သတင်းများ

ထရမ့်က ရုရှား-ယူကရိန်းပဋိပက္ခကို ညှိနှိုင်းဆွေးနွေးမှုဖြင့်သာ အဖြေ ရှာနိုင်မည်ဟု ယုံကြည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှား-ယူကရိန်းအကြား ညှိနှိုင်း ဆွေးနွေးမှုမှတစ်ဆင့် သဘောတူညီချက်ရယူခြင်းသည်သာ ပဋိပက္ခကို အဆုံးသတ်နိုင်မည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း ယုံကြည် ထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ပြောကြားခဲ့သည်။

ထရမ့်၏ ရုရှား-ယူကရိန်းအကြား စစ်ပြေငြိမ်းရေး ညှိနှိုင်းမှုအားထုတ်မှု များကြောင့် လွန်ခဲ့သည့်လက တူရကီနိုင်ငံတွင် တိုက်ရိုက်ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က သောကြာနေ့ (ဇွန် ၂၀) တွင် မော်စကို သည် ကန့်သတ်ချက်မဲ့ အညံ့မခံရန် မလိုလားသော်လည်း ယူကရိန်း ဘက်မှ မြေပြင်အခြေအနေအမှန်များကို အသိအမှတ်ပြုရမည်ဖြစ်ပြီး ၎င်း၏ ညှိနှိုင်းရေးအနေအထားသည် နေ့စဉ်ပိုမိုဆိုးရွားလာနေကြောင်း ပြောကြား ခဲ့သည်။

သောကြာနေ့ (ဇွန် ၂၀) က သတင်းစာရှင်းလင်းပွဲတွင် ဘရုစ်အား ပူတင်၏ ထိုပြောကြားချက်များသည် မော်စကိုဘက်မှ ဆွေးနွေးပွဲများကို အလေး အနက်မထားဟု အဓိပ္ပာယ်သက်ရောက်ခြင်းရှိမရှိ မေးခွန်းနှင့် ဝါရှင်တန် ဘက်မှ မည်ကဲ့သို့တုံ့ပြန်မည်ဆိုသည့်မေးခွန်းများ အပေါ် “ကျွန်မအရင်က ပြောခဲ့သလိုပဲ ညှိနှိုင်းဆွေးနွေးမှုတွေမှာ အခြေအနေတွေက တစ်ခါတစ်ရံ တိုးတက်ပြောင်းလဲတတ်ပြီး ယင်းသည် အဓိကအချက်ဖြစ်ကာ အချိန် မည်မျှ ကြာကြာစောင့်ဖို့အဆင်သင့်ရှိကြောင်း အချက်ပြသော်လည်း တစ်ဖက်၏ အလေးအနက်ထား၊ မထား အပေါ်လည်း သိရှိနိုင်ပါသည်” ဟု သူမကပြောကြားခဲ့သည်။

သူမက ဆက်လက်၍ အမေရိကန်သည် ယူကရိန်း၏ အကြီးမားဆုံး ပံ့ပိုးကူညီသူ အဖြစ်ဆက်ရှိနေသော်လည်း ငြိမ်းချမ်းရေး ညှိနှိုင်းမှု လုပ်ငန်းစဉ်သည် ရှုပ်ထွေးပြီး အဆက်မပြတ်ပြောင်းလဲနေကြောင်း ဖော်ပြ ခဲ့သည်။ 

ပူတင်၏ “ယခုအခါ ရုရှားသည် အဆိုပါ ပဋိပက္ခတွင် နည်းဗျူဟာမြောက် အသာစီးရရှိထားပြီ” ဟူသော ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဘရုစ်သည် အပြစ်ပေးအရေးယူမှုများ သို့မဟုတ် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပတ်သက်၍ မှတ်ချက်ပြုရန် ငြင်းဆိုခဲ့ပြီး “မိမိတို့သည် ရုရှား၏ လုပ်ဆောင်ချက် ကိုသာ ကြည့်မည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

“မည်သို့ ဆက်လုပ်ရမည်ဆိုသည်ကို ဆုံးဖြတ်နိုင်သည်က သမ္မတ တစ်ဦးတည်းပါပဲ။ မိမိတို့၏ ရွေးချယ်မှုတွေကို လမ်းညွှန်ပေးသည့် တစ်ခုတည်း သောလက်တစ်စုံရှိပါသည်။ အဲဒီမှာ ရုရှား၊ ယူကရိန်းနှင့် ၎င်း ရပ်တန့်ဖို့ ကြိုးစားနေသည့် ပဋိပက္ခအားလုံး ပါဝင်ပါသည်” ဟု သူမက ဆိုသည်။

