သတင်းများ

ကရင်မလင်က ရုရှားအနေဖြင့် အာဖရိကသို့ ပြန်လည်ရောက်ရှိလာရခြင်း၏ အကြောင်းရင်းများကို ရှင်းလင်းဖော်ပြ

Izvestia သတင်းစာ၏ ဖော်ပြချက်အရ ရုရှားနိုင်ငံအနေဖြင့် အာဖရိက နှင့် ဆက်ဆံရေး နက်ရှိုင်းစေရန် ကြိုးပမ်းမှုများသည် အာဖရိကရှိ နိုင်ငံများတွင် ကိုလိုနီစနစ်သစ်၏ လွှမ်းမိုးမှုအပေါ် မကျေမနပ်ဖြစ်လာမှုနှင့် တိုက်ဆိုင်နေကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားခဲ့သည်။

Peskov က တနင်္လာနေ့ (ဇွန် ၂၃) က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် အာဖရိကရှိ ရုရှား၏ ဩဇာလွှမ်းမိုးမှု ဆုတ်ယုတ်သွားခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း အခြေအနေများ ပြန်လည်ပြောင်းလဲလာကြောင်း ရှင်းပြခဲ့သည်။

“အချိန်ကုန်လာသည်နှင့်အမျှ အာဖရိကရှိ စိတ်ဓာတ်အခြေအနေများ သိသိသာသာ ပြောင်းလဲခဲ့ပါသည်။ ကိုလိုနီစနစ်သစ်၏ လွှမ်းမိုးမှုသည် အာဖရိကနိုင်ငံများအတွက် စိတ်ပျက်စရာဖြစ်လာခဲ့ပြီး ထိုအချိန်တွင် ရုရှားနိုင်ငံသည်လည်း အာဖရိကတိုက်ရှိ ၎င်း၏ယခင်ဩဇာလွှမ်းမိုး မှုများကို ပြန်လည်ထူထောင်ရန် စွမ်းအား၊ အရင်းအမြစ်နှင့် ဆန္ဒများ ပြန်လည် ရရှိလာခဲ့ပါသည်” ဟု ၎င်းက ဆိုသည်။

“မိမိတို့၏ အာဖရိကမိတ်ဆွေများအတွက်သာမက ရုရှားအတွက်ပါအခွင့်အလမ်းကြီးများ ပွင့်လန်းလာပါသည်” ဟု သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့ပြီး မော်စကို၏ အာဖရိကနိုင်ငံများနှင့် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်လာမှုသည် နှစ်ဖက်စလုံးအတွက် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Peskov ၏ ထုတ်ဖော်ပြောကြားချက်များသည် လွန်ခဲ့သောလက မော်စကို တွင် ကျင်းပခဲ့သော “အာဖရိကနေ့” အခမ်းအနားတွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov ပြောကြားခဲ့သည့် အချက်များနှင့် ကိုက်ညီနေပြီး ၎င်းအခမ်းအနားတွင် Lavrov က ကိုလိုနီစနစ်သစ်၏ ဖိအားများကြားမှ မိမိတို့၏ အချုပ်အခြာအာဏာကို ခိုင်မာစေလိုသော အာဖရိက နိုင်ငံများအတွက် ရုရှားသည် ခိုင်မာသော မဟာမိတ်အဖြစ် အမြဲရပ်တည်နေမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

မော်စကိုမှ အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာစေရေးကို ၎င်း၏ အဓိကနိုင်ငံခြားရေး မူဝါဒဦးစားပေးအဖြစ် ကြေညာထားပြီး ဘာကီနာ ဖာဆို၊ မာလီ၊ နိုင်ဂျာနှင့် တောင်အာဖရိကအပါအဝင် နိုင်ငံများက ၎င်းအား ယုံကြည်စိတ်ချရသော မဟာမိတ်အဖြစ် မှတ်ယူထားသည့် အာဖရိကတွင် ၎င်း၏ရှိရင်းစွဲအခြေချမှုကို တိုးချဲ့လိုက်ပြီဖြစ်သည်။ မကြာသေးမီ လများအတွင်း အာဖရိကရှိ နိုင်ငံအချို့သည် စွမ်းအင်လုံခြုံရေး၊ကုန်သွယ်ရေးနှင့် ပညာရေးကဏ္ဍများတွင် ရုရှားနှင့် ပူးပေါင်း ဆောင်ရွက်ရန် အားတက်သရော လုပ်ဆောင်လာကြသည်။

