင်းပေးရာတွင် ထရမ့်၏ “ထူးခြားပြီး သမိုင်းဝင်” ကဏ္ဍကို အကြောင်းပြု၍ အဆိုပြုခဲ့သည်။

“သမ္မတ ထရမ့်၏ ဩဇာလွှမ်းမိုးမှုကြောင့် မဖြစ်နိုင်ဟု များစွာ ယုံကြည်ထားသော သဘောတူညီချက်ကို မြန်ဆန်စွာ ရရှိခဲ့သည်” ဟု ကွန်ဂရက် အမတ်က ထရမ့်၏ Truth Social တွင် မျှဝေထားသောစာတွင် ရေးသားခဲ့သည်။

ထရမ့်သည် အီရန်၏ နျူကလီးယားရည်မှန်းချက်များကို ရပ်တန့်ရန် ရဲရင့်ပြီး ခိုင်မာသော လုပ်ဆောင်ချက်များကိုလည်း ဆောင်ရွက်ခဲ့သည်ဟု Carter က ဆိုသည်။ အမေရိကန်သမ္မတ၏ ခေါင်းဆောင်မှုသည်လက်ရှိအချိန်တွင် Nobel ငြိမ်းချမ်းရေးဆု၏ စံနမူနာများကို “အထင်ကရ ကိုယ်စားပြုနေသည်” ဟု ၎င်းက ကောက်ချက်ချခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

Trump က NATO ခေါင်းဆောင်၏ ချီးမွမ်းစာကို အများသိအောင် ဖော်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က NATO အတွင်းရေးမှူးချုပ် Mark Rutte ထံမှ သီးသန့်မက်ဆေ့ချ်ကို ၎င်း၏ Truth Social လူမှု ကွန်ရက်ပေါ်တွင် မျှဝေခဲ့သည်။ ထိုမက်ဆေ့ချ်တွင် အီရန်ဆိုင်ရာ ချက်ချင်း ဆုံးဖြတ်လုပ်ဆောင်မှုအတွက် ထရမ့်အား ချီးကျူးဂုဏ်ပြုထားသည်။

၎င်းမက်ဆေ့ချ်ကို ထရမ့်က ၎င်း၏ Truth Social စာမျက်နှာ၌ မျှဝေ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အင်္ဂါနေ့ (ဇွန် ၂၄) မှ စတင်ကျင်းပနေသည့် နှစ်ရက်ကြာ NATO အစည်းအဝေးမတိုင်မီ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ယူဆ ရပါသည်။

“အီရန်မှာ ချက်ချင်း ဆုံးဖြတ်လုပ်ဆောင်မှုအတွက် ဂုဏ်ယူပါကြောင်း၊ အခြားမည်သူမျှ ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို ဆောင်ရွက်ခဲ့သည်မှာ ထူးခြားပြီး ထိုသို့ဆောင်ရွက်ခဲ့ခြင်းသည် မိမိတို့အားလုံးကို ပိုမိုလုံခြုံမှု ရှိ စေပါသည်” ဟု Rutte က ရေးသားခဲ့ပါသည်။ ထိုအချက်သည် ဇွန် ၂၂ ရက်နေ့တွင် အမေရိကန်က အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှု အား ညွှန်းဆိုနေပါသည်။

Rutte က ၎င်း၏မက်ဆေ့ချ်တွင် The Hague ၌ ထရမ့်အတွက် နောက်ထပ် ကြီးမားသည့် အောင်မြင်မှုတစ်ခုကိုလည်း ကတိပေးခဲ့ပြီး၊ NATO အဖွဲ့ဝင် အားလုံးသည် ကာကွယ်ရေးအတွက် ၎င်းတို့၏ GDP ၏ ၅% သုံးစွဲရန် သဘောတူခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ “ဆယ်စုနှစ်များအတွင်း အမေရိကန် သမ္မတတစ်ဦးမျှ မရနိုင်ခဲ့သည့် အရာကို သင်ရရှိမှာပါ” ဟုလည်း ရေးသား ခဲ့ပါသည်။