ပြောရေးဆိုခွင့်ရှိသူက မော်စကိုနှင့် ဝါရှင်တန်အကြား တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်မှုများသည် နောက်ကွယ်တွင် ဆက်လက်ရှိနေကြောင်း၊ သက်ဆိုင်သူများနှင့် တိုက်ရိုက်ဆက်ဆံမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပြီး လက်ရှိအချိန်၌ ကမ္ဘာ့အစွမ်းထက်ဆုံး ခေါင်းဆောင် ဖြစ်သည့် ထရမ့်သည် အခြေအနေကိုအကဲဖြတ်ရန် ပြည်သူများ သို့မဟုတ် မီဒီယာများထက် ပိုမိုကောင်းမွန်သည့် အခြေအနေတွင် ရှိနေသည်ဟု ဆွေးနွေးခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

BRICS သည် ရည်မှန်းချက်ကြီးမားသော ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို စတင်ခဲ့သည်ဟု ပူတင်ပြောကြား

BRICS နိုင်ငံများသည် နျူကလီးယားစွမ်းအင်လုပ်ငန်း၊ လေကြောင်း၊ AI နှင့် အခြားကဏ္ဍများတွင် အကြီးစား ပူးပေါင်းဆောင်ရွက်မှုများ စတင် ခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့သည်။

စိန့်ပီတာစဘတ်အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF) ၌ ပြောကြား ရာတွင် ပူတင်၏ အဆိုအရ BRICS စီးပွားရေးအုပ်စုသည် “လူထုဗဟိုပြု စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရာတွင် စံချိန်စံညွှန်းများ ချမှတ်လျက် ရှိသည်” ဟုဆိုသည်။

ရုရှားသမ္မတက လူမှုဘဝပတ်ဝန်းကျင် မြှင့်တင်ရန် အဓိက စီမံကိန်းများ အား စုစည်းဆောင်ရွက်လျက်ရှိပြီး “နျူကလီးယားစွမ်းအင်နှင့် လေကြောင်း၊ နည်းပညာအသစ်နှင့် IT လုပ်ငန်း၊ စက်ရုပ်နှင့် ဉာဏ်ရည်တုစသည့် နယ်ပယ်များတွင် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာစေရန် အကောင်အထည် ဖော်လျက်ရှိသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

BRICS အုပ်စုကို ၂၀၀၆ ခုနှစ်တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ တို့က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် တောင်အာဖရိက နိုင်ငံ ပါဝင်လာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် အီရန်၊ အီဂျစ်၊ အီသီယိုးပီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် နောက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ တို့ကို တင်းပြည့်အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။ နောက်ထပ် နိုင်ငံ ၃၀ ကျော် က အဆိုပါအုပ်စုတွင် ပါဝင်ရန် လျှောက်ထားခဲ့ကြသည်။

SPIEF အစည်းအဝေးတွင် ပူတင်၏ ပြောကြားချက်အရ BRICS နိုင်ငံများ ၏ စုပေါင်းကုန်သွယ်မှုပမာဏသည် “ဒေါ်လာတစ်ထရီလီယံကို ကျော်လွန် ခဲ့ပြီး ဆက်လက်တိုးတက်လျက်ရှိသည်” ဟုဆိုသည်။

ရုရှားခေါင်းဆောင်က အဆိုပါ ပလက်ဖောင်း၏ အခြေခံအချက်များ ဖြစ်သော သဘောတူညီမှု၊ ညီမျှမှု၊ အပြန်အလှန်အကျိုးစီးပွားနှင့် ပွင့်လင်း မြင်သာမှုတို့ကို သိသာထင်ရှားစေပြီး နိုင်ငံအသစ်များ ပါဝင်လာသည်နှင့် အမျှ အုပ်စုအား ပိုမိုအားကောင်းလာစေမည်ဟု ပြောကြားခဲ့သည်။