ချက်၊ မာလီ၊ နိုင်ဂျာနှင့် ဘာကီနာဖာဆိုနိုင်ငံတို့သည် ဂျီဟတ် အကြမ်းဖက်မှုများကို ဟန့်တားရန်နှင့် ဒေသတွင်း တည်ငြိမ်ရေး ပြန်လည်ထူထောင်ရာတွင် ပျက်ကွက်မှုများကြောင့် မကျေမနပ်ဖြစ်ကာ ပြင်သစ်နှင့် အမေရိကန် တို့နှင့် ရှည်လျားသော ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကိုဖြတ်တောက်လိုက်ကြသည်။ ဆာဟဲလ်ဒေသရှိ နိုင်ငံများသည်ထို့နောက်ပိုင်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်အတွက် မော်စကိုသို့ ဦးတည်လာခဲ့ကြသည်။

(ရှင်းလင်းချက်။  ဆာဟဲလ်ဒေသဆိုသည်မှာ အာဖရိက၏ ဆာဟာရ သဲကန္တာရ (Sahara Desert) နှင့် အပူပိုင်း သစ်တောဒေသ (Sudanian Savanna) အကြားရှိ ခြောက်သွေ့သည့် ကြားခံဒေသ ဖြစ်ပါသည်။ ယင်းဒေသတွင် ရာသီဥတုပြင်းထန်ပြီး မိုးခေါင်ရေရှားမှု၊ သဘာဝဘေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများ အများဆုံးကြုံရတတ်ပါသည်။)

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

NATO ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းဆိုင်ရာ အစည်းအဝေး အစီအစဉ်ကို ဖျက်သိမ်းမည်ဟု Politico သတင်းဌာနက ဖော်ပြ

နိုင်ငံတကာသတင်းဌာန Politico က စနေနေ့ (ဇွန် ၂၁) တွင် ထုတ်ပြန်သော သတင်းတစ်ရပ်အရ နယ်သာလန်နိုင်ငံတွင် ကျင်းပမည့် NATO ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းဆိုင်ရာ ဆွေးနွေးမှု များကို သိသိသာသာ လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်မှ ၂၅ ရက်အထိ The Hague ရှိ World Forum တွင် ကျင်းပမည့် အစည်းအဝေးတွင် အဓိက အစီအစဉ် နှစ်ခုသာ ပါဝင်မည် ဖြစ်ပြီး ၎င်းတို့မှာ ဒတ်ခ်ျ ဘုရင်မ၏ ရဲတိုက်တွင် ကျင်းပမည့် ကြိုဆို ညစာပွဲနှင့် North Atlantic Council ၏ အစည်းအဝေး တစ်ကြိမ်သာ ဖြစ်ကြောင်း၊ ယခင်ကကဲ့သို့ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် မကျင်းပဘဲ NATO ၏ ယူကရိန်းကောင်စီ အစည်းအဝေးလည်း ပါဝင်မည် မဟုတ်ကြောင်း Politico က ဖော်ပြသည်။

