အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လေဆိပ်တို့ကို ဆိုက်ဘာတိုက်ခိုက်ခဲ့မှုမှာ ရုရှားလိုလားသည့် ဟက်ကာ အဖွဲ့လက်ချက် ဟု အခိုင်အမာပြောကြား

News Image

  • အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လေဆိပ်တို့ကို ဆိုက်ဘာတိုက်ခိုက်ခဲ့မှုမှာ ရုရှားလိုလားသည့် ဟက်ကာ အဖွဲ့လက်ချက် ဟု အခိုင်အမာပြောကြား

အီတလီနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာန website နှင့် မီလန်မြို့ရှိ လေဆိပ်နှစ်ခုတို့၏ website တို့အပါအဝင် ဌာနဆိုင်ရာ website (၁၀) ခုတို့ကို ဟက်ကာများက ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပစ်မှတ်ထား ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့ကို ခေတ္တဖယ်ရှားခဲ့ ထားကြောင်း အီတလီနိုင်ငံဆိုက်ဘာ လုံခြုံရေး အေဂျင်စီ က ပြောကြားလိုက်ပါသည်။

Distributed Denial of Service (DDoS) အမည်ရှိ ထိုဟက်ကာတိုက်ခိုက်မှုမှာ နှစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး ရုရှားလိုလားသည့် ဟက်ကာအဖွဲ့နှင့် ဆက်နွှယ်မှု ရှိနိုင်ကြောင်း အီတလီဆိုက်ဘာလုံခြုံရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အခိုင်အမာ ပြောကြား လိုက်ပါသည်။ 

ကိုးကား - CNA