“ရုရှားနိုင်ငံသည် မိမိတို့နိုင်ငံများ၏ သာယာဝပြောရေးနှင့် ကမ္ဘာတစ်ဝှမ်း တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုအား နှစ်ပေါင်းများစွာအာမခံနိုင်ရန် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုပုံစံအသစ် ဖော်ဆောင်ရာတွင် ပူးပေါင်းပါဝင်ရန် မိတ်ဖက်များကို ဖိတ်ခေါ်ပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပူတင်၏ အလေးထားပြောကြားချက်အရ ယနေ့ကမ္ဘာ့စိန်ခေါ်မှုများ အတွက် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုများ လိုအပ်နေသည်။

“အထူးသဖြင့် အခြားသူများ၏ ကုန်ကျစရိတ်ဖြင့် တစ်ဦးတည်း ပြဿနာ များကို ဖြေရှင်းခြင်းသည် လုံးဝမဖြစ်နိုင်ပါ ၊ ယင်းသည် လှည့်စားမှု တစ်ခု သာဖြစ်သည်၊ BRICS ကဲ့သို့သော အဖွဲ့အစည်းများနှင့် အခြားသော ပုံစံ များကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုများကသာ လူသားယဉ်ကျေးမှု တစ်ရပ်လုံး၏ တိုးတက်မှုကို အာမခံနိုင်မည်” ဟု သမ္မတက အစည်း အဝေးတွင် ပြောကြားခဲ့သည်။

ယခုနှစ် SPIEF အစည်းအဝေးသို့ နိုင်ငံနှင့် နယ်မြေပေါင်း ၁၃၇ ခုမှ ကမ္ဘာ့ခေါင်းဆောင်များ၊ အဓိကကော်ပိုရေးရှင်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် မူဝါဒကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။

ရုရှားအနေဖြင့် ယူကရိန်းကို လက်နက်ချရန် တောင်းဆိုနေခြင်း မဟုတ်ဟု ဗလာဒီမာ ပူတင် ပြောကြား

ရုရှားသည် ယူကရိန်း၏ လက်နက်ချမှုကို တောင်းဆိုနေခြင်း မဟုတ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF) တွင် ပြောကြားခဲ့သည်။ သောကြာနေ့ (ဇွန် ၂၀) က စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF) တွင် ပူတင်အား “ယူကရိန်းကို ရုရှားက သံသယမရှိဘဲ လက်နက်ချရန် တောင်းဆို နေသလား” ဟု မေးမြန်းခံရပြီး ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ထံမှ တောင်းဆိုနေသည့် အနေအထားနှင့် နှိုင်းယှဉ်မေးမြန်းခံခဲ့ရခြင်း ဖြစ်သည်။

“မိမိတို့အနေဖြင့် ယူကရိန်း၏ လက်နက်ချမှုကို မလိုလားပါ။ မြေပြင် အခြေအနေမှာ ဖြစ်ပေါ်နေသည့်အခြေအနေတွေကို အသိအမှတ်ပြုရန်သာ မိမိတို့ တောင်းဆိုနေတာပါ” ဟု ပူတင်က ပြောကြားခဲ့သည်။ ထို့အပြင် ယူကရိန်းပဋိပက္ခသည် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ရေးအရှိန်မြှင့်တင်မှုများနှင့် လုံးဝကွဲပြားခြားနားသောအခြေအနေ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

အမေးအဖြေ အစီအစဉ်တစ်ခုတွင် ပူတင်အား မော်စကို၏ စစ်ရေးအစီအစဉ်များနှင့် ၂၀၂၂ ခုနှစ်က ကျင်းပခဲ့သော ဆန္ဒခံယူပွဲများအရ ရုရှား နိုင်ငံ၏ အစိတ်အပိုင်းဖြစ်လာခဲ့သည့် ယခင် ယူကရိန်းနယ်မြေများကို ကျော်လွန်၍ တိုးတက်မှုအခြေအနေများအကြောင်း မေးမြန်းခံခဲ့ရသည်။ ပူတင်က တိုက်ရိုက်အဖြေမပေးဘဲ အချို့သောအမြင်များအရ ယူကရိန်း နိုင်ငံတစ်ခုလုံးသည် ရုရှားနိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည်ဟု အကြံပြု ခဲ့သည်။