ထို့အပြင် ယူကရိန်းသမ္မတ Volodymyr Zelensky အား ကြိုဆို ညစာစားပွဲ သို့သာ တက်ရောက်ရန် ဖိတ်ကြားထားပြီး ၎င်း တက်ရောက်မည်၊ မတက်ရောက်မည်ကိုမူ မသိရသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။ အစည်းအဝေး အစီအစဉ်ကို အတိုချုပ်လိုက်ရခြင်းမှာ အထူးသဖြင့် အမေရိကန်နှင့် သမ္မတ Donald Trump အတွက် လိုက်လျောခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ Trump သည် အခမ်းအနား သဘောသဘာဝအရ ဘက်ပေါင်းစုံ အစည်းအဝေးများကို စိတ်မရှည်ဘဲ မကြာခဏ ရှောင်ရှားလေ့ရှိသူဖြစ်သည်။ 

G7 အစည်းအဝေး ရှုံးနိမ့်မှုအပြီး NATO အရာရှိများက လုပ်ငန်းစဉ်ကို လျှော့ချလိုက်ကြောင်း သတင်းများအရ သိရသည်။ ထိုအချိန်က Trump သည် ကနေဒါတွင် ကျင်းပသည့် နှစ်ရက်ကြာ အစည်းအဝေးမှ တစ်ဝက် တစ်ပျက် ထွက်ခွာသွားခဲ့သည်။ ထို့အပြင် ၎င်းသည် ယူကရိန်း ပဋိပက္ခ နှင့်ပတ်သက်သည့် ပူးတွဲကြေညာချက် မူကြမ်းကို ကန့်ကွက်ခဲ့ပြီး အစည်းအဝေးသည် နောက်ဆုံးတွင် ထိုကဲ့သို့သော ကြေညာချက်မပါဘဲ ပြီးဆုံးသွားခဲ့သည်။

မကြာမီကျင်းပမည့် အစည်းအဝေးတွင် ရှည်လျားသော ပူးတွဲ ကြေညာချက် ထွက်ရှိမည်မဟုတ်ဘဲ၊ အဖွဲ့ဝင်နိုင်ငံများက GDP ၏ 5% အထိ ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်ရန် ကတိပြုမည့် အစည်းအဝေး၏ အဓိက အစီအစဉ်ကို အနှောင့်အယှက်ဖြစ်မှုအနည်းဆုံးဖြစ်စေရန် လုပ်ငန်းစဉ်များကို လျှော့ချ ထားခြင်းဖြစ်သည်ဟု ဆိုသည်။

Trump သည် NATO နိုင်ငံများအနေဖြင့် ကာကွယ်ရေးအတွက် ပိုမို အသုံးပြုရန် ကြာမြင့်စွာ တောင်းဆိုခဲ့ပြီး၊ အဆိုပါ ကတိကဝတ်အသစ်သည် အမေရိကန်သမ္မတအတွက် ကြီးမားသော “အောင်ပွဲ” တစ်ခုဖြစ်လာမည် ဟု သတင်းရင်းမြစ်များက ဆိုသည်။

“၎င်းအနေဖြင့် ၅ % အတွက် အသိအမှတ်ပြုခံရမည်ဖြစ်သည့်အတွက် အဆိုပါထိပ်သီးအစည်းအဝေးကို ကျင်းပခြင်းဖြစ်ပါသည်။ အခြားအရာ အားလုံးကို အန္တရာယ်အနည်းဆုံးဖြစ်အောင် ရိုးရှင်းစွာ စီစဉ်ထားပါသည်” ဟု ဥရောပကာကွယ်ရေးအရာရှိတစ်ဦးက Politico ကို ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အီရန်နိုင်ငံခြားရေးဝန်ကြီးက ပူတင်နှင့် အရေးကြီးသော ဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်မှန်းထား

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi သည် ရုရှား သမ္မတ ဗလာ ဒီမာပူတင်နှင့် ကြိုတင်စီစဉ်ထားသည့် မော်စကိုခရီးစဉ်အတွင်း အရေးကြီးသောကိစ္စရပ်များ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် မျှော်မှန်းထားသည်။ ထိုခရီးစဉ်သည် အီရန်၏ နျူကလီးယား အဆောက်အအုံများကို အမေရိကန်က တနင်္ဂနွေနေ့ (ဇွန် ၂၂) နံနက်အစောပိုင်းက စတင် တိုက်ခိုက်ချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။

