သတင်းများ

ဥရောပတစ်ဝန်း၌ ပါလက်စတိုင်းထောက်ခံဆန္ဒပြမှုများဖြစ်ပွား

လန်ဒန်၊ နိုင်ငံရေး

ဥရောပဒေသတစ်ဝန်း၌ ဇွန်လ ၂၁ ရက် တွင် ပါလက်စတိုင်းထောက်ခံဆန္ဒပြမှုများဖြစ်ပွားကြောင်းနှင့် ဆန္ဒပြသူထောင်ပေါင်းများစွာပါဝင်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံလန်ဒန်မြို့တွင် ဆန္ဒပြသူထောင်ပေါင်းများစွာသည် ပါလက်စတိုင်း အလံများကို ကိုင်ဆောင်ဝှေ့ရမ်းကာ ချီတက်ဆန္ဒပြခြင်းဖြစ်ကြောင်းနှင့် ဂါဇာစစ်ပွဲကိုရပ်တန့်ရန် တောင်းဆိုကြောင်းတွေ့ ရသည်။

ထို့အတူ ဂျာမနီနိုင်ငံ ဘာလင်မြို့လယ်၌ ဆန္ဒပြသူ ၁၀၀၀၀ ကျော်သည် ဂါဇာကိုထောက်ခံသည့် ဆန္ဒပြမှုများလုပ်သည်။ ဆွစ်ဇာလန်နိုင်ငံတွင်လည်း ဆန္ဒပြသူစုစုပေါင်း ၂ဝဝဝဝ ခန့်က လွှတ်တော်ရှေ့၌ စုရုံး၍ ဂါဇာတွင်အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုကြောင်းသိရသည်။

 Ref: BP

MWD Daily Newspaper

Photo- France 24

ထရမ့်က အီရန်ကိုတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲအသစ်ကိုစတင်လိုက်ပြီဟု မက်ဗီဒက်ပြော

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ကိုတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲအသစ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒီမီထရီမက် ဗီဒက်က ဇွန်လ ၂၂ ရက်တွင်ပြောသည်။ 
"ငြိမ်းချမ်းရေးဆောင်ကြဉ်းသူသမ္မတအဖြစ် တာဝန်ယူရန်ရောက်ရှိလာတဲ့ ဒေါ်နယ်ထရမ့်က အမေရိကန်အတွက် စစ်ပွဲအသစ်တစ်ခုကို စတင်လိုက်ပါပြီ။ အခုအတိုင်းသာဆိုရင် ထရမ့်ဟာငြိမ်းချမ်းရေးနိုဘယ်ဆုကိုမရနိုင်တော့ပါဘူး" ဟု မက်ဗီဒက်က ၎င်း၏လူမှုကွန်ရက်တွင်ရေးထားခြင်းဖြစ်သည်။

ထို့ပြင် တင်းမာလာသည့်နောက်ဆက်တွဲအခြေအနေများက ဒေသတွင်းပြင်ပကိုပါကျော်လွန်နိုင်ကြောင်း၊ အမေရိကန်အနေဖြင့် အီရန်၏ကြိမ်းသေလက်တုံ့ပြန် တိုက်ခိုက်မှုများကို နားလည်ထားကြောင်း၊ ထိုအခြေအနေများအားလုံးက ထိပ်တိုက် တွေ့ဆုံမှုကို နောက်တစ်ဆင့်သို့ရောက်ရှိသွားစေပြီး ကမ္ဘာစစ်ကြီးဖြစ်ပွားစေနိုင်သည့် အန္တရာယ်မှာမြင့်မားလာကြောင်း ဒူးမားလွှတ်တော်မှတာဝန်ရှိသူတစ်ဦးက ပြောထားသည်။

Ref: TST

Photo - Reuters

EU အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက အစ္စရေးနိုင်ငံသားများကို ဒဏ်ခတ် အရေးယူမှုများ ဆောင်ရွက်ရန် တောင်းဆို

စပိန်နိုင်ငံခြားရေးဝန်ကြီး José Manuel Albares က ဂါဇာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်နေပြီး EU-အစ္စရေးအသင်းအဖွဲ့သဘောတူညီချက်ကို “ချက်ချင်းဆိုင်းငံ့ရန်” နှင့် အစ္စရေးသို့ လက်နက်ရောင်းချမှုကို တားမြစ်ရန် EU နိုင်ငံခြားရေး ဝန်ကြီးများထံ တောင်းဆိုမည်ဟု ပြောကြားခဲ့သည်။