“မိမိ မကြာခဏပြောခဲ့သလိုပါပဲ ရုရှားလူမျိုးနှင့် ယူကရိန်းလူမျိုးတို့သည် တကယ်တော့ တစ်ပြည်ထောင်၊ တစ်လူမျိုးတည်းပါပဲ။ ထိုအမြင်ဖြင့် ကြည့်မည်ဆိုပါက ယူကရိန်းနိုင်ငံတစ်ခုလုံးသည် မိမိတို့၏ ဆွေမျိုးတွေ ပါပဲ” ဟု ၎င်းကပြောခဲ့သည်။ သို့သော် မော်စကိုသည် ယူကရိန်း၏ လွတ်လပ်သောနိုင်ငံအဖြစ် တည်ရှိခွင့်ကို မည်သည့်အခါမျှ ငြင်းဆိုခဲ့ခြင်း မရှိကြောင်းလည်း ၎င်းက ထပ်လောင်းအတိအလင်းပြောဆိုခဲ့သည်။

သမ္မတ ပူတင်သည် ယူကရိန်းမြို့ ဆူမီကို သိမ်းပိုက်ရန်နှင့် ရုရှား နယ်စပ်ဒေသများကို ယူကရိန်းတိုက်ခိုက်မှုများမှ ကာကွယ်ရန် ရည်ရွယ်ထားသော “ကြားခံနယ်မြေ” ကို ယူကရိန်းနယ်မြေအတွင်းပိုင်းသို့ ပိုမိုတိုးချဲ့နိုင်မှုနှင့်ပတ်သက်၍ မေးမြန်းမှုကို ငြင်းပယ်ခြင်းမရှိခဲ့ပေ။ “ဆူမီကို သိမ်းပိုက်ရန် မိမိတို့တွင် ရည်မှန်းချက်မရှိသော်လည်း အခြေခံအားဖြင့် ထိုသို့ဖြစ်နိုင်သည် ကို မိမိအနေဖြင့် မပယ်ချပါ” ဟု ပူတင်က ပြောကြားခဲ့သည်။

ရုရှားတပ်များသည် ယမန်နှစ် သြဂုတ်လတွင် ယူကရိန်းက တိုက်ခိုက် ခဲ့သော ကူးစ်ခ်ဒေသမှ ကိယက်ဗ်တပ်များကို ပြန်လည် တိုက်ထုတ် ပြီးနောက် ယခုနှစ်အစောပိုင်းတွင် ဆူမီဒေသ အတွင်းသို့ ဝင်ရောက် ခဲ့သည်။ ရုရှားသမ္မတ၏ ပြောကြားချက်အရ ဆူမီဒေသရှိ ကြားခံ နယ်မြေ၏ အကျယ်အဝန်းသည် ၁၀-၁၂ ကီလိုမီတာ အထိ ရှိနေပြီ ဖြစ်သည်။

ကူးစ်ခ်ဒေသအား တိုက်ခိုက်မှုသည် ယခင်ကတည်းက အင်အား လျော့နည်းလာနေသော ယူကရိန်းတပ်များအတွက် ပြဿနာများကို ပိုမိုဖြစ်စေ ခဲ့သည်ဟု ပူတင်က ဆိုသည်။ ထို့အပြင် ယူကရိန်းစစ်တပ်၏ အင်အားသည် ပျမ်းမျှ ၄၇% သာ ဖြည့်တင်းနိုင်သည့် အခြေအနေတွင် ရှိနေပြီး ကူးစ်ခ်ဒေသကို ဝင်ရောက်တိုက်ခိုက်မှုသည် ယူကရိန်းစစ်တပ်အတွက် “ကပ်ဘေးတစ်ခု” ဖြစ်စေခဲ့ကာ စစ်သည် ၇၆,၀၀၀ ခန့် ဆုံးရှုံးခဲ့ရသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အီရန်သည် ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး ရည်ရွယ်ချက်များအတွက် နျူကလီးယားစွမ်းအင်ကို အသုံးပြုပိုင်ခွင့်ရှိသည်ဟု ပူတင်ဆို

