ဂျာမနီ၏လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် ရုရှား၏ Oreshnik ဒုံးကျည်များကိုကာကွယ်နိုင်စွမ်းမရှိ

News Image

  • ဂျာမနီ၏လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် ရုရှား၏ Oreshnik ဒုံးကျည်များကိုကာကွယ်နိုင်စွမ်းမရှိ

ဂျာမနီ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် ရုရှား၏ အသံထက်မြန်သော Oreshnik ဒုံးကျည် များအား ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိဟု ဂျာမန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ Bild က ဖော်ပြသည်။

နျူကလီးယား ဒုံးကျည်များ အပါအဝင် ထိပ်ဖူး အမျိုးအစား အများအပြားကို သယ်ဆောင်နိုင်သည့် တာလတ်ပစ် ပဲ့ထိန်းဒုံးပျံကို နိုဝင်ဘာ ၂၁ ရက်က စတင်အသုံးပြုခဲ့ပြီး Dnepr မြို့ရှိ Yuzhmash စစ်ဘက် ဆိုင်ရာစက်မှုဇုန်ကိုပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က Oreshnik သည် အသံ၏ အမြန်နှုန်း ဆယ်ဆ ဖြင့်သွားလာနေပြီး လက်ရှိလေကြောင်းရန် ကာကွယ်ရေးစနစ်များက ကြားဖြတ်ဟန့်တားခြင်း မပြုနိုင်ကြောင်း ပြောကြားထားသည်။

ကိုးကား-RT