NATO ပြောရေးဆိုခွင့်ရှိသူတစ်ဦးက BBC ကို ၎င်းမက်ဆေ့ချ်သည် အစစ် အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။

ဒေါ်နယ်ထရမ့်သည် ကြာမြင့်စွာကတည်းကပင် NATO အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ စစ်ရေးဘတ်ဂျက်များကို သိသိသာသာ တိုးမြှင့်သင့်ကြောင်း ပြတ်သားစွာတောင်းဆိုခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ ကို ကိုးကား၍ မကြာသေးမီနှစ်များအတွင်း အဖွဲ့ဝင်နိုင်ငံအများအပြားက ထိုကတိကဝတ်များကို ပြုလုပ်ခဲ့ကြသည်။

စပိန်ဝန်ကြီးချုပ် Pedro Sanchez က အဆိုပါရည်မှန်းချက်ကို “မဖြစ် နိုင်သည့်အပြင် အကျိုးမရှိသော” အကြံဖြစ်သည်ဟု ပယ်ချပြီးနောက် စပိန်နိုင်ငံသည် ၅% အသုံးစရိတ်ရည်မှန်းချက်မှ နုတ်ထွက်ရန် ဆုံးဖြတ် ခဲ့သည်ဟု သတင်းများက ဆိုသည်။ လက်ရှိတွင် မက်ဒရစ်အစိုးရသည် မူလသတ်မှတ်ချက် ၂% သုံးစွဲရမည့် စံချိန်ကိုပင် မမီသေးဘဲ ၎င်း၏ GDP ၏ ၁.၃% ခန့်သာ ကာကွယ်ရေးအတွက် သတ်မှတ်ထားသည်။

သို့ရာတွင် NATO အတွင်းရေးမှူးချုပ် Mark Rutte က သတင်းထောက်များအား NATO စည်းမျဉ်းများသည် ထိုသို့သော ခြွင်းချက်ပေးမှုမျိုးကို ခွင့်မပြုကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နေပြည်တော် ဇွန် ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) သို့ တက်ရောက်ရန် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025) သို့ တက်ရောက်ခြင်း၊ EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် Eurasian Economic Union EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘယ်လာရုစ်သမ္မတနိုင်ငံမှတဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးမကဲ H.E.Mr. Alexey Sambuevich Tsydenov ၏ ဖိတ်ကြားချက်အရ ဘူရားတီးရားပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး အထင်ကရနေရာများနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာသွားမည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် စစ်ဘက်၊ နယ်ဘက်မှအဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရှိရသည်။

MOI

ထိုင်းနိုင်ငံက ဝန်ကြီးချုပ် Paetongtarn နှင့် ကမ္ဘောဒီးယား ဆီးနိတ် လွှတ်တော် ဥက္ကဋ္ဌ Hun Sen တို့ ဖုန်းစကားပြောဆိုမှုကို စုံစမ်းစစ်ဆေးလျက်ရှိ

ထိုင်းနိုင်ငံ၏ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) သည် ဝန်ကြီးချုပ် Paetongtarn Shinawatra နှင့် ကမ္ဘောဒီးယား ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Hun Sen တို့ကြား ဖုန်းစကားပြောဆိုမှုကို စုံစမ်းစစ်ဆေးရန် စတင်လိုက်ပြီဖြစ်သည်။

NACC က ဇွန် ၂၄ ရက်နေ့တွင် ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Mongkol Surasajja မှ တိုင်ကြားချက်အရ “လက်ခံ၍ စုံစမ်းစစ်ဆေးရန် သဘော တူခဲ့ကြောင်း” ထုတ်ပြန်ခဲ့သည်။ ၎င်းတိုင်ကြားချက်တွင် ဝန်ကြီးချုပ် Paetongtarn သည် ကမ္ဘောဒီးယား ဆီးနိတ်ဥက္ကဋ္ဌ Hun Sen နှင့် သီးသန့် ဖုန်းစကားပြောဆိုခဲ့ခြင်းအား “ကျင့်ဝတ်ပြင်းထန်စွာ ချိုးဖောက်မှု” အဖြစ် စွပ်စွဲထားသည်။