တနင်္ဂနွေနေ့တွင် အမေရိကန်က ဖော်ဒိုး၊ နတန်ဇ်နှင့် အစ္စဖာဟန်ရှိ နျူကလီးယားစက်ရုံများကို “တိကျပြင်းထန်သည့် တိုက်ခိုက်မှုများ” ဆင်နွှဲခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အဆိုပါတိုက်ခိုက်မှုများကို အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ ကြသည်။ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အထွေထွေအတွင်းရေးမှူး ရာဖေးလ် ဂရိုစီက ယင်းတိုက်ခိုက်မှုများသည် “နျူကလီးယား ဘေးကင်းရေးနှင့် လုံခြုံရေးတွင် ပြင်းထန်သော ယိုယွင်းမှုကို ဖြစ်စေခဲ့သည်” ဟု ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “အမေရိကန်က အီရန်ကို တိုက်ခိုက်မှုသည် သမိုင်းကို ပြောင်းလဲသွားစေမည်” ဟု ပြောကြား

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် “ရဲရင့်သောဆုံးဖြတ်ချက်” ချမှတ်ခဲ့သည့်အတွက် ချီးကျူး ဂုဏ်ပြုလိုက် ပါသည်။

စနေနေ့ (ဇွန် ၂၁) ညပိုင်းတွင် အမေရိကန်က အီရန်၏ Fordow ၊ Natanz နှင့် Esfahan ရှိ စက်ရုံများကို တိုက်ခိုက်ခဲ့ရာ တီဟီရန်က ယင်းလုပ်ရပ်အား အပြည်ပြည်ဆိုင်ရာဥပဒေနှင့် နျူကလီးယား လက်နက်မပြန့်ပွားရေး စာချုပ် (NPT) ၏ “ပြင်းထန်သောချိုးဖောက်မှု” အဖြစ် ရှုတ်ချခဲ့သည်။

နေတန်ယာဟုက အဆိုပါတိုက်ခိုက်မှုသည် သမိုင်းဝင် အလှည့်အပြောင်း တစ်ခုဖြစ်ကာ “အရှေ့အလယ်ပိုင်းနှင့် အခြားဒေသများအား သာယာဝ ပြောသော အနာဂတ်ဆီသို့ ဦးတည်စေနိုင်သည့် သမိုင်းဆိုင်ရာအချက်” ဟု ပြောကြားခဲ့သည်။

“ဂုဏ်ယူပါတယ် သမ္မတထရမ့်၊ အမေရိကန်၏ အားကောင်းပြီး တရားမျှတသော တန်ခိုးအာဏာဖြင့် အီရန်၏နျူကလီးယားစက်ရုံများကို ရည်မှန်းတိုက်ခိုက်ရန် သင့်ရဲရင့်သောဆုံးဖြတ်ချက်သည် သမိုင်းကို ပြောင်းလဲသွားစေမည်” ဟု နေတန်ယာဟုက ဆိုသည်။

ရုရှားနိုင်ငံမှ ၂၀၂၅ ခုနှစ်တွင် မြန်မာ၊ ဂျော်ဒန်နှင့် ဘာရိန်း ၃ နိုင်ငံ အတွက် ဗီဇာ ကင်းလွတ်ခွင့် ပေးရန် စီစဉ်နေ

ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဆိုင်ရာဌာန ညွှန်ကြားရေးမှူး နီကီတာ ကွန်ဒရာတီးယက်ဗ် (Nikita Kondratyev) က ၂၀၂၅ ခုနှစ်တွင် မြန်မာ၊ ဂျော်ဒန်နှင့် ဘာရိန်း နိုင်ငံများနှင့် ဗီဇာကင်းလွတ်ခွင့် သဘော တူညီချက်များ ချုပ်ဆိုရန် ရုရှားနိုင်ငံက စီစဉ်နေကြောင်း ပြောကြားခဲ့ ပါသည်။ 