EU အဖွဲ့ဝင် ၂၇ နိုင်ငံနှင့် အစ္စရေးတို့အကြား ယူရို ၆၈ ဘီလီယံ (ဒေါ်လာ ၇၃ ဘီလီယံ) တန်ဖိုးရှိသော ကုန်သွယ်ရေးဆက်ဆံရေးကို ၁၉၉၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ EU သည် အစ္စရေး၏ အကြီးဆုံးသော ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ၎င်း၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၏ သုံးပုံတစ်ပုံခန့်ကို ကိုယ်စားပြုသည်။

တနင်္လာနေ့ (ဇွန် ၂၃) တွင် ဘရပ်ဆဲလ်၌ ကျင်းပမည့် EU နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမတိုင်မီ သတင်းထောက်များနှင့် ပြောကြားစဉ် Albares က သဘောတူညီချက်ကို ချက်ချင်းဆိုင်းငံ့ရန် တောင်းဆိုခဲ့ပြီး ဤသည်မှာ လုပ်ဆောင်ရန်အချိန်ဖြစ်ပြီး ဂါဇာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းသည် ဥရောပ၏ ခိုင်မာသော တုံ့ပြန်မှုကို တောင်းဆိုနေသည်ဟု ပြောကြားခဲ့သည်။

“အကယ်၍ အသင်းအဖွဲ့သဘောတူညီချက်သည် လူ့အခွင့်အရေးအပေါ် အခြေခံထားပါက ယနေ့ မိမိတို့သည် အသင်းအဖွဲ့သဘောတူညီချက်ကို ချက်ချင်းဆိုင်းငံ့ခြင်းသည် အသင့်တော်ဆုံးသောအရာဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဝန်ကြီးက သဘောတူညီချက်ကို ဆိုင်းငံ့ရန်၊ “အစ္စရေးသို့ လက်နက်များ ရောင်းချခြင်းကို တားမြစ်ရန်နှင့် နှစ်နိုင်ငံဖြေရှင်းနည်းကို အနှောင့်အယှက် ဖြစ်စေလိုသူ အားလုံးအား ဒဏ်ခတ်အရေးယူမည့် စာရင်းတွင် ထည့်သွင်းရန်” တရားဝင်တောင်းဆိုမည်ဟု ပြောကြားခဲ့သည်။

စပိန်၏ တောင်းဆိုချက်များသည် ဥရောပတစ်ခွင်တွင် ပိုမို ကျယ်ပြန့်သော မငြိမ်သက်မှုများကို ထင်ဟပ်စေသည်။ ယူကေ၊ ပြင်သစ်နှင့် နယ်သာလန် နိုင်ငံတို့သည်လည်း မကြာသေးမီလများအတွင်း အစ္စရေးအပေါ် ကုန်သွယ်ရေး နှင့် လက်နက်ကန့်သတ်မှုများ ချမှတ်ရန် စဉ်းစားခဲ့ကြသည်။ မေလတွင် EU ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Kaja Kallas က အဖွဲ့ဝင် နိုင်ငံများအကြား သဘောတူညီချက်ကို ပြန်လည်သုံးသပ်ရန် ထောက်ခံသူ အင်အားကြီးမားသော အဖွဲ့ဝင်အများစုရှိကြောင်း ပြောကြားခဲ့သည်။

ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွားလာခြင်းနှင့် အစ္စရေး၏ လုပ်ဆောင်ချက်များအပေါ် ဘရပ်ဆဲလ် တွင် စိတ်ပျက်မှုများ တိုးပွားလာခြင်းတို့ကြောင့် ဂျူးနိုင်ငံ၏ အခိုင်မာဆုံးသော ပံ့ပိုးကူညီသူများထဲမှ တစ်ဦးဖြစ်သည့် စပိန်၏ သဘောထား ပြောင်းလဲမှု သည် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