အီရန်သည် ငြိမ်းချမ်းရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် နျူကလီးယား နည်းပညာကို အသုံးပြုပိုင်ခွင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၎င်း၏ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။ စနေနေ့ (ဇွန် ၂၁) က စိန့်ပီတာစဘတ်အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (SPIEF) ၏ အစည်းအဝေးအပြီးတွင် ဖိုရမ်အစီအစဉ်တင်ဆက်သူနှင့် Sky News Arabia ၏ အထွေထွေမန်နေဂျာ Nadim Koteich တို့နှင့် ဆွေးနွေး ခဲ့သည်။

“အီရန်တွင် ငြိမ်းချမ်းရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုပိုင်ခွင့်ရှိသည်ဟု မိမိတို့ယုံကြည်ပါသည်။ ထို့အပြင် ယခင်နှစ်များကကဲ့သို့ပင် အဆိုပါနယ်ပယ်တွင် လိုအပ်သော အထောက်အပံ့များကိုပေးအပ်ရန် မိမိတို့ အဆင်သင့်ဖြစ်နေပါသည်” ဟု ရုရှားသမ္မတက ပြောကြားခဲ့သည်။

ပူတင်က ရုရှားနိုင်ငံသည် မည်သည့်နိုင်ငံတွင်မဆို နျူကလီးယား လက်နက်များ ပျံ့နှံ့မှုကို ဆန့်ကျင်ကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်။ “အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က အီရန်သည် နျူကလီးယားလက်နက်ရရှိရန် ကြိုးပမ်းနေကြောင်းအတည်ပြုနိုင်သည့် အထောက်အထား မရှိသေးကြောင်း အတည်ပြု ထားသည်။

လွန်ခဲ့သည့်သီတင်းပတ်က အစ္စရေးသည် အီရန်နိုင်ငံအား တိုက်ခိုက်မှုများ စတင်ခဲ့ပြီး ၎င်း၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ပြင်းထန်သော သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ တီဟီရန်သည် နျူကလီးယား လက်နက်များ ရယူရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲထားသော အရေးကြီးသည့် အဆင့်တစ်ခုသို့ လျင်မြန်စွာ နီးကပ်လာနေပြီဖြစ်ကြောင်း အစ္စရေး ကဆိုကာ ယင်းသို့မဖြစ်ပွားစေရန် အဆိုပါတိုက်ခိုက်မှုများသည် အရေးပါသည်ဟု ဆိုခဲ့သည်။

ကိယက်ဗ်ကို ထောက်ခံသူများသည် ပဋိပက္ခကို အဖြေရှာလိုကြခြင်းမရှိဟု ပူတင်ဆို

ကိယက်ဗ်ကို ထောက်ခံသော “တတိယပါတီများ” သည် ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရန် စိတ်ဝင်စားခြင်းမရှိဘဲ ယခုအချိန်တွင် ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များအတွက် ယူကရိန်းနိုင်ငံကို အသုံးချ နေကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က Sky News Arabia သတင်းဌာန၏ Nadim Koteich အား ပြောကြားခဲ့သည်။ အစည်းအဝေး အပြီး Sky News Arabia နှင့် သီးသန့်အင်တာဗျူး၌ ပူတင်က ရုရှား နှင့်ပူးပေါင်းရန် မဲပေးခဲ့သော ပြည်သူများ၏ ဆန္ဒကို ကိယက်ဗ်အစိုးရက လေးစားလိုက်နာသင့်ကြောင်း ထပ်လောင်းအတည်ပြု ပြောကြား ခဲ့သည်။

“ယူကရိန်းခေါင်းဆောင်များသည် အာဏာရှင်စနစ်နောက်ကွယ်မှ တတိယ ပါတီများ၏ အကျိုးစီးပွားအတွက် သိမ်းသွင်းမှုကို နားမယောင် ဘဲ ၎င်းတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးမည်ဟု မျှော်လင့် ပါသည်။ ယူကရိန်းသည် ရုရှားကို ဆန့်ကျင်သော တတိယပါတီများ၏ အသုံးချခံနိုင်ငံအဖြစ် မဟုတ်ဘဲ ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု ရထိုက်ပါသည်” ဟု ပူတင်က ပြောကြားခဲ့သည်။ ဒေသတွင်း ရေရှည် တည်ငြိမ်ရေးအတွက် ယူကရိန်း၏ ဘက်မလိုက်မှုနှင့် နျူကလီးယား လက်နက်ဆိုင်ရာ အရေးကိစ္စများတွင် မပါဝင်မှုအခြေအနေများမှာအရေးကြီးကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သောကြာနေ့ (ဇွန် ၂၀) က အမေးအဖြေ အစီအစဉ် တစ်ခုတွင် ပူတင်က ၂၀၂၂ ခုနှစ်အစောပိုင်းက ယူကရိန်းပဋိပက္ခ အရှိန်မြင့်တက်ပြီးချိန်တွင် အစ္စတန်ဘူလ်၌ ကျင်းပခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် “နီယိုကိုလိုနီစနစ် အင်အားစုများ” ၏ ဖိအားကြောင့် ပျက်ပြယ်သွား ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