ကွန်ဒရာတီးယက်ဗ်က “မိမိတို့အနေဖြင့် အဆိုပါနိုင်ငံတွေ (မြန်မာ၊ ဂျော်ဒန်နှင့် ဘာရိန်း) အားလုံးနှင့် သဘောတူညီချက်တွေကို ၂၀၂၅ ခုနှစ် မှာ ချုပ်ဆိုနိုင်မည်ဟု မျှော်လင့်ပါသည်” ဟု ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံနှင့် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်မူကြမ်းကို လက်တွေ့ကျကျ အပြီးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။ “မိမိတို့ အဆင့်မှာ အစိုးရဆုံးဖြတ်ချက်ရှိပြီး မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်လည်း ရှိပါသည်။ ထို့ကြောင့် မိမိတို့ ခေါင်းဆောင်များ၏ နောက်ထပ်တွေ့ဆုံမှု ကို စောင့်နေပါသည်။ အရှေ့တိုင်းစီးပွားရေးဖိုရမ် (EEF) မှာ မြန်မာနှင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဟု ထင်ပါသည်” ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

ကိုးကား - tass

ကမ္ဘောဒီးယားက ထိုင်းနှင့်နယ်စပ်ဂိတ်နှစ်ခုကို ထပ်ပိတ်

ကမ္ဘောဒီးယားနိုင်ငံသည် ထိုင်းနိုင်ငံနှင့် ဆက်စပ်လျက်ရှိသည့် နယ်စပ်ဂိတ်နှစ်ခုကို ထပ်ပိတ်လိုက်ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဇွန်လ ၂၂ ရက်တွင်ပြောသည်။

ထိုင်းတပ်မတော်သည် ကမ္ဘောဒီးယား အုတ်ဒါမင်းချေးပြည်နယ်အုပ်ချုပ်ရေးမှူးထံသို့ ဇွန်လ ၂၁ ရက်ညပိုင်းတွင် ၎င်းတို့၏ တစ်ဖက်သက်ဆုံးဖြတ်ချက်ဖြစ်သော ချောက်ကော်ကီ နယ်စပ်ဂိတ်ကို ဇွန်လ ၂၂ ရက်မှစ၍ ပိတ်မည်ဟု အကြောင်းကြားလာကြောင်း ဟွန်မာနက် ကပြောသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ယင်းနယ်စပ်ဂိတ်အပြင် ချိုအမ်နယ် စပ်ဂိတ်ကိုလည်း အမြဲတမ်း ပိတ်သွားမည် ဖြစ်ကြောင်း၊ ထိုအကြောင်းကိုလည်း ထိုင်း နိုင်ငံဘက်သို့ အကြောင်းကြားရန် ပြည်နယ်အုပ်ချုပ်ရေးမှူးကို ညွှန်ကြားထားကြောင်း ဟွန်မာနက်က ဆက်ပြောသည်။

တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံဘက်ကလည်း ကမ္ဘောဒီးယား၏ လုပ်ဆောင်ချက်ကိုတုံ့ပြန်သည့်အနေဖြင့် နောက်ထပ် နယ်စပ်ဂိတ်နှစ်ခုကို ပိတ်သွားရန်ပြင်ဆင်နေကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်ထားသည်။

MWD Web Portal

ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနှင့် အမေရိကန်အထူးသံတမန် မင့်ခ်မြို့၌ တွေ့ဆုံဆွေးနွေး

မင့်စ် ဇွန် ၂၂
ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုသည် ဇွန် ၂၁ ရက်တွင် အမေရိကန်အစိုးရအထူး သံတမန် ကိုယ်ကဲလ်လော့ဂ်နှင့်မင့်ခ်၌ တွေ့ဆုံခဲ့သည်။

