ဆီးရီးယားရှိ ရုရှားစစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် အမေရိကန်နှင့်ဗြိတိန် တို့စီစဉ်နေကြောင်း ရုရှားပြောဆို
ဝါရှင်တန်နှင့် လန်ဒန်တို့က ဆီးရီးယားရှိ ရုရှားစစ် အခြေစိုက်စခန်းများကို တိုက်ခိုက်မှုများလုပ်ဆောင်ရာတွင် အိုင်အက်စ်တိုက်ခိုက်ရေးသမားများကို အသုံးပြုရန် ရည်ရွယ်ထားကြောင်း ရုရှားနိုင်ငံခြားရေး ထောက်လှမ်း ရေးဌာန (SVR) က သတိပေးခဲ့သည်။
ဆီးရီးယားသမ္မတ Bashar Assad အစိုးရ ပြုတ်ကျ သွားပြီးနောက်ပိုင်းတွင် ဝါရှင်တန်နှင့် လန်ဒန်တို့သည် ဒေသတွင်း၌ ရေရှည်လွှမ်းမိုးမှုရရှိရန် အရှေ့အလယ်ပိုင်း တွင် မငြိမ်မသက်မှုကို ဖော်ဆောင်ရန် ရည်မှန်းချက် ထားရှိကြောင်း အေဂျင်စီက ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဆီးရီးယား၏ မြေထဲပင်လယ်ကမ်းရိုးတန်းတွင် ရုရှား၏ စစ်ရေးတည်ရှိမှုသည် ၎င်းတို့၏အစီအစဉ်များကို အဟန့် အတားဖြစ်စေခြင်းကြောင့် ရုရှားစစ်အခြေစိုက်စခန်း များကို တိုက်ခိုက်မှုများလုပ်ဆောင်ရန် စီစဉ်နေကြကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား-RT
MM-News-Category