တနင်္လာနေ့ အစည်းအဝေးမတိုင်မီ The Guardian မှ မြင်တွေ့ခဲ့ရသော EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဝန်ဆောင်မှုမှ ပေါက်ကြားထွက်လာသည့် စာရွက်စာတမ်းတစ်ခုအရ၊ ဘရပ်ဆဲလ်သည် အစ္စရေးသည် EU-အစ္စရေး အသင်းအဖွဲ့သဘောတူညီချက်၏ အပိုဒ် ၂ အရ ၎င်း၏ လူ့အခွင့်အရေး ဆိုင်ရာ တာဝန်ဝတ္တရားများကို ချိုးဖောက်နေကြောင်း “ညွှန်ပြချက်များ” ကို တွေ့ရှိခဲ့သည်။

EU နိုင်ငံခြားရေးဝန်ကြီးများအတွက် ပြင်ဆင်ထားသော အတွင်းရေး မှတ်တမ်းတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ ကုလသမဂ္ဂ လူ့အခွင့် အရေး ရုံးနှင့် အခြားကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကဲဖြတ်ချက် များကို ကိုးကားဖော်ပြထားသည်။ သို့သော် အဆိုပါတွေ့ရှိချက်များသည် EU အရာရှိများ၏ တန်ဖိုးထားမှုဆိုင်ရာ အကြံပြုချက်ကို ကိုယ်စား မပြုကြောင်း မှတ်ချက်ပြုထားသည်။

အစီရင်ခံစာအရ အဆိုပါပြန်လည်သုံးသပ်မှုကို မကြာသေးမီက နယ်သာလန်ဦးဆောင်သော အဖွဲ့ဝင် ၁၇ နိုင်ငံမှ အစ္စရေး၏ ဂါဇာ လုပ်ရပ် များအပေါ် စိုးရိမ်မှုများ တိုးပွားလာချိန်တွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အစ္စရေး၏ လုပ်ဆောင်ချက်များသည် “လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အခြေခံမူများကို လေးစားလိုက်နာမှု” နှင့် ကိုက်ညီမှုရှိ၊ မရှိ ဆန်းစစ်ရန် EU အရာရှိများအား တောင်းဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အသုံးစရိတ်ပိုမိုတောင်းဆိုမှုကြောင့် ဂျပန်အစိုးရက အမေရိကန်နှင့် အစည်းအဝေးကို ဖျက်သိမ်း

ဂျပန်အစိုးရအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို ပိုမိုသုံးစွဲရန် အမေရိကန်ဘက်က တောင်းဆိုမှုကြောင့် ၎င်းတို့နှစ်နိုင်ငံကြား နှစ်စဉ်ဆောင်ရွက်သည့်အဆင့်မြင့် အရာရှိအဆင့် ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါနှစ်နိုင်ငံကြား လုံခြုံရေးအစည်းအဝေးအဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်တို့က ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကဲရှီအီဝါယာ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီတို့နှင့် ဇူလှိုင်လ ၁ ရက်တွင် ဝါရှင်တန်မြို့၌ တွေ့ဆုံရန်စီစဉ်ထားသည်။

သို့သော် ဂျပန်နိုင်ငံအနေဖြင့် GDP ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေး အသုံးစရိတ်အဖြစ် အသုံးပြုရန် အမေရိကန်အစိုးရက တောင်းဆိုသောကြောင့် ဂျပန်နိုင်ငံဘက်က ထိုအစည်းအဝေးကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရန် တောင်းဆိုမှုက ယခင် တောင်းဆိုမှုဖြစ်သည့် ၃ ရာခိုင်နှုန်းထက် ပိုများနေသည်။

Ref : SCMP

ထိုင်းဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခြင်းမရှိသလို လွှတ်တော်ကိုလည်း ဖျက်သိမ်းမည်မဟုတ်

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်တ် ရှင်နာဝပ်အနေဖြင့် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းကြောင့် ရာထူးမှ နုတ်ထွက်ခြင်းမရှိသလို လွှတ်တော်ကိုလည်း ဖျက်သိမ်းသွားမည်မဟုတ်ကြောင်း အာဏာရဖူထိုင်းပါတီမှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၂၁ ရက်တွင် ပြောသည်။

နိုင်ငံက ရင်ဆိုင်နေရသော ပဋိပက္ခများကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ရန် တာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောသည်ဟု ခရီးသွားလုပ်ငန်းဝန်ကြီးက လူမှုကွန်ရက်တွင် တင်ထားသည်။ ထိုင်းဝန်ကြီးချုပ်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောသည့် အသံဖိုင်ပေါက်ကြားပြီးနောက် နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