သမ္မတလူကာရှန်ကိုနှင့် အမေရိကန်အထူးသံတမန်ကိုယ်ကဲလ် လော့ဂ်တို့သည် လက်ရှိကမ္ဘာ့အခြေအနေများနှင့် အမေရိကန်-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေးကိစ္စများကိုဆွေးနွေးခဲ့ကြကြောင်း ဘယ်လာရုစ်နိုင်ငံပိုင်မီဒီယာများ က သတင်းထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံ၏ အဓိကမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာနေသည့်နိုင်ငံဖြစ်သည်။

သို့ရာတွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် ဇွန် ၂၁ ရက် တွင် အမေရိကန်အထူးသံတမန် ကိုယ်ကဲလ်လော့ဂ်ကို နွေးထွေးလှိုက်လှဲစွာကြိုဆိုခဲ့သည်။

ကိုယ်ကဲလ်လော့ဂ်၏ဘယ်လာရုစ်ခရီးစဉ်သည် အမေရိကန်အစိုးရ၏ ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်ရေး ကြိုးပမ်းမှုများအတွက် အထောက်အကူ ပေးနိုင်ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

Ref: RT

Tr: KKO

YDNB Newspaper

ဥရောပတစ်ဝန်း၌ ပါလက်စတိုင်းထောက်ခံဆန္ဒပြမှုများဖြစ်ပွား

လန်ဒန်၊ နိုင်ငံရေး

ဥရောပဒေသတစ်ဝန်း၌ ဇွန်လ ၂၁ ရက် တွင် ပါလက်စတိုင်းထောက်ခံဆန္ဒပြမှုများဖြစ်ပွားကြောင်းနှင့် ဆန္ဒပြသူထောင်ပေါင်းများစွာပါဝင်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံလန်ဒန်မြို့တွင် ဆန္ဒပြသူထောင်ပေါင်းများစွာသည် ပါလက်စတိုင်း အလံများကို ကိုင်ဆောင်ဝှေ့ရမ်းကာ ချီတက်ဆန္ဒပြခြင်းဖြစ်ကြောင်းနှင့် ဂါဇာစစ်ပွဲကိုရပ်တန့်ရန် တောင်းဆိုကြောင်းတွေ့ ရသည်။

ထို့အတူ ဂျာမနီနိုင်ငံ ဘာလင်မြို့လယ်၌ ဆန္ဒပြသူ ၁၀၀၀၀ ကျော်သည် ဂါဇာကိုထောက်ခံသည့် ဆန္ဒပြမှုများလုပ်သည်။ ဆွစ်ဇာလန်နိုင်ငံတွင်လည်း ဆန္ဒပြသူစုစုပေါင်း ၂ဝဝဝဝ ခန့်က လွှတ်တော်ရှေ့၌ စုရုံး၍ ဂါဇာတွင်အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုကြောင်းသိရသည်။

 Ref: BP

MWD Daily Newspaper

Photo- France 24

ထရမ့်က အီရန်ကိုတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲအသစ်ကိုစတင်လိုက်ပြီဟု မက်ဗီဒက်ပြော

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ကိုတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲအသစ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒီမီထရီမက် ဗီဒက်က ဇွန်လ ၂၂ ရက်တွင်ပြောသည်။ 
"ငြိမ်းချမ်းရေးဆောင်ကြဉ်းသူသမ္မတအဖြစ် တာဝန်ယူရန်ရောက်ရှိလာတဲ့ ဒေါ်နယ်ထရမ့်က အမေရိကန်အတွက် စစ်ပွဲအသစ်တစ်ခုကို စတင်လိုက်ပါပြီ။ အခုအတိုင်းသာဆိုရင် ထရမ့်ဟာငြိမ်းချမ်းရေးနိုဘယ်ဆုကိုမရနိုင်တော့ပါဘူး" ဟု မက်ဗီဒက်က ၎င်း၏လူမှုကွန်ရက်တွင်ရေးထားခြင်းဖြစ်သည်။

