ထိုင်းနိုင်ငံ အစိုးရအဖွဲ့အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းကို အတည်ပြုပြီး ဖြစ်ကြောင်းနှင့် ညွန့်ပေါင်းအစိုးရသည် ခိုင်မာဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ပြောကြား

News Image

  • ထိုင်းနိုင်ငံ အစိုးရအဖွဲ့အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းကို အတည်ပြုပြီး ဖြစ်ကြောင်းနှင့် ညွန့်ပေါင်းအစိုးရသည် ခိုင်မာဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ပြောကြား

ထိုင်းအစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခြင်းသည် အတည်ပြုပြီးဖြစ်ပြီး၊ ညွန့်ပေါင်းအစိုးရသည် ခိုင်မာနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ပေထုန်ထံ ရှင်နာဝပ်က ဇွန်လ ၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ 

“ပြန်လည်ဖွဲ့စည်းမှုကို အတည်ပြုပြီးဖြစ်ပါပြီ။ ပါတီခေါင်းဆောင် အားလုံးနှင့် ညှိနှိုင်းပြီးသလို လက်ရှိတွင် ဝန်ကြီးအမည်စာရင်းများကို စိစစ် ဆောင်ရွက်နေပါပြီ” ဟု ဝန်ကြီးချုပ်က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

ညွန့်ပေါင်းအစိုးရတွင် ဒုတိယအကြီးဆုံးပါတီဖြစ်သော ဘူမိထိုင်းပါတီ (Bhumjaithai Party) က ပြီးခဲ့သည့်အပတ်က ပံ့ပိုးမှုများ ရုပ်သိမ်းခဲ့ ပြီးနောက် ထိုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

ထို့အပြင် ဝန်ကြီးချုပ် ပေထုန်တံ ရှင်နာဝပ်က ၎င်းကိုယ်တိုင် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ယူမည်ဟူသော ကောလာဟလများကိုလည်း ပယ်ချ ခဲ့ပါသည်။

ကိုးကား - straitstimes