Ref : TST

အရှေ့အလယ်ပိုင်းအရေးတွင် တရုတ်နိုင်ငံက ငြိမ်းချမ်းရေး‌ကို ဆောင်ကြဉ်းသည့်နိုင်ငံဖြစ်လာနိုင်

အစ္စရေးနှင့်အီရန်တို့ကြားဖြစ်ပွားနေသည့်ပဋိပက္ခသည် သီတင်းပတ်တစ်ပတ်ကို ကျော်လွန်လာချိန်တွင် အရှေ့အလယ်ပိုင်းအရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံက  ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းသည့်နိုင်ငံ ဖြစ်လာနိုင်ကြောင်း လေ့လာသူများကပြောသည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဇွန်လ ၁၉ ရက်တွင် တယ်လီဖုန်းဖြင့် ဆွေးနွေးစကားဆိုစဉ် တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံများအားလုံးနှင့် ခိုင်မာသော ဆက်ဆံရေးကိုထိန်းသိမ်းသွားရန်ဆန္ဒရှိကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ၌ ငြိမ်းချမ်းရေးကို ပြန်လည်ဆောင်ကြဉ်းရာတွင် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ပြောထားသည်။

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတို့ကြားရှိ ခါးသီးလှသောဆက်ဆံရေးကို ပြန်လည်နွေးထွေးအောင် ဆောင်ရွက်ပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် မှတ်ကျောက်အတင် ခံထားရသောကြောင့် အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးကိုဆောင်ကြဉ်းပေးနိုင်စွမ်းရှိသူဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

အလားတူ တရုတ်နိုင်ငံသည် လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းအရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားနိုင်ရေးအတွက် စစ်ရေးအရတိုက်ရိုက်ပါဝင်မှုကို ရွေးချယ်ခြင်းမရှိဘဲ  ငြိမ်းချမ်းရေးရစေမည့်လမ်းကိုသာ ရွေးချယ်ခြင်းဖြစ်ကြောင်း လေ့လာသူများကဆိုသည်။

တရုတ်တာဝန်ရှိသူများသည် အစ္စရေး နှင့်အီရန်တို့ကြား အပြန်အလှန်တိုက်ခိုက် မှုများစတင်ဖြစ်ပွားကတည်းက အဆိုပါ နှစ်နိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရန် အကြိမ်ကြိမ်တောင်းဆိုထားကြောင်းသိရသည်။                   

 Ref: TST

MWD Web Portal

မည်သည့်ပြန်လည်တုံ့ပြန်မှုကိုမဆို “အဆပေါင်းများစွာ ပိုမို ကြီးမားသော” အင်အားဖြင့် ရင်ဆိုင်မည်ဟု ထရမ့်က အီရန်ကို သတိပေးချက် ပေးပို့

ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအား ပြင်းထန်သော သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ပြီး အကယ်၍ အီရန်က အင်အားသုံး တုံ့ပြန်မည်ဆိုပါက အလွန်ပြင်းထန်စွာ ပြန်လည်တုံ့ပြန်မည်ဟု ကတိပြုလိုက်သည်။

“အီရန်နိုင်ငံမှ အမေရိကန်ပြည်ထောင်စုအား မည်သည့်တုံ့ပြန်မှုမဆို ယမန်နေ့ည (ဇွန် ၂၂) က ကြုံတွေ့ခဲ့ရသည်ထက် အဆမတန် ကြီးမားသော အင်အားဖြင့် ရင်ဆိုင်တုံ့ပြန်မည်” ဟု ထရမ့်က Truth Social တွင် ရေးသား ခဲ့သည်။

ထရမ့်၏ အဆိုပါဖော်ပြချက်သည် အီရန်၏ ပြန်လည်တုံ့ပြန် တိုက်ခိုက်မှု များရှိလာပါက ပိုမိုပြင်းထန်စွာ တိုက်ခိုက်ရန် အဆင်သင့်ရှိကြောင်း ဖော်ပြနေပြီး အီရန်ကို နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့် “လုံးဝခွင့်မပြု” ဟူသော သမ္မတ၏ တည်မြဲနေသော ကတိကဝတ်ကို ထပ်မံအားဖြည့် ပေးနေသည်။