NACC ၏ ထုတ်ပြန်ချက်အရ အဆိုပါ စုံစမ်းစစ်ဆေးမှုသည် ၁၀ ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး ယင်းကာလအတွင်း ၎င်းတို့သည် စကားပြောဆိုမှု၏ တိကျသော ဘာသာပြန်ချက်ကို ပြန်လည်သုံးသပ်ခြင်းနှင့် သက်သေ များကို ခေါ်ယူစစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်မည်ဖြစ်သည်။

ထို့အပြင် စုံစမ်းစစ်ဆေးရေး ကော်မတီသည် ဆီးနိတ် ကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Sawat Tassana ဦးဆောင်သော ဆီးနိတ် အမတ် ၃၆ ဦးမှ တင်သွင်းထားသည့် ဝန်ကြီးချုပ် Paetongtarn အား ရာထူးမှဖယ်ရှားရန် တောင်းဆိုချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက လက်ခံနိုင်မည့်အခြေအနေနှင့်ပတ်သက်၍လည်း စိစစ် သွားမည်ဖြစ်သည်။

ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသည် ဇူလိုင် ၁ ရက်နေ့တွင် ဆီးနိတ်အမတ်များ၏ တောင်းဆိုချက် ကို စဉ်းစားဆွေးနွေးရန် အစည်းအဝေးကျင်းပမည်ဟု သိရသည်။

ဝန်ကြီးချုပ် Paetongtarn သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် Pheu Thai ပါတီဦးဆောင်သော ၁၁ ပါတီညွန့်ပေါင်းအစိုးရဖွဲ့စည်းပြီး အာဏာ ရရှိခဲ့သည်။ သို့သော် ဇွန် ၁၅ ရက်က ကမ္ဘောဒီးယား ဆီးနိတ်ဥက္ကဋ္ဌ Hun Sen နှင့် သူမ၏ဖုန်းစကားပြောဆိုမှု မှတ်တမ်းတင်ထားသည့် အသံဖိုင် ပေါက်ကြားသွားပြီးနောက် သူမ၏ညွန့်ပေါင်းအစိုးရသည် ပြိုလဲမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ဝန်ကြီးချုပ်အား ပြင်းထန်စွာဝေဖန်မှုများ ရင်ဆိုင်နေရသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ထိုင်းနိုင်ငံ အစိုးရအဖွဲ့အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းကို အတည်ပြုပြီး ဖြစ်ကြောင်းနှင့် ညွန့်ပေါင်းအစိုးရသည် ခိုင်မာဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ပြောကြား

ထိုင်းအစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခြင်းသည် အတည်ပြုပြီးဖြစ်ပြီး၊ ညွန့်ပေါင်းအစိုးရသည် ခိုင်မာနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ပေထုန်ထံ ရှင်နာဝပ်က ဇွန်လ ၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ 

“ပြန်လည်ဖွဲ့စည်းမှုကို အတည်ပြုပြီးဖြစ်ပါပြီ။ ပါတီခေါင်းဆောင် အားလုံးနှင့် ညှိနှိုင်းပြီးသလို လက်ရှိတွင် ဝန်ကြီးအမည်စာရင်းများကို စိစစ် ဆောင်ရွက်နေပါပြီ” ဟု ဝန်ကြီးချုပ်က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

ညွန့်ပေါင်းအစိုးရတွင် ဒုတိယအကြီးဆုံးပါတီဖြစ်သော ဘူမိထိုင်းပါတီ (Bhumjaithai Party) က ပြီးခဲ့သည့်အပတ်က ပံ့ပိုးမှုများ ရုပ်သိမ်းခဲ့ ပြီးနောက် ထိုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