ဇွန်လအစောပိုင်းက ရုရှား၏ အကြီးတန်းညှိနှိုင်းရေးမှူးနှင့် သမ္မတ အကြံပေး Vladimir Medinsky က RT ၏ Rick Sanchez အား ၂၂၀၂ ခုနှစ်တွင် ယူကရိန်းသည် ညှိနှိုင်းမှုများမှ နုတ်ထွက်ခြင်းမရှိပါက ပိုမိုအကျိုးကျေးဇူးရှိသော သဘောတူညီမှုတစ်ရပ်ကို ရရှိနိုင်ခဲ့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Medinsky ၏ အဆိုအရ ကိယက်ဗ်သည် အမေရိကန် နှင့် ဗြိတိန်တို့နှင့် တိုင်ပင်ပြီးနောက် ညှိနှိုင်းမှုများမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားသမ္မတက SPIEF အတွက် အဓိကဧည့်သည်တစ်ဦးဖြစ်ဟု ရုရှားသမ္မတပြော

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုသည် ရုရှားနိုင်ငံ၌ကျင်းပသော ၂၀၂၅ ခုနှစ် စိန့်ပီတာစဘာ့အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (SPIEF) အတွက် အဓိက ဧည့်သည်တစ်ဦးဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၁၉ ရက်တွင် ပြောသည်။

အင်ဒိုနီးရှားသမ္မတသည် ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေစဉ် ရုရှားသမ္မတက လက်ခံတွေ့ဆုံခြင်း ဖြစ်သည်။ ထို့နောက် သမ္မတနှစ်ဦးသည် ဇွန်လ၂ဝ ရက်တွင်ပြုလုပ်မည့် SPIEF ၏မျက်နှာစုံညီအစည်းအဝေး၌ ပါဝင်သွားမည်ဖြစ်ကြောင်း ပူတင်ကပြောသည်။

ရုရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကြား နှစ်နိုင်ငံဆက်ဆံရေးနယ်ပယ်တစ်ခုလုံးနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးရန် ပူတင်က ပရာဘိုဝို​ဆူဘီယန်တိုကို SPIEF သို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေးသည် တဖြည်းဖြည်းတိုးတက်လာကြောင်း၊ ကုန်သွယ်မှုသည်လည်း မြင့်မားလာကြောင်းနှင့် နယ်ပယ်ပေါင်းစုံတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများရှိလာကြောင်း ပူတင်ကပြောသည်။ 

Ref: RT

Photo- Sputnik

ထွက်ပေါ်လာသောအသံဖိုင်နှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်က လူထုကိုတောင်းပန်စကားဆို

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်ထန် ရှင်နာဝပ်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဆွေးနွေးထားသည့် အသံဖိုင်ထွက်ပေါ်လာပြီးနောက် ထိုအသံ ဖိုင်ပါပြောဆိုချက်များနှင့်ပတ်သက်၍ ဇွန်လ ၁၉ ရက်တွင် လူထုကိုတောင်းပန် စကားဆိုလိုက်ကြောင်းသိရသည်။

ထိုင်းဝန်ကြီးချုပေထုန်ထန်ရှင်နာဝပ်က အသံဖိုင်ထွက်ပေါ်လာမှုနှင့်ပတ်သက်၍ တောင်းပန်ကြောင်း၊ ထိုပြောဆိုမှုကို အသံဖမ်းထားမည်ဟုမသိရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ထိုင်းဝန်ကြီးချုပ်သည် ထွက်ပေါ်လာသော အသံဖိုင်ပါပြောဆိုချက်များနှင့်ပတ်သက်၍ ထိုင်းတပ်မတော်အကြီးအကဲများနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ တောင်းပန်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် အစိုးရအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်ရေးအတွက် တပ်မတော်နှင့်အတူ ညီညွတ်စွာ ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် ပြောဆိုမှုမှန်သမျှကိုလည်း ဂရုစိုက်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က လူထုကိုကတိပြုထားသည်။