ကိုးကား- CNN

Photo: RaillyNews

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အီရန်၏ နျူကလီးယား စီမံကိန်းစက်ရုံများကို တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြောကြားခဲ့သော မိန့်ခွန်း

အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က “မကြာသေးမီက အမေရိကန်စစ်တပ်သည် အီရန်အစိုးရ၏ အဓိကနျူကလီးယားစက်ရုံသုံးခုဖြစ်သည့် ဖော်ဒိုး၊ နတန်ဇ် နှင့် အစ္စဖာဟန်တို့ကို များပြားတိကျသည့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ပါသည်။ အဆိုပါနေရာများကို နှစ်ပေါင်းများစွာက လူတိုင်းကြားသိဖူးခဲ့ ကြပြီး အီရန်သည် အဆိုပါကြောက်စရာကောင်းသည့် ဖျက်ဆီးနိုင်စွမ်း ကြီးမားသောလုပ်ငန်းကို တည်ဆောက်နေခဲ့ခြင်းဖြစ်ပါသည်။ မိမိတို့ ရည်မှန်းချက်သည် အီရန်၏ နျူကလီးယား ချဲ့ထွင်နိုင်စွမ်းကို ဖျက်ဆီး ပစ်ရန်နှင့် အကြမ်းဖက်မှုကို အဓိကထောက်ပံ့သည့် နိုင်ငံတစ်ခု၏ နျူကလီးယား

အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က “မကြာသေးမီက အမေရိကန်စစ်တပ်သည် အီရန်အစိုးရ၏ အဓိကနျူကလီးယားစက်ရုံသုံးခုဖြစ်သည့် ဖော်ဒိုး၊ နတန်ဇ် နှင့် အစ္စဖာဟန်တို့ကို များပြားတိကျသည့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ပါသည်။ အဆိုပါနေရာများကို နှစ်ပေါင်းများစွာက လူတိုင်းကြားသိဖူးခဲ့ ကြပြီး အီရန်သည် အဆိုပါကြောက်စရာကောင်းသည့် ဖျက်ဆီးနိုင်စွမ်း ကြီးမားသောလုပ်ငန်းကို တည်ဆောက်နေခဲ့ခြင်းဖြစ်ပါသည်။ မိမိတို့ ရည်မှန်းချက်သည် အီရန်၏ နျူကလီးယား ချဲ့ထွင်နိုင်စွမ်းကို ဖျက်ဆီး ပစ်ရန်နှင့် အကြမ်းဖက်မှုကို အဓိကထောက်ပံ့သည့် နိုင်ငံတစ်ခု၏ နျူကလီးယား ခြိမ်းခြောက်မှုကို ရပ်တန့်ရန်ဖြစ်ပါသည်”

“ယမန်နေ့ည (ဇွန် ၂၂) တွင် မိမိအနေဖြင့် ကမ္ဘာကို အသိပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ တိုက်ခိုက်မှုများသည် စစ်ရေးအရ အလွန်ကြီးမားသော အောင်မြင်မှုကြီးတစ်ခုဖြစ်ခဲ့ပြီး အီရန်၏ အဓိကနျူကလီးယားချဲ့ထွင်ရေး စက်ရုံများသည် အပြည့်အဝ ပျက်စီးသွားပြီဖြစ်ပါသည်။

အီရန်သည် အရှေ့အလယ်ပိုင်းတွင် ဗိုလ်ကျအနိုင်ကျင့်သူဖြစ်ပြီး ယခု အခြေအနေအရ ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့မလုပ်ဆောင်ပါက နောက်ထပ်တိုက်ခိုက်မှုများသည် ပိုမိုကြီးမားပြီး ထိခိုက်ဆုံးရှုံးမှုများ ပိုမိုများပြားလာမည်ဖြစ်ပါသည်”