ထို့အပြင် ဝန်ကြီးချုပ် ပေထုန်တံ ရှင်နာဝပ်က ၎င်းကိုယ်တိုင် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ယူမည်ဟူသော ကောလာဟလများကိုလည်း ပယ်ချ ခဲ့ပါသည်။

ကိုးကား - straitstimes

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီ ရုရှားနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိ

တီဟီရန် ဇွန် ၂၉

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီသည် ရုရှား သမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေး ရေးအတွက် ယနေ့တွင် မော်စကို မြို့သို့ရောက်ရှိနေသည်။

အီရန် နိုင်ငံခြားရေးဝန်ကြီးသည် ယနေ့မှာပင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးဖွယ် ရှိကြောင်း အီရန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။

အီရန်နျူကလီးယားအဆောက် အအုံများကို အမေရိကန်နိုင်ငံက စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီး ၄၈ နာရီအကြာတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီ ရုရှားနိုင်ငံ သို့ရောက်ရှိနေခြင်းဖြစ်သည်။

အီရန်နိုင်ငံအား အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့က စစ်ရေးအရ တိုက်ခိုက်မှုကို ရုရှားနိုင်ငံက ရှုတ်ချထားသည်။

ရုရှားနိုင်ငံခရီးစဉ်အတွင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီသည် ရုရှားသမ္မတ ပူတင်အပြင် အခြားရုရှားထိပ်တန်း ခေါင်းဆောင် များနှင့်လည်း တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း အီရန်မီဒီယာများ ထုတ်ပြန်ထားသည်။

ရုရှားနှင့် အီရန်နိုင်ငံတို့သည် မဟာဗျူဟာမြောက် ဘက်စုံ မိတ်ဖက်ဆက်ဆံရေးရှိထားသော နိုင်ငံများဖြစ်ကြသည်။

 Ref : RT

ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် အီရန်လွှတ်တော် မဲခွဲအတည်ပြု

တီဟီရန် ဇွန် ၂၃

အမေရိကန်နိုင်ငံ၏ စစ်ရေးအရ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ရေးကို အီရန်လွှတ်တော်က မဲခွဲအတည်ပြုခဲ့ကြောင်း ဇွန် ၂၂ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။
လွှတ်တော်၏ အတည်ပြုချက် ရရှိပြီးနောက် ဟော်မုဇ်ရေလက်ကြားအား ပိတ်ထားရန် သင့်၊ မသင့်ကို အီရန်အမျိုးသားလုံခြုံရေးကောင်စီက အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်ကြောင်း အီရန် အစိုးရသတင်းဌာနများက သတင်းထုတ်ပြန်ထားသည်။

အိုမန်ပင်လယ်ကွေ့နှင့် ပါရှန် ပင်လယ်ကွေ့တို့ကို ချိတ်ဆက် ပေးထားသည့် ဟော်မုဇ်ရေလက် ရေလက်ကြားကို အီရန်နိုင်ငံက ပိတ်ဆို့ခဲ့ပါက ကမ္ဘာ့ရေနံဈေးကွက်၌ ရေနံဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း နေ့စဉ်သယ်ယူ ပို့ဆောင်နေသည့် ရေနံပမာဏ အနက် ၂ဝ ရာခိုင်နှုန်းခန့်မှာ ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်း နေကြရသည်။

ဟော်မုဇ်ရေလက်ကြားသည် အကျဉ်းဆုံးနေရာ၌ ၂၁ မိုင်ရှိပြီး သင်္ဘောများအတွက် သတ်မှတ်ရေလမ်းကြောင်းများ အကျယ်မှာ နှစ်မိုင်ခန့်သာရှိသည်။

ဟော်မုဇ်ရေလက်ကြားကို မပိတ်ရေးအတွက် အီရန်ကိုကားဆီးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဇွန် ၂၂ ရက်တွင် တရုတ်နိုင်ငံကို တိုက်တွန်းထားကြောင်း သိရသည်။ 