Ref. The Nation

Photo - CNA

MWD Web Portal

 ပူတင်က ဇီလန်စကီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်သော်လည်း ယူကရိန်းဘက်တွင် လက်မှတ်ထိုးမည့်သူ မရှိဟုဆို

ရုရှားသမ္မတဗလာဒီမာပူတင်က ၎င်းအနေဖြင့် ယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီနှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိုဆွေးနွေးနိုင်သော်လည်း ရရှိလာသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုးရန် ယူကရိန်းဘက်တွင် လက်မှတ်ထိုးမည့်သူ မရှိကြောင်းပြောသည်။

စိန့်ပီတာစဘာ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်၌ ဇွန်လ ၁၈ ရက်နှောင်းပိုင်းတွင် နိုင်ငံတကာမှမီဒီယာများ၏ မေးမြန်းချက်ကိုပြန်ဖြေစဉ် ပူတင်က  ယခုကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။ ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် ဇီလန်စကီ၏တရားဝင်မှုနှင့်ပတ်သက်၍ ပူပန်မှုရှိကြောင်း ရုရှားသမ္မတက ဆက်ပြောသည်။

"တကယ်လို့များ  ယူကရိန်းဘက်က သူတို့ကိုယ်စား တစ်ယောက်ယောက်ကို ကိုယ်စားပြုဖို့ယုံကြည်စွာအပ်နှံချင်တယ် ဆိုရင်တော့ ဇီလန်စကီကိုယ်တိုင်လာနိုင်ပါတယ်။ ဒါပေမဲ့ မေးစရာရှိတဲ့ တစ်ချက်က ဘယ်သူက သဘောတူညီချက်မှာလက်မှတ်ထိုးမှာလဲ" ဟု ပူတင်ကပြောသည်။

ဇီလန်စကီ၏သမ္မတသက်တမ်းသည် ပြီးခဲ့သည့်နှစ်တွင် ကုန်ဆုံးသွားပြီဖြစ်သော်လည်း မာရှယ်လော ထုတ်ပြန်ထားသည့်အတွက် နောက်ထပ်ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသောကြောင့် သမ္မတအသစ် ကိုတင်မြှောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

ထို့ပြင်လက်ရှိတာဝန်ထမ်းဆောင်နေသော ယူကရိန်းအစိုးရတာဝန်ရှိသူများကို ဇီလန်စကီကခန့်အပ်ထားခြင်းဖြစ်ကြောင်း၊ထို့ကြောင့် ဇီလန်စကီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ နောက်ထပ်မေးခွန်း ထုတ်ရမည်ဖြစ်ကြောင်း ပူတင်က ဆက်ပြောထားသည်။

အီရန်အနေဖြင့် အညံ့ခံမည်မဟုတ်ဟု ခါမေနီ ပြော

အစ္စရေးနှင့် ပဋိပက္ခဖြစ်ပွားနေချိန်တွင် အီရန်အနေဖြင့် ဆက်လက်၍ မဆုတ်မနစ်ရှိနေမည် ဖြစ်ကာ ဖိအားပေးမှုများရှိလင့်ကစား မည်သူ့ကိုမှ အညံ့ခံမည်မဟုတ်ကြောင်း အီရန်ထိပ်တန်း ခေါင်းဆောင် အလီခါမေနီက ဇွန် ၁၈ ရက်၌ ပြောကြားခဲ့သည်ဟု အီရန်၏ Tasnim သတင်း ဌာနက ဖော်ပြခဲ့သည်။

အပြည့်အစုံဖတ်ရှုရန်- https://sacministry.gov.mm/my/subject/7560

ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့က အီရန်နှင့် ပြီးပြည့်စုံသော ညှိနှိုင်း ဆွေးနွေးမှုများအတွက် အဆိုပြုလွှာတစ်ခု ပြုလုပ်ရန်ရှိကြောင်း ပြင်သစ် သမ္မတ မက်ခရွန်က ပြောကြား

ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့သည် အီရန်နှင့် ပြီးပြည့်စုံသော ညှိနှိုင်း ဆွေးနွေးမှုများအတွက် အဆိုပြုလွှာတစ်ခု ပြုလုပ်ရန် အသင့်ရှိကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ဆွစ်ဇာလန်နိုင်ငံတွင် အရေးပါသည့် သံတမန် အစည်းအဝေး မစတင်မီ နာရီပိုင်းအလိုတွင် ပြောကြားခဲ့သည်။

သောကြာနေ့ (ဇွန် ၂၀) က ပြင်သစ်ကာကွယ်ရေးပြပွဲ၏ အခမ်းအနားတစ်ခုတွင် သတင်းထောက်များနှင့် ပြောဆိုစဉ် မက်ခရွန်က နျူကလီးယား လက်နက်များ တပ်ဆင်ထားသည့် အီရန်၏ အလားအလာကို ကိုင်တွယ်ရာတွင် ပေါ့ပေါ့တန်တန် မဆောင်ရွက်သင့်ကြောင်း သတိပေးခဲ့သည်။

“ညှိနှိုင်းဆွေးနွေးမှုများသို့ ပြန်လည်ရောက်ရှိရေး၊ နျူကလီးယား အရေး ဆိုင်ရာ ညှိနှိုင်းမှုများဖြစ်သည့် ယူရေနီယမ်သန့်စင်သည့် လုပ်ငန်းစဉ်ကို သုညအထိ လျှော့ချရန်၊ အီရန်နိုင်ငံ၏ ဒုံးကျည်စွမ်းရည်များနှင့် ဒေသတွင်း မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေသည့် အကြမ်းဖက်အုပ်စုများအား ငွေကြေး ထောက်ပံ့မှုများ ကန့်သတ်ရန်ကို အလေးပေး ဆောင်ရွက်ရမည်” ဟု ၎င်းက ဆိုသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျွန်နိုးလ် ဘာရိုးနှင့် ဂျာမနီ၊ ဗြိတိန်တို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အစ္စဘစ် အရာချီ ထံသို့ “သံတမန်ရေးနှင့် နည်းပညာဆိုင်ရာ ပြည့်စုံသော ညှိနှိုင်း ဆွေးနွေးမှုများအတွက် အဆိုပြုလွှာ” တစ်ခုပေးပို့မည်ဖြစ်ကြောင်း မက်ခရွန်က ဖြည့်စွက်ပြောကြားခဲ့သည်။

ဥရောပနိုင်ငံသုံးနိုင်ငံနှင့် အီရန်အကြား အစည်းအဝေးအား ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့တွင် ဒေသစံတော်ချိန် ညနေ ၃ နာရီ (အမေရိကန် အရှေ့ဘက် စံတော်ချိန် နံနက် ၉ နာရီ) တွင် စတင်ကျင်းပမည်ဖြစ်သည်။

ပြင်သစ်သံတမန်တစ်ဦးက CNN အား ပြောကြားရာတွင် ဘာရိုးသည် ကြာသပတေးနေ့ (ဇွန် ၁၉) က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုအား သောကြာနေ့ (ဇွန် ၂၀) တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကျင်းပမည့်အစည်းအဝေးအတွက် ဥရောပအဖွဲ့၏ အစီအစဉ် ချမှတ် ထားသည့် ချဉ်းကပ်မှုနည်းလမ်းများကို ပေးပို့ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုသံတမန်အဆိုအရ ရူဘီယိုသည် ဖုန်းဆက်ဆွေးနွေးစဉ်အတွင်း အမေရိကန်သည် “မည်သည့်အချိန်တွင်မဆို အီရန်အစိုးရနှင့် တိုက်ရိုက် ဆက်သွယ်ရန် အဆင်သင့်ဖြစ်နေကြောင်း” အလေးပေး ပြောကြား ခဲ့သည်။

ဘာရိုးနှင့် ရူဘီယိုတို့သည် ဂျီနီဗာအစည်းအဝေးနှင့်ပတ်သက်၍ ဆွေးနွေးရန်နှင့် ညှိနှိုင်းမှုများ နှင့်ပတ်သက်၍ သောကြာနေ့ (ဇွန် ၂၀) တွင် နောက်ထပ်ဖုန်းဆက်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သံတမန်က ပြောကြား ခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