“နှစ်ပေါင်းများစွာပင် အီရန်သည် 'အမေရိကန်နှင့် အစ္စရေးကျရှုံးပါစေ’ဟု ကြွေးကြော်နေခဲ့ပြီး ၎င်းတို့သည် မိမိတို့၏ မိတ်ဆွေများ၊ တပ်ဖွဲ့ဝင် များကို သတ်ဖြတ်နေခဲ့ကြကာ၊ ဗုံးခွဲတိုက်ခိုက်မှုများဖြင့် အသက်ခန္ဓာ များကို ဆုံးရှုံးစေခဲ့ကြသည်။ ထိုကဲ့သို့သော လုပ်ဆောင်မှုများသည် ၎င်းတို့၏ အထူးကျွမ်းကျင်မှုများဖြစ်ပြီး မိမိတို့၏ မိတ်ဆွေ ၁၀၀၀ ကျော် နှင့် အရှေ့အလယ်ပိုင်းနှင့် တစ်ကမ္ဘာလုံးမှ သိန်းနှင့်ချီသော သက်ရှိ လူသားများသည် ၎င်းတို့၏ အမုန်းတရားကြောင့် သေဆုံးခဲ့ရပါသည်”

“အထူးသဖြင့် ၎င်းတို့၏ ဗိုလ်ချုပ်ကြီး ကာဆင်ဆူလေမာနီက များစွာသော လူများကို သတ်ဖြတ်ခဲ့ပါသည်။ မိမိအနေဖြင့် အချိန်ကာလ ကြာမြင့်စွာ ကတည်းကပင် ထိုကဲ့သို့သောဖြစ်ရပ်များ ဆက်လက်ဖြစ်ပွားမှုကို ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ပါသည်။ ယခုအနေအထားအရ ၎င်းတို့ ဆက်လက် ကျူးလွန်ရန် အင်အားချိနဲ့သွားပြီဖြစ်ပါသည်။ မိမိသည် ဝန်ကြီးချုပ်နေတန်ယာဟုကို ကျေးဇူးတင်ပြီး ဂုဏ်ပြုလိုပါသည်။ မိမိတို့သည် စည်းလုံးညီညွတ်သော အဖွဲ့အစည်းတစ်ခုကဲ့သို့ အတူတကွ လုပ်ဆောင် ခဲ့ကြပါသည်။ ယခင်ကမည်သည့်အဖွဲ့အစည်းကမျှ မလုပ်နိုင်ခဲ့သည် များကို လုပ်ဆောင်ခဲ့ကြပြီး အစ္စရေးကို ခြိမ်းခြောက်နေသော ကြောက်စရာ ကောင်းသည့် အန္တရာယ်ကို ဖယ်ရှားရန် အခြေအနေသည် များစွာ တိုးတက်ခဲ့ပြီဖြစ်သည်”

“အစ္စရေးစစ်တပ်ကို ကျေးဇူးတင်ကြောင်း အလေးပေးပြောဆိုလိုပြီး ၎င်းတို့သည် ပြီးပြည့်စုံသော လုပ်ဆောင်မှုများကို လုပ်ဆောင်ခဲ့ကြပြီး အရေးအကြီးဆုံးအနေဖြင့် ယမန်နေ့ညက ဗုံးကြဲလေယာဉ်ကြီးများကို ထိန်းကျောင်းမောင်းနှင်ခဲ့ကြသည့် အမေရိကန်စစ်သည်များနှင့်တကွ တစ်ကမ္ဘာလုံးက ဆယ်စုနှစ်များစွာကြာမှ ပထမဆုံးအကြိမ် မြင်တွေ့ ရသော အဆိုပါစစ်ဆင်ရေးမျိုးကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည် စစ်သည် အားလုံးကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုလိုပါသည်။

မိမိတို့အနေဖြင့် ယခုကဲ့သို့သောစွမ်းဆောင်နိုင်မှုအတွက် ၎င်းတို့၏ တာဝန် ထမ်းဆောင်မှုများ ထပ်မံမလိုအပ်သော အခြေအနေသည် အကောင်းဆုံး ဖြစ်ပါသည်။ Joint Chiefs of Staff ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းကို ဂုဏ်ပြုလိုပြီး ၎င်းသည် အံ့ဖွယ်ဗိုလ်ချုပ်တစ်ဦးဖြစ်ကာ စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော စစ်ဘက်ဆိုင်ရာ ပညာရှင်များအားလုံးကိုလည်း ကျေးဇူး တင်ပါသည်”