ထို့ပြင် တင်းမာလာသည့်နောက်ဆက်တွဲအခြေအနေများက ဒေသတွင်းပြင်ပကိုပါကျော်လွန်နိုင်ကြောင်း၊ အမေရိကန်အနေဖြင့် အီရန်၏ကြိမ်းသေလက်တုံ့ပြန် တိုက်ခိုက်မှုများကို နားလည်ထားကြောင်း၊ ထိုအခြေအနေများအားလုံးက ထိပ်တိုက် တွေ့ဆုံမှုကို နောက်တစ်ဆင့်သို့ရောက်ရှိသွားစေပြီး ကမ္ဘာစစ်ကြီးဖြစ်ပွားစေနိုင်သည့် အန္တရာယ်မှာမြင့်မားလာကြောင်း ဒူးမားလွှတ်တော်မှတာဝန်ရှိသူတစ်ဦးက ပြောထားသည်။

Ref: TST

Photo - Reuters

EU အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက အစ္စရေးနိုင်ငံသားများကို ဒဏ်ခတ် အရေးယူမှုများ ဆောင်ရွက်ရန် တောင်းဆို

စပိန်နိုင်ငံခြားရေးဝန်ကြီး José Manuel Albares က ဂါဇာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်နေပြီး EU-အစ္စရေးအသင်းအဖွဲ့သဘောတူညီချက်ကို “ချက်ချင်းဆိုင်းငံ့ရန်” နှင့် အစ္စရေးသို့ လက်နက်ရောင်းချမှုကို တားမြစ်ရန် EU နိုင်ငံခြားရေး ဝန်ကြီးများထံ တောင်းဆိုမည်ဟု ပြောကြားခဲ့သည်။

EU အဖွဲ့ဝင် ၂၇ နိုင်ငံနှင့် အစ္စရေးတို့အကြား ယူရို ၆၈ ဘီလီယံ (ဒေါ်လာ ၇၃ ဘီလီယံ) တန်ဖိုးရှိသော ကုန်သွယ်ရေးဆက်ဆံရေးကို ၁၉၉၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ EU သည် အစ္စရေး၏ အကြီးဆုံးသော ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ၎င်း၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၏ သုံးပုံတစ်ပုံခန့်ကို ကိုယ်စားပြုသည်။

တနင်္လာနေ့ (ဇွန် ၂၃) တွင် ဘရပ်ဆဲလ်၌ ကျင်းပမည့် EU နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမတိုင်မီ သတင်းထောက်များနှင့် ပြောကြားစဉ် Albares က သဘောတူညီချက်ကို ချက်ချင်းဆိုင်းငံ့ရန် တောင်းဆိုခဲ့ပြီး ဤသည်မှာ လုပ်ဆောင်ရန်အချိန်ဖြစ်ပြီး ဂါဇာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းသည် ဥရောပ၏ ခိုင်မာသော တုံ့ပြန်မှုကို တောင်းဆိုနေသည်ဟု ပြောကြားခဲ့သည်။

“အကယ်၍ အသင်းအဖွဲ့သဘောတူညီချက်သည် လူ့အခွင့်အရေးအပေါ် အခြေခံထားပါက ယနေ့ မိမိတို့သည် အသင်းအဖွဲ့သဘောတူညီချက်ကို ချက်ချင်းဆိုင်းငံ့ခြင်းသည် အသင့်တော်ဆုံးသောအရာဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဝန်ကြီးက သဘောတူညီချက်ကို ဆိုင်းငံ့ရန်၊ “အစ္စရေးသို့ လက်နက်များ ရောင်းချခြင်းကို တားမြစ်ရန်နှင့် နှစ်နိုင်ငံဖြေရှင်းနည်းကို အနှောင့်အယှက် ဖြစ်စေလိုသူ အားလုံးအား ဒဏ်ခတ်အရေးယူမည့် စာရင်းတွင် ထည့်သွင်းရန်” တရားဝင်တောင်းဆိုမည်ဟု ပြောကြားခဲ့သည်။

