ထရမ့်မတက်လာမီ ဘိုင်ဒင်က ယူကရိန်းသို့ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ပေးအပ်မည်

News Image

  • ထရမ့်မတက်လာမီ ဘိုင်ဒင်က ယူကရိန်းသို့ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ပေးအပ်မည်

အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းနိုင်ငံသို့ လုံခြုံရေးဆိုင်ရာ အပိုထောက်ပံ့မှုအဖြစ် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ပေးအပ်မည်ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ဒီဇင်ဘာလ ၃၀ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

သမ္မတဘိုင်ဒင်အစိုးရသည် ရာထူးမှ မထွက်ခွာမီ ယူကရိန်းနိုင်ငံသို့ ဆက်လက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ယခုပေးအပ်မည့်အပိုထောက်ပံ့မှုတွင်   လေကြောင်းကာကွယ်ရေး၊   အမြောက်စနစ်နှင့် အခြားအရေးကြီးလက်နက်စနစ်များ  ပါဝင်မည် ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်က ထုတ်ပြန်ချက် တစ်စောင်တွင်ပြောသည်။

အမေရိကန်အစိုးရသည် လွန်ခဲ့သည့် သုံးနှစ်နီးပါး ကာလအတွင်း ယူကရိန်းနိုင်ငံသို့ လုံခြုံရေး အကူအညီအဖြစ် စုစုပေါင်း ဒေါ်လာ ၁၇၅ ဘီလီယံပေးအပ်မည်ဟု ကတိပြုထားသော်လည်း မကြာမီသမ္မတအဖြစ် တာဝန်ထမ်းဆောင်မည့် ဒေါ်နယ်ထရမ့်လက်ထက်တွင် အဆိုပါအကူအညီများအား အမေရိကန်က ဆက်လက်ပေးအပ်မည်ဟုတ်၊ မဟုတ်ကို အတိအကျ မသိရသေးပေ။

ထို့ကြောင့် ဂျိုးဘိုင်ဒင်သည် ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခြင်း မပြုမီ ယူကရိန်းနိုင်ငံသို့ အကူအညီများ တိုးမြှင့်ပေးအပ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Source: Myawady Web Portal