“ယခုမိမိ၏ပြောဆိုမှုများအပြီး နောက်ပိုင်းတွင် ယခုကဲ့သို့သော ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေလိုဘဲ အီရန်အတွက် ငြိမ်းချမ်းရေးဖြစ်စေ၊ သို့တည်း မဟုတ် လွန်ခဲ့သော ရှစ်ရက်အတွင်း ကြုံတွေ့ခဲ့ရသည်များထက် ပိုမို ကြီးမားသည့် အဖြစ်ဆိုးများ ဖြစ်လာနိုင်ပါသည်။ ကျန်ရှိနေသေးသည့် ပစ်မှတ်များ များစွာရှိသေးပြီး ယမန်နေ့ညက ပစ်မှတ်များသည် အခက် ခဲဆုံးဖြစ်ပြီး အသေအပျောက်အများဆုံးလည်း ဖြစ်နိုင်ပါသည်။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ လက်ခံလုပ်ဆောင်ခြင်း မရှိပါက အခြားပစ်မှတ်များကို တိကျမြန်ဆန်စွာ ထပ်မံ တိုက်ခိုက်မည် ဖြစ်ပြီး အဆိုပါပစ်မှတ်အများစုကို မိနစ်ပိုင်းအတွင်း ဖျက်ဆီးနိုင်ပါသည်”

“မိမိတို့ ယမန်နေ့ညကလုပ်ဆောင်ခဲ့သည့်အရာကို ကမ္ဘာပေါ်ရှိ မည်သည့် စစ်တပ်ကမျှ လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန် လုံးဝမနီးစပ်နိုင်ပါ။ အဆိုပါစစ်ဆင်ရေးမျိုးကို လုပ်ဆောင်နိုင်သည့် စစ်တပ်မျိုးလည်း ယခင်က မရှိခဲ့ပါ”

“မနက်ဖြန် (ဇွန် ၂၃) တွင် ဗိုလ်ချုပ်ကြီး ကိန်း၊ ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်တို့သည် နံနက် ၈နာရီတွင် Pentagon ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပါသည်။ မိမိအနေဖြင့် ပါဝင် ဆောင်ရွက်ခဲ့သူ များအားလုံးကို ကျေးဇူးတင်ပါသည်။ အထူးသဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်”

“မိမိတို့ ဘုရားသခင်ကို ချစ်ခင်ပါသည်၊ မိမိတို့၏ ကြီးမြတ်သော တပ်မတော်ကိုလည်း ချစ်ခင်ပါသည် ၊ စစ်သည်အပေါင်းတို့ကို ဘုရားသခင် ကာကွယ်စောင့်ရှောက်ပါစေ။ ဘုရားသခင်က အရှေ့အလယ်ပိုင်းကို ကောင်းချီး ပေးပါစေ၊ အစ္စရေးကို ကောင်းချီးပေးပါစေ၊ အမေရိကန်ပြည်ထောင်စုကို ကောင်းချီးပေးပါစေ၊ လွန်စွာကျေးဇူးတင်ရှိပါသည်” ဟူ၍ ပြောကြားခဲ့ ပါသည်။

Photo: Al Jazeera

ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင် နာဝပ်ထရာသည် ရာထူးမှ နုတ်ထွက်မည် မဟုတ်သလို ပါလီမန်ကိုလည်း ဖျက်သိမ်းမည်မဟုတ်ကြောင်း လက်ရှိ အာဏာရပါတီ အရာရှိတစ်ဦးပြောကြား

လက်ရှိတွင် နိုင်ငံရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန်သည် ရာထူးမှ နုတ်ထွက်ခြင်း သို့မဟုတ် ပါလီမန်ဖျက်သိမ်းခြင်းများ ပြုလုပ်မည်မဟုတ်ကြောင်း Pheu Thai ပါတီ ၏ အကြီးတန်းအရာရှိတစ်ဦးက ဇွန် ၂၁ ရက် (စနေနေ့) တွင် ပြောကြား ခဲ့သည်။

ပေထုံတန်သည် ကမ္ဘောဒီးယားနိုင်ငံနှင့်ဖြစ်ပွားသည့် နှစ်နိုင်ငံ နယ်စပ် ပြဿနာတွင် ကိုင်တွယ်ဖြေရှင်းပုံမှားယွင်းခဲ့မှုကြောင့် ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုမှုများ မြင့်တက်နေသော်လည်း နုတ်ထွက်မည် မဟုတ်ကြောင်း ထိုင်းနိုင်ငံခရီးသွားလာရေးဝန်ကြီး Sorawong Thienthong က ဖေ့စ်ဘုတ်စာမျက်နှာတစ်ခုတွင် ပြောကြားခဲ့ပြီး အစိုးရအနေဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နုတ်ထွက်မည် မဟုတ် ကြောင်းနှင့် ပါလီမန်ကိုလည်း ဖျက်သိမ်းမည်မဟုတ်ကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။ 