Ref : Xinhua

Photo - CBNC

ထိုင်းနိုင်ငံမှ လောင်စာဆီဝယ်ယူတင်သွင်းမှုရပ်ဆိုင်းမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ပြောကြား

ဖနွမ်းပင် ဇွန် ၂၃

အိမ်နီးချင်း ထိုင်းနိုင်ငံမှ လောင်စာဆီ ဝယ်ယူတင်သွင်းမှု အားလုံးရပ်ဆိုင်းမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

နယ်စပ်အငြင်းပွားမှုပြဿနာတစ်ရပ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်တင်းမာနေချိန်တွင် ထိုင်းနိုင်ငံမှ လောင်စာဆီ ဝယ်ယူတင်သွင်းမှုများ ရပ်ဆိုင်း မည့်အစီအစဉ်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ကြေညာထားသည်။

မေ ၂၈ ရက်က ပိုင်ဆိုင်ခွင့် အငြင်းပွား နယ်စပ်တစ်နေရာ၌ ထိုင်းနှင့်ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံဆက်ဆံရေးစတင် တင်းမာခဲ့ရသည်။

ဇွန် ၂၂ ရက် ညသန်းခေါင်ယံ စ၍ ထိုင်းနိုင်ငံမှလောင်စာဆီနှင့် ဓာတ်ငွေ့ဝယ်ယူ တင်သွင်းမှု မှန်သမျှကို စတင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် က လူမှုမီဒီယာစာမျက်နှာပေါ် ရေးသားထားသည်။

ကမ္ဘောဒီးယားစွမ်းအင်ကုမ္ပဏီများအနေဖြင့် ပြည်တွင်းစွမ်းအင်ဈေးကွက်အတွက် အခြားနေရာများမှ စွမ်းအင်များကို အလုံအလောက် ဝယ်ယူတင်သွင်းမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပြောကြားထားသည်။

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံမှဝယ်ယူ တင်သွင်းခဲ့သည့် ထုတ်ကုန်တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ၈ ဘီလီယံထိရှိခဲ့ရာ ၂၇ ရာခိုင်နှုန်းကို လောင်စာဆီများဝယ်ယူတင်သွင်းရေးအတွက် သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်က အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း

ထိုင်းဝန်ကြီးချုပ် ပေထုန်ထန်ရှင်နာ၀ပ်သည် ပြည်တွင်း၌ နိုင်ငံရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရစဉ် ဇွန်လ ၂၃ ရက်တွင် အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းမှုလုပ်ဆောင်ကြောင်းသိရသည်။ 
ထိုင်းဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းတို့ဖုန်းဆက်စကား ပြောထားသည့်အသံဖိုင်ပေါက်ကြားလာပြီးနောက် ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့မှ အဓိကမဟာမိတ်ပါတီဖြစ်သည့် ဘွမ်ဂျိုင် ထိုင်းပါတီက နုတ်ထွက်သွားသည့်အတွက် ထိုင်းအစိုးရအဖွဲ့အနေဖြင့် ပြုတ်ကျရလုနီးပါးဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် ပေထုန်ထန်ရှင်နာဝပ်သည် ဝန်ကြီးချုပ်ရာထူးမှဆင်းပေးရန် တောင်းဆိုမှုနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ 

သို့သော် ညွန့်ပေါင်းအစိုးရအဖွဲ့ကွင် ကျန်ရှိသည့်ပါတီ ၁၀ ခုက ဆက်လက် လက်တွဲသွားမည်ဖြစ်ကြောင်းထုတ်ပြန်ပြီး နောက် ဘွမ်ဂျိုင်ထိုင်းပါတီနုတ်ထွက်မှု ကြောင့် လစ်လပ်သွားသည့်ဝန်ကြီးနေရာများကို အစားထိုးကာ အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

Ref: TST

MWD Daily Newspaper

photo- Bangkok post