စပိန်၏ တောင်းဆိုချက်များသည် ဥရောပတစ်ခွင်တွင် ပိုမို ကျယ်ပြန့်သော မငြိမ်သက်မှုများကို ထင်ဟပ်စေသည်။ ယူကေ၊ ပြင်သစ်နှင့် နယ်သာလန် နိုင်ငံတို့သည်လည်း မကြာသေးမီလများအတွင်း အစ္စရေးအပေါ် ကုန်သွယ်ရေး နှင့် လက်နက်ကန့်သတ်မှုများ ချမှတ်ရန် စဉ်းစားခဲ့ကြသည်။ မေလတွင် EU ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Kaja Kallas က အဖွဲ့ဝင် နိုင်ငံများအကြား သဘောတူညီချက်ကို ပြန်လည်သုံးသပ်ရန် ထောက်ခံသူ အင်အားကြီးမားသော အဖွဲ့ဝင်အများစုရှိကြောင်း ပြောကြားခဲ့သည်။

ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွားလာခြင်းနှင့် အစ္စရေး၏ လုပ်ဆောင်ချက်များအပေါ် ဘရပ်ဆဲလ် တွင် စိတ်ပျက်မှုများ တိုးပွားလာခြင်းတို့ကြောင့် ဂျူးနိုင်ငံ၏ အခိုင်မာဆုံးသော ပံ့ပိုးကူညီသူများထဲမှ တစ်ဦးဖြစ်သည့် စပိန်၏ သဘောထား ပြောင်းလဲမှု သည် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

တနင်္လာနေ့ အစည်းအဝေးမတိုင်မီ The Guardian မှ မြင်တွေ့ခဲ့ရသော EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဝန်ဆောင်မှုမှ ပေါက်ကြားထွက်လာသည့် စာရွက်စာတမ်းတစ်ခုအရ၊ ဘရပ်ဆဲလ်သည် အစ္စရေးသည် EU-အစ္စရေး အသင်းအဖွဲ့သဘောတူညီချက်၏ အပိုဒ် ၂ အရ ၎င်း၏ လူ့အခွင့်အရေး ဆိုင်ရာ တာဝန်ဝတ္တရားများကို ချိုးဖောက်နေကြောင်း “ညွှန်ပြချက်များ” ကို တွေ့ရှိခဲ့သည်။

EU နိုင်ငံခြားရေးဝန်ကြီးများအတွက် ပြင်ဆင်ထားသော အတွင်းရေး မှတ်တမ်းတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ ကုလသမဂ္ဂ လူ့အခွင့် အရေး ရုံးနှင့် အခြားကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကဲဖြတ်ချက် များကို ကိုးကားဖော်ပြထားသည်။ သို့သော် အဆိုပါတွေ့ရှိချက်များသည် EU အရာရှိများ၏ တန်ဖိုးထားမှုဆိုင်ရာ အကြံပြုချက်ကို ကိုယ်စား မပြုကြောင်း မှတ်ချက်ပြုထားသည်။

အစီရင်ခံစာအရ အဆိုပါပြန်လည်သုံးသပ်မှုကို မကြာသေးမီက နယ်သာလန်ဦးဆောင်သော အဖွဲ့ဝင် ၁၇ နိုင်ငံမှ အစ္စရေး၏ ဂါဇာ လုပ်ရပ် များအပေါ် စိုးရိမ်မှုများ တိုးပွားလာချိန်တွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အစ္စရေး၏ လုပ်ဆောင်ချက်များသည် “လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အခြေခံမူများကို လေးစားလိုက်နာမှု” နှင့် ကိုက်ညီမှုရှိ၊ မရှိ ဆန်းစစ်ရန် EU အရာရှိများအား တောင်းဆိုခဲ့သည်။