ထို့ပြင် ပေထုံတန်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုကိစ္စ ပေါက်ကြားခဲ့ပြီး ထိုင်းပြည်သူများက သူမအပေါ် အကြီးအကျယ် ဒေါသထွက်ခဲ့ကြသည်။ အကြောင်းမှာ အဆိုပါ ဖုန်းပြောဆိုမှုအကြောင်းအရာများတွင် ပေထုံတန်သည် ဟွန်ဆန်အား အလွန်ရိုသေလေးစားပြီး ထိုင်းစစ်တပ်၏ အကြီးတန်းအရာရှိတစ်ဦးကို ဝေဖန်ရှုတ်ချခဲ့သည်ဟု ထင်မြင်ရသောကြောင့်ဖြစ်သည်။

ပေထုံတန်သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်း ပြောဆိုမှုကိစ္စအပေါ် တောင်းပန်ခဲ့သော်လည်း လက်ရှိရင်ဆိုင်နေရသည့် နိုင်ငံရေးအကျပ်အတည်းနှင့်ပတ်သက်၍မူ တစ်စုံတရာ ဝေဖန် ပြောဆိုခဲ့ခြင်း မရှိပေ။

အဆိုပါဖုန်းပြောဆိုမှုကိစ္စပေါက်ကြားခဲ့ပြီးနောက် ဇွန် ၁၉ ရက်နေ့ ညနေ ပိုင်းတွင် ထိုင်းနိုင်ငံညွန့်ပေါင်းအစိုးရအဖွဲ့၏ ဒုတိယအကြီးဆုံးပါတီ ဖြစ်သည့် Bhumjaithai ပါတီသည် ညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်ခဲ့သည်။ 

ရှင်နာဝပ်ထရာအစိုးရကို ဆန့်ကျင်သည့် အုပ်စုများအပါအဝင် တက်ကြွ လှုပ်ရှားသူများကလည်း ဇွန် ၂၈ ရက်မှစတင်၍ ဝန်ကြီးချုပ် ပေထုံတန် ရာထူးမှ နုတ်ထွက်ရေး တောင်းဆိုမည့်ဆန္ဒပြပွဲကို ဘန်ကောက်တွင် ပြုလုပ်ရန် စီစဉ်ထားကြသည်။

ကိုးကား -CNA

Photo: thesun.my

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အမေရိကန်က အီရန်ကို လေကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ “အလွန်စိုးရိမ်နေကြောင်း” ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးအတွက် တောင်းဆို

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တနင်္ဂနွေ (ဇွန် ၂၂) နံနက်အစောပိုင်းက အမေရိကန်က အီရန်ကို လေကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ “အလွန်စိုးရိမ်နေကြောင်း” ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးအတွက် တောင်းဆိုကာ မငြိမ်မသက်ဖြစ်နေသော ဒေသ တွင် ပဋိပက္ခ ထပ်မံမြင့်တက်လာမှုကို သတိပေးခဲ့သည်။

“ယခုပဋိပက္ခသည် အလျင်အမြန် ထိန်းချုပ်မရဖြစ်လာနိုင်သည့် အန္တရာယ် ရှိနေပြီး ပြည်သူများ၊ ဒေသနှင့် ကမ္ဘာတစ်ဝှမ်းအတွက် အလွန် ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည်” ဟု ၎င်းက သတိပေး ပြောကြား ခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို ကုလသမဂ္ဂ ကြေညာ စာတမ်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများအရ မိမိတို့၏တာဝန်များကို လိုက်နာကာ အရှိန်လျှော့ချရန် တိုက်တွန်းခဲ့သည်။

“စစ်ရေးဖြေရှင်းနည်းဟူ၍ မရှိပါ။ တစ်ခုတည်းသော ရွေးချယ်စရာ နည်းလမ်းမှာ သံတမန်နည်းလမ်းသာ ဖြစ်သည်” ဟု ၎င်းက ရေးသား ဖော်ပြခဲ့သည်။

ကိုးကား- CNN

Photo: Arab News